ရန်ကုန်၊ ဒီဇင်ဘာ ၃၁
၃၀.၁၂.၂၀၁၃ရက်နေ့ ၂၀၀၀အချိန် လှည်းကူးမြို့နယ်၊
ဖောင်ကြီးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ဂုံမင်းလျှိုကျေးရွာအပိုင်၊ သစ်နီပင်တောစခန်း
အနီးရှိ ၀ါးတစ်လက်ချောင်းစပ်တွင် လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ
သွားရောက်စစ်ဆေးခဲ့ရာ သစ်နီပင်တောစခန်းနေ ကရင်(ခ)မြင့်ဇော်၊
(၅၁)နှစ်၊(ဘ)ဦးအေးမောင်မှာ ယာဂုတ်ပိုးပြတ်ရှဒဏ်ရာ(၁)ချက်၊
ယာဘက်ချိုစောင်းပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိကာ သေဆုံးနေသည်ကို
စစ်ဆေးတွေ့ရှိရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ ၃၀.၁၂.၂၀၁၃ရက်နေ့
၁၈၃၀ အချိန်ခန့်တွင် သေဆုံးသူ ကရင်(ခ)မြင့်ဇော်သည် အရက်မူးပြီး
ချောင်းအတွင်းရေချိုးနေသော ဇနီးဖြစ်သူမသန်းသန်းမြင့်အား
ဆဲဆိုကြိမ်းမောင်းကာ တောခုတ်ဓါးဖြင့်လိုက်လံခုတ်စဉ် ဇနီးဖြစ်သူ
မသန်းသန်းမြင့်မှာ သားဖြစ်သူအောင်ဆန်းဦး(သေဆုံးသူ၏မယားပါသား)
ထံထွက်ပြေးသွားခဲ့ကြောင်း၊ ပထွေးဖြစ်သည့် သေဆုံးသူမှ
အောင်ဆန်းဦးအား မိခင်ဖြစ်သူမသန်းသန်းမြင့်နှင့် ပေးစားဆဲဆိုခြင်းများ
ပြုလုပ်ခဲ့၍ အောင်ဆန်းဦးနှင့်ထပ်မံစကားများကြကာ လုံးထွေးသတ်ပုတ်
ခဲ့ကြကြောင်း၊ ထိုသို့အခင်းဖြစ်ပွါးစဉ်သေဆုံးသူကိုင်ဆောင်ထားသော
ဓါးအား အောင်ဆန်းဦးမှလုယူပြီး ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း
စုံစမ်းသိရှိရသဖြင့် အောင်ဆန်းဦးအား ဖောင်ကြီးနယ်မြေရဲစခန်း (ပ)၁၃၃/၂၀၁၃၊
ပုဒ်မ ၃၀၂ဖြင့်အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေး
လျက်ရှိကြောင်း သတင်းရရှိပါသည်။
Ref: Yangon Police
mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Tuesday, 31 December 2013
Monday, 30 December 2013
လှည်းကူးမြို့နယ် သမိုင်းပြတိုက်၏ သုံးထပ်မြောက် အခင်းလောင်းပြီး သွားပါပြီ
လှည်းကူးမြို့နယ် သမိုင်းပြတိုက်၏ သုံးထပ်မြောက် အခင်း လောင်းပြီး သွားပါပြီ ဖြစ်ပါတယ်။ ယင်းအခင်းလောင်းခြင်းကို ပိုက်ကြီးဝဲ ရွာသူ/ရွာသားများက လုပ်အားဒါနပြုကြပါတယ်။
လှည်းကူးမြို့နယ် သမိုင်းပြုစုရေးအဖွဲ့ ဦးဆောင်နာယက ဆရာတော် ဒေါက်တာရေ၀တာလင်္ကာရ ၏ မဟာဝိဇိတာရာမကျောင်းဝန်းအတွင်း တည်ဆောက်လျှက်ရှိသော လှည်းကူးမြို့နယ် သမိုင်းပြတိုက်မှာ သုံးထပ်အဆောက်အဦ ဖြစ်ပြီး စာကြည့်တိုက်၊ သမိုင်းပြတိုက်၊ ကွန်ပျူတာခန်း ထားရှိရန် စီစဉ်ထားပါသည်။
လှည်းကူးမြို့နယ် သမိုင်းပြတိုက်တည်ဆောက်ရာတွင် အလှူငွေများ ပါဝင်လှူဒါန်းလိုပါက အောက်ပါဖုန်းနံပတ်များသို့ ဆက်သွယ်နိုင်ပါတယ်။
(ပြည်တွင်း )
မဟာဝိဇိတာရာမစာသင်တိုက်၊
ပိုက်ကြီးဝဲအရှေ့ကျောင်း၊
လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်း
ဖုန်း- (၀၁) ၆၂၉၁၅၂
(ပြည်ပ)
အရှင်အဂ္ဂဥာဏ (မောင်နေခြည်-လှည်းကူး)
ဆစ်ဒနီ၊ သြစတေးလျနိုင်ငံ။
+၆၁ ၂ ၉၇၂၄ ၉၆၇၉
သုံးထပ်အဆောက်အဦးအား ယနေ့ မြင်ကွင်း...သုံးထပ်အခင်းလောင်းပြီးစဉ်...
Ref: ဓာတ်ပုံ-ဆရာသက်

Sunday, 29 December 2013
Saturday, 28 December 2013
Thursday, 26 December 2013
ဆီးဂိမ်းမှာ ရွှေယူပေးခဲ့တဲ့ လှည်းကူးမြို့နယ် ဇရပ်ကွင်းက အမွှာညီအမ
လှည်းကူးမြိုနယ်
ဇရပ်ကွင်းက မေဆုလွင်နဲ့မေဆက်လွင် အမွှာညီအစ်မ ကလည်း ဆီးဂိမ်း (စစ်တုရင်) ပြိုင်ပွဲမှာ
ရွှေတံဆိပ်နှစ်ဆုယူပေးထားသူများဖြစ်ကြပါတယ်။
Monday, 23 December 2013
ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရခဲ့တဲ့ လှည်းကူးသားတစ်ယောက်
27th Sea Games တွင် ကျင်းပခဲ့သော
မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၏ ပန်ကြပ်ဆီလတ်(Pencak Silat) ကစားနည်းတွင်
လှည်းကူးမြို့၊ ကျွန်းကလေးအရှေ့မှ
ကိုသူရစိုးက နိုင်ငံအတွက် ရွှေတံဆိပ်တစ်ခုရယူပေးခဲ့ပါတယ်။
Ref: အောင်ဆန်းမြင့်
Ref: အောင်ဆန်းမြင့်
Friday, 20 December 2013
Thursday, 19 December 2013
နဲနဲပြုံးပြပါ...(ကဗျာ)
+ ရှုံးတာက အမုန်းတွေရတာမှ မဟုတ်တာ။
သန်း-၆၀-ပြည်သူ့ဆီက အချစ်တွေ ရခဲ့တာလေ။
မြန်မြန်သာထ၊
ပြုံးပြလိုက်ပါ ညီမငယ်။
+ ရှုံးတာချင်း တူပေမယ့် ရှုံးရပုံချင်းမတူပါဘူး။
အသုံးမကျတဲ့သူတွေထဲမှာ ညီမတို့မပါဘူး။
မြန်မြန်သာထ၊
ပြုံးပြလိုက်ပါ ညီမငယ်။
+ ခဏတာ ရှုံးရလို့ ဘုံးဘုံးကျချင်ကျမယ်။
ထာဝရရှုံးတာမှ မဟုတ်တာ။
မြန်မြန်သာထ၊
ပြုံးပြလိုက်ပါ ညီမငယ်။
+ နိုင်ဘူးတဲ့ လူတိုင်းမှာ ရှုံးဖူးတဲ့ ရာဇ၀င်ဆိုတာ ရှိတာပါပဲ။
ရှုံးတာကို အရင်းပြု၊ အောင်မြင်မှု့ကို ရောက်အောင်ကြံစည်၊
မြန်မြန်သာထ၊
ပြုံးပြလိုက်ပါ ညီမငယ်။
+ ညီညွတ်မှု့ကို ဦးတည်၊
ပြည်သူ့ဆန္ဒကို အလေးထား၊
ကြိုးစားမှု့ကို ထင်စွာပြု၊
ဥာဏ်လွှာသုံးရင်ဖြင့်၊
အမြဲတမ်း ပြုံးနိုင်ပါမှာ။
မြန်မြန်သာထ၊
ပြုံးပြလိုက်ပါ ညီမငယ်။
+ ဒီမှာ ညီမငယ်...
ကြိုးစားသူအဖို့ အောင်မြင်မှု့က ဘယ်မှထွက်မပြေးဘူး။
မြန်မြန်သာထ၊
ပြုံးပြလိုက်ပါ ညီမငယ်။
( မြန်မာ့အမျိုးသမီး ဘောလုံးလက်ရွေးစင် ညီမငယ်များသို့ အမှတ်တရ၊ ၁၉-၁၂-၂၀၁၃)
အရွင္အဂၢဥာဏ (ဆစ္ဒနီ၊ၾသစေတးလ်)
(မောင်နေခြည်-လှည်းကူး) ရေးဖွဲ့အားပေးသည်။

Wednesday, 18 December 2013
တောက ဟာသများ အပိုင်း-၃၃ (သို့) ဘာနဲ့ အကုတ်ခံမလဲ
ကမ္ဘာအရပ်ရပ်မှာ ယောက်ျားလေးရော မိန်းခလေးရောပဲ ကိုယ်ရဲ့ဆံကေသာကို ပုံစံအမျိုးမျိုးပဲ ပြင်ကြ၊ ဆင်ကြတာပါပဲ။ ကျုပ်တို့ရွာမှာ ကျုပ်တို့ဘကြီးတစ်ယောက်ဆို သေတဲ့အထိကို ဆံပင်ညှပ်တဲ့ ဆံသအလုပ်ကို လုပ်သွားတာပါ။ ကျုပ်တို့ငယ်ငယ်တုံးကဆိုရင် ကျုပ်ရဲ့ခေါင်းက အဲဒီဘကြီးလက်နဲ့ လွတ်ခဲ့တာမရှိပါဘူး။ နောက်ပိုင်းကျတော့ လှည်းကူးဆိုတဲ့ မြို့ကြီးမှာ ဆံပင်ညှပ်ချင်လာပါတယ်။ လှည်းကူးတက်ပြီး ဆံပင်ညှပ်ချင်ရတဲ့ အကြောင်းထဲမှာ လှည်းကူးတာဆုံက ဖင်ကောက်မကြီးရဲ့ ကွမ်းယာကို စားချင်တာလဲ ပါပါတယ်။
ဟုတ်ပါတယ်။ ဖင်ကောက်မကြီးရဲ့ ကွမ်းယာက ဒီခေတ်လို အမျိုးအမည်မသိတဲ့ အရာတွေကို မထည့်ပါဘူး။ ဆံပင်တက်ပြီး ညှပ်ရင် ဖင်ကောက်မကြီးရဲ့ ကွမ်းယာချိုချိုလေးကို စားလို့ပေါ့။ ပါးစပ်တွေကို ရဲလို့။ ဆံပင်ညှပ်တာကတော့ ဦးကျော်သိန်းဆိုင်မှာ ညှပ်လေ့ရှိပါတယ်။ ဘယ်ပုံစံညှပ်ပေးပါလို့ တောင်းဆိုတောင်းဆို ဗိုလ်ကေပဲ ညှပ်ပေးပါတယ်။ ညှပ်ပေးမှာပေါ့။ ဖေဖေက ဦးကျော်သိန်းကို တစ်ခါထဲမှာထားခဲ့တာ။ တိုနိုင်သမျှတိုအောင် ညှပ်ပေးပါလို့။
ဆံပင်မညှပ်ခင် ကတည်းက ဖင်ကောက်မကြီးကို တခါတည်း ကွမ်းယာအချိုမှာထားတာလေ။ ဆံပင်ညှပ်ပြီးတာနဲ့ တခါတည်းစားရအောင်လို့ပါ။ ပြီးတော့ ဟူစင်ဆိုင်မှာ လဘက်ရည်အချိုသောက်ပါတယ်။ ငယ်ငယ်တုံးကတော့ ဆံပင်ညှပ်တော့မယ်ဆိုရင် အရမ်းပျော်တာပါပဲ။ ပျော်တာပေါ့။ လှည်းကူးမြို့ကိုလဲသွားရတယ်။ နာမယ်ကျော် ဖင်ကောက်မကြီးရဲ့ ကွမ်းယာလဲ စားရတယ်။ လဘက်ရည်အချိုလဲသောက်ရတယ်လေ။ ဒါပေမယ့် ညှပ်လိုက်တိုင်း ဗိုလ်ကေပဲ ညှပ်ရတယ်။
တစ်နေ့သား မှတ်မှတ်ရရ ဗိုလ်ကေမညှပ်ချင်ဘူး၊ တခြားဆံပင်ပုံတစ်ခု ညှပ်ပေးဖို့တောင်းဆိုလိုပ်ရာ ဦးကျော်သိန်းက အုန်းမှုတ်ခွက်ပုံ ညှပ်ပေးလိုက်ပါတယ်။ ရွာရောက်တော့ ဘုန်းကြီးကျောင်းခေါ်သွားပြီး ခေါင်းတုံးခံလိုက်ရပါတယ်။ ဒါကြောင့် တသက်နဲ့ တကိုယ် ဆံပင်ပုံစံထားဖူးတာကတော့ ဗိုလ်ကေ နဲ့ ကတုံးပါပဲ။ သာသနာ့ဘောင်ရောက်လာတော့ပိုဆိုးသွားပါတယ်။ ဆံပင်ပုံစံက ကတုံးကေပါပဲ။ ယနေ့ထိပေါ့။
တစ်ခုသောနေ့မှာ သူငယ်ချင်းတစ်ယောက်နဲ့အတူ သူ့ရဲ့အိမ်ကို လိုက်သွားခဲ့ပါတယ်။ အဲဒီအိမ်နဲ့ကလဲ မိသားစုလို ခင်နေတော့ ပြောမနာဆိုမနာပေါ့။ ကျုပ်တို့နှစ်ယောက်ရောက်လို့ ထိုင်ရုံရှိသေးတယ်။ သူငယ်ချင်းရဲ့ ညီမ ဖြစ်သူက သူမရဲ့ အမေကို အောက်ပါအတိုင်းပြောပါတယ်။။
" အမေ.....သမီးကို ပိုက်ဆံတစ်ရာပေးပါ။ ဂျပန်ကုတ် ကုတ်မလို့"-ဟု။
အဲဒီအချိန်မှာ အမေဖြစ်သူက အောက်ပါအတိုင်း သမီးဖြစ်သူကို ပြန်ပြောရာ ကျုပ်တို့မှာ ပြုံးပြီးတော့ပဲနေလိုက်ရပါတော့တယ်။ သူပြောလိုက်တဲ့ စကားကတော့
" ညည်းတို့ခေတ်ကျမှ ဂျပန်ကုတ်တွေ တရုတ်ကုတ်တွေနဲ့။ ရှုပ်ယှက်ကို ခပ်နေတာပဲ။ ငါတို့ကတော့ မြန်မာပဲ အကုတ်ခံတယ်။ ပိုက်ဆံလဲ ပေးစရာမလိုဘူး။ ညည်းတို့ခေတ်ကျမှ အကုတ်လဲခံရဦးမယ်။ ပိုက်ဆံလဲ ပေးရဦးမယ်ဆိုတော့ မလွန်ဘူးလား"-တဲ့။
(မှတ်ချက်။ ။ ဂျပန်ကုတ်ဆိုသည်မှာ ဂျပန်မလေးတွေရဲ့ ဆံပင်စတိုင် ဆံပင်ကို ကုတ်ထားတဲ့ပုံစံပါ။)
တောက ဟာသများကို ပြောပါတယ်။
မောင်နေခြည် (လှည်းကူး)

