Friday, 31 January 2014

နည်းပညာတက္ကသိုလ် (မှော်ဘီ) ရဲ့ ဘွဲ့နှင်းသဘင် နေ့ရက်များ

နည်းပညာတက္ကသိုလ် (မှော်ဘီ) မှ ဘွဲ့ယူမည့် လှည်းကူးနယ်မှ ညီငယ် ညီမငယ်များအတွက် နည်းပညာတက္ကသိုလ် (မှော်ဘီ) ရဲ့ ဘွဲ့နှင်းသဘင် နေ့ရက်များကို ဖေါ်ပြပေးလိုက်ပါတယ်။

Thursday, 30 January 2014

တပ်ကြီး သုံးတပ်နှင့်မလွတ်သော လှည်းကူးမြို့နယ် စာဘူးတောင်းစုအုပ်အတွင်းရှိကျေး၇ွာများအား မြို့နယ်အုပ်ချုပ်ေ၇းမှူးမှ အမိန့်ပေးစာ ပို့၍နှင်

တပ်ကြီး သုံးတပ်နှင့်မလွတ်သော လှည်းကူးမြို့နယ် စာဘူးတောင်းစုအုပ်အတွင်းရှိကျေး၇ွာများအား မြို့နယ်အုပ်ချုပ်ေ၇းမှူးမှ အမိန့်ပေးစာ ပို့၍နှင်ထုတ်ကြောင်း သတင်းရရှိပါသည်။ ယင်းသို့နှင်ထုတ်မှု့မှာ ယခုအကြိမ်ပါဆိုလျှင် (၄) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရပါသည်။

Ref: ဦးညိုထွန်း



Wednesday, 29 January 2014

လှည်းကူးမှာ လောကီနှင့် လောကုတ္တရာပေါင်းပြီးသင်တဲ့ ပညာဒါနကျောင်းတွေ ပေါ်လာပြီ။

လှည်းကူးမှာ လောကီနှင့် လောကုတ္တရာပေါင်းပြီးသင်တဲ့ ပညာဒါနကျောင်းတွေ ပေါ်လာပြီဖြစ်ပါပြီ။
ယင်းတို့ထဲတွင် လှည်းကူးမြို့၊ ရုံးဟောင်းလမ်း၊ နန္ဒာရာမ သရက်တောကျောင်းတိုက်အတွင်းရှိ တနင်္ဂနွေ ဗုဒ္ဓဓမ္မကျောင်း၌ တရားစာပေများအပြင် မူလတန်း အလယ်တန်းကျောင်းသား ကျောင်သူများအား
ကျောင်းစာများပါပညာဒါနအဖြစ်သင်ကြားပေးလျှက်ရှိပါသည်။

Ref: ဓါတ်ပုံ-Win Win Aye



ထောက်ကြန့်တွင် ခုတင် ၈၀၀ ဆံ့ ပြည်သူ့ဆေးရုံ တည်ဆောက်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ကျန်းမာရေးဝန်ကြီးဌာန အသုံးစရိတ် တိုးမြင့်လာ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆေးရုံ၊ ဆေးပေးခန်းများ ထပ်မံ တည်ဆောက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်မြို့တွင် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ခုတင် ၈၀၀ ဆံ့ အထွေထွေ ရောဂါကု ဆေးရုံကြီး တည်ဆောက်သွားမည်
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက The Voie သို့ ပြောကြားသည်။

ယင်းဆေးရုံ ဆောက်လုပ်ရန် ပြည်ထောင်စု အစိုးရက မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့တွင် မြေနေရာ သတ်မှတ် ပေးထားပြီး ၂၀၁၅ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည် ဖြစ်ကြောင်း၊ ကုန်ကျစရိတ်အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရကလည်း ပံ့ပိုးပေးရန် သဘောတူ ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဆက်လက်၍ ဂျပန်အစိုးရ အကူအညီနှင့် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းထောင့် မော်တော်ကားဝင်းတွင် ခုတင် တစ်ထောင်ဆံ့ ပြည်သူ့ဆေးရုံ တည်ဆောက်ရန် ရှိကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။

ကျန်းမာရေး ကဏ္ဍအတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်း အသုံးစရိတ်၏ ၃ ဒသမ ၁၅ ရာခိုင်နှုန်း ရရှိခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၃၈ ရာခိုင်နှုန်းထိ တိုးမြှင့်ပေးရန် လျာထား ကြောင်း ဇန်နဝါရီလ ၇ ရက်နေ့ ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးက အတည်ပြုခဲ့သည်။


Ref: The Voice Weekly

Tuesday, 28 January 2014

သြစတေးလျပြန် လှည်းကူးသားတစ်ယောက် ဆိုင်ကယ် accident ဖြစ်ပြီး သေဆုံး

သြစတေးလျပြန် လှည်းကူးသားတစ်ယောက် ဆိုင်ကယ် accident ဖြစ်ပြီး သေဆုံးသွားကြောင်း  King Castiel https://www.facebook.com/myawin1122?hc_location=timeline ၏ ဘေ့ဘွတ်စာမျက်နှာတွင် အောက်ပါအတိုင်း ရေးသားထားပါတယ်။ အပြည့်အစုံမှာ-

လှည်းကူးမြို့နယ်ရဲ့ကြယ်တစ်ပွင့်ကြွေလွင့်သွားခဲ့ပါတယ်။ဒီနေ့ညကိုးနာရီအချိန်မှာပါ။
မောင်ဖြိုးဝေလင်းAustralia Sydneyကနေပြန်ရောက်တာရက်ပိုင်းပဲရှိပါသေးတယ်။
သေသင့်တဲ့လူတွေမသေဘဲမသေသင့်တဲ့လူတွေသေနေပါတယ်။အလွန့်အလွန်ကိုစိတ်မကောင်းပါဘူးခင်ဗျာ။
အမြဲတမ်းအတွက်သူရဲကောင်းတစ်ယောက်ပါ။
မိဘမဲ့လေးကျေုာင်းများစွာကိုကူညီထောက်ပံ့နေတဲ့လူတစ်ယောက်ပါ။
အလွန်ကိုစိတ်မကောင်းဖြစ်မိပါတယ်။အမြဲလွမ်းနေမှာပါ........သူငယ်ချင်း။Cycle Accident is so bad in our town.မယုံနိုင်စရာပါပဲ။ညီအစ်ကိုတွေလိုနေခဲ့တာကိုငါအမြဲမှတ်ထားမယ်။
မနက်ကတင်Breakfast မအတူစားခဲ့တဲ့တစ်ယောက်ကအခုမရှိတော့ဘူးဆိုတော့။
အရမ်းဝမ်းနည်းမိပါတယ်။
ငါ့ဖေဖေကိုလဲငါအဲလိုဆုံးရှုံးခဲ့ရတာ....အကိုကိုအမြဲအမှတ်ရနေမှာပါ။-ဟု ရေးသားထားပါတယ်။

Monday, 27 January 2014

လှည်းကူးမှာ ဆိုင်ကယ် နဲ့ ကား တိုက်မှု့ဖြစ်ပွား၊ ဆိုင်ကယ်မောင်းသူကို ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်ပို့လိုက်ရ

၂၅.၁.၂၀၁၄ ည ၇:၄၅ အချိန်က လှည်းကူးမြို့၊ရန်ကင်း ရိပ်သာရပ်ကွက်၊
ဆက်သွယ်ရေးရုံးရှေ့
မှာ ဆိုင်ကယ် နဲ့ ကား တိုက်မှု့ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်မောင်းသူကို ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်ပို့လိုက်ရပါတယ်။

ဆိုင်ကယ်မောင်းသူမှာ လှည်းကူးမြို့နယ်၊ ကပျဉ်ရိုးကျေးရွာမှ ဖြစ်ပြီး မျက်နှာနှင့်မေးရိုးတော်တော်ထိသွားတယ်-ဟု သိရှိရပါတယ်။

Ref: Si Thu


လှည်းကူးမှာ ရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ကိုရီးယားယောဂီတို့၏ အလှူတော်

(၂၀-၁-၂၀၁၄) ရက်နေ့ တွင် လှည်းကူးမြို့ ဘ/က ဘုန်းတော်ကြီးသင်ကျောင်း(၄)ကျောင်းသို့ ဓမ္မမာမကဆရာတော်ကြီးအမှူးထားကာ ရဟန်းအစ်မကြီး ဟေဆွန်စညင်နှင့် ကုသိုလ်ရှင် ကိုးရီးယားယောဂီ Deok Un Hwe တို့မှ တစ်ကျောင်းလျှင် US$ 300 လှူဒါန်းခဲ့သည်။

Ref: ဓမ္မပူဇာမင်္ဂလာ အသင်း




Friday, 24 January 2014

လှည်းကူးနယ်မှာ မိခင်ကအကြိုလွှတ်သည်ဟု လိမ်လည်ခေါ်ဆောင်ပြီး အဓမ္မကျင့်ရန် ကြံစည်

ဇော်ဇော်ထွေး|ဇန်န၀ါရီ ၂၄ ရက်၊ သောကြာနေ့၊ ၂၀၁၄ ခုနှစ်

လှည်းကူးမြို့နယ် ရော်ဘာခြံတစ်ခုတွင် အလုပ်လုပ်နေသည့် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အမျိုးသားတစ်ဦးက မိန်းကလေးမိခင်မှအတူတူပြန်လာရန် အကြိုခိုင်းလိုက်သည်ဟု ပြောဆိုခေါ်ဆောင်ပြီး လမ်းခုလတ်တွင် အဓမ္မပြုကျင့်ရန် ကြံစည်သဖြင့် ဇန်န၀ါရီ ၂၂ ရက်တွင် အမှုဖွင့် တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်ကို သမီးဖြစ်သူက ဇန်န၀ါရီ ၂၁ ရက်တွင် ပြန်လည်ပြောပြသဖြင့် အသက် (၃၆)နှစ်ရှိ မိခင်ဖြစ်သူက ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းလိုက်ခြင်းလည်း ဖြစ်သည်။

ဇန်န၀ါရီ ၁၉ ရက်က အသက် ၁၅ နှစ်ရှိသမီးဖြစ်သူသည် ငါးဆူတောင်ကျေးရွာ (၄)ရပ်ကွက်ရှိ ဦးမောင် ကြီး၏ ရော်ဘာခြံတွင် အလုပ်လုပ်နေစဉ် ညနေ ၅ နာရီခွဲ အချိန်တွင် ၂၄ နှစ်အရွယ်တစ်ရွာတည်းသား က မိန်းကလေး၏ မိခင်ဖြစ်သူက လာကြိုခိုင်းလိုက်သည်ဟုဆိုကာခေါ်ဆောင်သဖြင့် အတူပြန်ခဲ့ကြောင်း သမီးက ပြန်လည်ပြောပြသည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။

ထို့နောက် အတူပြန်လာစဉ် ရော်ဘာခြံအတွင်း လူပြတ်သည့်နေရာတစ်ခုသို့ အရောက်တွင် အဆိုပါ တစ် ရွာတည်းသားက တွန်းလှဲပြီး သားမယားပြုကျင့်ရန် လုပ်ဆောင်စဉ် မိန်းကလေးငယ်က ကယ်ကြပါဟု အော်ဟစ်အကူအညီတောင်းသဖြင့် ကြံစည်သူမှာ ထွက်ပြေးသွားသည်ဟုလည်း ထည့်သွင်းတိုင်တန်း ထားသည်။

ထို့ကြောင့် အသက်မပြည့်သေးသည့် သမီးငယ်ဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြံစည်သူအဖြစ် ရှမ်းကြီး(ခ) ဇေယျာလင်းဆို သူကို တိုင်တန်းထားခြင်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို လှည်းကူးမြို့နယ် ငါးဆူတောင်နယ်မြေရဲစခန်းက (ပ)၁၂/ ၂၀၁၄ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူကို ပြစ်မှုကျူးလွန်ခြင်း ရှိ၊ မရှိ ဖမ်းဆီးစစ်ဆေးနေသည်။

အဓမ္မပြုကျင့်ရန် ကြံစည်သူအဖြစ် တိုင်တန်းခံထားရသူမှာ ပြစ်မှုကျူးလွန်ကြောင်းတွေ့ရှိပါက ပြစ်မှုပုဒ်မ ၃၇၆/ ၅၁၁ဖြင့် တရားစွဲတင်မည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။


Ref: မဇ္ဈိမသတင်း

Thursday, 23 January 2014

ထောက်ကြန့်မှာ ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး ထိခိုက်ဒဏ်ရာရ

ဒီဗွီဘီ

ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်မြို့နယ် ဧကရာဇ်ရပ်ကွက်မှာ မတော်တဆပေါက်ကွဲမှု တခု ဖြစ်ပွားပြီး ကလေးငယ် ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ ထောက်ကြန့်ရဲစခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တဦးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

ဇန်န၀ါရီ ၂၃ ရက် ဒီနေ့မနက် ၇ နာရီခွဲလောက်က မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး ၀န်ထမ်းအိမ်ယာမှာ သန့်ရှင်းရေးလုပ်သား ဦးလှဝင်း နေထိုင်တဲ့ အခန်းအနီး ၈ နှစ်အရွယ် မောင်မျိုးကို နဲ့ ၁၀ လ အရွယ် သမီးဖြစ်သူ ခိုင်သဇင်ဝင်းတို့ အမှိုက်ထဲက ပါလာတဲ့ ပစ္စည်းတခုကို ကိုင်တွယ် ဆော့ကစားနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် မောင်မျိုးကို လက်ဝဲ လက်ကောက်ဝတ် ပြတ်သွားပြီး ကလေးငယ် ၂ ဦးစလုံး ဒဏ်ရာများနဲ့ ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေရပါတယ်။ 


http://burmese.dvb.no/?p=50675

Wednesday, 22 January 2014

ပစ္စည်းတွေ အမြန်ဆုံး ရောင်းထွက်စေဖို့ အဆောင်ပေးမယ်



အသိတစ်ယောက်က သူ့ရဲ့ကား အမြန်ရောင်းထွက်ဖို့ ဗေဒင်တွက်ပေးပါ။ ယတြာချေစရာလိုပါသလား-ဟု မေးလာပါတယ်။ စာရေးသူဟာ ဗေဒင်မတွက်တတ်သူဖြစ်နေတော့ မတွက်တတ်ကြောင်း ပြန်ပြောရပါတယ်။ ဒါပေမယ့် မရဘူး။ ဗေဒင်မတွက်တတ်လဲ အဆောင်လေးဘာလေး ပေးပါ-ဟု တောင်းဆိုလာပါတယ်။ ဒီတော့ မငြင်းသာတော့ပါဘူး။ ပစ္စည်း အမြန်ဆုံး ရောင်းထွက်အောင် အဆောင်ပေးဖို့ စဉ်းစားရပါတယ်။ 

