ကင်မ်ကတော့ ကျွန်မတို့က သူနဲ့ သူ့ကောင်မလေးကို သတိထားမိသွားကြောင်း
မသိချင်ယောင် ဆောင်နေပုံ ပါပဲ။ သူက နေဖင်ထိုးမှထပြီး စာမကျက်၊
အလုပ်မလုပ်နဲ့ လည်ရာပြန်စားရေးပဲ လုပ်နေပေမယ့် ကောင်မလေး တွေက သူ့ကို
သဘောကျကြတယ်လေ။ ဒယ်ဒီ မိုက်ကယ်ကလည်း သူ့ကို မဆူပါဘူး။ ဒါပေမယ့်
သူ့စိတ်ထဲမှာ တော့ အန်ကယ် အို့စုနဲ့ အန်တီနိုရီကိုဟာ သူ့ကို
သိပ်မရွှင်မပျနဲ့ ကြည့်ကြည့် နေတယ်လို့ သတိထားမိပုံပါ။ ဒီနှစ်ယောက်က
သူ့မိဘတွေနဲ့ သွေး မတော် သားမစပ်ပေမယ့် သူ့ကိုယ်သူတောင်
လူမှန်းမသိတတ်သေးခင်က တည်းက သူ့ကိုရော မိသားစုကိုပါ သိနေခဲ့ပြန်ရော။
တကယ်တော့ စည်းနဲ့ကမ်းနဲ့ တင်းကျပ်မယ့် မိခင်ရယ် လို့ မရှိခဲ့တဲ့အတွက်
ကင်မ့်အတွက်က နတ်ပြည်မှာလိုလို ဖြစ်ခဲ့ပေမယ့် တကယ့် အနေအထားမှာတော့
ငရဲလို့ပဲ ဆိုရမှာပါ။
အဲဒီညက ဧည့်ခံပွဲမှာတော့ မိုက်ကယ်က လူတွေအားလုံးရဲ့လှိုက်လှိုက်လှဲလှဲ
အားပေးမှုကို ရခဲ့တာ အမှန်ပါ။ နိစ္စဓူဝ ဘဝကနေ ထွက် ပြေးခွင့်ရသလိုလည်း
ဖြစ်နေတာမို့ မိုက်ကယ်က ပန်းချီကား ပေးအပ်ပွဲကြီးမှာ တည်ခင်း ဧည့်ခံတဲ့
မြန်မာ မိန်းကလေးတွေရဲ့ ဖျော်ဖြေပွဲကို သူ သိပ်သဘောကျခဲ့ပါတယ်။ မြန်မာ
မိန်းကလေးတွေက မြန်မာ့ အကနဲ့လည်း စဖျော်ဖြေရော မိုက်ကယ်ဟာ ကျွန်မတို့ရှေ့က
မြက်ခင်းအလယ်မှာ ထိုင်ချလိုက်ပြီးတော့ ကို ကြည့်တော့တာ ပါပဲ။ မိန်းကလေးတွေ
ကတဲ့အခါ ကိုယ်ခန္ဓာကို ယိမ်းရင် သူကပါ လက်တွေ ဘာတွေ ကွေးဆန့်ပြီး
လိုက်ယိမ်းနေတာကြောင့် ကျွန်မတို့ အတွက်ကတော့ အဲဒီညက ပြဿနာပါ။ ဓာတ်ပုံလည်း
ရိုက်ရ အဆင်မပြေပေါ့။ ရိုက်လိုက်တိုင်း မိုက်ကယ့်နောက်က
ခေါင်းပြောင်ပြောင်က ကွယ်ကွယ်နေတာကိုး။ ကျွန်မ တို့က မတ်တပ်ထရပ်ပြီး
ဓာတ်ပုံ ရိုက်မယ် ဆိုရင်တော့ ရသပေါ့။ ဒါပေမယ့် အနောက်က ထိုင်နေသူ တွေကို
အားနာတာနဲ့ပဲ မိုက်ကယ့် နောက်စေ့ပါတဲ့ ဓာတ်ပုံတွေချည်းပဲ ကျွန်မတို့
ရိုက်ခဲ့ကြပါတော့တယ်။ သူ့ကြောင့်သာ မဟုတ်ရင် ကျွန်မတို့ဟာ အနုပညာမြောက်
ဓာတ်ပုံတွေ ဘာတွေတောင် ရိုက်ချင်ရိုက်နိုင် ခဲ့မှာပါ။ အကမှာပါတဲ့
မြန်မာမိန်းကလေးတွေက အင်္ဂလန်မှာ အခြေချနေ နေသူတွေဖြစ်ပြီး သူတို့ ဝတ်ထားတဲ့
ပိုးချိတ်တွေကတော့ မြန်မာပြည်ကနေကို လှမ်းမှာထားတာတွေပါ။ သူတို့က စုနဲ့
မိုက်ကယ့်အတွက်လို့ ရည်ရွယ်ကာ သူတို့စုထားသမျှလေး တွေကို ဒီပွဲအတွက်
အကုန်ခံခဲ့ကြတယ်လို့ ဆိုရမှာပါ။ ရောင်စုံရိုးရာ ဝတ်စုံတွေနဲ့ ခါးတွေ
ယိမ်းနွဲ့ကာ သူတို့ကပုံက လှလွန်း ကျက်သရေ ရှိလွန်းတော့ “အိုး ကျွန်တော်
ဒီအရှေ့ တိုင်းသူတွေရဲ့ အလှကို သိပ်သဘောကျတယ်ဗျာ”လို့ မိုက်ကယ်က တဖွဖွ
ဆိုလေရဲ့။ အဲဒီနေ့က စုရဲ့ လူသားအရွယ် ပန်းချီကားကြီးကို မိုက်ကယ်က
ရသွားတော့ အားလုံး လိုလိုက ဒီပန်းချီဟာဖြင့် စုတို့အိမ်ရဲ့
ဧည့်ခန်းမကြီးထဲမှာ ချိတ်ဆွဲပြသ ထားမှာပဲလို့ တွေးထင်ခဲ့ကြပါတယ်။ ဒါပေမယ့်
မိုက်ကယ်ကတော့ သူ့အိပ်ခန်းထဲကို ယူချသွားခဲ့တာပါ။ သူ့ ကုတင်ခေါင်းရင်းက
နံရံမှာချိတ်ပြီး သူက အဲဒီပန်းချီကား အောက် တည့်တည့်မှာ အိပ်တာကိုး။ ဒီတော့
ဒီပန်းချီကားကြီးဟာ ဧည့်ခံပွဲနေ့ မှာပဲ လူအများအတွက် ကြည့်ခွင့်
ရခဲ့ပေမယ့် နောက်နေ့က စပြီး မိုက်ကယ်ရဲ့ တစ်ဦးတည်းပိုင် ဖြစ်သွားတော့တာပါ။
အဲဒီနောက်ပိုင်း သူ မကွယ်လွန်ခင် အချိန်ထိ နှစ်နှစ်နီးပါး ကာလမှာ
မိုက်ကယ်ဟာ စုပုံတူရဲ့ မျက်မှောက်အောက်မှာ အိပ်သွားခဲ့ တော့တာပါပဲ။
ဒီနေရာလေးဟာ တကယ်တော့ စုနဲ့ မိုက်ကယ်တို့ နှစ်ယောက်ကြားက လျှို့ဝှက်နေရာလေး
အဖြစ် မိုက်ကယ် မကွယ်လွန်မချင်း တည်ရှိသွားခဲ့တယ်လို့ဆိုရမှာပါ။
စု မရှိတော့တဲ့ မိုက်ကယ့်ဘဝ (နော်ဟမ်ဥယျာဉ်အိမ်)
စု၊
ရှင်က မိုက်ကယ်နဲ့ ကင်မ် တို့ရဲ့ နော်ဟမ်ဥယျာဉ်အိမ်က ဘဝ အကြောင်းကို
မသိဘူးမဟုတ်လား။ ဒီတော့ သူတို့ရဲ့ နိစ္စဓူဝ ဘဝ အကြောင်းကို
ကျွန်မပြောပြပါရစေ။
မိုက်ကယ့် တိုက်တွန်းမှုကြောင့် သူ ဝယ်ထားတဲ့ အိမ်နဲ့ ငါးအိမ်လောက်ပဲ
ဝေးတဲ့နေရာမှာ ကျွန်မတို့ အခန်းလေး ဝယ်ဖြစ်ကြောင်း ပြောခဲ့ပြီး ပြီ နော်။
ကျွန်မတို့ လမ်းထိပ် ဓားလွယ်ခုတ် မှာ ရှိတာက စိန့်မာဂရက်ကော လိပ်ပေါ့။
ကျွန်မတို့တွေ ရယ်စရာ ပြောဖြစ်ခဲ့တာကတော့ ကျွန်မတို့ အခန်းမှာ
အလံချိတ်ထားတာ အဖြူ က “အကြော်စုံ” လို့ အနက်ရပြီး အနီက “ဆူရှီ” လို့
အနက်ရကြောင်းပေါ့။ အဲဒီကာလတွေတုန်းက ရှင်နဲ့ မိုက်ကယ် က ဖုန်းနဲ့တော့
အဆက်အသွယ် ရှိနေခဲ့တယ်လေ။ မနက်တိုင်း ကျွန်မတို့ က မိုက်ကယ့်ဆီ
သွားလည်တတ်ပြီး မိုက်ကယ်ကလည်း ရှင်နဲ့ ဖုန်းပြောနေကျပါပဲ။ သူက အမူအရာနဲ့
သူနဲ့ စကားပြောနေတာ ရှင်လို့ ပြောပြနေ ကြပါ။ တစ်နေ့တော့ မိုက်ကယ့်အတွက်
အိမ်သန့်ရှင်းရေး လာလုပ်ပေးနေတဲ့ ကောင်မလေးကလည်း ရှင်နဲ့ ဖုန်းပြောနေတာကို
တွေ့ရပါတယ်။ ကောင်မလေးက ဖုန်းကိုချလိုက်ပြီး မျက်နှာ နီမြန်းမြန်းနဲ့
“အန်တီစုက ကျွန်မကို ပြောတယ်။ အန်ကယ် မိုက်ကယ်ကို အစားတွေ အများကြီး
မချက်ကျွေးနေနဲ့တဲ့”လို့ ဆိုပါတယ်။ တကယ်တော့ ကောင်မလေးက မိုက်ကယ်နဲ့
ကင်မ်တို့အတွက် အစားအစာတွေ အများကြီး ယူလာနေကျပါပဲ။ ရှင်က အဲဒီလောက်
အဝေးကြီးကနေတောင် မိုက်ကယ်နဲ့ ကင်မ့်ကို ထိန်းချုပ်ထားခဲ့ တာပဲနော်။
မိုက်ကယ်က အဲဒီအချိန်မှာ ကင်မ့်အနေနဲ့ အထက်တန်းကျောင်း စာမေးပွဲကို
အဆင့်အေ မရမှာ ပူနေခဲ့တာပါ။ ကင်မ်ရော မိုက်ကယ်က စိတ်ပူပန်မှုတွေကို
ထုတ်မပြခဲ့ပေမယ့် စပ်စု ပူပန်စိတ်ကြီးတဲ့ ကျွန်မနိုရီကို ကတော့
သူတို့စိတ်တွေ ပိုပြီး တည်ငြိမ်အောင်ဆိုကာ စားကောင်း သောက်ဖွယ်တွေနဲ့
ဂရုစိုက်ဖြစ်ခဲ့ပါတယ်။ ရှင်က သူတို့ကို အစာတွေ အများကြီး မစားစေချင်တာ
သိပေမယ့် ရှင့်ဆီက နည်းနည်းတော့ အမုန်းခံမှ ဖြစ်မှာပါ။ ရှင်ကိုယ်တိုင်
ပြင်ကျွေးရမယ့် အစားအသောက် ပမာဏလောက်တော့ ကျွန်မက အပိုလေးပြင်ပေးတာ
သဘာဝကျရဲ့ မဟုတ်လားလေ။
ကင်မ်က ကျွန်မကို မေးနေကျ ရှိပါတယ်။ “အန်တီနိုရီကိုက ဘာလို့
အများကြီးမစားရတာလဲ” တဲ့။ “ချက် ပြုတ်ပြင် ဆင်ရင်း မြည်းစား စားရတာကို
စားပွဲမှာ ထိုင်စား ရတာထက် ကြိုက်လို့ပေါ့”လို့ ကျွန်မက ပြန်ဖြေခဲ့
ဖူးပါတယ်။ ကျွန်မက သူတို့သားအဖကို ဖုန်းဆက်ပြီး “ညလယ်စာ
အဆင်သင့်ဖြစ်ပြီနော်” လို့ ပြောတဲ့ အခါ ကင်မ်က သူငယ်ချင်းတချို့ ကိုတောင်
ခေါ်လာတတ်ပါတယ်။ “အန်တီ နိုရီကိုက မြည်းနေရတာနဲ့ မစားနိုင်ဘူး ကွ။ ဒီတော့
မင်းတို့ စိတ်ကြိုက်သာ စားကြ”လို့ ပြောလေ ရဲ့။ ကင်မ်ကတော့ ကလေးဘဝက နေ ခုထိ
ဘာဆို ဘာမှ မပြောင်းလဲဘူးနော်။ ဟုတ်တယ် ဟုတ်။ မိုက်ကယ် အိမ်မှာ
မရှိချိန်ဆို ကင်မ်နဲ့ သူ့ သူငယ်ချင်းတွေက လာစားပြီး ကျေးဇူးတင်တယ် ဆိုကာ
ပန်းကန်တွေ ကူဆေးပြီး လစ်ပြေးကြတော့တာပဲ။ ဒါပေမယ့် တော်တော် လေးကြာတဲ့
အခါကင်မ်က တစ်ခေါက် ပြန်ရောက် လာပြီး “ဒယ်ဒီ့ဖို့ ထုပ်ပေးလိုက်ဦးနော်”လို့
လာပြောတော့ တာပါပဲ။ စုရယ် ရှင် စိတ်ပူမနေပါနဲ့။ ကျွန်မက ကိုယ့်ဝေစုကိုတော့
မပေးလိုက်တတ်ပါဘူး။ ကျွန်မက ကင်မ်နဲ့ သူ့ သူငယ်ချင်းတွေကို ကျွေးမွေးရတာ
စိတ်ချမ်းသာပျော်ရွှင်ပြီး ဝလာလိုက် တာ ခုဆို အရင်ကထက် နှစ်ဆဖြစ် နေပြီလေ။
ရုပ်ချောတဲ့ ကင်မ်
ကင်မ့်ကို ဒါရ်ဟမ်တက္ကသိုလ်က ဝင်ခွင့်လက်ခံတယ် ဆိုတာ
သိလိုက်ရတဲ့အချိန်မှာတော့ နော်ဟမ် ဥယျာဉ် အိမ်မှာ သက်ပြင်းတွေ
ချလိုက်နိုင်ပါပြီ။ မိုက်ကယ်က ရှင့်ဆီကို ကင်မ်က ဒါရ်ဟမ်မှာ လူမှုရေးဘာသာနဲ့
ကျောင်းဝင်ခွင့်ရ တယ်လို့ ဖုန်းနဲ့ လှမ်းပြောတော့ ရှင်က သိသားပဲလို့
ဖြေသတဲ့။ အဲဒါကို မိုက်ကယ်က ရှင် ဘယ်လို သိနေတာပါလိမ့်လို့ အံ့သြနေတာပါ။
“အဲဒါ မိခင်စိတ်ပေါ့”လို့ ကျွန်မက ဖြေဖြစ်ခဲ့ပါတယ်။ မိုက်ကယ် က ငွေကို
စိစိစစ်စစ် သုံးနေရပေမယ့် ကင်မ့်ကို ပုဂလိက ကျောင်းကောင်းကောင်းမှာ တစ်လ
ပေါင်တစ်ထောင် အကုန်ခံပြီး ကျောင်းထားခဲ့တာ ဖြစ် ပါတယ်။ သူ့အားထုတ်မှုရဲ့
အသီးအပွင့်ကို ခုလိုတွေ့ရလေတော့ မိုက် ကယ်က “ဒီရင်းနှီးမြှုပ်နှံမှုကတကယ်
ကောင်းသွားတာပဲ”လို့ ဆိုပါတယ်။
မသီတာ-စမ်းချောင်း Ref: http://www.myanmarij.com/?p=7743
No comments:
Post a Comment