ဒို့ မြန်မာနိုင်တဲ့နေ့
အောင်ဆန်းကွင်းတစ်ကွင်းလုံး
ပရိသတ်က အပြည့်၊ အပြင်လမ်းမပေါ်မှာလဲ ပရိသတ်က သိန်းနဲ့ချည်ပြီးတော့ကို
အားပေးနေတာပါ။ မြန်မာ့အလံတွေ၊ မြန်မာနိုင်ရမည်ပါတဲ့ နဖူးစီးတွေ၊
မြန်မာအသင်းဝတ်စုံတွေဝတ်ပြီးတော့ ပေါ့။
အများစုကတော့ ယမန်နေ့ညပိုင်းထဲက ညအိပ်ပြီးတော့ကို စောင့်နေကြတာပါ။ မြန်မာ
မြန်မာ -ဟူသော အသံတွေဟာ ရန်ကုန်တမြို့လုံးရဲ့ ကောင်းကင်ရံမှာ
သောသောညံနေတာပါပဲ။ ကျုပ်လဲ လက်မှတ်တစ်စောင်ကို မနဲရအောင် မှောင်ခိုကနေ၀ယ်လိုက်ရတယ်လေ။အား ပေးချက်ကတော့ အားကုန်ပဲ။ ဒီနေ့မြန်မာအသင်း နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ထူးထူးခြားခြား ဘောပွဲပါပဲ။
အိမ်ရှင်မြန်မာအသင်းကတော့ အနီရောင်ဝတ်စုံကို ၀တ်ဆင်မှာဖြစ်ပြီး အာဆင်နယ်အသင်းကတော့ အ၀ါရောင်ဝတ်စုံကို ၀တ်ဆင်မှာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာအသင်းရဲ့ အကျီ် င်္မှာ နာမည်နဲ့ နံပါတ်တွေ မပါပါဘူး။ အကျီ င်္တိုင်းရဲ့ နောက်ကျောမှာ မြန်မာလို့ပဲ ရိုက်နှိပ်ထားပါတယ်။ ကွင်းထဲမှာလဲ ပရိသတ်က အပြည့်၊ နိုင်ငံတကာ ရုပ်သံလှိုင်းတွေကလဲ တိုက်ရိုက်ပြသဖို့အတွက် ရောက်ရှိနေပါပြီ။ ထူးခြားတာက ဒီနေ့ပွဲမှာ ကွင်းလယ်ဒိုင်အဖြစ် ကော်လီနာကနေ ဆောင်ရွက်မှာပါ။
နှစ်ဖက်အသင်းသားတွေ ကွင်းထဲဝင်လာပါပြီ။ ဒီတခါမြန်မာအသင်းရဲ့ ကစားသမားတွေရဲ့ ပုံက ယုံကြည်မှု့အပြည့်ရှိတဲ့ပုံပါပဲ ။ အာဆင်နယ်အသင်းကို အွန်နရီကနေဦးဆောင်ပြီးတော့ ကစားမှာဖြစ်ပါတယ်။ နိုင်င့တော်သီချင်းသံပြိုင်ဆြို ကတာကလဲ
ကြောက်ခမန်းလိလိပါပဲ။ နှစ်ဖက်အသင်းသားတွေကို တာဝန်ရှိတဲ့ လူတွေက
လက်ဆွဲနှုတ်ဆက်ကြပါတယ်။ အဲဒီထဲမှာ ထူးထူးခြားခြား လက်ဆွဲနှုတ်ဆက်သူကတော့
အမေစုပါပဲ။ အမေစုက မြန်မာကစားသမားတွေကို လက်ဆွဲနှုတ်ဆက်ရင်း ပါးစပ်ကလဲ
တစ်ဦးချင်းရဲ့နာမယ်ကို ခေါ်ပြီး ဒီနေ့ပွဲကို သားတို့ အကောင်းဆုံး
စွမ်းဆောင်ကြပါ-ဟု မှာကြားလေရဲ့။
အီတလီဒိုင် ကော်လီနာရဲ့ ခရာမှုတ်သံဖြင့် ဘောပွဲက စတင်ပါပြီ။ ပရိသတ်တွေကလဲ လက်ခုတ်လက်ဝါးတီးပြီး အားပေးပါတယ်။ နှစ်သင်းစလုံးက နာမည်ကျော် အသင်းကြီးတွေဖြစ်နေတော့ ကစားပွဲက အကြိတ်အနယ်ရှိလှပါတယ်။ ပွဲစလို့ ၁၅-မိနစ်အရောက်မှာ အာဆင်နယ်အသင်းက မြန်မာ့ဂိုးအေရိယာမှာ ပြစ်ဒဏ်ဘောရပါတယ်။ ဒါကိုေ၇ှ့တန်းကစားသမား အွန်နရီကနေ လှလှပပကန်သွင်းပါတယ်။ ဒါပေမယ့် မြန်မာဂိုးသမားက ကာကွယ်လိုက်ပါတယ်။ ပရိသတ်ကလဲ မြန်မာ မြန်မာဆိုတဲ့ အသံက ပိုပြီးတော့ ကျယ်လာသလိုပါပဲ။ အားပေးရတာ ရင်ထဲမှာ တဒိန်းဒိန်းနဲ့ပေါ့။
တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘူးဖြစ်နေပါတယ်။
အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ဒုတိယပိုင်းမှာ နဲနဲနာသွားတဲ့ သူနေရာမှာ
ဝေါကော့ကို ထည့်ပြီး ကစားအားမြှင့်ပါတော့တယ်။ ဒါပေမယ့် မြန်မာအသင်းရဲ့
နောက်တန်းတွေကို ကမ္ဘာကျော်အွန်နရီတို့ ဝေါကော့တို့အတွဲ ဘယ်လိုမှ
မထိုးဖောက်နိုင်ပါဘူး။ ဒီနေ့မြန်မာအသင်းရဲ့ ကစားပုံကတော့
ဘုရင့်နောင်ဖောင်ဖျက်ပြီးကစားနေ ကြတာပါပဲ။
ကစားချိန်မိနစ် ၈၈မှာ မြန်မာအသင်းက ပန်နာတီကန်ခွင့်ရပါတယ်။ ဒီပန်နာတီကို မြန်မာအသင်းမှ ကန်သွင်းမှာ ဖြစ်ပါတယ်။ ပရိသတ်ကလဲ ငြိမ်ပြီးတော့ နေပေးပါတယ်။ မြန်မာက အဲဒီပါနာတီကို အာဆင်နယ်အသင်းဂိုးသမားရဲ့ ဘယ်ဘက်ကို ကန်သွင်းလိုက်ရာ ဂိုးဝင်သွားပါတော့တယ်။ မြန်မာပရိသတ်ရဲ့ ဂိုး-ဆိုတဲ့အသံဟာ တပြည်လုံးကို ဟိန်းသွားပါတော့တယ်။ အဲဒီထဲမှာ ကျုပ်ရဲ့ အသံက အကျယ်ဆုံး-လို့ထင်တာပါပဲ။
အဲဒီအချိန်မှာ အသံတစ်သံဝင်လာပါတယ်။ အမေ့ရဲ့အသံပါပဲ။
ငါ့သားထတော့၊ ထတော့၊ နေဖင်ထိုးနေပြီလေ-ဟု။
အိပ်မက်ထဲမှာ မြန်မာနိုင်လို့ ပျော်လို့မ၀သေးဘူး။ အမေနှိုးလိုက်လို့ ကျုပ်ရဲ့ ပျော်နေတဲ့ အပျော်တွေ ဘယ်နားရောက်သွားမှန်း မသိလိုက်ပါဘူး။ ဒါနဲ့ ကျုပ်က အမေ့ကို ပြောလိုက်ပါတယ်။ အမေရယ်....အိပ်မက်ထဲမှာ အာဆင်နယ်ကို မြန်မာနိုင်နေပြီဗျလို့။
အဲဒီအချိန်မှာ အမေက ကျုပ်ကို အခုလိုပြန်ပြောလိုက်ပါတော့တယ်။
အာဆင်နယ် မပြောနဲ့ အင်ဒိုနီးရှားလို အသင်းမျိုးကိုတောင် မြန်မာအသင်းနိုင်တယ်ဆိုတဲ့နေ့ဟာ နောက်ဘုရားပွင့်မယ့်နေ့ပဲ။ သိပ်လဲ ရူးမနေနဲ့----ဟု။
မောင်နေခြည် (လှည်းကူး)
၁၈-၁၂-၂၀၁၃
အိမ်ရှင်မြန်မာအသင်းကတော့ အနီရောင်ဝတ်စုံကို ၀တ်ဆင်မှာဖြစ်ပြီး အာဆင်နယ်အသင်းကတော့ အ၀ါရောင်ဝတ်စုံကို ၀တ်ဆင်မှာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာအသင်းရဲ့ အကျီ် င်္မှာ နာမည်နဲ့ နံပါတ်တွေ မပါပါဘူး။ အကျီ င်္တိုင်းရဲ့ နောက်ကျောမှာ မြန်မာလို့ပဲ ရိုက်နှိပ်ထားပါတယ်။ ကွင်းထဲမှာလဲ ပရိသတ်က အပြည့်၊ နိုင်ငံတကာ ရုပ်သံလှိုင်းတွေကလဲ တိုက်ရိုက်ပြသဖို့အတွက် ရောက်ရှိနေပါပြီ။ ထူးခြားတာက ဒီနေ့ပွဲမှာ ကွင်းလယ်ဒိုင်အဖြစ် ကော်လီနာကနေ ဆောင်ရွက်မှာပါ။
နှစ်ဖက်အသင်းသားတွေ ကွင်းထဲဝင်လာပါပြီ။ ဒီတခါမြန်မာအသင်းရဲ့ ကစားသမားတွေရဲ့ ပုံက ယုံကြည်မှု့အပြည့်ရှိတဲ့ပုံပါပဲ
အီတလီဒိုင် ကော်လီနာရဲ့ ခရာမှုတ်သံဖြင့် ဘောပွဲက စတင်ပါပြီ။ ပရိသတ်တွေကလဲ လက်ခုတ်လက်ဝါးတီးပြီး အားပေးပါတယ်။ နှစ်သင်းစလုံးက နာမည်ကျော် အသင်းကြီးတွေဖြစ်နေတော့ ကစားပွဲက အကြိတ်အနယ်ရှိလှပါတယ်။ ပွဲစလို့ ၁၅-မိနစ်အရောက်မှာ အာဆင်နယ်အသင်းက မြန်မာ့ဂိုးအေရိယာမှာ ပြစ်ဒဏ်ဘောရပါတယ်။ ဒါကိုေ၇ှ့တန်းကစားသမား အွန်နရီကနေ လှလှပပကန်သွင်းပါတယ်။ ဒါပေမယ့် မြန်မာဂိုးသမားက ကာကွယ်လိုက်ပါတယ်။ ပရိသတ်ကလဲ မြန်မာ မြန်မာဆိုတဲ့ အသံက ပိုပြီးတော့ ကျယ်လာသလိုပါပဲ။ အားပေးရတာ ရင်ထဲမှာ တဒိန်းဒိန်းနဲ့ပေါ့။
တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘူးဖြစ်နေပါတယ်။
ကစားချိန်မိနစ် ၈၈မှာ မြန်မာအသင်းက ပန်နာတီကန်ခွင့်ရပါတယ်။ ဒီပန်နာတီကို မြန်မာအသင်းမှ ကန်သွင်းမှာ ဖြစ်ပါတယ်။ ပရိသတ်ကလဲ ငြိမ်ပြီးတော့ နေပေးပါတယ်။ မြန်မာက အဲဒီပါနာတီကို အာဆင်နယ်အသင်းဂိုးသမားရဲ့ ဘယ်ဘက်ကို ကန်သွင်းလိုက်ရာ ဂိုးဝင်သွားပါတော့တယ်။ မြန်မာပရိသတ်ရဲ့ ဂိုး-ဆိုတဲ့အသံဟာ တပြည်လုံးကို ဟိန်းသွားပါတော့တယ်။ အဲဒီထဲမှာ ကျုပ်ရဲ့ အသံက အကျယ်ဆုံး-လို့ထင်တာပါပဲ။
အဲဒီအချိန်မှာ အသံတစ်သံဝင်လာပါတယ်။ အမေ့ရဲ့အသံပါပဲ။
ငါ့သားထတော့၊ ထတော့၊ နေဖင်ထိုးနေပြီလေ-ဟု။
အိပ်မက်ထဲမှာ မြန်မာနိုင်လို့ ပျော်လို့မ၀သေးဘူး။ အမေနှိုးလိုက်လို့ ကျုပ်ရဲ့ ပျော်နေတဲ့ အပျော်တွေ ဘယ်နားရောက်သွားမှန်း မသိလိုက်ပါဘူး။ ဒါနဲ့ ကျုပ်က အမေ့ကို ပြောလိုက်ပါတယ်။ အမေရယ်....အိပ်မက်ထဲမှာ အာဆင်နယ်ကို မြန်မာနိုင်နေပြီဗျလို့။
အဲဒီအချိန်မှာ အမေက ကျုပ်ကို အခုလိုပြန်ပြောလိုက်ပါတော့တယ်။
အာဆင်နယ် မပြောနဲ့ အင်ဒိုနီးရှားလို အသင်းမျိုးကိုတောင် မြန်မာအသင်းနိုင်တယ်ဆိုတဲ့နေ့ဟာ
မောင်နေခြည် (လှည်းကူး)
၁၈-၁၂-၂၀၁၃
Tuesday, 17 December 2013
လှည်းကူး နဲ့ ထန်းတပင်မှာ အသက်မပြည့်သေးသည့် ကလေးငယ်များအား ဖြားယောင်သွေးဆောင်ခံရမှု နှစ်ခုဖြစ်ပွား
အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၁၃ ခုနှစ်
အသက်မပြည့်သေးသည့် ကလေးငယ်များ ဖြားယောင်သွေးဆောင်ခံရမှု နှစ်ခုလှည်းကူးနှင့် ထန်းတပင် မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာမိဘများက ဒီဇင်ဘာ ၁၅ ရက်တွင် အမှုဖွင့်တိုင်တန်းထား ကြသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်တစ်ခုမှာ လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာအုပ်စုတွင် ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီ အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အသက် ၁၃ နှစ်အရွယ်ရှိ မိန်းကလေးငယ်ကို မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စု၊ ရှမ်းကုန်း ကျေးရွာနေ ကျော်ဦး (၃၀)နှစ်က ဆိုင်ကယ်ကယ်ရီ နှင့် သုံးယောက်ပူးစီး၍ ကြာအင်းရွာဘက်သို့ တက် သွားကြောင်း သိရှိရသဖြင့် လိုက်လံရှာဖွေခဲ့သည်ဟု မိခင်က အမှုဖွင့်ရာတွင် ပြောပြထားသည်။
ထို့နောက် ကြာအင်းရွာ ဘုန်းကြီးကျောင်းရှေ့အရောက်တွင် ကျော်ဦးမှသမီးဖြစ်သူအား လမ်းဘေး လယ်ကွင်းထဲသို့ ဆွဲခေါ်ပြေးစဉ်နောက်မှလိုက်ပါ၍ ပြန်လည်ခေါ်ဆောင်ခဲ့ရသည်ဟု အဆိုပါမိန်းကလေး ၏ မိခင်ကဆိုသည်။
ယင်းအမှုတွင် အသက်မပြည့်သေးသည့် ကလေးငယ်ကို ဖြားယောင်းသွေးဆောင်မှုဖြင့် ကျော်ဦးအား အရေးယူပေးရန် စွပ်စွဲတိုင်တန်းထားခြင်းဖြစ်သည်။
ထို့ကြောင့် ငါးဆူတောင် နယ်မြေရဲ စခန်းက (ပ)၆၁/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ပြစ်မှုထင်ရှား ပါက ပုဒ်မ ၃၆၃ ဖြင့် တရားစွဲတင်မည်ဟု ဆိုထားသည်။
အလားတူဖြစ်စဉ်တစ်ခုမှာ ထန်းတပင်မြို့နယ် တလိုင်မှီကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၃ နှစ်အရွယ် သမီးငယ်အား ဖြားယောင်းသွေးဆောင်ခြင်းခံရသဖြင့် အမှုဖွင့်တိုင်တန်းထားခြင်းလည်း ဖြစ်သည်။
လယ်လုပ်ရာမှ ပြန်လာသော အသက် ၄၂ နှစ်အရွယ် မိခင်ကသမီးဖြစ်သူကို မတွေ့ရှိသဖြင့် စုံစမ်းရာ တွင် အောင်ဝင်းကို (အသက်စုံစမ်းဆဲ)လေး အိမ်တန်း ကျေးရွာ၊ ညောင်တုန်းမြို့နယ်ဧရာဝတီတိုင်းနေ သူမှ ခိုးယူသွားခြင်းဖြစ်ကြောင်း သိရသည်ဟုဆိုသည်။
ထို့ကြောင့် သွေးဆောင်ခိုးယူသူကို အရေးယူပေးရန် တိုင်ကြားသဖြင့် တော်လတဲ့နယ်မြေရဲစခန်းက (ပ)၇၈/၂၀၁၃ ဖြင့် အမှုဖွင့်စုံစမ်းနေပြီး ဖမ်းဆီးရမိ၍ ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၆၃ ဖြင့် အရေးယူမည်ဟု ဆိုထားသည်။
ယင်းနေ့ တစ်နေ့တည်းမှာပင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ၂၈ နှစ်အရွယ် အမျိုး သားတစ်ဦးက ခိုးယူပေါင်းသင်းနေသဖြင့် အရေးယူပေးရန် တိုင်ကြားမှုတစ်ခုကို ဒလမြို့နယ် ပျော်ဘွယ်ကြီး နယ်မြေရဲစခန်းက (ပ)၁၇၄/၂၀၁၃ ဖြင့်အမှုဖွင့်ပြီး ပြစ်မှု ပုဒ်မ ၃၆၆ ဖြင့် အရေးယူရန် စုံစမ်းနေ သည်ဟု တိုင်းရဲတပ်ဖွဲ့သတင်းထုတ်ပြန်ထားသည်။
Ref:ဇော်ဇော်ထွေး,Mizzima - News in Burmese

