mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Showing posts with label ဟာသ. Show all posts

Saturday, 24 May 2014
Friday, 28 February 2014
Wednesday, 18 December 2013
တောက ဟာသများ အပိုင်း-၃၃ (သို့) ဘာနဲ့ အကုတ်ခံမလဲ
ကမ္ဘာအရပ်ရပ်မှာ ယောက်ျားလေးရော မိန်းခလေးရောပဲ ကိုယ်ရဲ့ဆံကေသာကို ပုံစံအမျိုးမျိုးပဲ ပြင်ကြ၊ ဆင်ကြတာပါပဲ။ ကျုပ်တို့ရွာမှာ ကျုပ်တို့ဘကြီးတစ်ယောက်ဆို သေတဲ့အထိကို ဆံပင်ညှပ်တဲ့ ဆံသအလုပ်ကို လုပ်သွားတာပါ။ ကျုပ်တို့ငယ်ငယ်တုံးကဆိုရင် ကျုပ်ရဲ့ခေါင်းက အဲဒီဘကြီးလက်နဲ့ လွတ်ခဲ့တာမရှိပါဘူး။ နောက်ပိုင်းကျတော့ လှည်းကူးဆိုတဲ့ မြို့ကြီးမှာ ဆံပင်ညှပ်ချင်လာပါတယ်။ လှည်းကူးတက်ပြီး ဆံပင်ညှပ်ချင်ရတဲ့ အကြောင်းထဲမှာ လှည်းကူးတာဆုံက ဖင်ကောက်မကြီးရဲ့ ကွမ်းယာကို စားချင်တာလဲ ပါပါတယ်။
ဟုတ်ပါတယ်။ ဖင်ကောက်မကြီးရဲ့ ကွမ်းယာက ဒီခေတ်လို အမျိုးအမည်မသိတဲ့ အရာတွေကို မထည့်ပါဘူး။ ဆံပင်တက်ပြီး ညှပ်ရင် ဖင်ကောက်မကြီးရဲ့ ကွမ်းယာချိုချိုလေးကို စားလို့ပေါ့။ ပါးစပ်တွေကို ရဲလို့။ ဆံပင်ညှပ်တာကတော့ ဦးကျော်သိန်းဆိုင်မှာ ညှပ်လေ့ရှိပါတယ်။ ဘယ်ပုံစံညှပ်ပေးပါလို့ တောင်းဆိုတောင်းဆို ဗိုလ်ကေပဲ ညှပ်ပေးပါတယ်။ ညှပ်ပေးမှာပေါ့။ ဖေဖေက ဦးကျော်သိန်းကို တစ်ခါထဲမှာထားခဲ့တာ။ တိုနိုင်သမျှတိုအောင် ညှပ်ပေးပါလို့။
ဆံပင်မညှပ်ခင် ကတည်းက ဖင်ကောက်မကြီးကို တခါတည်း ကွမ်းယာအချိုမှာထားတာလေ။ ဆံပင်ညှပ်ပြီးတာနဲ့ တခါတည်းစားရအောင်လို့ပါ။ ပြီးတော့ ဟူစင်ဆိုင်မှာ လဘက်ရည်အချိုသောက်ပါတယ်။ ငယ်ငယ်တုံးကတော့ ဆံပင်ညှပ်တော့မယ်ဆိုရင် အရမ်းပျော်တာပါပဲ။ ပျော်တာပေါ့။ လှည်းကူးမြို့ကိုလဲသွားရတယ်။ နာမယ်ကျော် ဖင်ကောက်မကြီးရဲ့ ကွမ်းယာလဲ စားရတယ်။ လဘက်ရည်အချိုလဲသောက်ရတယ်လေ။ ဒါပေမယ့် ညှပ်လိုက်တိုင်း ဗိုလ်ကေပဲ ညှပ်ရတယ်။
တစ်နေ့သား မှတ်မှတ်ရရ ဗိုလ်ကေမညှပ်ချင်ဘူး၊ တခြားဆံပင်ပုံတစ်ခု ညှပ်ပေးဖို့တောင်းဆိုလိုပ်ရာ ဦးကျော်သိန်းက အုန်းမှုတ်ခွက်ပုံ ညှပ်ပေးလိုက်ပါတယ်။ ရွာရောက်တော့ ဘုန်းကြီးကျောင်းခေါ်သွားပြီး ခေါင်းတုံးခံလိုက်ရပါတယ်။ ဒါကြောင့် တသက်နဲ့ တကိုယ် ဆံပင်ပုံစံထားဖူးတာကတော့ ဗိုလ်ကေ နဲ့ ကတုံးပါပဲ။ သာသနာ့ဘောင်ရောက်လာတော့ပိုဆိုးသွားပါတယ်။ ဆံပင်ပုံစံက ကတုံးကေပါပဲ။ ယနေ့ထိပေါ့။
တစ်ခုသောနေ့မှာ သူငယ်ချင်းတစ်ယောက်နဲ့အတူ သူ့ရဲ့အိမ်ကို လိုက်သွားခဲ့ပါတယ်။ အဲဒီအိမ်နဲ့ကလဲ မိသားစုလို ခင်နေတော့ ပြောမနာဆိုမနာပေါ့။ ကျုပ်တို့နှစ်ယောက်ရောက်လို့ ထိုင်ရုံရှိသေးတယ်။ သူငယ်ချင်းရဲ့ ညီမ ဖြစ်သူက သူမရဲ့ အမေကို အောက်ပါအတိုင်းပြောပါတယ်။။
" အမေ.....သမီးကို ပိုက်ဆံတစ်ရာပေးပါ။ ဂျပန်ကုတ် ကုတ်မလို့"-ဟု။
အဲဒီအချိန်မှာ အမေဖြစ်သူက အောက်ပါအတိုင်း သမီးဖြစ်သူကို ပြန်ပြောရာ ကျုပ်တို့မှာ ပြုံးပြီးတော့ပဲနေလိုက်ရပါတော့တယ်။ သူပြောလိုက်တဲ့ စကားကတော့
" ညည်းတို့ခေတ်ကျမှ ဂျပန်ကုတ်တွေ တရုတ်ကုတ်တွေနဲ့။ ရှုပ်ယှက်ကို ခပ်နေတာပဲ။ ငါတို့ကတော့ မြန်မာပဲ အကုတ်ခံတယ်။ ပိုက်ဆံလဲ ပေးစရာမလိုဘူး။ ညည်းတို့ခေတ်ကျမှ အကုတ်လဲခံရဦးမယ်။ ပိုက်ဆံလဲ ပေးရဦးမယ်ဆိုတော့ မလွန်ဘူးလား"-တဲ့။
(မှတ်ချက်။ ။ ဂျပန်ကုတ်ဆိုသည်မှာ ဂျပန်မလေးတွေရဲ့ ဆံပင်စတိုင် ဆံပင်ကို ကုတ်ထားတဲ့ပုံစံပါ။)
တောက ဟာသများကို ပြောပါတယ်။
မောင်နေခြည် (လှည်းကူး)

Tuesday, 17 December 2013
တောက ဟာသများ အပိုင်း-၃၂ (သို့)ကျုပ်တို့ရွာက ဘောလုံးအသင်း နဲ့ ကောက်ကွေ့သားက၊ လက်တဲ့စမ်း....