အဲဒီအချိန်မှာ အင်္ဂုလိမာလသုတ်ရဲ့ တန်ခိုးတော်ကို သွားပြီး သတိရလိုက်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အင်္ဂုလိမာလသုတ်ရဲ့ တန်ခိုးတော်ဟာ မီးမဖွားနိုင်တဲ့ အမျိုးသမီးကို လွယ်ကူစွာ မီးဖွားပေးနိုင်တဲ့အတွက်ပါပဲ။ ဒါ့ကြောင့်မို့လဲ မြန်မာပြည်မှာ မီးဖွားဖို့ ခက်ခဲနေသူအား လွယ်ကူစွာ မီးဖွားနိုင်အောင် အင်္ဂုလိမာလသုတ်ကို ရွတ်ဖို့တိုက်တွန်းတတ်ကြပါတယ်။ အဲဒါကို စဉ်းစားမိပြီး ကားအမြန်ရောင်းထွက်ဖို့ အဆောင်တောင်းလာသူအား အင်္ဂုလိမာလသုတ်ကို နေ့တိုင်း တစ်နေ့လျှင် ၉-ခေါက်ကျ ကားပေါ်မှာ ထိုင်ရွတ်ဖို့ အဆောင်ပေးလိုက်ပါတယ်။ 

ဒီတော့ မိတ်ဆွေက အရှင်ဘုရားအဆောင်ပေးတဲ့ အင်္ဂုလိမာလသုတ်က ကားရောင်းထွက်ဖို့နဲ့ ဘာများဆိုင်ပါသလဲလို့ ဆက်ပြီးမေးလာပါတယ်။ အမေးရှိရင်တော့ အဖြေရှိရမှာပါ။ ဒီတော့ စာရေးသူက သူကို ဒီလိုရှင်းပြခဲ့ပါတယ်။ 

အင်္ဂုလိမာလသုတ်ရဲ့ သဘောက မီးမဖွားနိုင်တဲ့ အမျိုးသမီးကို လွယ်ကူစွာ မီးဖွားပေးနိုင်တယ်။ ဆိုတော့ ဗိုက်ထဲက မမြင်နိုင်တဲ့ ခလေးကိုတောင် လျောလျောရှူရှူ အပြင်ထွက်အောင် စွမ်းဆောင်နိုင်တဲ့ တန်ခိုးအာနုဘော်ရှိရင် မြင်နေရတဲ့ ဒီကား ဘာကြောင့် ရောင်းမထွက်ရမှာလဲ။ ရောင်းကို ထွက်ရမယ်။ ယုံယုံကြည်ကြည်သာ ရွတ်ဖတ်ပါ-တိုက်တွန်းခဲ့ပါသည်။ ဒါကြောင့် မျက်စိနဲ့ မြင်နေရတဲ့ ဘယ်ပစ္စည်းမဆို ရောင်းထွက်ချင်ရင် အင်္ဂုလိမာလသုတ်ကို နေ့တိုင်း တစ်နေ့လျှင် ၉-ခေါက်ကျသာ ရွတ်ဖတ်ပေးပါ။

သေချာတာတစ်ခုကတော့ အင်္ဂုလိမာလသုတ်ကိုတော့ မေ့မှာ မဟုတ်တော့ပါ။ (အင်္ဂုလိမာလသုတ်ကို အလွတ်ရခဲ့သော်လဲ အသုံးချခွင့်မရသဖြင့် မေ့သွားတဲ့ လူပျိုကြီးတစ်ယောက်ကို သတိရမိပါသည်။)
ရွတ်ဖတ်ပူဇော်နိုင်ရန် မိတ်ဆွေတို့အား အင်္ဂုလိမာလသုတ်ကို ဖေါ်ပြလိုက်ပါတယ်။

အင်္ဂုလိမာလသုတ်

၁။   ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္န ဋ္ဌာနဓောဝနံ။
      ဥဒကမ္ပိ ၀ိနာသေတိ၊ သဗ္ဗမေ၀ ပရိဿယံ။
၂။   သောတ္ထိနာ ဂဗ္ဘ၀ုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ။
     ထေရဿင်္ဂုလိမာလဿ၊ လောကနာထေန ဘာသိတံ။
     ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၃။  ယတော ဟံ ဘဂိနိ၊ အရိယာယ ဇာတိယာ ဇာတော၊
     နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ၊ ဇီဝိတာ ဝေါရောပေတာ၊
     တေန သစ္စန သောတ္ထိ တေ၊ ဟောတု သောတ္ထိ ဂဗ္ဘဿ။


အရှင်အဂ္ဂဥာဏ (မောင်နေခြည်-လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်၊
၂၂-၀၁-၂၀၁၄။

လှည်းကူးမြို့နယ်၊ ကြို့ကုန်းကျေးရွာမှာ အုတ်စက်လုပ်သားချင်းစကားများကြရာမှ အုတ်ခဲဖြင့်ထုရိုက်ခဲ့၍ သေဆုံး

ရန်ကုန်၊ ဇန်န၀ါရီ ၁၆

၁၃.၁.၂၀၁၄ ရက်နေ့ ၂၀၀၀အချိန် ဦးကျော်စွာသည် လှည်းကူးမြို့နယ်၊ ကြို့ကုန်းကျေးရွာ၊ စံပယ်စုပိုင်း၊ အုတ်စက်ဝင်းရှိ အုတ်ကွင်းအတွင်း၌ ရှိနေစဉ် ညီဖြစ်သူ အုတ်စက်လုပ်သား ကိုဇော်လင်း ၏
အော်သံကိုကြားခဲ့၍ သွားရောက်ကြည့်ရှုရာ ကိုဇော်လင်းမှာ
ဦးခေါင်းထိပ်၌ ဖူးရောက်ဒဏ်ရာဖြင့် လဲကျနေသည်ကိုတွေ့ရှိရပြီး
မေးမြန်းသည့်အခါ အတူအလုပ်လုပ်ကိုင်သူ ကိုထူး(ခ)ဇော်နိုင်ဝင်း နှင့် စကားများရန်ဖြစ်ကြစဉ် ကိုထူး(ခ)ဇော်နိုင်ဝင်းမှ အုတ်ခဲဖြင့်ထုရိုက်၍ ထွက်ပြေးသွားကြောင်း ကိုပြောပြသိရှိခဲ့ရပါသည်။

ဒဏ်ရာရရှိသူ ကိုဇော်လင်းအား ဖောင်ကြီးဆေးရုံသို့ပြသခဲ့ရာမှ ရန်ကုန်ဆေးရုံကြီးသို့လွှဲပြောင်းကုသနေစဉ် ၁၄.၁.၂၀၁၄ရက်နေ့
၀၄၃၀ အချိန်တွင် သေဆုံးသွားခဲ့သဖြင့် အစ်ကိုဖြစ်သူဦးကျော်စွာမှ အရေးယူပေးပါရန်တိုင်တန်းခဲ့သဖြင့် ၁၅.၁.၂၀၁၄ရက်နေ့တွင်
ဖောင်ကြီးနယ်မြေရဲစခန်း (ပ)၁၉/ ၂၀၁၄၊ပုဒ်မ၃၀၂ ဖြင့်အမှုဖွင့်ကာ
ပြစ်မှုကျူးလွန်သူ ကိုထူး(ခ)ဇော်နိုင်ဝင်း(စုံစမ်းဆဲ) ဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


 Ref: Yangon Police

ရန်ကုန်-မန္တလေး အမြန်လမ်း (လှည်းကူးအပိုင်)မှာ ယာဉ်တိုက်မှုဖြစ်

နေပြည်တော်၊ ဇန်န၀ါရီ ၂၁
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၅/၆-၇)အကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်အရ အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လမ်းပြင်/ထိန်းအဖွဲ့မှဝန်ထမ်းများသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ 


စစ်ဆေးချက်အရ ရန်ကုန်မှနေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်နေ နိုင်လင်းထက်(၂၅)နှစ်မောင်းနှင်လာသည့် 9F/xxxx အေဒီဗင် အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေ အောင်ဌေး(၅၃)နှစ် မောင်းနှင်သော 1G/xxxx ဗွီဂိုအနက်ရောင် ယာဉ်အား နောက်မှဝင်ရောက် တိုက်မိခဲ့သည်။

 ထိုသို့တိုက်မိမှုကြောင့် 1G/xxxx ဗွီဂိုအနက်ရောင်ယာဉ်သည် လမ်းယာဘက်သို့ တစ်ပတ်လိမ့်တိမ်းမှောက်ခဲ့သဖြင့် အောင်ဌေးတွင် ဦးခေါင်းဝဲ/ယာနှင့် ယာခြေမျက်စိ ပေါက်ပြဲ၊ မျက်နှာယာခြမ်းပွန်းပဲ့ဒဏ်ရာများရရှိကာ လှည်းကူးဆေးရုံသို့ရောက်ရှိစဉ် သေဆုံးသွားခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဒေါ်နီနီသွင်(၃၆)နှစ်ပါ(၅)ဦးတွင် ဖူးရောင် ပွန်းပဲ့ ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ နိုင်လင်းထက်အား အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်း ယာဉ်(ပ)၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ထားရှိကြောင်း သတင်းရရှိသည်။

Ref: ရဲဇာနည်

Tuesday, 21 January 2014

လှည်းကူးကား ၂၃၉ ဘက်စ်တစ်စီး မီးလန့်မှုဖြစ်

ယနေ့ ၂၁-၀၁-၂၀၁၄ နံနက်မှာ လှည်းကူးကား ၂၃၉ ဘက်စ်တစ်စီး မီးလန့်မှုဖြစ်ပွားပါတယ်။ အမှန်မှာ ဂတ်ပိုက်ပေါက်တာ အသံကျယ်ပြီး ဖုန်းမှုန့်တွေဖြာထွက်လာခြင်းဖြစ်ပြီး ခရီးသည် တစ်ယောက်မှ ကားမီးလောင်နေပြီ-ဟု ပြောခဲ့ခြင်းကြောင့် ကားပေါ်မှာ ခရီးသည်များ အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။

ကားပေါ်ပါလာသူ ခရီးသည်တစ်ယောက်ကတော့ အောက်ပါအတိုင်း သူ့အတွေ့အကြုံကို ပြောဆိုခဲ့ပါတယ်။

ဝရုန်းသုန်းကားအပြင်ထွက်ဖို့ကြိုးစားရင်းက ပုဆိုးကွဲ ဒူပြဲလေးနည်းနည်း ဖြစ်သွားတယ်။ နီးစပ်ရာပြတင်ပေါက်တွေက ခုန်ချလို့လဲ ခြေထောက်နာသွားတာလဲရှိတယ်။ ဒရိုင်ဘာဘေးက အပေါက်ကနေ အောက်ကိုထွက်ဖို့ကြိုးစားရင်း ဒရိုင်ဘာအနင်းခံလိုက်ရတယ်။ ဘာမှအန္တရာယ်ကြီးကြီးမားမား မရှိပေမဲ့ ငိုအားထက်ရယ်အားသန်ဆိုသလိုဘဲ ကားပြန်ထွက်တော့ လူတစ်ဝက်လောက်က ပြန်မတက်ရဲလို့ကျန်ခဲ့လို့ကားပေါ်ရှိကျန်လူများနေရာရ၍ ပျော်ပျော်ပါးပါး ပုဆိုးအပြဲနဲ့ရုံးတက်ခဲ့ရပါတယ်--ဟု။

Ref: လူလေးဗုံတုတ်



Monday, 20 January 2014

လှည်းကူးက တန်ပိုဂိတ်ရှေ့မှာ ကား-၄-စီးဆင့်တိုက်မှုဖြစ်


လှည်းကူး အ-ထ-က များ၏ မြတ်ဆရာပူဇော်ပွဲ ကျင်းပပြီးစီး


ဒေါ်စုကို ဘာဖြစ်လို့များ လူတွေက သည်လောက်တောင် သဲသဲလှုပ် ဖြစ်နေကြရသလဲ၊ ကဲကို ကဲလွန်းတယ်တဲ့လား





ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်စကားပြောခြင်း - သခင်တင်ဦး

"ထွန်းလှရေ"

"ဟုတ်ကဲ့ခင်ဗျ... ဗိုလ်ချုပ်"

"မင်း အိုင်စီအက်စ် (ICS) ဦးတင်ထွဋ် နေတဲ့အိမ် သိလား"

"သိပါတယ် ဗိုလ်ချုပ်၊ အင်းလျားလမ်း၊ နံပါတ် (၁) မှာပါ။ သူ့အိမ်က လမ်းထဲဝင်ဝင်ချင်းဆိုတော့ မှတ်ရတာ လွယ်ပါတယ်ဗိုလ်ချုပ်"

"အေး၊ ဒီဖိတ်စာ ဦးတင်ထွဋ်ကို သွားပေးစမ်း။ ဖတ်ပြီးတော့ သူ ဘာပြန်ပြောမလဲဆိုတာ သေသေချာချာ နားထောင်ခဲ့"

"ဟုတ်ကဲ့ပါ ဗိုလ်ချုပ်"

အပါးတော်မြဲ ဗိုလ်ထွန်းလှသည် ဗိုလ်ချုပ်အောင်ဆန်းထံမှ စာကိုယူ၍ ချက်ချင်းထွက်လာခဲ့သည်။

လမ်းတွင် ဗိုလ်ထွန်းလှသည် အံ့သြ၍နေသည်။ ထိုကာလတွင် ကွန်မြူနစ်ပါတီ သတင်းစာမှ နေ့စဉ် ဗိုလ်ချုပ်အောင်ဆန်းကို ဆန့်ကျင်ဘက်ရေးသည်။ မကြာခဏ ရေးသည့်အထဲတွင် ဗိုလ်ချုပ်အောင်ဆန်းသည် အတွေးအခေါ် အလွန်ညံ့ဖျင်းသည်။ ယခုအခါ သုံး၍မရသော ရှေးခေတ်နိုင်ငံရေးသမား ဦးဘဖေကို အသုံးပြုသည်၊ မကြာခဏ ဦးဘဖေအား ဖဆပလဌာနချုပ်သို့ ဖိတ်၍ ဆွေးနွေးသည်။ ထိုနည်းအတူ အလွန်ရှေးကျ၍ ခေတ်မမီတော့သော ဒီးဒုတ်ဦးဘချိုကို ဖဆပလ အမှုဆောင်အစည်းအဝေးကို ဖိတ်ကြားကာ အကြံဉာဏ်ယူသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်လူထု၏ အခြေအနေကို ဘာမျှမသိ၊ အင်္ဂလိပ်အစိုးရကို အညံ့ခံကာ ရာထူးလိုချင်ပုံ ပေါ်နေသည်။ အချောင်သမားစိတ် ၀င်နေသည်။ မည်သည့်ဝါဒကိုမှ မလေ့လာ၊ ပေါ်ပင်နိုင်ငံရေးသမား တစ်ယောက်ဖြစ်သည်။

