Thursday, 27 March 2014

လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာမှ ခိုးယူခဲ့တယ်ဆိုတဲ့ လှည်းကူးသားနှစ်ယောက်ကို ဖမ်းမိ

ရန်ကုန်၊ မတ် ၂၆

၂၃.၃.၂၀၁၄ရက်နေ့တွင် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်း
နှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် လှည်းကူးမြို့မရဲစခန်း
(ပ)၄၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၀ အမှုကိုကျူးလွန်ထားကြောင်းမသင်္ကာ သတင်းရရှိသူ ဆန်းလင်းထွန်း (၁၈)နှစ်၊ (ဘ)ဦးထွန်းမြင့်၊ မယ်ဇလီကုန်း
ကျေးရွာ၊ လှည်းကူးမြို့နယ်နေသူနှင့် တင်ကို (၁၉)နှစ်၊ (ဘ)ဦးတရုတ်၊ မြို့မရပ်ကွက်၊ လှည်းကူးမြို့နယ်နေသူတို့ (၂)ဦးအား ဖမ်းဆီးစစ်ဆေး
ခဲ့ပါသည်။




ထိုသို့ စစ်ဆေးဆောင်ရွက်ခဲ့ရာ ၎င်းတို့(၂)ဦးသည် အဆိုပါအမှုကို ကျူးလွန်ထားခြင်းမရှိသော်လည်း ၂၀၁၄ခုနှစ်၊ဖေဖော်ဝါရီလအတွင်းက လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာအရှေ့ပိုင်းရှိခြံတစ်ခြံအတွင်းမှ Pinwheel တံဆိပ်၊ HP.0.5 SINGLE CENTRIFUGAL အမျိုးအစား
ရေမော်တာပန့် အပြာရောင် အကြီး(၁)လုံးနှင့် အသေး(၁)လုံးတို့ကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

ယင်းသို့ ခိုးယူခဲ့ကြကြောင်းပေါ်ပေါက်သဖြင့် ဆန်းလင်းထွန်းနှင့် တင်ကိုတို့(၂)ဦးကို လှည်းကူးမြို့မ ရဲစခန်း (ပ)၁၂၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄ဖြင့် အမှုဖွင့်ကာ သက်သေခံပစ္စည်းများပြန်လည် သိမ်းဆည်းပြီး ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Ref: Yangon Police

No comments: