ရန်ကုန်၊ ဇန်နဝါရီ ၂၇
ကျန်းမာရေးဝန်ကြီးဌာန အသုံးစရိတ် တိုးမြင့်လာ၍ တိုင်းဒေသကြီးနှင့်
ပြည်နယ်များတွင် ဆေးရုံ၊ ဆေးပေးခန်းများ ထပ်မံ တည်ဆောက်ခဲ့ရာ
ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်မြို့တွင် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ခုတင် ၈၀၀
ဆံ့ အထွေထွေ ရောဂါကု ဆေးရုံကြီး တည်ဆောက်သွားမည်
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက The Voie သို့ ပြောကြားသည်။
ယင်းဆေးရုံ ဆောက်လုပ်ရန် ပြည်ထောင်စု အစိုးရက မင်္ဂလာဒုံမြို့နယ်၊
ထောက်ကြန့်မြို့တွင် မြေနေရာ သတ်မှတ် ပေးထားပြီး ၂၀၁၅ ခုနှစ်တွင် အပြီးသတ်
တည်ဆောက်မည် ဖြစ်ကြောင်း၊ ကုန်ကျစရိတ်အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ
အစိုးရကလည်း ပံ့ပိုးပေးရန် သဘောတူ ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ဆက်လက်၍ ဂျပန်အစိုးရ အကူအညီနှင့် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းထောင့်
မော်တော်ကားဝင်းတွင် ခုတင် တစ်ထောင်ဆံ့ ပြည်သူ့ဆေးရုံ တည်ဆောက်ရန်
ရှိကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။
ကျန်းမာရေး
ကဏ္ဍအတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်း အသုံးစရိတ်၏ ၃ ဒသမ ၁၅
ရာခိုင်နှုန်း ရရှိခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၃၈ ရာခိုင်နှုန်းထိ
တိုးမြှင့်ပေးရန် လျာထား ကြောင်း ဇန်နဝါရီလ ၇ ရက်နေ့ ဘဏ္ဍာရေး ကော်မရှင်
အစည်းအဝေးက အတည်ပြုခဲ့သည်။
Ref: The Voice Weekly
No comments:
Post a Comment