မြန်မာ+အင်ဒိုဘောပွဲရဲ့ အဖြစ်အပျက်ကို သိရပြီးတဲ့နောက် ကျုပ်တို့ရွာက ဘောလုံးအသင်းအကြောင်းကို ရေးချင်စိတ်ပေါက်လာပါတယ်။ ကျုပ်တို့ရွာရဲထိပ်မှာ ဘောလုံးကွင်းတစ်ကွင်းရှိပါတယ်။ ဘောကွင်းက လှည်းကူး+ဆားတလင်းလမ်းမဘေးမှာ တည်ရှိနေတော့ ပွဲကြည့်စင်က သီးသန့်ကြီး လုပ်စရာမလိုပါဘူး။ လမ်းဘေးကုန်းစောင်းကနေ ထိုင်ကြည့်ရတာသည်ပင် အရသာတစ်ခုပါ။ ကျုပ်တို့ရွာမှာ ညနေတိုင်း ဘောပွဲရှိပါတယ်။ ရွာအရှေ့ပိုင်းနဲ့ အနောင်းပိုင်း။ လူပျို လူအိုလဲ ခွဲကန်ကြတယ်။ ကလားသားအချင်းချင်းလဲ ခွဲကန်ကြတယ်။ တစ်ခြားရွာက အသင်းတွေကိုလဲ ခေါ်ကန်ကြပါတယ်။ မှတ်မှတ်ရရ
ကြားသိခဲ့ရတာကတော့ ဖေဖေတို့ ကျောင်းသားအသင်းက ကျောင်းပေါင်းစုံပွဲမှာ
မြို့နယ်မှာ ဗိုလ်စွဲခဲ့ပါသေးတယ်တဲ့။ အခုနောက်ပိုင်းမှာလဲ
ကျောင်းပေါင်းစုံပွဲမှာ တစ်ခါထပ်ပြီး ဗိုလ်စွဲခဲ့ပါသေးတယ်။
ကန်ကြတာကလဲ လောင်းောကးစားကြေးနဲ့ ကန်ကြတာပါ။ ပွဲအနိုင်အရှုံးလဲ လောင်းကြပါတယ်။ တစ်ဂိုးကို ဘယ်လောက်ဆိုပြီးတော့လဲ လောင်းကြေးနဲ့ ကန်ကြပါတယ်။ တစ်ချို့နှစ်များဆိုရင် ရွာကဘောလုံးအသင်းက အနိုင်ရငွေတွေနဲ့ ရွာကစာသင်တိုက်မှာ ၀ါဆိုသင်္ကန်းတွေတောင် ကပ်နိုင်ခဲ့ပါတယ်။ လှည်းကူးမှာ နာမည်ကြီးခဲ့တဲ့ ကစားသမားတိုင်း ရွာကကွင်းမှာ ကန်ဖူးကြပါတယ်။ ရွာက ဘောလုံးအသင်းက မြို့နယ်ပွဲတွေလဲ ၀င်ပြိုင်ကြပါတယ်။
တစ်ခုသောရက်မှာတော့ ကျုပ်တို့ရွာကဘောလုံးအသင်း မြို့နယ်ပွဲကို တက်ြပိုင်ပါတယ်။ ကိုယ့်အုပ်စုထဲမှာ ဖောင်ကြီးအရှေ့အသင်းပါတယ်။ အင်းတိုင်အသင်းပါတယ်။ ဒရယ်ဘိုအသင်းပါတယ်။ တကယ့်ရွာကြီးတွေက အသင်းတွေပါပဲ။ ဘောလုံးအသင်းတွေရဲ့ ထုံးစံအတိုင်း ရွာအသင်းမှာ ဂိုးသမားနှစ်ယောက်ရွေးထားပါတယ်။ ဒရယ်ဘိုအသင်းနဲ့ ပထမဆုံးတွေ့တော့ ရွာကအသင်းအနိုင်ရပါတယ်။ ရွာက ပြန်ရောက်တော့ ရွာ ဥက္ကဌက သူ့အိမ်မှာ ကြွေးမွေးပါတယ်။ တဆက်တည်းမှာပဲ နောက်နေ့ ဖေါင်ကြီးအရှေ့အသင်းကို အနိုင်ရရင် ဥက္ကဌက နွားတွေ ၀က်တွေသတ်ပြီး ဂုဏ်ပြုဖို့ စီစဉ်ထားခဲ့ပါတယ်။
ကံဆိုးချင်တော့ ဖေါင်ကြီးအရှေ့နဲ့ ကန်တဲ့အချိန်မှာ ရွာက ပထမဂိုးသမား ကိုသန်းဦးက ဒဏ်ရာရသွားပါတယ်။ ဒီတော့ ဂိုးသမားပြောင်းလဲရပါတော့တယ်။ အနေအထားအရ ဘောလုံးနှစ်သင်းက သူမသာ ကိုယ်မသာပါပဲ။ ဒါပေမယ့် ဒုတိယဂိုးသမားက တဖက်က အသင်းက သွင်းသမျှကို မဖမ်းပဲ လွှတ်ပေးနေပါတော့တယ်။ အဲဒီပွဲမှာ ရွာကအသင်းက ၁၄ဂိုး+ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။ ဒုတိယဂိုးသမားကို ဘာ့ကြောင့် လွှတ်ပေးသလဲ-လို့ မေးကြည့်တော့ သူက ပထမဂိုးသမားဖြစ်ချင်တာကို မပေးပဲနဲ့ ဒုတိယနေရာပဲ ပေးလို့ အခုလိုလုပ်တာပါတဲ့။
ဒီဂိုးသမားကြောင့် ရွာက ဘောလုံးအသင်းလဲ တော်တော်လေးကို ဂုဏ်တတ်သွားပါတော့တယ်။ ကိုယ့်ရဲ့ ပတ်မကို ကိုယ်ပဲ ပြန်ပြီးတော့ ထိုးဖေါက်တဲ့ လုပ်ရပ်ပါပဲ။ အဲဒီဘောလုံးပွဲညက ရွာက ဘောလုံးအသင်း ရွာကို ဘယ်အချိန်ပြန်ရောက်လာသလဲတောင် မသိပါဘူး။ အသံကို တိတ်နေတာပါပဲ။ အခါတိုင်းဆို ဘောလုံးနိုင်လာပြီဆိုရင် တစ်ရွာလုံးကို ဆူညံနေတာပါ။ နောက်နေ့မနက်မှ ကြားရပါတယ်။ ညတုံးက ဘောသမားတွေကို ဥက္ကဌကတော်က ဆဲလိုက်တာ မိုးကို မွှန်နေတာပါပဲတဲ့။
နောက်ရွာတွေကို ချိန်းကန်တဲ့ ပွဲတွေလဲရှိပါတယ်။ တစ်နေ့သား ရွာကွင်းမှာ ကောက်ကွေ့ရွာအသင်းနဲ့ ချိန်းကန်ကြတာပေါ့။ ပရိသတ်ကလဲ များမှများပဲ။ အဲဒီပွဲမှာ နှစ်ရွာဘောလုံးအသင်းရန်ဖြစ်ကြပါတော့တယ်။ အဲဒီဘောပွဲမှာ ဘယ်သူက ပစ်လိုက်တဲ့ လေးခွကြောင့်လဲ မသိပါ။ ရွာက ဦးစံကြည်-ဆိုသူရဲ့ မျက်လုံးတစ်လုံးကန်းသွားရပါတော့တယ်။ အဲဒီအချိန်က စပြီး ရွာမှာ ဆိုရိုးစကားလေး တစ်ခုပေါ်လာပါတယ်။ အဲဒါကတော့..