ဤသို့ မကြာခဏ ဗိုလ်ချုပ်အောင်ဆန်းအား မကောင်းရေးကာ ဖဆပလအဖွဲ့ချုပ်ကိုလည်း ဘာမျှရည်ရွယ်ချက်မရှိ၊ နောက်လိုက် နိုင်ငံရေးသမားများကို စုကာထားသည်။ အားလုံး အချောင်သမားများ ဖြစ်သည်။ ပြည်သူလူထုတို့အား ယုံကြည်ဖွယ်ရာ မရှိဟု နေ့စဉ် တစ်ခုတစ်မျိုး ရေးသား၍နေသည်။

ယင်းသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလအဖွဲ့ချုပ်ကြီးအား စွပ်စွဲနေချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အ
င်္ဂလိပ်အစိုးရ၏ ပထမဆုံး အိုင်စီအက်စ်(ICS)၊ အင်္ဂလိပ်အစိုးရအဖွဲ့၏ အတွင်းဝန်ချုပ်၊ အင်္ဂလိပ်အစိုးရ၏ လက်စွဲတော်ကြီးတစ်ဦးအား စာဖြင့် ဆက်သွယ်နေသည်မှာ အံ့သြဖွယ်ရာဟု ဗိုလ်ထွန်းလှက တွေး၍နေသည်။

ဦးတင်ထွဋ်၏ နေအိမ်သို့ ရောက်သောအခါ အိမ်ပေါက်ဝတွင် ဗိုလ်ထွန်းလှက ဦးတင်ထွဋ်ကို ကိုယ်တိုင်တွေ့၍ စာပေးလိုကြောင်း၊ မည်သို့ အကြောင်းပြန်မည်ကို နားထောင်လိုကြောင်း ပြောပြရာ တာဝန်ရှိသူက အပေါ်ထပ်သို့ တက်ပြီး ဦးတင်ထွဋ်အား အကြောင်းကြားပါသည်။ ခွင့်ပြုလိုက်သောအခါမှ ဗိုလ်ထွန်းလှအား လာ၍ ခေါ်ပါသည်။

ဗိုလ်ထွန်းလှသည် အပေါ်ထပ်သို့ လိုက်သွားပြီး ဦးတင်ထွဋ်အား တွေ့သောအခါ အလေးပြုပါသည်။ ထို့နောက် စာကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ပေးအပ်ပါသည်။ ဦးတင်ထွဋ်သည် စာကို ဖွင့်ဖတ်ပြီးလျှင် "အို၊ တိုင်းပြည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းထံက ဖိတ်စာပါလား၊ ဘာအကြောင်းများလဲကွယ်။ ထိုင်ပါ မောင်ရင်"

ဦးတင်ထွဋ်သည် ဖိတ်စာကိုကိုင်ရင်း လက်ချောင်းကလေးများပင် တုန်၍နေပါသည်။

"ဘာကြောင့် ဖိတ်လဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်က အပါးတော်မြဲဆိုတော့ ခိုင်းတာပဲ လုပ်ရပါတယ် ဦးရဲ့" ဟု ဗိုလ်ထွန်းလှက ပြန်၍ပြောသည်။

"ပြီးတော့ ဦးအပြင် ဘယ်သူတွေကို ဖိတ်သေးလဲ"

"သည့်ပြင် ဘယ်သူတွေကို ဖိတ်သေးလဲဆိုတာ ကျွန်တော်မသိပါဘူး ဦးရဲ့"

"စာထဲမှာ ဘယ်နေ့မှာ ညစာသုံးဆောင်နိုင်မလဲလို့ မေးထားတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်က ဖိတ်တော့ အမြန်ဆုံးလာချင်ပါတယ်လို့ ပြောပြပါ။ ဖြစ်နိုင်ရင် နက်ဖြန်တောင် လာချင်တယ် မောင်ရင်ရယ်" ဦးတင်ထွဋ်က ပြောပါသည်။

"သည်လိုဆိုရင် ဦး၊ မနက်ဖြန်ပဲ ချိန်းလိုက်ပါ၊ ကျွန်တော် ညနေ (၅)နာရီလောက် ကားနဲ့ လာခေါ်ပါ့မယ်"

"ရပါတယ် မောင်ရင်ရယ်။ ဦးရဲ့ကားနဲ့ပဲ (၅) နာရီအရောက် လာပါ့မယ်။ ဗိုလ်ချုပ်အိမ်က ဘယ်လမ်းက ၀င်ရလဲ"

"ကန်တော်ကြီး Park လမ်းဘက်က ၀င်ရပါတယ်။ မြေပဒေသာကျွန်းရှေ့မှာ တာဝါလိန်း Towerlane လမ်းသွယ်ရှိပါတယ်။ အဲဒီအတိုင်း ၀င်လာရင် ရွှေကြက်ယက်ကျောင်း လွန်တာနဲ့ မျက်နှာချင်းဆိုင်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိမ်ပါပဲ။ ကျွန်တော် ညနေ (၅)နာရီမှာ ဂိတ်ဝက စောင့်နေပါ့မယ်"

"ကျေးဇူးပါပဲ မောင်ရင်ရယ်၊ ကောင်းပါပြီ။ နက်ဖြန်ကို ချိန်းတဲ့အချိန်အတိုင်း တွေ့ကြတာပေါ့"

"ဟုတ်ကဲ့ခင်ဗျာ။ ခွင့်ပြုတော်မူပါဦး"

ဗိုလ်ထွန်းလှသည် ပြန်၍လာကာ အကြောင်းစုံကို ဗိုလ်ချုပ်အောင်ဆန်းအား တင်ပြသည်။ ဗိုလ်ချုပ်သည် ထုံးစံအတိုင်း ဘာမျှ ပြန်၍မမေး။

နောက်တစ်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် (၅)နာရီမထိုးမီ ဧည့်ခန်းသို့ ရောက်လာပြီး ဗိုလ်ထွန်းလှသည် ဂိတ်ဝမှသွား၍ စောင့်နေသည်။

ဦးတင်ထွဋ်သည် ချိန်းဆိုထားသည့်အတိုင်း (၅)နာရီတွင် ရောက်လာသည်။ ဗိုလ်ထွန်းလှသည် မော်တော်ကားဒရိုင်ဘာအား ကုန်းပေါ်သို့ ဆက်၍ မောင်းပါရန်ပြောပြီး သူက ကားရှေ့မှ သွက်သွက်လျှောက်၍ သွားသည်။

ကုန်းပေါ်ရှိ အိမ်အပေါက်ဝသို့ ရောက်သောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် အသင့်စောင့်ကြို၍ နေသည်။

ဗိုလ်ထွန်းလှက ကားတံခါးဖွင့်ပေး၍ ဦးတင်ထွဋ် ဆင်းလာသောအခါ ဗိုလ်ချုပ်အောင်ဆန်းက "ဦးကြီးက အရွယ်တင်တုန်းပဲ။ ကျန်းကျန်းမာမာပဲ" ဟု ဆီးကြိုနှုတ်ဆက်ကာ ဦးတင်ထွဋ်၏ လက်နှစ်ဖက်ကိုကိုင်ပြီး အားပါးတရ ပြောသည်။

"ဟုတ်တယ် ဗိုလ်ချုပ်၊ ကျွန်တော်က ကျောင်းသားဘ၀မှာ လက်ဝှေ့ထိုးတယ်၊ ကြိုးခုန်တယ်။ ဒါတွေကြောင့် အခုထက်ထိ သန်စွမ်းနေတာ။ အခုလည်း မနက်လမ်းလျှောက်၊ ရေမချိုးခင် ကိုယ်လက်လှုပ်ရှား၊ ညနေစာစားပြီးလည်း ခြံထဲလမ်းလျှောက်။ ဗိုလ်ချုပ်လည်း ကျန်းမာတာပဲ"။ ဦးတင်ထွဋ်သည် ဗိုလ်ချုပ်လက်ကို ကိုင်ပြီး အိမ်ပေါ်တက်လှေကားပေါ်သို့ အတူတက်ကြသည်။

ဧည့်ခန်းတွင် မျက်နှာချင်းဆိုင် ထိုင်ကြပြီး ချက်ချင်းပင် ဗိုလ်ချုပ်က "ဦးကြီးကို ထမင်းစား ဖိတ်ရတာက ဦးကြီးဆီက အကူအညီ လိုချင်လို့ပါ" ဟု စကားစလိုက်သည်။

"အမိန့်ရှိပါ ဗိုလ်ချုပ်။ ကျွန်တော် တတ်နိုင်တာမှန်သမျှ ဗိုလ်ချုပ်ခိုင်းတာ လုပ်ပါမယ်"

"ဒီလိုပါ ဦးကြီး။ ကျွန်တော့်ကို လော့ဒ်မောင့်ဘက်တန် (Lord Mount Batten) က သူ့ဆီလာဖို့ ဖိတ်တယ်။ ရှေ့တစ်ပတ်မှာ လေယာဉ်ပျံ လွှတ်လိုက်မယ်၊ ကျွန်တော်နဲ့ လူ (၃၀) လိုက်ရမယ်"

"ဟာ ဗိုလ်ချုပ် ၀မ်းသာလိုက်တာ။ ဒီလို မှူးမတ် ရေတပ်သေနာပတိချုပ်က ဖိတ်တယ်ဆိုတာ အံ့သြစရာပဲ။ ကျွန်တော် အိုင်စီအက်စ် (ICS) ဖြစ်ပေမယ့် သူတို့ရဲ့ အကြီးဆုံး အစေခံရာထူးရတာတောင် မှူးမတ်သေနာပတိဆိုတာနဲ့ တစ်ခါမှ မတွေ့ဖူးဘူး။ လောဒ်မောင့်ဘက်တန်ဟာ တော်ဝင်ပုဂ္ဂိုလ် ဂျော့ဘုရင်ရဲ့ ညီအစ်ကို တစ်ဝမ်းကွဲတော်တယ်။ နန်းတော်ဝင် မင်းသားဆိုပေမယ့် နန်းတော်ကပေးတဲ့ အဆောင်အယောင်နဲ့တင် ဇိမ်ခံမနေဘူး။ တစ်ခါတည်း စစ်ထဲဝင် ရေတပ်ကျောင်းတက်၊ လေ့ကျင့်ခန်းတွေ မပျက်လုပ် ကြိုးစားတာဟာ နောက်ဆုံး ရေတပ်စစ်သေနာပတိကြီး ဖြစ်လာတဲ့အထိပဲ"

"ကျွန်တော်က ဦးကြီးလို သူ့အကြောင်း အစုံမသိဘူး။ သူဟာ နန်းစွန့်သွားတဲ့ ဝေလမင်းသား အိမ်ရှေ့စံ၊ သူအစ်ကိုဝမ်းကွဲနဲ့ ရုပ်ချင်းဆင်တူတယ်။ အိမ်ရှေ့စံ ဝေလမင်းသားဟာ ကမ္ဘာလှည့်ရင် သူ့ညီဝမ်းကွဲ မောင့်ဘက်တန်ကို သူ့ကိုယ်ရံတော်အဖြစ် ခေါ်သွားလေ့ရှိတယ်။ ဝေလမင်းသားဟာ ကမ္ဘာမှာ အချောဆုံး မင်းသားလို့ နာမည်ကျော်သလို မောင့်ဘက်တန်ကလည်း ရုပ်ရည်သန့်တယ်။ စည်းကမ်းကြီးတယ်။ သပ်သပ်ရပ်ရပ် နေတယ်လို့ ကြားဖူးတယ်။ ဒါလောက်ပဲ သိတယ် ဦးကြီး"

"ဟုတ်တယ် ဗိုလ်ချုပ်၊ လော့ဒ်မောင့်ဘက်တန်က သူ့အိမ်တော်မှာ ရှိသမျှ ပစ္စည်းမှန်သမျှ သူ့နာမည် တင်ထားတယ်။ စားပွဲ၊ ကုလားထိုင်၊ ခန်းစည်း၊ ကန့်လန့်ကာ၊ ပန်းကန်ပေါင်းစုံ၊ ဇွန်းခက်ရင်း၊ လက်သုတ်ပ၀ါကအစ အားလုံး သူ့နာမည် တပ်ထားတယ်လို့ ကြားဖူးတာပဲ ဗိုလ်ချုပ်"

"ဦးကြီး၊ ဒီလို တော်ဝင်ပုဂ္ဂိုလ်က ကျွန်တော့်ကို ဖိတ်တာ ကျွန်တော်စဉ်းစားမရဘူး။ အထူးသဖြင့် တိုင်းခန်းလှည့်လည်ရင်း ရန်ကုန်မြို့ရောက်လာတော့ ရန်ကုန်ဘုရင်ခံက အော်ရိယန် (Orient Club) (ယခု စိုက်ပျိုးရေးပြတိုက်) မှာ ဧည့်ခံပွဲလုပ်တယ်။ အဲဒီမှာ သူ မိန့်ခွန်းပြောရင်း တစ်ပိုဒ်က ကမ္ဘာမှာ လူထုဟာ အေးအေးသာသာ နေချင်ကြတာ။ ဒါပေမယ့် နိုင်ငံရေးသမားတွေက မဟုတ်တာတွေ ၀င်လုပ်နေလို့ ငြိမ်းချမ်းမှု ပျက်နေတာလို့ ပြောလိုက်တယ်။ ကျွန်တော်လည်း မခံချင်လို့ ထပြီး နိုင်ငံရေးသမားကြောင့် ငြိမ်းချမ်းရေး မပျက်ပါဘူး။ အချောင်သမားတွေ ၀င်ရှုပ်နေကြလို့ပါဆိုပြီး ပြောလိုက်တယ်။ လော့ဒ်မောင့်ဘက်တန်ကလည်း ချက်ချင်းပဲ ဟုတ်ပါတယ်။ နိုင်ငံရေးသမားဟာ လွတ်လပ်ငြိမ်းချမ်းဖို့ပဲ လုပ်တာပါလို့ ဆက်ပြောတယ်"

"တကယ် ချီးကျူးစရာ ပုဂ္ဂိုလ်ကြီးပါပဲ။ သူ့ကို မှားတယ်လို့ ပြောတာတောင် ဒေါသမထွက်ဘူး။ အလိုက်သင့် ပြန်ပြောတယ်" ဦးတင်ထွဋ်က ၀င်၍ ထောက်ပါသည်။

"ကျွန်တော့်ကို လော့ဒ်မောင့်ဘက်တန်က မဖိတ်ခင် မိတ္ထီလာက အင်္ဂလိပ်စစ်တပ် ဗိုလ်ချုပ်ကြီးစလင်းက လေယာဉ်ပျံလွှတ်ပြီး ဖိတ်သေးတယ်။ ကျွန်တော့်ကို မြန်မာဗိုလ်ချုပ် တစ်ယောက်အနေနဲ့ ဆွေးနွေးချင်တယ်။ ကျွန်တော်က ကျွန်တော်လာတာ ဖဆပလ အဖွဲ့ချုပ်ကြီးရဲ့ ဥက္ကဋ္ဌအနေနဲ့ လာတာပါလို့ နိုင်ငံရေးသမားလို့ ပြောတော့ စစ်တပ်နဲ့ပတ်သက်ပြီး ဘာမှ မဆွေးနွေးဘူး။ ဖက်ဆစ်ဂျပန် တိုက်တဲ့အခါ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားတွေက ၀ိုင်းပြီး ကူညီကြလို့ အောင်မြင်တဲ့အကြောင်းသာ ပြောတယ်"

