ပြီးခဲ့တဲ့ အပတ်က မိတ်ဆွေတစ်ယောက်ရဲ့ ဇနီးဖြစ်သူ ဆေးရုံတက်လို့ ဒီသြစီက ခရိုင်အဆင့်ရှိတဲ့ ဆေးရုံကို သတင်းသွားမေးခဲ့ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရဲ့ တရားစကားဖြစ်တဲ့ ဗောဇ္ဈင်သုတ်ကို ရွတ်ဖတ်ပေးခဲ့ပါတယ်။ တစ်ပတ်တစ်ကြိမ်တော့ ရွတ်ဖတ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ နေ့စဉ် သွားရောက်ရွတ်ပေးချင်ပေမယ့် ကျောင်းတက်ဖို့က တစ်ဖက်ဖြစ်နေလို့ပါ။ လူမမာဖြစ်သူကတော့ အချိန်တိုင်းနာယူချင်လို့ ဗောဇ္ဈင်သုတ်ကို အသံသွင်းပြီး ပို့ပေးဖို့ တောင်းဆိုပါတယ်။ အသံသွင်းပြီး ပို့ပေးလိုက်ပါတယ်။
ပရိတ်ရွတ်ပြီး နားနေခန်းမှာ လူနာရှင်နဲ့ စကားစမည် ပြောရင်း ဒီသြစီက ဆေးရုံတွေ အကြောင်းကို တော်တော် သိလာရပါတယ်။ ဆေးရုံတက်ရင် ဆေးရုံကပဲ ထမင်းကျွေးပါတယ်။ လူနာကို လာပြီးတော့ စောင့်စရာ မလိုပါဘူး။ သာမန်လူနာ ၅-ယောက်မှာ ဆရာဝန်တစ်ယောက် နဲ့ သူနာပြု နှစ်ယောက်စီရှိပါတယ်။ ဆေးရုံကပြောတာကတော့ ကိုယ်ဖာသာကို အိမ်မှာ အနားယူပါ၊ ဆေးရုံက ဆင်းလို့ အိမ်ပြန်ရောက်ရင် ပြုစုဖို့ အားမွေးထားပါလို့ မှာကြားပါတယ်။
လူနာလာမေးသူတွေရဲ့ ကားတွေရပ်ဖို့ ကားရပ်နားစရာ အလုံအလောက် ထားပေးထားပါတယ်။ တစ်နေ့မှာ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ဧည့်သည်လာချိန် နှစ်နာရီခန့်စီ သတ်မှတ်ထားပါတယ်။
အချိန်မရောက်ခင် လူနာဆီကို သွားလို့မရပါဘူး။ တစ်ခါဝင်ရင် နှစ်ယောက်ပဲ ၀င်ခွင့်ပေးပါတယ်။ အ၀င် နဲ့ အထွက်တိုင်းမှာ လက်ဆေးရပါတယ်။ ၀င်ရင် ၀တ်ရုံဝတ်ပြီး ၀င်ရပါတယ်။
ဆေးကုသမှုကတော့ တော်တော်လေးကို ခေတ်မီမီ ကုသတာတွေ့ရပါတယ်။ ဆေးအကြောင်းတော့ မသိနားမလည်ပါ။ သို့သော်လည်း တွေ့ခဲ့ရတဲ့မြင်ကွင်းအရဆိုရင်တော့-ဥပမာ- ခွဲစိပ်ထားသူတစ်ယောက်ဟာ မခံမရပ်အောင် နာကျင်နေသည်ဆိုပါတော့- အဲဒီလို ဖြစ်ရင် ဆရာဝန်ကို သွားပြီး ခေါ်စရာမလိုပါ။ လူနာရဲ့ လက်မှာ ညှပ်ထားတဲ့ အရာလေးကို လက်ခလေးနဲ့ အသာလေး မိမိလက်နဲ့ ဖိလိုက်ရုံပါပဲ။ အဲဒီအချိန်မှာ အပ်ငယ်လေး အသားထဲဝင်သွားပြီး ကန့်သတ်ထားတဲ့ မော်ဖိန်းပမာဏကို အလိုအလျောက် ထိုးသွင်းပြီးသား ဖြစ်ပါတယ်။ ဆေးဝင်သွားရင်တော့ လူနာ အိပ်ပျော်သွားပြီ ဖြစ်ပါတယ်။ ခဏခဏလဲ နှိပ်လို့ မရအောင် ကွန်ပျူတာနဲ့ ချိပ်ဆက်ပေးထားပါတယ်။ ကျန်တဲ့ ကွန်ပျူတာနဲ့ ချိပ်ဆက်ထားတွေကတော့ အများကြီးပါပဲ။ စာရေးသူလဲ မသိပါ။
ဆေးရုံတက်ခက ဈေးကြီးပါတယ်။ သို့သော်လည်း အလုပ်မလုပ်သူတွေအတွက် အစိုးရက အခမဲ့တာဝန်ယူပြီး အလုပ်သမားအတွက်တော့ အာမခံကနေ တိုက်ရိုက်ကျခံပေးပါတယ်။ ဆိုလိုတာက လူတိုင်းနီးပါး အခမဲ့လို့ ဆိုနိုင်ပါတယ်။ သွားစိုက်တာတို့၊ မျက်လုံးခွဲတာတို့လဲ ထို့အတူပါပဲ။ အခမဲ့ပါ။ သို့သော် မိမိအလှည့်ကို တန်းစီတော့ စောင့်ရပါလိမ့်မယ်။ ဆေးဝယ်ရမယ်ဆိုရင်တောင် ဘယ်လောက်ဈေးကြီးတဲ့ ဆေးဖြစ်ပါစေ အစိုးရက ထုတ်ပေးထားတဲ့ ဆေးကဒ်ရှိသူတွေဟာ ငါးဒေါ်လာထက် ပိုမပေးရပါဘူး။
ဒီနိုင်ငံမှာ ထူးခြားမှု့တစ်ခုကတော့ ခလေးတစ်ယောက် မွေးဖွားရင် ခလေးမိဘတွေကို သြစီအစိုးရက ခလေးစရိတ်- သြစတေးလျဒေါ်လာ- ငါးထောင် ထောက်ပံ့တာပါပဲ။ ဘယ်သူမွေးမွေးပဲ။ အဲဒါထူးခြားတာပါပဲ။ အပြင်ထွက်ရင် ခလေးလှည်းကို တွန်းနေတဲ့ ခလေးအမေများကို တွေ့နိုင်ပါတယ်။ မသိရင် မာမီ၇ှိုးပြနေသလားတောင် အောက်မေ့ရပါတယ်။
ဆေးရုံက ပြန်လာပြီး အိပ်ယာပေါ်မှာ ငယ်ငယ်တုံးက အကြောင်းကို သွားပြီး စဉ်းစားမိပါတယ်။ ငယ်ငယ်တုံးက အဖေ လှည်းကူးဆေးရုံမှာ တစ်လ၊ ရန်ကုန်ဆေးရုံကြီးမှာ နှစ်လတက်ရောက် ကုသခဲ့ပါတယ်။ စာရေးသူဟာ ရန်ကုန်ဆေးရုံကနေ လှည်းကူးပြန်တာ မတက်နိုင်လို့ ရန်ကုန်ဆေးရုံကြီးရှိ ၁၃-၁၄ ရဲ့ ဘုရားခန်းမှာပဲ အိပ်ခဲ့ရပါတယ်။ အဖေကတော့ လည်ချောင်း ကင်ဆာဖြစ်တာဆိုတော့ ရန်ကုန်ဆေးရုံမှာပဲ ဆုံးပါးခဲ့ပါတယ်။ ထူးခြားတာကတော့ အဖေ့ရဲ့ မြင်းလှည်းလေးရော ကုန်သွားတယ်။ အိမ်ကြီးကနေ အိမ်သေးသေးလေးဖြစ်သွားတယ်။ မိသားစုရဲ့ စုစောင်းထားတာလေးတော့ အကုန်ကုန်တာပါပဲ။ အကြွေးသံသရာထဲမှာ ခြာခြာလည်နေခဲ့ရတာပါပဲ။
မြန်မာပြည်မှာ စာရေးသူတို့ မိသားစုလို တော်တော်လေးကို ဒုက္ခရောက်ကြရတဲ့ မိသားစုတွေ ဒုနဲ့ဒေးပါ။ တာဝန်၇ှိသူများ ဆေးရုံနဲ့ ပတ်သက်လို့ ပြုပြင်သင့်ပြီလို့ ဆိုချင်ပါတယ်။
မတူတာလေးတွေကို ပြောပါတယ်။
မောင်နေခြည် (လှည်းကူးမြေ)
mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Tuesday, 23 April 2013
Monday, 22 April 2013
Friday, 19 April 2013
သတိထားဖို့လေးပါ။
မနေ့က စာရေးသူရဲ့ အီးမေးလ်ထဲကို စာတစ်စောင်ရောက်လာပါတယ်။ အဲဒါကတော့ လိမ်ညာပြီးရေးသားပေးပို့လာတဲ့ စာတစ်စောင် ပါပဲ။ အကြောင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။ သတိထားဖို့ မျှဝေပေးလိုက်တာပါ။

This Email is to inform you
that your email address has just won you $800, 000.00 USD and jaguar car in the
ongoing Jaguar automobile Anniversary promotion draws held today in India APRIL
2013. Contact the Fiduciary agent with
contact information stated below: Name in full:
Address: Occupation: Country:
State: Tel/fax: Marital Status:
NOTE YOUR REPLY SHOULD BE FORWARDED TO THE BELOW EMAIL
Contact : Perry Fortune E-mail:infgl@msn.com
Congratulation
Once Again!! !
Thursday, 18 April 2013
Monday, 15 April 2013
Saturday, 13 April 2013
Friday, 12 April 2013
မတူတာလေးများ- အပိုင်း-၁၄ (သို့) အိမ်မွေးတိရစ္ဆာန်များ
စာရေးသူရဲ့ ကျောင်းဘေးနားကို လေလွင့်နေတဲ့ ကြောင်သတ္တ၀ါလေးများ လာရောက်တတ်ကြပါတယ်။ စာရေးသူကလဲ မိမိမှာ ရှိတဲ့ အစားအစာများကို အမြဲတမ်း ကျွေးမွေးလေ့ရှိပါတယ်။ ဒီနေရာမှာ လေလွင့်ကြောင်ဆိုတာ ဘာလဲဆိုတာကို ရှင်းလင်းဖို့ လိုမယ်ထင်ပါတယ်။ စာရေးသူတို့ရဲ့ မြန်မာပြည်မှာ အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ခွေးထက် ကြောင်သတ္တ၀ါကို ပိုပြီးတော့ မွေးမြူကြပါတယ်။ မြန်မာပြည်မှာတော့ ကြောင်လေကြောင်ခွင့်ဆိုတာ မရှိသလောက်ပါပဲ။ တစ်ချို့တစ်ချို့သော မိသားစုတွေကတော့ ခွေးတွေကိုလဲ ချစ်တတ်ကြပါတယ်။ ရွာက အိမ်မှာဆိုရင် အမေက ကြောင်တွေ၊ ခွေးတွေကို မွေးမြူလေ့မရှိပါဘူး။ ဒါပေမယ့် အခြားအိမ်က ခွေးတွေက အိမ်မှာ အမြဲတမ်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ခွေးတွေကို အမေက အမြဲတမ်း ကျွေးနေလို့ပါပဲ။
နိုင်ငံခြားတိုင်းပြည်တွေမှာ အထူးသဖြင့် ဒီသြစီမှာတော့ လူတွေဟာ ခွေးကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူကြပါတယ်။ ကြောင်တွေကိုတော့ မွေးမြူလေ့မရှိကြပါဘူး။
ကြောင်တွေခမျာ သူတို့ဝမ်းစာရေးအတွက် တော်တော်လေးကို ၇ှာဖွေစားသောက်နေရပါတယ်။
စာရေးသူ သီဟိုဠ်မှာနေစဉ်တုံးကလဲ ဒီလိုပါပဲ။ သီဟိုဠ်သားတွေကလဲ ကြောင်တွေကို အိမ်မှာ မွေးမြူလေ့မ၇ှိပါဘူး။ ဒီသြစီမှာလိုပဲ ကြောင်တွေဟာ သွားချင်တိုင်း သွားနေတာပါပဲ။ နေရာတိုင်းမှာ ကြောင်တွေ့ ဖြတ်သွားနေတာကို တွေ့နိုင်ပါတယ်။
ခွေးကိုတော့ တယုတယကို မွေးမြူကြတာကို တွေ့ရပါတယ်။ အနည်းငယ်သော အိမ်တို့မှာသာ ကြောင်မွေးထားတာ ရှိပါတယ်။ သူတို့တွေက ခွေးစာ ကြောင်စာကို စူပါမားကတ်ကနေ တကူးတက ၀ယ်ယူကွှေးကြပါတယ်။ မနက်စောစော (သို့) ညနေစောင်းတို့မှာ မိမိမွေးမြူထားတဲ့ ခွေးနဲ့ အတူ လမ်းလျှောက်နေတဲ့ သူတွေကို တွေ့နိုင်ပါတယ်။ လက်ထဲမှာတော့ အိတ်တစ်လုံးကို ကိုင်လို့ပေါ့။ အဲဒီအိတ်က အခြားတော့ မဟုတ်ပါ။ မိမိခွေးမှ မစင်စွန့်ရင် အဲဒီအိတ်နဲ့ ပြန်လည်ထည့်ယူဖို့ပါ။ အကယ်၍ ခွေးရဲ့ မစင်ကို ပြန်လည်ကောက်ယူခြင်းမရှိပါက သက်ဆိုင်ရာ ကောင်စီရဲ့ အရေးယူခြင်းကို ခံရမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ တစ်လလောက်တုံးက မိတ်ဆွေတစ်ဦးရဲ့ အိမ်ကို ရောက်သွားပါတယ်။ သူအိမ်ရဲ့ ဧည့်ခန်းထဲရှိ စားပွဲပေါ်မှာ ခွေးဓါတ်ပုံလေးတွေကို ထောင်ထားတာတွေ့ရပါတယ်။ ဓာတ်ပုံရဲ့ အောက်ခြေမှာလဲ သေတ္တာငယ် တစ်လုံးစီ၇ှိပြီး ခွေးနာမည်ရယ် သေဆုံးတဲ့ နှစ်ရယ် ရေးထားပါတယ်။ သေတ္တာငယ်လေးထဲမှာတော့ သေဆုံးသွားတဲ့ ခွေးတွေရဲ့ အရိုးပြာတွေကို ထည့်ထားကြောင်း စာရေးသူကို ပြောပြပါတယ်။ အခုအချိန်ထိ ဘ၀တစ်သက်မှာ ဒီလောက် ခွေးချစ်တဲ့သူကို ဒီတစ်ခါပဲ တွေ့ခဲ့ရပါတယ်။
လမ်းမှာတွေ့တဲ့ ခွေးတွေ ကြောင်တွေကို မိမိအိမ်ကို မွေးမြူဖို့ ဖမ်းခေါ်လာရင် မိမိအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပိုင်၇ှင်ဖြစ်သူတွေက သက်ဆိုင်ရာကောင်စီမှာ အဲဒီ ကြောင်တွေ၊ ခွေးတွေကို မှတ်ပုံတင်ထားပါတယ်။ ကောင်စီကလဲ အဲဒီ ကြောင်တွေ၊ ခွေးတွေရဲ့ ကိုယ်တွင်း တစ်နေရာမှာ လျှပ်စစ်ခြစ်ပြားလေးတွေ ထည့်ပေးလိုက်ပါတယ်။ ဒါကြောင့် ဒီ ကြောင်တွေ၊ ခွေးတွေက ဘယ်နေရာကိုရောက်နေ ရောက်နေ သိနိုင်ပါတယ်။ တစ်ချို့ ကြောင်တွေ၊ ခွေးတွေကို ပိုင်ရှင်ဖြစ်သူက အာမခံတောင် တင်ထားတာ၇ှိပါတယ်။
မတူတာလေးတွေ ပြောပါတယ်။
နောက်မှ ဆုံကြတာပေါ့။
မောင်နေခြည် (လှည်းကူး)

သင်္ကြန်ဆိုတာ
သင်္ကြန်ဆိုတာ သင်္ကန္တ-ဆိုတဲ့ သက္ကတစကားမှ ဆင်းသက်ပြောင်းလဲ လာတာပါ။
ပြောင်းလဲမှု့ (သို့) ကူးပြောင်းမှု့ လို့ မြန်မာလို မှတ်ယူနိုင်ပါတယ်။
ဒါကြောင့်--- အားလုံးသော သတ္တ၀ါတွေ အပြစ်မကင်းခြင်းမှသည် အပြစ်ကင်းသော အရာရာတိုင်းဆီသို့ ကူးပြောင်းနိုင်ကြပါစေ။
မောင်နေခြည် (လှည်းကူးမြေ)
Wednesday, 10 April 2013
မတူတာလေးများ အပိုင်း-၁၃ (သို့) ကျောင်းစာ
ဒီနေ့ တနေ့တနေ့လုံး အဆိုင်းမင့်တွေနဲ့ လုံးခြာလိုက်နေပါတယ်။ နေ့ဆွမ်းဘုဉ်းတာတောင် ဆွမ်းပုဂံကို ကွန်ပျူတာရှေ့မှာ ချပြီး ဘုဉ်းရတဲ့ အထိပါပဲ။ ဒီသြစီမှာတော့ တက္ကသိုလ် (သို့) ကောလိပ်ကျောင်းသားတိုင်းဟာ အဆိုင်းမင့်ကို မလုပ်မနေ လုပ်ရတာပါပဲ။ စာမေးပွဲအောင်ဖို့ (သို့) အတန်းတက်ဖို့က ဒီအဆိုင်းမင့်ပေါ်မှာ တော်တော်လေးကို မူတည်ပါတယ်။
ဘာသာရပ်တိုင်း ဘာသာရပ်တိုင်းမှာ အနည်းဆုံး အဆိုင်းမင့် သုံးစောင်လောက် ရေးရပါတယ်။ ကျောင်းသားတစ်ယောက်အတွက် ဘာသာရပ် (၁၀)ခုရှိတယ်ထားဦး။ အဆိုင်းမင့်က အခု (၃၀) တောင် ရေးရမှာပါ။ မိမိကိုယ်ပိုင် အရေးအသားနဲ့ ရေးရပါတယ်။ အခြားသူ ရေးထားတဲ့ဟာကို ခိုးချကူးယူလို့ မရပါဘူး။ တနေ့တနေ့ ကျောင်းတက်ရတာက နဲနဲပါ။ အဆိုင်းမင့် အချိန်မီ ပြီးဖို့ စာကြည့်တိုက်ပြေးပြီး သက်ဆိုင်ရာစာအုပ်စာတမ်းကို ရှာရ၊ အမြန်ပြန်ပြီး အင်တာနက်မှာ ပြန်ရှာရ။ ပြီးတော့ ပြန်ရိုက်ရနဲ့ တစ်နေ့တနေ့ ဒီအဆိုင်းမင့်တွေနဲ့ပဲ အချိန်ကုန်နေရပါတယ်။
ဒီမှာက အဆိုင်းမင့်အပြင် ရီပေါ့တို့၊ သီးစစ်တို့၊ တမ်းပေပါတ်ု့ဆိုတာတွေဟာလဲ အများကြီး လုပ်ရပါတယ်။ အတန်းကြီးရင် ကြီးသလိုပေါ့။ အဆိုင်းမင့်နဲ့ ပတ်သက်ပြီး စာရေးသူအတွက်ကတော့ သိပ်ပြီးတော့ အခက်အခဲဆိုတာ မ၇ှိသေးပါဘူး။ တက္ကသိုလ်ပါးဝတယ်လို့ ပြောရမလားပဲ။ (တစ်ခါတရံတော့ ဆရာလက်ချာပေးရင် နားမလည်တဲ့ အခါတွေတော့ ရှိပါတယ်။ နားထောင်မှု့ စွမ်းရည် အားနည်းတယ်လို့ ပြောရမလားပါပဲ။)
အဆိုင်းမင့်နဲ့ ပတ်သတ်ပြီး အခက်အခဲ မရှိရခြင်း အကြောင်းကတော့ စာရေးသူ မြန်မာပြည်မှာတုံးက နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်) မှာ တက်ရောက် သင်ကြားခဲ့ပါတယ်။ စတုတ္ထနှစ်မှာ စာတမ်းငယ် တစ်စောင်တင်ရပါတယ်။ မဟာတန်းရောက်တော့ တစ်ဦးချင်း သီးသန့် စာတမ်းအပြင် အဖွဲ့လိုက်လဲ စာတမ်းတွေ ပြုစုခဲ့ရပါတယ်။ ကိုယ်ရေးသားထားတဲ့ စာတမ်းတွေကို စာတမ်းဖတ်ပွဲမှာ ၀င်ရောက်ဖတ်ဖြင်း၊ ဆွေးနွေးခြင်းတွေလဲ လုပ်ရပါတယ်။ ကျမ်းပြုချိန်ရောက်တော့ မဟာဘွဲ့အတွက် ကျမ်းတစ်စောင်ကို သုတေသနပြုေ၇းသေားရပါတယ်။ဒီလိုဒီလို ဆရာသမားတွေက သင်ကြားပေးလိုက်တဲ့ အတွေ့အကြုံတွေက စာရေးသူကို အခက်အခဲများမှေ၇ှာင်ရှားစေခဲ့ပါတယ်။
နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်) မှာ တက်ရောက်စဉ် ပါမောက္ခဆရာကြီး တစ်ဦးပြောတဲ့ စကားတစ်ခွန်းကို ပြန်ကြားမိပါတယ်။ အဲဒါကတော့- ဒီလို အဆိုင်းမင့်တွေ၊ ၇ီဆပ်(ခ်ျ) ပေပါတွေကို မိမိ ကိုယ်ပိုင်ဥာဏ်နဲ့ ရေးသားတဲ့ အလေ့အထဟာ အရှင်ဘုရားတို့ တက္ကသိုလ်တစ်ခုပဲ မြန်မာပြည်မှာ ရှိတော့တယ် ဘုရား- ဟုပဲ ဖြစ်ပါတယ်။ (ဆရာကြီးပြောခဲ့ သလို မြန်မာပြည်က တက္ကသိုလ်တွေမှာ ဒီလိုပဲ မရှိတော့ဘူးလား)
တက္ကသိုလ် နဲ့ အဆိုင်းမင့်၊ အဆိုင်းမင့် နဲ့ တက္ကသိုလ် ဟာ ဘယ်လိုမှ ခွဲခြားလို့ မရပါဘူး။ ပညာမြင့်မှ လူမျိုးမြင့်မည်။
မတူတာလေးတွေ ပြောပါတယ်။
နောက်တစ်ပတ်မှ ဆုံကြတာပေါ့။

မတူတာလေးများ အပိုင်း- ၁၂ (သို့) ဘဏ်ကဒ်ဖြင့် ဈေးဝယ်ခြင်း
ခြေအငြိမ်မနေနိုင် လက်အငြိမ်မနေနိုင်လို့ ပြောရမလားပဲ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က အွန်လိုင်းကိုတက်ပြီး e-bay ကနေ ရဟန်းတော်သုံး လွယ်အိပ်လေးတစ်လုံး ၀ယ်လိုက်ပါတယ်။ သြစီကနေပြီးတော့ အမေရိကန်က ပစ္စည်းကို လှမ်းဝယ်တာပါ။ ထုံးစံအတိုင်းပေါ့ နာမည်တွေ လိပ်စာတွေ၊ ဘဏ်ကဒ်နံပါတ်တွေ ပေးရပါတယ်။ ငွေအားလုံးချေပြီးသွားရင် ကိုယ်ပေးထားတဲ့ လိပ်စာကို ပစ္စည်း အရောက်ပို့ပေးမှာ ဖြစ်ပါတယ်။ တစ်ခါမှ သုံးဘူးတဲ့ ၀ဘ်ဆိုဒ်မဟုတ်ပါဘူး။ စိတ်ထဲမှာတော့ တထင့်ထင့်ပေါ့။ ငါတော့ အလိမ်ခံရပြီလားမသိပေါ့။ စောင့်လိုက်ရပါတယ်၊ ကိုယ်မှာထားတဲ့အတိုင်ပါပဲ။ နှစ်ပတ်ကြာတော့ ပစ္စည်းေ၇ာက်လာပါတယ်။
ဘဏ်ကဒ်တွေကတော့ အမျိုးမျိုးရှိကြပါတယ်။ ဗီဇာကဒ်တို့၊ မာစတာကဒ်တို့၊ အမေရိကန် အိပ်(စ်)ပရက်တို့ စသဖြင့် စသဖြင့်ပေါ့လေ။ မိမိငွေအပ်ထားတဲ့ ဘဏ်အားလျော်စွာ ကဒ်တွေ အမျိုးအစား အများကြီးရှိကြပါတယ်။ အဓိကကတော့ ဘဏ်မှာ ကိုယ်အပ်ထားတဲ့ငွေ ရှိဖို့ပဲ လိုပါတယ်။ နိုင်ငံတကာမှာ ဘယ်နေရာသွားသွား အဲဒီကဒ်တွေရှိရင် ကိုယ်လိုရာ သုံးလို့ရပါတယ်။ ပိုက်ဆံတွေကို တစ်ထပ်ကြီး ကိုင်ဆောင်သွားစရာ မလိုပါဘူး။ ဒီသြစီမှာရှိတဲ့ လူတိုင်းမှာ ပိုက်ဆံအိပ်ကို ကိုင်လေ့ ကိုင်ထမရှိပါဘူး။ မဖြစ်မနေ ကိုင်ကြတာကတော့ ကဒ်ထည့်တဲ့ အိပ်ငယ်လေးတွေပါပဲ။
ခရီးသွားဖို့ ရထားလက်မှတ်၊ ကားလက်မှတ်၊ လေယာဉ်လက်မှတ်ဝယ်ချင်လဲ ဒီကဒ်နဲ့ပါပဲ။ အိမ်လခပေးလဲ ဒီကဒ်နဲ့ပါပဲ။ ဈေးဝယ်လဲ ဒီကဒ်နဲ့ပါပဲ။ လမ်းဘေးမှာ ကားပါကင်ထိုးရင်တောင် ပါကင်လက်မှတ်ကို ကဒ်နဲ့ ဖြတ်ပြီး ပေးရပါတယ်။ ဆိုလိုတာကတော့ ငွေကြေးကိစ္စအားလုံးကို ဒီကဒ်တွေနဲ့ပဲ အသုံးပြုကြပါတယ်။
မြန်မာပြည်မှာလဲ ဒီကဒ်စနစ်ကို စတင် အကောင်အထည်ဖေါ်နေပြီဟု သိရပါတယ်။ ၀မ်းသာစရာပါပဲ။ (ဒီစနစ်ကို မသုံးခင်တုန်းက မြန်မာပြည်သွားလည်တဲ့ ခရီးသွားတော်တော်များများ တော်တော်လေးကို ဒုက္ခရောက်ကြရပါတယ်။) ဒါပေမယ့် တစ်ခုတော့ ရှိပါတယ်။ ဒီကဒ်စနစ်ကို သုံးမယ်ဆိုရင်ဖြင့် အင်တာနက် ကွန်နက်၇ှင် ကောင်းဖို့လိုပါတယ်။ အင်တာနက်ကွန်နက်ရှင် မကောင်းရင်ဖြင့် ဘာမှလုပ်လို့ မရပါဘူး။
အခြားသတိထားစရာတစ်ခုကတော့ မိမိရဲ့ ကဒ်နဲ့ပတ်သက်ပြီး လျှို့ဝှက်ကုဒ်ကို မည်သူ့ကိုမှ အသိမပေးဖို့ လိုပါလိမ့်မယ်။ သိသွားလို့ ကျွှမ်းကျင်သူတွေက ထုတ်သွားရင်တော့ ရှိတာလေး ကုန်ပြီသာမှတ်ပါတော့။
မတူတာလေးတွေကို ပြောပါတယ်။
နောက်တစ်ပတ်မှ ဆုံကြတာပေါ့.

Tuesday, 9 April 2013
မတူတာလေးများ-အပိုင်း-၁၁ (သို့) စည်းကမ်းမဲ့ခြင်း
စာရေးသူ ဒီသြစီနေတာ ကြာလာတော့ ဒီနိုင်ငံသားတွေရဲ့ ဓလေ့ထုံးစံကို တော်တော်လေး ယဉ်ပါးနေပြီလို့ ဆိုရပါ့မယ်။ ဒီနိုင်ငံက သူတွေဟာ များသောအားဖြင့် ဥပဒေကို လေးစားလိုက်နာကြပါတယ်။ ဥပဒေအတိုင်း နေထိုင် ပြုမူတော့ စည်းကမ်းလည်း ရှိလာကြပါတယ်။
အိမ်တိုင်း အိမ်တိုင်းမှာ အမှိုက်ပုံးနှစ်ပုံးတော့ အနည်းဆုံးထားကြပါတယ်။ တစ်ပုံးက မီးဖိုချောင်က ထွက်၇ှိတဲ့ အမှိုက်တွေကို ထည့်ဖို့ပါ။ နောက်တစ်ပုံးကတော့ ပြန်ပြီးတော့အသုံးပြုနိုင်တဲ့ အမိုက်တွေ ထည့်ဖို့ပါ။ ဥပမာ- စက္ကူတို့၊ ပုလင်းခွံတို့ပေါ့။ အမှိုက်ပုံးတွေကို အရောင်နဲ့ ခွဲထားပါတယ်။ ဘယ်သူမှ အမှိုက်ပုံးကလွဲပြီး အခြားနေရာမှာ မစွံ့ကြပါဘူး။ အမှိုက်ပုံးချင်းတူတာတောင် တွေ့တဲ့အမှိုက်ပုံးထဲကို မထည့်ကြပါဘူး။ မိမိစွန့်ပစ်မည့် အမှိုက်ပေါ်မူတည်ပြီး သက်ဆိုင်ရာပုံးထဲကို ထည့်ကြတာပါပဲ။ အကယ်၍ အမှိုက်ပုံး မတွေ့သေးလျှင်လည်း အိပ်တစ်ခုခုနဲ့ ထည့်ပြီး ယူဆောင်သွားကြတာပါပဲ။ အမှိုက်ပုံးတွေ့ပြီဆိုမှ ထည့်တက်ကြပါတယ်။
တချို့အရေးကြီးတဲ့ ဌာနတွေမှာဆိုရင် သီးသန့်အမှိုက်ပုံးတွေ ထာရှိပါတယ်။ အဲဒါတွေကတော့ အသုံးပြုပြီးသား ဆေးထိုးအပ်တွေကို စွန့်ဖို့ပါ။ အိမ်သာအများစုမှာလည်း ဆေးထိုးအပ်တွေကို ထည့်ဖို့ အမှိုက်ပုံးတွေထားပေးပါတယ်။ အမှိုက်သိမ်းတဲ့ကားကလည်း ပုံမှန် လာသိမ်းပေးပါတယ်။ ဒါကတော့ ကောင်စယ်ရဲ့ အလုပ်ပါ။
မြန်မာပြည်ကို ခေတ္တအလည်ပြန်သွားတဲ့ မိတ်ဆွေတစ်ယောက်က သူ့အတွေ့အကြုံကို စာရေးသူကို ပြောပြပါတယ်။ မြန်မာပြည်ပြန်သွားတာ အမှိုက်ကို ပစ်ဖို့နေရာ၇ှာရတာ တော်တော် ပင်ပန်းတယ်လို့ဆိုပါတယ်။ အမှိုက်ပုံး မတွေ့လို့ပါ။ (အခုတော့ ရန်ကုန်မှာတော့ အမှိုက်ပုံးတွေ ထားတယ် ပြောပါတယ်။) နောက်နေ့တွေကျတော့ သူတစ်ပါးတွေပစ်သလို လမ်းဘေးကို ပစ်လိုက်တာပဲလို့ ပြောပါတယ်။ ရွှေနိုင်ငံေ၇ာက်တော့ ရွှေစိတ်ဝင်သွားတာပေါ့ဟု ရီပြီးတော့ ပြောရှာပါတယ်။ ဟုတ်ပါတယ်။ မြန်မာပြည်ရဲ့ နေရာ အနှံ့မှာ အမှိုက်တွေ၊ ကွမ်းတံတွေးတွေ ပွစာကြဲအောင် ပစ်ကြ ထွေးကြပါတယ်။ ပြုပြင်ဖို့ အချိန်တန်ပြီ ထင်ပါတယ်။
ဒီသြစီမှာ ကားဆိုရင်လည်း ကားအလျောက် ပါပဲ။ ဒီနေရာမှာ ကျောင်းရှိလို့ ကီလိုမီတာ ၄၀-ထက်ပိုမမောင်းရဆိုရင် ဘယ်သူမှ ပိုမမောင်းကြပါဘူး။ ပိုမောင်းခဲ့ရင်လဲ ကင်မရာက ရိုက်ထားပါတယ်။ အချိန်တန်ရင် ဒဏ်ငွေစောင်ရပြီသာမှတ်ပါ။ အသိတစ်ယောက်ကတော့ သူ့အကြောင်းကို ပြောပြပါတယ်။ သူကားမောင်းတာတဲ့ လမ်းမှာ ဘာကားမှမရှိလို့ မြန်မြန်မောင်းမိတယ်တဲ့။ စပိကင်မရာရှိတာကို မသိဘူးတဲ့။ အခုတော့ ကားမောင်းခွင့် သုံးလ ပိတ်သိမ်းခံထားရပါတယ်။
မြန်မာပြည်မှာနေစဉ်တုံးက အသိတစ်ယောက်ပြောဘူပါတယ်။ သူက ဆီးရောဂါ၇ှိသူဆိုတော့ မအောင့်နိုင်ဘူးလို့ဆိုပါတယ်။ ဒါနဲ့ လမ်းဘေးမှာ ကားထိုးရပ်ပြီး အပေါ့စွန့်ပါလေရော။ အဲဒီအချိန်မှာ လှည့်ကင်းနဲ့တွေ့ပြီး အဖမ်းခံရပါတယ်။ သူက ပြန်မေးတယ်တဲ့ ဘာကြောင့်ဖမ်းတာလဲပေါ့။ အဲဒီအခါမှာ ယာဉ်ထိမ်းအရာရှိက ရှင်းပြပါတယ်။ သင် အပြစ်နှစ်ခုလုပ်ထားပါတယ်။ တစ်ခုက လမ်းဘေးသေးပေါက်မှု့၊ နောက်တစ်မှု့ကတော့ ဖြူနီကြားမှာ ကားရပ်နားမှု့ပါဆိုပြီး ပြန်ပြောပါတယ်။ အဲဒါနဲ့ ကျွန်တော့်ကို လမ်းဘေးသေးပေါက်မှု့တော့ ဒဏ်မရိုက်ပါနဲ့၊ ဖြူနီကြားကားရပ်နားမှု့ပဲ ဒဏ်ရိုက်ပါဆိုပြီး မနဲပြောထွက်လာရတာဆိုပဲ။
ဒီနိုင်ငံမှာဆိုရင်တော့ ဘယ်လိုမှ လျှော့ခိုင်းလို့ရမှာမဟုတ်ပါဘူး။ စည်းကမ်းမဲ့တာက စည်းကမ်းမဲ့တာပါပဲ။
မတူတူလေးတွေကို ပြောပါတယ်။
နောက်တစ်ပတ်မှ ဆုံကြတာပေါ့
မောင်နေခြည် (လှည်းကူမြေ)

Monday, 8 April 2013
သရဲပုံပြင်နှင့် သင်္ချိုင်းဘုရင် / ရေးသားသူ- ဥက္ကာကိုကို၊ အောင်ခိုင်၊ အောင်သစ်လွင်
သုသာန်တာဝန်ခံအဖြစ် ၁၉ နှစ်ကြာတာဝန်ထမ်းဆောင်လာခဲ့ သည့် သက်တမ်းတစ်လျှောက်တွင် ၀ိညာဉ်လောကနှင့်ပတ်သက်၍ ၀င်ရောက်ပူးကပ်ခြင်းဖြစ်ရပ် တစ်ခုကိုသာ ရှေ့မှောက်မှာကြုံတွေ့ခဲ့ရသ ည်ဟု ဦးလှကြည်ကပြောပါသည်။
ယမကာသမားတစ်ဦး၏ အလောင်းကိုမြေချရန် လာရောက်ကြသည့် လူအုပ်စုအတွင်းမှ အမျိုးသမီးတစ်ဦးကို ထိုယမကာသမား၏ ၀ိညာဉ်က ၀င်ရောက်ပူးကပ်ခြင်းဖြစ်ပြီး မျက်နှာအမူအရာနှင့်အသံပါ ပြောင်းလဲသွားကာ အရက်တိုက်ရန်တောင်းဆိုခြင်း ဖြစ်သည်ဟုဆိုသည်။
