mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Friday, 28 February 2014
လှည်းကူး ကားလောကမှ ရိုးနေတဲ့ အဖြစ်အပျက်တစ်ခု
ခေါင်းစဉ်တပ်ပေးကြပါ ....
ကျွန်တော်၏ အမေမှာအသက် ၆၈ နှစ်ရှိ ပင်စင်စားအမျိုးသမီးကြီးတစ်ဦးဖြစ်ပါသည်။ ယနေ့(၂၆-၂-၂၀၁၄)တွင်ရန်ကုန်မြို့သို့ ပင်စင်လစာသွားရောက်ထုတ်ယူပြီးလှည်းကူးမြို့သို့အပြန်တွင် ၁၃၅မီနီဘတ် ယာဉ်လိုင်းမှ - ကားနံပါတ် ၂ခ/၆၅၅၈ ကိုစီးနင်းလိုက်ပါခဲ့ပါသည်။ ယာဉ်ပေါ်ရှိ ယာဉ်နောက်လိုက်မှ ယာဉ်စီးခ ပိုက်ဆံ ၅၀၀ိ/ တောင်းရ်ျ အကြွေမရှိသောကြောင့် ၁၀၀၀ိ/ ကျပ်ပေးလိုက်ပါသည်။ယာဉ်နောက်လိုက်မှာ တစ်လမ်းလုံး ပိုက်ဆံ ၅၀၀ိ/ကျပ်ကို ပြန်အမ်းခြင်းမရှိခဲ့ပါ လှည်းကူးသို့ပြန်ရောက်သောအခါ ပြန်အမ်းငွေ ၅၀၀ိ/ကျပ်ကို ယာဉ်နောက်လိုက်ထံမှပြန်တောင်းသောအခါ ပြန်အမ်းပြီးပြီဖြစ်ကြောင်း ဘူးခံရ်ျ ငြင်းပါသည် ..ယာဉ်မောင်းမှာလဲကူပြီးငြင်းပါသည်။ ကျွန်တော့်အမေမှာ သူတို့နှင့်အတိုက်အခံမလုပ်တော့ပဲ ကားပေါ်မှ အဆင်းတွင် ထိုကားပေါ်မှ ယာဉ်နောက်လိုက်က - (ဒီအဒေါ်ကြီးကလဲ ကြောင်တောင်တောင်နဲ့)ဟု ထပ်ပြောပါသည်။
~
~
~
ကဲဗျာ ... အဲဒါ ဒီနေ့ကျွန်တော်အမေ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် အမှန်တွေပါ ...မိတ်ဆွေအားလုံးရဲ့ အမြင်ကို ကျွန်တော်သိပါရစေ ..

Wednesday, 26 February 2014
လှည်းကူးမြို့နယ်၊ ၀ါးယားကုန်းကျေးရွာမှာ သမီးကလေး ကျေးရွာမှ အိမ်ထောင်စု ၁၅၇ စု အတွက် ရွာတည် မြေနေရာဝယ်ယူ၊ ပန္နက်ရိုက်ခြင်း၊ လမ်းအူကြောင်းများ သတ်မှတ်ခြင်းများ ဆောင်ရွက် (သမီးလေးကျေးရွာ နောက်ဆုံးရသတင်း)
၂၆.၂.၂၀၁၄
ယမန်နေ့ နံနက် ၀၉၄၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ လယ်/ဆည် ၀န်ကြီး ဦးစိုးမင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းမှ ဦးလှသန်း၊ ဒေါက်တာအောင်မြတ်သူတို့ ဦးဆောင်သော အဖွဲ့သည် ရန်ကုန် တိုင်းဒေသကြီးနှင့် လှည်းကူးမြို့နယ်တို့မှ မြေစာရင်း၊ စည်ပင် အပါအ၀င် အင်အား ၃၀ ခန့်ဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ဘယ်ဘက်ရှိ ၀ါးယားကုန်းကျေးရွာသို့ ရောက်ရှိခဲ့သည်။