"အဲဒါလည်း သူ့အထက်က စစ်သေနာပတိကြီး လော့ဒ်မောင့်ဘက်တန်က ခိုင်းလို့နဲ့ တူတာပဲ။ သူ့ဘာသာသူ ဗိုလ်ချုပ်ကိုဖိတ်ပြီး ဆွေးနွေးဖို့ရာ ဘာမှ အကြောင်းမရှိဘူး။ ကျွန်တော့်ထင်မြင်ချက် ပြောတာပါ။ ဗိုလ်ချုပ်ကို ဘီအိုင်အေခေတ်မှာ သထုံခရိုင်က သူကြီးကို သတ်တယ်ဆိုပြီး အိန္ဒိယရောက် ဆင်းမလားပြည်ပြေး အစိုးရက စွပ်စွဲတယ်။ ဒီအတိုင်း သူတို့ မောင့်ဘက်တန်ဆီ အစီရင်ခံမယ်။ ဒီမှာတင် မောင့်ဘက်တန်က သူ့စစ်ဗိုလ်တွေကို အစုံစမ်းခိုင်းမယ်ထင်တယ်။ အင်္ဂလိပ်စစ်တပ်မှ ဗိုလ်ချုပ်ကြီး စလင်းသည် စစ်ပြီးသောအခါ Defeat into Victory စာအုပ် ရေးပါသည်။ မြန်မာနိုင်ငံမှ စစ်ရှုံး၍ ထွက်လာပြီးသည့်နောက် ပြန်၍ တိုက်သည့်အခါ အောင်မြင်ပုံကို ရှုံးနိမ့်ခြင်းမှ ပြန်လည်အောင်မြင်ခြင်းအဖြစ် ရေးသားဖော်ပြပါသည်။

ထိုအကြောင်းများတွင် ဗိုလ်ချုပ်အောင်ဆန်းအား ဖိတ်ခေါ်ပုံကို ထည့်သွင်းဖော်ပြရာ၌ သူသည် မိတ္ထီလာမှနေ၍ လေယာဉ်လွှတ်ပြီး ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းအား ဖိတ်ခေါ်ပါသည်။ လေယာဉ်ကွင်းသို့သွား၍ ကြိုဆိုသောအခါ လေယာဉ်ပေါ်မှ ဂျပန်ဓားကိုလွယ်၍ လူငယ်တစ်ယောက် ဆင်းလာသောအခါ ဘယ်သူပါလိမ့်ဟု တွေးတောနေစဉ် ထိုလူငယ်က ကျွန်ုပ်ထံလာ၍ "ကျုပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းပါ" ဟု လက်ကမ်းနှုတ်ဆက်ပါသည်။ ကျွန်ုပ်သည် အံ့အားသင့်ကာ နှုတ်ဆက်ပြီး "မင်း ဒီကိုလာတာ ဘာမှ မစိုးရိမ်ဘူးလား၊ မင်းကို ဆီးပြီးဖမ်းရင် ဘာလုပ်မလဲ" ဟု မေးသောအခါ သူက "အင်္ဂလိပ်က ဖိတ်တယ်။ အင်္ဂလိပ်လူမျိုးတွေဟာ ဖိတ်ခေါ်ကတိကို လေးစားတယ်ဆိုတာ ကမ္ဘာက အသိအမှတ်ပြုတယ်။ ဒါကြောင့် ကျုပ်လာတာပါ" လို့ တည်တည်ကြီး ပြန်ပြောတယ်။ ကျွန်ုပ် သူ့ကို တွေ့တွေ့ချင်း လေးစားသွားတယ်" ဟု ရေးသားထားပါသည်။

"ကျွန်တော်က ဦးကြီးလို အုပ်ချုပ်ရေးပိုင်းတွေ နားမလည်တော့ အကျယ်ချဲ့ပြီး ဘာမှ မတွေးဘူး။ မစဉ်းစားဘူး။ လော့ဒ်မောင့်ဘက်တန်က ဖိတ်တယ်။ ဖဆပလ အဖွဲ့ချုပ် အမှုဆောင်အစည်းအဝေးမှာ တင်ပြပြီး လူပေါင်း (၃၀) အဖော်ခေါ်ခဲ့ဖို့ ဆိုရာမှာ ကျွန်တော်က ဘကြီးဘဘေရယ်၊ အတွင်းရေးမှူး သခင်သန်းထွန်းရယ်၊ ဦးတင်ထွဋ်ရယ်၊ အရပ်သား (၃)ဦးနဲ့ ကျန်တာ စစ်ဘက်က (၂၇)ယောက် ခေါ်သွားချင်တဲ့အကြောင်း တင်ပြတော့ အားလုံးကပဲ သဘောတူ ဆုံးဖြတ်ပါတယ်။ ကျွန်တော်တို့သွားမယ့် ကိုယ်စားလှယ်အဖွဲ့ထဲ ဦးကြီးကိုပါ ထည့်ထားပါတယ်"

"အမလေ၊ ကျေးဇူးတင် အံ့သြလိုက်တာ။ ကျွန်တော့်ကို အားကိုးရင် ဗိုလ်ချုပ်နဲ့အတူ လိုက်ပါရင်း တာဝန်ပေးသမျှ ဆောင်ရွက်ပါမယ်" ဦးတင်ထွဋ်က ၀မ်းသာအားရ ပြောပါသည်။

"ဦးကြီးကို အားကိုးတာက မှူးကြီးမတ်ကြီး တော်ဝင်မင်းသား အင်္ဂလိပ်ရေတပ် စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်နဲ့ တွေ့ရမယ်ဆိုတော့ ကျွန်တော် ဘယ်လိုပြော ဘယ်လိုနေရမလဲဆိုတာ မသိပါဘူး။ အဲဒါတွေအားလုံး ဦးကြီးက သင်ပြပေးဖို့ အခုလို ဦးကြီးကို ဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်"

"ဗိုလ်ချုပ်ရယ်၊ ဒီအသက်၊ ဒီအရွယ်နဲ့ တိုင်းပြည်ကို ခေါင်းဆောင်နိုင်တာ ကျွန်တော် ကြည်ညိုလေးစားလို့ မဆုံးပါဘူး။ အဝေးကနေပြီး ဗိုလ်ချုပ်ကို ကြည်ညိုနေရတာထက် အခုလို လူချင်းတွေ့တော့ ပိုပြီး ကြည်ညိုမိတယ်။ တိုင်းပြည်တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်ဖို့ ပြည်သူပြည်သားတွေက လေးစားကြဖို့ဆိုတာ မလွယ်ပါဘူး။ ဒီလို တိုင်းပြည်က ကြည်ညိုလေးစားတဲ့ ခေါင်းဆောင်ကြီးက တိုင်းပြည်ကို ကြီးစိုးနေတဲ့ ဘုရင်ရဲ့ ဆွေတော်မျိုးတော် ရေတပ်မတော်ရဲ့ စစ်သေနာပတိကြီးနဲ့ တွေ့ရမယ်ဆိုတော့ အရမ်းမတွေ့ဘဲ ကိုယ့်ဘက်က အကုန်ပြည့်စုံအောင် ကြိုးစားလေ့လာတာဟာ တကယ့်ခေါင်းဆောင်ကောင်း ပီသပါပေတယ် ဗိုလ်ချုပ်ရယ်"

"ဟုတ်ပါတယ် ဦးကြီး။ ကျွန်တော့်ဘက်က ဘာမှ မချို့ယွင်းစေချင်ပါဘူး။ ကျွန်တော် နိုင်ငံခြားက ၀န်ကြီးချုပ်၊ သမ္မတတွေနဲ့ အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်ပါတယ်။ သူတို့ ပြောတာတွေလည်း အားလုံးနားလည်ပါတယ်။ အမြင့်ဆုံးပုဂ္ဂိုလ်ကို ဆာထည့်ပြီးပြောရင် ရိုသေလေးစားရာ ရောက်တယ်ဆိုတာလည်း သိပါတယ်။ ဒါပေမယ့် တော်ဝင်ပုဂ္ဂိုလ်၊ လော့ဒ်ဘွဲ့ရ ပုဂ္ဂိုလ်တွေနဲ့ တစ်ခါမှ စကားမပြောဖူးပါဘူး။ အဲဒါကြောင့် လော့ဒ်မောင့်ဘက်တန် အရှေ့တောင်အာရှ ရေတပ်စစ်သေနာပတိကြီးနဲ့ တွေ့ရ၊ ပြောရမယ်ဆိုတော့ ကျွန်တော် ဘယ်လိုနေ၊ ဘယ်လိုပြောရမယ်ဆိုတာ လုံးဝနားမလည်ဘူး ဦးကြီး။ တွေ့တဲ့ပုဂ္ဂိုလ်ကြီးက အစကတည်းက တွေ့နေကတည်းက အထင်သေးနေရင် ဘာမှ ရှေ့ဆက်လုပ်လို့ အောင်မြင်မှာ မဟုတ်ဘူး"

"မှန်ပါတယ် ဗိုလ်ချုပ်။ ရှေ့ရေးကို အမြင်မှန်နဲ့ တွေးထားတော့ လုပ်သမျှ အောင်မြင်တာပေါ့ ဗိုလ်ချုပ်ရယ်။ လော့ဒ်မောင့်ဘက်တန်က ဗိုလ်ချုပ်ကို ဖိတ်ခေါ်တာလည်း သူ့သဘောနဲ့သူ ဖိတ်တာ မဖြစ်နိုင်ဘူး။ စစ်သေနာပတိဆိုတာ တိုင်းပြည်နဲ့ ဆက်သွယ်တဲ့အခါ ပါရတာ မဟုတ်ဘူး။ သူလုပ်ချင်တာကို အထက်ဝန်ကြီးချုပ်ဆီ တင်ရသေးတာ။ ဘယ်နိုင်ငံက ဘယ်သူနဲ့ ဘယ်လိုဆက်သွယ်ပြီး ဘာပြောမယ်ဆိုတာကအစ အစီရင်ခံရတာ။ ဒါကို ၀န်ကြီးချုပ်က သဘောတူလို့ လုပ်တော့ဆိုမှ လုပ်ခွင့်ရတာ။ ဒီလိုကိစ္စမှာ တစ်ဖက်က မမှားဖို့၊ အသင့်ပြင်ထားဖို့ အရေးကြီးတာပေါ့။ ဗိုလ်ချုပ်က လော့ဒ်မောင့်ဘက်တန်နဲ့ အတွေ့မှာ အပြောမမှားဖို့ အနေအထိုင် မမှားဖို့ ကြိုတင်စိုးရိမ်တာဟာ တကယ့်ခေါင်းဆောင် ပီသပါပေတယ်"

"အဲဒီတော့ ဦးကြီး၊ တော်ဝင်ပုဂ္ဂိုလ် လော့ဒ်မောင့်ဘက်တန်နဲ့တွေ့ရင် ဘယ်လိုက စပြီး ဘယ်လိုသုံးနှုန်းရမယ်ဆိုတာ သင်ပေးပါ"

"ဗိုလ်ချုပ်က ကြိုတင်ပြင်ဆင်ထားတာ အလွန်သင့်မြတ်လှတာပဲ။ တော်ဝင်ပုဂ္ဂိုလ်များနဲ့ စကားပြောတဲ့အခါမှာ မိုင်လော့ဒ် (My Lord) ဆိုတာ ထည့်ပြောရပါတယ် ဗိုလ်ချုပ်။ မိုင်လော့ဒ်ဟာ စာပေမှာ ရေးဖတ်ရပေမယ့် ပြောတဲ့အခါမှာ မလော့ဒ် ဖြစ်သွားပါတယ်။ သာမန်လူချင်း ပြောရာမှာ မူရင်းက How do you do (ဟောင်း ဒူး ယူ ဒူး) ဖြစ်ပေမယ့် စကားပြောတဲ့အခါ ဟောင်းဒယူဒူ လို့ အသံနိမ့်နဲ့ ပြောရပါတယ်။ Where do you go? (၀ှဲယားဒူးယူဂိုး) လို့ မေးတဲ့အခါ စကားသံက (၀ှဲဒယုဂို) ဖြစ်သွားပါတယ်။ အင်္ဂလိပ်စကားဟာ သူ့အတိုင်းပြောရင် သိပ်ပြီး ညင်သာပါတယ်။ ကျွန်တော်တို့ မြန်မာတွေကသာ Good (ဂွတ်ဒ်)၊ Book (ဘွတ်ခ်)၊ Look (လွတ်ခ်) နဲ့ ပြင်းပြင်းဆိုနေတာ အမှန်က (ဂုဒ်၊ ဘုခ်၊ လုခ်) လို့ ညင်ညင်သာသာ ထွက်ပါတယ်။

ဗိုလ်ချုပ်ကို တွေ့ရင်တွေ့ချင်း မောင့်ဘက်တန်က Good Morning General Aung San (ဂုဒ်မောနင်) လို့ နှုတ်ဆက်မယ်။ ဗိုလ်ချုပ်ကလည်း Good Morning My Lord (ဂုဒ်မောနင် မလော့ဒ်) လို့ ပြန်ဖြေရမယ်"

"ကျွန်တော်နဲ့ အဆင့်ဆင့် တွေ့ရမယ့်ပုံ၊ ပြောရမယ့်စကားတွေကို အခုပဲ သင်ပေးပါ ဦးကြီး"

"ဒီလိုဆိုရင် ကျွန်တော်တို့ လေယာဉ်ပေါ် တက်တာက စမယ်။ သိဟိုဠ်ကျွန်းကို ကုန်းတွေ ဖြတ်စရာမလိုဘူး။ ပင်လယ်ဖြတ်ပြီး (၄)နာရီလောက် သွားရင် ရောက်မယ်။ လမ်းမှာ အပန်းပြေ အချိုရည်တစ်ခုခုနဲ့ ဘီစကွတ်ကျွေးဖို့ရှိတယ်။ ဒီကထွက်တာ နောက်ကျရင်တော့ ဘူးနဲ့ နေ့လည်စာ ပေးမယ်။ ကန္ဒီမြို့တော်ရောက်ရင် သူတို့ကားတွေနဲ့ ကြိုပြီး တည်ခိုးဂေဟာ ခေါ်သွားမယ်။ ရောက်ပြီး အနားယူကြ။ ညနေစောင်းတော့ ရေချိုး။ ဆိုင်ရာက ညစာနီးရင် လာပြီး အကြောင်းကြားမယ်။ အချိန်ရောက်ရင် စားခန်းမ နီးရင် သူတို့နဲ့ ခြေလျင်သွားမယ်။ ဝေးရင်တော့ ကားနဲ့ ခေါ်မယ်။ ညစာစားဖို့ အ၀တ်က ပုဆိုးနဲ့ ရှပ်အင်္ကျီလက်တိုဆိုရင် တော်လောက်ပြီ။ လူတွေများတော့ တစ်ဦးစီကို ဗန်းတစ်ခုစီ လာချမယ်။ ပေါင်မုန့်၊ ဟင်း၊ အရွက်အသီး၊ Soup တစ်ခွက်စီ ပါမယ်။ စားပွဲကြီးအလယ်မှာ အရက်ပေါင်းစုံ ထားမယ်။ စားပြီးရင် အစာပိတ်တစ်ခုခု ကျွေးမယ်။ စားပွဲကုလားထိုင်တွေမှာ နာမည်တွေ ရေးထားမယ်။ ဗိုလ်ချုပ်က စားပွဲထိပ်မှာထိုင်၊ အနားမှာ တစ်ဖက်တစ်ချက် ဦးဘဘေ၊ သခင်သန်းထွန်း၊ ကျွန်တော်တို့ကို နေရာပေးမယ်။ အားလုံးစားပြီးရင် ဗိုလ်ချုပ်ထတဲ့အခါ အားလုံးထကြပြီး အသင့်စောင့်နေတဲ့ စားခန်းထဲက ပုဂ္ဂိုလ်တွေက အလာတုန်းက ကုလားထိုင်တွေ နေရာထိုးပေးသလို ကုလားထိုင်တွေကို နောက်ဘက် ဆွဲပေးကြမယ်။ လာလမ်းအတိုင်း ပြန်မယ်။ ပြန်ရောက်ရင် ပြောကြဆိုကြနဲ့ ညရောက်တော့ အပူသောက်စရာ လာပေးကြမယ်။ အဲဒါ ရောက်တဲ့နေ့ပဲ။

နောက်တစ်နေ့ မနက်မှာ ရေချိုး၊ အ၀တ်လဲ၊ မနက်စာ ကော်ဖီလက်ဖက်ရည်၊ ပေါင်မုန့်ထောပတ်သုတ်၊ ချိစ်၊ ဆန်ပြုတ်၊ ထမင်း၊ ပူတင်း၊ ကြက်ဥကြော်၊ ကော်ပြန့်ကြော်၊ အစိမ်းကြော် သူတို့ စီစဉ်ထားတာတွေနဲ့ လက်ဖက်ခြောက် ရေနွေး၊ စီးကရက်၊ မီးခြစ်ပေါင်းစုံနဲ့ ဧည့်ခံပါလိမ့်မယ်။ ၈ နာရီခွဲလောက်မှာ ဧည့်ကြိုတာဝန်ခံ အတွင်းဝန်က Lord နဲ့ တွေ့ဖို့ရာ ကားများ အသင့်ဖြစ်နေပါပြီလို့ လာပြောတဲ့အခါ နောက်က လိုက်သွားကြရမယ်။ (၁၅) မိနစ်ခန့် ကြိုတင်ပြီး ဧည့်ခန်းထဲကို ရောက်နေကြပါမယ်။ ချိန်းဆိုထားတဲ့အချိန်ရောက်မှ လော့ဒ်မောင့်ဘက်တန် ထွက်လာပြီး ဗိုလ်ချုပ်နဲ့ အဖွဲ့ကို နှုတ်ဆက်ပါ့မယ်။ ပြီးတော့ အခန်းထဲ ပြန်ဝင်သွားတဲ့အခါ ဗိုလ်ချုပ်က ခေါင်းဆောင်ပြီး နောက်လိုက်ရပါ့မယ်။

လော့ဒ်မောင့်ဘက်တန် သူ့စားပွဲကို သူသွားထိုင်တဲ့အခါ ဗိုလ်ချုပ်က စားပွဲမရောက်ခင် (၅)ပေလောက်မှာ ဆက်မလိုက်ဘဲ ရပ်နေရပါ့မယ်။ လော့ဒ်မောင့်ဘက်တန်က ထိုင်ရာက ဗိုလ်ချုပ်ကို လှမ်းကြည့်ပြီး "ဂျင်နရယ်အောင်ဆန်း ပလိစ်ဆစ်ဒေါင်း (General Aung San Please Sit Down)" လို့ ပြောရင်း ထိုင်ရမယ့် ကုလားထိုင်နေရာကို ညွှန်ပြပါလိမ့်မယ်။ အဲဒီနေရာကို ဗိုလ်ချုပ်က ၀င်ထိုင်ပြီး ကျန်တဲ့လူတွေက သူ့နေရာနဲ့သူ ၀င်ထိုင်ရပါမယ်။

ကျွန်တော့်စိတ်အထင် ဗိုလ်ချုပ်ရဲ့ ညာဘက်မှာ အရပ်ဝတ်နဲ့ ဦးဘဘေ၊ သခင်သန်းထွန်း၊ ကျွန်တော်တို့ကို ထားပြီး ဘယ်ဘက်မှာတော့ စစ်ဝတ်နဲ့ ပုဂ္ဂိုလ်တွေ ထားမယ် ထင်ပါတယ်။ ကုလားထိုင်တွေမှာ နာမည်ကပ်ထားပြီး အသင့်စောင့်နေတဲ့ အဖွဲ့သားများက ကုလားထိုင်တွေကို ထိုင်ဖို့ နောက်ကို ဆွဲပေးကြပါမယ်။

ထိုင်မယ့်လူတွေဟာ ကုလားထိုင်မှာ ကပ်ထားတဲ့ စာကို ကိုယ့်နာမည် ဟုတ်၊ မဟုတ် ကြည့်ရပါမယ်။ များသောအားဖြင့် မမှားနိုင်ပါဘူး။ အစီအစဉ်က ဂုဏ်ထူးရာထူး အဆင့်အလိုက် ထားမှာပါ။

အထူးသတိပြုရမှာက အစားအသောက် ကျွေးတဲ့အခါ အသံမမြည်အောင် စားကြရပါမယ်။ ပါးစပ်၊ လက် ပေသွားရင် ဘေးမှာထားတဲ့ လက်သုတ်ပ၀ါနဲ့ ချက်ချင်းသုတ်ရပါမယ်။ ပြီးတော့ ဗိုလ်ချုပ်နောက်က လိုက်တဲ့အခါ ခြေထောက် အသံမမြည်အောင် လေ့ကျင့်ထားရပါမယ်။ လော့ဒ်မောင့်ဘက်တန်ရှေ့ ထိုင်ကြတဲ့အခါ ကိုယ်ကို မတ်မတ်ထားရပါမယ်။ လက်ကို စားပွဲပေါ် မတင်ရပါဘူး။ ဘေးမှာ ချထားရပါမယ်။ ချောင်းဆိုးချင်ရင် ပါးစပ်ကို လက်ကိုင်ပ၀ါနဲ့အုပ်ပြီး ချောင်းဆိုးရပါမယ်။ မောင့်ဘက်တန် စကားပြောနေတုန်း အားလုံးဟာ သူ့ကိုပဲ ကြည့်နေကြရပါ့မယ်"

"ဦးကြီး၊ သူက ဘယ်စကားကစပြီး ပြောမှာလဲ။ ဦးကြီးလည်း အများကြီးပြောရတာ မောရော့မယ်။ ကျွန်တော်တို့ မကြာခင် စားကြမယ်။ ဦးကြီး ဘာများ သောက်ထားမလဲ။ ၀ီစကီ၊ ဘရန်ဒီ၊ ဘီယာ၊ ၀ိုင်မျိုးစုံတော့ ရှိပါတယ်။ ဗိုလ်ထွန်းလှရေ၊ ပုလင်း လက်ဆွဲခြင်း (၂)လုံး ယူခဲ့ကွာ"

"ရပါတယ် ဗိုလ်ချုပ်၊ ကိစ္စမရှိပါဘူး။ သူ ဘယ်စကားက စပြီးပြောမယ်ဆိုတာတော့ ခန့်မှန်းလို့ မရဘူး။ လူကြီးများထုံးစံ ပဏာမမှာ နေရတာ အဆင်ပြေလား၊ လမ်းခရီး တော်တော်ပင်ပန်းသလား၊ ကျန်းမာရေးဆေးများလိုရင် ဧည့်သည်တာဝန်ခံကို ပြောပါ။ ရာသီဥတုက ဘာမှ ဆိုးဆိုးဝါးဝါး မရှိလို့ တော်သေးရဲ့ ဆိုတဲ့ စကားတွေနဲ့ စကြတာပဲ။ သိပ်များများ မပြောပါဘူး။ သူပြောရမယ့် စကားကို အဆင်ပြေအောင် ဂျင်နရယ်အောင်ဆန်းကို ဖိတ်ရတာ စစ်ကြီးလည်း ပြီးသွားတော့ တိုင်းပြည်ပြန်လည် ထူထောင်ရေးကို စီစဉ်ကြရတော့မယ်။ စစ်ကြီးကြောင့် ငွေကုန်လူပန်း ဖြစ်ကြတာ။ ဒါပေမယ့် အခြေအနေက ပျက်စီးတာတွေပြင်ဖို့ အသစ်လုပ်သင့်တာတွေ လုပ်ဖို့ မြန်မြန်စီစဉ်ရမှာပဲဆိုပြီး တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီးအနေနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်တာပါလို့ သူပြောချင်တာကို ပြောမယ်ထင်ရတာပဲ။ တိုင်းပြည်ခေါင်းဆောင်များ ထုံးစံ မိန့်ခွန်းပေးချင်ရင် သူပြောချင်တာကို မိန့်ခွန်းရေးဆရာကို အချက်အလက်ပေး အရေးခိုင်းပြီးတော့ ဖတ်ပြောတာပဲ။ ဆွေးနွေးပွဲဆိုရင် အချက်အလက်တွေပြောပြ၊ အတွင်းဝန်က အစီအစဉ်တွေလုပ်ပြီး အဲဒါကို ဆွေးနွေးရင်း ကြည့်ကြည့်ပြောတာပါပဲ ဗိုလ်ချုပ်ရယ်"

"ဒီလိုဆို ကျွန်တော်ပြောချင်တာကို ဘယ်တော့ ပြောရမလဲ"

"ဗိုလ်ချုပ်၊ လူကြီးကခေါ်ရင် သူပြောချင်တာရှိလို့ ခေါ်တာမို့ သူစပြီး ပြောချင်တာ ပြောပါစေ။ သူပြောနေတုန်း မကြိုက်တာ၊ ဆန့်ကျင်တာ ပြန်မပြောရပါဘူး။ အားလုံးပြီးမှ ကိုယ်ပြောချင်တာ တိုတိုအစီရင်ခံရပါတယ်။ သူပြောနေတုန်း Very Good My Lord (ဗက်ရိဂုဒ် မလော့ဒ်)၊ Excellent My Lord (အက်စ်ဆဲလင့်မလော့ဒ်)၊ ကျွန်တော်သိပ်ပြီး သဘောကျတာပဲ။ အဲဒီလို သူစကားပြောတာများလို့ နားပြီး အသက်ရှူတဲ့အခါ ချီးကျူးစကားသာ အားရပါးရ ပြောပါ"

ထိုအချိန်တွင် ဗိုလ်ထွန်းလှက "ဗိုလ်ချုပ်၊ ထမင်းပွဲ ပြင်ပြီးပါပြီ" ဟု လာ၍ ခေါ်သဖြင့် လိုက်၍သွားကြသည်။

"တောင်ဝင်ပုဂ္ဂိုလ်ကြီးတစ်ယောက်က အစိုးရစီမံကိန်းကို ခေါ်ပြောရင် ငါဟာ ပြောင်မြောက်ထူးခြားတဲ့ ပုဂ္ဂိုလ်ပါလားလို့ ဂုဏ်ယူပြီး နားထောင်ပေးပါ။ ဘကြီးက မြေးကလေးကို ခေါ်ပြောသလို ကြုံရတဲ့အခါ လေးလေးစားစားနဲ့ နားထောင်သလို နားထောင်ပေးပါ။ သူပြောနေတဲ့အထဲ ကိုယ်မကြိုက်တာပါရင်လည်း ပြုံးပြုံးကလေးနေပါ။ နောက်ဆုံး သူက နိဂုံးချုပ်ပြီး မင်းလည်း ဘယ်လိုသဘောရလဲလို့ မေးပါလိမ့်မယ်။ အဲဒီအခါမှာလည်း အရင်လိုက်ပြောသလိုပဲ အားလုံးကောင်းပါသည် ခင်ဗျား၊ Excellent My Lord (အက်စ်ဆဲလင့် မလော့ဒ်) လို့ ပြန်ပြောပါ။ သူလည်း တော်တော် သဘောကျသွားပါလိမ့်မယ်။

ပြီးတော့ သူပင်ပန်းလို့ အားရပါးရ အသက်ရှူနေတုန်း ဗိုလ်ချုပ်ပြောချင်တဲ့စကားကို ဖြည်းဖြည်းစပါ။ ဗိုလ်ချုပ် Lord ဆိုတဲ့ အသုံးအနှုန်းဟာ The Lord ဆိုရင် ခရစ်ယာန်ယေရှုလို့ အဓိပ္ပါယ်ရပါတယ်။ ခရစ်ယာန်ဂိုဏ်းချုပ်ရဲ့ တရားသူကြီးချုပ်တွေကို အစီရင်ခံမယ်ဆိုရင် အာလုပ်စကားဟာ My Lord ဖြစ်ပါတယ်။ ဗိုလ်ချုပ်က ကိုယ်ပြောချင်တာ၊ အစီရင်ခံချင်တာ တင်ပြတော့မယ်ဆိုရင် တော်ဝင်ပုဂ္ဂိုလ်ကြီးကို ပထမဆုံး My Lord (မိုင်လော့ဒ်) လို့ ဆိုရပါမယ်။ မလော့ဒ်လို့ မခေါ်ရပါဘူး။ မလော့ဒ်က စကားပြောတဲ့အခါမှာသာ သုံးရတာပါ"

"ဦးကြီး၊ ကျွန်တော် တင်ပြချင်တာကို ပထမရေးပြီး ဦးကြီးကို ပြင်ဆင်ဖြည့်စွက်ဖို့ ပေးပါမယ်။ ဦးကြီးက တည်းဖြတ်ပြီး အသံထွက်တွေပါ သင်ပေးပါ" ဗိုလ်ချုပ်အောင်ဆန်းက ပြောပြပါသည်။

"ဟုတ်ကဲ့ ဗိုလ်ချုပ်။ ဒီလို အလေးအနက်ထားမှပဲ ကိုယ်လိုရာရောက်မှာပေါ့။ တော်ဝင်ပုဂ္ဂိုလ်ကြီးကို တင်ပြရမှာ။ ပြီးတော့ တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီးတစ်ဦး အနေနဲ့ ပြောရမှာဆိုတော့ သတိထားဆောင်ရွက်လေ ကောင်းလေပေါ့။ သူကတော့ သံတမန်ထုံးစံ ခေါင်းညိတ်နားထောင်ပြီး ဘာမှ ဆုံးဖြတ်ချက်ပေးမှာ မဟုတ်ဘူး"

"ပြီးတော့ ဘယ်အခါ သူ့ဆီက ထပြန်ရမလဲ"