ကောက်ကွေ့သားက၊ လက်တဲ့စမ်း၊ စံကြည် မျက်လုံးကန်း-တဲ့။
တောက ဟာသလေးတွေကို ပြောပါတယ်။
မောင်နေခြည် (လှည်းကူး)
Monday, 16 December 2013
တောက ဟာသများ အပိုင်း-၃၁ (သို့) နူမှာ စိုးလို့
ကျုပ်တို့ရွာရဲ့ အမျိုးသားအများစုမှာ တစ်ချို့က လက်သမားလုပ်ကြပါတယ်။ တစ်ချို့ကြတော့ ပန်းရံအလုပ်နဲ့ အသက်မွေးကြပါတယ်။ လက်သမားတွေ ပန်းရံတွေသာ ပေါတာ ဒါပေမယ့် ကျုပ်ပြည်ပကို ထွက်လာတဲ့အချိန်ထိ အိမ်ကောင်းကောင်းမရှိပါဘူး။ အခုတော့ အိမ်ကောင်းတွေ တိုးလာနေပြီလို့ ပြောပါတယ်။ လက်သမားအတတ်၊ ပန်းရံအတတ်တွေကို တတ်မြောက်ကြတော့ ငါ့အိမ်ငါ ဘယ်အချိန်လုပ်လုပ် ဆိုတဲ့စိတ်တွေဝင်သွားတော့ အိမ်ကောင်းကောင်းမရှိကြတာပါ။
ကျုပ်တို့လှည်းကူးမြို့ဆိုရင် သူတို့တက်မြောက်တဲ့ ဘာသာရပ်ကို လိုက်ပြီး အများက နာမည်ပေးထားတတ်ကြပါတယ်။ ဥပမာ ထုတ်ပြရရင် ဘရိတ်သိန်းအောင်၊ တာယာဖိုးနီ၊ ဆီစက်မောင်မောင်၊ ငါးပိစိန်မောင် စသဖြင့် စသဖြင့်ပေါ့။ နာမည်တွေကိုယ်စီ ရထားတတ်ကြပါတယ်။
အဲဒီလိုပါပဲ ကျုပ်တို့ရွာမှာလဲ နာမည်ပေးထားကြပါတယ်။ ရွာက ဆရာတော်ကို ပန်းရံလုပ်ရင် ထုံးများများ ထည့်တတ်လို့ ထုံးဘုန်းကြီးတဲ့၊ ကိုအုံးကြွယ်ကိုတော့ ရေတွေအထည့်များလို့ ရေအုံးကြွယ်၊ ဦးစောလှကိုတော့ သဲတွေအထည့်များလို့ သဲစောလှ၊ ဦးစိန်သောင်းကိုတော့ ခဲတွေအထည့်များလို့ခဲစိန်သောင်း၊ ဦးထွန်းခင်ကိုတော့ အုတ်ကျိုးတွေကို များများသုံးတတ်လို့ အုတ်ကျိုးထွန်းခင်တဲ့။ စသဖြင့် စသဖြင့် နာမည်တွေပေးထားကြတာပါ။ တော်သေးတယ်။ ကျုပ်ကိုလဲ နာမည်မပေးကြလို့။ ထားပါတော့။ အခုပြောချင်တာကတော့ သဲစောလှလို့ နာမည်တွင်တဲ့ ဦးစောလှ အကြောင်းပါ။
အချိန်ကတော့ ကြာခဲ့ပါပြီ။ မဆလခေတ်အခါကပေါ့။ ကျုပ်တို့မြို့မှာ ပ-လ-က ဆိုတာရှိပါတယ်။ အခုတော့ ဆောက်လုပ်ရေးပေါ့။ ဆောက်လုပ်ရေးဆိုတော့ လမ်းခင်းတယ်။ တံတားဆောက်တယ်ပေါ့။ အဲဒီလို ပန်းရံတွေ လက်သမားတွေနဲ့ မပြတ်လုပ်နေတဲ့ ဆောက်လုပ်ရေးဟာ အင်ဂျင်နီယာရဲ့ ပေနဲ့လက်မကို မှားယွင်းပြီး ဖတ်မိခြင်းကြောင့် ကျုပ်တို့ လှည်းကူးတံတားကြီးဟာ အခုလို မတ်စောက်စောက်အနေအထား ဖြစ်နေရတာလို့ ကြားဘူးပါတယ်။ မှန်မမှန်တော့ တံတားဆောက်တဲ့ အင်ဂျင်နီယာတွေပဲ သိကြမှာပါ။
တစ်နေ့တော့ ရွာက ဦးစောလှက ပ-လ-က-မှာ ပန်းရံဆင်းပါတယ်။ အဲဒီအချိန်က ဒါးရယ်ဘိုတံတားဆောက်နေချိန်ပေါ့။ တကယ်တော့ ဦးစောလှက ရွာမှာ တကယ်ကို ရိုးသားလှတဲ့ မိသားစုထဲကနေပေါက်ဖွားလာသူ ဖြစ်သလို သူကိုယ်တိုင်လဲ တော်တော်ရိုးသားသူပါ။ မိန်းမရဖို့တောင် ပန်းရံသမားအချင်းကနေ အတင်းအကျပ်ပေးစားလိုက်လို့ ရတာပါ။ (ပန်းရံရိုးတော့ ကိုးယောက်-ဆိုတာတော့ ကြားဖူးတယ်။)
အဲဒီလို ပန်းရံဆင်းနေတဲ့ အချိန်မှာ သူနဲ့ အတူအလုပ်လုပ်နေသူတွေက - ဒီမှာ စောလှ... ပ-လ-က-မှာ လုပ်ပြီး မခိုးရင် မင်းတော့ နူမှာပဲ- လို့ ပြောကြပါတယ်။ ဒါပေမယ့် သူကတော့ မခိုးပါဘူး။ သူ့အဖေါ်တွေက နေ့တိုင်းဒီစကားပဲ ပြောကြပါတယ်။ ခိုးဖို့ပေါ့။ ကြားပါများတော့ ဦးစောလှတစ်ယောက် နူမှာ ကြောက်လာပါတော့တယ်။ ဒါနဲ့ပဲ ညနေအလုပ်သိမ်းချိန်မှာ အလုပ်မှာ အသုံးပြုတဲ့ သစ်သားအတိုလေးတွေကို မ-လာပါတော့တယ်။ ဂိတ်ရောက်တော့ မိပါလေရော။ ဂိတ်စောင့်က ဘာကြောင့် ဒီသစ်သားချောင်းတွေကို ခိုးလာတာလဲ...မသိဘူးလား......ပုဒ်မ ၆(၁)နဲ့ တရားစွဲလိုက်မှာနော်..လို့ ပြောတဲ့အခါမှာ ဦးစောလှက အောက်ပါအတိုင်း ပြောလိုက်ပါတယ်။
နူမှာစိုးလို့-ဟု။
ဂိတ်စောင့်က ရီလျက် သွားထား..သွားထား...မင်းတော့ ထောင်ကျတော့မှာပဲ-ဟု ပြောလျက် သစ်သားတုံးလေးတွေကို ပြန်ထားခိုင်းလိုက်ရပါတယ်။

Wednesday, 11 December 2013
တောက ဟာသများ အပိုင်း-၃၀ (သို့) အသိန်းရေ
ပြီးခဲ့တဲ့ အပိုင်းတုံးက ကျုပ်တို့ရွာဟာ လှည်းကူး+ ဒါးပိန်ကားလမ်းပေါ်မှာ တည်ရှိခဲ့တယ်ဆိုတာကို ပြောခဲ့ပါတယ်။ လှည်းကူး+ ဒါးပိန်ကားလမ်းဟာ အင်္ဂလိပ်အစိုးရလက်ထက်က ဖေါက်လုပ်ခဲ့တာပါ။ အမှန်က လှည်းကူးကနေ တည့်တည့်ဖောက်မည်ဆိုလျှင် လမ်းက ရှမ်းတဲကြီးရွာလောက် သွားပေါက်မှာပါ။ ဒါပေမယ့် လမ်းဗိုလ်က စေတနာတွေပိုပြီး ရွာစဉ်အတိုင်း လမ်းကို ဖောက်လိုက်ရာ အခုလက်ရှိအသုံးပြုနေတဲ့ လမ်းကြောင်းအတိုင်း ကွေ့ကွေ့ကောက်ကောက်နဲ့ပါ။ ဒီလမ်းက ဆားတလင်းရွာကို သွားပေါက်ပါတယ်။