ကျူးကျော် နေထိုင်မှုကြောင့် ဖျက်ဆီးခံရသောကြောင့် ပဲခူးတိုင်း အလိုင်နီ ကျေးရွာရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် မှီခိုနေထိုင်လျက်ရှိသော သမီးကလေး ကျေးရွာမှ အိမ်ထောင်စု ၁၅၇ စု အတွက် ရွာတည် မြေနေရာနှင့် အိမ် ၁၅၇ လုံး ၀ယ်ယူ ဆောက်လုပ် ပေးနိုင်ရန် ၀ါးယားကုန်းကျေးရွာသား ကိုညိုအေးထံမှ တစ်ဧကလျှင် ၂၂ သိန်းနှုန်းဖြင့် မြေ ၁၀ ဧကကို ၀ယ်ယူခဲ့သည်။ ထိုနေရာသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၀ မိုင် ၁ ဖာလုံ အနီးတွင်ဖြစ်သည်။
အရောင်းအ၀ယ် စာချုပ်စာတမ်းများ ပြုလုပ်ပြီးနောက် အိမ်ခြေ ၁၅၇ လုံးအတွက် ပန္နက်ရိုက်ခြင်း၊ လမ်းအူကြောင်းများ သတ်မှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အိမ်ဆောက်ပေးနိုင်ရေးအတွက် လိုအပ်သည့် အိမ်ဆောက် ပစ္စည်းများ ၀ယ်ယူစုဆောင်လျက်ရှိကြောင်းနှင့် စက်ရေတွင်း ၂ တွင်း တူးဖော် ပေးမည်ဟု သိရသည်။ မြေနေရာ ထပ်မံ လိုအပ်ပါက နောက်ထပ် ၂ ဧက ၀ယ်ယူမည်ဟုဆိုသည်။
ဝါးယားကုန်း တိုးချဲ့အဖြစ် သတ်မှတ်ပေးပြီး သမီးလေးကျေးရွာအတွက် ဘုန်းကြီး ၂ ပါးအား ထိုအနီးရှိ မြို့ရိုးတောင် ဘုန်းတော်ကြီးကျောင်းတွင် သတင်းသုံးနိုင်စေရန် ရန်ကုန်ကုန်တိုင်းဒေသကြီး အစိုးရမှ လျှောက်ထား ညှိနိုင်းပေးခဲ့သည်။ ရွာ ၂ရွာကွဲသွားမည် စိုးသည့်အတွက် ယင်းသို့ စီစဉ်ရခြင်းဖြစ်သည်ဟု ဆိုသည်။
မှတ်ချက်။ ။
ထိုနယ်မြေတကြောတွင် တာဝန်ကျနေသော မိတ်ဆွေတစ်ဦး၏ ယမန်နေ့ညက ဖုန်းဖြင့် သတင်း ပေးပို့ချက်များကို တင်ပြပေးခြင်းဖြစ်ပါသည်။ လွတ်လပ်လပ်စွာရယူနိုင်ပါသည်။ ခွင့်တောင်းရန်မလိုပါ။
Ref: Nyunt Hlaing

လှည်းကူးမြို့ နယ်ထဲက အင်းမတီး ရွာသားတွေကို ထွက်ခွာဖို့ စစ်တပ် အမိန့်ပေး၊ သမီးလေးပြီးတော့ အင်းမတီးလား။
ရန်ကုန်တိုင်း လှည်းကူးမြို့ နယ်ထဲက သမီးလေးရွာနဲ့ အနီးတဝိုက်ရွာတွေကို
ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်း ဒေသခံစစ်တပ်က ဖယ်ရှားလိုက်တဲ့နောက်
နေစရာအခက်အခဲဖြစ်လို့  ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့
အင်းမတီးရွာသားတွေကို အဲဒီကနေထွက်ပေးဖို့  စစ်တပ်အရာရှိတစ်ဦးက မနေ့ညနေက
သွားရောက်အမိန့် ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့  အင်းမတီးရွာသား ကိုမျိုးမင်းထွန်း RFA ကို ပြောတာက