"တော်လောက်ပါပြီ။ ညကျတော့ ညစာစားပွဲမှာ ထပ်တွေ့ကြသေးတာပေါ့လို့ ပြောရင်း မတ်တတ်ရပ်ပြီး ဗိုလ်ချုပ်ကို လက်ကမ်း နှုတ်ဆက်ပါလိမ့်မယ်။ ဗိုလ်ချုပ်ကလည်း မတ်တတ်ရပ် ဦးညွတ်ပြီး My Lord Goodbye မိုင်လော့ဒ်ဂဒ်ဘိုင်း လို့ သူနှုတ်ဆက်သလို ပြန်နှုတ်ဆက်ပါ"

"သူက ထမင်းစားဖိတ်တဲ့ညမှာ ဘာတွေ ပြောကြမှာလဲ"

"ဘာမှ ထွေထွေထူးထူး ပြောမှာမဟုတ်ဘူး။ ထမင်းစားပွဲဆိုတာ ရယ်စရာမောစရာ ရွှင်စရာတွေသာ ပြောရတာပါ။ ကျွန်တော်တို့က ပြောဖို့ မလိုပါဘူး။ သူကသာ ပြောမှာပါ။ ပြီးတော့ ထမင်းစားရင်း ကြာမှာဆိုတော့ သူက ညာဘက်မှာ ဗိုလ်ချုပ်၊ ပြီးတော့ ကျွန်တော့်လည်း ထားမယ်ထင်တယ်။ ဘယ်ဘက်မှာတော့ ဦးဘဘေနဲ့ သခင်သန်းထွန်းတို့ ထားမယ်။ သူတို့နဲ့ အများဆုံးပြောမယ်။ ဒါမှ စိုပြည်မှာ။ သူတို့ကတော့ My Lord (မလော့ဒ်) တွေ ဘာတွေ ထည့်ပြောမှာ မဟုတ်ဘူး။ သူတို့ ဘယ်လိုပြောပြော အရပ်သားတွေအနေနဲ့ လက်ခံနိုင်ပါတယ်။ ဗိုလ်ချုပ်က ဘာမှ ၀င်မပြောပါနဲ့။ သူပြောတာကိုသာ လိုက်လိုက်လျောလျော My Lord (မလော့ဒ်) ထည့်ပြီး ပြောပေးပါ။ အားလုံး အရပ်ဝတ်အရပ်စားနဲ့ တက်ပါ။ ခေါင်းပေါင်းတွေ ဘာတွေ မလိုပါဘူး။ ဦးဘဘေကတော့ လူကြီးမို့ ခေါင်းပေါင်းပါမှာပေါ့"

နောက်နေ့တွင် ဗိုလ်ချုပ်က သူတင်ပြလိုသော အကြောင်းများကို ရေးသားကာ ဦးတင်ထွဋ်ထံ ပေးပို့သည်။ နောက်နေ့တွင် ဦးတင်ထွဋ်က တည်းဖြတ်ပြင်ဆင်ပြီး အသံထွက်များကို အကျယ်ရေးသားကာ ပြန်ပေးသည်။

အားလုံးကို ဗိုလ်ချုပ်အောင်ဆန်း လေ့လာကာ ဦးတင်ထွဋ် သင်သည့်အတိုင်း ပြောမည့်စကားများကို အရကျက်၊ အော်၍ဖတ် လေ့ကျင့်သည်။

ထို့နောက် မောင့်ဘက်တန်က လေယာဉ်လွှတ်လိုက်သဖြင့် ဗိုလ်ချုပ်နှင့် အဖွဲ့သား (၃၀) သီဟိုဠ်ကျွန်း၊ ကန္ဒီမြို့သို့ သွားကြသည်။

ubapemrclementattleegen.jpg
[ဗိုလ်ချုပ်အောင်ဆန်း၏ ဘယ်ဘက်မှ ဆံပင်နောက်လှန်ဖြီးထားသူမှာ ဦးတင်ထွဋ် ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ ညာဘက်အစွန်မှ မျက်မှန်နှင့်ပုဂ္ဂိုလ်မှာ ဦးဘဘေ ဖြစ်ပါသည်။]

လေယာဉ်ပေါ်မှ ဆင်းကတည်းက တွေ့ကြုံရပုံများမှာ ဦးတင်ထွဋ် ကြိုတင်ပြောပြသည့်အတိုင်း ဖြစ်သည်။

လော့ဒ်မောင့်ဘက်တန်နှင့် တွေ့ရမည့်နေ့တွင် ဧည့်ခန်းဆောင်အတွင်းဝန် စီစဉ်ထားသည့်အတိုင်း ဗိုလ်ချုပ်က ကားတစ်စီး၊ ဦးဘဘေ၊ သခင်သန်းထွန်း၊ ဦးတင်ထွဋ်တို့က ကားတစ်စီး၊ ကျန်သည့် စစ်ဘက်မှ ပုဂ္ဂိုလ်များမှာ ကားကြီး (၂)စီးဖြင့် ထွက်ခဲ့ကြသည်။

အဆင်သင့်စောင့်ဆိုင်း၍နေသော လော့ဒ်မောင့်ဘက်တန်၏ အတွင်းဝန်က ဆီးကြိုကာ ဗိုလ်ချုပ်နှင့် အဖွဲ့အား စီစဉ်ထားသည့်အတိုင်း ဧည့်ခန်းမကြီးတွင် နေရာချပေးသည်။

ဧည့်ခန်းမကြီးမှာ ကြီးကျယ်သော်လည်း လော့ဒ်မောင့်ဘက်တန်၏ အတွင်းဝန်များ၊ ရုံးအလုပ်သမားများနှင့် ပြည့်လျှံ၍ နေသည်။

လော့ဒ်မောင့်ဘက်တန်၏ အတွင်းဝန်များမှာ များပြားလှသည်။ လော့ဒ်မောင့်ဘက်တန်မှာ အရှေ့တောင်အာရှ ဖက်ဆစ်တိုက်ဖျက်ထုတ်ရေးတွင် မဟာမိတ်တပ်ပေါင်းစု၏ သေနာပတိ ဖြစ်သည်။ ဥရောပတွင် မဟာမိတ် တပ်ပေါင်းစု၏ သေနာပတိမှာ အမေရိကန်စစ်ဘက် သေနာပတိ အီဆင်ဟောင်းဝါ (Esenhower) ဖြစ်၍ လက်အောက်ခံတပ်များမျာ ဥရောပနိုင်ငံ အသီးသီးမှ ဟစ်တလာ နာဇီတပ်များ သိမ်းပိုက်ခံရ၍ ပြန်လည်တော်လှန်ကြသော တပ်များဖြစ်သည်။ အရှေ့မြောက်အာရှ တပ်ပေါင်းစု၏ သေနာပတိမှာ အမေရိကန် ကုန်းတပ်သေနာပတိ Mac Arthor (မက်အာသာ) ဖြစ်၍ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်နိုင်ငံများကို ဖက်ဆစ်ဂျပန်လက်အောက်မှ ကယ်တင်ရန် ဖြစ်သည်။

လော့ဒ်မောင့်ဘက်တန်မှာ အရှေ့တောင်အာရှ ပြန်လည်ကယ်တင်ရန် မဟာမိတ်တပ်ပေါင်းစု၏ သေနာပတိဖြစ်သော်လည်း အနောက်နိုင်ငံတပ်များ မပါဝင်ဘဲ အမေရိကန်လေတပ်နှင့် ဗြိတိသျှတပ်များ၊ ကိုလိုနီနိုင်ငံ အိန္ဒိယ၊ သီဟိုဠ်၊ နီပေါ ဂေါ်ရခါးတပ်များ ပါဝင်သည်။ ဂျပန်ဖက်ဆစ် လက်တွင်းမှ ကယ်တင်ရန် နိုင်ငံများမှာ စင်ကာပူမှအစ များပြားလှသည်။

ထိုနိုင်ငံများကို စစ်ဆင်ရန်အတွက် စစ်တပ်ဖြန့်ချိမှု နိုင်ငံအလျောက် စစ်ရေးအတွင်းဝန်များ၊ ရန်သူထွက်သွားလျှင် တည်ငြိမ်ရန် အုပ်ချုပ်ရေး အတွင်းဝန်များ အားလုံး အတွင်းဝန် တစ်ဒါဇင်ကျော်မျှ ရှိသည်။ အတွင်းဝန်များမှာ အင်္ဂလိပ်လူမျိုးများသာဖြစ်၍ လုပ်သက်ရင့်သူများ ဖြစ်ကြသည်။

"ဟေ့ တင်ထွဋ်၊ မင်းက ဒီအဖွဲ့ထဲ ပါလာသလား" အတွင်းဝန် အင်္ဂလိပ်တစ်ယောက်က ဦးတင်ထွဋ်အား လှမ်း၍ အော်မေးပါသည်။

ဦးတင်ထွဋ်သည် အသံကြားရာသို့ လှမ်းကြည့်လိုက်ပြီး တွေ့လိုက်ရသည်မှာ အားလုံး သူ့အရင် အိုင်စီအက်စ် (ICS) ဖြစ်၍နေကြသော အင်္ဂလိပ်ဝါရင့် ပုဂ္ဂိုလ်ကြီးများကို တွေ့ရ၍ အားရ၀မ်းသာဖြစ်ပြီး "ဟုတ်ကဲ့၊ ကျွန်တော် မြန်မာကိုယ်စားလှယ်အဖွဲ့ထဲမှာ ပါလာတယ်" ဟု ပြန်ပြောလိုက်သည်။

"အေး၊ မင်းကို တွေ့ရတာ ၀မ်းသာတယ်ကွာ။ ငါတို့ မတွေ့ရတာ ကြာပြီ။ မင်းက မင်းတိုင်းပြည်ထဲမှာပဲ လုပ်နေရတော့ တွေ့ဖို့ရာ မလွယ်ကြဘူးပေါ့"

"ဟုတ်ပါတယ်ခင်ဗျာ၊ ကျွန်တော့်တိုင်းပြည်ကလည်း အာရှမှာ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးနှစ်နိုင်ငံကြားမှာ ရှိနေတော့ ပြင်ပနဲ့ အဆက်အသွယ်က သိပ်နည်းတာပေါ့"

ဤတွင် အင်္ဂလိပ်အတွင်းဝန်တစ်ဦးက ၀င်၍ပြောသည်။ "ဟေ့ တင်ထွဋ်၊ မင်းတို့နိုင်ငံက လွတ်လပ်ရေး တောင်းနေတယ်လို့ ကြားတယ်။ အရမ်းမလုပ်ကြနဲ့နော်။ လွတ်လပ်ရေးဆိုတာ ကြားရတော့ သိပ်ကောင်းတာ၊ တကယ့်လက်တွေ့က လွတ်လပ်တဲ့နို်င်ငံနဲ့တူအောင် လုပ်ဖို့ရာ မလွယ်ဘူးကွ။ နိုင်ငံရေးက အော်လို့ရတယ်။ လွတ်လပ်ရေးက တိုင်းပြည်ကို အုပ်ချုပ်ပြီး ကြီးပွားတိုးတက်အောင် လုပ်ရတော့ အရည်အချင်းပြည့်မှ ရတယ်ကွ။ မင်းတို့ အင်္ဂလိပ်အုပ်ချုပ်တာနဲ့ ရောပြီး ပေါင်းလုပ်။ ကိုယ်က လုပ်တတ်လာပြီး ဌာနတိုင်းကို ကိုင်နိုင်တဲ့ အရည်အချင်းရှိမှ လွတ်လပ်ရေးယူကွ"

ဦးတင်ထွဋ်က မည်သို့မျှ ပြန်၍မပြော။

ဤတွင် ဗိုလ်ချုပ်အောင်ဆန်းက စကားဝိုင်းသို့ဝင်ပြီး ပြောသည်။

"Please Excuse me Sir" (ကျေးဇူးပြုပြီး ၀င်ခွင့်ပြုပါခင်ဗျာ) ဟု ပဏာမတောင်းပန်ပြီး "ကျွန်တော်တို့တစ်တွေဟာ နိုင်ငံလွတ်လပ်ပြီး ကိုယ့်နိုင်ငံကိုယ် အုပ်ချုပ်နိုင်ပါတယ်ခင်ဗျာ။ ဘာပြုလို့လဲဆိုတော့ ဗြိတိန်နိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံအဖြစ် ကိုယ့်နိုင်ငံကိုယ် အုပ်ချုပ်နေပါတယ်။ ဘယ်သူတွေက ခေါင်းဆောင်နေလဲဆိုတော့ Oxford တက္ကသိုလ်၊ Camebridge တက္ကသိုလ်က သင်ကြားလာတဲ့ ပညာရှင်ကြီးတွေက ခေါင်းဆောင်နေပါတယ်။ ကျွန်တော်တို့ နိုင်ငံတက္ကသိုလ်က ပညာရေးဟာ အဲဒီတက္ကသိုလ်တွေက ပညာရေးနဲ့ အတူတူပါပဲ။ သင်ခန်းစာတွေဟာ ထပ်တူဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ ဗြိတိန်နိုင်ငံမှာလို ပညာရှင်တွေ ပေါများပါတယ်။ ဒီပုဂ္ဂိုလ်တွေက ကိုယ့်နိုင်ငံကိုယ် အုပ်ချုပ်နိုင်ပါတယ်" ဗိုလ်ချုပ်အောင်ဆန်း၏ ပြောစကားကြောင့် အားလုံးတို့သည် မှင်တက်မိ၍ သွားသည်။

မည်သူမျှ ၀င်၍မပြော။ အင်္ဂလိပ်အတွင်းဝန်များ ငြိမ်သက်သွားသဖြင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်၍ သွားသည်။ ဦးတင်ထွဋ်ကလည်း မလှုပ်။

မကြာမီပင် လော့ဒ်မောင့်ဘက်တန်၏ ဧည့်ဆောင်အတွင်းဝန်က "ကိုးနာရီထိုးတော့မယ်" ဟု ဗိုလ်ချုပ်အောင်ဆန်းအား ပြောသည်။ အခန်းကြီးတံခါးဝသို့ သူသွား၍ ရပ်သည်။

ဗိုလ်ချုပ်အောင်ဆန်းကလည်း မတ်တတ်ရပ်၍ ရဲဘော်တို့ အသင့်အနေအထားမှာ နေကြဟု ပြောလိုက်ရာ အားလုံးတို့သည် ညီညာစွာ ရပ်၍ လာကြသည်။

ကိုးနာရီထိုးသည်နှင့် တစ်ပြိုင်နက် တံခါးဝမှ အတွင်းဝန်က တံခါးကို ဖြည်းညင်းစွာ ခေါက်လိုက်သည်။ ထိုတံခါးပွင့်လာပြီး လော့ဒ်မောင့်ဘက်တန် ထွက်၍လာသည်။ ရေတပ်မတော် သေနာပတိ စစ်ဝတ်စုံအပြည့်နှင့် ဖြစ်သည်။ ခန်းမကြီးအတွင်းရှိ အားလုံးတို့လည်း မတ်တတ်ရပ်၍ အလေးပြုကြသည်။

