Thursday, 10 January 2013

မတူတာလေးများ အပိုင်း (၄)

 ရိုသေမှု့

သြစီမှာ အနေကြာလာတာနဲ့ အမျှ သြစီက ဓလေ့စရိုက်တွေနဲ့ တော်တော်လေးကို ယဉ်ပါးလာခဲ့ပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ ဘ၀င်မကျတာလေး တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ လူကြီးသူမများကို ရိုသေမှု့ နည်းပါးလာခြင်းပဲ ဖြစ်ပါတယ်။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်မှု့ရှိပေမယ့် စိတ်ယဉ်ကျေးမှု့ပိုင်းမှာ တော်တော်လေးကို ယိုယွင်းလာတာကို တွေ့ရှိရပါတယ်။ အထူးသဖြင့် မိမိတို့ရဲ့ မြန်မာကွန်မြူနီတီအတွင်းက အကြောင်းအရာများကို ကြည့်ပြီး ပြောဆိုခြင်း ဖြစ်ပါတယ်။
အခြားသော ကွန်မြူနီတီတွေတော့ မပြောတတ်ပါဘူး။

မြန်မာလူမျိုးများဟာ မိဘများကို ဘုရားနဲ့ တစ်ဂိုဏ်းထဲထားကြသူများပါ။ ရိုသေမှု့ရှိကြပါတယ်။ မိဘစကားကို နားထောင်ကြပါတယ်။ အဲဒီအချက်ကပင်လျှင် မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။ ယနေ့ သြစီရောက်နေတဲ့ မြန်မာမိသားစု အများစုကတော့ မိဘဖြစ်တဲ့သူတွေက ဘာသာစကားမှာ ခလေးတွေလောက် မ၇ကြပါဘူး။ အဲဒါကိုက အားနည်းမှု့ တစ်ခု ဖြစ်နေတော့တာပါပဲ။

သူတို့ပြောတဲ့ အင်္ဂလိပ်စကားသာ ဘာသာစကားဖြစ်တယ်လို့ ခလေးတွေရဲ့ စိတ်ထဲမှာ ထင်နေပုံပါပဲ။ ပြီးတော့ မိဘက သားသမီးကို ရိုက်ပြီး ဆုံးမခွင့်မရှိပါဘူး။ အကယ်ရွေ့ ခလေးက ရဲကို တိုင်လျှင် မိဘ အဖမ်းခံရနိုင်ပါတယ်။ ဘယ်နေရာဖြစ်ဖြစ် အင်္ဂလိပ်စကားပြောမှ ရတာဆိုတော့ စကားမပြောတတ်တဲ့ မိဘတွေခမျာ သကားပြောတတ်တဲ့ ခလေးတွေကို စကားပြန်လုပ်ပြီး ပြောရပြန်ပါတယ်။ ခလေးတွေကတော့ ဘ၀င်တစ်လုံးနဲ့ပေါ့။ နောက်ပိုင်းကျတော့ အိမ်မှာ မိဘပြောစကားက အရာမ၀င်တော့ပါဘူး။ မိဘတွေ တဖြေးဖြေးနဲ့ ဘေးရောက်ကြရတော့တာပါပဲ။ မိဘကို ရိုသေရမည် ဆိုတာကတော့ ဝေလာဝေးပါ။

တစ်ချို့မိဘများဆိုရင် သူ့သားသမီးတွေကို မမေးပဲ စာရေးသူကို လာမေးလို့ လိုက်လံဖြေရှင်း ကူညီပေးခဲ့ရပါတယ်။ ဒါက ဥပမာ နဲနဲလောက်ပါပဲ။ ကြာတော့ မိဘတွေခမျာ အထီကျန် ဆန်ပြီး ဘ၀ကို ဆက်လျှောက်နေရပါတယ်။ ဒါကြောင့် စာရေးသူဟာ ဆစ်ဒနီမှာ ယဉ်ကျေးမှု့ သင်တန်းပြတဲ့ အခါ မိဘတွေကို ရိုသေဖို့၊ ဂါရ၀တရား နိဝါတတရားတွေ ထားတတ်ဖို့ကို အထူးအလေးပေးပြီး သင်ပြပေးပါတယ်။ မိဘတွေအပေါ်မှာ ရိုသေမှု့ကင်းရင် ကျန်တဲ့သူတွေ အပေါ်မှာတော့ ပြောစရာတောင် လိုမည်မထင်ပါ။ သြစီနေ  မြန်မာကွန်မြူနီတီဝင်ဖြစ်တဲ့ တိုင်းရင်းသားတိုင်းမှာ ဒီအဖြစ်တွေဟာ နေစဉ်နဲ့ အမျှကြားရ၊ မြင်ရနေတာပါပဲ။

