ဇော်ဇော်ထွေး|ဇန်န၀ါရီ ၂၄ ရက်၊ သောကြာနေ့၊ ၂၀၁၄ ခုနှစ်
လှည်းကူးမြို့နယ် ရော်ဘာခြံတစ်ခုတွင် အလုပ်လုပ်နေသည့် ၁၅ နှစ်အရွယ်
မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အမျိုးသားတစ်ဦးက
မိန်းကလေးမိခင်မှအတူတူပြန်လာရန် အကြိုခိုင်းလိုက်သည်ဟု ပြောဆိုခေါ်ဆောင်ပြီး
လမ်းခုလတ်တွင် အဓမ္မပြုကျင့်ရန် ကြံစည်သဖြင့် ဇန်န၀ါရီ ၂၂ ရက်တွင် အမှုဖွင့်
တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ဖြစ်စဉ်ကို သမီးဖြစ်သူက ဇန်န၀ါရီ ၂၁ ရက်တွင် ပြန်လည်ပြောပြသဖြင့်
အသက် (၃၆)နှစ်ရှိ မိခင်ဖြစ်သူက ရဲစခန်းတွင်
အမှုဖွင့်တိုင်တန်းလိုက်ခြင်းလည်း ဖြစ်သည်။
ဇန်န၀ါရီ ၁၉ ရက်က အသက်
၁၅ နှစ်ရှိသမီးဖြစ်သူသည် ငါးဆူတောင်ကျေးရွာ (၄)ရပ်ကွက်ရှိ ဦးမောင် ကြီး၏
ရော်ဘာခြံတွင် အလုပ်လုပ်နေစဉ် ညနေ ၅ နာရီခွဲ အချိန်တွင် ၂၄
နှစ်အရွယ်တစ်ရွာတည်းသား က မိန်းကလေး၏ မိခင်ဖြစ်သူက
လာကြိုခိုင်းလိုက်သည်ဟုဆိုကာခေါ်ဆောင်သဖြင့် အတူပြန်ခဲ့ကြောင်း သမီးက
ပြန်လည်ပြောပြသည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။
ထို့နောက်
အတူပြန်လာစဉ် ရော်ဘာခြံအတွင်း လူပြတ်သည့်နေရာတစ်ခုသို့ အရောက်တွင် အဆိုပါ
တစ် ရွာတည်းသားက တွန်းလှဲပြီး သားမယားပြုကျင့်ရန် လုပ်ဆောင်စဉ်
မိန်းကလေးငယ်က ကယ်ကြပါဟု အော်ဟစ်အကူအညီတောင်းသဖြင့် ကြံစည်သူမှာ
ထွက်ပြေးသွားသည်ဟုလည်း ထည့်သွင်းတိုင်တန်း ထားသည်။
ထို့ကြောင့်
အသက်မပြည့်သေးသည့် သမီးငယ်ဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြံစည်သူအဖြစ်
ရှမ်းကြီး(ခ) ဇေယျာလင်းဆို သူကို တိုင်တန်းထားခြင်းဖြစ်သည်။
ယင်းတိုင်တန်းမှုကို လှည်းကူးမြို့နယ် ငါးဆူတောင်နယ်မြေရဲစခန်းက (ပ)၁၂/
၂၀၁၄ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူကို ပြစ်မှုကျူးလွန်ခြင်း ရှိ၊ မရှိ
ဖမ်းဆီးစစ်ဆေးနေသည်။
အဓမ္မပြုကျင့်ရန် ကြံစည်သူအဖြစ်
တိုင်တန်းခံထားရသူမှာ ပြစ်မှုကျူးလွန်ကြောင်းတွေ့ရှိပါက ပြစ်မှုပုဒ်မ ၃၇၆/
၅၁၁ဖြင့် တရားစွဲတင်မည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။
Ref: မဇ္ဈိမသတင်း
No comments:
Post a Comment