ပျူလူမျိုး နှင့် ပျူနိုင်ငံတော် စာတမ်းဖတ်ပွဲတွင် လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲကျေးရွာ၊ မဟာဝိဇိတာရာမစာသင်တိုက်၊ ဆရာတော် ဒေါက်တာရေ၀တာလင်္ကာရ မှ စာတမ်းတစ်စောင်ဖတ်ကြားခဲ့သည်ဟု ဆရာကိုသက်လွင် (လှည်းကူး) မှ ဓါတ်ပုံနှင့်တကွ ဘေ့ဘွတ်တွင် ဖေါ်ပြထားသည်ကို ၀မ်းမြောက်စွာ တွေ့ရှိရပါသည်။
ပျူလူမျိုး နှင့် ပျူနိုင်ငံတော် စာတမ်းဖတ်ပွဲတွင် ဖတ်ကြားသည့် စာတမ်းပေါင်း (၄၃)စောင်ခန့်ရှိကြောင်းသိရပါသည်။ ယင်းအထဲတွင် လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲကျေးရွာ၊ မဟာဝိဇိတာရာမစာသင်တိုက်၊ ဆရာတော် ဒေါက်တာရေ၀တာလင်္ကာရ မှ စာတမ်းတစ်စောင်ဖတ်ကြားဖတ်ကြားခဲ့ပါသည်။
ယင်းစာတမ်းမှာ ဆရာတော် ဒေါက်တာဘွဲ့အတွက် သုတေသနလုပ်ပြီး ရေးသားခဲ့သည့် ဘွဲ့ယူကျမ်းစာမှ အနည်းငယ်မျှသော အချက်အလက်ကို ထုတ်နှုတ်ပြီး စာတမ်းငယ်တစ်ခု ဖန်တီးထားခြင်း ဖြစ်ပါသည်။ ဆရာတော် သုတေသနပြု ရေးသားခဲ့သော ကျမ်းအမည်မှာ " A Study of Theravada Buddhism in Srikhestra, the Ancient Myanmar City" ပဲ ဖြစ်ပါသည်။ ဒီကျမ်းဟာ သရေခေတ္တရာခေတ်မှာ Theravada Buddhism ပျံ့နှံရောက်ရှိနေပြီ ဖြစ်ကြောင်းကို ရှု့ထောင့်မျိုးစုံ၊ အထောက်အထား ပြည့်စုံစွာဖြင့် တင်ပြထားသော ကျမ်းဖြစ်ပါသည်။
ယင်းကျမ်းကို ရေးသားစဉ်က စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ် ဖြစ်ပါသည်။
သုတေသနပြုရာ ပြည်မြို့ ပတ်ဝန်းကျင်တစ်လျောက်သို့ ဆရာတော်နှင့် အတူ လိုက်ပါ
ကူညီခဲ့ပါသည်။ မှတ်တမ်း ဓါတ်ပုံဆရာမှာ ပန်းချီ ခင်မောင်ဦး (လှည်းကူး)
ဖြစ်ပါသည်။
ဒီကျမ်းရဲ့ ခေါင်းစဉ်ကို ဆရာနန္ဒာသိန်းဇံ ကိုယ်တိုင် စိစစ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ မှတ်မှတ်ရရ ကိစ္စတစ်ခု ရှိခဲ့ပါသည်။ ကျမ်းခေါင်းစဉ်ကို ဆရာတော်က " A Study of Theravada Buddhism in Srikhetra, Ancient Myanmar City" ဟု ပေးခဲ့ပါသည်။ the Ancient Myanmar City ဟု မသုံးဘဲ the ကို ဖြုတ်ပြီး Ancient Myanmar City ဟု သုံးခြင်းဖြစ်ပါသည်။
ဆရာနန္ဒာသိန်းဇံ ရှိရာ ရန်ကုန်တက္ကသိုလ် ဒသ၁နိကဗေဒဌာနသို့ ရောက်သောအခါ ဆရာနှင့်တကွ ဆရာ၊ ဆရာမများ ဆယ်ယောက်ခန့်ရယ်၊ ဆရာတော်နှင့် စာရေးသူတို့ (၁၂) ဦး အုပ်စုဟာ နှစ်စုခွဲပြီး the Article ပါသင့် မပါသင့် ငြင်းခုံကြပါသည်။ ဆရာနန္ဒာသိန်းဇံကတော the ပါတဲ့ဘက်ကပေါ့။ အဘိဓာန်ကျမ်းပေါင်းစုံ၊ သဒ္ဒါကျမ်းပေါင်းစုံတို့ကို ချပြီး ငြင်းကြရာ နောက်ဆုံးတော့ the ပါတဲ့ဘက်က အနိုင်ရရှိသွားပြီး " A Study of Theravada Buddhism in Srikhestra, the Ancient Myanmar City" ဟု ရွေးချယ်လိုက်ပြီး ကျမ်းခေါင်းစဉ်ကို University of Magadh သို့ ပို့လိုက်ပါတယ်။
နောက်တစ်ကြိမ် ဆရာနန္ဒာသိန်းဇံ နှင့် တွေ့တဲ့အခါ the မပါရင် ပိုကောင်းမယ်လို့ ပြောလာပါတယ်။ ကျမ်းခေါင်းစဉ်ကို ပြင်လို့ မရတော့ပါ။ ဒီနေရာမှာ ကြည့်ရင် ဆရာတော်ကလဲ သူ့ကျမ်းခေါင်းစဉ်ကို အထောက်အထား ခိုင်လုံပါက ပြင်ခိုင်းခဲ့တာကို တွေ့ရပါ့မယ်။ ဆရာနန္ဒာသိန်းဇံကလဲ သူမှားတဲ့ကိစ္စတစ်ခုကို မှားသွားကြောင်း ပြန်ပြင်ဖို့ ပြောခဲ့ပါတယ်။ ထို့ကြောင့် ပညာရှိပဂ္ဂိုလ်များရဲ့ စိတ်နေသဘောထားကို တွေ့မြင်နိုင်ပါတယ်။
ယခုတဖန် စာတမ်းဖတ်ပွဲမှာ ဆရာတော်မှ စာတမ်းတစ်စောင် ဖတ်ကြားခဲ့ကြောင်း သိရသဖြင့် အရမ်းဝမ်းသာ ပီတိဖြစ်မိပါတယ်။
ဒါကြောင့် ဓါတ်ပုံများကို ပို့ပေးပါသော ဆရာကိုသက်လွင်အား အထူးကျေးဇူးတင်ပါကြောင်းနှင့် ယင်းဓါတ်ပုံများကို သမိုင်းမှတ်တိုင် တစ်ခု အနေဖြင့် ထပ်ဆင့်ပြီး ဖေါ်ပြလိုက်ပါတယ်။
မောင်နေခြည် (လှည်းကူမြေ)
No comments:
Post a Comment