လော့ဒ်မောင့်ဘက်တန်သည် အပေါက်ဝတွင်ရပ်ကာ စောင့်နေသော ဗိုလ်ချုပ်အောင်ဆန်းအား လက်ဆွဲနှုတ်ဆက်သည်။ ဦးတင်ထွဋ် ကြိုကာပြောထားသည့်အတိုင်း လော့ဒ်မောင့်ဘက်တန်က ပြုလုပ်သည်။ ပြီးသော် အခန်းတွင်းသို့ ပြန်၍၀င်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ နောက်မှလိုက်၍ သွားကြသည်။

ဦးတင်ထွဋ် ကြိုတင်ကာ ပြောသည့်အတိုင်း အားလုံးတို့သည် ရိုသေလေးစားစွာ ထိုင်လိုက်ကြပြီး လော့ဒ်မောင့်ဘက်တန်၏ မိန့်ခွန်းကို နားထောင်ကြသည်။ ပြီးသော် အားလုံးတို့သည် အနားယူကြသည်။ လော့ဒ်မောင့်ဘက်တန်သည် အပန်းဖြေရင်း ဗိုလ်ချုပ်ကို ဖြည်းဖြည်းမေးသည်။ ဗိုလ်ချုပ်က ပြန်ဖြေပြီး မကြာမီ ဗိုလ်ချုပ်အောင်ဆန်းက ကြိုတင်လေ့လာထားသည့်အတိုင်း လော့ဒ်မောင့်ဘက်တန်ကို ဖဆပလအဖွဲ့ချုပ်ကြီးနှင့် တိုင်းသူပြည်သားများက တစ်နှစ်အတွင်း လွတ်လပ်ရေးပေးပါရန် ပန်ကြားဖို့အတွက် သူလာရခြင်းဖြစ်ကြောင်း တင်ပြသည်။

လော့ဒ်မောင့်ဘက်တန်သည် ဗိုလ်ချုပ်အောင်ဆန်းက တိုတိုနှင့်လိုရင်း ပြောပြသည်ကို နားထောင်နေပြီး နောက်ဆုံးတွင် ခေတ္တနားကာ ညတွင် ထမင်းစားပွဲသို့ ဗိုလ်ချုပ်နှင့်အဖွဲ့ ကြွလာရန် ဖိတ်ကြားပြီး စခန်းသိမ်းလိုက်ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့သည် တည်းခိုဆောင်သို့ပြန်ကာ အနားယူကြသည်။ မကြာမီ တည်းခိုဆောင်တာဝန်ရှိသူများက နေ့လည်စာ သုံးဆောင်ရန် အချိန်ရောက်ပြီဖြစ်ကြောင်း လာရောက်ပန်ကြားသည်။

အားလုံးတို့သည် နေ့လယ်စာ စားသောက်ပြီး အဆောင်ပြန်ရောက်သည့်အခါ တရေးအိပ်စက်သူက အိပ်စက်၍ အချို့တို့က ၀ိုင်း၍ စကားပြောကြသည်။ ညနေတွင် အချိန်ရသခိုက် ရေချိုးကြသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ကောင်းစွာ အနားမယူနိုင်။ စိတ်စော၍နေသဖြင့် ဦးတင်ထွဋ် အခန်းသို့ သွားသည်။

"ဦးကြီး၊ ညစာစားပွဲမှာ ကျွန်တော်က ဘာမှမပြောဘဲ လော့ဒ်မောင့်ဘက်တန် ပြောတာကို နားထောင်ပြီး နောက်ကလိုက်ပြီး Oh, We have got fresh knowledge My Lord (အိုး၊ ၀ီဖ်ဂေါ့ထ်ဖရက်ရှနောလိလ်မလော့ဒ်) လို့ ပြောနေရုံနဲ့ ပြီးမှာလား" ဗိုလ်ချုပ်က ရောက်လျှင်ရောက်ချင်း ပြောပြသည်။

ဦးတင်ထွဋ်သည် ရုတ်တရက် ဗိုလ်ချုပ်ရောက်လာသဖြင့် အံ့အားသင့်နေသည်။ ခေတ္တမျှ စဉ်းစားပြီး ဦးတင်ထွဋ်က ပြောပြသည်။

"ဗိုလ်ချုပ်တွေးပြီး ပူမယ်ဆိုလည်း ပူစရာပဲ။ သူကချည်းပြောပြီး ကိုယ်က ဘာမှမပြောဘဲ နေတော့လည်း ဟုတ်တယ်။ စကားဝိုင်း စိုစိုပြည်ပြည် မဖြစ်ဘူး။ တစ်ခုရှိတာက ကိုယ်က လူငယ်၊ ထမင်းပွဲမှာ များများဝင်ပြောတော့လည်း မတော်လှဘူး။ တစ်ခုခုတော့ ပြောမှလည်းကောင်းမယ်"

"ဟုတ်တယ်ဦးကြီး။ တော်ဝင်ပုဂ္ဂိုလ် မဟာမိတ်တပ်ဖွဲ့ စစ်သေနာပတိကြီးက ဆွေးနွေးဖို့ ဖိတ်ခေါ်တယ်။ လေယာဉ်လွှတ်ပေး၊ ဧည့်ခံပွဲအမျိုးမျိုး လုပ်ပေးပြီး ထမင်းစားပွဲနဲ့ ပြုစု ပြန်လုပ်တယ်ဆိုတော့ အဖိတ်ခံရတဲ့ကောင်လေးက ဘာပြောမလဲ။ လူရာဝင်ချင်တဲ့စကားတွေ ပြောလို့က မဖြစ်။ တိုင်းပြည် လွတ်လပ်ရေးအကြောင်း ပြောလို့ကလည်း မဖြစ်။ စဉ်းစားရင်းနဲ့ အဖြေရှာမရတော့ ဦးကြီးဆီပဲ ပြေးလာရတာပေါ့"

"ဗိုလ်ချုပ်က အခြေအနေကို အမှန်အတိုင်းတွေးတော့ တကယ်ပင်ပန်းတာပေါ့။ ကျွန်တော်ကိုယ်တိုင် ဘာပြောရမှန်းမသိဘူး။ ထမင်းစားပွဲထုံးစံ ရယ်စရာမောစရာ ပြောရအောင် လူငယ်ဆိုတော့ လူကြီးကို ပုံဝတ္ထု ပြောလို့မဖြစ်၊ အတွေ့အကြုံ ပြောရအောင်လည်း ကိုယ်ကလည်း နိုင်ငံရေးဘ၀၊ နိုင်ငံငယ်ကလေးမှာ ကြုံရတာ ပြောလို့ကလည်း သေးသေးကွေးကွေး ဖြစ်နေမှာ စိုးရိမ်ရ။ ထမင်းစားပွဲဆိုတော့ (၂)နာရီ ပတ်ဝန်းကျင် ကြာမှာမို့ ပြောစရာရှိမှလည်း တော်လိမ့်မယ်"

"ကျွန်တော်က အညာသားဆိုတော့ အညာမှာရှိတဲ့ ၀တ္ထု၊ စကားပုံ၊ ရာဇ၀င်တွေ ပြောစရာရှိပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံက တော်ဝင်နားလည်ဖို့ ပြုံးပျော်ဖြစ်ဖို့ ရှာမရဘူး ဦးကြီး"

ဦးတင်ထွဋ်က ဗိုလ်ချုပ်ပြောသည်ကို နားထောင်ကာ စဉ်းစားရင်း တစ်စုံတစ်ခု တွေးတောရသဖြင့် ၀မ်းသာအားရ ဖြစ်၍သွားသည်။

"တစ်ခုတော့ လာပြီးတွေ့ရတယ်။ ရယ်စရာ မှတ်စရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နားထောင်ချင်စရာ ဖြစ်မှာ။ ဘာလဲဆိုတော့ စကားပြောနေရင်း စကားဆက်ရမှာမို့လို့ ဦးဘဘေအကြောင်း တစ်နေရာမှာ ထည့်ပြောမယ်ဆိုရင် ပြောစရာရမယ်။ မြန်မာလူငယ်တစ်ဦး အနေနဲ့ နိုင်ငံရေးအသင်းအဖွဲ့ ထောင်ဖို့ရာ အခြေအနေအရ အနောက်တိုင်း YMCA ကို မှီပြီး အရှေ့တိုင်း YMBA ထောင်လိုက်ပုံ၊ နိုင်ငံမှာ သတင်းစာဟာ သိပ်ပြီး အရေးကြီးပြီး သတင်းစာနဲ့ လူထုကို လွှမ်းမိုးဖို့ The Sun သူရိယသတင်းစာ ထောင်လိုက်ပုံ။ ဒါတွေ ပြတ်တောင်းပြတ်တောင်း ထည့်ပြောရင် ဗိုလ်ချုပ် ပြောစရာတွေရမယ်"

"ဟာ ကောင်းလိုက်တာ။ ကျွန်တော်သိသမျှ ရေးပေးမယ်။ ဦးကြီးက အဆင့်မြင့်အင်္ဂလိပ်စာနဲ့ ရေးပေးပါ"

နှစ်ဦးသဘောတူ ရသဖြင့် ထမင်းစားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း ကောင်းကောင်းပြောနိုင်ခဲ့သည်။ ပြော၍အပြီး ထမင်းစားပွဲ နိဂုံးချုပ်၍ နှုတ်ဆက်ကြသည့်အခါ ဗိုလ်ချုပ်သည် ဦးတင်ထွဋ် ရေးပေးသည့်အတိုင်း အလွမ်းပြေ ခွဲခွါရသည့်အကြောင်း ပြောပြသည်။

နောက်နေ့ နိုင်ငံတော်သို့ ပြန်ကြသည်။

ဗိုလ်ချုပ်သည် ရွှင်ရွှင်လန်းလန်းဖြစ်ကာ လေယာဉ်ပေါ်တွင် နှုတ်ဆက်စကား ဦးတင်ထွဋ်အား ပြောလိုက်သည်။

"ဦးကြီး၊ ကျွန်တော် ဦးကြီးကို အရဲစွန့်ပြီး ချဉ်းကပ်တာ ထင်တာထက် အောင်မြင်တယ်။ ဦးကြီးကြောင့် လော့ဒ်မောင့်ဘက်တန်နဲ့ ဆက်သွယ်ရေး အံြ့ဥလောက်အောင် ထူးထူးခြားခြား အောင်မြင်တယ်။ အင်္ဂလိပ်စကားရဲ့ အသံထွက်ကိုလည်း ထားတတ်လာတယ်။ ဦးကြီးပြောမှ နာမ် Noun ကို သုံးရင် ရှေ့ကအသံကို ပြင်းပြင်းဆို၊ ကြိယာ Verb ကို သုံးရင် နောက်က စကားလုံးကို ပြင်းပြင်းဆို၊ နားလည်လာတယ် ဦးကြီးရယ်၊ နောက်ကိုလည်း အရေးကြုံလာရင် ကူညီပါ"

"ဗိုလ်ချုပ်၊ ကျွန်တော်ကလည်း အခုလို ကူညီရတဲ့အတွက် ၀မ်းသာလို့ မဆုံးဘူး။ ဗိုလ်ချုပ် အလိုရှိတိုင်း ခေါ်ခိုင်းပါ"

[မော်နီတာဂျာနယ်၊ အတွဲ-၁၊ အမှတ်-၁၅၊ သြဂုတ်လ ၁၅ ရက်၊ ၂၀၁၀ ခုနှစ်၊ စာမျက်နှာ-၁၀၊ ၁၁၊ ၁၂]

Aye Chan Mon# Credit To : စာအုပ်မြို့တော် > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Friday, 17 January 2014

လှည်းကူး တန်တစ်ရာ ဆန်စက်ရှေ့ ယာဉ်တိုက်မှု့ (နောက်ဆက်တွဲ သတင်း)

၁၄-၀၁-၂၀၁၄ ၊ ည ၁၀နာ၇ီ ၂၅ မိနစ်ခန့် မှာ လှည်းကူး တန်တစ်ရာ ဆန်စက်ရှေ့ ယာဉ်တိုက်မှု့ ဖြစ်ပွားခဲ့မှု့ကြောင့် မြောင်းမြမြို့၊ စံပြအနောက်ရပ်ကွက်၊ အမှတ်-၂ နေ အသက် (၄၄) နှစ်ရှိသူ ဦးတင်စိုးဦး- ဆိုသူ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

လောလောဆယ်အချိန်အထိ တိုက်သွားတေသာ ကားကို မဖော်ထုတ် နိုင်သေးပါ။

ဲမြတ်ဆ၇ာပူဇော်ပွဲ တူပျော်ပျော်နွှဲကြပါစို့

၁၉၉၇ က ပထမအကြိမ်မြတ်ဆရာပူဇော်ပွဲမှ ၂၀၁၄ မှာ ၁၁ ကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ပြီ။
ကန်တော့ခံ ဆရာကြီး/ဆရာမကြီးတွေက ကြွေတဲ့သူကကြွေလို့ တပည့်တွေကလည်း ပြိုတဲ့သူပြို
အိုတဲ့သူအိုကုန်ကြပြီ။ ကျေးဇူးရှင် ဆရာ/ဆရာမကြီးများကို တို့တတွေ မပြိုခင် မအိုခင်မှာ တခဏတာမျှ ပြန်လည်ဆုံဆည်းပြီး ဂါရ၀ပြုကြဖို့ မြတ်ဆရာပူဇော်ပွဲကို တူပျော်ပျော်နွှဲကြပါစို့။
(19.1.2014) တနင်္ဂနွေနေ့- ဟု ကိုစည်သူမှ နှိုးဆော်ထားပါတယ်။


Ref: Si Thu

Thursday, 16 January 2014

ဓမ္မပူဇာမင်္ဂလာအသင်းမှ ကျင်းပမည့် တရားပွဲတွေပါ



လှည်းကူးမှာ ကျင်းပခဲ့တဲ့ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ပညာပေးဟောပြောပွဲ


လှည်းကူးမြို့နယ်မှ ကျောင်းသားများ ရန်ကုန်တိုင်းကျောင်းသားပြေးခုန်ပစ်ပြိုင်ပွဲတွင် ဆုတံဆိပ်များ စတင်ရရှိနေပါပြီ။

 လှည်းကူးမြို့နယ်မှ ကျောင်းသားများ ရန်ကုန်တိုင်းကျောင်းသားပြေးခုန်ပစ်ပြိုင်ပွဲတွင် ဆုတံဆိပ်များ စတင်ရရှိနေပါပြီ။ 

ရန်ကုန်တိုင်းကျောင်းသားပြေးခုန်ပစ်ပြိုင်ပွဲတွင်လှည်းကူးမြို့နယ်မှဆုရကျောင်းသားများမှာ
(၁) ကျား မီတာ၅၀၀၀ပြိုင်ပွဲတွင်မောင်ကျော်ကျော်ခိုင်(အ ထ က-လှည်းကူး)မှ စံချိန်2း53.2စက္ကန့်ဖြင့်ပထမ