“အလောင်းတောင် ကားပေါ်ကမချရသေးဘူး။ ၀င်ပူးတာ။ အရက်တိုက်ပါဆိုတဲ့အသံက သေသွားတဲ့လူရဲ့အသံနဲ့။ ပါးစပ်ထဲကို အရက်ထည့်ပေးလိုက်မှ ထွက်သွားတယ်” ဟု ဦးလှကြည်က ရှင်းပြသည်။ သို့သော် ထိုဖြစ်ရပ်က သူနှင့် ခပ်လှမ်းလှမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သူရောက်ရှိသွားသောအခါ ပူးကပ်ခြင်းမရှိတော့ပေ။
ဦးလှကြည်က ပဲခူးမြို့မှ ဖားကန်သုသာန်တွင် တာဝန်ခံအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။ ယခင်က စည်ပင်၊ သန့်ရှင်းရေးဌာနတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး တာဝန်အရ သုသာန်သို့ ပြောင်းရွှေ့လာရခြင်းပင်။ ဦးလှကြည်နှင့်အတူ ဇနီးသည်ကလည်း အလောင်းထည့်သည့် ပျဉ်ခေါင်းများပြုလုပ်ကာ ရောင်းချသည့်အလုပ်ဖြင့် စားသောက်ကြရသည်။
သုသာန်မြေအတွင်းမှ အိမ်လေးတစ်လုံးတွင် နေထိုင်ကြသော်လည်း သူတို့မိသားစုမှာ ကြောက်ရွံ့ခြင်းမရှိ။ နာနာဘာဝဖြစ်ရပ်များကို ယုံကြည်သော်လည်း တစ်ကြိမ်တစ်ခါမှ ကိုယ်တိုင်ကြုံတွေ့ဖူးခြင်း မရှိသဖြင့် ထူးခြားစွာကြောက်လန့် ခြင်းမဖြစ်ကြောင်း သူတို့ကဆိုကြသည်။
“ဒီကို စရောက်ကတည်းက သုသာန်ထဲမှာ ပြောထားတယ်။ အသင်တို့ကိုမနှောင့်ယှက်ပါဘူး။
ကျွန်ုပ်ကိုလည်း မနှောင့်ယှက်ပါနဲ့။ တာဝန်အရ လာရတာပါဆိုပြီး။ ဗုဒ္ဓဘာသာရဲ့
စာပေတွေအရ၊ ကျွန်တော့်ဖြတ်သန်းမှုတွေအရ မယုံလို့မရပါဘူး။ အရင်ကဆို
ဒီသုသာန်က ကြမ်းတယ်လို့နာမည်ကြီးတယ်။ အခုနောက်ပိုင်း စည်ပင်ကကိုင်တော့
နိုင်ငံတော်အာဏာနဲ့ ကိုင်ထားတာပေါ့” ဟု ဦးလှကြည်က သူနေထိုင်ရပုံကို
ရှင်းပြသည်။
မြန်မာ့ရှေးရိုးစွဲအယူအဆအရ သချုင်းဆိုလျှင် မဖဲဝါပိုင်ဆိုင်သည်ဟု အယူအစွဲရှိပြီး ပိုင်ရာဆိုင်ရာ ပုဂ္ဂိုလ်များ၊ အပင်စောင့်နတ်
များ၊ နာနာဘာဝဇာတ်လမ်းများက သုသာန်တိုင်းတွင် ရှိနေခဲ့သည်။ သုသာန်တာဝန်ခံများကတော့ ဘုရားရှိခိုးခြင်း၊ မေတ္တာပို့ခြင်းတို့နှင့်သာ ပြေလည်အောင် နေထိုင်ကြသည်ဟု ဆိုကြပါသည်။
“ဒီသုသာန်ထဲက ညောင်ကြတ်ပင်ကြီးဆိုရင် ဘုန်းကြီး ဖြတ်လျှောက်ရင်တောင် ခဲနဲ့ပေါက်တာ။ တစ်ခါတုန်းက ကောင်မလေးတစ်ယောက် ဗီဒီယိုကြည့်ပြီးအပြန် အပင်အောက်အပေါ့သွားမိတာ ပြန်ထလို့ကိုမရတော့ဘူး။ လက်ဖက်နဲ့ကွမ်းနဲ့ တောင်းပန်ခဲ့ရတယ်။ သရဲမရှိဘူးလို့ ပြောလို့မရပါဘူး။ မြင်တော့မမြင်ရဘူး။ ဒါပေမဲ့ တိုက်ဆိုင်မှုတွေ များလာတော့ မယုံလို့မရဘူးဖြစ်နေတယ်” ဟု ပဲခူးမြို့၊ ဖောင်တော်ဦးသုသာန်မှ အသက် ၅၈ နှစ်အရွယ် တာဝန်ခံ ဦးအုန်းလှိုင် ကဆိုသည်။
ဦးအုန်းလှိုင်ထံတွင် ကျင်းတူးခြင်း၊ အခေါင်းစပ်ခြင်းတို့ကို လုပ်ကိုင်နေသည့် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးကတော့ “သရဲ ဆိုတာ မမြင်ဖူးတော့ ယုံချင်စိတ်လည်းမရှိဘူး” ဟု ပြောလာသည်။
သန်လျင်၊ ပျဉ်ထောင်ကျောင်းသုသာန်မှ ကျင်းတူးသမား တစ်ဦးကလည်း “အယုံအကြည်မရှိဘူးလည်း မဟုတ်ဘူး။ ခြောက်တာတွေတော့ ရှိတယ်။ ကိုယ်တိုင်တော့မကြုံဖူးဘူး” ဟု ပြောသည်။
သုသာန်အပြောင်းအရွှေ့များတွင်
ဝိညာဉ်များကို ကားဖြင့်သယ်ဆောင်ခြင်း၊ ကားနောက်တွင် မမြင်ရသည့်
အလေးချိန်များ ပြည့်နေသည့်အတွက် ကားထွက်မရခြင်း၊ အစိုးရအာဏာဖြင့်
အမိန့်ပေးရခြင်း စသည့် ဖြစ်ရပ်များကတော့ နယ်များမှာသာမက
မြို့ကြီးများမှာပင် နာမည်ကျော်ကြားနေဆဲဖြစ်သည်။
ခြောက်လှန့်ပူးကပ်ခြင်း၊ ထန်းသီးခန့်ကြီးသည့်မျက်လုံးနှင့် ထန်းပင်ခန့်ရှည်သည့်အရပ်ကြီးနှင့်သရဲ၊
ကိုယ်ထင်ပြသည့် ဒေါ်ကုလားမသရဲ၊ လမ်းတွင် ဆိုင်ကယ်ပေါ်တက်လိုက်လာသည့်
ဆံနီမသရဲ၊ အုတ်ခုံမှာ ထိုင်နေသည့် သရဲမကြီးနှစ်ဦးစသည့် ဖြစ်ရပ်ဆန်းကြယ်
ဇာတ်လမ်းများက သုသာန်တွေမှာ နာမည်ကြီးစမြဲဖြစ်သည်။
ထိုသို့ နာနာဘာဝ ခြောက်လှန့်ခြင်းများကို ပြောပြသူတို့ကလည်း ကိုယ်တိုင်ကြုံတွေ့ခြင်း မဟုတ်ဘဲ တစ်ဆင့်စကားဖြင့် ပြန်ပြောသည်က များကြလေသည်။
သုသာန်တွင် နေ့ရောညပါ နေထိုင်လုပ်ကိုင်နေကြသူများ ကတော့ သရဲတစ္ဆေခြောက်လှန့် ခြင်းကို တစ်ကြိမ်တစ်ခါမှ မကြုံ တွေ့ခဲ့ကြရကြောင်း တညီတညွတ်တည်း ပြောကြပါသည်။
“ကိုယ့်ကိုအရိပ်အယောင်ပြ ခြောက်လှန့်ဖို့နေနေသာသာ သူတောင်မှပဲ နာရီဝက်လောက်မှာ ပြာဘ၀ ရောက်သွားတာ။ ဒီလို
အယူတွေက မရှိတာ ကောင်းပါတယ်” ဟု ရန်ကုန်မြို့၊ ရေဝေးသုသာန်မှ မီးသင်္ဂြိုဟ်ပေးနေသည့် စည်ပင်ဝန်ထမ်းတစ်ဦးက ပြောသည်။ ၅၁ နှစ်အရွယ် ဦးလှကြည်ကလည်း “နောက်ဆုံးတော့ စိတ်ပါပဲ” ဟု ဆိုပါသည်။
သုသာန်တာဝန်ခံများသည် သုဘရာဇာ ၀တ္ထုများနှင့် ဗီဒီယိုဇာတ်လမ်းများထဲမှ အရက်သေစာသောက်စားခြင်း၊ ရုပ်ရည်ကြမ်း
တမ်းခြင်းစသည့် ပုံရိပ်များမဟုတ်ကြပါ။ ယနေ့ခေတ် သုသာန်တာဝန်ခံများသည် အရက်သေစာသောက်စားမှုကို ရှောင်ကြဉ်ရုံသာမက သူတို့၏ လက်အောက်မှ ကျင်းတူးသူ၊ အခေါင်းစပ်သူတို့ကိုလည်း သောက်စားမူးယစ်ခြင်း တားမြစ်ထားကြသည်။
“လူတွေက ကိုယ့်အပူနဲ့ ကိုယ်လာကြတာ။ ကိုယ်ကမူးယစ်နေပြီး အမှားလုပ်မိရင် သူတို့တွေ ပိုပြီးစိတ်မကောင်း ဖြစ်ရမှာပေါ့” ဟု သန်လျင်မြို့နယ်၊ ပျဉ်ထောင်ကျောင်းသုသာန်မှ ကျင်းတူးသမား ကိုသန့်စင်က ပြောသည်။
သုသာန်တွင် ကျင်းတူးသည့်သူကို ရှာဖွေရသည်ကလည်း အလုပ်တစ်ခုဖြစ်သည်။ သုဘရာဇာဆိုသည့်စကားနှင့် သိက္ခာကျသည်ဟု သတ်မှတ်ထားသည့် ပတ်ဝန်းကျင်တို့ကြောင့် မြေကျင်းတူးသည့် အလုပ်ကို လုပ်ကိုင်မည့်သူ ရှားပါးခြင်းဖြစ်သည်။
သုသာန်တာဝန်ခံများသည် အလောင်းမြှုပ်နှံခြင်း ကိစ္စရပ်များကို ကူညီရုံသာမက၊ အခေါင်းစပ်ခြင်း၊ မှတ်တိုင်ပြုလုပ်ခြင်း၊ အုတ်ဂူဆောက်ပေးခြင်းတို့ကို ပါ
ဆောင်ရွက်ကြသည်ကို တွေ့ရသည်။ အလောင်းမြှုပ်နှံရန် ကျင်းတစ်ကျင်းတူးလျှင်
ကျင်းတူးသမားကို ငွေလေးထောင်ကျပ်ခန့် ပေးရသည်။ သစ်သားအခေါင်းတစ်လုံးရောင်း ချရပါက အမြတ်ငွေ
နှစ်ထောင်ကျပ်ခန့် ကျန်ကြသည်။ တာဝန်ခံတစ်ဦး၏ လစာမှာ ခုနစ်သောင်းကျပ်ခန့်သာ ဖြစ်သည်။
ထိုဝင်ငွေများနှင့်ပင် သုသာန်အတွင်း နေထိုင်ကြသည့် မိသားစု၏ စားဝတ်နေရေးကို ဖြေရှင်းကြရသည်။ ဖားကန်သုသာန်မှ ဦးလှကြည်၏ သမီးနှစ်ဦးမှာ ဘွဲ့ရပညာတတ်များဖြစ်ပြီး တစ်ဦးက ပရဟိတလုပ်ငန်းများတွင် ကွန်ပျူတာ
ဆရာမအဖြစ် ဆောင်ရွက်လျက်ရှိသည်။
ဖောင်တော်ဦး သုသာန်မှ ဦးအုန်းလှိုင်၏ သားသမီးများနှင့် မြေးမြစ်များကတော့ သူ၏လုပ်ငန်းကို ၀င်ရောက်ကူညီလုပ်ကိုင်နေ
ကြသည်ကို တွေ့ရသည်။ နိမ့်ကျသည့်အလုပ်ဟု ပတ်ဝန်းကျင်က သတ်မှတ်ထားကြသော်လည်း သူတို့ဝမ်းမနည်းပါ။ သမ္မာအာဇီဝ အလုပ်ဖြစ်၍ မြတ်သည်ဟုသာ ခံယူထားကြသည်ကို တွေ့ရသည်။ သုသာန်တာဝန်ခံ မိသားစုကို
အနီးအနားရပ်ကွက်များက ခွဲခြားဆက်ဆံမှုများ အနည်းငယ်ရှိနေဆဲဖြစ်သည်။ လူတွေသေရင် ကြိုက်မှာပေါ့ဟူသည့် အပြောအဆိုများကို အတော်အားတင်းခံစားခဲ့ရသည်ဟု ဦးလှကြည်ကဆိုပါသည်။
“ကြေးစည်သံကြားမှ ထမင်းစားရတဲ့ လူတွေလို့ အပြောခံရတယ်။ မနာပါဘူး။ သမ္မာအာဇီဝ လုပ်တာပဲလေ” ဟု ကျင်းတူးသမား ကိုသန့်စင်က ပြောသည်။
ဖောင်တော်ဦးသုသာန် တာဝန်ခံ ဦးအုန်းလှိုင်ကတော့ မိသားစုကို အောက်ပါအတိုင်း မှာကြားထားခဲ့သည်။
“အရင်တုန်းက ဒုက္ခရောက်ခဲ့ကြတယ်။ အခု ဒီအလုပ်က အဆင်ပြေတယ်။ သားသမီးတွေ ပညာသင်တာ ဒီအလုပ်ပဲ။ ကိုယ့်ကျေးဇူးရှင်အလုပ်ကို ဘယ်တော့မှ စိတ်မပျက်နဲ့။ အလုပ်ကို မစော်ကားနဲ့လို့မှာထားတယ်” ဟူ၍ဖြစ်သည်။
မန္တလေးမြို့၊ ဗြဟ္မစိုရ် နာရေးကူညီမှုအသင်းမှ ဒုတိယဥက္ကဋ္ဌဦးဝင်းမြင့်က“စဏ္ဍာ လတို့၊
သုဘရာဇာတို့ဆိုတာ လူမှုဝန်းကျင်က အနိမ့်ဆုံးအလုပ်လို့ သတ်မှတ်ထားတာ။
ဒီအလုပ်ကို ဦးကျော်သူတို့လို အောင်မြင်ကျော်ကြားတဲ့ သူတွေတောင်
ရှေ့ဆောင်လမ်းပြလုပ်ပေးနေတာ ဆိုတော့ တချို့တွေရဲ့ ကျဉ်းမြောင်းတဲ့ အယူသီးမှုတွေကို ဖယ်ထုတ်စေချင်ပါတယ်” ဟု မှတ်ချက်ပေးသည်။
ယခင်ခေတ်များက သုသာန်တွင် ကျင်းတူးပေးခြင်း၊ မြေမြှုပ်ပေးခြင်းတို့ကို လုပ်ဆောင်သည့် သုဘရာဇာများရှိခဲ့ကြသည်။ ယခုခေတ်တွင် သုသာန်များကို စည်ပင်သာယာရေးကော်မတီက တာဝန်ယူပြီး တာဝန်ခံများ ခန့်အပ်ထားကြပြီ
ဖြစ်သည်။ နာရေးကူညီမှုအသင်းများ ပေါ်ပေါက်လာသည့်အခါ နယ်မှ သုသာန်တာဝန်ခံအချို့အတွက် အနည်းငယ် အခက်အခဲကြုံကြရသည်ဟု ဆိုသည်။
နာရေးကူညီမှု အသင်းများက အလောင်းကိုပို့ဆောင်ပေးရုံသာမကဘဲ
အခေါင်းများကိုပါ လှူဒါန်းလာကြသောကြောင့် ဦးလှကြည်တို့ သုသာန်အတွင်းမှ
အခေါင်းလွတ်အချို့ ဖုန်တက်လာခဲ့သည်။ သုသာန်မြေအနီးထိ
ရောက်ရှိတိုးချဲ့လာကြသည့် လူနေရပ်ကွက်များကြောင့် ညှော်နံ့ထွက်သည့်
မီးသင်္ဂြိုဟ်ခြင်းကိုလည်း ရပ်ဆိုင်းထားကြခဲ့ရသည်။
တစ်ခါတစ်ရံ ပိုင်ရှင်မဲ့အလောင်းများကို လည်း
သက်ဆိုင်ရာ ရဲစခန်း၊ နာရေးကူညီမှုအသင်းများနှင့် ပူးပေါင်း၍ မြေမြှုပ်ပေး
ကြရသည်။ ငွေမတတ်နိုင်၍ ဖျာလိပ်နှင့်ထမ်းလာသည့် အလောင်းအချို့ကိုလည်း
မေတ္တာဖြင့်ကူညီပေးကြရသည်။ မြေမြှုပ်ပြီး သုံးလခန့်အကြာမှ ရာဇ၀တ်မှုပေါ်၍
အလောင်းပြန်ဖော်ရသည့် ဖြစ်ရပ်များကို ကြုံတွေ့ရသည့်အပြင် တရားရုံးတွင်
သက်သေလိုက်ပေးရခြင်းမျိုးလည်းရှိသည်။
ညဘက်တွင် သုသာန်အတွင်း ဓူတင်ဆောင်၊ တရားကျင့်ကြံတော်မူကြသည့် သံဃာတော်များကိုလည်း စောင့်ရှောက်ပေးခြင်း၊ ၀တ်ကြီးဝတ်ငယ် ပြုစုပေးခြင်းတို့ကို ဆောင်ရွက်ပေးကြရသည်။
ထိုကြားထဲ သုသာန်အပြောင်းအရွှေ့ရှိသည်ဟူသည့်
ကောလာဟလများက ပြန့်တတ်သည့်အတွက် ဦးလှကြည်ကတော့ သုသာန်အတွင်းမှာပင်
“အပြောင်းအရွှေ့မရှိပါ” ဟူ၍ စာရေးထားသည်ကို တွေ့ရသည်။ အယူသီးနေဆဲဖြစ်သည့်
အနီးအနား ရပ်ကွက်များနှင့်လည်း သူတို့ကအဆင်ပြေအောင်နေထိုင် ကြရသည်။
