Monday, 31 March 2014

လှည်းကူးမြို့နယ်၊ မြို့ပတ်လမ်းထိပ် လမ်းလယ်ကျွန်းအားတိုက်မိပြီး ဆိုင်ကယ်တိမ်းမှောက်စဉ် နောက်ယာဉ်မှ ၀င်ရောက်ကြိတ်မိသဖြင့် ဒဏ်ရာရ

ရန်ကုန်၊ မတ် ၃၀

၂၉.၃.၂၀၁၄ ရက်နေ့ ၁၇၃၀ အချိန်တွင် လှည်းကူးမြို့နယ်၊ ရန်ကုန်-ပဲခူး
လမ်းအတိုင်း လှည်းကူးဘက် မှ ပဲခူးဘက်သို့ ဇော်နောင်ဌေး၊ (ဘ)ဦးမြင့်ကျော်၊ လှည်းကူးမြို့နယ်နေသူစီးနင်းမောင်းနှင်လာသော ၂၇ယ/---- ဟွန်ဒါဝေ့ဖ် နက်/ပြာရောင်ဆိုင်ကယ်သည် လှည်းကူးမြို့နယ်၊ မြို့ပတ်လမ်းထိပ်အရောက် လမ်းလယ်ကျွန်းအား ၀င်ရောက်တိုက်မိပြီး ယာဘက်သို့တိမ်းမှောက်သွားစဉ် ၎င်း၏နောက်မှ ယာဉ်မောင်း နိုင်မော်၊ (ဘ)ဦးချစ်တုံး၊ ပဲခူးမြို့နေသူမောင်းနှင်လာသော အ/----- တီအီး-၁၁ အစိမ်းရောင် အငှားယာဉ်၏နောက်ဘီးဖြင့် ဆိုင်ကယ်အား ကြိတ်မိခဲ့
ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပျက်စီးပြီး ဆိုင်ကယ်မောင်းနှင်သူ
ဇော်နောင်ဌေးတွင် ယာချိုစောင်း/ယာမျက်ကွင်းဖူးရောင်၊ ယာမျက်ခုံး
ပွန်းစုတ်ဒဏ်ရာနှင့် ဆိုင်ကယ်နောက်မှစီးနင်းလိုက်ပါလာသော
မောင်အောင်၊ လှည်းကူးမြို့နယ်နေသူတွင် ယာခြေကျင်းဝတ်ပြတ်ဒဏ်ရာ
များ အသီးသီးရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)များ
အဖြစ် တက်ရောက်ကုသမှုခံယူခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူများဖြစ်သော ဇော်နောင်ဌေးနှင့်
နိုင်မော်တို့အပေါ် လှည်းကူး မြို့မရဲစခန်း ယာဉ်(ပ)၂၈/၂၀၁၄၊ ပြစ်မှု
ပုဒ်မ-၃၃၇/၃၃၈ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Ref: Yangon Police

No comments: