ဒေါ်အောင်ဆန်းစုကြည်အား ဥက္ကဋ္ဌအဖြစ်မှ
ဖယ်ရှားရန် ကြံစည် ဆောင်ရွက်နေသည် ဆိုသော သတင်းများ၊ လူမှုရေး
သတင်းကွန်ရက်များပေါ်တွင် ပျံ့နှံ့နေသည် ဆိုသည်နှင့် ပတ်သက်၍ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်၊ လှည်းကူးမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးဖြိုးမင်းသိန်းက မြန်မာအင်ဒီပဲန်ဒင့်သို့ ဆက်သွယ်ပြော ကြားရာမှာ အထက်ပါ
အကြောင်းအရာ ကိစ္စနှင့် မည်သို့မျှ ပတ်သက်မှု မရှိခဲ့သလို၊ ဘာတစ်ခုမျှ
သိရှိခဲ့ခြင်း မရှိကြောင်း၊ ယင်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍသည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် အရေးကြီး ဆုံးဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည် ပါဝင်မှသာ ဒီမိုကရေစီပန်းတိုင်ကို တက်လှမ်းနိုင်
မည်ဖြစ်သောကြောင့် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်မှုနောက်မှ အင်တိုက်အားတိုက်
လိုက်ပါရန်သာ ရည်ရွယ်ချက် ရှိကြောင်း ဆိုပါသည်။
ထိုသို့သော ကောလာဟလ သတင်းများသည် ယင်းအား
နိုင်ငံရေး အရ တိုက်ခိုက်မှုဟု ယူဆကြောင်း ပြောရာ တွင်
“ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားဖို့၊ တစ်ခုခုလုပ်ဖို့ ဘာရည်ရွယ်ချက်မှ
မရှိပါဘူး။ ဒီလို သတင်းတွေ လုပ်ကြံ ဖော်ပြနေ တာဟာ ကျွန်တော့်ကို
နိုင်ငံရေးအရ တိုက်ခိုက်ခြင်းလို့ မြင်တယ်။ နုနယ်တဲ့ ဒီမိုကရေစီ စနစ်မှာ
သတင်းကောလာ ဟလ တွေနဲ့ နိုင်ငံရေးလုပ်ကြံမှုတွေကို ဖန်တီးသလို ဖြစ်နေတယ်။
ကျွန်တော် ပြောချင် တာက ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားဖို့ ဘာရည်ရွယ်ချက်မှ
မရှိသလို၊ အဲလို လုပ်ဆောင်တဲ့ အထဲမှာလည်း ကျွန်တော်မပါဘူး”ဟု ဆိုပါသည်။
ဖြိုးမင်းသိန်းသည် လှည်းကူးမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ တွင်
ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသူ ဖြစ်သည်။
Ref: http://www.myanmarij.com/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%A1%E1%80%AC%E1%80%B8-%E1%80%96/
Ref: http://www.myanmarij.com/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%A1%E1%80%AC%E1%80%B8-%E1%80%96/
No comments:
Post a Comment