၂၇.၃.၂၀၁၄ရက်နေ့ ၀၉၃၀အချိန် လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီး
လမ်းအတိုင်း (တောင်မှ မြောက်) လှည်းကူးဘက်မှဖောင်ကြီးဘက်သို့
စောခူးစေး(၂၀)နှစ်၊(ဘ)ဦးမင်းနိ
စီးနင်းမောင်နှင်လာသော ဆိုင်ကယ် ၂၉ယ/---- ဖီလင်အမျိုးအစား 110 အနက်ရောင်ဆိုင်ကယ်သည် စာဘူးတောင်းကျေးရွာအုပ်စု၊ သပိတ်ကုန်း
ကွေ့အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ရှိ သစ်ပင်အား
ဝင်ရောက် တိုက်မိခဲ့ပါသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပျက်စီးပြီး ဆိုင်ကယ်မောင်းနှင်သူ
စောခူးစေး မှာ ဦးခေါင်းနောက်စေ့ပေါက်၊ ၀ဲ/ယာနားသွေးထွက်၊ ပါးစပ်
သွေးထွက်၊ ၀ဲလက်ခုံပြတ်ရှဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်
သေဆုံးသွားခဲ့ပါသည်။
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ စောခူးစေး(သေဆုံး)ကို လှည်းကူး
မြို့မရဲစခန်းယာဉ် (ပ)၂၇/ ၂၀၁၄၊ ပုဒ်မ ၃၀၄-(က)ဖြင့် အမှုဖွင့်အရေးယူ
ထားရှိကြောင်း သတင်းရရှိပါသည်။
Ref: Yangon Police
No comments:
Post a Comment