ကြံဖန်ပြီး ဂုဏ်ယူချင်တယ် ဆိုရင်တော့ ပြောစရာ တစ်ခုရှိပါတယ်။ 
အဲဒါကတော့ သြစတေးလျနိုင်ငံမှာ ဖြစ်ခဲ့တဲ့ မှု့ခင်းတွေအားလုံးမှာ မြန်မာလူမျိုးတွေကြောင့် ဖြစ်ရတဲ့ မှု့ခင်းက ရာခိုင်နှုန်း အနည်းဆုံးလို့ ဆိုပါတယ်။

မိဘကို ရိုသေမှု့မရှိတဲ့ သားသမီးဟာ ဘယ်လောက်ပဲ ပညာတတ်တတ် အလကားပါပဲ။ မိဘက မိဘပါ။ သားသမီက သားသမီးပါ။

စိတ်ကူးထဲမှာတော့--- ဒီလိုသားသမီးမျိုး ငါတို့မြန်မာပြည်မှာ ဆိုရင်တော့-------------

သေချာပါတယ်။ ယဉ်ကျေးမှု့ မရှိရင် မတိုးတတ်နိုင်ပါဘူး။

မတူတာလေးတွေကို ပြောပါတယ်။
နောက်တစ်ပတ်မှာ ပြန်ဆုံကြတာပေါ့။



မတူတာလေးများ အပိုင်း(၃)

မေ့ကျန်ပစ္စည်း

သြစီမှာ နေကြသူ အများစုဟာ စားစရာသောက်စရာကို တစ်ပတ်တစ်ခါ (သို့) နှစ်ပတ်တစ်ခါ ၀ယ်လေ့ရှိကြပါတယ်။ ပြီးရင် ရေခဲသေတ္တာထည့်ပြီး အချိန်တန်တော့ ထုတ်ပြီး ချက်စားလိုက်ကြတာပါပဲ။
စာရေးသူလဲ သြစီနေသူတစ်ဖြစ်နေတာကြောင့် နှစ်ပတ်ကို တစ်ခါဝယ်လေ့ရှိပါတယ်။ ပြီးတော့ ထုံးစံအတိုင်း ရေခဲသေတ္တာထဲထည့်ပေါ့။ တစ်ချို့သြစီ စစ်စစ် အဖြူတွေကတော့ တစ်ပတ်မှာ ငါးရက်လုပ်ပြီး ရလာတဲ့ငွေကို စနေ၊ တနင်္ဂနွေ နှစ်ရက်မှာ ကုန်အောင် သုံးလိုက်ကြတာပါပဲ။

များသောအားဖြင့် တစ်နေရာထဲမှာ ကိုယ်လိုချင်တာရနိုင်တဲ့ Woolworths, Cole, Big W တို့လို စူပါမားကတ်တွေမှာပဲ ၀ယ်ယူလေ့ရှိပါတယ်။ လှည်းတစ်စီးတွန်းပြီး ကိုယ်ကြိုက်တာ ထည့်၊ ပြီးရင် ငွေရှင်းပြီး ပြန်ထွက်လာရုံပါပဲ။ ဟိုတစ်လောတုန်းက စူပါမားကတ်တစ်ခုမှာ ကိုယ်ဝယ်ထားတဲ့ ပစ္စည်းတစ်ထုပ် ကျန်နေခဲ့ပါတယ်။ မိမိနေထိုင်ရာ ရောက်ပြီး စုံလားဆိုတာတောင် စစ်မနေပါဘူး။ နောက်နေ့ နံနက်စာစားခါနီးမှ ၀ယ်လာတဲ့ပစ္စည်း ကျန်နေခဲ့မှန်းကိုသိတော့တယ်။ ဒါတောင် ကားပေါ်မှာ ကျန်ခဲ့လေသလားလို့ ကားထဲမှာ သွားရှာပါသေးတယ်။ မတွေ့ပါ။  သေချာပါပြီ။ ၀ယ်ထားပြီး မေ့ကျန်ခဲ့ပါပြီ။

နောက်တစ်ပတ်လောက် ကြာတော့ အဲဒီစူပါမားကတ်ကို သွားပြီး နောက်ထပ်လိုချင်တာတွေ သွားဝယ်ပါတယ်။ ငွေရှင်းတဲ့အခါမှာ ကောင်တာက အမျိုးသမီးငယ်ကို ပါးစပ်ဆော့ပြီး အရင်အပတ်က ပစ္စည်းတစ်ထုပ်မေ့ကျန်ခဲ့တဲ့အကြောင်း ပြောမိပါတယ်။ အဲဒီအခါမှာ မေ့ကျန်ခဲ့တဲ့ ပစ္စည်းစာရင်းပါတဲ့ ဘောက်ချာပါရင် ပြန်ပေးမယ်လို့ ပြောပါတယ်။ နောက်နေ့မှ ထပ်လာပြီး ဘောက်ချာပြတော့ ကျန်နေတဲ့ ပစ္စည်းအားလုံးပြန်ရပါတယ်။ သူတို့ကလဲ ကျန်တဲ့ပစ္စည်းများကို စာရင်းနှင့်တကွ သိမ်းထားကြပါတယ်။ တော်တော်လေးကို အံ့သြသွားပါတယ်။ ငါတို့နိုင်ငံမှာဆိုရင်ရော---ဟုတွေးမိပါတယ်။ ငယ်ငယ်တုံးက ဈေးဝယ်ရင်း ဆိုင်မှာ ကျန်နေတဲ့ပစ္စည်းများ တစ်ခါမျှပြန်မရဘူးပါ။

နောက်ဖြစ်ရပ်တစ်ခုရှိပါသေးတယ်။ ကြာတော့ကြပါပြီ။ ကျောင်းတက်ပြီးပြန်လာရင်းဖြစ်တာပါ။ တက္ကသိုလ်က ဆစ်ဒနီမြို့ထဲမှာ ရှိပါတယ်။ ဆစ်ဒနီကနေ မိမိနေထိုင်ရာ မြို့ငယ်လေးကို ရထားစီးရင် မိနစ် ၅၀ ခန့်ကြာပါတယ်။ တစ်နေ့ကျောင်းက ပြန်အလာ သူငယ်ချင်းတွေ စကားတွေပြောပြီး ဘူတာရောက်တော့ ပီရူးသူကျောင်းသူတစ်ယောက်ဟာ စာကြည့်တိုက်က စာအုပ်တွေထည့်ထားတဲ့ အိပ်တစ်လုံး ရထားပေါ်မှာ မေ့ကျန်ခဲ့ပါလေရော။ မေ့ကျန်ခဲ့မှန်းကို စာကြည့်တိုက်ရောက်မှ သိတယ်။ ဒါနဲ့ ရထားဘူတာကို ပြန်ပြီး ရုံစောင့်ကို အကြောင်းကြားပါတယ်။ နောက်ထပ် ၁၅မိနစ်လောက်ကြာတော့ နောက်ရထားတစ်စီးနဲ့ ကျန်နေတဲ့ စာအုပ်ထုပ်ကို ပြန်ထည့်ပေးလိုက်ပါတယ်။ မည်သူတစ်ဦးတစ်ယောက်မျှ အဲဒီအထုပ်ကို ယူမသွားကြပါဘူး၊ ပီရူးသူလဲ သူ့အထုပ်ပြန်ရတော့ စာကြည့်တိုက်ကို ပြန်လျှော်ပေးဖို့မလိုတော့ဘူးပေါ့။

ငယ်ငယ်တုံးက ဘက်စ်ကားစီးစဉ် ကားပေါ်မှာ ရေးထားတဲ့ စာလေးတစ်ကြောင်းကို သွားပြီးအမှတ်ရလိုက်ပါတယ်။ အဲဒီစာလေးကတော့--- ကျန်ရှိပစ္စည်းတာဝန်မယူတဲ့-

မတူတာလေးတွေကိုပြောပါတယ်။ နောက်တစ်ပတ်မှ ဆုံကြတာပေါ့။

Wednesday, 9 January 2013

မတူတာလေးများ အပိုင်း (၂)