“အရင်ကဆို အသုဘအိမ် ဘယ်နားလဲမေးရင် မကြိုက်ကြဘူး။ အသုဘလာပို့တဲ့ကားက ကိုယ့်အိမ်ရှေ့မှာ ခေါင်းပြန်လှည့်ရင် လက်မခံကြဘူး။ အလောင်းတွေကတော့ ဒုက္ခရောက်လာတဲ့ လူဆိုရင် ကူညီပေးရတာပဲ။ သာရေးဆိုတာက ပိုက်ဆံရှိလို့ လုပ်တာ။ နာရေးက တားလို့မရဘူး။ တချို့ထောင်ထဲမှာ သေတဲ့အ လောင်းတွေဆို ပိုင်ရှင်မဲ့တွေပဲ။ ကိုယ်ကပဲတရားနာတာ၊ ထမင်းထုပ်ထည့်ပေးတာ အကုန်လုပ်ပေးရတယ်” ဟု ဖောင်တော်ဦးသုသာန်မှ ဦးအုန်းလှိုင်က ရှင်းပြသည်။
သို့သော်လည်း တိုးတက်လာသော ခေတ်အရ မြန်မာလူမျိုးတို့သည်လည်း အယူသီးမှုများ ပျောက်ကွယ်ကုန်ကြပါပြီ။ သုသာန်မြေအနီးတွင် ပတ်ပတ်လည် တည်ဆောက်ထားထည့် အိမ်များရှိလာသည်။ ရပ်ကွက်တစ်ခုနှင့် တစ်ခုအကူးကို သုသာန်အလယ်တည့်တည့်မှ လမ်းဖောက်သွားလာနေကြခြင်းများလည်း
ရှိလာသည်။ နိမ့်ကျခြင်း၊ မြင့်မြတ်ခြင်းများလည်း အရာမ၀င်တော့။
သုသာန်မြေများသည် ညသန်းခေါင်တွင် ခွေးအူသံတညံညံဖြင့် ကြောက်စရာမဟုတ်တော့။
“ခွေးတွေကတော့ မိတ်လိုက်တဲ့ရာသီဆို တစ်ကောင်အူရင် ဆက်တိုက်အူကြတော့တာပဲ” ဟု ဦးအုန်းလှိုင်က သုသာန်အတွင်းရှိ ခွေးများကို မေးငေါ့ပြောရင်း သဘောတကျ ရယ်နေသည်။
ရှေးမြန်မာခေတ်များတွင် အခေါင်းစပ်ခြင်း၊ အလှဆင်ယင်ခြင်း၊ အလောင်းထမ်းခြင်း၊ တွင်းတူးခြင်း၊ မြေမြှုပ်မီးရှို့၍ အရိုး
ကောက်ခြင်း စသည့် စဏ္ဍာလငါးမျိုးရှိသည်ဟု ကျမ်းများတွင် ဖော်ပြထားသည်။ ထိုအလုပ်ကို လုပ်ကိုင်သူတို့ကိုလည်း သုဘရာဇာဟူ၍ အမည်တွင် သတ်မှတ်ထားခဲ့ကြသည်။ ယခုအခါမှာတော့ သုသာန်တာဝန်ခံတို့သာရှိပါတော့သည်။
သန်လျင်မြို့၊ ပျဉ်ထောင်ကျောင်းသုသာန် တာဝန်ခံဦးစံရှားကတော့ “နိမ့်ကျတဲ့အလုပ်ကို မြင့်မြတ်တဲ့ပုဂ္ဂိုလ်တို့က လုပ်ဆောင်ကြတယ်။ အဘကတော့ ဒီအလုပ်ကို မြတ်တဲ့အလုပ်လို့ ယူဆတယ်” ဟု သူ၏ ခံယူချက်ကိုပြောပါသည်။
သုသာန်စောင့် မဖဲဝါပိုင်ဆိုင်သည့် သင်္ချိုင်းမြေတစ်ခုအတွင်းမှ ပေါက်တူးပေါက်သံ တဒုတ်ဒုတ် ထွက်ပေါ်လာသည်။ နေ့လယ်ခင်း လေပြည်ညင်းကြောင့် လွင့်ပါနေသည့် ရွက်ခြောက်တို့အသံ တရှဲရှဲက မြေကျင်းပေါက်သံနှင့်အတူရော
ထွေးနေသည်။ မကြာမီမှာ ကြေးစည်သံတဒူဒူဖြင့် အသုဘ သံဝေဂသံကို ကြားရမည်။ ငိုကြွေးသံများလည်း ပျံ့လွင့်လာလိမ့်မည်။
၂၀၁၃၊ မတ်လ ၉ ရက်နေ့ ညနေပိုင်းတွင် မြှုပ်နှံမည့် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ အသုဘအတွက် ဖားကန်သုသာန် တာဝန်ခံ ဦးလှကြည်၏ ဇနီးဖြစ်သူက သစ်သားမှတ်တိုင်ပေါ်တွင် အမည်နှင့် အသက်ကို ဆေးဖြင့် ရေးထိုးနေသည်။
ဦးလှကြည်ကတော့ သူ့ဆီရောက်လာသည့် ရုပ်အလောင်းအတွက် သံဃာပင့်၍ သရဏဂုံတင်နိုင်ရန်အလို့ငှာ အနီးအနား ဘုန်းကြီးကျောင်းတစ်ကျောင်း ဆီသို့ ခပ်အေးအေးပင် ဆေးပေါ့လိပ်ဖွာလျက် လှမ်းထွက်သွားလေသည်။
Ref: http://www.facebook.com/photo.php?fbid=504837129577926&set=a.143690359025940.27935.103865773008399&type=1
ယမကာသမားတစ်ဦး၏ အလောင်းကိုမြေချရန် လာရောက်ကြသည့် လူအုပ်စုအတွင်းမှ အမျိုးသမီးတစ်ဦးကို ထိုယမကာသမား၏ ၀ိညာဉ်က ၀င်ရောက်ပူးကပ်ခြင်းဖြစ်ပြီ
“အလောင်းတောင် ကားပေါ်ကမချရသေးဘူး။ ၀င်ပူးတာ။ အရက်တိုက်ပါဆိုတဲ့အသံက သေသွားတဲ့လူရဲ့အသံနဲ့။ ပါးစပ်ထဲကို အရက်ထည့်ပေးလိုက်မှ ထွက်သွားတယ်” ဟု ဦးလှကြည်က ရှင်းပြသည်။ သို့သော် ထိုဖြစ်ရပ်က သူနှင့် ခပ်လှမ်းလှမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သူရောက်ရှိသွားသောအခါ ပူးကပ်ခြင်းမရှိတော့ပေ။
ဦးလှကြည်က ပဲခူးမြို့မှ ဖားကန်သုသာန်တွင် တာဝန်ခံအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။ ယခင်က စည်ပင်၊ သန့်ရှင်းရေးဌာနတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး တာဝန်အရ သုသာန်သို့ ပြောင်းရွှေ့လာရခြင်းပင်။ ဦးလှကြည်နှင့်အတူ ဇနီးသည်ကလည်း အလောင်းထည့်သည့် ပျဉ်ခေါင်းများပြုလုပ်ကာ ရောင်းချသည့်အလုပ်ဖြင့် စားသောက်ကြရသည်။
သုသာန်မြေအတွင်းမှ အိမ်လေးတစ်လုံးတွင် နေထိုင်ကြသော်လည်း သူတို့မိသားစုမှာ ကြောက်ရွံ့ခြင်းမရှိ။ နာနာဘာဝဖြစ်ရပ်များကို ယုံကြည်သော်လည်း တစ်ကြိမ်တစ်ခါမှ ကိုယ်တိုင်ကြုံတွေ့ဖူးခြင်း
“ဒီကို စရောက်ကတည်းက သုသာန်ထဲမှာ ပြောထားတယ်။ အသင်တို့ကိုမနှောင့်ယှက်ပါဘ
မြန်မာ့ရှေးရိုးစွဲအယူအဆအရ သချုင်းဆိုလျှင် မဖဲဝါပိုင်ဆိုင်သည်ဟု အယူအစွဲရှိပြီး ပိုင်ရာဆိုင်ရာ ပုဂ္ဂိုလ်များ၊ အပင်စောင့်နတ်
များ၊ နာနာဘာဝဇာတ်လမ်းများက သုသာန်တိုင်းတွင် ရှိနေခဲ့သည်။ သုသာန်တာဝန်ခံများကတော့ ဘုရားရှိခိုးခြင်း၊ မေတ္တာပို့ခြင်းတို့နှင့်သာ ပြေလည်အောင် နေထိုင်ကြသည်ဟု ဆိုကြပါသည်။
“ဒီသုသာန်ထဲက ညောင်ကြတ်ပင်ကြီးဆိုရင် ဘုန်းကြီး ဖြတ်လျှောက်ရင်တောင် ခဲနဲ့ပေါက်တာ။ တစ်ခါတုန်းက ကောင်မလေးတစ်ယောက် ဗီဒီယိုကြည့်ပြီးအပြန် အပင်အောက်အပေါ့သွားမိတာ ပြန်ထလို့ကိုမရတော့ဘူး။ လက်ဖက်နဲ့ကွမ်းနဲ့ တောင်းပန်ခဲ့ရတယ်။ သရဲမရှိဘူးလို့ ပြောလို့မရပါဘူး။ မြင်တော့မမြင်ရဘူး။ ဒါပေမဲ့ တိုက်ဆိုင်မှုတွေ များလာတော့ မယုံလို့မရဘူးဖြစ်နေတယ်” ဟု ပဲခူးမြို့၊ ဖောင်တော်ဦးသုသာန်မှ အသက် ၅၈ နှစ်အရွယ် တာဝန်ခံ ဦးအုန်းလှိုင် ကဆိုသည်။
ဦးအုန်းလှိုင်ထံတွင် ကျင်းတူးခြင်း၊ အခေါင်းစပ်ခြင်းတို့ကို လုပ်ကိုင်နေသည့် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးကတော့ “သရဲ ဆိုတာ မမြင်ဖူးတော့ ယုံချင်စိတ်လည်းမရှိဘူး” ဟု ပြောလာသည်။
သန်လျင်၊ ပျဉ်ထောင်ကျောင်းသုသာန်မှ ကျင်းတူးသမား တစ်ဦးကလည်း “အယုံအကြည်မရှိဘူးလည်း မဟုတ်ဘူး။ ခြောက်တာတွေတော့ ရှိတယ်။ ကိုယ်တိုင်တော့မကြုံဖူးဘူး”
သုသာန်အပြောင်းအရွှေ့များတွင
ခြောက်လှန့်ပူးကပ်ခြင်း၊ ထန်းသီးခန့်ကြီးသည့်မျက်လုံ
ထိုသို့ နာနာဘာဝ ခြောက်လှန့်ခြင်းများကို ပြောပြသူတို့ကလည်း ကိုယ်တိုင်ကြုံတွေ့ခြင်း မဟုတ်ဘဲ တစ်ဆင့်စကားဖြင့် ပြန်ပြောသည်က များကြလေသည်။
သုသာန်တွင် နေ့ရောညပါ နေထိုင်လုပ်ကိုင်နေကြသူများ
“ကိုယ့်ကိုအရိပ်အယောင်ပြ ခြောက်လှန့်ဖို့နေနေသာသာ သူတောင်မှပဲ နာရီဝက်လောက်မှာ ပြာဘ၀ ရောက်သွားတာ။ ဒီလို
အယူတွေက မရှိတာ ကောင်းပါတယ်” ဟု ရန်ကုန်မြို့၊ ရေဝေးသုသာန်မှ မီးသင်္ဂြိုဟ်ပေးနေသည့် စည်ပင်ဝန်ထမ်းတစ်ဦးက ပြောသည်။ ၅၁ နှစ်အရွယ် ဦးလှကြည်ကလည်း “နောက်ဆုံးတော့ စိတ်ပါပဲ” ဟု ဆိုပါသည်။
သုသာန်တာဝန်ခံများသည် သုဘရာဇာ ၀တ္ထုများနှင့် ဗီဒီယိုဇာတ်လမ်းများထဲမှ အရက်သေစာသောက်စားခြင်း၊ ရုပ်ရည်ကြမ်း
တမ်းခြင်းစသည့် ပုံရိပ်များမဟုတ်ကြပါ။ ယနေ့ခေတ် သုသာန်တာဝန်ခံများသည် အရက်သေစာသောက်စားမှုကို ရှောင်ကြဉ်ရုံသာမက သူတို့၏ လက်အောက်မှ ကျင်းတူးသူ၊ အခေါင်းစပ်သူတို့ကိုလည်း သောက်စားမူးယစ်ခြင်း တားမြစ်ထားကြသည်။
“လူတွေက ကိုယ့်အပူနဲ့ ကိုယ်လာကြတာ။ ကိုယ်ကမူးယစ်နေပြီး အမှားလုပ်မိရင် သူတို့တွေ ပိုပြီးစိတ်မကောင်း ဖြစ်ရမှာပေါ့” ဟု သန်လျင်မြို့နယ်၊ ပျဉ်ထောင်ကျောင်းသုသာန်မှ ကျင်းတူးသမား ကိုသန့်စင်က ပြောသည်။
သုသာန်တွင် ကျင်းတူးသည့်သူကို ရှာဖွေရသည်ကလည်း အလုပ်တစ်ခုဖြစ်သည်။ သုဘရာဇာဆိုသည့်စကားနှင့် သိက္ခာကျသည်ဟု သတ်မှတ်ထားသည့် ပတ်ဝန်းကျင်တို့ကြောင့် မြေကျင်းတူးသည့် အလုပ်ကို လုပ်ကိုင်မည့်သူ ရှားပါးခြင်းဖြစ်သည်။
သုသာန်တာဝန်ခံများသည် အလောင်းမြှုပ်နှံခြင်း ကိစ္စရပ်များကို ကူညီရုံသာမက၊ အခေါင်းစပ်ခြင်း၊ မှတ်တိုင်ပြုလုပ်ခြင်း၊ အုတ်ဂူဆောက်ပေးခြင်းတို့ကို
နှစ်ထောင်ကျပ်ခန့် ကျန်ကြသည်။ တာဝန်ခံတစ်ဦး၏ လစာမှာ ခုနစ်သောင်းကျပ်ခန့်သာ ဖြစ်သည်။
ထိုဝင်ငွေများနှင့်ပင် သုသာန်အတွင်း နေထိုင်ကြသည့် မိသားစု၏ စားဝတ်နေရေးကို ဖြေရှင်းကြရသည်။ ဖားကန်သုသာန်မှ ဦးလှကြည်၏ သမီးနှစ်ဦးမှာ ဘွဲ့ရပညာတတ်များဖြစ်ပြီး တစ်ဦးက ပရဟိတလုပ်ငန်းများတွင် ကွန်ပျူတာ
ဆရာမအဖြစ် ဆောင်ရွက်လျက်ရှိသည်။
ဖောင်တော်ဦး သုသာန်မှ ဦးအုန်းလှိုင်၏ သားသမီးများနှင့် မြေးမြစ်များကတော့ သူ၏လုပ်ငန်းကို ၀င်ရောက်ကူညီလုပ်ကိုင်နေ
ကြသည်ကို တွေ့ရသည်။ နိမ့်ကျသည့်အလုပ်ဟု ပတ်ဝန်းကျင်က သတ်မှတ်ထားကြသော်လည်း သူတို့ဝမ်းမနည်းပါ။ သမ္မာအာဇီဝ အလုပ်ဖြစ်၍ မြတ်သည်ဟုသာ ခံယူထားကြသည်ကို တွေ့ရသည်။ သုသာန်တာဝန်ခံ မိသားစုကို
အနီးအနားရပ်ကွက်များက ခွဲခြားဆက်ဆံမှုများ အနည်းငယ်ရှိနေဆဲဖြစ်သည်။ လူတွေသေရင် ကြိုက်မှာပေါ့ဟူသည့် အပြောအဆိုများကို အတော်အားတင်းခံစားခဲ့ရသည်ဟု
“ကြေးစည်သံကြားမှ ထမင်းစားရတဲ့ လူတွေလို့ အပြောခံရတယ်။ မနာပါဘူး။ သမ္မာအာဇီဝ လုပ်တာပဲလေ” ဟု ကျင်းတူးသမား ကိုသန့်စင်က ပြောသည်။
ဖောင်တော်ဦးသုသာန် တာဝန်ခံ ဦးအုန်းလှိုင်ကတော့ မိသားစုကို အောက်ပါအတိုင်း မှာကြားထားခဲ့သည်။
“အရင်တုန်းက ဒုက္ခရောက်ခဲ့ကြတယ်။ အခု ဒီအလုပ်က အဆင်ပြေတယ်။ သားသမီးတွေ ပညာသင်တာ ဒီအလုပ်ပဲ။ ကိုယ့်ကျေးဇူးရှင်အလုပ်ကို ဘယ်တော့မှ စိတ်မပျက်နဲ့။ အလုပ်ကို မစော်ကားနဲ့လို့မှာထားတယ်” ဟူ၍ဖြစ်သည်။
မန္တလေးမြို့၊ ဗြဟ္မစိုရ် နာရေးကူညီမှုအသင်းမှ ဒုတိယဥက္ကဋ္ဌဦးဝင်းမြင့်က“စဏ္ဍာ
ယခင်ခေတ်များက သုသာန်တွင် ကျင်းတူးပေးခြင်း၊ မြေမြှုပ်ပေးခြင်းတို့ကို လုပ်ဆောင်သည့် သုဘရာဇာများရှိခဲ့ကြသည်။ ယခုခေတ်တွင် သုသာန်များကို စည်ပင်သာယာရေးကော်မတီက တာဝန်ယူပြီး တာဝန်ခံများ ခန့်အပ်ထားကြပြီ
ဖြစ်သည်။ နာရေးကူညီမှုအသင်းများ ပေါ်ပေါက်လာသည့်အခါ နယ်မှ သုသာန်တာဝန်ခံအချို့အတွက် အနည်းငယ် အခက်အခဲကြုံကြရသည်ဟု ဆိုသည်။
နာရေးကူညီမှု အသင်းများက အလောင်းကိုပို့ဆောင်ပေးရုံသ
တစ်ခါတစ်ရံ ပိုင်ရှင်မဲ့အလောင်းများကို
ညဘက်တွင် သုသာန်အတွင်း ဓူတင်ဆောင်၊ တရားကျင့်ကြံတော်မူကြသည့် သံဃာတော်များကိုလည်း စောင့်ရှောက်ပေးခြင်း၊ ၀တ်ကြီးဝတ်ငယ် ပြုစုပေးခြင်းတို့ကို ဆောင်ရွက်ပေးကြရသည်။
ထိုကြားထဲ သုသာန်အပြောင်းအရွှေ့ရှိသည်ဟ
