ဗဟန်းမြို့နယ်တွင် သြစတြေးလျနိုင်ငံသား၏ခရီးဆောင်အိတ် လုယက်ခံရ
ရန်ကုန်၊ မတ် ၂၄
၂၃.၃.၂၀၁၄ ရက်နေ့ ၁၂၀၀ အချိန် သြစတြေးလျနိုင်ငံသား
Mr. Kaan Peker ၊၃၂ နှစ် သည် ၎င်းနိုင်ငံသားအမျိုးသမီးအဖော်တစ်ဦးနှင့် အတူ ရန်ကုန်လေဆိပ်မှချက်ထရီယမ်ဟိုတယ်သို့
အငှားယာဉ်ဖြင့်လာခဲ့ရာ တာမွေမြို့နယ်၊ ဖိုးစိန်လမ်း၊ Crystal Inn
ရှေ့သို့အရောက်တွင် အငှားယာဉ်ပေါ်မှဆင်းပြီး
ချက်ထရီယမ်ဟိုတယ်သို့သွားရန်အတွက် ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းဘက်ခြမ်းသို့ကူးကာ လမ်းလျှောက်လာစဉ်
၎င်း၏ ၀ဲဘက်လက်တွင် ဆွဲထားသော အပြာရောင်ခရီးဆောင်အိတ်ကို ဆိုင်ကယ်စီးအမျိုးသား(၂)ဦးမှ လုယူမောင်းနှင်ထွက်ပြေးသွားခြင်း
ခံခဲ့ရပါသည်။
ထိုသို့လုယူခံရသည့် Mr. Kaan Peker ၏ခရီးဆောင်အိတ်အတွင်း၌ ရှုးဖိနပ်(၁)ရံ၊ အမျိုးသမီးသုံး လက်ကိုင်ပိုက်ဆံအိတ်(၁)အိတ်နှင့်
လက်ဆွဲအိတ်(၁)အိတ်၊ ရှပ်အင်္ကျီ(၃)ထည်၊ ဘောင်းဘီရှည် (၂)ထည်၊
လက်ပတ်နာရီ(၁)လုံးတို့ စုစုပေါင်းတန်ဘိုး သြစတြေးလျဒေါ်လာငွေ (၁၂၂၅၀)ခန့်
(မြန်မာငွေကျပ်တန်ဘိုး ၁၁၀၂၅၀၀၀ခန့် ) ပါဆုံးသွားခဲ့ ပါသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ချက်ထရီယမ်ဟိုတယ် ဧည့်ကြိုဝန်ထမ်းဖြစ်သူ ဦးမျိုးမြင့်မှ စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့သဖြင့်
ဗဟန်းမြို့မရဲစခန်း (ပ)၁၀၆/၂၀၁၄၊ ပုဒ်မ ၃၈၂ ဖြင့်အမှုဖွင့်ကာ
ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်ဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
Ref: Yangon Police
No comments:
Post a Comment