ဒီတစ်ပတ် မတူတာလေးများအတွက် ရွေးချယ်ထားတဲ့ အရာကတော့ သြစီမှာ သုံးနေတဲ့ TOILET (မြန်မာအခေါ်-အိမ်သာ) အကြောင်းပဲဖြစ်ပါတယ်။

စာရေးသူဟာ တောသားတစ်ယောက်ဖြစ်တာမို့ မြန်မာပြည်ရဲ့ တောရွာများမှာ သုံးနေတဲ့ လည်ပေါ်အိမ်သာများကို သုံးခဲ့ရသူပါ။ မြန်မာလူမျိုးများဟာ အိမ်သာရဲ့ အရေးပါမှု့ကို နှစ်အတော်တန်ကြာ မေ့ထားခဲ့ကြပုံရပါတယ်။ ငယ်စဉ်က တက်ခဲ့ရတဲ့ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းတွေရဲ့ အိမ်သာတွေကတော့ ပြန်ပြီးတော့ တွေးကြည့်ရင် တော်တော်လေးကို ရွံ့စရာကောင်းလှပါတယ်။ ( အထက်တန်းကျောင်း မတက်ဘူးတော့ အထက်တန်းကျောင်းမှာ ရှိတဲ့ အိမ်သာတွေကိုတော့ အသုံးမပြုဘူးပါဘူး)။ ရန်ကုန်မြို့ထဲသွားချိန် အပေါ့-အလေးသွားချင်ရင် အတော်ကို ဒုက္ခရောက်ရပါတယ်။ အိမ်သာရှာမတွေ့တဲ့ ဒုက္ခပါ။ ရှာတွေ့ပြန်တော့လဲ အရမ်းညစ်ပတ်ပြီး နံစော်နေတဲ့ အိမ်သာများသာဖြစ်ကြပါတယ်။ အများသုံး အိမ်သာတိုင်းလိုလိုမှာ ညစ်ညမ်းသောစာများ၊ အရုပ်များကို ရေးသားထားတာတွေ့နိုင်ပါတယ်။ အခုများတော့ ဘယ်လိုနေသည်မသိပါ။

အဆိုးဆုံး အရာကတော့ အိမ်သာတက်ပြီးလျှင် လက်နှစ်ဖက်ကို စင်အောင်ဆေးပါဆိုတဲ့ ရုပ်မြင်သံကြားကနေ သတိပေးနေရတဲ့အခက်ပါပဲ။ မြန်မာလူမျိုးတွေ ကျန်းမာရေးအသိ တော်တော်နည်းပါးနေတာကို မီးမောင်းထိုးပြနေသလိုပါပဲ။

ဒီသြစတေးလျနိုင်ငံရဲ့ အများပြည်သူ အသုံးပြုတဲ့ နေရာတိုင်းအားလုံးမှာ အများအသုံးပြုနိုင်တဲ့ အိမ်သာများကို တည်ဆောက်ပေးထားတာပါပဲ။ ယောက်ကျားသက်သက် မိန်းမသက်သက်ပေါ့။ ပြီးတော့ ဆွံ့အ နားမကြားသူတွေအတွက် သီသန့်အခန်းပါ တည်ဆောက်ပေးထားပါတယ်။ အိမ်သာတိုင်းမှာ တစ်ရှူးအပြည့်ထည့်ပေးထားပါတယ်။ အသုံပြုပြီးရင် လက်ဆေးဖို့ ဆပ်ပြာရည်လဲ စီစဉ်ပေးထားပါတယ်။ ပြီးတော့ လက်အခြေက်ခံတဲ့စက်ကိုလဲ ထားပေးပါတယ်။

အိမ်သာတိုင်းက အမြဲတမ်းမွှေးနေပါတယ်။ အမြဲတမ်း သန့်ရှင်းနေတဲ့ ၀န်ထမ်းလဲ ရှိပါတယ်။ အိမ်သာ အသုံးပြုခလဲ ပေးစရာမလိုပါ။ မရွံရှာတဲ့သူဆိုရင် အစားအသောက်တောင် စားလို့ရပါတယ်။ အိမ်သာတိုင်းကတော့ ဗိုလ်ထိုင်တွေချည်းပါပဲ။ တစ်ချို့တစ်ချို့သော အိမ်သာတွေမှာတော့ မူးယစ်ဆေးဝါး သုံးစွဲသူများအတွက် ၄င်းတို့အသုံးပြုခဲ့တဲ့ ဆေးထိုးအပ်များထည့်ဖို့ သီးသန့် ပုံးငယ်များထားရှိပေးပါတယ်။