တောက ဟာသများ အပိုင်း-၃၂ (သို့)ကျုပ်တို့ရွာက ဘောလုံးအသင်း နဲ့ ကောက်ကွေ့သားက၊ လက်တဲ့စမ်း....
မြန်မာ+အင်ဒိုဘောပွဲရဲ့ အဖြစ်အပျက်ကို သိရပြီးတဲ့နောက် ကျုပ်တို့ရွာက ဘောလုံးအသင်းအကြောင်းကို ရေးချင်စိတ်ပေါက်လာပါတယ်။ ကျုပ်တို့ရွာရဲထိပ်မှာ ဘောလုံးကွင်းတစ်ကွင်းရှိပါတယ်။ ဘောကွင်းက လှည်းကူး+ဆားတလင်းလမ်းမဘေးမှာ တည်ရှိနေတော့ ပွဲကြည့်စင်က သီးသန့်ကြီး လုပ်စရာမလိုပါဘူး။ လမ်းဘေးကုန်းစောင်းကနေ ထိုင်ကြည့်ရတာသည်ပင် အရသာတစ်ခုပါ။ ကျုပ်တို့ရွာမှာ ညနေတိုင်း ဘောပွဲရှိပါတယ်။ ရွာအရှေ့ပိုင်းနဲ့ အနောင်းပိုင်း။ လူပျို လူအိုလဲ ခွဲကန်ကြတယ်။ ကလားသားအချင်းချင်းလဲ ခွဲကန်ကြတယ်။ တစ်ခြားရွာက အသင်းတွေကိုလဲ ခေါ်ကန်ကြပါတယ်။ မှတ်မှတ်ရရ
ကြားသိခဲ့ရတာကတော့ ဖေဖေတို့ ကျောင်းသားအသင်းက ကျောင်းပေါင်းစုံပွဲမှာ
မြို့နယ်မှာ ဗိုလ်စွဲခဲ့ပါသေးတယ်တဲ့။ အခုနောက်ပိုင်းမှာလဲ
ကျောင်းပေါင်းစုံပွဲမှာ တစ်ခါထပ်ပြီး ဗိုလ်စွဲခဲ့ပါသေးတယ်။
ကန်ကြတာကလဲ လောင်းောကးစားကြေးနဲ့ ကန်ကြတာပါ။ ပွဲအနိုင်အရှုံးလဲ လောင်းကြပါတယ်။ တစ်ဂိုးကို ဘယ်လောက်ဆိုပြီးတော့လဲ လောင်းကြေးနဲ့ ကန်ကြပါတယ်။ တစ်ချို့နှစ်များဆိုရင် ရွာကဘောလုံးအသင်းက အနိုင်ရငွေတွေနဲ့ ရွာကစာသင်တိုက်မှာ ၀ါဆိုသင်္ကန်းတွေတောင် ကပ်နိုင်ခဲ့ပါတယ်။ လှည်းကူးမှာ နာမည်ကြီးခဲ့တဲ့ ကစားသမားတိုင်း ရွာကကွင်းမှာ ကန်ဖူးကြပါတယ်။ ရွာက ဘောလုံးအသင်းက မြို့နယ်ပွဲတွေလဲ ၀င်ပြိုင်ကြပါတယ်။
တစ်ခုသောရက်မှာတော့ ကျုပ်တို့ရွာကဘောလုံးအသင်း မြို့နယ်ပွဲကို တက်ြပိုင်ပါတယ်။ ကိုယ့်အုပ်စုထဲမှာ ဖောင်ကြီးအရှေ့အသင်းပါတယ်။ အင်းတိုင်အသင်းပါတယ်။ ဒရယ်ဘိုအသင်းပါတယ်။ တကယ့်ရွာကြီးတွေက အသင်းတွေပါပဲ။ ဘောလုံးအသင်းတွေရဲ့ ထုံးစံအတိုင်း ရွာအသင်းမှာ ဂိုးသမားနှစ်ယောက်ရွေးထားပါတယ်။ ဒရယ်ဘိုအသင်းနဲ့ ပထမဆုံးတွေ့တော့ ရွာကအသင်းအနိုင်ရပါတယ်။ ရွာက ပြန်ရောက်တော့ ရွာ ဥက္ကဌက သူ့အိမ်မှာ ကြွေးမွေးပါတယ်။ တဆက်တည်းမှာပဲ နောက်နေ့ ဖေါင်ကြီးအရှေ့အသင်းကို အနိုင်ရရင် ဥက္ကဌက နွားတွေ ၀က်တွေသတ်ပြီး ဂုဏ်ပြုဖို့ စီစဉ်ထားခဲ့ပါတယ်။
ကံဆိုးချင်တော့ ဖေါင်ကြီးအရှေ့နဲ့ ကန်တဲ့အချိန်မှာ ရွာက ပထမဂိုးသမား ကိုသန်းဦးက ဒဏ်ရာရသွားပါတယ်။ ဒီတော့ ဂိုးသမားပြောင်းလဲရပါတော့တယ်။ အနေအထားအရ ဘောလုံးနှစ်သင်းက သူမသာ ကိုယ်မသာပါပဲ။ ဒါပေမယ့် ဒုတိယဂိုးသမားက တဖက်က အသင်းက သွင်းသမျှကို မဖမ်းပဲ လွှတ်ပေးနေပါတော့တယ်။ အဲဒီပွဲမှာ ရွာကအသင်းက ၁၄ဂိုး+ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။ ဒုတိယဂိုးသမားကို ဘာ့ကြောင့် လွှတ်ပေးသလဲ-လို့ မေးကြည့်တော့ သူက ပထမဂိုးသမားဖြစ်ချင်တာကို မပေးပဲနဲ့ ဒုတိယနေရာပဲ ပေးလို့ အခုလိုလုပ်တာပါတဲ့။
ဒီဂိုးသမားကြောင့် ရွာက ဘောလုံးအသင်းလဲ တော်တော်လေးကို ဂုဏ်တတ်သွားပါတော့တယ်။ ကိုယ့်ရဲ့ ပတ်မကို ကိုယ်ပဲ ပြန်ပြီးတော့ ထိုးဖေါက်တဲ့ လုပ်ရပ်ပါပဲ။ အဲဒီဘောလုံးပွဲညက ရွာက ဘောလုံးအသင်း ရွာကို ဘယ်အချိန်ပြန်ရောက်လာသလဲတောင် မသိပါဘူး။ အသံကို တိတ်နေတာပါပဲ။ အခါတိုင်းဆို ဘောလုံးနိုင်လာပြီဆိုရင် တစ်ရွာလုံးကို ဆူညံနေတာပါ။ နောက်နေ့မနက်မှ ကြားရပါတယ်။ ညတုံးက ဘောသမားတွေကို ဥက္ကဌကတော်က ဆဲလိုက်တာ မိုးကို မွှန်နေတာပါပဲတဲ့။
နောက်ရွာတွေကို ချိန်းကန်တဲ့ ပွဲတွေလဲရှိပါတယ်။ တစ်နေ့သား ရွာကွင်းမှာ ကောက်ကွေ့ရွာအသင်းနဲ့ ချိန်းကန်ကြတာပေါ့။ ပရိသတ်ကလဲ များမှများပဲ။ အဲဒီပွဲမှာ နှစ်ရွာဘောလုံးအသင်းရန်ဖြစ်ကြပါတော့တယ်။ အဲဒီဘောပွဲမှာ ဘယ်သူက ပစ်လိုက်တဲ့ လေးခွကြောင့်လဲ မသိပါ။ ရွာက ဦးစံကြည်-ဆိုသူရဲ့ မျက်လုံးတစ်လုံးကန်းသွားရပါတော့တယ်။ အဲဒီအချိန်က စပြီး ရွာမှာ ဆိုရိုးစကားလေး တစ်ခုပေါ်လာပါတယ်။ အဲဒါကတော့..
ကောက်ကွေ့သားက၊ လက်တဲ့စမ်း၊ စံကြည် မျက်လုံးကန်း-တဲ့။
တောက ဟာသလေးတွေကို ပြောပါတယ်။
မောင်နေခြည် (လှည်းကူး)
အသဲလဲနာ မြန်မာလဲကြေ
ပရိသတ်လဲ မမှားဘူး။
ကစားသမားလဲ မမှားဘူး။
တာဝန်ရှိသူတွေလဲ မမှားဘူး။
တောက်.....
ကြည့်မိတဲ့ ငါကိုက အမှား။
ဒါပေမယ့်
သက်ဆုံးတိုင် မြန်မာ နဲ့ အာဆင်နယ်ကို အားပေးသွားမယ်။
မောင်နေခြည်(လှည်းကူး)
(မြန်မာ+အင်ဒိုပွဲအမှတ်တရ၊ ၁၇-၁၂-၂၀၁၃၊ နံနက်-၁နာရီ ၂၂မိနစ်)
Monday, 16 December 2013
လှည်းကူးမြို့နယ် မဟူရာ သစ်တောကြိုးဝိုင်းအတွင်း နေထိုင်ကြသည့် ကျူးကျော် လေးရွာ
ဖိုးစိုးသူ| တနင်္လာနေ့၊ ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်
ရန်ကုန်တိုင်း လှည်းကူးမြို့နယ် မဟူရာ သစ်တောကြိုးဝိုင်းအတွင်း
နေထိုင်ကြသည့် ကျူးကျော် လေးရွာ ကို ကျေးရွာအဖြစ် သတ်မှတ်ပေးနိုင်ရန်အတွက်
သစ်တောဦးစီးဌာနသို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း လှည်းကူးမြို့နယ်မှ
တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက မဇ္ဈိမကို ပြောသည်။
“ရွာသားတွေအချို့ ဖယ်ရှားခံရတယ်လို့ သိရတဲ့အတွက် အခုလို ရွာလေးတွေကို
ကျေးရွာအဖြစ် သတ် မှတ်ပေးဖို့အတွက် လာပြီး အကူညီတောင်းကြလို့
ကူညီရခြင်းလည်းဖြစ်တယ်”ဟု ပြောသည်။
သစ်တောဦးစီးဌာနမှ
မဟူရာကြိုးဝိုင်းကို ပုဂ္ဂလိက သစ်တောစိုက်ခင်း စိုက်ပျိုးရန်အတွက် ၂၀၁၁ တွင်
လုပ်စားခွင့်ပေးခဲ့ရာ လက်ရှိတွင် သုံးဆယ်ကျေးရွာ ကျူးကျော်များ
နေထိုင်သည့်နေရာများတွင် ပုဂ္ဂလိက စိုက်ခင်းစိုက်ပျိုးရန်အတွက် ကုမ္ပဏီနှစ်ခု
ရောက်ရှိလာပြီး စိုက်ခင်းနှင့် မလွတ်ကင်းဟုဆိုကာ ဖယ်ရှား
ခိုင်းနေပြီဖြစ်ကြောင်း အိမ်ဖယ်ရှားခံရသူ သုံးဆယ်ကျေးရွာမှ ဒေါ်အေးအေးမိုးက
ဆိုသည်။
“ကျွန်မတို့အနေနဲ့ကတော့ ဒီရွာတွေကို
တရားဝင်ကျေးရွာတွေအဖြစ် သတ်မှတ်ပေးစေချင်ပါတယ်။ ဒီမှာ နေတဲ့လူတွေကို
သန်းခေါင်စာရင်း၊မှတ်ပုံတင် မလုပ်ပေးတဲ့အတွက် အခက်ခဲအမျိုးမျိုးနဲ့
ရင်ဆိုင်ရတယ်။ အခုဆိုရင် ကျွန်မတို့စိုက်ပျိုးထားတဲ့ အပင်တွေကို
ဂေါ်နဲထိုးပြီး ဖျက်ဆီးပစ်တယ်”ဟု အိမ်ပြောင်းရွှေ့ပေး ရန် သတိပေးခံထားရသူ
သုံးဆယ်ကျေးရွာမှ ဒေါ်အေးအေးမိုးက ရှင်းပြသည်။
အဆိုပါ
ကျေးရွာများတွင် နေထိုင်ကြသူများက ထင်းခုတ်၊ ၀ါးခုတ်ခြင်းလုပ်ငန်းများဖြင့်
စားဝတ်နေရေး အတွက် လုပ်ကိုင်စားသောက်ကြပြီး မိုးတွင်းအခါတွင်
ကြိုးဝိုင်းအတွင်း မျှစ်ချိုးရောင်းချခြင်းဖြင့် အသက် မွေးဝမ်းကျောင်း
ပြုလုပ်ကြသည်ဟု အဆိုပါကျေးရွာဒေသခံများက ဆိုသည်။
မဟူရာသစ်တောကြိုးဝိုင်းအတွင်း နေထိုင်ကြသော ကျေးရွာများတွင်
ကျေးရွာတစ်ရွာလျှင် အိမ်ခြေပေါင်း ၆၇ အိမ်နှင့် လူဦးရေ၂၂၄ ဦးခန့်ရှိပြီး
စုစုပေါင်း ကျေးရွာလေးရွာအထိ ရှိသည်။ အဆိုပါ ကျူးကျော်သူများ ကို
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ သန်းခေါင်စာရင်းများ လုပ်မပေးသောကြောင့်
ကလေးငယ်တို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးများ အခက်အခဲဖြစ်နေသည်ဟု
သုံးဆယ်ကျေးရွာမှ ဒေါ်ကေသွယ်မိုး ကပြောသည်။
အဆိုပါ
ကျူးကျော်ပြဿနာများနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော်နှင့် ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုး တက်ရေး အဖွဲ့အစည်းများသို့ ကျေးရွာအဖြစ် သတ်မှတ်ပေးရန်
