နပြည်တော်၊ ဖေဖော်ဝါရီ ၃ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီ
၁၅ မိနစ်အချိန် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄/၁-၂)ကြားတွင်
ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဘောနတ်ကြီး အမြန် လမ်းရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ
ရန်ကုန်မှမန္တလေးသို့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဆပ်ချောင်းကျေး
ရွာနေ မောင်ချို(၃၂)နှ စ်မောင်းနှင်ပြီး မင်းကုန်းကျေးရွာနေ
ဒေါ်ဌေး(၅၂)နှစ်လိုက်ပါလာသည့် ၃၀ယ/xxxxx
ဟွန်ဒါနက်ပြာရောင်ဆိုင်ကယ်အား မောင်းနှင်လာစဉ် ဒေါ်ဌေး ၏ထမီစနှင့်
ဆိုင်ကယ်ချိန်းကြိုးညပ်ပြီး ဒေါ်ဌေးမှာ လမ်းပေါ်သို့ပြုတ်ကျသွား သည်။
ထိုသို့ပြုတ်ကျမှုကြောင့် ဒေါ်ဌေးတွင် ၀ဲ/ယာနားထင် ဖူးရောင်၊
ယာနား/နှာခေါင်းသွေးထွက်ဒဏ်ရာများရရှိပြီး သတိလစ်သွားသဖြင့်
ပဲခူးဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားရာ ဆိုင်ကယ်မဆင်မခြင်မောင်းနှင် သူ
မောင်ချိုအား ဘောနတ်ကြီး အမြန်လမ်းရဲစခန်းယာဉ်(ပ)၃/၂၀၁၄၊ ပြစ်မှု ပုဒ်မ
၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
Ref: ရဲဇာနည်
No comments:
Post a Comment