“အရင်ကဆို အသုဘအိမ် ဘယ်နားလဲမေးရင် မကြိုက်ကြဘူး။ အသုဘလာပို့တဲ့ကားက ကိုယ့်အိမ်ရှေ့မှာ ခေါင်းပြန်လှည့်ရင် လက်မခံကြဘူး။ အလောင်းတွေကတော့ ဒုက္ခရောက်လာတဲ့ လူဆိုရင် ကူညီပေးရတာပဲ။ သာရေးဆိုတာက ပိုက်ဆံရှိလို့ လုပ်တာ။ နာရေးက တားလို့မရဘူး။ တချို့ထောင်ထဲမှာ သေတဲ့အ လောင်းတွေဆို ပိုင်ရှင်မဲ့တွေပဲ။ ကိုယ်ကပဲတရားနာတာ၊ ထမင်းထုပ်ထည့်ပေးတာ အကုန်လုပ်ပေးရတယ်” ဟု ဖောင်တော်ဦးသုသာန်မှ ဦးအုန်းလှိုင်က ရှင်းပြသည်။
သို့သော်လည်း တိုးတက်လာသော ခေတ်အရ မြန်မာလူမျိုးတို့သည်လည်း အယူသီးမှုများ ပျောက်ကွယ်ကုန်ကြပါပြီ။ သုသာန်မြေအနီးတွင် ပတ်ပတ်လည် တည်ဆောက်ထားထည့် အိမ်များရှိလာသည်။ ရပ်ကွက်တစ်ခုနှင့် တစ်ခုအကူးကို သုသာန်အလယ်တည့်တည့်မှ လမ်းဖောက်သွားလာနေကြခြင်းမျ
“ခွေးတွေကတော့ မိတ်လိုက်တဲ့ရာသီဆို တစ်ကောင်အူရင် ဆက်တိုက်အူကြတော့တာပဲ” ဟု ဦးအုန်းလှိုင်က သုသာန်အတွင်းရှိ ခွေးများကို မေးငေါ့ပြောရင်း သဘောတကျ ရယ်နေသည်။
ရှေးမြန်မာခေတ်များတွင် အခေါင်းစပ်ခြင်း၊ အလှဆင်ယင်ခြင်း၊ အလောင်းထမ်းခြင်း၊ တွင်းတူးခြင်း၊ မြေမြှုပ်မီးရှို့၍ အရိုး
ကောက်ခြင်း စသည့် စဏ္ဍာလငါးမျိုးရှိသည်ဟု ကျမ်းများတွင် ဖော်ပြထားသည်။ ထိုအလုပ်ကို လုပ်ကိုင်သူတို့ကိုလည်း သုဘရာဇာဟူ၍ အမည်တွင် သတ်မှတ်ထားခဲ့ကြသည်။ ယခုအခါမှာတော့ သုသာန်တာဝန်ခံတို့သာရှိပါတေ
သန်လျင်မြို့၊ ပျဉ်ထောင်ကျောင်းသုသာန် တာဝန်ခံဦးစံရှားကတော့ “နိမ့်ကျတဲ့အလုပ်ကို မြင့်မြတ်တဲ့ပုဂ္ဂိုလ်တို့က လုပ်ဆောင်ကြတယ်။ အဘကတော့ ဒီအလုပ်ကို မြတ်တဲ့အလုပ်လို့ ယူဆတယ်” ဟု သူ၏ ခံယူချက်ကိုပြောပါသည်။
သုသာန်စောင့် မဖဲဝါပိုင်ဆိုင်သည့် သင်္ချိုင်းမြေတစ်ခုအတွင်းမှ ပေါက်တူးပေါက်သံ တဒုတ်ဒုတ် ထွက်ပေါ်လာသည်။ နေ့လယ်ခင်း လေပြည်ညင်းကြောင့် လွင့်ပါနေသည့် ရွက်ခြောက်တို့အသံ တရှဲရှဲက မြေကျင်းပေါက်သံနှင့်အတူရော
ထွေးနေသည်။ မကြာမီမှာ ကြေးစည်သံတဒူဒူဖြင့် အသုဘ သံဝေဂသံကို ကြားရမည်။ ငိုကြွေးသံများလည်း ပျံ့လွင့်လာလိမ့်မည်။
၂၀၁၃၊ မတ်လ ၉ ရက်နေ့ ညနေပိုင်းတွင် မြှုပ်နှံမည့် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ အသုဘအတွက် ဖားကန်သုသာန် တာဝန်ခံ ဦးလှကြည်၏ ဇနီးဖြစ်သူက သစ်သားမှတ်တိုင်ပေါ်တွင် အမည်နှင့် အသက်ကို ဆေးဖြင့် ရေးထိုးနေသည်။
ဦးလှကြည်ကတော့ သူ့ဆီရောက်လာသည့် ရုပ်အလောင်းအတွက် သံဃာပင့်၍ သရဏဂုံတင်နိုင်ရန်အလို့ငှာ အနီးအနား ဘုန်းကြီးကျောင်းတစ်ကျောင်း
Ref: http://www.facebook.com/photo.php?fbid=504837129577926&set=a.143690359025940.27935.103865773008399&type=1
မြန်မာပြော ပါဠိပြော ၃ / မောင်ခင်မင်၊ဓနုဖြူ၊ (ရွှေအမြုတေ မဂ္ဂဇင်း ဧပြီလ ၂၀၁၃)
ပုဂံခေတ်တွင် ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားသည် နှင့်အတူ ပုဂံသားတို့သည် ပါဠိပိဋကတ်
မောင်ခင်မင်၊ဓနုဖြူ၊
(ရွှေအမြုတေ မဂ္ဂဇင်း ဧပြီလ ၂၀၁၃)
စာပေများကို အပတ်တကုတ် လေ့လာကြပြီးနောက်
ပါဠိသက္ကတ ဝေါဟာရများကို မြန်မာဘာသာပြန်၍ “မြန်မာပြော” ပြောရန် အားထုတ်ကြ
သကဲ့သို့ မြန်မာ့လျှာနှင့် လိုက်ဖက်အောင် အသံလှယ်၍ “ပါဠိပြော” ပြောရန်
အားထုတ်ကြခြင်း လည်း ရှိပုံကို တင်ပြခဲ့ပါသည်။ ပါဠိဘာသာ လေ့လာမှု ကိုယ်ခံ
အားကောင်းလာ သောအခါ အထူးသဖြင့် စကားပြေ အပိုင်းတွင် ပါဠိပြော ပြောသည့်ဘက်၌
အားသန် လာသည်ကို တွေ့ရ ပါသည်။
ပုဂံသားတို့သည် ပါဠိဘာသာ စကားကို လေ့လာရင်း မိခင်ဘာသာ ဖြစ်သော မြန်မာဘာသာ စကား ကိုလည်း အထိုက်အလျောက် လေ့လာမှု ပြုခဲ့ပါသည်။ သို့သော် ဝေါဟာရ သဘောကို စူးစမ်း လေ့လာသည့် အဆင့်သာရှိပြီး ဘာသာစကား၏ အချက်အချာ ဖြစ်သော ၀ါကျသဘောကို စူးစမ်းလေ့လာသည့် အဆင့်သို့ ပီပီပြင်ပြင် မရောက်ခဲ့ဟု ဆိုရမည်ဖြစ်ပါ သည်။ ဤနေရာတွင် ဆရာကြီး ဦးဖေမောင်တင်၏ အဆိုအမိန့် တစ်ခုကို ဖော်ပြ လိုပါသည်။ ဆရာကြီးက ပုဂံခေတ်တွင် ရှင်အဂ်္ဂ၀ံသ၏ သဒ္ဒနီတိ ကဲ့သို့ အဆင့် မြင့်သော ပါဠိသဒ္ဒါကျမ်း မျိုးကို ပြုစုနိုင်စွမ်းရှိ လာသည်အထိ ပါဠိဘာသာ ကို နိုင်နင်းကျွမ်းကျင် ကြသော်လည်း မြန်မာဘာသာ စကားကို ပြည့်ပြည့်၀၀ အာရုံစူးစိုက်မှု မရှိသေးပုံကို “မြန်မာ သဒ္ဒါကို ရေးသားရန် စိတ်မကူးဘဲ ပါဠိ ဘာသာကို ဤမျှလောက် သင်ကြားရေး သားကြသည်မှာ မှတ်သားဖွယ်တစ်ခု ဖြစ်၏”ဟု မိန့်ဆို ထားပါသည်။
မြန်မာစာပေ သမိုင်းတစ်လျှောက် တွင် သတ်ပုံကျမ်း၊ အဘိဓာန်ကျမ်း၊ ဝေါဟာရ အဖွင့်ကျမ်းတို့ ပေါ်ပေါက်သော်လည်း ဆရာကြီး ဦးဖေမောင်တင် အမိန့်ရှိသကဲ့သို့ပင် မြန်မာသဒ္ဒါကျမ်း ရေးရန် စိတ်ကူးပုံ မရသည့်အတွက် မြန်မာသဒ္ဒါကျမ်း စစ်စစ်ဟူ၍ ကုန်းဘောင်ခေတ်အထိ တစ်စောင် တစ်ဖွဲ့မျှ မပေါ်ခဲ့ဖူးပါ။ ကုန်းဘောင်ခေတ် ကုန်ခါနီးတွင် မိုင်းခိုင်းမြို့စား အတွင်းဝန် ပိဋကတ်တော်အုပ် ဦးယံ ပြုစုသော ပိဋကတ် သမိုင်းတွင် ကျမ်းပေါင်း နှစ်ထောင် ကျော် စာရင်းတင်ရာ၌ ပါဠိသဒ္ဒါကျမ်း အများအပြား ပါဝင်သော်လည်း မြန်မာသဒ္ဒါ ကျမ်းဟူ၍ တစ်စောင်တစ်ဖွဲ့မျှ မတွေ့ရခြင်းကလည်း ထိုအချက်ကို သက်သေခံ နေပါသည်။
ပုဂံခေတ်တွင် ဦးကျည်ပွေ့ဟု ထင်ရှားသော ရဟန်းတော်သည် ဂမ္ဘီရတ္ထ ဂန္ထခေါ် သဒ္ဒါနက် ကျမ်းကို ပြုစုသည်ဟု အဆိုရှိသည်။ ထိုကျမ်းသည် ပါဠိသဒ္ဒါ ငယ်ကျမ်း ဖြစ်သည်။ ထိုကျမ်းတွင် မြန်မာကြိယာ နောက် ဆက်၊ နာမ်နောက်ဆက် နှစ်ဆယ် ကျော်ကို ပါဠိစကားနှင့် တွဲဖက်၍ ဂါထာဖွဲ့ဆိုထားသည်။ “သည် ကား စ ပဌမာဝုတ္တာ၊ ကို သို့ စ ဒုတိယာမတာ”စသည့် ဂါထာဖြစ် သည်။ “တို့ ကုန် မပါ ဧက၀ုစ်ဉေယျာ၊ တို့ ကုန် ပါက ဗဟုဝုစ်မတာ”စသည့် ဂါထာလည်းဖွဲ့သည်။ “စာပေအက္ခရာ တင်ပြီးခါစ မြန်မာစကားကို သဒ္ဒါနည်းအရ စူးစမ်း လေ့လာ သုံးသပ်ခဲ့သည်မှာ မှတ်တမ်း တင်ထိုက်သော စာပေမှတ် တိုင်တစ်ခုဖြစ်သည်”ဟု ဆရာကြီး ဦးဝန် (မင်းသုဝဏ်)က မှတ်ချက် ချ သည်။
“ထိုခေတ်က ပညာရှင်တို့သည် ပါဠိသဒ္ဒါကို သင်ယူပြုစုခိုက် မြန်မာ သဒ္ဒါအနေအထားကို စူးစမ်း လေ့လာသည်။ ထိုနည်းတူစွာ ပါဠိအဘိဓာန်ကို လေ့လာခိုက် မြန်မာဝေါဟာရအနေ အထားကို စူးစမ်း လေ့လာသည်ကိုလည်း တစ်စွန်းတစ်စ တွေ့ရသည်”ဟု ဆရာ ကြီးက မိန့်ဆိုပြီး ပင်းယခေတ် စတုရင်္ဂဗလ အမတ်ကြီးပြုစုသော အဘိဓာန် ဋီကာခေါ် အဘိဓာနပ္ပဒီပိကာတွင် ပါဠိ စကားလုံးအချို့ကို မြန်မာစကားဖြင့် ဘာသာ ပြန်ပြပုံကို သာဓက ဆောင် သည်။ ဆရာကြီးက“ဤဆောင်ရွက် ချက်သည် ပါဠိမြန်မာ နှစ်ဘာသာ အဘိ ဓာန်ကို မျိုးစေ့ချ ခြင်းဖြစ်ကြောင်း မှတ် ချက်ချပြီး မျိုးစေ့ချရုံမျှဖြင့် တင်းတိမ် ရောင့်ရဲမှု မရှိမူ၍ အဘိဓာန် နိသျကို အပြည့်အစုံ ပြုစုခဲ့ပါမူကား ပုဂံခေတ်၊ ပင်းယခေတ် မြန်မာဝေါဟာရ အတော် များများကို ယခုအခါ လေ့လာခွင့်ရရှိ နိုင်ပေမည်” ဟု အားမလို အားမရမှတ် ချက်ချသည်ကို သတိပြုဖွယ်ဖြစ်သည်။
ဆရာကြီး ဦးဝန်၏ အဆိုအမိန့်ကို ကြည့်လျှင် ပုဂံခေတ်၊ ပင်းယခေတ် မြန်မာပညာရှင်များသည် ပါဠိ ဘာသာ ကို ထဲထဲဝင်ဝင် လေ့လာစူးစမ်းသော် လည်း မြန်မာဘာသာကို ပြည့်ပြည့်စုံစုံ မဟုတ်ဘဲ တစ်စွန်း တစ်စသာ လေ့လာခဲ့ ကြကြောင်း ထင်ရှားသိသာပါသည်။ တစ်နည်းဆိုရလျှင် မြန်မာစကားကို မြန်မာပြော ပြောရန်ထက် ပါဠိပြော ပြောရန် အားသန်ခဲ့ကြကြောင်း သိသာ ပါသည်။ ပါဠိကို မြန်မာစကားဖြင့် ရှင်း လင်းဖွင့်ဆိုခြင်းမဟုတ်ဘဲ မြန်မာကို ပါဠိဘာသာဖြင့် ရှင်းလင်း ဖွင့်ဆိုခြင်းကပင် လျှင် ထိုသဘော ထင်ရှား နေပါသည်။
ပုဂံခေတ်ကစ၍ မြန်မာဝေါဟာရ များကို ပါဠိဝါကျဖွဲ့ပုံစနစ်ဖြင့် ပါဠိဝါကျ ဘောင်ထဲတွင် ထည့်၍ ရေးသော ပါဠိ မြန်မာနိသျအရေးအသား ထွန်းကား လာခြင်းကလည်း ပါဠိပြော ပြောသော အလေ့အား ကောင်းလာမှုကို ဖော်ပြနေပါ သည်။ ပါဠိတစ်ချက် မြန်မာတစ်ချက် ပြန်ဆိုသော နိသျ အရေးအသားပေါ် ပေါက်လာရခြင်းမှာ ပါဠိဘာသာသင် ယူနေကြသော စာသင်သားများ မြန်မာ ဘာသာပြန်ဆိုရာတွင် အထောက် အကူ ဖြစ်ရန်အတွက် ထိုအရေးအသားမျိုး တွင်ကျယ်လာခြင်း ဖြစ်သည်ဟု ယူဆ နိုင်ပါသည်။ ပါဠိဘာသာနှင့် မြန်မာဘာ သာသည် မျိုးရိုးမတူသော ဘာသာများ ဖြစ်သည်။ ပါဠိက အင်ဒို ဥရောပမျိုးရိုး ဖြစ်၍ မြန်မာက တိဗက် တရုတ်မျိုးရိုး ဖြစ်သည်။ ထို့ပြင် ပါဠိက ရုပ်ပြောင်း ၀ိဘတ်သွယ် ဘာသာစကားဖြစ်၍ မြန်မာက တစ်သီး ပုဂ္ဂလ ဘာသာစကားဖြစ် သည်။ ပါဠိမြန်မာ နိသျတွင် ပါဠိဘာ သာမှာ အရင်းခံဖြစ်ပြီး မြန်မာဘာသာမှာ ပါဠိ နောက်က လိုက်၍ ဘာသာပြန်ရ ခြင်း ဖြစ်သည့်အတွက် ပါဠိဘာသာ၏ ဖွဲ့ထုံး စည်းကမ်းဘောင်ထဲတွင် မြန်မာ ဝေါဟာရ များထည့်ရသော သဘောဖြစ် သည်။
ပုဂံခေတ်က ကျောက်စာ၊ မင်စာ စကားပြေများကို မြန်မာဘာသာစကား ၏ ဖွဲ့ထုံးအတိုင်း လွတ်လွတ် လပ်လပ် ရေးသော်လည်း နောက်ခေတ်များတွင် နိသျအရေးအသား အားကောင်းလာသော အခါ ပါဠိဝါကျပုံစံ နောက်သို့လိုက်၍ ရေးသော နိသျ စကားပြေအရေးအသား အားကောင်းလာသည်။ ပုဂံ၊ ပင်းယ ကျောက်စာ များ၏နောက်တွင် မြန်မာ စကားပြေသည် နိသျပုံစံဖြင့် အစောဆုံး ပေါ်ပေါက်သည်ဟု ပညာရှင်များ သုံးသပ်ကြ သည်။ သာဓကအားဖြင့် အစော ပိုင်း ပျို့တစ်စောင်ဖြစ်သော ရှင်မဟာ သီလ၀ံသ၏ ပါရမီတော် ခန်းပျို့တွင် ပျို့စာကိုယ် မဖွဲ့မီ ဖော်ပြသော ဗုဒ္ဓ၀င် အဋ္ဌ ကထာနိသျ စကားပြေအပိုဒ်များကို ဖော် ပြပြီး အစောဆုံးစကားပြေ အဖြစ် ဖော်ပြ ထားသည်ကို တွေ့ရပါသည်။
စိတ်ဝင်စားဖွယ် အချက်တစ်ချက် မှာ ထိုခေတ်စာပေများတွင် စကားပြေ သည် ပါဠိပြောပြောသည့် အလေ့အလာ အားကောင်းပြီး ကဗျာသည် မြန်မာပြော ပြောသည့်အစဉ်အလာ အားကောင်းခြင်း ဖြစ်သည်။