အောက်တိုဘာလ ၁၀ ရက်တွင် စာဖြင့် တင်ပြထားသော်လည်း ထူးခြားမှုမရှိခဲ့ကြောင်း
လှည်းကူးမြို့ လယ်သမားနှင့် မြေယာလုပ်သားသမဂ္ဂ ဥက္ကဋ္ဌ ဦးကြည်လှက ပြောသည်။
“ထူးခြားမှုတော့ မရှိသေးဘူး။ စောင့်ကြည့်နေဆဲ ကာလဖြစ်တယ်။ အခုဆိုရင်
တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်တွေပါ ၀ိုင်းဝန်းပြီး ပါဝင်ကြတဲ့အတွက်
အဆင်ပြေမယ်တော့ ထင်ပါတယ်”ဟု မှတ် ချက်ပြုထားသည်။
အဆိုပါ
သစ်တောကြိုးဝိုင်းအတွင်း နေထိုင်ကြသူများသည် ပဲခူးတိုင်း၊ လှည်းကူး၊
တိုက်ကြီးမြို့နယ်အ တွင်းမှ ပြောင်းရွှေ့နေထိုင်ကြသူများဖြစ်ပြီး
နေထိုင်လာခဲ့သည်မှာ အနည်းဆုံး ၁၀ နှစ်ကျော်ရှိပြီဖြစ်သည့် အတွက်
ပြောင်းရွှေ့ဖယ်ရှားပေးရန် အခက်အခဲဖြစ်နေကာ
သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကူညီ ဆောင်ရွက်ပေးစေချင်ကြောင်း
သုံးဆယ်ကျေးရွာတွင် နေထိုင်သူများက အဆိုပါကျေးရွာတွင် ပြုလုပ်သော
သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ပုဂ္ဂလိကစိုက်ခင်း
အငှားလုပ်ကိုင်ခွင့် ရရှိသူများက သစ်တောစိုက်ခင်းများ စိုက်ပျိုးရန်အတွက်
၂၀၁၃ နို ၀င်ဘာ ၄ ရက်တွင် လာရောက်ပြီး ကျူကျော်နေထိုင်သူများကို
စတင်ဖယ်ရှားခိုင်းခဲ့ရာ အဆိုပါ ကျူးကျော်နေထိုင်သူများက ကျေးရွာများအဖြစ်
သတ်မှတ်ပေးပြီး ကူညီဆောင်ရွက်ပေးနိုင်ရန် တောင်းဆိုထားခြင်း ဖြစ်သည်။
Ref: Mizzima
မဆင်မခြင်မောင်းနှင်တဲ့ လှည်းကူးသား ဆိုင်ကိုယ်ကယ်သမား အရေးယူခံရ
နေပြည်တော်၊ ဒီဇင်ဘာ ၁၅
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၂/ ၅)အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသ ည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးခဲ့ရာ နေပြည်တော်မှ ရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ အောင်မေတ္တာလမ်းနေ ဇင်မင်းနိုင်(၂၇)နှစ် မောင်းနှင်သော ၁ဃ/ xxxx
အာဖတ်အဖြူရောင် ယာဉ်နှင့် မျက်နှာင်ချင်းဆိုင်မှ
လမ်းပြောင်းပြန်မောင်းနှင်လာသော ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊
မြေနီကွင်းရွာနေ အောင်တင်လတ် (၁၆)နှစ်၊ ၂၀ယ/ xxxxဝေ့ဗ်(၁၁၀)ဖြူနက်ကျားဆိုင်ကယ်တို့ ထိပ်တိုက်တွေ့ဆုံရာမှ ရှောင်တိမ်းစဉ် ယာဉ်နှင့်ပွတ်တိုက်မိသောကြောင့် ယာဉ်မှာလမ်းလယ်ကျွန်း ပေါ်သို့ ရောက်ရှိရပ်တန့် သွားခဲ့ပြီး ဆိုင်ကယ်မှာလမ်းမပေါ်၌တိမ်းမှောက်သွားခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိမ်းမှောက်မှုကြောင့် ၁ဃ/ xxxx
အာဖတ်အဖြူရောင်ယာဉ်၏ရှေ့ဘီးကွဲ၊ ယာဘက်နောက်ကြည့် မှန်ပြုတ်၊ ယာဘက်
ရှေ့တံခါးပွန်း၊ တန်ဘိုးငွေကျပ်(၅)သိန်းနှင့် ၂၀ယ/xxxxဝေ့ဗ်(၁၁၀)ဖြူနက်ကျား
ဆိုင်ကယ်မှာ ၀ဲဒူးကာ ကျိုးပဲ့၊ အင်ဂျင်ဝဲဘက်ခြမ်းကွဲအက်၊
တန်ဘိုးငွေကျပ်(၃)သောင်းတို့ ပျက်စီးဆုံးရှုံး သွားခဲ့ပြီး အောင်တင်လတ်တွင်
ယာတံတောင်ဆစ်/ လက်ပြင်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ သောကြောင့် ဆိုင်ကယ် မဆင်မခြင်မောင်းနှင်သူ အောင်တင်လတ်အား အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်း ယာဉ်(ပ) ၁၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
Ref:ရဲဇာနည်
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၂/
ထိုသို့စစ်ဆေးခဲ့ရာ နေပြည်တော်မှ ရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ အောင်မေတ္တာလမ်းနေ ဇင်မင်းနိုင်(၂၇)နှစ် မောင်းနှင်သော ၁ဃ/
ထိုသို့တိမ်းမှောက်မှုကြောင့် ၁ဃ/
Ref:ရဲဇာနည်
တောက ဟာသများ အပိုင်း-၃၁ (သို့) နူမှာ စိုးလို့
ကျုပ်တို့ရွာရဲ့ အမျိုးသားအများစုမှာ တစ်ချို့က လက်သမားလုပ်ကြပါတယ်။ တစ်ချို့ကြတော့ ပန်းရံအလုပ်နဲ့ အသက်မွေးကြပါတယ်။ လက်သမားတွေ ပန်းရံတွေသာ ပေါတာ ဒါပေမယ့် ကျုပ်ပြည်ပကို ထွက်လာတဲ့အချိန်ထိ အိမ်ကောင်းကောင်းမရှိပါဘူး။ အခုတော့ အိမ်ကောင်းတွေ တိုးလာနေပြီလို့ ပြောပါတယ်။ လက်သမားအတတ်၊ ပန်းရံအတတ်တွေကို တတ်မြောက်ကြတော့ ငါ့အိမ်ငါ ဘယ်အချိန်လုပ်လုပ် ဆိုတဲ့စိတ်တွေဝင်သွားတော့ အိမ်ကောင်းကောင်းမရှိကြတာပါ။
ကျုပ်တို့လှည်းကူးမြို့ဆိုရင် သူတို့တက်မြောက်တဲ့ ဘာသာရပ်ကို လိုက်ပြီး အများက နာမည်ပေးထားတတ်ကြပါတယ်။ ဥပမာ ထုတ်ပြရရင် ဘရိတ်သိန်းအောင်၊ တာယာဖိုးနီ၊ ဆီစက်မောင်မောင်၊ ငါးပိစိန်မောင် စသဖြင့် စသဖြင့်ပေါ့။ နာမည်တွေကိုယ်စီ ရထားတတ်ကြပါတယ်။
အဲဒီလိုပါပဲ ကျုပ်တို့ရွာမှာလဲ နာမည်ပေးထားကြပါတယ်။ ရွာက ဆရာတော်ကို ပန်းရံလုပ်ရင် ထုံးများများ ထည့်တတ်လို့ ထုံးဘုန်းကြီးတဲ့၊ ကိုအုံးကြွယ်ကိုတော့ ရေတွေအထည့်များလို့ ရေအုံးကြွယ်၊ ဦးစောလှကိုတော့ သဲတွေအထည့်များလို့ သဲစောလှ၊ ဦးစိန်သောင်းကိုတော့ ခဲတွေအထည့်များလို့ခဲစိန်သောင်း၊ ဦးထွန်းခင်ကိုတော့ အုတ်ကျိုးတွေကို များများသုံးတတ်လို့ အုတ်ကျိုးထွန်းခင်တဲ့။ စသဖြင့် စသဖြင့် နာမည်တွေပေးထားကြတာပါ။ တော်သေးတယ်။ ကျုပ်ကိုလဲ နာမည်မပေးကြလို့။ ထားပါတော့။ အခုပြောချင်တာကတော့ သဲစောလှလို့ နာမည်တွင်တဲ့ ဦးစောလှ အကြောင်းပါ။
အချိန်ကတော့ ကြာခဲ့ပါပြီ။ မဆလခေတ်အခါကပေါ့။ ကျုပ်တို့မြို့မှာ ပ-လ-က ဆိုတာရှိပါတယ်။ အခုတော့ ဆောက်လုပ်ရေးပေါ့။ ဆောက်လုပ်ရေးဆိုတော့ လမ်းခင်းတယ်။ တံတားဆောက်တယ်ပေါ့။ အဲဒီလို ပန်းရံတွေ လက်သမားတွေနဲ့ မပြတ်လုပ်နေတဲ့ ဆောက်လုပ်ရေးဟာ အင်ဂျင်နီယာရဲ့ ပေနဲ့လက်မကို မှားယွင်းပြီး ဖတ်မိခြင်းကြောင့် ကျုပ်တို့ လှည်းကူးတံတားကြီးဟာ အခုလို မတ်စောက်စောက်အနေအထား ဖြစ်နေရတာလို့ ကြားဘူးပါတယ်။ မှန်မမှန်တော့ တံတားဆောက်တဲ့ အင်ဂျင်နီယာတွေပဲ သိကြမှာပါ။
တစ်နေ့တော့ ရွာက ဦးစောလှက ပ-လ-က-မှာ ပန်းရံဆင်းပါတယ်။ အဲဒီအချိန်က ဒါးရယ်ဘိုတံတားဆောက်နေချိန်ပေါ့။ တကယ်တော့ ဦးစောလှက ရွာမှာ တကယ်ကို ရိုးသားလှတဲ့ မိသားစုထဲကနေပေါက်ဖွားလာသူ ဖြစ်သလို သူကိုယ်တိုင်လဲ တော်တော်ရိုးသားသူပါ။ မိန်းမရဖို့တောင် ပန်းရံသမားအချင်းကနေ အတင်းအကျပ်ပေးစားလိုက်လို့ ရတာပါ။ (ပန်းရံရိုးတော့ ကိုးယောက်-ဆိုတာတော့ ကြားဖူးတယ်။)
အဲဒီလို ပန်းရံဆင်းနေတဲ့ အချိန်မှာ သူနဲ့ အတူအလုပ်လုပ်နေသူတွေက - ဒီမှာ စောလှ... ပ-လ-က-မှာ လုပ်ပြီး မခိုးရင် မင်းတော့ နူမှာပဲ- လို့ ပြောကြပါတယ်။ ဒါပေမယ့် သူကတော့ မခိုးပါဘူး။ သူ့အဖေါ်တွေက နေ့တိုင်းဒီစကားပဲ ပြောကြပါတယ်။ ခိုးဖို့ပေါ့။ ကြားပါများတော့ ဦးစောလှတစ်ယောက် နူမှာ ကြောက်လာပါတော့တယ်။ ဒါနဲ့ပဲ ညနေအလုပ်သိမ်းချိန်မှာ အလုပ်မှာ အသုံးပြုတဲ့ သစ်သားအတိုလေးတွေကို မ-လာပါတော့တယ်။ ဂိတ်ရောက်တော့ မိပါလေရော။ ဂိတ်စောင့်က ဘာကြောင့် ဒီသစ်သားချောင်းတွေကို ခိုးလာတာလဲ...မသိဘူးလား......ပုဒ်မ ၆(၁)နဲ့ တရားစွဲလိုက်မှာနော်..လို့ ပြောတဲ့အခါမှာ ဦးစောလှက အောက်ပါအတိုင်း ပြောလိုက်ပါတယ်။
နူမှာစိုးလို့-ဟု။
ဂိတ်စောင့်က ရီလျက် သွားထား..သွားထား...မင်းတော့ ထောင်ကျတော့မှာပဲ-ဟု ပြောလျက် သစ်သားတုံးလေးတွေကို ပြန်ထားခိုင်းလိုက်ရပါတယ်။