"ရက် ၂ဝ ကျော် ကျနော်တို့က ဒီမှာဒုက္ခရောက်နေတာ အဲဒါကို ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့အဖွဲ့က လာတယ်ဗျာ၊ လာပြီးတော့ လှူတာကို တပ်ကသူတို့ကို မပြောရကောင်းလားဆိုပြီး ပထမနေ့မှာ လာမာန်ပါတယ်၊ ၂၅ ရက်နေ့မှာကျတော့ သူတို့က ခြေလျှင်တပ်ကဗိုလ်မှူးက ခင်ဗျားတို့ ဒီမြေမှာမနေနဲ့ ထွက်သွား၊ ခင်ဗျားတို့ ဒီ ၃ ၇က်အတွင်း မထွက်ရင် မီးရှို့မယ်လို့ ကျိန်းသွားတာခင်ဗျ"
အဲဒီဘုန်းကြီးကျောင်းမှာ လက်ရှိခိုလှုံနေတာ မိသားစု ၂၈ စုရှိပြီး၊ တခြားမိသားစုတွေ ကတော့ ဆွေမျိုးနီးစပ်တွေရဲ့အိမ်တွေမှာ သွားရောက်ခိုလှုံနေကြတယ်လို့ ဆိုပါတယ်။
သူတို့ အင်းမတီးရွာဟာ ၁၉၅၈ ခုနှစ် မတိုင်ခင်ကတည်းက တည်ရှိခဲ့ပြီး လယ်ယာ လုပ်ကိုင်စားသောက်ကြရာကနေ၊ ၁၉၉၂ ခုနှစ်မှာတော့ ဒေသခံစစ်တပ်က လယ်မြေတွေသိမ်းလိုက်ပြီး ရော်ဘာစိုက်ခင်းတွေ ပြောင်းလိုက်တဲ့အခါ ဒေသခံတွေကို သီးစားခနဲ့တမျိုး၊ လုပ်အားခနဲ့ တဖုံခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။
Ref: RFA

Monday, 24 February 2014
Sunday, 23 February 2014
ပျံကျဈေးသစ် ဖွင့်ဖို့ လှည်းကူးက စည်ပင် ပြင်ဆင်။ ယနေ့ စတင်ရောင်းမည်။
လှည်းကူးက စည်ပင်သာယာက ပျံကျဈေးသစ် ဖွင့်ဖို့ ပြင်ဆင်လျက်ရှိပါတယ်။ လှည်းကူးဈေး (ယခင်ကားဝန်းနေရာ)တွင်ခြံစည်းရိုးခတ် ၊မျဉ်းဆွဲ၍ (ပျံ ကျ) ဈေးသည် များ အား
စနစ်တကျရှိစေရန် 23- 2-2014 ရက်(ယနေ)့ တွင်စတင် ရောင်းချစေမည်ဟု သိရသည်။ သေချာတာတစ်ခုကတော့ စည်ပင်သာယာအတွက် ဈေးကောက်ငွေကတော့ မှန်မှန်ဝင်နေပါလိမ့်မည်။
ဓါတ်ပုံ- ကျော်ကြီး

Friday, 21 February 2014
(လှည်းကူးအထူးသတင်း) သမီးကလေးရွာသူ/သားများကို ဖေါင်ကြီး မင်းကုန် အနီး ၀ါးယားကုန်းကျေးရွာတွင် မြေကွက်ပြန်ချပေးမည်။
သမီးကလေးကျေးရွာ အိုးအိမ်မဲ့ပြည်သူများကို လှည်းကူးမြို့နယ်၊
ကြံ့ခိုင်ရေးပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းမှ
လာရောက်တွေ့ဆုံသွားပြီး ပါတီမှ တဧက လျှင် ကျပ်သိန်း ၂၀ ဖြင့် ၀ယ်ယူထားသည့်
ဖေါင်ကြီး မင်းကုန် အနီး ၀ါးယားကုန်းကျေးရွာမှ မြေဧက (၉) ဧကတွင်
မြေကွက်ရိုက်ပြီး သမီးကလေးကျေးရွာသားအိမ်ထောင်စု (၁၄၇) စု အတွက်
မြေကွက်များကို စေတနာဖြင့် အစားပြန်ချပေးမည်ဖြစ်ကြောင်း။
လှည်းကူးမြို့နယ်၌ ဖေဖော်ဝါရီပထမပတ်အတွင်း တရားမ၀င်သစ် တန်ချိန် ရှစ်တန်နီးပါး ဖမ်းဆီးရမိ