ကျုပ်တို့ငယ်ငယ်တုံးကဆိုရင် လူကြီးသုံးရောက်လောက်ဖက်မှ ရတဲ့ ကုက္ကိုပင်ကြီးတွေနဲ့ စိမ်းလမ်းပြီး အေးချမ်းနေတဲ့ လမ်းပါပဲ။ ဒီကုက္ကိုပင်တွေကို အင်္ဂလိပ်အစိုးရလက်ထက်က စိုက်ပျိုးခဲ့တာပါ။ လှည်းကူးကနေ ဆားတလင်းရွာအထိ လမ်းရဲ့ အရှည်က ၆-မိုင်ရှိပါတယ်။ ဒီခြောက်မိုင်ရှည်တဲ့ လမ်းဘေးဝဲယာမှာ ကုက္ကိုပင်တွေကို စိုက်ပျိုးပြီး အပင်ဘေးပတ်ခြာလည်မှာ သစ်သားသုံးချောင်းကို တြိဂံပုံပြုပြီး ကာကွယ်ထားပါတယ်။ အဲဒီကုက္ကိုပင်ငယ်တွေကို စောင့်ရှောက်ဖို့ အလုပ်သမားတစ်ယောက်ကို ခန့်ပေးထားပါသေးတယ်။ စနစ်ကျပုံများ ပြောပါတယ်။
အဲဒီ အလုပ်သမားဟာ နံနက်ပိုင်း လှည်းကူးကနေ စတင်ပြီး ကုက္ကိုပင်တွေကို ကြည့်လာပြီး တဖြည်းဖြည်းနဲ့ နေ့လည်စာစားချိန်ဆိုရင် ဆားတလင်းရောက်တာပါပဲ။ ဆားတလင်းရောက်ရင် နေ့လည်စာစား။ ပြီးတော့ ခေတ္တခဏနားပြီး လှည်းကူးကို ပြန်လာတာပါ။ ညနေဆို လှည်းကူးကို ပြန်ရောက်ပါပြီ။ နေ့စဉ်နေ့တိုင်း အဲဒီအလုပ်သမားလုပ်ရတဲ့ အလုပ်ပါပဲ။ အဲဒီကုက္ကိုပင်တွေဟာ ကျုပ်တို့ငယ်ငယ်တုံးကအချိန်အထိကို ခက်လက်ဝေဆာနေတာပါပဲ။ သစ်တပင်ခုတ် ထောင်သုံးလဆိုတော့ ဘယ်သူမှ မခုတ်ရဲကြပါဘူး။ ဒါကတော့ ရှေးရှေးတုံးကပေါ့။
ငြိမ်ပိခေတ်ရောက်လာတော့ ကျုပ်တို့ရွာလမ်းက တော်တော် ပြောင်းလဲသွားပါတော့တယ်။ အင်္ဂလိပ်အစိုးရက စောင့်ရှောက်ထားတဲ့ ကုက္ကိုပင်ကြီးတွေဟာ ချက်ချင်းလက်ငင်း ဘ၀ပြောင်းသွားပါတော့တယ်။ သစ်ထွင်းပန်းပုရုပ်တွေ ဖြစ်ကုန်ပါတော့တယ်။ ဒါက လမ်းဘေးနားက ကုက္ကိုပင်ကြီးတွေ အကြောင်းပါ။ လမ်းကတော့ အရင်တုံကတော့ နဲနဲကောင်းပါသေးတယ်။ ဘယ်အချိန်မှာ စပျက်သလဲဆိုတော့ ဒဂုံမြို့သစ်များ စတင်ပြီး ဖေါ်ထုတ်တဲ့အခါမှာ ကျုပ်တို့ရွာလမ်းက လုံးဝကို ပျက်ဆီးသွားတော့တာပါပဲ။ ဒဂုံမြို့သစ်ကို သွားတဲ့ ကျောက်ကားမှန်သမျှ ဒီလမ်းကပဲ မောင်းတာကြောင့်ပါ။ ချိုင့်တွေက ခလေးငယ်ငယ်တစ်ယောက်လောက် ဆင်းနေရင် ဘယ်သူမှ မတွေ့နိုင်လောက်ပါဘူး။ အဲဒီလောက်ကို ချိုင့်တွေက နက်ပါတယ်။ အခုတော့ ကျုပ်တို့ရွာလမ်းက ကောင်းနေပြီလို့ အသံကြားပါတယ်။ ထားပါတော့။
အဲဒီလို လမ်းမကောင်းတဲ့ အချိန်ကပေါ့။ ကျုပ်တို့ရွာမှာ အသက်ကြီးမှ အိမ်ထောင်ပြုကြတဲ့ လင်မယားနှစ်ယောက် ရှိပါတယ်။ လင်ဖြစ်သူနာမည်က ဦးတင်ဖေပါ။ မယားလုပ်သူက ကျုပ်ရဲ့ အဒေါ်ဖြစ်သူ အန်တီသိန်းပါပဲ။ သူတို့လင်မယားမှာ ခလေးမရှိပါဘူး။ လင်ဖြစ်သူက မယားလုပ်သူကို အသိန်းလို့ ခေါ်ပါတယ်။ သူတို့လင်မယားရဲ့ အဓိကလုပ်ငန်းက နံနက်ပိုင်းမှာ ဆန်စပါးအရောင်းအ၀ယ်လုပ်ပါတယ်။ ညနေပိုင်းမှာ အတိုးပြန်သိမ်းပါတယ်။ လှည်းကူးဈေးထဲမှာရှိတဲ့ အရင်းအနှီးမတက်နိုင်တဲ့ ဈေးသည်ငယ်လေးတွေကို ငွေချေးစာတာပါ။
သူတို့နှစ်ယောက်က အမြဲတမ်း စက်ဘီးစီးပြီး လှည်းကူးကိုတက်ပြီး အကြွေးသိမ်းပါတယ်။ တနေ့လှည်းကူးကနေ ရွာကို အပြန် လင်မယားနှစ်ယောက် စက်ဘီးစီးပြီး စကားတပြောပြောနဲ့ပေါ့။ အခုရင်းတိုက်ပင်လမ်းခွဲ အရောက်မှာ လမ်းက ကြမ်းလေတော့ အန်တီသိန်းတစ်ယောက် စက်ဘီးပေါ်ကနေ ပြုတ်ကျကျန်နေခဲ့ပါတယ်။ အဲဒီလို ကျနေခဲ့တာကို လင်ဖြစ်သူ ဦးတင်ဖေ-က မသိပဲ စက်ဘီးကို စီးပြီး ထွက်သွားပါတယ်။ ကျုပ်တို့ရွာထိပ်ရောက်မှ မိန်းမဖြစ်သူ ပါတယ်ပဲထင်ပြီး ဟုတ်လား အသိန်းရေ-လို့ မေးပါတော့တယ်။ မိန်းမလုပ်တဲ့သူရဲ့ စကားပြန်ကို မကြားမှ အန်တီသိန်းမပါမှန်းသိတော့တယ်။ အဲဒါနဲ့ပဲ မိန်းမလုပ်သူကို နောက်ကြောင်းပြန်ပြီး ခေါ်ရတာပေါ့။ အန်တီသိန်းကတော့ စိတ်တွေတိုပြီး ဖနောင့်ပေါက်ပြီး လမ်းလျှောက်လာရာ စောင့်စောင့် စောင့်စောင့်နဲ့ပေါ့။အဲဒီလောက်ကို လမ်းဆိုးသွားပါတော့တယ်။

Tuesday, 10 December 2013
တောက ဟာသများ အပိုင်း- ၂၉ (သို့) ဒေါ်ဖွားသင် မရှိပါ
ကျုပ်တို့ရွာက လှည်းကူး + ဒါးပိန်ကားလမ်းပေါ်မှာ တည်ရှိပါတယ်။ ယင်းလမ်းကို အင်္ဂလိပ်အစိုးရလက်ထက်တွင် ဖေါက်လုပ်ခြင်း ဖြစ်ပြီး လမ်းကို တည့်တည့်မဖေါက်ဘဲ ကောက်ကွေ့စွာ ဖောက်လုပ်မှု့ကြောင့် လမ်းဗိုလ်ခမျာ ဒဏ်ငွေတမူးကို ပြည်မြို့မှာ ဆောင်ရသတဲ့။ လမ်းဗိုလ်ခမျာ ရှက်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ်လို့ လူကြီးများပြောစကားအရ သိရပါတယ်။ လမ်းကောင်းသလားလို့ မေးရင်တော့ လှတောသားစကားကို အငှါးယူပြောရပါ့မယ်။ ကျောက်ခဲစားရင်တောင် အစာကြေတယ်လို့ ပြောရမှာပါ။ (အခုတော့ နဲနဲကောင်းသွားပါပြီ။) ဟိုယခင်တုံးက ကျုပ်တို့ရွာလမ်းမှာ ခရီးသွားယာဉ်တွေကတော့ မြင်းလှည်းပဲ ရှိတာကိုး။ တက်နိုင်သူများကျတော့ စက်ဘီလေးတွေ ၀ယ်စီးကြတာပေါ့။
မဆလခေတ်အခါက တော်ရုံတန်ရုံဝန်ကြီးကတော့ ကျုပ်တို့ရွာလမ်းက ကားဖြတ်ပြီးတော့ မစီးပါဘူး။ ကားမောင်းတဲ့သူကလဲ လမ်းကောင်းကောင်းကပဲ မောင်းပြီးခေါ်ပါတယ်။ လှည်းကူးက ဌာနဆိုင်ရာတွေကလဲ လမ်းကိုတော့ ပြင်ဖို့ မတိုက်တွန်းဘူး။ ဒီလမ်းကို လူကြီးမ၀င်အောင်ပဲ ကြိုးစာကြပါတယ်။ ဒါပေမယ့် ကျုပ်တို့ရွာက လှည်းကူးနားနီးတော့ လျှပ်စစ်မီးတော့ ရပါတယ်။ ဒီလိုရတာကလဲ အခက်အခဲတွေ အများကြီးနဲ့ပါ။ ဘုန်းကြီးကျောင်းနှစ်ကျောင်းက ဆရာတော်နှစ်ပါး ဦးဆောင်ပြီး ဇွဲကြီးကြီးနဲ့ဘယ်လောက်ကြိုးစားရသလဲဆိုရင် ထိုခေတ်က မြို့နယ်လျှပ်စစ်မှူး လေး ငါးယောက်လောက်ပြောင်းပြီးမှ ရွာမှာ မီးလင်းရတာပါ။ ကိုယ်ထူကိုယ်ထပေါ့။ ထားပါတော့။
တစ်နေ့ပေါ့။ နိုင်ငံတော် ကောင်စီဝင် ဦးစိန်လွင်ဆိုတာ ကျုပ်တို့မြို့ကို ဖြတ်ပြီး ပဲခူးဘက်ကို ခရီးသွားပါတယ်။ လှည်းကူတာစုံကို ကျော်သွားတော့ ဦးစိန်လွင်က စိတ်ပြောင်းပြီး ကားသမားကို လှည်းကူး + ဒါးပိန်ကားလမ်းကနေ မောင်းဖို့ ပြောပါတယ်။ ပြီးတော့ အဲဒီလှည်းကူး + ဒါးပိန်ကားလမ်းက စစ်အတွင်းတုံးက ဗျူဟာဟာ ကျတဲ့လမ်းတစ်လမ်းဖြစ်လို့ သူတို့အမြဲသွားတဲ့ လမ်းဖြစ်ကြောင်းလဲ ပြောပါသတဲ့။ ဒါနဲ့ပဲ ကားဆရာလဲ လှည်းကူး + ဒါးပိန်ကားလမ်းအတိုင်းမောင်းဝင်လာခဲ့ပါတော့တယ်။ လုံခြုံရေးကားတွေလဲ ရှေ့ကိုရောက်မှ နောက်ပြန်လှည့်ရပါတော့တယ်။
လှည်းကူးကနေ လာရင် လှည်းကူး + ဒါးပိန်ကားလမ်းမပေါ်မှာ ပထမဆုံးတွေ့ရတဲ့ ရွာကတော့ ကျုပ်တို့ရွာပါပဲ။ ရွာမှာက လယ်သမားတွေ၊ လက်သမားတွေ၊ ပန်းရံသည်တွေက အများစုပါ။ ရွာဥက္ကဌကိုယ်တိုင်ကိုက လယ်သမားပါ။ ၀န်ကြီးက ကျုပ်တို့ရွာကို ရောက်တော့ ဥက္ကဌအိမ်ကို မေးပြီး ၀င်လာပါတယ်။ ဥက္ကဌက အိမ်မှာ မရှိပါဘူး။ လယ်ထဲမှာ စပါးရိတ်နေတာပါ။ ဥက္ကဌကို ခေါ်ခိုင်းပါတယ်။ ဥက္ကဌရောက်လာတော့ ကြောက်ကြောက်လန့်လန့်နဲ့ပေါ့။ ၀န်ကြီးက သူ့ကို မကြောက်ဖို့ ပြောပြီး ဘာလိုချင်လဲလို့ မေးပါတယ်။ ဥက္ကဌလဲ လမ်းကောင်းချင်ကြောင်း ပြောလိုက်ရာ ၀န်ကြီးက လမ်းကောင်းစေရမယ်ဟု ပြောခဲ့ပါတယ်။ ပြီးတော့ ၀န်ကြီးက ဖွားသေစာရင်းပြပါ-ဟု တောင်းပါတယ်။ ဥက္ကဌလဲ ကြောက်ကြောက်လန့်လန့်နဲ့ ဒေါ်ဖွားသင်မရှိကြောင်း၊ ကျိုက်ထီးရိုးဘုရားဖူးသွားနေကြောင်း ပြောပါတယ်။
အဲဒါနဲ့ ၀န်ကြီးက ဖွားသေစာရင်းဆိုသည်မှာ ဒီရွာမှာ ဘယ်နှစ်ယောက်ဖွားမြင်ပြီး ဘယ်နှစ်ယောက်သေလဲဆိုတာကို ရေးမှတ်ထားတဲ့ စာရင်းဖြစ်တယ်ဆိုတာကို ရှင်းပြရှာပါတယ်။ ဥက္ကဌလဲ မရှိကြောင်းပြောရာ ၀န်ကြီးက ပြုစုထားဖို့ မှာကြားပြီး ကျွန်းကုန်းရွာဘက်ကို ထွက်ခွါသွားပါတော့တယ်။
(မှတ်ချက်။ ဥက္ကဌဖြေကြားလိုက်တဲ့ ဒေါ်ဖွားသင်ဆိုသည်မှာ ရွာထဲက ဦးစံသိန်းရဲ့ ဇနီးဖြစ်ပါတယ်။)
တောက ဟာသများကို ပြောပါတယ်။
မောင်နေခြည် (လှည်ကူး)

Monday, 9 December 2013
တောက ဟာသများ အပိုင်း- ၂၈ (သို့) မကျော်နိုင်ဘူးလားဟေ့
ကျုပ်တို့လှည်းကူးမြို့ကို ကျွန်းလေးကျွန်းတို့က ၀န်းရံထားတယ်လို့ ကြားဖူးပါတယ်။ အဲဒီကျွန်းတွေကတော့ ကျွန်းကလေး၊ ကံ့ကော်ကျွန်း၊ ကျွန်းပင်တရာ (ခ) ကျွန်းပင်တာနဲ့ ကျွန်းကုန်းတို့ပါပဲ။ အဲဒီကျွန်းလေးကျွန်းထဲမှာ အပါအ၀င်ဖြစ်တဲ့ ကျွန်းကုန်းဆိုတဲ့ရွာမှာ မြသိန်းတန်စေတီတော် ပူဇော်ပွဲကို နှစ်စဉ် နှစ်ကြိမ်တိုင်တိုင်ကျင်းပပါတယ်။ တန်ဆောင်မုန်းလဆန်း (၁၄)ရက် နဲ့ လပြည့်နေ့မှာ တစ်ကြိမ်၊ ပြီးတော့ တပေါင်းလဆန်း (၁၄)ရက်နဲ့ လပြည့်မှာ တစ်ကြိမ်ပေါ့။ ကျုပ်တို့ကတော့ အဲဒီဘုရားပွဲကို ကျွန်းကုန်းဘုရားပွဲ-လို့ပဲ အလွယ်ခေါ်ကြပါတယ်။ အဲဒီဘုရားပွဲကို လေးရွာအသင်းက ကြီးမှူးကျင်းပတာပါ။ (လေးရွာအသင်းဆိုသည်မှာ ကျွန်းကုန်းရွာ၊ နဘဲပင်ရွာ၊ လက်ပန်ရွာနဲ့ ကောက်ကွေ့ရွာတို့မှ ဂေါပကအဖွဲ့ပါ။)