ရှေးမြန်မာစာပေတွင် ကဗျာက စကားပြေထက်ပို၍ အားကောင်းပါ သည်။ ကဗျာပိုင်းတွင် ပျို့၊ မော်ကွန်း၊ ဧချင်း၊ ရတုစသည့် ကဗျာပုံသဏ္ဌာန် အမျိုးမျိုး အင်နှင့်အားနှင့် ပေါ်ထွန်း သော်လည်း စကားပြေ ပိုင်းတွင် အင် အားနည်းကြောင်း အထင်အရှားတွေ့ရ ပါသည်။ စကားပြေ အင်အားနည်း ရသည့်အကြောင်း များတွင် ကဗျာကိုပို၍ စိတ်ဝင်စားသော မြန်မာတို့၏ သဘော စရိုက်သည် အကြောင်းတစ်ခု ဖြစ်သကဲ့ သို့ နိဿယ စကားပြေအလေ့အလာ အားကောင်းနေသည့် အတွက် မြန်မာ စကားပြေသန့်သန့် ဘက်သို့ အာရုံပြုမှု နည်းခြင်း သည်လည်း အကြောင်းတစ်ခု ဖြစ်နိုင်ပါသည်။
စကားပြေဘက်တွင် ပါဠိဝါကျဖွဲ့ ပုံနောက်သို့ မြန်မာက လိုက်ရသော နိသျ ပုံစံဖြင့် “ပါဠိပြော”အား ကောင်းသော် လည်း ပျို့၊ မော်ကွန်း၊ ဧချင်းစသည့် ကဗျာများ ရေးဖွဲ့ရာတွင်မူ စကားသုံးပုံ၊ ၀ါကျဖွဲ့ပုံ၊ အလင်္ကာတန်ဆာဆင်ပုံတို့မှာ စကားပြေကဲ့သို့ ပါဠိနောက်မလိုက်ဘဲ မြန်မာဘာသာစကား၏ သွင်ပြင် လက္ခဏာနှင့်အညီ “မြန်မာပြော”အလေ့အလာ အားကောင်းနေသည်ကို တွေ့ရပါ သည်။
နိသျစကားပြေတွင် ပါဠိဝါကျပုံစံ ဘောင်ထဲ၌ မြန်မာဝေါဟာရများ အလိုက်သင့်ဝင်ပြီး ပါဠိနောက် သို့မြန်မာ လိုက်ရရှိသော်လည်း ကဗျာတွင်မူ မြန် မာဘာသာစကား၏ ဖွဲ့ထုံးနှင့်အညီ ဖွဲ့ သော ကဗျာပုံစံထဲတွင် ပါဠိမှ မွေးစား ယူသော ပါဠိသက် စကားလုံးများ အလိုက်သင့်ဝင်ပြီး မြန်မာအသွင် ထင် ရှားနေပုံကို နှိုင်းယှဉ်မြင် တွေ့ရပါသည်။

ဟိတ်! ကိုယ့်တာဝန် ... ကိုယ်ယူ / နာရေးကူညီမှု အသင်း(ရန်ကုန်)
“စည်းကမ်း” ဟူသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၊ လူ့အဖွဲ့အစည်း တစ်ခု၏ စံပြုစရာ မှတ်ကျောက်တစ်ခုပင် ဖြစ်သည်။ နိုင်ငံတစ်ခု၏ လူ့နေမှု အဆင့်အတန်း၊ ယဉ်ကျေးမှု အဆင့်အတန်းနှင့်
ဖွံ့ဖြိုးမှုတို့ကို သိလိုပါလျှင် ထိုနိုင်ငံ၏ သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို တိုင်းသူပြည်သားများ မည်သို့မည်မျှ လိုက်နာကျင့်သုံး ကြသည်ကို ကြည့်ရုံဖြင့် ယေဘူယျအားဖြင့် သိရှိနိုင်ကြပေသည်။ ထို့ ကြောင့်နိုင်ငံ၊ လူမျိုး၊ အသင်းအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီးဆုံးသော အရာများထဲတွင် စည်း ကမ်းသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျှက်ရှိသည်ကို မိဘပြည်သူများအားလုံး လက်ခံကြလိမ့်မည် ဟု ယုံကြည်ပါသည်။ ထို့ကြောင့်ကျွန်တော်တို့ နာရေးကူညီမှု အသင်း(ရန်ကုန်)သည်လည်း အများပြည်သူအား ကူညီနေသော၊ တိုင်းပြည်၏ တာဝန်တစ်စိတ်တစ်ပိုင်းအား မျှဝေထမ်းပိုးနေသော မိဘပြည်သူ အပေါင်းတို့၏ နေ့စဉ်ကြုံတွေ့နေရသော လူမှုဒုက္ခများကို မျှဝေခံစား ကူညီဖေးမနေသော အသင်းအဖွဲ့ တစ်ခုဖြစ်သည်နှင့်အညီ ထို “စည်းကမ်း” ဟူသော လူသားတိုင်း လိုက်နာကျင့်ကြံကြရမည့် “စံ” တစ်ခုအား လက်ကိုင်ပြုကာ ကူညီပေးဆပ်လာခဲ့သည်မှာ (၁၂) နှစ်ခရီးအား ကျော်လွန်လာခဲ့ပြီဖြစ်သည်။
၂ဝ၁၃ ခုနှစ်၊ ဧပြီလ (၆) ရက်နေ့တွင်လည်း ကျွန်တော်တို့ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အသင်းသူ/သားများနှင့် အများပြည်သူတို့အတွက် “စံ” ပြုစရာ လေးစားအားကျ အတုယူဖွယ်ရာ စည်းကမ်းတစ်ခုအား မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါတော့သည်။ ယနေ့ နေ့လည် (၁၁းဝဝ) နာရီခန့်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်) အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ အင်္ဂလန်နိုင်ငံ (Oxford University Student Union) မှ ကျောင်းသားသမဂ္ဂ ဥက္ကဌ (David J.Townsend) ဦးဆောင်၍ နိုင်ငံပေါင်းစုံမှ ကျောင်းသား/သူများ ပါဝင်သောအဖွဲ့သည် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ နာရေးကူညီ လုပ်ကိုင်ေ ဆာင်ရွက် နေမှုများ၊ သုခကုသိုလ်ဖြစ် ဆေးခန်းတွင် လူနာများအား ဆေးကုသ ကူညီဆောင်ရွက်နေမှုများ၊ သုခအလင်းစာကြည့်တိုက်နှင့် သုခအလင်းပညာဒါန သင်တန်းများတို့အား စိတ်ဝင်တစား လေ့လာကြည့်ရှု့ကာ သိလိုသည့် အချက်များအား စိတ်ဝင်တစားမေးမြန်း မှတ်သားနေခဲ့ကြသည်။
၎င်းကျောင်းသားများ အဖွဲ့တွင် ကျောင်းသားသမဂ္ဂ ဥက္ကဌ၏ လက်ထဲတွင် ပီနံလက်ဆွဲအိတ် (၁) လုံး အားသွားလေရာတွင် လက်မှမချစတမ်း ဆွဲကိုင်ထားသည်ကို အမှတ်တမဲ့ တွေ့မြင်ခဲ့ရသည်။ ကျွန်တော်တို့အနေဖြင့် ၄င်း၏ အသုံးအဆောင်ပစ္စည်း တစ်လုံးဖြစ်မည်ဟုသာ ထင်ခဲ့မိလေသည်။ ကျွန်တော်တို့အသင်းမှ တာဝန်ရှိသူများ အသင်းသူ/သားများမှ ၄င်းတို့အား လိုက်လံရှင်းပြ နေကြသောအချိန်တွင် ကျောင်းသားတစ်ဦးမှ ၄င်းသောက်နေသည့် လက်ထဲမှ ရေသန့်ဘူးခွံနှင့် အမှိုက်တစ်ရှုးစများအား ၄င်းအိတ်ထဲသို့ထည့် လိုက်သည်ကို မထင်မှတ်ဘဲ တွေ့မြင်ခဲ့ရသဖြင့် သိလိုသောစိတ်ဆန္ဒကြောင့် မေးမြန်းကြည့်ရာတွင် ၄င်းတို့ သွားလေရာတွင် အသုံးပြုသော ဘူးခွံ၊ ပုလင်းခွံနှင့် အမှိုက်များအား ထည့်ရန်အတွက် ၄င်းတို့သွားလေရာတွင် အမြဲတမ်းယူသွားလေ့ ရှိကြောင်းကို ကျွန်တော်တို့အနေဖြင့် အတုယူဖွယ်ရာ တွေ့မြင်ခဲ့ရပါတော့သည်။
ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှု အသင်း(ရန်ကုန်)အနေဖြင့် ကျွန်တော်တို့၏ အသင်းအဖွဲ့အား ယခုကဲ့သို့ အင်္ဂလန်နိုင်ငံ (Oxford University Student Union)မှ ကျောင်းသူ/သားများ စိတ်ဝင်တစား လာရောက်လေ့လာခြင်းအတွက် ဂုဏ်ယူမိသလို ၄င်းတို့ထံမှ လေးစားအတု ယူဖွယ်ရာ စည်းကမ်းတစ်ခုအား တွေ့မြင်ကြရသည့် အတွက်လည်း များစွာဂုဏ်ယူမိ ပါသည်။
ကျွန်တော်တို့ မြန်မာပြည်သူလူထု တို့အနေဖြင့်လည်း မိမိတို့၏အမှိုက်များ၊ မိမိတို့ အသုံးပြုနေသော စွန့်ပစ်ပစ္စည်းများအား ကိုယ့်တာဝန် ကိုယ်ယူ၍ နိုင်ငံကြီးသား ပီသခဲ့ကြသော ကျောင်းသားလူငယ်လေးများအား အတုယူကာ နှစ်ပေါင်း (၆ဝ) ခန့် ဖွံ့ဖြိုးမှုနောက်ကျ ကျန်ရစ်ခဲ့သော ကျွန်တော်တို့ မြန်မာနိုင်ငံ၏ နိုင်ငံသူ/သားများ၊ လူ့အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ အနေဖြင့်လည်း ယခုကဲ့သို့ စံပြုစရာ အင်္ဂလန်နိုင်ငံ (Oxford University Student Union)ကျောင်းသား/သူများ၏ စည်းကမ်းလေးအား စံနမှုနာယူ၍ တိုင်းပြည်နိုင်ငံ တိုးတက်ရေး၊ လူ့အဖွဲ့အစည်းများ တိုးတက်ရေး၊ လူမှုအကျိုးပြု အဖွဲ့အစည်းများ တိုးတက်ရေးအတွက် “စည်းကမ်း” တစ်ခုအားစံပြု၍ ကိုယ့်တာဝန်ကို ယူနိုင်ကြရန် ရည်ရွယ်၍ ခေါင်းစဉ်လေးအား “ဟိတ်! ကိုယ့်တာဝန် … ကိုယ်ယူ” ဟူ၍ ကျွန်တော် ကင်ပွန်းတပ်မိ ပါတော့သည်။
Ref: http://www.ffssyangon.org/index.php?option=com_content&view=article&id=427%3A2013-04-07-02-48-42&catid=48%3A2012-01-10-03-46-14&Itemid=127&lang=en
ထိုင်းနိုင်ငံတောင်ပိုင်း၊ တကွန်ပါမြို့နယ်၊ နမ္မခင်းကျေးရွာ၊ ရွှေမြန်မာ ပညာ့အလင်းရောင် စာကြည့်တိုက်မှ ကြီးမှူးကျင်းပသည့် ပထမအကြိမ်မြောက် တရားစခန်းနှင့် ရှင်ပြုပွဲ၊ သီလရှင်ဝတ်ပွဲ အထိမ်းအမှတ်အဖြစ် အရှင်အဂ္ဂဥာဏ (သြစတေးလျနိုင်ငံ)-မှ ရေးသားပူဇော်သော ရှစ်လုံးဖွဲ့ ကဗျာ အလင်္ကာများ
(၁) ရှင်တော်မြတ်ဖျား၊ တရား
သံဃာ၊ လက်စုံမိုး၍၊ ရှိခိုးပန်ထွာ၊
တပည့်တော်များ၊ သနားညှာတာ၊ ဦးထိပ်နန်း- ကြွလှမ်းချီလှဲ့ပါ။ ။
(၂) ဦးသြဘာသ၊ မည်ရထေရာ၊ နမ္မခင်း-ရပ်၊
နေလတ်ခါခါ၊
ဓမ္မာလောက၊ ဂုဏ်ပေါင်းဝေဖြာ၊ ၀ိဟာရ- ပြုကြသာသနာ။ ။
(၃) ရွှေမြန်မာတို့၊ ကောင်းဖို့ခါခါ၊၊
သတ္တ၀ါအများ၊ တိုးပွားကုသလာ၊
စာကြည့်တိုက်ဖွင့်၊
ထပ်ဆင့်လိမ္မာ၊ အသိမြတ်- ပေးအပ်တို့ထေရာ။
(၄) အကြိမ်ပထမ၊ ကျင်းပသဘာ၊၊ သတ္တ၀ါအများ၊ တိုးပွားကုသလာ၊
တရားစခမ်းး၊ မဂ်လမ်းဖွေရှာ၊
နိဗ္ဗာန်ပို့- သောက်စို့ ဝေနေယျာ။ ။
(၅) ရုပ်နာမ်မျိုးမျိုး၊ ကြောင်းကျိုးမြင်လာ၊ အယူစင်ငြား၊ ပယ်ရှားကင်္ခါ၊
ဥာဏ်အဆင့်ဆင့်၊ တက်လင့်မဂ်ရွာ၊ အမြင့်ပန်း-တင့်ဆန်းဝိပသ၁နာ။
(၆) ဖြာဖြာပုတ္တ၊ သားလှရတနာ၊ ၀ါရည်သင်္ကန်း၊
ဆင်မြန်းကုသလာ၊
ရှင်ဖြစ်သွတ်သွင်း၊ ၀တ်စင်းခါခါ၊၊ နိဗ္ဗာန်ပို့-
သောက်စို့ ဝေနေယျာ။ ။
(၇) တစ်ဖြာရှု့မ၀၊ သမီးလှရတနာ၊၊ ၀ါရည်သင်္ကန်း၊
ဆင်မြန်းဖြာဖြာ၊
သီလရှင်ဖြစ်၊
သွင်းလစ်ခါခါ၊ ၊ နိဗ္ဗာန်ပို့- သောက်စို့ ဝေနေယျာ။ ။
(၈) နမ္မခင်းရပ်၊ ဖြာလင်းဓမ္မာ၊၊
ရွှေမြန်မာများ၊ တိုးပွားကုသလာ၊
ဦးသြဘာသ၊ ညွှန်ပြဒေသနာ၊ နိဗ္ဗာန်ပို့- သောက်စို့
ဝေနေယျာ။ ။
(၉) ဤသို့ပေါင်းစု၊
ကောင်းမှု့ဖြာဝေ၊ ဘေးရန်အပေါင်း၊ ကင်းကြောင်းမှန်စေ။၊
ကြံတိုင်းပေါက်လို့၊
ဆောင်တိုင်းမြောက်စေ၊ လိုတိုင်းတ- ပြည့်ဝကြပါစေ။
(၁၀) အများကောင်းကျိုး၊သယ်ပိုးဆောင်စေ၊
တို့များပေါင်းစု၊ ကောင်းမှုဖြာဝေ၊
ဝိပသ၁နာအစွမ်း၊
တင့်ဆန်းပါစေ၊ တို့ကောင်းမှု့- သာဓုခေါ်ပါစေ။
(သာဓု-၃ကြိမ်ခေါ်ရန်)
Friday, 5 April 2013
ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၄၄)/ မသီတာ-စမ်းချောင်း
ဒီ ၂ဝဝ၇ ခုနှစ် ခရီးမှာတော့ စုကို
မတွေ့ခဲ့နိုင်သလို သတင်းစကား လည်း မပါးခဲ့နိုင်ပါဘူး။ ဒါပေမယ့် အများစု ဟာ
ဗုဒ္ဓရဲ့ အဆုံးအမ အတိုင်း အတတ်နိုင်ဆုံး အကောင်း ဆုံး နှလုံးသွင်းထားကြတာကို
တွေ့ရတာမို့ ကျွန်မတို့ ကျေနပ်နိုင်ခဲ့ ပါတယ်။ တစ်ဖက်မှာတော့
ကျွန်မတို့နောက်ကို တစ်စုံတစ်ယောက်က လိုက်ကြည့် နေတယ် လို့ ခံစားရချက်
ကလည်း ရှိနေပါတယ်။
စုရေ နောက် တစ်ခေါက်မှာတော့ စိုးရိမ်ကြောင့်ကြမှုတွေ မရှိဘဲ ရှင့်ကို လာတွေ့ချင်ပါရဲ့။
မြန်မာ့မိခင် (၂ဝ၁ဝ-၂ဝ၁၂)
စုသည် မြန်မာလူထု၏ မိခင်သဖွယ် ဖြစ်လာခြင်း
၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၁၃ ရက် မှာတော့ စုဟာ
၇ နှစ်ခွဲကြာ နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာ ပါတယ်။ စုကို ကြည့်ရတာ
နေကောင်းပုံရပြီး လှလို့ ပလို့ပါပဲ။ မြန်မာ နိုင်ငံမှာ
ရွေးကောက်ပွဲလုပ်တော့ ကျွန်မ တို့က ချင်းမိုင်ကို ရောက်နေ ပါတယ်။
ကျွန်မခင်ပွန်းက အစည်းအ ဝေးတစ်ခု တက်စရာ ရှိလို့ပါ။ ကျွန်မအနေနဲ့ ကတော့