ဖေဖော်ဝါရီ ပထမပတ်အတွင်း လှည်းကူးမြို့နယ် သဇင်ပန်းကွင်းအနီး၌ ယာဉ်တစ်စီးအား စစ်ဆေးရာ တရားမ၀င် ကညင်သစ်ခွဲသား ၇ ဒသမ ၉၆၉၆ တန်နှင့်အတူ ယာဉ်မောင်းနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
“ဖေဖော်ဝါရီလ ပထမပတ်တုန်းက လှည်းကူးမြို့နယ် အတွင်းမှာ ယာဉ်တစ်စီးကို စစ်ဆေးတဲ့အခါ တရားမ၀င် သစ်တန်ချိန် ၇ ဒသမ ၉၆၉၆ တန်ကို တွေ့ရှိခဲ့တယ်။ အဲဒါ ကြောင့် သစ်တွေကို ပိုင်ဆိုင်မှုရှိမရှိ ပြေစာတောင်းတဲ့အခါ ငွေပြေစာ အထောက်အထား ပြည့်စုံအောင် မတင်ပြနိုင်တဲ့အတွက် ယာဉ်မောင်း ဦးဥက္ကာနဲ့သစ်ရောင်းချသူ ဦးထွန်းထွန်းနိုင်တို့ကို သစ်တောဥပဒေပုဒ်မ ၄၂(ခ) နဲ့အရေးယူဖို့ လှည်းကူးမြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထား ထားပါတယ်” ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
ဇန်န၀ါရီ ၁၇ ရက်မှ ၂၈ ရက်အထိ ရှမ်းပြည်နယ်အတွင်း တရားမ၀င်သစ်တန်ချိန် ၂၄၆၃ ဒသမ ၇၉၄၈ တန်အား ဖမ်းဆီးရမိခဲ့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရသည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှ ၁၉ ရက်အထိက ကျောက်မဲခရိုင်၊ ပြင်ဦးလွင်ခရိုင်တို့တွင် တရားမ၀င်သစ် ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ သစ်ရာ၊ အင်ကြင်း၊ သစ်လုံး၊ သစ်ခွဲသား၊ စုစုပေါင်း ၇၂၈ တန် ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် မန္တလေး-မူဆယ် ကားလမ်းတွင် တရားမ၀င် သစ်များအား စစ်ဆေးရာ ယာဉ်ငယ်အစီး ၇၀ ပေါ်တွင် တင် ဆောင်လာသော ပိတောက်၊ တမလန်း၊ သင်း ၀င် ၁၂၅ ဒသမ ၁၂ တန်ကိုလည်းကောင်း၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ နားဟန်ကျေး ရွာအနီးတွင် ကျွန်း၊ ပိတောက်၊ တမလန်း၊ စံကားဝါ စုစုပေါင်း ၉၂၈ တန်တို့ကို ဖမ်းဆီး ရမိခဲ့သည်။
မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုများ လျော့ကျနိုင်ရန် အတွက်လည်း အရပ်ဘက် အဖွဲ့အစည်းများမှ ပူးပေါင်းပြီး နိုင်ငံတကာ သို့တင်ပို့နိုင်သည့် တရားဝင်သစ်ထုတ်လုပ်ရေး လုပ်ငန်းများနှင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများကို အထောက်အကူပြုနိုင်သော အစုအဖွဲ့ပိုင် သစ်တောထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Ref: Eleven Media

ပျံကျဈေးအဖြစ်သို့ အလျှင်အမြန် ပြောင်းလဲသွားတော့မည့် လှည်းကူးဈေးအနီးက ကားရပ်နားစခန်း