မြန်မာပြည်မှာ ဒီလောက်ကောင်းစရာမလိုပါ။ အများပြည်သူ အသုံးပြုနိုင်တဲ့ သန့်ရှင်းတဲ့ အိမ်သာများ နေရာတိုင်မှာ ထားရှိပေးဖို့ သက်ဆိုင်ရာကို တိုက်တွန်းချင်ပါတယ်။

အိမ်သာတက်ချင်ပါလျက် တက်ရမည့်အိမ်သာကို ရှာရတဲ့ ဒုက္ခဘယ်လောက်ကြီးတယ်ဆိုတာကို ခံစားဖူးသူများသာသိကြပါသည်။

နောက်တစ်ပတ်မှ ဆက်ရေးတာပေါ့။



မတူတာလေးများ အပိုင်း(၁)

ဒီကနေ့ အိပ်ယာက ထပြီး အပြင်ထွက် ဟိုကြည့်ဒီကြည့် လုပ်မိပါတယ်။ အဲဒီအချိန်မှာ ကျီးကန်းတွေ
အော်နေကြတာကို သတိထားမိပါတယ်။ သေချာနားထောင်ကြည့်တော့ မြန်မာ့ ကျီးကန်းတွေနဲ့ တော်တော်လေးကို ကွာခြားတာ တွေ့လိုက်ရပါတယ်။ ဒါနဲ့ပဲ မြန်မာပြည် နဲ့ သြစတေးလျပြည်တို့ရဲ့ မတူတာလေးများအကြောင်းကို အပိုင်းလိုက် ခွဲပြီး ရေးမယ်လို့ စိတ်ကူးခဲ့ပါတယ်။

ဒါကြောင့် ကျီးကန်းကနေစကြရအောင်နော်၊

သြစတေးလျနိုင်ငံကို ရောက်ခါစတုံးက နေရာတိုင်းကို ကြည့်လိုက် မြင်လိုက်ရတဲ့ အချိန်မှာ သြစတေးလျနိုင်ငံသားတွေဟာ တော်တော်လေးကို ပျင်းကြတယ်လို့ စိတ်ထဲက ထင်မိပါတယ်။ ဒီမနက်တော့ သြစီနိုင်ငံသားတွေသာမက သြစီကျီးကန်းကလည်း အရမ်းပျင်းတာကို တွေလိုက်ရပါတယ်။
စာဖတ်သူသိတဲ့အတိုင်း မြန်မာပြည်က ကျီးကန်းတွေအော်တဲ့အခါမှာ အသံရှည်ဆွဲလေ့မရှိကြပဲ -အ- အ- အ-ဟု အော်ကြပါတယ်။ သြစီကျီးကန်းကတော့ မြန်မာကျီးကန်းနဲ့ မတူပဲ အသံရှည်ဆွဲပြီး လေးလံစွာ  အာ -အာ- အာ -ဟု အော်ကြပါတယ်။ အသံကိုက ပျင်းစရာဖြစ်နေပါတယ်။

ဒါကြောင့် သြစီနိုင်ငံသားတွေသာမက သြစီကျီးကန်းကလဲ အပျင်းကြီးပါပကော၊၊

နောက်တစ်ပတ်မှ ဆက်ရေးတာပေါ့နော်၊

(သြစီကျီးကန်းတစ်ကောင်ပုံပါ။ အမြီးရှည်ပြီး အဖြူအနက်ကြားတဲ့ အမွှေးအတောင်ရှိပါတယ်။)