Friday, 13 December 2013
ထူး-ဖေါင်ဒေးရှင်းရဲ့ လှည်းကူးမြို့နယ် ကြက်ခြေနီအသင်းသို့ ကားအလှူ
ကယ်ဆယ်ရေးလုပ်ငန်းများတွင် ထိရောက်စွာကူညီနိုင်ရန် ရည်ရွယ်ပြီး
ယာဉ်အမှတ် 2G/9920 TOYOTA LITEACE အား "ထူး" ဖောင်ဒေးရှင်းမှ လှူဒါန်းရာ
မြို.နယ်ကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာတင်ဦး မှလက်ခံခဲ့ပါသည်။
၎င်းယာဉ်အား ရရှိအောင် ကူညီပေးခဲ့သည်. လှည်းကူးမြို.နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရပါသည်။
Ref: Zaw Latt

Wednesday, 11 December 2013
တောက ဟာသများ အပိုင်း-၃၀ (သို့) အသိန်းရေ
ပြီးခဲ့တဲ့ အပိုင်းတုံးက ကျုပ်တို့ရွာဟာ လှည်းကူး+ ဒါးပိန်ကားလမ်းပေါ်မှာ တည်ရှိခဲ့တယ်ဆိုတာကို ပြောခဲ့ပါတယ်။ လှည်းကူး+ ဒါးပိန်ကားလမ်းဟာ အင်္ဂလိပ်အစိုးရလက်ထက်က ဖေါက်လုပ်ခဲ့တာပါ။ အမှန်က လှည်းကူးကနေ တည့်တည့်ဖောက်မည်ဆိုလျှင် လမ်းက ရှမ်းတဲကြီးရွာလောက် သွားပေါက်မှာပါ။ ဒါပေမယ့် လမ်းဗိုလ်က စေတနာတွေပိုပြီး ရွာစဉ်အတိုင်း လမ်းကို ဖောက်လိုက်ရာ အခုလက်ရှိအသုံးပြုနေတဲ့ လမ်းကြောင်းအတိုင်း ကွေ့ကွေ့ကောက်ကောက်နဲ့ပါ။ ဒီလမ်းက ဆားတလင်းရွာကို သွားပေါက်ပါတယ်။
ကျုပ်တို့ငယ်ငယ်တုံးကဆိုရင် လူကြီးသုံးရောက်လောက်ဖက်မှ ရတဲ့ ကုက္ကိုပင်ကြီးတွေနဲ့ စိမ်းလမ်းပြီး အေးချမ်းနေတဲ့ လမ်းပါပဲ။ ဒီကုက္ကိုပင်တွေကို အင်္ဂလိပ်အစိုးရလက်ထက်က စိုက်ပျိုးခဲ့တာပါ။ လှည်းကူးကနေ ဆားတလင်းရွာအထိ လမ်းရဲ့ အရှည်က ၆-မိုင်ရှိပါတယ်။ ဒီခြောက်မိုင်ရှည်တဲ့ လမ်းဘေးဝဲယာမှာ ကုက္ကိုပင်တွေကို စိုက်ပျိုးပြီး အပင်ဘေးပတ်ခြာလည်မှာ သစ်သားသုံးချောင်းကို တြိဂံပုံပြုပြီး ကာကွယ်ထားပါတယ်။ အဲဒီကုက္ကိုပင်ငယ်တွေကို စောင့်ရှောက်ဖို့ အလုပ်သမားတစ်ယောက်ကို ခန့်ပေးထားပါသေးတယ်။ စနစ်ကျပုံများ ပြောပါတယ်။
အဲဒီ အလုပ်သမားဟာ နံနက်ပိုင်း လှည်းကူးကနေ စတင်ပြီး ကုက္ကိုပင်တွေကို ကြည့်လာပြီး တဖြည်းဖြည်းနဲ့ နေ့လည်စာစားချိန်ဆိုရင် ဆားတလင်းရောက်တာပါပဲ။ ဆားတလင်းရောက်ရင် နေ့လည်စာစား။ ပြီးတော့ ခေတ္တခဏနားပြီး လှည်းကူးကို ပြန်လာတာပါ။ ညနေဆို လှည်းကူးကို ပြန်ရောက်ပါပြီ။ နေ့စဉ်နေ့တိုင်း အဲဒီအလုပ်သမားလုပ်ရတဲ့ အလုပ်ပါပဲ။ အဲဒီကုက္ကိုပင်တွေဟာ ကျုပ်တို့ငယ်ငယ်တုံးကအချိန်အထိကို ခက်လက်ဝေဆာနေတာပါပဲ။ သစ်တပင်ခုတ် ထောင်သုံးလဆိုတော့ ဘယ်သူမှ မခုတ်ရဲကြပါဘူး။ ဒါကတော့ ရှေးရှေးတုံးကပေါ့။
ငြိမ်ပိခေတ်ရောက်လာတော့ ကျုပ်တို့ရွာလမ်းက တော်တော် ပြောင်းလဲသွားပါတော့တယ်။ အင်္ဂလိပ်အစိုးရက စောင့်ရှောက်ထားတဲ့ ကုက္ကိုပင်ကြီးတွေဟာ ချက်ချင်းလက်ငင်း ဘ၀ပြောင်းသွားပါတော့တယ်။ သစ်ထွင်းပန်းပုရုပ်တွေ ဖြစ်ကုန်ပါတော့တယ်။ ဒါက လမ်းဘေးနားက ကုက္ကိုပင်ကြီးတွေ အကြောင်းပါ။ လမ်းကတော့ အရင်တုံကတော့ နဲနဲကောင်းပါသေးတယ်။ ဘယ်အချိန်မှာ စပျက်သလဲဆိုတော့ ဒဂုံမြို့သစ်များ စတင်ပြီး ဖေါ်ထုတ်တဲ့အခါမှာ ကျုပ်တို့ရွာလမ်းက လုံးဝကို ပျက်ဆီးသွားတော့တာပါပဲ။ ဒဂုံမြို့သစ်ကို သွားတဲ့ ကျောက်ကားမှန်သမျှ ဒီလမ်းကပဲ မောင်းတာကြောင့်ပါ။ ချိုင့်တွေက ခလေးငယ်ငယ်တစ်ယောက်လောက် ဆင်းနေရင် ဘယ်သူမှ မတွေ့နိုင်လောက်ပါဘူး။ အဲဒီလောက်ကို ချိုင့်တွေက နက်ပါတယ်။ အခုတော့ ကျုပ်တို့ရွာလမ်းက ကောင်းနေပြီလို့ အသံကြားပါတယ်။ ထားပါတော့။
အဲဒီလို လမ်းမကောင်းတဲ့ အချိန်ကပေါ့။ ကျုပ်တို့ရွာမှာ အသက်ကြီးမှ အိမ်ထောင်ပြုကြတဲ့ လင်မယားနှစ်ယောက် ရှိပါတယ်။ လင်ဖြစ်သူနာမည်က ဦးတင်ဖေပါ။ မယားလုပ်သူက ကျုပ်ရဲ့ အဒေါ်ဖြစ်သူ အန်တီသိန်းပါပဲ။ သူတို့လင်မယားမှာ ခလေးမရှိပါဘူး။ လင်ဖြစ်သူက မယားလုပ်သူကို အသိန်းလို့ ခေါ်ပါတယ်။ သူတို့လင်မယားရဲ့ အဓိကလုပ်ငန်းက နံနက်ပိုင်းမှာ ဆန်စပါးအရောင်းအ၀ယ်လုပ်ပါတယ်။ ညနေပိုင်းမှာ အတိုးပြန်သိမ်းပါတယ်။ လှည်းကူးဈေးထဲမှာရှိတဲ့ အရင်းအနှီးမတက်နိုင်တဲ့ ဈေးသည်ငယ်လေးတွေကို ငွေချေးစာတာပါ။
သူတို့နှစ်ယောက်က အမြဲတမ်း စက်ဘီးစီးပြီး လှည်းကူးကိုတက်ပြီး အကြွေးသိမ်းပါတယ်။ တနေ့လှည်းကူးကနေ ရွာကို အပြန် လင်မယားနှစ်ယောက် စက်ဘီးစီးပြီး စကားတပြောပြောနဲ့ပေါ့။ အခုရင်းတိုက်ပင်လမ်းခွဲ အရောက်မှာ လမ်းက ကြမ်းလေတော့ အန်တီသိန်းတစ်ယောက် စက်ဘီးပေါ်ကနေ ပြုတ်ကျကျန်နေခဲ့ပါတယ်။ အဲဒီလို ကျနေခဲ့တာကို လင်ဖြစ်သူ ဦးတင်ဖေ-က မသိပဲ စက်ဘီးကို စီးပြီး ထွက်သွားပါတယ်။ ကျုပ်တို့ရွာထိပ်ရောက်မှ မိန်းမဖြစ်သူ ပါတယ်ပဲထင်ပြီး ဟုတ်လား အသိန်းရေ-လို့ မေးပါတော့တယ်။ မိန်းမလုပ်တဲ့သူရဲ့ စကားပြန်ကို မကြားမှ အန်တီသိန်းမပါမှန်းသိတော့တယ်။ အဲဒါနဲ့ပဲ မိန်းမလုပ်သူကို နောက်ကြောင်းပြန်ပြီး ခေါ်ရတာပေါ့။ အန်တီသိန်းကတော့ စိတ်တွေတိုပြီး ဖနောင့်ပေါက်ပြီး လမ်းလျှောက်လာရာ စောင့်စောင့် စောင့်စောင့်နဲ့ပေါ့။အဲဒီလောက်ကို လမ်းဆိုးသွားပါတော့တယ်။

Tuesday, 10 December 2013
တောက ဟာသများ အပိုင်း- ၂၉ (သို့) ဒေါ်ဖွားသင် မရှိပါ
ကျုပ်တို့ရွာက လှည်းကူး + ဒါးပိန်ကားလမ်းပေါ်မှာ တည်ရှိပါတယ်။ ယင်းလမ်းကို အင်္ဂလိပ်အစိုးရလက်ထက်တွင် ဖေါက်လုပ်ခြင်း ဖြစ်ပြီး လမ်းကို တည့်တည့်မဖေါက်ဘဲ ကောက်ကွေ့စွာ ဖောက်လုပ်မှု့ကြောင့် လမ်းဗိုလ်ခမျာ ဒဏ်ငွေတမူးကို ပြည်မြို့မှာ ဆောင်ရသတဲ့။ လမ်းဗိုလ်ခမျာ ရှက်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ်လို့ လူကြီးများပြောစကားအရ သိရပါတယ်။ လမ်းကောင်းသလားလို့ မေးရင်တော့ လှတောသားစကားကို အငှါးယူပြောရပါ့မယ်။ ကျောက်ခဲစားရင်တောင် အစာကြေတယ်လို့ ပြောရမှာပါ။ (အခုတော့ နဲနဲကောင်းသွားပါပြီ။) ဟိုယခင်တုံးက ကျုပ်တို့ရွာလမ်းမှာ ခရီးသွားယာဉ်တွေကတော့ မြင်းလှည်းပဲ ရှိတာကိုး။ တက်နိုင်သူများကျတော့ စက်ဘီလေးတွေ ၀ယ်စီးကြတာပေါ့။
မဆလခေတ်အခါက တော်ရုံတန်ရုံဝန်ကြီးကတော့ ကျုပ်တို့ရွာလမ်းက ကားဖြတ်ပြီးတော့ မစီးပါဘူး။ ကားမောင်းတဲ့သူကလဲ လမ်းကောင်းကောင်းကပဲ မောင်းပြီးခေါ်ပါတယ်။ လှည်းကူးက ဌာနဆိုင်ရာတွေကလဲ လမ်းကိုတော့ ပြင်ဖို့ မတိုက်တွန်းဘူး။ ဒီလမ်းကို လူကြီးမ၀င်အောင်ပဲ ကြိုးစာကြပါတယ်။ ဒါပေမယ့် ကျုပ်တို့ရွာက လှည်းကူးနားနီးတော့ လျှပ်စစ်မီးတော့ ရပါတယ်။ ဒီလိုရတာကလဲ အခက်အခဲတွေ အများကြီးနဲ့ပါ။ ဘုန်းကြီးကျောင်းနှစ်ကျောင်းက ဆရာတော်နှစ်ပါး ဦးဆောင်ပြီး ဇွဲကြီးကြီးနဲ့ဘယ်လောက်ကြိုးစားရသလဲဆိုရင် ထိုခေတ်က မြို့နယ်လျှပ်စစ်မှူး လေး ငါးယောက်လောက်ပြောင်းပြီးမှ ရွာမှာ မီးလင်းရတာပါ။ ကိုယ်ထူကိုယ်ထပေါ့။ ထားပါတော့။
တစ်နေ့ပေါ့။ နိုင်ငံတော် ကောင်စီဝင် ဦးစိန်လွင်ဆိုတာ ကျုပ်တို့မြို့ကို ဖြတ်ပြီး ပဲခူးဘက်ကို ခရီးသွားပါတယ်။ လှည်းကူတာစုံကို ကျော်သွားတော့ ဦးစိန်လွင်က စိတ်ပြောင်းပြီး ကားသမားကို လှည်းကူး + ဒါးပိန်ကားလမ်းကနေ မောင်းဖို့ ပြောပါတယ်။ ပြီးတော့ အဲဒီလှည်းကူး + ဒါးပိန်ကားလမ်းက စစ်အတွင်းတုံးက ဗျူဟာဟာ ကျတဲ့လမ်းတစ်လမ်းဖြစ်လို့ သူတို့အမြဲသွားတဲ့ လမ်းဖြစ်ကြောင်းလဲ ပြောပါသတဲ့။ ဒါနဲ့ပဲ ကားဆရာလဲ လှည်းကူး + ဒါးပိန်ကားလမ်းအတိုင်းမောင်းဝင်လာခဲ့ပါတော့တယ်။ လုံခြုံရေးကားတွေလဲ ရှေ့ကိုရောက်မှ နောက်ပြန်လှည့်ရပါတော့တယ်။
လှည်းကူးကနေ လာရင် လှည်းကူး + ဒါးပိန်ကားလမ်းမပေါ်မှာ ပထမဆုံးတွေ့ရတဲ့ ရွာကတော့ ကျုပ်တို့ရွာပါပဲ။ ရွာမှာက လယ်သမားတွေ၊ လက်သမားတွေ၊ ပန်းရံသည်တွေက အများစုပါ။ ရွာဥက္ကဌကိုယ်တိုင်ကိုက လယ်သမားပါ။ ၀န်ကြီးက ကျုပ်တို့ရွာကို ရောက်တော့ ဥက္ကဌအိမ်ကို မေးပြီး ၀င်လာပါတယ်။ ဥက္ကဌက အိမ်မှာ မရှိပါဘူး။ လယ်ထဲမှာ စပါးရိတ်နေတာပါ။ ဥက္ကဌကို ခေါ်ခိုင်းပါတယ်။ ဥက္ကဌရောက်လာတော့ ကြောက်ကြောက်လန့်လန့်နဲ့ပေါ့။ ၀န်ကြီးက သူ့ကို မကြောက်ဖို့ ပြောပြီး ဘာလိုချင်လဲလို့ မေးပါတယ်။ ဥက္ကဌလဲ လမ်းကောင်းချင်ကြောင်း ပြောလိုက်ရာ ၀န်ကြီးက လမ်းကောင်းစေရမယ်ဟု ပြောခဲ့ပါတယ်။ ပြီးတော့ ၀န်ကြီးက ဖွားသေစာရင်းပြပါ-ဟု တောင်းပါတယ်။ ဥက္ကဌလဲ ကြောက်ကြောက်လန့်လန့်နဲ့ ဒေါ်ဖွားသင်မရှိကြောင်း၊ ကျိုက်ထီးရိုးဘုရားဖူးသွားနေကြောင်း ပြောပါတယ်။
အဲဒါနဲ့ ၀န်ကြီးက ဖွားသေစာရင်းဆိုသည်မှာ ဒီရွာမှာ ဘယ်နှစ်ယောက်ဖွားမြင်ပြီး ဘယ်နှစ်ယောက်သေလဲဆိုတာကို ရေးမှတ်ထားတဲ့ စာရင်းဖြစ်တယ်ဆိုတာကို ရှင်းပြရှာပါတယ်။ ဥက္ကဌလဲ မရှိကြောင်းပြောရာ ၀န်ကြီးက ပြုစုထားဖို့ မှာကြားပြီး ကျွန်းကုန်းရွာဘက်ကို ထွက်ခွါသွားပါတော့တယ်။
(မှတ်ချက်။ ဥက္ကဌဖြေကြားလိုက်တဲ့ ဒေါ်ဖွားသင်ဆိုသည်မှာ ရွာထဲက ဦးစံသိန်းရဲ့ ဇနီးဖြစ်ပါတယ်။)
တောက ဟာသများကို ပြောပါတယ်။
မောင်နေခြည် (လှည်ကူး)