လှည်းကူးဈေးအနီးက ကားရပ်နားစခန်းသည် ပျံကျဈေးအဖြစ်သို့ အလျှင်အမြန် ပြောင်းလဲသွားတော့မည် ဖြစ်ကြောင်းသိရပါတယ်။
လောလောဆယ် ကားရပ်နားစခန်း၏ နေရာတွင် ယခင် (ဈေးမီးမလောင်ခင်)က ဈေးရုံကြီးများရှိခဲ့ဘူးပါတယ်။
ဓါတ်ပုံ- အောင်ပိုင်

လှည်းကူးမြို့နယ်၊ ၀ါးနက်ကုန်းက စတုတ္ထည တရားပွဲ ပိတ်ပင်မှု့ကြောင့် ဖျက်သိမ်း
လှည်းကူးမြို့နယ်၊ ၀ါးနက်ကုန်းစံပြကျေးရွာ (၁၁)အုပ်စု၊ ဓမ္မရောင်ခြည် မင်္ဂလာအသင်းကြီးမှ ဦးဆောင်ကျင်းပတဲ့ စတုတ္ထည တရားပွဲကို ပိတ်ပင်မှု့ကြောင့် တရားပွဲရက်များကို ကြေညာထားပေမယ့် ဖျက်သိမ်းခဲ့ရကြောင်း သိရှိရပါသည်။
စတုတ္ထမြောက်ညတွင် စတုတ္ထမြောက် တရားဟောကြားရမည့်ဆရာတော်မှာ ဒယ်အိုးဆ၇ာတော် ဦးသုမင်္ဂလ ဖြစ်ပါသည်။

Wednesday, 19 February 2014
ဖယ်ရှားခံ သမီးကလေးကျေးရွာသားများအား ခေါ်ဆောင်နိုင်ရန် DKBA မှ တပ်မှူးသုံးဦး ဦးဆောင်သည့်ယာဉ်များ ယနေ့ရောက်ရှိမည်
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် ဖယ်ရှားခံ သမီးကလေးကျေးရွာသားများအား ခေါ်ဆောင်ရန်အတွက် DKBA မှ တပ်မှူးသုံးဦး ဦးဆောင်သည့် ကားများမှာ ဖေဖော်ဝါရီ ၁၈ ရက်တွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ စတင်ထွက်ခွာလာပြီး ဖေဖော်ဝါရီ ၁၉ ရက် (ယနေ့) တွင် အဆိုပါ ဘုန်းကြီးကျောင်းသို့ ရောက်ရှိမည်ဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ဗိုလ်မှူးကြီးစောဆန်းအောင်က “ဒီနေ့ပဲ ကျွန်တော့်လက်အောက်က တပ်မှူးသုံးဦးကို ကရင်ပြည်နယ် မွန်ပြည်နယ်ကနေ ကားကြီးနှစ်စီး ကားလေးသုံးစီးနဲ့ စေလွှတ်လိုက်ပါပြီ။ ဒီကိုလိုက်ချင်တဲ့သူရှိရင် ခေါ်သွားမှာပါ။ ကျွန်တော်တို့ဘက်ကတော့ အတင်းအကျပ်ကြီး လိုက်ခဲ့ပါလို့တော့ မခေါ်ပါဘူး။ သူတို့ဆန္ဒရှိရင် လိုက်လို့ရပါတယ်။ ကျွန်တော်တို့က သူတို့အားလုံးကို လူသားထဲကလူဖြစ်တယ်လို့ပဲ မြင်ပါတယ်။ ကရင်ပြည်နယ်မှာ သူတို့သူဌေးမဖြစ်ရင်တောင်မှ အလုပ်အကိုင် အခွင့်အလမ်းရှိမယ်။ နေထိုင်စရာ နေရာကတော့ သေချာပေါက်ရမယ်လို့ ကျွန်တော်ပြောရဲပါတယ်” ဟုဆိုသည်။
ဖေဖော်ဝါရီ ၄ ရက် နံနက်အစောပိုင်းက တပ်ပိုင်မြေတွင် ကျူးကျော်သည်ဟုဆိုကာ ဖျက်သိမ်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ သမီးကလေးကျေးရွာသားများမှာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အလိုင်နီဆည်ဘေးရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းဝင်း အတွင်း၌ ယာယီတဲများထိုး၍ နေထိုင်လျက်ရှိပြီး သက်ဆိုင်ရာမှ ဆည်မြောင်းပိုင်မြေပေါ်တွင် ဆောက်ထားသည်ဟုဆိုကာ အဆိုပါတဲများအနက် ကျောင်းသားမရှိသည့် အိမ်ထောင်စုများအား ဖယ်ရှားပေးရန် ဖေဖော်ဝါရီ ၁၇ ရက်က နောက်ဆုံးသတိပေးခဲ့ပြီးနောက် ၎င်းတို့မှာ ယာယီတဲများကို ဖျက်သိမ်းကာ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်း ဓမ္မာရုံထဲသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၇ ရက် ည ၁၁ ခန့်က အလိုင်နီကျေးရွာ အုပ်ချုပ်ရေးမှူးက အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးအဂ္ဂဓမ္မထံ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဆက်ခိုင်းသဖြင့် ဖုန်းဖြင့်ဆက်သွယ်ပြီး လက်ရှိဓမ္မာရုံထဲတွင် နေထိုင်နေသည့် လူများအား မည်သည့်အချိန်တွင် ပြောင်းရွှေ့ပေးနိုင်မလဲဟု မေးမြန်းခဲ့ကြောင်း သိရသည်။ ဆရာတော်က “မနေ့က ည ၁၁ နာရီလောက်မှာ ဦးဇင်းဆီကို အလိုင်နီကျေးရွာ အုပ်ချုပ်ရေးမှူးက ဆက်တယ်။ သူကပြောတာတော့ ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးက ဆက်ခိုင်းလို့ ဆက်တာပါလို့ပြောတယ်။ သူကဘာပြောလဲဆိုတော့ ဒီဓမ္မာရုံထဲမှာ နေထိုင်နေတဲ့သူတွေကို ဘယ်နေ့လောက် ပြောင်းရွှေ့ပေးမလဲလို့မေးတယ်။ ဦးဇင်းလဲ ညဥ့်နက်နေလို့ သိပ်ရှည်ရှည်ဝေးဝေး မပြောတော့ဘဲ ကလေးတွေ စာမေးပွဲပြီးတဲ့ တစ်ပတ်အတွင်းတော့ ရွှေ့ပေးမယ်လို့ ပြောလိုက်တယ်” ဟု မိန့်ကြားသည်။
အိမ်ဖျက်သိမ်းခံ ရွာသားတစ်ဦးဖြစ်သူ ဦးရွှေမောင်က “ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် ဒီနေရာမှာပဲ နေချင်တာပေါ့။ ဒါပေမဲ့ အစိုးရက ကျွန်တော်တို့အပေါ်ကို တစ်ခုခုမပေးနိုင်ရင်တော့ ကရင်ပြည်နယ်ကို လိုက်သွားမှာပါ။ ဒါကလည်း အများဆန္ဒအရပါ။ ဘယ်လိုဆုံးဖြတ်မှန်းတော့ မသိသေးပါဘူး။ အားလုံးလိုက်မယ်ဆိုရင် ကျွန်တော်လည်း လိုက်မှာပါ” ဟုဆိုသည်။