Tuesday, 8 January 2013

ထိုင်းဘုရင်၏သြဝါဒ ၃၆ချက်

၁။    ထမင်းလုံးတိုင်းရေစက်တိုင်း စားစရာရှိသမျှ ရင်ထဲက ကျေးဇူးတင်ပါ။
၂။    ဘုရားရှိခိုးတိုင်း မည်သည့် ဓနဥစ္စာကိုမျှမတောင်းဘဲ
       ပညာနှင့်အစွမ်းသတ္တိကိုသာတောင်းယူပါ။
၃။    သူငယ်ချင်းအသစ်သည် ကိုယ်အတွက်လက်ဆောင်ဖြစ်သလို အဟောင်းဟာလဲ
       မိမိအတွက်တန်ဖိုးမဖြတ်နိုင်ပါ။
၎။    ဘာသာရေးစာအုပ်ကို တစ်နှစ်တစ်အုပ် ရအောင်ဖက်ပါ။
၅။    မိမိကိုယ်ကိုကောင်းစေချင်လျှင် သူများကိုကောင်းအောင် အလျင် ကူညီလုပ်ပေးပါ။
၆။’    ကျေးဇူးတင်ပါတယ်’ဆိုသောစကားကို အမြဲများများပြောပေးပါ။
၇။    သူတပါး၏ရင်ဖွင့်စကား တိုင်ပင်လျှို့ဝှက်စကားတို့အား
       မိမိအနေဖြင့်ထိမ်းသိမ်းပါ။
၈။    ခွင့်လွှတ်စိတ်ရှိပါ။
၉။    နားထောင်သည့်အလုပ်ကိုဦးစားပေးပါ။
၁၀။    အမှားရှိလျှင် ဝန်ခံနိုင်ရမည် ။
၁၁။    ပြုတ်ကျပါက လဲကျပါက ပြန်ထူပြန်ထရန်မကြောက်ပါနှင့် ။
၁၂။    ခက်ခဲနေလေလေ အောင်မြင်ဖို့အတွက်လေးနက်မှုရှိလေလေ ။
၁၃။    ဓာတ်လှေကားအတွင်း စီးပွားရေးအကြောင်း မငြင်းခုံပါနှင့် ။
၁၄။    ဈေးဝယ်ကဒ်ကို အကြွေးတင်အောင် မဝယ်သုံးမိပါစေနှင့် ။
၁၅။    တောင်းပန်ရန် ဝန်မလေးပါနှင့် ။
၁၆။    မသိပါကမသိကြောင်းဝန်ခံပါ ။
၁၇။    ကီလို ၁၀၀၀ (မိုင်ထောင်ချီခရီး)အားချောမွေ့သည်ဟူ၍မရှိနိုင်ပါ ။
၁၈။    မွေးကတည်းက မည်သူမျှမပြေးတက်သေးပါ ဒါကြောင့်ဖြေးဖြေးစလုပ်ပါ ။
၁၉။    ကပ်စေးနဲတာဟာ ဘဝအောင်မြင်ဖို့အတွက်ပါ (ဘဝကိုချစ်တဲ့သူ) ။
၂၀။     ငွေကိုမချစ်တဲ့သူဟာ ဘဝကိုမချစ်တဲ့သူကြီးပွားဖို့ မမျှော်လင့်သူ ။
၂၁။    ရန်ဖြစ်သူနှစ်ယောက် အလလျင် ရပ်သွားသူကပညာရှိပါ ။
၂၂။    တစ်သက်လုံး အလုပ်လုပ်ရက်မရှိပါ နားရက်တွေပါဘဲ ။
၂၃။    ပြင်းထန်တဲ့စိတ်ရှိသလို ပျော့တဲ့စိတ်လည်းဖြစ်မယ်
         ပျော့ကွက်ကိုအနိုင်မယူမိပါစေနှင့် ။
၂၄။   နားမလည်သူအား နားလည်အောင်ရှင်းပြတက်ပါစေ ။
၂၅။     ငွေအကြွေစေ့တစ်ခုမှာတောင်မျက်နှာနှစ်ခု ရှိတယ်ဒီလိုဘဲ ဘဝဟာအနိုင်/အရှုံး-
        အောင်မြင်မှု /ကျရှုံးမှုတွေရှိမယ် ။
၂၆။    မိမိစိတ်ကိုအလိုမလိုက်ပါနှင့် ။
၂၇။   သွားဟာဘာဖြစ်လို့ ကျိုးလဲ(မာလို့) လျှာကကြိုးပါသလား?
၂၈။   အပင်ငယ်တက်ခါစ ကိုမြန်မြန်ကြီးပါစေဆို၍ ဆွဲဆန့်ခြင်းမပြုပါနှင့်အမြစ်ပါကြွသွားမည် ။
၂၉။   မိမိကိုယ်တစ်နေ့လျှင်သုံးကြိမ် သေရမည်ကိုစဉ်းစားပါအားလုံးပြင်ဆင်ပြီးသားဖြစ်မယ် ။
၃၀။   ကြယ်သီးဟာ ပထမတစ်လုံးမှားသည်နှင့် အားလုံးမှားတော့တာပါဘဲ ။
၃၁။   အလုပ်တစ်ခုကိုပြီးမြောက်ဖို့ ရက်ချိန်းတစ်ခုသက်မှတ်ပါ ။
၃၂။   ရေခွက် ထဲမှ တစ်ဝက်သာရှိသောရေဖြစ်ပါစေ ။
၃၃။   ကြယ်နှင့်လဟာ အရမ်းကိုမြင့်လွန်းတယ် မှီနိုင်သလောက်ကိုလှမ်းပါ ။
၃၄။   လူ့တသက်တာမှာ အလုပ်အများကြီး အရေးအကြီးဆုံးကို အရင်လုပ်ပါ ။
၃၅။    စာအုပ်တွေဟာကမ္ဘာပေါ်မှာတန်ဖိုးအရှိဆုံးနှင့် ။
         ဗဟုသုတအရဆုံးပညာရှိတစ်ဆူဖြစ်တယ် တစ်လလျှင်တစ်အုပ် ဖက်နိုင်အောင်လုပ်ပါ ။
၃၆။ အရာရာသက်မှတ်ချက်ရှိပါစေ ပစ္စည်းတစ်ခုအား ဤနေရာမှ ယူပြီးဤနေရာမှာ ထားပါ
      စည်းကမ်းသည်လူ၏တန်ဖိုး ။


Sunday, 6 January 2013

GENIUS TEAM ၏ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလှူပွဲ

GENIUS TEAM ၏ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလှူပွဲကို လှည်းကူးမြို့နယ်  ကြီးလေးကြီးလမ်းနားက ကျွဲတဲ ကိုယ်ထူကိုယ်ထကျောင်းသို့ သွားရောက်ပြီး ဒါနပြုကြပါတယ်။




















ဓါတ်ပုံများကို ကြည့်ရှု့ရင်း ကုသိုလ်ပွားများနိုင်ပါကြောင်း ဖေါ်ပြလိုက်ရပါတယ်။

Ref: http://www.facebook.com/geniusteam2007

အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော တက္ကသီလဟိတဓရအဖွဲ့ (ရန်ကုန်)

နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်)၏  တက္ကသီလဟိတဓရအဖွဲ့ (ရန်ကုန်)ကို အောက်ပါအတိုင်း အသစ်ပြန်လည်ဖွဲ့စည်းကြောင်း သတင်းရရှိပါသည်။


  တက္ကသီလဟိတဓရအဖွဲ့ (ရန်ကုန်)


ဥက္ကဌ                 ဦးဥတ္တမသာရ (မလေးရှား)
                          ဦးစန္ဒာဝရ (ပြည်တွင်း)

ဒုဥက္ကဌ- ၁          ဦးနန္ဒသေနာလင်္ကာရ
ဒုဥက္ကဌ -၂         ဒေါက်တာဦးကောဝိဒ (မဇ္ဈိမဂုဏ်ရည်ဆရာတော်)
ဒုဥက္ကဌ- ၃         ဦးနရိန္ဒ
ဒုဥက္ကဌ -၄         ဦးဝိသုတ
ဒုဥက္ကဌ- ၅         ဦးစန္ဒာသီရိ

အကျိုးတော်ဆောင်အဖွဲ့ (ပြည်ပ)

၁။                   ဦးပ႑ိတ (ၾသစေၾတးလ်)
၂။                  ဦးခေမိန္ဒ (အမေရိက)
၃။                  ဦးသုဝဏ္ဏ (ကိုးရီးယား)
၎။                  ဦးဝိစိတ္တ (ကိုးရီးယား)
၅။                 ဦးခေမာစာရ (ကနေဒါ)
၆။                 ဝေါဆရာတော် ဦးသုမင်္ဂလ (ကိုးရီးယား)
၇။                ဦးစန္ဒောဘာသ (အိန္ဒိယ)
၈။                ဦးကိတ္တိသာရ (သီရိလင်္ကာ)
၉။               ဦးသောဘိတ (ထိုင်ဝမ်)
၁၀။             ဦးပညာစာရ (အင်္ဂလန်)
၁၁။            ဦးသုန္ဒရသိရီ (မလေးရှား)
၁၂။            ဦးသြဘာသ (ထိုင်း)

အကျိုးတော်ဆောင်အဖွဲ့ (ပြည်တွင်း)