Monday, 9 December 2013
တောက ဟာသများ အပိုင်း- ၂၈ (သို့) မကျော်နိုင်ဘူးလားဟေ့
ကျုပ်တို့လှည်းကူးမြို့ကို ကျွန်းလေးကျွန်းတို့က ၀န်းရံထားတယ်လို့ ကြားဖူးပါတယ်။ အဲဒီကျွန်းတွေကတော့ ကျွန်းကလေး၊ ကံ့ကော်ကျွန်း၊ ကျွန်းပင်တရာ (ခ) ကျွန်းပင်တာနဲ့ ကျွန်းကုန်းတို့ပါပဲ။ အဲဒီကျွန်းလေးကျွန်းထဲမှာ အပါအ၀င်ဖြစ်တဲ့ ကျွန်းကုန်းဆိုတဲ့ရွာမှာ မြသိန်းတန်စေတီတော် ပူဇော်ပွဲကို နှစ်စဉ် နှစ်ကြိမ်တိုင်တိုင်ကျင်းပပါတယ်။ တန်ဆောင်မုန်းလဆန်း (၁၄)ရက် နဲ့ လပြည့်နေ့မှာ တစ်ကြိမ်၊ ပြီးတော့ တပေါင်းလဆန်း (၁၄)ရက်နဲ့ လပြည့်မှာ တစ်ကြိမ်ပေါ့။ ကျုပ်တို့ကတော့ အဲဒီဘုရားပွဲကို ကျွန်းကုန်းဘုရားပွဲ-လို့ပဲ အလွယ်ခေါ်ကြပါတယ်။ အဲဒီဘုရားပွဲကို လေးရွာအသင်းက ကြီးမှူးကျင်းပတာပါ။ (လေးရွာအသင်းဆိုသည်မှာ ကျွန်းကုန်းရွာ၊ နဘဲပင်ရွာ၊ လက်ပန်ရွာနဲ့ ကောက်ကွေ့ရွာတို့မှ ဂေါပကအဖွဲ့ပါ။)
အဲဒီကျွန်းကုန်းဘုရားပွဲက ဘာစည်သလဲမမေးပါနဲ့။ အရမ်းကို စည်ကားလှတာပါ။ ငယ်ငယ်တုံးကဆို ကျွန်းကုန်းဘုရားပွဲကို မရောက်တဲ့ နှစ်ရယ်လို့ မရှိသလောက်ပါပဲ။ နှစ်စဉ်နှစ်တိုင်း ဘုရားပွဲမှာ ဇာတ်ပွဲတွေအမြဲတန်းပါပါတယ်။ အဲဒီဘုရားပွဲကို လှည်းကူးမြို့နယ်ထဲက ရွာတွေက လှည်းတွေနဲ့ လာကြတာပါ။ တပေါင်းလပွဲဆိုရင် ပိုဆိုးပါတယ်။ လှည်းတွေမောင်းကြတာ ဖုံတထောင်းထောင်းနဲ့ပေါ့။ အဲဒီပွဲတော်မှာ ဇာတ်ပွဲက ညကိုးနာရီ ဆယ်နာရီလောက်မှ ထွက်တာပါ။ ဒါပေမယ့် လှည်းနေရာ မရမှာစိုးလို့ မွန်းတည့် (၁၂)နာရီလောက်ထဲက လှည်းတွေက သွားကြပါပြီ။
ငယ်ငယ်တုန်းကဆို လှည်းတွေက ခလောက်သံကြားရုံနဲ့ပင် လူက ပွဲသွားချင်နေပြီ။ ကျုပ်တို့က လယ်သမားမဟုတ်တော့ အိမ်မှာတော့ နွားလှည်းမရှိပါဘူး။ ကိုယ်နဲ့ ရင်းနှီးတဲ့ (သို့) မိဘတွေက စိတ်ချရတဲ့ လှည်းတွေကို ကြိုတင်ပြီး ဘွတ်ကင်လုပ်ထားရတာပါ။ အဲဒီလို ကျွန်းကုန်းဘုရားပွဲကို သွားဖို့ ကျုပ်တို့ရွာမှာဆိုရင် မိန်းမတွေက ပွဲကြည့်ရင်း လှည်းပေါ်မှာ စားဖို့ ဟင်းကောင်းကောင်းတွေကို ချက်ကြပြုတ်ကြပေါ့။ အမျိုးသားတွေကတော့ ပွဲသွားမယ့် လှည်းနဲ့နွားတွေကို အလှဆင်ပေါ့။ အဲဒီနေ့ဆို တစ်ရွာလုံးကတော့ ပွဲသွားဖို့ပဲ လုပ်ကြပါတော့တယ်။
အဲဒီလို ပြင်ကြဆင်ကြတဲ့ အထဲမှာ ကျုပ်ဘကြီး သူငယ်ချင်းတွေက တောသူဌေးသားတွေ ဆိုတော့ နွားတွေကလဲ ကောင်းမှကောင်း၊ လှည်းတွေကလဲ ကောင်းမှကောင်းပါပဲ။ ကျုပ်ဘကြီးကတော့ ဆင်းရဲသူဖြစ်တော့ နွားကောင်းကောင်း လှည်းကောင်းကောင်း မရှိရှာပါဘူး။ ဒါပေမယ့် ကျုပ်ဘကြီးမှာ စိတ်ကူးကောင်းတွေတော့ ရှိပါတယ်။
ဘုရားပွဲတစ်နေ့မှာ ကျုပ်ဘကြီးက ဘုရားပွဲသွားဖို့အတွက် နွားတွေကို လှည်းမှာတပ်ပြီး သူ့သူငယ်ချင်းတွေ မောင်းလာကြမယ့် လမ်းရဲ့ ရှေ့ကနေစောင့်နေပါတယ်။ သူ့သူငယ်ချင်းတွေကတော့ နွားကောင်းကောင်း၊ လှည်းကောင်းကောင်းတွေနဲ့ ထွက်လာပါတယ်။ သူတို့လှည်းတွေ အနားအရောက်မှာ ကျုပ်ဘကြီးက ကြိုပြီးရှေ့ကနေထွက်ပြီး လှည်းကို မောင်းပြတယ်။ သူတို့တွေ ဘယ်ဘက်ကနေ ကျော်မယ်ဆိုရင် ဘကြီးက ဘယ်ဘက်ကို နဲနဲယူပြီးမောင်းတယ်။ ညာဘက်ကနေ ကျော်တက်မယ့် အချိန်မှာလဲ ဘကြီးက ညာဘက်ကို နဲနဲယူမောင်းပြတယ်။ ဘကြီးသူငယ်ချင်းတွေရဲ့ လှည်းတွေဟာ ဇာတ်ပွဲကျင်းပမယ့် နေရာကိုသာရောက်လာကြတယ်။ ဘကြီးရဲ့ လှည်းကို ကျော်မတတ်နိုင်ကြပါဘူး။
ဘကြီးကတော့ သူ့သူငယ်ချင်းတွေကို ပြောရှာပါတယ်။ ငါလို လှည်းမကောင်း နွားမကောင်းနဲ့ မောင်းတဲ့သူကို လှည်းကောင်း နွားကောင်းနဲ့ မောင်းတဲ့ကောင်တွေက မကျော်နိုင်ဘူးတဲ့ကွာ-ဟူ။
တကယ်တော့ ကျုပ်ဘကြီးက ဘုရားပွဲသွားဖို့အတွက် အဖိုးအိမ်မှာရှိတဲ့ နွားမတမ်းတစ်ကောင်နဲ့ သူ့သူငယ်ချင်းဆီက နွားထီးတစ်ကောင်ကို ယူပြီး လှည်းမှာတပ်ပြီးမောင်းတာပါ။ နွားတို့မည်သည် ရှေ့ကနေ နွားမတစ်ကောင်ရှိနေပြီ ဆိုရင် ဘယ်လောက် ကြိမ်လုံးနဲ့ ရိုက်ရိုက် အဲဒီ နွားမကို ကျော်တက်လေ့မရှိပါဘူး။

Friday, 6 December 2013
လှည်ကူးမြို့ နယ် မ၇မ်းချောင်းကျေး၇ွာ အုပ်စု သုံးဆယ်ကျေး၇ွာမှာ သတင်းစာရှင်းလင်းပွဲ လုပ်မည်။
၁၅. ၁၂. ၂၀၁၃. နေ့ လည် ၁ နာရီ အချိန်တွင်
၇န်ကုန်တိုင်း လှည်ကူးမြို့ နယ် မ၇မ်းချောင်းကျေး၇ွာ အုပ်စု
သုံးဆယ်ကျေး၇ွာ၊ ကျောက်မိုင်းကျေး၇ွာ၊ ကျောက်ချောကျေး၇ွာ၊
ဆေး၇ိုးပင်ကျေး၇ွာများအား မဖျက်သိမ်း မပြောင်းေ၈ွ့ေ၇း
လုပ်ကိုင်စားသောက်နေသော လယ်ယာ မြေ ၊ဥ
ယျာဉ်ခြံမြေများအားပြန်လည်၇၇ှိေ၇းနှင့် သစ်တော သစ်ပင်နှင့်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းေ၇းတို့အတွက် အထူးသတင်းစာရှင်းလင်းပွဲ
ပြုလုပ် မည်ဟုသိ၇သည်။
Ref: https://www.facebook.com/unyo.tun?fref=ts

ငါးဆူတောင် လူသတ်မှု့ နောက်ဆက်တွဲ
ရန်ကုန်၊ ဒီဇင်ဘာ ၎
လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာအုပ်စုတွင် သေဆုံးသူ အမျိုးသမီးက အိပ်မက်ပေးကာ ရှာဖွေခိုင်းသော ၎င်း၏ ရုပ်အလောင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသမီး ပျောက်ဆုံးသည့် ရက်မှစ၍ ရက်ပေါင်း ၄၀ ကျော်အကြာ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အဓမ္မကျင့် လူသတ်ကာ အလောင်းဖျောက်သည်ဟု ယူဆရသူ အမျိုးသား သုံးဦးကို ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း ငါးဆူတောင် နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ကျေးရွာအုပ်စုရှိ ရဲသုခ စိုက်ပျိုးရေးခြံတွင် အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းက အသက် ၂၃ နှစ်အရွယ် မချိုနွယ်ဝင်း (ခ) ကတုံးမသည် အမှတ် (၁) ကျေးရွာသို့ ဈေးဝယ်သွားရာမှ နေအိမ် သို့ ပြန်မလာသဖြင့် ခင်ပွန်း ဖြစ်သူက အောက်တိုဘာလ ၂၆ ရက်နေ့တွင် လူပျောက် တိုင်ချက်ဖွင့်ကာ ရှာဖွေနေခဲ့ကြောင်း၊ ကိုးရက်မြောက်နေ့တွင် ပျောက်ဆုံးသူ အမျိုးသမီး လုပ်ကိုင်ခဲ့သည့် စိုက်ပျိုးရေးခြံမှ အမျိုးသမီး အလုပ်သမားတစ်ဦးကို ၎င်း၏ အလောင်း ရှိသည့်နေရာ အိပ်မက် ပေးခဲ့သောကြောင့် သွားရောက် ရှာဖွေခဲ့ကြောင်း၊ ယင်းနေရာ၌ ပုပ်ပွကာ ဒဏ်ရာများဖြင့် သေဆုံးနေသည့် မချိုနွယ်ဝင်း၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံးမှုကို ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးစဉ် မသင်္ကာဖွယ် အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
နေအိမ်မှ ဈေးဝယ်အသွား ကိုးရက်ကြာ ပျောက်ဆုံးနေခဲ့သော သေဆုံး ခဲ့သူ၏ ရုပ်အလောင်းကို ငါးဆူတောင်အုပ်စု ဧက ၁၀၀ ခြံအတွင်းရှိ လျှိုအဆင်းတွင် ပုပ်ပွလျက် တွေ့ရှိခဲ့ကြောင်း၊ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာ နှစ်ချက်၊ ညာဘက် ဝမ်းဗိုက်အောက်အတွင်း ပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ကို တွေ့ရှိခဲ့ကြောင်း၊ အလောင်းကို လှည်းကူး ဆေးရုံသို့ ပို့ဆောင်ပြီး စစ်ဆေးခဲ့ရာ ဆေးစာအရ မသေဆုံးမီ အဓမ္မကျင့် ခံခဲ့သည်ကို တွေ့ရှိရကြောင်း လူသတ်မှု ဖြစ်ပွားခဲ့သော နေရာအနီးတွင် ရှိသည့် မယ်ဇလီကုန်း ကျေးရွာတွင် နေထိုင်သူ အချို့ထံမှ သိရှိရသည်။
သေဆုံးသူ အမျိုးသမီးသည် တစ်ခြံတည်း အလုပ်လုပ်ကိုင်သူ အလုပ်သမားများနှင့် ဆက်ဆံရေး အဆင်ပြေသော်လည်း လွန်ခဲ့သော တစ်လခန့်က ခြံကပ်လျက်တွင် အလုပ်လုပ်ကိုင်သူ အမျိုးသားတစ်ဦးနှင့် ငွေကြေးကိစ္စ စကားများခဲ့ ဖူးကြောင်း ရဲသုခ စိုက်ပျိုးရေးခြံ အလုပ်သမားများထံမှ သိရှိခဲ့ရပြီး၊ ယင်းလူသတ်မှုနှင့် ဆက်နွှယ်နိုင်သဖြင့် မသင်္ကာ၍ ဖမ်းဆီးခဲ့သူ အမျိုးသားသုံးဦးမှာ အဆိုပါ ခြံကပ်လျက် စိုက်ပျိုးရေးခြံတွင် လုပ်ကိုင်သူများ ဖြစ်ကြောင်း မဲဇလီကုန်း ကျေးရွာတွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ လူသတ်မှု ဖြစ်ပွားရသည့် အကြောင်းအရင်း၏ အသေးစိတ် အချက်အလက်ကို သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ကျ ရဲအရာရှိက စစ်ဆေးဆဲ ကာလတွင် မဖြေပေးနိုင်ကြောင်း ပြောကြားသည်။
အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်း နှိမ်နင်းရေးအဖွဲ့နှင့် လှည်းကူးမြို့မ ရဲတပ်ဖွဲ့တို့က ပတ်ဝန်းကျင်ကို စုံစမ်းခဲ့ရာမှ ကိုကိုလင်း၊ ကျော်သူစိုး၊ ရွှေသိန်းတို့ သုံးဦးကို သံသယ ရှိသောကြောင့် ခေါ်ယူ စစ်ဆေးရာမှ ၎င်းတို့က ပြစ်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ယခင်စစ်ဆေးခဲ့သော ပုဒ်မ ၃၀၂ အစား ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပုဒ်မ ၃၀၂ မှ ပုဒ်မ ၃၀၂/၃၇၆ ဖြင့် ပြောင်းလဲ စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
Ref: The Voice Weekly