တပ်မတော်သား ၂၅% ပါတဲ့ လွှတ်တော်ကို စိတ်မဝင်စားပါဘူး။
ဒီလိုလွှတ်တော်မျိုးမှာ ဒီမိုကရေစီကို လေ့ကျင့်ရမှာ လို့ တွေးမိတော့
စိတ်မရှည်စရာ ပဲနော်။
ကျွန်မတို့ ချင်းမိုင်ကနေ ဘန် ကောက်ကို
ရောက်တော့ ကင်မ့်သတင်းကို ကြားလိုက်ရပါတယ်။ ဘန်ကောက် ပို့စ် ရဲ့
မျက်နှာဖုံးမှာပေါ့။ သူ့ကို ကျွန်မတို့က ပြီးခဲ့တဲ့ သြဂုတ် မှာမှ
အောက်စ်ဖို့ဒ်မှာ တွေ့ခဲ့တာပါ။ အဲဒီတုန်းက သူ့ကြည့်ရတာ အေးအေး
ဆေးဆေးလေးပါပဲ။ ဒါပေမယ့် အ ခုဓာတ်ပုံထဲမှာ တွေ့လိုက်ရတာက တော့ ဆံပင်တွေ
ဘာတွေ ဖြတ်ထား ညှပ်ထားတာမို့ စိတ်က တစ်ခုခုကို ပိုင်းဖြတ်ထားသလိုပါ။
သတင်းထဲမှာ ရေးထား တာကတော့ သူက မြန်မာပြည်ထဲ ဝင်ခွင့်ဗီဇာ ရဖို့ ဟော်တယ်
တစ်ခုမှာ စောင့်နေပါတယ်တဲ့။ သူ တည်းနေတဲ့ ဟိုတယ်ကို ကျွန်မတို့
သိချင်လာပါတယ်။ ဒီလိုနဲ့ ကျွန်မ တို့နှစ်ယောက်သား ဘန်ကောက်ပို့စ် သတင်းစာ
ရှိရာ အဆောက်အဦဆီ အရောက် သွားဖြစ်ခဲ့ပါတော့တယ်။
ရွေးကောက်ပွဲနေ့မှာတော့ ကရင်အဖွဲ့
တစ်ခုဖြစ်တဲ့ ဒီကေဘီအေက မြန်မာတပ်တွေနဲ့ မြဝတီမှာ တိုက်ပွဲ ဖြစ်ခဲ့ ပါတယ်။
နယ်စပ်မှာ နေတဲ့ ကရင်အများစုလည်း ထိုင်းဘက်ကို ထွက်ပြေးလာခဲ့ရတာပေါ့။
ထိုင်းက သတင်းသမား အများစုကလည်း နယ်စပ်ကို
ရောက်လာ ကြပါတယ်။ ဂျပန်သတင်းထောက် တစ်ယောက် မှတော့ မတွေ့ရပါဘူး။ ဒါကြောင့်
ဂျပန် သတင်းစာတွေမှာ ထိုင်းသတင်းစာတွေလောက် မြန်မာ သတင်းကို မတွေ့ရပါဘူး။
ကျွန်မ မြင်မိတာကတော့ ဂျပန်
လူငယ်အများစုကို အင်္ဂလိပ်စာ သာမက အာရှဘာသာစကားတွေ တတ် အောင် သင်ပြီး အာရှမှာ
ဘာဖြစ်ဖြစ် လွှတ်ပြီး သတင်း ယူနိုင်အောင် လေ့ကျင့်
ပျိုးထောင်သင့်တယ်လို့ပေါ့။ အာ ရှနိုင်ငံတွေကြားမှာ ဂျပန်ဟာ အခုလို
ကိစ္စမျိုးတွေမှာ ခေတ်နောက်ကျ ကျန်နေတာ မကောင်းဘူးလို့လည်း ထင်မိပါတယ်။
ထိုင်းစံတော်ချိန် ညတစ်နာရီမှာပဲ ကျွန်မက
လန်ဒန်ကို ဖုန်းဆက်ကာ ကင်မ့်အကြောင်း စုံစမ်းရပါတော့ တယ်။ နောက်တစ်နေ့မနက်
ထိုင်းနန်းတော်ကို လည်ပတ် အပြီး မှာတော့ ကင်မ် တည်းခိုနေတဲ့ဟော်တယ်ကို
သွားခဲ့ ပါတယ်။ အစကတော့ ဧည့်ကြို မိန်းကလေးက ဘာအချက်အလက်မှ
ထုတ်မပြောနိုင်ဘူးလို့ ငြင်းပါတော့ တယ်။ ဒါပေမယ့် ကျွန်မလည်း စုနဲ့ကျွန်မ
ဘယ်လို ပတ်သက်နေတယ် ဆိုတာကို ပြောပြလိုက်တော့မှ ခဏစောင့်ပါ တဲ့။
နောက်ဆုံးတော့ ကင်မ့် အတွက် ကျွန်မရဲ့ စာလေးကို သူလက်ခံထားပေးလိုက်ပါတယ်။
ဟူး တော်ပါသေး ရဲ့။ မိန်းမသားချင်းမို့ ဒီလောက် အဆင်ပြေတာ ထင်ပါရဲ့။
ကျွန်မတို့ သိလိုက်ရတာက ကင်မ်ဟာ ပြင်သစ်က
ရုပ်ရှင်အဖွဲ့တစ် ဖွဲ့နဲ့အတူ ရှိနေတယ်ဆိုတာပါ။ သူ့ အတွက် စိတ်အေး
သွားတာမို့ ကျွန်မ တို့လည်း ဂျပန်ကို ပြန်လာ ခဲ့ပါတယ်။
နောက်နှစ်ရက်လောက်ကြာတော့ ကျွန်မတို့ ရှိရာ ဂျပန်ကို ကင်မ်က
ဖုန်းဆက်လာပါတော့တယ်။ အဲဒီအချိန်မှာ ကျွန်မက စုနဲ့ကင်မ့်ရဲ့ ပုံတွေကို
အင်တာနက် မှာ တွေ့ပြီးနေပါပြီ။ စုဟာ သူ့ကိုယ်သူ မထိန်းနိုင်လောက် အောင်
ပျော်ရွှင်နေပုံပါ။ ကင်မ်က လည်း မေးတမော့မော့နဲ့ ဂုဏ်ယူ ပျော်ရွှင်နေ သလို
မျက်နှာပေး ကိုက ကျေနပ်နေပုံပေါ့။ သူက ငယ်ငယ်က တည်းက
သူ့စိတ်ခံစားချက်တွေကို သိပ်ကြီး ထုတ်မပြတတ် သူလေ။
စုကတော့ ၇ နှစ်ခွဲသာ ကြာရော ဘာမှ
မပြောင်းလဲသလို လူထုရဲ့ အမေးတွေကို ချက်ချင်းတုံပြန်နေဆဲပါ ပဲ။
သူ့အပြုံးနဲ့ လေသံတွေက အရင် ထက်ပိုပြီးပျော့ပျောင်း လာတယ်လို့ တော့
မြင်မိပါတယ်။ သူဟာ ဒီနှစ်များ အတွင်းမှာ ပိုပြီးပျော့ပျောင်း
ကျစ်လျစ်လာသလို လူထုနဲ့ ဆက်ဆံရာမှာ နိုင်ငံရေးသမား ပိုပီသလာတယ်လို့ လည်း
ကျွန်မ ခံစားလိုက်ရပါတယ်။
စု လွတ်မြောက်ပြီးနောက်မှာ တော့ စုရဲ့
လှုပ်ရှားမှုတွေရယ်၊ ကင်မ် နဲ့ လှုပ်ရှားတာတွေရယ်ကို ဗီဒီယိုအ ဖြစ် တွေ့လာ
ကြရပါတယ်။ အဲဒီဟာ တွေထဲမှာ ကျွန်မအတွက် စိတ်မှာ အခံစားရဆုံးကတော့
ဗိုလ်ချုပ်ဈေးကို သားအမိ နှစ်ယောက် သွားလည်တဲ့ ဗီဒီယိုပါ။ ကင်မ့်ကိုသာ
မြန်မာပြည် မှာ ကြာကြာနေခွင့်ပေးရင် ကင်မ်ဟာ စုရဲ့ ဘော်ဒီဂတ် အလုပ်ကို
လုပ်နိုင်မှာပါ။ ကင်မ်က သူ့အမေရဲ့ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားတာဟာ သူ
ငယ်ငယ်က အတိုင်းပါပဲ။ ဆယ် နှစ်ကျော် ကြာ ဝေးနေရတဲ့ မိခင်နဲ့ မေတ္တာအရ
ပြန်လည်ထိတွေ့ခွင့်ကို လက်လွတ်မခံနိုင်သလို ဆုပ်ကိုင်ထား လိုက်တာလေ။
ကင်မ်ဟာ သူ့အမေကို အနောက်မှာ ထားပြီး လူအုပ်ကြားမှာ သူက ရှေ့ကနေ
တိုးဝှေ့သွားနေလိုက် တာ သဘောကျစရာပေါ့။ လူထုထဲက အမျိုးသမီးတွေ ကလည်း
တစ်ဦးပြီး တစ်ဦး၊ တစ်ယောက်ပြီးတစ်ယောက် လာနှုတ်ဆက်လိုက်ကြတာ စုတို့ ရှေ့
တိုးမလျှောက်နိုင် လောက်အောင် ဖြစ်နေပါတယ်။ သိပ်မကြာခင်မှာပဲ စုရဲ့ ပါးမှာ
နှုတ်ခမ်းနီရာ စွန်းလာပါတော့ တယ်။ ကင်မ်က လူထုထဲမှာ အရပ်
အရှည်ဆုံးလိုဖြစ်နေတော့ သူ့ခေါင်း ကို လိုက်ကြည့်ရုံနဲ့ စု ဘယ်နား
ရောက်နေတယ် ဆိုတာ သိနိုင်လေရဲ့။ လူအုပ်ထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးက
လူတွေလည်း ပါနေပုံ ရပါတယ်။ သူတို့ အချင်းချင်း လက်ကိုင်ဖုန်းတွေနဲ့
သတင်းပေးနေ သလိုမျိုးလည်း တွေ့ရလေ ရဲ့။ ဒီအမေနဲ့ဒီသားကို လူထုက ဒီလောက်
ချစ်နေမှတော့ ကျွန်မလည်း စိတ်မပူဖြစ်တော့ပါဘူး။
တစ်နေရာမှာတော့ မိခင်တစ်ဦး က သမီးငယ်လေး
တစ်ယောက်ကို ပွေ့ချီထားပါတယ်။ ကလေးလေးရဲ့ လက်ထဲ မှာတော့
“ဒေါ်အောင်ဆန်းစုကြည်သည် ကျွန်ုပ်တို့၏ မိခင် ဖြစ် သည်”လို့ အင်္ဂလိပ်လို
ရေးထားတဲ့ စာတန်းတစ်ခုကို ကိုင်ထားလေရဲ့။
အော်.. ဒီလိုကိုး။ ကျွန်မ သိသွားပါပြီ။
စုက မြန်မာလူထုရဲ့ အမေ ဖြစ် သွာပြီကိုး။ ၁၉၈၉ ဇူလိုင် ၂ဝ ကနေ ၁၉၉၅ ဇူလိုင်
၁ဝ ရက်အကြာ နေအိမ် အကျယ်ချုပ် အပြီးမှာ စုဟာ စစ် အစိုးရကို ဆန့်ကျင်တဲ့
ခေါင်းဆောင် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒီမိုကရေစီရဲ့ ပြယုဂ်လည်း ဖြစ်ခဲ့တာ
ပေါ့။ ဒါပေမယ့် သူ့ရဲ့ ဒီမိုကရေစီ ဟာ သိပ်ဒြပ်မဲ့ ဆန်ခဲ့ပါတယ်။ လူထု ရဲ့
နေ့စဉ်ဘဝနဲ့ ဝေးကွာနေခဲ့တာပေါ့။ အဲဒီနောက် ၂ဝဝ၃ မေ ၃၁ ကနေ ၂ဝ၁ဝ နိုဝင်ဘာ
၁၃ ရက်ထိ ကြာခဲ့ တဲ့ အထိန်းသိမ်းခံဘဝအပြီးမှာတော့ စုဟာ မြန်မာလူထုရဲ့
မိခင်အဖြစ် အ သွင်ပြောင်းလာခဲ့ပါတော့တယ်။ စုဟာ ကျစ်လျစ်တဲ့ သင်္ကေတတစ်ခုအဖြစ်
ပြန်လည်မွေးဖွားလာခဲ့တယ်လို့ ဆိုရ မှာပေါ့။
ကင်မ့် အနေနဲ့လည်း မိုက်ကယ့်
နောက်ဆုံးအချိန်မှာ စုက မြန်မာပြည်ကို မထားခဲ့နိုင်ရတဲ့အကြောင်းရင်းကို
သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ဒါ့အပြင် သူ့အမေဟာ မြန်မာ လူထုအတွက်
ဘယ်လိုအနက် အဓိပ္ပါယ်မျိုး ကို ဆောင်နေတယ်ဆို တာကိုပါ သဘောပေါက်လောက်ပါ ပြီ။
ဆယ်နှစ်ကျော်ကြာ မတွေ့ခဲ့ရ ပြီးတဲ့နောက် မှာတော့ ကင်မ်ရဲ့ သူ့အမေနဲ့
နေရတဲ့ ၂ ပတ်ဟာ အကောင်းဆုံး အားဆေး ထိုးလိုက်ရသလို ဖြစ်မယ့်နေ့ရက်တွေ ပဲ
ဖြစ်ပါတော့တယ်။ကျွန်မကတော့ စုအနေနဲ့ အခုလို ငြိမ်းချမ်းတဲ့ နေ့ရက် ဘယ်လောက် များများကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်မှာ ပါလိမ့် လို့ တွေးနေ မိပါတယ်။
Thursday, 4 April 2013
ဇရပ် ဂျပိုး / နာရေးကူညီမှု အသင်း(ရန်ကုန်)
၁ဝ.၃.၂ဝ၁၃ ရက်နေ့ ည (၈းဝဝ) နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)၌
(၁၂) ကြိမ်မြောက် စာပေဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ “ဇရပ် ဂျပိုး”
ခေါင်းစဉ်ဖြင့် စာရေးဆရာ ဦးဘုန်း(ဓာတု)မှ နာရေးကူညီမှု
အသင်း(ရန်ကုန်)၏ “သုခ” ခန်းမဆောင်တွင် ဟောပြောပေးခဲ့သည်။ စာပေဟောပြောပွဲ အခမ်းအနားသို့ ဆရာတော်များ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ အသင်းသူ/သားများ၊ ဝန်ထမ်းများ၊ သုခအလင်းပညာဒါနတွင် ပညာ သင်ကြားနေကြသော ကျောင်းသူ/သားများနှင့် စာပေချစ်မြတ်နိုးသူ ပရိသတ်များ တက်ရောက်ခဲ့ကြသည်။
ဆရာ ဦးဘုန်း(ဓါတု)မှ လူအများသည် မင်္ဂလာနှင့် အမင်္ဂလာအား ခွဲခြားမသိပုံ၊ မိမိကြုံတွေ့ခဲ့ရသော အယူသီး မှုများ၊ နိုင်ငံခြား သချိုင်း(သုဿန်)နှင့် မြန်မာပြည်မှ သချိုင်း(သုဿန်)ကွာခြားပုံ၊ နတ်ပြည်တွင် ပရဟိတလုပ်၍ မရ ကြောင်း၊ နတ်ပြည်တွင် အသုဘကူညီမှုအသင်း (နာရေးကူညီမှုအသင်း)နှင့် သွေးလှူရှင်အသင်းများ မရှိကြောင်း၊ လူ့ပြည်ရောက်တုန်း အများ အကျိုး၊ လောကကောင်းကျိုး သယ်ပိုးခွင့်ရတာဖြစ်ကြောင်း ထို့ကြောင့် လူဖြစ်ရသည်ကို ပိုပြီးတန်းဖိုးထားကြောင်း၊ လောကတွင် ပရဟိတသမားနည်းပြီး အတ္တသမားတွေ များလာသဖြင့် တိုင်းပြည်ဖွံ့ဖြိုးမှု နောက်ကျရကြောင်း စသဖြင့် လူငယ်တွေအတွက် ဆုံးမစကား အားပေးစကား အစချီ၍ ပြောကြားခဲ့ပြီး “ဇရပ် ဂျပိုး” ခေါင်းစဉ်ဖြင့် စတင်ဟောပြောခဲ့ပါသည်။
ဦးဘုန်း(ဓါတု) သည် နယ်သို့ စာပေဟောပြောပွဲ သွားရောက်စဉ် အပြန်ခရီးတွင် ထော်လာဂျီ ပျက်သဖြင့် ဇရပ်တွင် ခေတ္တနားနေစဉ် ဇရပ်မှ ဂျပိုးကိုက် သဖြင့် အနားယူ၍ မရဖြစ်နေချိန် ခရီးလမ်းကြောင်းတွင်ပါလာသော ဘုန်းဘုန်းတစ်ပါး၊ ခရီးသွားများနှင့် စကားစမြည်ပြောရင်း ထော်လာဂျီ ပြန်အကောင်းကို စောင့်စားခဲ့ကြသည်။
ကိုယ့်အရှက်ကို … ကိုယ်ပြန်စား
ကိုယ့်အသက်ကို … ကိုယ်ပြန်စား
အကောင်ကြီးက … ဖီးလို့ထွား
ဟားးးးးး…. သူတို့ လူမှ ဟုတ်ရဲ့လား…? ။
ကိုယ့်သိက္ခာကို … ကိုယ်ဖဲ့စား
ကိုယ့်လိပ်ပြာကို … ကိုယ်ဖဲ့စား
အကောင်ကြီးက … ဖီးလို့ထွား
ဟားးးးးး…. သူတို့ လူမှ ဟုတ်ရဲ့လား…? ။
ကိုယ့်ဦးနှောက်ကို … ကိုယ်ထုတ်စား
ကိုယ့်နှလုံးသားကို … ကိုယ်ထုတ်စား
အကောင်ကြီးက … ဖီးလို့ထွား
ဟင်းးးးးး….သူတို့ တတွေ လူမှဟုတ်ရဲ့လား …? ။
လူမဟုတ်တဲ့ ဇရပ် ဂျပိုးများ နေရာတကာအနှံအပြား ဟိုမှာ ဒီမှာ ကြည့်ပါလား သူတို့ပိုင်ဆိုင်မှုတွေက အ…လ…ကား…။ (ဆရာတင်မိုး) (နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူသည် (မန္တလေး၊ မူဆယ်၊ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ ရွှေဘို) အစရှိသည့် မြို့များသို့ လူမှုရေးဟောပြောပွဲများ လိုက်လံဟောပြောနေသည့်အတွက် ဆရာ ဦးဘုန်း(ဓါတု)၏ စာပေ ဟောပြောပွဲသို့ မတတ်ရောက်နိုင်ခဲ့ပါ။)