၁။             ဦးမာနိတာဘိဝံသ (ဒေါပုံ)
၂။            ဦးဥတ္တရ (မြိတ်ကျားကျောင်း)
၃။           ဦးဥဇ္ဇောတ (မရမ်းကုန်း)
၎။           ဦးကုသလ
၅။          ဦးသုခမိန္ဒ (တန့်ယန်း)
၆။           ဦးပညာသာမိ
၇။           ဦးဝဏ္ဏိဿရ
၈။           ဦးသောဘိတ
၉။           ဒေါက်တာဦးစန္ဒန
၁၀။        ဦးေဥယ်ဓမၼ
၁၁။        ဦးဥတ္တရ (ကရင်)
၁၂။        ဒေါက်တာဦးမာလာသီရိ (မုဒုံ)
၁၃။         ဦးပဏ္ဍိတ (ဘိ)
၁၄။        ဒေါက်တာဦးရေ၀တ (တ-ဥက္ကလာ)
၁၅။        ဦးနန္ဒမာလာ (အုတ်ဖို)

(ကျောင်းတွင်း)

၁။         ဦးဂန္ဓသာရ
၂။        ဦးစိန္တာဝရ
၃။        ဦးထေရာသဘ
၎။        ဦးဓမ္မာလောက
၅။       ဦးအရိယ
၆။       ဦးအဂ္ဂဓမ္မ
၇။       ဦးဥာဏဓဇ (ရုံး)
၈။       ဦးမာဃဝ
၉။       ဦးရေ၀တ
၁၀။    ဦးပါမောက္ခ (ပါဠိ)
၁၁။    ဦးဝိဇ္ဇာနန္ဒ
၁၂။    ဦးဇနက
၁၃။    ဦးအာဒိစ္စ
၁၄။    ဦးအဂ္ဂ၀ံသ
၁၅။    ဒေါက်တာဦးကေတု

ပြည်နယ်နှင့်တိုင်းဒေသ စည်းရုံးရေးမှူးများ

ကယား      =      ဦးစန္ဒိမာ (လွိုင်ကော်)
ကချင်       =       ဦးစန္ဒာသီရိ (ဖားကန့်)        ဖုန်း= ၀၉၄၂၁၂၅၅၂၄
ကရင်       =        ဦးဥတ္တရ (ဘားအံ) 

                          ဦးခေမာစာရ (ကော့ကရိတ်)
ပဲခူး/နောက်=     ဦးပညာစက္က (ပြည်)          ဖုန်း=၀၉၅၃၆၃၅၂၈
                         ဦးနန္ဒမာလာ (အုတ်ဖို)
ပဲခူး/ရှေ့=          ဦးအာသဘ (ပဲခူး) 

                         ဦးဝိနယ (ပဲခူး)
ချင်း      =          ဦးက္ကန္ဒာဝုဓ (ကန်ပက်လက်)၊ 

                         ဦးနန္ဒက (ပလက်ဝ)
မကွေး=            ဦးမာနိတ (မကွေး)၊

                        ဦးစိန္တိတ (မင်းလှ)
မွန် =               ဦးကောမလ၊ 

                       ဦးဝိသုဒ္ဓ
တနင်္သာရီ=     ဦးသောဘိတ၊

                      ဦးဓမ္မ၀ံသ
ရခိုင် =            ဦးတိလောက (စစ်တွေ)၊

                     ဦးစန္ဒာသီိရိ
ရန်ကုန်  =     ဦးအမတောဘာသ (၈-မိုင်)၊ 

                     ဦးမေဓာဝီ (ကမာရွတ်)
ရှမ်း/မြောက် = ဦးဇာဂရ (ကျောက်မဲ)၊

                     ဦးပညာနန္ဒ (ကျိုင်းတုံ)
ရှမ်း/ရှေ့ =    ဦးပညာနန္ဒ
ရှမ်း/တောင် = ဦးကောလိယ (တောင်ကြီး)
မန္တလေး  =    ဦးနန္ဒမေဓာ၊ 

                    ဦးဝဏ္ဏိတ
စစ်ကိုင်း =    ဦးဂါရ၀ဓမ္မ (ဖောင်းပြင်)၊ 

                   ဦးဥာဏသေဌ (ဗန်းမောက်)

 Ref:  http://www.facebook.com/SPSUYGN?ref=stream