ယနေ့ ၂၁-၀၁-၂၀၁၄ နံနက်မှာ လှည်းကူးကား ၂၃၉
ဘက်စ်တစ်စီး မီးလန့်မှုဖြစ်ပွားပါတယ်။ အမှန်မှာ ဂတ်ပိုက်ပေါက်တာ အသံကျယ်ပြီး ဖုန်းမှုန့်တွေဖြာထွက်လာခြင်းဖြစ်ပြီး ခရီးသည် တစ်ယောက်မှ ကားမီးလောင်နေပြီ-ဟု ပြောခဲ့ခြင်းကြောင့် ကားပေါ်မှာ ခရီးသည်များ အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။
ကားပေါ်ပါလာသူ ခရီးသည်တစ်ယောက်ကတော့ အောက်ပါအတိုင်း သူ့အတွေ့အကြုံကို ပြောဆိုခဲ့ပါတယ်။
ဝရုန်းသုန်းကားအပြင်ထွက်ဖို့ကြိုးစားရင်းက ပုဆိုးကွဲ ဒူပြဲလေးနည်းနည်း ဖြစ်သွားတယ်။ နီးစပ်ရာပြတင်ပေါက်တွေက ခုန်ချလို့လဲ ခြေထောက်နာသွားတာလဲရှိတယ်။ ဒရိုင်ဘာဘေးက အပေါက်ကနေ အောက်ကိုထွက်ဖို့ကြိုးစားရင်း ဒရိုင်ဘာအနင်းခံလိုက်ရတယ်။
ဘာမှအန္တရာယ်ကြီးကြီးမားမား မရှိပေမဲ့ ငိုအားထက်ရယ်အားသန်ဆိုသလိုဘဲ
ကားပြန်ထွက်တော့ လူတစ်ဝက်လောက်က ပြန်မတက်ရဲလို့ကျန်ခဲ့လို့ကားပေါ်ရှိကျန်လူများနေရာရ၍ ပျော်ပျော်ပါးပါး ပုဆိုးအပြဲနဲ့ရုံးတက်ခဲ့ရပါတယ်--ဟု။
Ref: လူလေးဗုံတုတ်
No comments:
Post a Comment