အဲဒီကျွန်းကုန်းဘုရားပွဲက ဘာစည်သလဲမမေးပါနဲ့။ အရမ်းကို စည်ကားလှတာပါ။ ငယ်ငယ်တုံးကဆို ကျွန်းကုန်းဘုရားပွဲကို မရောက်တဲ့ နှစ်ရယ်လို့ မရှိသလောက်ပါပဲ။ နှစ်စဉ်နှစ်တိုင်း ဘုရားပွဲမှာ ဇာတ်ပွဲတွေအမြဲတန်းပါပါတယ်။ အဲဒီဘုရားပွဲကို လှည်းကူးမြို့နယ်ထဲက ရွာတွေက လှည်းတွေနဲ့ လာကြတာပါ။ တပေါင်းလပွဲဆိုရင် ပိုဆိုးပါတယ်။ လှည်းတွေမောင်းကြတာ ဖုံတထောင်းထောင်းနဲ့ပေါ့။ အဲဒီပွဲတော်မှာ ဇာတ်ပွဲက ညကိုးနာရီ ဆယ်နာရီလောက်မှ ထွက်တာပါ။ ဒါပေမယ့် လှည်းနေရာ မရမှာစိုးလို့ မွန်းတည့် (၁၂)နာရီလောက်ထဲက လှည်းတွေက သွားကြပါပြီ။
ငယ်ငယ်တုန်းကဆို လှည်းတွေက ခလောက်သံကြားရုံနဲ့ပင် လူက ပွဲသွားချင်နေပြီ။ ကျုပ်တို့က လယ်သမားမဟုတ်တော့ အိမ်မှာတော့ နွားလှည်းမရှိပါဘူး။ ကိုယ်နဲ့ ရင်းနှီးတဲ့ (သို့) မိဘတွေက စိတ်ချရတဲ့ လှည်းတွေကို ကြိုတင်ပြီး ဘွတ်ကင်လုပ်ထားရတာပါ။ အဲဒီလို ကျွန်းကုန်းဘုရားပွဲကို သွားဖို့ ကျုပ်တို့ရွာမှာဆိုရင် မိန်းမတွေက ပွဲကြည့်ရင်း လှည်းပေါ်မှာ စားဖို့ ဟင်းကောင်းကောင်းတွေကို ချက်ကြပြုတ်ကြပေါ့။ အမျိုးသားတွေကတော့ ပွဲသွားမယ့် လှည်းနဲ့နွားတွေကို အလှဆင်ပေါ့။ အဲဒီနေ့ဆို တစ်ရွာလုံးကတော့ ပွဲသွားဖို့ပဲ လုပ်ကြပါတော့တယ်။
အဲဒီလို ပြင်ကြဆင်ကြတဲ့ အထဲမှာ ကျုပ်ဘကြီး သူငယ်ချင်းတွေက တောသူဌေးသားတွေ ဆိုတော့ နွားတွေကလဲ ကောင်းမှကောင်း၊ လှည်းတွေကလဲ ကောင်းမှကောင်းပါပဲ။ ကျုပ်ဘကြီးကတော့ ဆင်းရဲသူဖြစ်တော့ နွားကောင်းကောင်း လှည်းကောင်းကောင်း မရှိရှာပါဘူး။ ဒါပေမယ့် ကျုပ်ဘကြီးမှာ စိတ်ကူးကောင်းတွေတော့ ရှိပါတယ်။
ဘုရားပွဲတစ်နေ့မှာ ကျုပ်ဘကြီးက ဘုရားပွဲသွားဖို့အတွက် နွားတွေကို လှည်းမှာတပ်ပြီး သူ့သူငယ်ချင်းတွေ မောင်းလာကြမယ့် လမ်းရဲ့ ရှေ့ကနေစောင့်နေပါတယ်။ သူ့သူငယ်ချင်းတွေကတော့ နွားကောင်းကောင်း၊ လှည်းကောင်းကောင်းတွေနဲ့ ထွက်လာပါတယ်။ သူတို့လှည်းတွေ အနားအရောက်မှာ ကျုပ်ဘကြီးက ကြိုပြီးရှေ့ကနေထွက်ပြီး လှည်းကို မောင်းပြတယ်။ သူတို့တွေ ဘယ်ဘက်ကနေ ကျော်မယ်ဆိုရင် ဘကြီးက ဘယ်ဘက်ကို နဲနဲယူပြီးမောင်းတယ်။ ညာဘက်ကနေ ကျော်တက်မယ့် အချိန်မှာလဲ ဘကြီးက ညာဘက်ကို နဲနဲယူမောင်းပြတယ်။ ဘကြီးသူငယ်ချင်းတွေရဲ့ လှည်းတွေဟာ ဇာတ်ပွဲကျင်းပမယ့် နေရာကိုသာရောက်လာကြတယ်။ ဘကြီးရဲ့ လှည်းကို ကျော်မတတ်နိုင်ကြပါဘူး။
ဘကြီးကတော့ သူ့သူငယ်ချင်းတွေကို ပြောရှာပါတယ်။ ငါလို လှည်းမကောင်း နွားမကောင်းနဲ့ မောင်းတဲ့သူကို လှည်းကောင်း နွားကောင်းနဲ့ မောင်းတဲ့ကောင်တွေက မကျော်နိုင်ဘူးတဲ့ကွာ-ဟူ။
တကယ်တော့ ကျုပ်ဘကြီးက ဘုရားပွဲသွားဖို့အတွက် အဖိုးအိမ်မှာရှိတဲ့ နွားမတမ်းတစ်ကောင်နဲ့ သူ့သူငယ်ချင်းဆီက နွားထီးတစ်ကောင်ကို ယူပြီး လှည်းမှာတပ်ပြီးမောင်းတာပါ။ နွားတို့မည်သည် ရှေ့ကနေ နွားမတစ်ကောင်ရှိနေပြီ ဆိုရင် ဘယ်လောက် ကြိမ်လုံးနဲ့ ရိုက်ရိုက် အဲဒီ နွားမကို ကျော်တက်လေ့မရှိပါဘူး။

Friday, 29 November 2013
တောက ဟာသများ အပိုင်း- ၂၇ (သို့) မီးသတ်စွမ်းရည်ပြပွဲ
ဒီတစ်ခါ တောကဟာသများမှာ မီးသတ်နဲ့ပတ်သက်ပြီး ဖြစ်လာတဲ့ ဟာသတစ်ပုဒ်ကို ပြောချင်ပါတယ်။
ရန်ကုန်တိုင်းထဲက မြို့တစ်မြို့မှာပေါ့။ ( မြို့နာမည်တော့ ထုတ်မပြောတော့ပါဘူး။ မြို့သိက္ခာကျမှာစိုးလို့ပါ။) မြို့နယ်မီးသတ်တပ်ဖွဲ့ရဲ့ မီးသတ်စွမ်းရည်ပြပွဲ ပြုလုပ်ပါတယ်။ လုပ်တာကလဲ တဲအိမ်ငယ်တစ်လုံးကို ၀ယ်ယူပြီး မီးသတ်စခန်းနဲ့ မိုင်ဝက်လောက်မှာ ရှိတဲ့ ဘောကွင်းတစ်ခုထဲမှာ အဲဒီတဲကို ဆောက်လုပ်ပါတယ်။