(၂) ကျားလှံတံပစ်ပြိုင်ပွဲတွင်မောင်ကျာထောရှဲူ(အထက-လှည်းကူး) မှ စံချိန် 33.66ဖြင့်ပထမ
(၃) ကျားအမြင့်ခုန်ပြိုင်ပွဲတွင်မောင်ကျာထောရှဲ(အထက-လှည်းကူး)မှ ဒုတိယ။

(၄) ကျားသံလုံးပစ်ပြိုင်ပွဲတွင်မောင်ကျော်သက်နိုင်(အထက-အင်းတိုင်)မှတတိယဆုရရှိထားပါပြီ။

ကျန်အားကစားနည်းများကိုမနက်ဖြန်၁၆၊၁၊၁၄တွင်ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်

Ref: Wintphyu Maung

Wednesday, 15 January 2014

လှည်းကူးတန်တစ်ရာ အနီးမှာ ယာဉ်တိုက်မှု့ ဖြစ်ပွား

14 . 1 . 2014 ည 10 : 25 နာ ရီမှာ လှ ည်း ကူး တ န် ၁၀၀ ဆ န် စ က် အ နီး ယာ ဉ် တို က် မှု့ ဖြ စ် ပွားခဲ့ပါတယ်။


Ref: Htin Aung Moe

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနှင့် ပညာရေးကွန်ယက်အတွက် ရံပုံငွေ တေးဂီတဖျော်ဖြေပွဲ (ဆစ်ဒနီ)

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနှင့် ပညာရေးကွန်ယက်အတွက်
ရံပုံငွေ တေးဂီတဖျော်ဖြေပွဲကို …
၁၆ ဖေဖော်ဝါရီလ ၂၀၁၄ တနင်္ဂနွေနေ့ ၊
Bowman Hall, Campbell Street, Blacktown မှာ ညနေ ၆း၃၀ မှ ည ၁၁နာရီအထိ
ကျင်းပ ဖျော်ဖြေမှာဖြစ်တဲ့အတွက် လက်မှတ်များကို
၁။ ဒေါက်တာမြင့်ထွန်း 0419 634 731
၂။ ကိုကျော်ဇေယျ 0433 530 523
၃။ ကိုကျော်ဖြိုးခိုင် 0401 959 403
၎။ မဝင်းမူ 0403 038 206
တို့ထံမှာ ဝယ်ယူနိုင်ကြပါပြီ ။

လက်မှတ်များမှာ .. AU$70, 50, 30 အသီးသီးဖြစ်ပါကြောင်း .. ။
 
 

NLD ပညာရေးရံပုံငွေ အတွက်ပါဗျိုး (MELBOURNE )

NLD ပညာရေးရံပုံငွေ အတွက်ပါဗျိုး.....
ထွန်းအိန္ဒြာဗိုတို့  ချစ်သူ့ ဝေတို့  လင်းလင်းတို့ က ဆိုပြီး ကိုတင်ကိုကို ကသူ့  ကီးဘုတ် ကြီးနဲ့ လက်စွမ်းပြ မှာ၊
MELBOURNE က Shine Band အဖွဲ နဲ့ လေ....။
မြန်မာပြည်အတွက် ပညာရေး ရံပုံငွေ..ရက်ရက်ရောရော အားပေးကြပါဦးဗျိုး.......
လက်မှတ်ကကြိုဝယ်ထားမှ စိတ်ချရမှာ..ဒီလူတွေဆီဖုန်းဆက် booking လုပ်ပါဗျိုး ........။
Ma MeeMee 0432 065 265,
Ko Soe Thiha 0430 455 096,
Ko Htun Htun Oo 0451 851 556 .
MaMa Zun 0421 712 250

Friday, 10 January 2014

လှည်းကူးမြို့နယ်၊ ဒါးရယ်ဘိုရွာတွင် မုဒိမ်းမှုနှင့်သက်ငယ်မုဒိမ်းမှုများပပျောက်ရေးအတွက် ဆန္ဒဖော်ထုတ်

ရန်ကုန်၊ ဇန်န၀ါရီ ၆

၆.၁.၂၀၁၄ ရက်နေ့ ၀၉၅၀ အချိန် လှည်းကူးမြို့နယ်၊ ဒရယ်ဘိုကျေးရွာနေ ဦးအောင်ဇော်မိုးမှ ဦးဆောင်ကာပြည်သူ(၆၀)ဦးခန့်သည် ကျေးရွာဓမ္မာရုံတွင်
မုဒိမ်းမှုနှင့်သက်ငယ်မုဒိမ်းမှုများ ပပျောက်စေရန်ရည်ရွယ်၍ တရားဝင်ခွင်ြ့ပုချက်ဖြင့် ငြိမ်းချမ်းစွာစုဝေးဆန္ဒဖော်ထုတ်ခဲ့ကြရာ ဦးဆောင်သူ ဦးအောင်ဇော်မိုးနှင့် ဦးသိန်းစိုးတို့မှ မုဒိမ်းမှုနှင့်သက်ငယ်မုဒိမ်းမှုများပပျောက်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များကို ပညာပေးဆွေးနွေး
ဟောပြောခဲ့ပြီး ဆန္ဒဖော်ထုတ်သည့် ပြည်သူများမှ သတ်မှတ်ဆိုင်းဘုတ်နှင့်
ကြွေးကြော်သံများကိုင်ဆောင်ကြွေးကြော်ခဲ့ကြကာ ၁၁၀၀အချိန်တွင်ပြီးဆုံး ခဲ့ကြောင်းသတင်းရရှိပါသည်။


Ref: Yangon Police

Wednesday, 8 January 2014

လှည်းကူးမှာ (၁၁-၁-၂၀၁၄၊ စနေနေ့၊ ည-၇နာရီ) စာပေဟောပြောပွဲရှိပါသည်။

လှည်းကူးမြို့နယ်အသင်းမှ ကြီးမှူးပြီး တတိယအကြိမ်မြောက် စာပေဟောပြောပွဲကျင်းပမည် ဖြစ်ပါသည်။

Ref: ဓာတ်ပုံ-ထင်အောင်မိုး

အ-ထ-က (မြို့မ၊ လှည်းကူး) မှ ကျောင်းသူကျောင်းသားဟောင်းများအတွက် ဆိုပြီး ဒါရိုက်တာ နောင်မြင့်မိုရ် ရဲ့ ငါတို့ကျောင်း Our School Film Documentary (ဗီဒီယို)

အ-ထ-က (မြို့မ၊ လှည်းကူး) မှ ကျောင်းသူကျောင်းသားဟောင်းများအတွက် ဆိုပြီး ဒါရိုက်တာ နောင်မြင့်မိုရ် ရဲ့ ငါတို့ကျောင်း Our School Film Documentary (ဗီဒီယို)

ဒီလိုဖြစ်တာ ဘယ်သူ့မှာ တာဝန်ရှိလဲ


Monday, 6 January 2014

လှည်းကူးမြို့နယ်၊ ခယောင်လေး ကျေးရွာ လယ်ကွက် များ အတွင်း ပြန့်ကြဲနေထိုင်ကြသော လယ်သမားများအား ဦးနေမျိုးဇင် (ဗိုလ်ကြီးဟောင်း)-မှ ဆိုလာ အလင်းဓါတ် အလှူများကို လိုက်လံ တပ်ဆင်လှူဒါန်း

 လှည်းကူးမြို့နယ်၊ ခယောင်လေး ကျေးရွာ လယ်ကွက် များ အတွင်း ပြန့်ကြဲနေထိုင်ကြသော လယ်သမားများအား ဦးနေမျိုးဇင် (ဗိုလ်ကြီးဟောင်း)-မှ ဆိုလာ အလင်းဓါတ် အလှူများကို ယနေ့လိုက်လံ တပ်ဆင်လှူဒါန်းခဲ့ပါသည်။



ယနေ့ လိုက်လံ တပ်ဆင်လှူဒါန်းပေးခဲ့ကြရာတွင် ဒေသခံ တောင်သူလယ်သမားများ ဘက်မှ တပိုင် တနိုင် ပြန်လည် လှူဒါန်းငွေ ( ၂၀၅၀၀၀ ) နှင့် ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုစိုးထွန်း မှ တဆင့် အများပြည်သူက ပေးပို့လှူဒါန်းငွေ ကျပ် နှစ်သိန်း ( ၂၀၀၀၀၀) ကျပ် စုစုပေါင်း ကျပ် လေးသိန်းငါးထောင်ကို နောက်ထပ် သော ကျေးလက် ကျေးရွာများသို့ ဆက်လက် လှူဒါန်း တပ်ဆင်ပေးနိုင်ရန် ကျေးလက် ဖွံ့ဖြိုးရေး အလှူငွေ အဖြစ် ပြန်လည် ကူညီခြင်းကို လက်ခံ ရရှိပါသဖြင့် ဆိုလာ အလင်းမီးချောင်းများ ထပ်မံ မှာယူဖြည့်တင်းပြီး ဆက်လက်လှူဒါန်းမှုများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မိမိထံ အလှူရှင်များက ပေးပို့ထားသော အစုံ(၂၀)အား ပေးလှူခဲ့ပြီးဖြစ်ကာ  ကျေးရွာသားများက ပြန်လည် ပံ့ပိုးသော အလှူငွေဖြင့် အခြားသော ကျေးရွာများသို့ ဆက်လက် တပ်ဆင် လှူဒါန်းပေးသွားမည်ဖြစ်ပါသည်။ 





(ဦးနေမျိုးဇင် (ဗိုလ်ကြီးဟောင်း)-မှ ယခုကဲ့သို့ လှူဒါန်းခြင်းမှာ လှည်းကူးမြို့နယ်အတွင်းတွင် ဒုတိယအကြိမ်မြောက် ဖြစ်ပါသည်။)

Ref: မြန်မာ့လူမှု ဘ၀ တိုးတက်မြင့်မားရေး အသင်း( ယာယီ)

လှည်းကူးဆေးရုံကို လူနာတွေ ပို့လိုက်ရတဲ့ ရန်ကုန်-နေပြည်တော် ဘီးစားလမ်းမကြီးမှာ ကားမှောက်မှု့

နေပြည်တော် အမြန်လမ်း မိုင်တိုင် ၇ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားတွင် ဇန်နဝါရီလ ၅ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်က ခရီးသည် ၄၄ ဦး တင်ဆောင်လာသော ရန်ကုန်-ထားဝယ် ခရီးစဉ် ပြေးဆွဲသည့် ရွှေမြင်းပျံ ယာဉ်လိုင်း ခရီးသည်တင်ယာဉ်မှာ ကတ္တရာခင်းသည့် ယာဉ်ကို ကျော်တက်ရာမှ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း အမှတ်(၃) အမြန်လမ်း ရဲစခန်းမှ စခန်းမှူးဒုတိယရဲမှူး ခင်မောင်အေးက The Voice သို့ ပြောကြားသည်။

 ခရီးသည်တင်ယာဉ်မှာ ရန်ကုန်မြို့တော်သို့အဝင် ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ ကတ္တရာလမ်း ခင်းယာဉ်ကို နောက်မှ ဝင်တိုက်ခဲ့ရာ အဆိုပါ လမ်းခင်းယာဉ်မှာ လမ်း၏ ညာဘက်တွင် တိမ်းမှောက်ခဲ့ပြီး ခရီးသည်တင်ယာဉ်မှာ လမ်းလယ်ကျွန်းတွင် ကန့်လန့်ဖြတ် ရောက်ရှိခဲ့ကြောင်း အဆိုပါ အမြန်လမ်း ကယ်ဆယ်ရေး တာဝန်ကျ လက်ထောက် မီးသတ်ဦးစီးမှူး ဦးခင်ဇော်အောင်က မျက်မြင် တွေ့ရှိမှုကို ရှင်းပြသည်။

 အဆိုပါ ယာဉ်တိုက်မှုကြောင့် အသက် ၂၀ အရွယ် ခရီးသည်တင်ယာဉ် နောက်လိုက်မှာ ယာဉ်တွင်း ညှပ်နေကာ မျက်နှာ၊ ခြေဖနောင့်၊ တင်ပါးဆုံတို့တွင် ပေါက်ပြဲ ဖူးရောင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း၊ အသက် ၃၀ အရွယ်ရှိသူ ကတ္တရာလမ်းခင်း ယာဉ်မောင်း ကိုပြည့်ဖြိုးဟန်၊ သက်တော် ၄၅ နှစ်အရွယ် ခရီးသည် သံဃာတစ်ပါး၊ အသက် ၃၀ အရွယ် ခရီးသည် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သဖြင့် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရာ ဒဏ်ရာမျာမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။ 

“လူတွေကလည်း ကြောက်လန့်ပြီး ခုန်ချကြတယ်။ ယာဉ်မောင်းဘေး ထိုင်နေတဲ့ ယာဉ်နောက်လိုက် ကောင်လေး ဘက်အခြမ်းနဲ့ တိုက်မိလို့ ယာဉ်က ပိန်ချိုင့်သွားတာ သူ့ကို မနည်းဆွဲထုတ်ရတယ်” ဟု အဆိုပါ အမြန်လမ်း ကယ်ဆယ်ရေး တာဝန်ကျ လက်ထောက် မီးသတ်ဦးစီးမှူး ဦးခင်ဇော်အောင်က မျက်မြင်တွေ့ရှိမှုကို ရှင်းပြသည်။ 

အဆိုပါ ယာဉ်တိမ်းမှောက်မှုကို အမှတ် (၃) အမြန်လမ်း ရဲတပ်ဖွဲ့ဝင် ၁၄ ဦး၊ မီးသတ် တပ်ဖွဲ့ဝင် လေးဦးတို့က ကယ်ဆယ်ရေး လုပ်ငန်း၊ ယာဉ်ကြော ရှင်းလင်းရေး လုပ်ငန်းနှင့် ရှေးဦးသူနာ ပြုစုခြင်း များကို ဆောင်ရွက် ပေးခဲ့ကြောင်း အမှတ် (၃) အမြန်လမ်း ရဲစခန်းမှစခန်းမှူး ဒုတိယရဲမှူး ခင်မောင်အေးက ပြောကြားသည်။ 

 ရွှေမြင်းပျံ ယာဉ်လိုင်း ခရီးသည်တင် မှန်လုံယာဉ်မှာ အမြန်လမ်းတွင် ယာဉ်တိုက်မှု ဖြစ်သည်မှာ မှန်ကန်ကြောင်း၊ ယာဉ်တိုက်မှု အခြေအနေကို ဂိတ်မှူးကိုယ်တိုင် သွားရောက် စစ်ဆေးနေကြောင်း အဆိုပါ ယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ယာဉ်တိုက်မှု ဖြစ်ပြီးနောက် ခရီးသည် တင်ယာဉ်မောင်း ဦးခင်ဇော်မှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိပြီး ၎င်းကို ယာဉ် (ပ) ၁/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈/၃၀၄ (က)/၂၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အမှတ် (၃) အမြန်လမ်း ရဲစခန်းထံမှ သိရှိရသည်။ 

Ref: The Voice Weekly