Wednesday, 22 January 2014

လှည်းကူးမြို့နယ်၊ ကြို့ကုန်းကျေးရွာမှာ အုတ်စက်လုပ်သားချင်းစကားများကြရာမှ အုတ်ခဲဖြင့်ထုရိုက်ခဲ့၍ သေဆုံး

ရန်ကုန်၊ ဇန်န၀ါရီ ၁၆

၁၃.၁.၂၀၁၄ ရက်နေ့ ၂၀၀၀အချိန် ဦးကျော်စွာသည် လှည်းကူးမြို့နယ်၊ ကြို့ကုန်းကျေးရွာ၊ စံပယ်စုပိုင်း၊ အုတ်စက်ဝင်းရှိ အုတ်ကွင်းအတွင်း၌ ရှိနေစဉ် ညီဖြစ်သူ အုတ်စက်လုပ်သား ကိုဇော်လင်း ၏
အော်သံကိုကြားခဲ့၍ သွားရောက်ကြည့်ရှုရာ ကိုဇော်လင်းမှာ
ဦးခေါင်းထိပ်၌ ဖူးရောက်ဒဏ်ရာဖြင့် လဲကျနေသည်ကိုတွေ့ရှိရပြီး
မေးမြန်းသည့်အခါ အတူအလုပ်လုပ်ကိုင်သူ ကိုထူး(ခ)ဇော်နိုင်ဝင်း နှင့် စကားများရန်ဖြစ်ကြစဉ် ကိုထူး(ခ)ဇော်နိုင်ဝင်းမှ အုတ်ခဲဖြင့်ထုရိုက်၍ ထွက်ပြေးသွားကြောင်း ကိုပြောပြသိရှိခဲ့ရပါသည်။

ဒဏ်ရာရရှိသူ ကိုဇော်လင်းအား ဖောင်ကြီးဆေးရုံသို့ပြသခဲ့ရာမှ ရန်ကုန်ဆေးရုံကြီးသို့လွှဲပြောင်းကုသနေစဉ် ၁၄.၁.၂၀၁၄ရက်နေ့
၀၄၃၀ အချိန်တွင် သေဆုံးသွားခဲ့သဖြင့် အစ်ကိုဖြစ်သူဦးကျော်စွာမှ အရေးယူပေးပါရန်တိုင်တန်းခဲ့သဖြင့် ၁၅.၁.၂၀၁၄ရက်နေ့တွင်
ဖောင်ကြီးနယ်မြေရဲစခန်း (ပ)၁၉/ ၂၀၁၄၊ပုဒ်မ၃၀၂ ဖြင့်အမှုဖွင့်ကာ
ပြစ်မှုကျူးလွန်သူ ကိုထူး(ခ)ဇော်နိုင်ဝင်း(စုံစမ်းဆဲ) ဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


 Ref: Yangon Police

No comments: