အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ
အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလိစ်၊
ရို့စမိမြို့၊
အောင်ချမ်းသာကျောင်း ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ၏
ဘွဲ့တံဆိပ်တော်ရအထိမ်းအမှတ်အဖြစ် အရှင်အဂ္ဂဥာဏ (သြစတေးလျနိုင်ငံ)-မှ
ရေးသားပူဇော်သော
သာသနာရောင်ဝါခ-အစချီ တေးထပ် အလင်္ကာ
+ သာသနာ ရောင်ဝါ ခ-ပါလို့၊ ဆောင်ကာပြ ထေရ်အရှင်၊
အမှောင်ခွါချ ဗွေတစ်ခွင်လျှင်၊ ထွေထွေအစဉ်
ထပ်လောင်း။
မြန်ပြည်စိုးရပ် ဘွဲ့ကပ်ပါသည်၊ သဒ္ဓမ္မတ်
မဟာမြတ်ကြောင်း။
+ ရိုစမိမြို့
အောင်ချမ်းသာမှာ၊ ဝေနေယျာ တင့်ကြောင်း၊
မြန်မာစာ သင်ကျောင်းနှင့်၊
အဘိဓမ္မာစကား ဝေစည်။
ကျမ်းမြတ်ထွေထွေ နှစ်ဆယ်ကျော်ပြုပါလို့၊
ဝိပသ၁နာတရား ပြခဲ့လေပြီ။ ။
+ ဆရာတော်ဦးနာရဒ ဖူးမ၀ပါသည်၊
ထူးလှသမယာ အေးစေကြောင်းပေမို့၊
လူရှင်အပေါင်း ပြုကြအစဉ်လာ၊
မဟာဂုဏသဘင်ပါ။
+ ဆရာတော်ပူဇော်ပွှဲ၊
ဆင်နွှဲပါသည်။ ရင်ထဲဝေဒနာ ၊ အေးကြောင်းစေဘို့လေး။ ။
+ ရိုစမိမြို့၊ အောင်ချမ်းသာ၊မှာ၊ အရောင်လျှမ်းဝေဖြာ၊
တင့်ကြောင်းပေမို့လေး။ ။
+ သူတော်ကောင်းတရား၊ ကြိုးစားမဟာ၊ တိုးပွား သာသနာ၊
ဆင့်ကြောင်းပေမို့လေး။
No comments:
Post a Comment