သမီးကလေးကျေးရွာ ဖယ်ရှားခဲ့သည့် ဖြစ်စဉ်နှင့် ယင်းကဲ့သို့ ကျူးကျော်ဖယ်ရှားမှု ပြဿနာများအပေါ် အစိုးရအနေဖြင့် မည်သို့ကိုင်တွယ် လုပ်ဆောင်ရန် စီစဉ်လုပ်ဆောင်ထားမှု ရှိ၊ မရှိနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းက သမီးကလေးကျေးရွာတွင် နေထိုင်သူအများစုမှာ အခြားဒေသများမှ ရန်ကုန်သို့ ရွှေ့ပြောင်းလာပြီး ယခုသမီးကလေးကျေးရွာတွင် ငှားရမ်းခမပေးရသဖြင့် လာရောက်ကျူးကျော် နေထိုင်သူများ၊ နေထိုင်ရန်ရှိသော်လည်း အကျိုးအမြတ် ရယူလိုခြင်းကြောင့် မြေဦး၊ နေရာဦး နေထိုင်သူများဖြစ်ကြောင်း၊ အဆိုပါ ကျူးကျော်ကိစ္စများ ဖြေရှင်းနိုင်ရန် ပထမဆုံးအချက်အနေဖြင့် ရန်ကုန်တွင်သာမက တိုင်းပြည်၏ နေရာအသီးသီးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ဆောင်ရွက်နေကြောင်း၊ သို့မှသာ မြို့ပြသို့ ရွှေ့ပြောင်းအခြေချသူ လျော့နည်းလာမည်ဖြစ်ကြောင်း ဒုတိယအချက်အနေဖြင့် မြန်မာပြည်အနှံ့ တန်ဖိုးသင့်အိမ်ရာများ၊ မြေကွက်လပ်များ ဖန်တီးပြီး အမှန်တကယ် မြေယာမဲ့သူများလက်သို့ ရောက်ရှိနိုင်အောင် ဆောင်ရွက်နေကြောင်း၊ အပြောင်းအလဲကာလကို အခွင့်ကောင်းယူပြီး ကျူးကျော်နေထိုင်လိုသူများအား ငွေကြေးရယူကာ အကွက်ချပေးနေသည့် နောက်ကွယ်မှ လှုပ်ရှားဆောင်ရွက်သူများ၊ အမြတ်ထုတ်သူများကိုလည်း ဥပဒေနှင့်အညီ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
Ref: athttp://www.news-eleven.com

Tuesday, 18 February 2014
မနက်ဖြန် တိုက်ပွဲခေါ်သည့်စစ်ခရာသံနှင့်လူထုငိုသည့် တော်လဲသံများ ရောယှက် လာနိုင်သည့် အနာဂတ်များအတွက် ( နေမျိုးဇင် )
ယခုပင် သမီးကလေးကျေးရွာ ဒုက္ခသည် စခန်းမှ ဖုန်းဝင်လာသည်။
မနက်ဖြန် မနက်တွင် ယခု နေထိုင်သော လေးတိုင်စင် အမိုးများ အားလုံး
ဖျက်သိမ်းပေးရန် နှင့် မဖျက်သိမ်းသော သူများအား ဖမ်းဆီး တရားစွဲမည်ဖြစ်ကြောင်းမိမိတို့ အဖွဲ့များက ဆယ်ဘီးကားကြီး
အပါအ၀င် ကားဆယ်စီးကျော်ဖြင့် စားရေး ရိက္ခာ အလှူအကူများဖြင့် ၁၉ရက်မနက် အရောက်သွားမည်ဖြစ်ပါသည်။
ယခုခိုနားနေရာ တဲစုလေးများပါ ထပ်မံဖျက်ဆီးခံရပြီး ကျောချစရာ အမိုးအကာပင်မရှိတော့သော တိုင်းရင်းသား ပြည်သူများထဲမှ
အခြားတနေရာသို့ ရွှေ့ပြောင်းအခြေချလိုကြောင်း ဆုံးဖြတ်သည့် မိသားစုများကို ကရင်ပြည်နယ်DKBAအဖွဲ့များက ပြင်ဆင်
ထားသည့်မြို့သစ်များထိ လိုက်ပါ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။
တိုက်ပွဲခေါ်သည့်စစ်ခရာသံနှင့်လူထုငိုသည့် တော်လဲသံများ ရောယှက်
လာနိုင်သည့် အနာဂတ်များအတွက် ရတက်မအေးဖြစ်မိပါသည်။
( နေမျိုးဇင် )
Nay Myo Zin.

Subscribe to:
Posts (Atom)