လူမှု့ဝန်ထမ်းဝန်ကြီးကိုလဲ ဖိတ်မံထားတော့ လူမှု့ဝန်ထမ်းဝန်ကြီးကလဲ မီးသတ်စွမ်းရည်ပြပွဲကို တက်ရောက်အားပေးပါတယ်။ မြို့နယ်တွင်းက အရံမီးသတ်တွေ၊ ဌာနဆိုင်ရာတွေကိုလဲ အများကြီးပါပဲ။ စီစဉ်ထားတာကတော့ လူမှု့ဝန်ထမ်းဝန်ကြီးလာတဲ့ အချိန်မှာ မီးသတ်စွမ်းရည်ပြပွဲကွင်းအတွင်းမှာ ရှိတဲ့ တဲအိမ်ကို မီးတင်ရှို့မယ်၊ ပြီးတော့ မီးသတ်စခန်းကို မီးလောင်ကြောင်း သတင်းပို့မယ်၊ ပြီးတော့ မြို့နယ်မီးသတ်ကားက လောင်နေတဲ့မီးကို လာသတ်မယ်ပေါ့။ အစီအစဉ်ကတော့ တော်တော်လေးကို ကောင်းပါတယ်။
လူမှု့ဝန်ထမ်းဝန်ကြီး လာတဲ့အခါမှာ အခမ်းအနား အစီအစဉ်အရ ကွင်းအတွင်းမှာ ရှိတဲ့ တဲအိမ်ကို မီးတင်ရှို့ပါတယ်။ ပြီးတော့ မီးသတ်စခန်းကို မီးလောင်ကြောင်း သတင်းပို့ပါတယ်။ ဒီအထိတော့ အားလုံးအစဉ်ပြေပါတယ်။ ဒါပေမယ့် တဲလေးသာ မီးလောင်လို့ ကုန်သွားတယ် မီးသတ်ကားက ပေါ်မလာပါဘူး။ လူမှု့ဝန်ထမ်းဝန်ကြီးလဲ ဘာကြောင့် မီးသတ်ကားပေါ်မလာတာလဲလို့ မေးတဲ့အခါမှာ အောက်ပါအတိုင်း ဖြေကြပါတယ်။
" မီးသတ်ကား လာတော့လာတယ်။ လမ်းမှာပဲ စက်ပျက်သွားလို့" -ဟု။
ဒါနဲပဲ လူမှု့ဝန်ထမ်းဝန်ကြီးလဲ မြို့နယ်မီးသတ်တပ်ဖွဲကို ဆူပူကြိမ်းမောင်းပြီး ပြန်သွားပါတော့တယ်။
ဟာသလေးတွေကို ပြောပါတယ်။

Thursday, 21 November 2013
တောက ဟာသများ အပိုင်း-၂၆ (သို့) သက်သက်မဲ့မှ သက်သက်မဲ့ပါ။
သတ္တ၀ါတွေနေတဲ့ ဒီလောကမှာ ကြီးတဲ့သူက ငယ်တဲ့သူကို၊ ခွန်အားရှိတဲ့သူက ခွန်အားမရှိတဲ့သူကို၊ ချမ်းသာတဲ့သူက ဆင်းရဲတဲ့သူကို၊ နည်းပညာပိုင်တဲ့သူက နည်းပညာ မပိုင်တဲ့သူကို စသဖြင့် စသဖြင့် ကြီးနိုင်ငယ်ညှင်းတွေကို ကြားရ တွေ့ရတာ နေ့စဉ်နဲ့အမျှ ပါပဲ။ ဒီလို ညှင်းဆဲမှု့တွေကို အားနည်းသူတွေဖက်က အားရှိတဲ့သူတွေကို ပြန်လည်တုန့်ပြန်ဖို့ဆိုရာမှာ ခက်ခဲတဲ့ အနေအထားပါပဲ။
တစ်ခါကပေါ့ ကျုပ်တို့မြို့နယ်ထဲက ရွာတစ်ရွာမှာ ခြေရင်းအိမ်နဲ့ ခေါင်းရင်းအိမ် စကားများ ရန်ဖြစ်ပြီး မခေါ်မပြောကြပါဘူး။ ခြေရင်းအိမ်က အရမ်းဆင်းရဲပါတယ်။ ခေါင်းရင်းအိမ်ကတော့ ရွာမှာဆိုတော့ တောသူဌေးပေါ့။ ခေါင်းရင်းအိမ် တောသူဌေးက ခြေရင်းအိမ်နဲ့ ရန်ဖြစ်ခဲ့တာကို စိတ်ထဲမှာ အခဲမကျေဘူး ဖြစ်နေပါတယ်။
တစ်နေ့တော့ တောသူဌေးက သူအိမ်ရဲ့ မီးဖိုချောင်ကို သူကိုယ်တိုင် မီးနဲ့ရှို့ပါတယ်။ ပြီးတော့ လံကျုတ်လုပ်ပြီး ခြေရင်းအိမ်က ဦးပွ-က သူအိမ်ကို မီးရှို့တဲ့အကြောင်း လှည်းကူးရဲစခန်းမှာ တရားစွဲပါတော့တယ်။ ရဲစခန်းကလဲ ဘာမှ မစုံစမ်းပါပဲ ခြေရင်းအိမ်က ဦးပွ-ကို လာဖမ်းခေါ်သွားပါတယ်။ ခြေရင်းအိမ်က ဦးပွ-ခမြာ ကြောင်တောင်တောင်နဲ့ ရဲစခန်းမှာ တစ်ပတ်လောက် အိပ်လိုက်ရပါတော့တယ်။
ဘေးက အမှန်တရားကို သိတဲ့လူတွေက ခြေရင်းအိမ်က ဦးပွ-မဟုတ်ကြောင်းကို သိလို့ ရဲစခန်းကို လိုက်မှ ဦးပွ-ခမြာ ရဲစခန်းက လွတ်လာပါတော့တယ်။ ရဲစခန်းက လွတ်လာတဲ့ အချိန်မှာ ဦးပွ-ကို ၀ိုင်းပြီး ဗျူးပါတော့တယ်။ အဲဒီချိန်မှာ ဦးပွ ဖြေလိုက်တာကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
"သက်သက်မဲ့မှ သက်သက်မဲ့ပါ- ငါ့တူရာ "-ဟု။
အဲဒီအချိန်က စပြီး အဲဒီရွာမှာ သက်သက်မဲ့မှ သက်သက်မဲ့ပါ - ဟူသော စကားဟာ ယခုထိတိုင် တွင်နေပါတော့တယ်။
တောက ဟာသတွေကို ပြောပါတယ်။

Tuesday, 19 November 2013
တောကဟာသများ အပိုင်း-၂၅ (သို့) မေတ္တာ ကမ္ဘာများဖြင့် မခြားလိုတယ်။
ကျုပ်တို့မြို့နယ်က တောရွာအများစုဟာ မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကို အရမ်းအားပေးကြပါတယ်။ ရှင်ပြုအလှူပွဲတွေဆိုရင် ရန်ကုန်ဆိုင်းကောင်းကောင်းကို ငှားလေ့ရှိပါတယ်။ ဆိုင်းကို အားပေးပုံကတော့ မိုးလင်းမှ ပြန်ကြတာပါ။ တစ်ချို့ရွာတွေဆိုရင် နာမည်ကျော် အဆိုတော်များကို ငှားရမ်းပြီး ဆိုင်းနဲ့ သီဆိုခိုင်းတာပါ။
တစ်ခုသော အခါကပေါ့။ ကျုပ်တို့ လှည်းကူးနယ်က ရွာကြီးတစ်ရွာမှာ ကျောင်းထိုင်ဆရာတော်က ဦးစီးပြီး ရှင်ပြုအလှူပွဲကြီး ကျင်းပပြုလုပ်ပါတယ်။ ဆိုင်းကတော့ နိုင်ငံကျော် စိန်စတင်းဆိုင်းပေါ့။ ပြီးတော့ ရန်ကုန်က အဆိုတော် စိုးစန္ဒာထွန်းကိုလဲ ညပိုင်းမှာ သီချင်းသီဆိုဖို့ ငှားထားပါတယ်။ အလှူနေ့မှာ စိုးစန္ဒာထွန်းက ဆရာတော်ရဲ့ ကျောင်းကို လာရောက်ပြီး ကန်တော့ပါတယ်။ အဲဒီလို ကန်တော့ပြီးတော့ ဆရာတော်ကို ဆုချဖို့ လျှောက်ထားတောင်းဆိုပါတယ်။ ဆရာတော်ကလဲ သူဆိုစေချင်တဲ့ သီချင်းတွေကို သီဆိုဖို့ တာဝန်ပေးပါတယ်။