Ref: http://www.ffssyangon.org/index.php?option=com_content&view=article&id=414%3A2013-03-23-06-41-50&catid=48%3A2012-01-10-03-46-14&Itemid=127&lang=en

ထော်လာဂျီအားစောင့်ရင်း ဘုန်းဘုန်းဖြင့်
စကားလျှောက်ရာ ဂျပိုးကိုက်သဖြင့် ဇရပ် ဂျပိုးအကြောင်း ပြောမိကြသည်။ ဇရပ်
ဂျပိုး၏ အကျင့်စရိုက်များအား ပြောကြားရင်း ဇရပ် ဂျပိုးသည်
အခွင့်အရေးသမားဖြစ်ကြောင်း၊ အခွင့်အရေး ရတုန်းရခိုက် သွေးစုပ်ချိန်တွင်
ခရီးသွားလူငယ်များမှ ဂျပိုးအား သတ်၍သေကြသည်။၊ ဇရပ် ဂျပိုးသည် သနားဖို့
ကောင်းကြောင်း၊ ထို့အတူ လောကမှ လူများသည်လည်း အခွင့်အရေးရတုန်း
ကိုယ်ကျိုးရှာတတ်သော သူများသည် ဇရပ် ဂျပိုးများနှင့်တူကြောင်း စသဖြင့်
ယှဉ်ကာ ယှဉ် ကာ ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဦးဘုန်း(ဓာတု)မှ
“ဗိုလ်ချုပ်အောင်ဆန်း ကျရှုံးတုန်းကဆိုရင် အဲ့ဒီခေတ်ကသာ နာရေး
ကူညီမှုအသင်းရှိလျှင် ကူညီရမှာသေချာတယ်။ ၁၉၄၇ ဂျူလိုင်လ (၁၉) ရက်နေ့
ဗိုလ်ချုပ်ကျတယ်။ ဗိုလ်ချုပ်ရဲ့ ဈာပနက ၁၉၄၈ ဧပြီလ (၁၁)
ရက်နေ့မှာကျင်းပတယ်။ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောခဲ့တဲ့တရား “ရှေ့စိတ်ကို
နောက်စိတ်နဲ့ကြည့်” ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းက ရှေ့စိတ်ကို
နောက်စိတ်နဲ့ကြည့်ခဲ့တယ်။ ဂျပန်တွေက ကျေးဇူးရှိတယ် ဒါပေမဲ့
ရှေ့စိတ်ကိုနောက်စိတ်နဲ့ ကြည့်တဲ့အတွက်ကြောင့် သံယံဇာတတွေကိုယူတဲ့ ဂျပန်
တိုင်းပြည်၏ အမျိုးကောင်းသမီးတွေကို ဖျက်ဆီးတဲ့ဂျပန် ဒါ့ကြောင့်ဗိုလ်ချုပ်
တော်လှန်တယ်။
မိုးကုတ်ဆရာတော် ဘုရားကြီးဟောခဲ့တဲ့
နောက်တစ်ခုက “အသေမဦးခင် ဉာဏ်ဦးအောင်ကြိုးစား”။ ဗိုလ်ချုပ်အောင်ဆန်း
အသေမဦးခင် ဉာဏ်ဦးလို့ ကျုပ်တို့မြန်မာနိုင်ငံ ဒီလိုမြေပုံမျိုးဖြစ်တာ။
ကိုကျော်သူကြီးနဲ့ကျွန်တော် မွေးနှစ်တူတယ် ကိုကျော်သူက ၁၉၅၉။ ကျွန်တော်လည်း
၁၉၅၉။ သူက နိုဝင်ဘာလ (၂) ရက်နေ့။ ကျွန်တော်က ဒီဇင်ဘာလ (၆ )ရက်နေ့မွေးတာ။
ကိုကျော်သူက ကျွန်တော့်ထက် တစ်လနီးပါးလောက်ကြီးတယ်။ သူ့အကြောင်းကို
ကျွန်တော် လွန်ခဲ့တဲ့ ၃,၄နှစ် ကတည်းက သူ့အကြောင်းကို
ကျွန်တော်ဟောပြောပွဲတွေမှာ ဟောနေတာ။
ကိုကျော်သူ ဉာဏ်ဦးတယ်။ ကိုကျော်သူ
လူ့ဘဝမှာ ဘယ်လောက်နေရမလဲ ကျွန်တော်မှန်းကြည့်တယ်။ ကိုကျော်သူ လူ့ဘဝမှာ
ရက်ပေါင်း တစ်သောင်းလောက် နေရမယ်ဘဲထား။ ရက်ပေါင်း တစ်သောင်းဆိုတာ နောက်ထပ်
(၂၅) နှစ်နော်။ ညပေါင်း တစ်သောင်း အိပ်ရဦးမယ်။ ရန်ကုန်မြို့ ကိုကျော်သူ
ဘယ်အိမ်သွားအိပ် အိပ်ရတယ်။ ရန်ကုန်မှာ အိမ် တစ်သောင်းရှိတယ်။ ကိုကျော်သူ
အိပ်မယ်ဆိုရင် လက်ခံမယ်ဆိုတဲ့ အိမ်တွေချည်းဘဲ။ တစ်နေ့ကို အစားအစာ (၃)
ကြိမ်စားတယ်ဘဲထားဗျာ။ အစားအစာကို တစ်သောင်းနဲ့မြှောက်။ အနပ်ပေါင်း
(သုံးသောင်း)။ ရန်ကုန်မြို့မှာ အိမ်ပေါင်း (သုံးသောင်း) မကရှိတယ်။
ကိုကျော်သူအတွက် အိမ်မလိုဘူး။ စားစရာ မီးဖိုချောင်မလိုဘူး။
ဘာကြောင့် လည်းဆို အများအကျိုးလုပ်ခြင်းဟာ
အိမ်တိုင်းအိမ်တိုင်းဟာ ကိုယ့်အိမ်ဘဲ။ ဗိုလ်ချုပ်အောင်ဆန်း
ရှိလို့ကတော့မြန်မာ တစ်ပြည်လုံး သူ့အိမ်ဗျ။ ဘုရားရှင်
ကိုယ်တော်မြတ်ကြီးများ သက်ရှိထင်ရှားရိှလို့ကတော့ ဘယ်အိမ်ဝင်ပြီး
ဘုန်းပေးပေး၊ ဘယ်အိမ် ဝင်ပြီး သတင်းသုံးသုံး မရှားပါဘူး။
ကိုယ်ကျိုးရှာတဲ့သူကတော့ ဖွင့်သာမပြောတာ စိတ်ထဲမှာတော့ ငါ့ကိုဘယ်သူကမှ
ညအိပ်ခွင့်ပေးမှာ မဟုတ်ဘူး။ အတ္တ ထူထောင်သူတွေက အစားအစာလည်း မစားရဲဘူး၊
ထမင်းတောင် ကျွေးမယ့်သူမရှိဘူး။ သူတို့ ဉာဏ်မဦးဘူး။ ကိုကျော်သူ
ဉာဏ်ဦးတယ်ဗျ။ အသေမဦးခင် ဉာဏ်ဦးအောင်လုပ်ကြ။ အသေမဦးခင် ပရဟိတလုပ်ကြလို့
ပြောချင်တယ်။” စသောစကားများဟာ ဇရပ်ပေါ်တွင် ဘုန်းဘုန်းဘုရားနှင့်
ဦးဘုန်း(ဓါတု) ဇရပ် ဂျပိုးကိုက်ခံ၍ ပြောနေကြသော စကားများဖြစ်ပါသည်။
ထို့နောက် ဘုန်းဘုန်းဘုရားနှင့် ဦးဘုန်း စကားပြောရင်း ဇရပ်ပေါ်မှဆင်း
စမ်းချောင်းဘက်သွားပြီး မျက်နှာ သစ်ချိန်တွင် ဘုန်းဘုန်းမှာ ဦးဘုန်းအား
“ဇရပ်ပေါ်က ဂျပိုးနဲ့ စမ်းချောင်းလေးက ကွာလိုက်တာ ဂျပိုးကတော့
အခွင့်ရတုန်းကိုက်တယ်။ စမ်းချောင်းက သူ့ရေကိုသူပြန်မသောက်ဘူး။ သူ့ရေက
သူများတွေသောက်ဖို့ထားတာ။ သူ့ရေကြောင့် ကျီးငှက်တွေ
စောစောစီးစီးပျော်မြူးကြတယ်။
မြစ်ချောင်းဘေးမှာ
သစ်ပင်တွေရှင်သန်ကြသလို။ ခင်ဗျားတို့ ကျွန်တော်တို့
အိပ်ရေးပျက်တာတွေပျောက်ပြီး ကြည်လင်ကြရတယ်။ ရေချောင်းကလေးဟာ သူ့ဘဝဟာ
သူ့အတွက်မဟုတ်ဘဲ သူများအတွက်ကို စီးဆင်းပေးနေတဲ့ ရေချောင်းကလေး။
တကာကိုဘုန်း… မင်းအိမ်မှာ ကြွက်တစ်ကောင်သေတာနဲ့ ကြောင်တစ်ကောင်သေတာ
ဘယ်ဟာပိုဝမ်းနည်းလဲ။ ကြောင်ပါဘုရား။ ဘာလို့လဲ ကြွက်က လူကိုဒုက္ခပေးပြီး
ကြောင်က အိမ်အလုပ်ကို တစ်ဖက်တစ်လမ်းက သူနိုင်သလောက် လုပ်တဲ့အတွက် ပိုပြီး
ဝမ်းနည်းတယ်နော်။ အများအကျိုးဆောင်ရွက်တဲ့သူ သေရင် ဝမ်းနည်းကြတယ်နော်။
ကိုယ်ကျိုးရှာတဲ့သူ သေရင် ကျုပ်တို့က ပျော်ကြတယ်ကွ။ အပင်ခုတ်ရှင်းရင်တောင်
စူးပင်ချင်းတူ စူးပုပ်ရွက်ကိုတောင် ကျုပ်တို့မခုတ်ဘူး သူက အကျိုးပြုတယ်လေ။
လူလည်းအတူတူဘဲ အကျိုးရှိတဲ့သူ အကျိုးမဲ့တဲ့သူ။ လောကအကျိုးဆောင်ရွက်သူနဲ့
လောက အကျိုးမဆောင်ရွက်သူ ယှဉ်ကြည့်။ မတူဘူး။” ဟု ဘုန်းဘုန်းဘုရားမှ
ဦးဘုန်း(ဓါတု)အား ဆုံးမစကားဆိုတယ်။
အဲဒါနဲ့ ထော်လာဂျီလည်းပြင်ပြီးသဖြင့်
အပြန်တွင် အဝေးရောက်မှ ဇရပ်ကို လှမ်းအကြည့် ဇရပ်က ရိုးရိုး ဇရပ်မဟုတ်ဘူး
သချိုင်းကုန်းကဇရပ်။ အော် … ဂျပိုးရယ်…ကျက်သရေ တော်တော်တုန်းတာဘဲ ဇရပ်
ဂျပိုးတောင် သချိုင်းကုန်းကဇရပ် ဂျပိုးဗျ တော်တော်နိမ့်ကျတဲ့ ဂျပိုးဗျ။
ဇရပ် ဂျပိုးတွေ ကြည့်ရတာ အသုဘအလောင်းထဲက သွေးတောင်စုပ်မဲ့သဘောရှိတယ်။
ကျွန်တော်တွေးကြည့်တာပါ။ ထို့နောက် သချိုင်းကုန်းကိုကြည့်ပြီး
ဘုန်းဘုန်းဘုရားမှ “စားသောက်ဖွယ်ရာများ မည်မျှပင် ပြည့်စုံသော သူဖြစ်ပါစေ
သေလွန်ခါနီး အပြီးသတ်အချိန်မှာ စားချင်ရာစားခွင့်မရဘဲ အဟာရပြတ်ပြီး
သေဆုံးကြရတယ်။
ဒီလိုဘဲ ခွန်အားဗလ မည်မျှပင်
ပြည့်စုံသောသူဖြစ်ပါစေ သေလွန်ခါနီး အပြီးသတ်အချိန်မှာ
အင်အားကုန်ခမ်းအားပြတ်ပြီး သေကြရတယ်။ မည်မျှပင်အမိန့်ပေး
စေခိုင်းတဲ့သူဖြစ်ပါစေ သေလွန်ခါနီး အပြီးသတ်အချိန်မှာ ကိုယ့်စကား
ကိုယ်တောင် ပီပီသသ မပြောနိုင်တော့ဘဲ ကိုယ့်လျှာကိုတောင် ကိုယ့်လျှာကိုတောင်
ကိုယ်မထိန်းနိုင်တော့ဘဲ ဝူး…ဝူး…ဝါး…ဝါး… နဲ့ပြောချင် ရာပြောခွင့်မရဘဲ
သေဆုံးကြရတယ်။ အရာရာကို စေစားနိုင်တဲ့ ရှင်ဘုရင်တစ်ပါးပင်ဖြစ်စေ
သေလွန်ခါနီး အပြီး သတ်အချိန်မှာ ကိုယ်ပြုခဲ့တဲ့အမှားတွေအတွက် နောင်တတွေ၊
သံဝေဂတွေနဲ့ ငရဲပြည်ကို မျက်စောင်းထိုးပြီး သေ တတ်ကြရတယ်။” လို့
ဘုန်းဘုန်းမှ ပြောကြားခဲ့သည်။ “
အဲ့တော့ ဇရပ် ဂျပိုးနဲ့ စမ်းချောင်း
ဘယ်ဟာဖြစ်ချင်သလဲ?”။ လောကကြီးမှာ အသုံးမဝင်ဘဲ ကျွန်တော် တို့တွေ
သေကြမှာလားဗျာ။ လူတစ်ယောက်ကို တန်ဖိုးတွက်တဲ့နည်းက အဲဒီလူ
သေလွန်ပြီးတဲ့နောက် အချိန်ကာလ ဘယ်လောက်ကြာကြာထိ တသသလွမ်းနေသလဲ၊
အဲဒီလူတစ်ယောက် သေလွန်ပြီးတဲ့နောက် အချိန်ကာလ ဘယ်လောက်ကြာကြာထိ သူ့အကြောင်း
အကောင်းတွေပြောနေသလဲဆိုတာ အဲဒီလူရဲ့ကောင်းမြတ်တဲ့ တန်ဖိုးဖြစ်တယ်။
အဲဒီလူတစ်ယောက် သေလွန်ပြီးတဲ့နောက်
အချိန်ကာလ ဘယ်လောက် ကြာကြာထိ မေ့မရအောင် နာကျည်းနေသလဲဆိုတာ အဲဒီလူတွေ၊
ဇရပ်ဂျပိုးတွေရဲ့ တန်ဖိုးဖြစ်နေမယ်” ဆိုတာကို ပြောကြားရင်း
နိဂုံးချုပ်သွားခဲ့ပါသည်။ ဆရာဦးဘုန်း(ဓာတု)၏ ဟောပြောမှု (၂) နာရီအချိန်သည်
ကျွန်မတို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် အများပြည်သူ၊
လူကြီး/ငယ်များအား အသိပညာ ခွန်အားများ ဖြည့်တင်းပေးခဲ့ပါသည်။ ထို့ကြောင့်
ဆရာဦးဘုန်း (ဓာတု)အား နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်တကွ အလှူရှင် များ၊
ပြည်သူ လူထုများမှ ကျေးဇူးအထူးတင်ရှိ ကြောင်း ပြောကြားအပ်ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူ စာပေချစ်သူများအတွက် ဆရာ၏ “ဇရပ်
ဂျပိုး” ခေါင်းစဉ် ဖြင့် ဟောပြောချက်များအား ဗဟုသုတ၊ အသိပညာများကို
ကိုယ်တိုင် တက်ရောက် သိရှိသလို ရရှိခံစားရစေရန် ရည်ရွယ်၍
ရေသားဖော်ပြလိုက်ရပါသည်။
ကိုယ့်အသက်ကို … ကိုယ်ပြန်စား
အကောင်ကြီးက … ဖီးလို့ထွား
ဟားးးးးး…. သူတို့ လူမှ ဟုတ်ရဲ့လား…? ။
ကိုယ့်သိက္ခာကို … ကိုယ်ဖဲ့စား
ကိုယ့်လိပ်ပြာကို … ကိုယ်ဖဲ့စား
အကောင်ကြီးက … ဖီးလို့ထွား
ဟားးးးးး…. သူတို့ လူမှ ဟုတ်ရဲ့လား…? ။
ကိုယ့်ဦးနှောက်ကို … ကိုယ်ထုတ်စား
ကိုယ့်နှလုံးသားကို … ကိုယ်ထုတ်စား
အကောင်ကြီးက … ဖီးလို့ထွား
ဟင်းးးးးး….သူတို့ တတွေ လူမှဟုတ်ရဲ့လား …? ။
လူမဟုတ်တဲ့ ဇရပ် ဂျပိုးများ နေရာတကာအနှံအပြား ဟိုမှာ ဒီမှာ ကြည့်ပါလား သူတို့ပိုင်ဆိုင်မှုတွေက အ…လ…ကား…။ (ဆရာတင်မိုး) (နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူသည် (မန္တလေး၊ မူဆယ်၊ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ ရွှေဘို) အစရှိသည့် မြို့များသို့ လူမှုရေးဟောပြောပွဲများ လိုက်လံဟောပြောနေသည့်အတွက် ဆရာ ဦးဘုန်း(ဓါတု)၏ စာပေ ဟောပြောပွဲသို့ မတတ်ရောက်နိုင်ခဲ့ပါ။)
Ref: http://www.ffssyangon.org/index.php?option=com_content&view=article&id=414%3A2013-03-23-06-41-50&catid=48%3A2012-01-10-03-46-14&Itemid=127&lang=en
Subscribe to:
Posts (Atom)