Wednesday, 4 December 2013
လှည်းကူးမြို့နယ်၊ ငါးဆူတောင်လူသတ်မှုမှ တရားခံများကို ဖမ်းဆီးပြီ
ရန်ကုန်၊ ဒီဇင်ဘာ ၎
၂၁.၁၀.၂၀၁၃ရက်နေ့ ၁၅၀၀အချိန် တရားလို ဦးစိုးနိုင်ဦး၊ (၂၉)နှစ်၊ ရဲသုခစိုက်ပျိုးရေးခြံ၊ (ဘ)ဦးကြည်သောင်း၊ ငါးဆူတောင်အုပ်စု၊ လှည်းကူးမြို့နယ်နေသူသည် နေအိမ်တွင်ရှိနေစဉ် ဇနီးဖြစ်သူ မချိုနွယ်ဝင်း(ခ)ကတုံးမ၊ (၂၃)နှစ်၊ (ဘ)ဦးဖိုးဆေးဝါးသည် စက်ဘီးဖြင့် အမှတ်(၁)ကျေးရွာ ဒေါ်အေးဈေးဆိုင်သို့ ဈေးဝယ်သွားရာမှ နေအိမ်သို့
ပြန်မလာဘဲ ပျောက်ဆုံးနေသဖြင့် ၂၆.၁၀.၂၀၁၃ရက်နေ့တွင် ငါးဆူတောင်နယ်မြေရဲစခန်းသို့ လူပျောက်အမှတ်စဉ်(၁/၁၃)ဖြင့် တိုင်တန်းထားရှိခဲ့ပြီး ဆက်လက်ရှာဖွေခဲ့ရာ ၂၉.၁၀.၂၀၁၃ရက်နေ့ ၁၆၃၀အချိန် လှည်းကူးမြို့နယ်၊ ငါးဆူတောင်အုပ်စု၊ ဧက(၁၀၀)လျှိုအဆင်း ဦးမောင်ငြိမ်း၏ရာဘာခြံအတွင်းရှိ ရေအိုင်အတွင်း မှောက်လျက် အနေအထား သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် သေဆုံးအောင်ပြုလုပ်သူအပေါ် ဦးစိုးနိုင်ဦးမှတိုင်တန်းသဖြင့် ငါးဆူတောင်နယ်မြေရဲစခန်း (ပ)၅၄/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် ပြောင်းလဲဖွင့်လှစ်လက်ခံစစ်ဆေးခဲ့သော အမှုဖြစ်ပါသည်။
အမှုမှတရားခံဖေါ်ထုတ်ရရှိရေးအတွက် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့နှင့် လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့တို့မှ ပတ်ဝန်းကျင်အား လေ့လာစုံစမ်းပြီး မျက်မြင်သက်သေများ အား စစ်ဆေးကာ မသင်္ကာတရားခံ ကိုကိုလင်း၊ ကျော်သူစိုး၊ ရွှေသိန်းတို့အား ခေါ်ယူ၍ စစ်ဆေးခဲ့ပြီး တရားခံများမှ ၀န်ခံထွက်ဆိုကာ တရားရုံးတွင်ဖြောင့်ချက်ပေးခဲ့ပါသည်။အဆိုပါတရားခံများသည် လူသတ်မှုမကျူးလွန်မီ သားမယားအဖြစ်ပြုကျင့်ကျူးလွန်ခဲ့သဖြင့်
ပုဒ်မ ၃၀၂မှ ပုဒ်မ ၃၀၂/၃၇၆ဖြင့် ပြောင်းလဲစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။

Saturday, 30 November 2013
လှည်းကူးမြို့နယ်၊ ဒရယ်ဘိုကျေးရွာ၊ ကြည်နူးရိပ်စားသောက်ဆိုင်မှာ လူငယ်ရှစ်ဦး နဲ့ ရဲတွေရဲ့ ပဋိပက္ခ
စားသောက်ဆိုင်ထဲတွင် သောင်းကျန်နေသည့် လူငယ်ရှစ်ဦးကို
သွားရောက်ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ဝင်ငါးဦးကို ပြန်လည်ခုခံသောကြောင့်
ပြည်သူ့ဝန်ထမ်းအား နာကျင်စေမှုဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။
လှည်းကူးမြို့နယ်၊ ဒရယ်ဘိုကျေးရွာ၊ ပဲခူး-ရန်ကုန်ကားလမ်းဘေးရှိ ကြည်နူးရိပ်စားသောက်ဆိုင်၌ နိုဝင်ဘာ ၂၇ ရက် ည ၁၀ နာရီအချိန်တွင် လူငယ်ရှစ်ဦး သောင်းကျန်နေသည်ဆိုကာ ဆိုင်မန်နေဂျာမှ ဖုန်းဆက်အကြောင်းကြားသောကြောင့် ရဲတပ်သားငါးဦး ဆိုင်သို့ရောက်သွားသောအခါ ပြန်လည်ခုခံ၍ ရဲတပ်သားများ ဒဏ်ရာရရှိသွားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းတွင်ဖော်ပြထားသည်။
ဆိုင်အတွင်းမှ လူငယ်ရှစ်ဦးသည် ရဲတပ်သားများ ရောက်လာချိန်တွင် ပုလင်းများရိုက်ခွဲပြီး စားပွဲကိုကန်ကာ ဒီကေဘီအေအဖွဲ့ မှဟု ပြောဆိုသောင်းကျန်းရင်း ဆဲဆိုကာ ခုံများ၊ တုတ်များဖြင့် ရဲများကို ၀ိုင်းရိုက်ကြကြောင်း ရဲမှုခင်းတွင် ဖော်ပြထားသည်။
ထို့ကြောင့် ရဲငါးဦးအနက် လေးဦးဒဏ်ရာရပြီး လှည်းကူးဆေးရုံတွင် ပြင်ပလူနာအဖြစ် ဆေးဝါးကုသနေရကာ လူငယ်ရှစ်ဦးကို ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် နာကျင်စေမှုဖြစ်သည့် ပြစ်မှုဆိုင်ရာပုဒ်မ -၃၃၂ ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဝန်ထမ်းများအား ၀ိုင်းရိုက်သည့် အထက်ပါအဖြစ်အပျက်မျိုး မကြာခဏဖြစ်ပေါ်နေရာ နိုဝင်ဘာ ၂၅ ရက်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့ နယ်၊ နောင်မူးကျေးရွာတွင် မူးယစ်ဆေးဝါးတရားခံများကို ဖမ်းဆီးစဉ် ရွာသား ၅၀ ဦးခန့်က တားဆီးရာမှ ပဋိပက္ခဖြစ်ခဲ့သည်။
ယခုနှစ်အတွင်း သာကေတမြို့နယ်တွင်လည်း အလားတူကြုံတွေ့ခဲ့ဖူးကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
7day Daily
Ref:http://www.thithtoolwin.info/2013/11/blog-post_6255.html#.Upj7EScl9sY

Friday, 29 November 2013
တောက ဟာသများ အပိုင်း- ၂၇ (သို့) မီးသတ်စွမ်းရည်ပြပွဲ
ဒီတစ်ခါ တောကဟာသများမှာ မီးသတ်နဲ့ပတ်သက်ပြီး ဖြစ်လာတဲ့ ဟာသတစ်ပုဒ်ကို ပြောချင်ပါတယ်။
ရန်ကုန်တိုင်းထဲက မြို့တစ်မြို့မှာပေါ့။ ( မြို့နာမည်တော့ ထုတ်မပြောတော့ပါဘူး။ မြို့သိက္ခာကျမှာစိုးလို့ပါ။) မြို့နယ်မီးသတ်တပ်ဖွဲ့ရဲ့ မီးသတ်စွမ်းရည်ပြပွဲ ပြုလုပ်ပါတယ်။ လုပ်တာကလဲ တဲအိမ်ငယ်တစ်လုံးကို ၀ယ်ယူပြီး မီးသတ်စခန်းနဲ့ မိုင်ဝက်လောက်မှာ ရှိတဲ့ ဘောကွင်းတစ်ခုထဲမှာ အဲဒီတဲကို ဆောက်လုပ်ပါတယ်။
လူမှု့ဝန်ထမ်းဝန်ကြီးကိုလဲ ဖိတ်မံထားတော့ လူမှု့ဝန်ထမ်းဝန်ကြီးကလဲ မီးသတ်စွမ်းရည်ပြပွဲကို တက်ရောက်အားပေးပါတယ်။ မြို့နယ်တွင်းက အရံမီးသတ်တွေ၊ ဌာနဆိုင်ရာတွေကိုလဲ အများကြီးပါပဲ။ စီစဉ်ထားတာကတော့ လူမှု့ဝန်ထမ်းဝန်ကြီးလာတဲ့ အချိန်မှာ မီးသတ်စွမ်းရည်ပြပွဲကွင်းအတွင်းမှာ ရှိတဲ့ တဲအိမ်ကို မီးတင်ရှို့မယ်၊ ပြီးတော့ မီးသတ်စခန်းကို မီးလောင်ကြောင်း သတင်းပို့မယ်၊ ပြီးတော့ မြို့နယ်မီးသတ်ကားက လောင်နေတဲ့မီးကို လာသတ်မယ်ပေါ့။ အစီအစဉ်ကတော့ တော်တော်လေးကို ကောင်းပါတယ်။
လူမှု့ဝန်ထမ်းဝန်ကြီး လာတဲ့အခါမှာ အခမ်းအနား အစီအစဉ်အရ ကွင်းအတွင်းမှာ ရှိတဲ့ တဲအိမ်ကို မီးတင်ရှို့ပါတယ်။ ပြီးတော့ မီးသတ်စခန်းကို မီးလောင်ကြောင်း သတင်းပို့ပါတယ်။ ဒီအထိတော့ အားလုံးအစဉ်ပြေပါတယ်။ ဒါပေမယ့် တဲလေးသာ မီးလောင်လို့ ကုန်သွားတယ် မီးသတ်ကားက ပေါ်မလာပါဘူး။ လူမှု့ဝန်ထမ်းဝန်ကြီးလဲ ဘာကြောင့် မီးသတ်ကားပေါ်မလာတာလဲလို့ မေးတဲ့အခါမှာ အောက်ပါအတိုင်း ဖြေကြပါတယ်။
" မီးသတ်ကား လာတော့လာတယ်။ လမ်းမှာပဲ စက်ပျက်သွားလို့" -ဟု။
ဒါနဲပဲ လူမှု့ဝန်ထမ်းဝန်ကြီးလဲ မြို့နယ်မီးသတ်တပ်ဖွဲကို ဆူပူကြိမ်းမောင်းပြီး ပြန်သွားပါတော့တယ်။
ဟာသလေးတွေကို ပြောပါတယ်။

