ရန်ကုန်-မန္တလေး အမြန်လမ်း (လှည်းကူးအပိုင်)မှာ ယာဉ်တိုက်မှုဖြစ်
နေပြည်တော်၊ ဇန်န၀ါရီ ၂၁
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၅/၆-၇)အကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်အရ အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လမ်းပြင်/ထိန်းအဖွဲ့မှဝန်ထမ်းများသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ရန်ကုန်မှနေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်နေ နိုင်လင်းထက်(၂၅)နှစ်မောင်းနှင်လာသည့်
9F/xxxx အေဒီဗင် အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေ အောင်ဌေး(၅၃)နှစ်
မောင်းနှင်သော 1G/xxxx ဗွီဂိုအနက်ရောင် ယာဉ်အား နောက်မှဝင်ရောက်
တိုက်မိခဲ့သည်။
ထိုသို့တိုက်မိမှုကြောင့် 1G/xxxx ဗွီဂိုအနက်ရောင်ယာဉ်သည် လမ်းယာဘက်သို့ တစ်ပတ်လိမ့်တိမ်းမှောက်ခဲ့သဖြင့် အောင်ဌေးတွင် ဦးခေါင်းဝဲ/ယာနှင့်
ယာခြေမျက်စိ ပေါက်ပြဲ၊ မျက်နှာယာခြမ်းပွန်းပဲ့ဒဏ်ရာများရရှိကာ
လှည်းကူးဆေးရုံသို့ရောက်ရှိစဉ် သေဆုံးသွားခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး၊
မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဒေါ်နီနီသွင်(၃၆)နှစ်ပါ(၅)ဦးတွင်
ဖူးရောင် ပွန်းပဲ့ ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့်
ယာဉ်မဆင်မခြင်မောင်းနှင်သူ နိုင်လင်းထက်အား အမှတ်(၃)လမ်းဆုံ
အမြန်လမ်းရဲစခန်း ယာဉ်(ပ)၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်
အရေးယူ ထားရှိကြောင်း သတင်းရရှိသည်။
Ref: ရဲဇာနည်
No comments:
Post a Comment