Thursday, 28 November 2013
လှည်းကူးမြို့၊ ကရုဏာ၇ှင်အသင်းသို့ အရေးပေါ်လူနာတင်ယာဉ်တစ်စီးလှူဒါန်းခြင်း
လှည်းကူးမြို့၊ ကရုဏာ၇ှင်အသင်းသို့ အရေးပေါ်လူနာတင်ယာဉ်တစ်စီးကို ဒဂုံမြို့သစ်မြောက်ပိုင်းနေ ဦးအောင်မြင့်+ဒေါ်တင်တင်ဝင်း၊ သမီး- မခင်သန်းဌေး မိသားစု ( အောင်စည်ဟိန်း- အိမ်ခြံမြေ အကျိုးဆောင် ကုမွဏီ) တို့မှ (၂၇-၁၁-၂၀၁၃)တွင် လှူဒါန်းခဲ့ကြောင် သတင်းရရှိပါသည်။
Ref: Hlegu Tsp
Ref: Hlegu Tsp
Tuesday, 26 November 2013
Monday, 25 November 2013
လှည်းကူးတန်ဆောင်တိုင်လာပြီး ပျောက်သွားတဲ့ က၀သူကို တွေ့ပါက အကြောင်းကြားပါတဲ့
ဤဓာတ်ပုံပိုင်ရှင် မခင်သန်းနွယ် (၁၄) နှစ် (၇)တန်းသည်
က၀မြို့နယ် ပိုင်ကျုံကျေးရွာမှ လှည်းကူးမြို့နယ် ညောင်တခြမ်းကျေးရွာတွင် ခေတ္တလာရောက်နေထိုင်ပြီး
လှည်းကူးတန်ဆောင်တိုင် သွားရောက်ကြည့်ရှုစဉ် (၁၈.၁၁.၂၀၁၃)ရက်နေ့
ညတွင် ပျောက်ဆုံးသွားပါသဖြင့် ကူညီ၍ ရှာဖွေပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
တွေ့ရှိပါက လှည်းကူးမြို့နယ် ညောင်တခြမ်းကျေးရွာသို့ အကြောင်းကြားပေးပါရှင့်။
Ref: Nan May Zin
မတူတာလေးများ အပိုင်း-၂၆ (သို့) ကထိန်ခင်းခြင်း နဲ့ ကထိန်အောင်ပွဲ
ကထိန်ခေတ်တော့ ကုန်သွားပါပြီ။ ဒါပေမယ့် မနေ့က ဖေ့ဘွတ်သုံးရင်း လှည်းကူးသား ဒကာတစ်ယောက်က " အရှင်ဘုရား ကထိန်ကိုဘယ်အချိန်မှာ ခင်းရပါသလဲ တန်ဆောင်မုန်း လပြည့်ကျော်မှာ ခင်းလို့ရပါသလား ဘုရား၊ အခု တပည့်တော်တို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ကားလမ်းမကြီးမှာ ပဒေသာပင်တွေ သီးပြီး အလှူခံနေလို့ပါ"-ဟု မေးမြန်းလာပါတယ်။ အဲဒီဒကာမေးမြန်းတာကို ဖေ့ဘွတ်ကနေ သူနားလည်နိုင်သလောက်ကို ခပ်တိုတိုပဲ ရှင်းပြလိုက်ပါတယ်။ အခုကတော့ အားလုံးသိရအောင် အကျယ်ရှင်းပြလိုပါတယ်။
ကထိန်ဘယ်ကစသလဲဆိုရင် မြတ်စွာဘုရားလက်ထက်က စတာပါပဲ။ ကထိန်ဆိုတာ ကထိနဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုပြီး အလွယ်အသုံးထားတဲ့ ပါဠိပျက်စကားလုံးပါ။ ခိုင်မြဲခြင်း၊ မြဲမြံခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဘယ်လိုခိုင်မြဲတာလဲဆိုတော့ ပထမ၀ါဆိုဝါကပ်(၀ါဆိုလပြည့်ကျော် (၁)ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်နေ့ အထိ (၃)လတာ) ပြုတော်မူပြီးကြတဲ့ ရဟန်းတော်များအား သင်္ကန်းလှူဒါန်းပြီး အဲဒီသင်္ကန်း ရရှိတဲ့ ရဟန်းတော်များဟာ ၀ိနည်းတော်များထဲက သိက္ခာပုဒ်အချို့ကို ကာလအပိုင်းအခြား တစ်ခုအနေနဲ့ ကင်းလွှတ်ခွင့်ဆိုတဲ့ အကျိုးအာနိသင်ကို သေချာပေါက် ခိုင်ခိုင်မြဲမြဲ ရစေနိုင်တဲ့ အတွက် ကထိန- ကထိန်လို့ ဆိုတာ ဖြစ်ပါတယ်။ ဒီကထိန်ခင်းတာဟာ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တဲ့ အလှူဖြစ်တဲ့အတွက် ဒီသင်္ကန်းကိုလည်း ကထိန်သင်္ကန်း၊ ဒီအလှူကိုလည်း ကထိန်အလှူလို့ ဆိုခြင်းဖြစ်ပါတယ်။
ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေရဲ့ ချီးမွမ်းမှုကို ခံယူထိုက်တဲ့အတွက် ဒီအလှူကို ကထိန်လို့ ဆိုကြောင်း အဋ္ဌကထာဆရာတော်များက ဖွင့်ဆိုကြပါသေးတယ်။ သူတို့ရဲ့ အကြောင်းပြချက်ကတော့
၁။ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သံဃိကအလှူ ဖြစ်ရခြင်း
၂။ အချိန်ကာလ သတ်မှတ်ချက် အတွင်းမှာသာ လှူဒါန်းရတဲ့ ကာလဒါန အလှူဖြစ်ခြင်း
၃။ တစ်ခြားပစ္စည်းဝတ္ထုများ မဟုတ်ဘဲ အရဟတ္တဓဇ ခေါ် ရဟန္တာတို့ရဲ့ အလံတံခွန်သဖွယ် ဖြစ်တဲ့ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်ခြင်း
၎။ ဒီအလှူကို အကြောင်းပြုပြီး ရဟန်းတော်များအား ၀ိနည်းသိက္ခာပုဒ် အချို့ကို အချိန်ကာလ တစ်ခုအရ ကင်းလွတ်စေနိုင်တဲ့ အတွက် ၀ိနည်းအလှူ သို့မဟုတ် တရားအလှူခေါ် ဓမ္မဒါန အလှူဖြစ်ခြင်း-တို့ပါပဲ။
ကထိန်ကို ဘယ်အချိန်မှာ လုပ်ရသလဲဆိုရင်တော့ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ လုပ်ရတာပါ။
တကယ်တော့ ကထိန်ခင်းတာဟာ လူတွေက ခင်းရတာမဟုတ်ပါဘူး။ ကထိန်ခင်းတာ ရဟန်းတော်များရဲ့ ကိစ္စသက်သက် ဖြစ်ပါတယ်။ လူတွေကတော့ ကထိန်သင်္ကန်း အလှူရှင်အဖြစ်ပဲ ခံယူနိုင်တာ ဖြစ်ပါတယ်။
ခင်းတယ်ဆိုတာ သင်္ကန်းကို အောက်မှာချခင်းတာ မဟုတ်ပါဘူး။ လက်ရှိအလှူခံ ရရှိလာတဲ့ ကထိန်သင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်တာကို ပြောတာဖြစ်ပါတယ်။ ပြီးတော့ ကထိန်းသင်္ကန်းဟာ ဒီနေ့အလှူခံပြီး ဒီနေ့ပဲ အပြီးကံဆောင်ကာ ခင်းရတာဖြစ်ပါတယ်။ ဒီနေ့အလှူခံပြီး နောက်နေ့တွေမှ ခင်းရင် ကထိန်ခင်းရာ မမြောက်ပါဘူး။ မသိုးသင်္ကန်းမှ ကထိန်ခင်းလို့ရပါတယ်။ မသိုးသင်္ကန်းဆိုတာ ညလွန်သွားတဲ့ သင်္ကန်းမျိုး မဟုတ်တာကို ပြောတာ ဖြစ်ပါတယ်။ သင်္ကန်းကလွဲပြီး တစ်ခြားပစ္စည်းများနဲ့လည်း ကထိန်ခင်းလို့ မရပါဘူး။ ဒီလိုဆိုတော့ တခြားပပေဒသာပင် သီးပြီးလှူတဲ့ အလှူပစ္စည်းများဟာ အခြံအရံ လှူဖွယ်ပစ္စည်းများပဲ ဖြစ်ပါတယ်။
ဒီကထိန်သင်္ကန်းကြောင့် ရဟန်းတော်များဟာ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး တပေါင်းလပြည့်နေ့အထိ (၅)လအတွင်းမှာ အောက်ပါ အကျိုးတရား ငါးပါးကို ရရှိနိုင်ပါတယ်။
၁။ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း
၂။ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း
၃။ ထမင်းစားလာပါ၊ မုန့်စားကြွပါ စတဲ့ လူ့အခေါ်အပြောနဲ့ ပင့်ဖိတ်တဲ့ ဂဏဘောဇဉ်ကို စားနိုင်ခြင်း
၎။ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
၅။ ကထိန်ခင်းတဲ့ကျောင်းမှာ သံဃိက သင်္ကန်းဖြစ်ပေါ်လာတဲ့အခါ ကထိန်အာနိသင်ရတဲ့ ရဟန်းအားလုံး ရယူနိုင်ခြင်း- ပါပဲ။
လူပုဂ္ဂိုလ်များအတွက်ကတော့ကထိန်သင်္ကန်း လှူဒါန်းခြင်းကို အကြောင်းပြုပြီး ရဟန်းတော်များ ကထိန်အာနိသင် အကျိုးတရား ငါးမျိုးကို ရစေနိုင်သလို ကထိန်သင်္ကန်း လှူဒါန်းတဲ့ အလှူရှင်များမှာလည်း ထိုအကျိုးနဲ့ ထပ်တူစွာ လွတ်လပ်တဲ့ဘ၀မျိုးမှာ ဖြစ်ရခြင်း၊ ထောင်တန်းအချုပ်အနှောင်မှ ကင်းလွတ်ခြင်း၊ စားဖွယ်သောက်ဖွယ် ပေါများကာ အလိုရှိသလို စားသုံးနိုင်ခြင်း၊ မိမိကိုယ်ကို သူတပါးတို့ မလွမ်းမိုးနိုင်ခြင်း၊ မိမိကသာ နေရာတကာ အစိုးရခြင်း စသော အကျိုးတရားများကိုလည်း ရရှိစေနိုင်ပါတယ်။ ပြီးတော့ အောက်ပါ အကျိုးကျေးဇူးတွေကိုလဲ ရနိုင်ပါသေးတယ်။ အဲဒါတွေကတော့
၁။ သင်္ကန်းအလှူ လှူဒါန်းခွင့်ရခြင်း (စီဝရဒါန)
၂။ သံဃိကအလှူ လှူခွင့်ရခြင်း (သံဃိကဒါန)
၃။ ကာလဒါန အလှူလှူခွင့်ရခြင်း (ကာလဒါန)
၎။ ဓမ္မဒါနအလှူ လှူခွင့်ရခြင်း (ဓမ္မဒါန)စတဲ့ အကျိုးတရားများပါပဲ။
ကထိန်ကို ဘယ်အချိန်မှာ လုပ်ရသလဲဆိုရင်တော့ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ လုပ်ရတာပါ။ တန်ဆောင်မုန်းလပြည့်ကျော်မှ ကထိန်ခင်းလို့ မရပါဘူး။ အဲဒီလိုကျော်သွားမှ ခင်းရင်တော့ ကထိန်မမည်တော့ပါဘူး။
အပေါ်က ဒကာပြောတဲ့ တန်ဆောင်မုန်းလပြည့်ကျော်သွားသော်လဲ ပဒေသာပင်တွေသီးပြီး အလှူခံနေတာကတော့ ဒီလိုရှိပါတယ်။ တစ်ချို့ အလှူ့ဒကာတွေက သတ်မှတ်ထားတဲ့ ရက်မှာ ကထိန်သင်္ကန်းလှူပြီး အဲဒီရက်မှာပဲ ကထိန်အောင်ပွဲ လုပ်ကြပါတယ်။ ဒါကတော့ လုပ်ရိုးလုပ်စဉ်ပေါ့။
တစ်ချို့ဒကာကတော့
သတ်မှတ်ထားတဲ့ ရက်မှာ ကထိန်သင်္ကန်းလှူပါတယ်။ ဒါပေမယ့် ကထိန်အောင်ပွဲအခမ်းအနားကို မိမိတို့ကြိုက်နှစ်သက်တဲ့ အချိန်မှာ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နဲ့ လုပ်ကြပါတယ်။
ဒါ့ကြောင့် ကထိန်ခင်းတာနဲ့ ကထိန်အောင်ပွဲလုပ်တာ မတူတာပါပဲ။ ကထိန်ခင်းတာက
သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ လုပ်ရတာပါ။ ဒါပေမယ့် ကထိန်အောင်ပွဲကတော့ ကြိုက်တဲ့ရက်မှာ လုပ်နိုင်ပါတယ်။ ကထိန်ခင်းရာမှာ သင်္ကန်းကိုသာ ခင်းရတာဖြစ်လို့ သင်္ကန်းမှလွဲပြီး ကျန်တဲ့ ပဒေသာပင်မှာ သီးထားတဲ့ လှူဘွယ်ပစ္စည်းတွေနဲ့ ကထိန်ခင်းလို့ မရပါကြောင်း။
မတူတာလေးတွေကို ပြောပါတယ်။

Saturday, 23 November 2013
လှည်းကူးမြို့နယ်၊ ပန်းခြံရွာလေးအတွက် အိမ်တိုင်းစေ့ မီးလင်းရေး အလှူပြုခဲ့တဲ့ ဗိုလ်ကြီးဟောင်းဦးနေမျိုးဇင်
လှည်းကူးမြို့နယ်
အတွင်းရှိ ပန်းခြံဆိုသော ကျေးရွာစုလေး အတွင်း ရွာလုံးကျွတ် မီးလင်းရေး
အလှူအဖြစ် ဆိုလာအလင်းမီးချောင်း ဘက်ထရီ အစုံပေါင်း လေးဆယ် ကို ယနေ့
သွားရောက်လှူဒါန်းပေးခဲ့ရာ ဒေသခံ တောင်သူလယ်သမား ခေါင်းဆောင် ပရဟိတ
စိတ်ထက်သန်သူ လယ်သမား လုပ်ငန်းရှင် ဦးကိုကိုနိုင် မှ လှူဒါန်းသော အလှူငွေ
ကျပ် နှစ်သိန်း နှင့် ဆိုလာ အလင်း မီးချောင်းများ အလှူလက်ခံသူ
ကျေးရွာသားများ က တပိုင်တနိုင် တတ်နိုင်သမျှ ( ငွေ မတတ်နိုင်သူ တကျပ်မှ
လှူရန် မလိုသောကြောင့် ) ပြန်လည် လှူဒါန်းပေးရာ ကျပ် တစ်ထောင်မှ အထက်
တတ်နိုင်သမျှ ပြန်လည် လှူဒါန်းသည့် စုပေါင်း အလှူငွေ ကျပ် တစ်သိန်း
လေးသောင်းလေးထောင် ကျပ် စုစုပေါင်း သုံးသိန်းလေးသောင်းလေးထောင်ကျပ် ကို ပြန်လည် လက်ခံ ရရှိခဲ့သည်။
၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်း မှ ကိုစိုးထွန်းသို့ ပြည်သူလူထုက
လှူဒါန်းပေးထားသော အလှူငွေ ကျပ် ငါးသိန်းကိုလည်း မိမိထံသို့ ပေးလှူပါသဖြင့်
စုစုပေါင်း အလှူငွေ ရှစ်သိန်းလေးသောင်းလေးထောင်ကျပ် အလှူလက်ခံ ၇၇ှိခဲ့ရာ ယနေ့ လှူဒါန်း ခဲ့သည့် ဆိုလာ အစုံပေါင်း လေးဆယ် အတွက် စုစုပေါင်း ကုန်ကျငွေမှာ ကျပ် ကိုးသိန်းခုနှစ်သောင်းငါးထောင် (၉၇၅၀၀၀) ကုန်ကျရာ တစ်သိန်းသုံးသောင်း တစ်ထောင်သာ ယနေ့ မိမိတို့ အဖွဲ့မှ စိုက်ထုတ်လှူဒါန်းပေးခဲ့ရသဖြင့် နောက်ထပ် ကျေးရွာလုံးကျွတ် မီးလင်းရေး လုပ်ဆောင်ပေးရန် ဆက်လက် စီစဉ်ရမည်ဖြစ်ပါသည်။
မကြာမှီ ရက်ပိုင်း အတွင်း ကျေးရွာလုံးကျွတ် မီးလင်းရေး အလှူများကို ဆက်လက်
လုပ်ဆောင်သွားမည်ဖြစ်ပြီး အိမ်ခြေ သုံးဆယ်ရှိသည့် ကျေးရွာ တရွာ
ရွာလုံးကျွတ် မီးလင်းရေး အတွက် ကျပ် ခုနှစ်သိန်း ခန့်သာ ကုန်ကျသည် အတွက်
အလှူရှင် အစုအဖွဲ့လိုက် ကူညီလှူဒါန်း ပေးနိုင်လိမ်မည်ဟု ယုံကြည်ပါသည်။
မိမိတို့ အဖွဲ့မှလည်း ကျေးလက် ဒေသ အနှံ့ ရွာလုံးကျွတ် မီးလင်းရေး လူမှု
ဘ၀များ မြင့်မားတိုးတက်လာစေရေး တာဝန်ရှိသူများ နှင့် အတူ လက်တွဲပြီး
အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
မိမိတို့
အဖွဲ့အစည်း အလိုက် ကျေးရွာလုံးကျွတ် မီးအလင်းဓါတ် အလှူ ပြုလိုသော အဖွဲ့များ
အနေဖြင့် ကျေးရွာမှ တပိုင်တနိုင် ပြန်လည် လှူဒါန်းငွေ ၊ ဒေသခံ
လုပ်ငန်းရှင်များက ပံ့ပိုးငွေ၊ အလှူရှင်များက လှူဒါန်းငွေ အားလုံး စုဆောင်း
စီစဉ်ပြိး စေတနာ ထပ်ပေါင်း အကြောင်းဆုံသော အခါ ရွာလုံးကျွတ် ဆိုလာ စနစ်ကို
အသုံးပြုသည့် အိမ်တိုင်းစေ့ မီးချောင်း အလင်း အသုံးပြုနိုင်သည့်
ဖွံ့ဖြိုးသော လူနေမှု ဘ၀များစွာ ထပ်မံ ပေါ်ထွက်လာမည်မှာ သေချာနေပေတော့သည်။
Ref: Nay Myo Zin
Subscribe to:
Posts (Atom)