ညဖက် ဆိုင်းနဲ့အတူ စိုးစန္ဒာထွန်းက သီချင်းမဆိုခင် အောက်ပါအတိုင်း ပြောပါတယ်။
' အခု သမီး စိုးစန္ဒာထွန်း သီဆိုမယ့် သီချင်းကတော့ ဆရာတော်ဘုရား တောင်းဆိုထားတဲ့ မောင့်အချစ်မြှား ဖြစ်ပါတယ်ရှင့်'-
အဲဒီလိုလဲ ပြောလိုက်ရော ပရိသတ်က ဝေါကနဲ ရီကြပါတော့တယ်။
နောက်တစ်ပုဒ်ကြတော့လဲ အရင်တစ်ပုဒ်အတိုင်းပဲ မဆိုခင် အောက်ပါအတိုင်း ပြောပါတယ်။
' အခုတစ်ခါ သမီး စိုးစန္ဒာထွန်း သီဆိုမယ့် သီချင်းကတော့ ဆရာတော်ဘုရားကြီးပဲ တောင်းဆိုထားတာဖြစ်ပါတယ်။ သီချင်းနာမည်ကတော့ မျက်လုံးဖွင့်ပြီး အိပ်ကြည့်ပါ- ဖြစ်ပါတယ်ရှင့်'-
အဲဒီလိုလဲ ပြောလိုက်ရော ပရိသတ်က ဝေါကနဲ ထရီကြပါတော့တယ်။
စိုးစန္ဒာထွန်းက ဒါကို သဘောမပေါက်ဘူး။ သုံးပုဒ်မြောက်မှာလဲ အောက်ပါအတိုင်းပြောခဲ့ပါတယ်။
' အခုတစ်ခါ သမီး စိုးစန္ဒာထွန်း နောက်ဆုံးသီဆိုမယ့် သီချင်းကတော့ ဆရာတော်ဘုရားကြီးပဲ တောင်းဆိုထားတာဖြစ်ပါတယ်။ သီချင်းနာမည်ကတော့ မေတ္တာ ကမ္ဘာများဖြင့် မခြားလိုတယ် ဖြစ်ပါတယ်ရှင့်'-
ဆိုင်းလာကြည့်တဲ့ ပရိသတ်ကတော့ တဝေါဝေါနဲ့ပေါ့။
တောကဟာသလေးတွေကို ပြောပါတယ်။
မောင်နေခြည် (လှည်းကူးမြေ)

Monday, 18 November 2013
တောကဟာသများ အပိုင်း- ၂၄ (သို့) ကျွဲမောင်းပုံ နည်းသစ်လေးပါ
သီတင်းကျွတ်လပြည့်ကျော်
(၁)ရက် မှသည် တန်ဆောင်မုန်းလပြည့်နေ့တိုင်အောင် သုံးဆယ်သော ရက်တို့ဟာုမြန်မာပြည်မှာ
ကထိန်သင်္ကန်းဆက်ကပ်တဲ့ ကာလတို့ဖြစ်ပါတယ်။ စာရေးသူတို့ ဇာတိမြို့ဖြစ်တဲ့ လှည်းကူးမှာလဲ
ကထိန်ပွဲတွေကို ကျင်းပကြတာ ရက်စေ့ပါပဲ။
တစ်ခုသော ကထိန်ရာသီမှာ ရှမ်းတဲကြီးအရှေ့ဖက်ကမ်း
အနောက်ကျောင်းဆရာတော် ဦးသုမန-ဦးဆောင်တဲ့ ဆရာတော်များဟာ အ၀ိုင်းကျောင်းကြီးကထိန်ပွဲမှ
ပိုက်ကြီးဝဲအရှေ့ကျောင်းကထိန်ပွဲသို့ ကူးလာပါတယ်။ ဆရာတော်ဦးသုမန-မှ ဦးဆောင်ကာ ငမိုးရိပ်ချောင်းရိုးအတိုင်း
ခြေလျင်ခရီးပဲ ကြွလာကြပါတယ်။
ကောက်ကွေ့ရွာနဲ့ လက်ပန်ရွာကြားရောက်တဲ့အခါမှာတော့
ကျွဲအုပ်တစ်အုပ်နဲ့ တွေ့ပါတော့တယ်။ ကျွဲတွေထဲမှာ မြန်မာကျွဲက သိပ်ပြီး မခက်ပေမယ် ဦးချိုကောက်ကောက်
ဘင်္ဂလားကျွဲကတော့ ဘုန်းကြီးတွေကို မြင်တာနဲ ခက်ဖို့ တရှူးရှူး ကြိုးစားပါတော့တယ်။
ပါလာတဲ့ဆရာတော်တော်တော်များများကတော့
ကျောင်းသားတွေကို ကျွဲမောင်းဖို့ တိုက်တွန်းပါတယ်။
ဒါပေမယ့် ဆရာတော် ဦးသုမန-က
ကျောင်းသားတွေကို ငါမှာ နည်း၇ှိတယ်ကွ၊ ငါ့နည်းနဲ့ ငါမောင်းမယ်။ ကျွဲတွေ ငြိမ်နေရမယ်-
ဟု ပြောဆိုပြီး ကျွဲတွေကို မောင်းပါတော့တယ်။ ဆရာတော် ဦးသုမနရဲ့ ကျွဲမောင်းနည်းကတော့
ကျွဲအနားကို သွားရောက်ပြီး လက်နဲ့တားကာ အောက်ပါအတိုင်း ပြောလိုက်တဲ့အခါမှာ ဆရာတော်
ဦးသုမန- ဦးဆောင်တဲ့ ဘုန်းတော်ကြီးတွေဟာ လက်ပန်ရွာထိပ်က အ-မ-က ကျောင်းထဲကို အနည်းလွတ်အောင်
ပြေးလိုက်ရပါတော့တယ်။
ဆရာတော် ဦးသုမနရဲ့ ကျွဲမောင်းနည်းကတော့
“
ချစ်သား…သီးခံလော..ချစ်သား…သီခံလော“-ဟု။
ဆရာတော် ဦးသုမန-အမှတ်တရ
(မှတ်ချက်။ ၊ ယခုအခါ ဆရာတော်
ဦးသုမန ပျံလွန်တော် မူသွားပြီးဖြစ်ပါသည်။)
မောင်နေခြည် (လှည်းကူး)
တောကဟာသများ အပိုင်း- ၂၃ (သို့) အ-လ-က (လှည်းကူး) ကျောင်းတော်သားများရဲ့ ဆရာရေ နောက်တစ်ခွက်
စာရေးသူဟာ လှည်းကူးမြို့၊ အနောက်ဘက်ကမ်းက အခြေခံပညာအလယ်တန်းကျောင်းမှာ ကျောင်းတက်ဖူးပါတယ်။ (အခုတော့ အ-ထ-က ဖြစ်သွားပြီ ကြားပါတယ်။) ငါးတန်းတနှစ် ( Room No: L) ခြောက်တန်း တနှစ် (Room No: B)ပါ။ စုစုပေါင်း နှစ်နှစ်ကျောင်းတက်ဖူးပါတယ်။ Lခန်းမှာတုံးကတော့ တခန်းလုံး ယောက်ျားလေးတွေ ချည်းပါပဲ။ ခြောက်တန်းရောက်တော့မှ တစ်ဝက်က ယောက်ျားလေး၊ တ၀က်က မိန်းခလေးတွေ ပါ။ ၁၉၈၆-မှာ ငါးတန်း၊ ၁၉၈၇-မှာတော့ ခြောက်တန်းပါ။ အဲဒီတုံးက ကျောင်းသားတွေက အခုခေတ်ကျောင်းသားများထက် ဘော်ဒီက ပိုပြီးကြီးကြပါတယ်။ ကျောင်းသားတွေများလွန်းလို့ နှစ်ချိန်ခွဲပြီးတော့ကို ထားရပါတယ်။
တနေ့တော့ မုန့်စားကျောင်းဆင်းချိန်မှာ ကျောင်းသားကြီးတွေဟာ အ-လ-က ကျောင်းရဲ့ အနောက်ဘက်မှာ ရှိတဲ့ ထန်းတောမှာ သွားပြီး ထန်းရည်သောက်ကြပါတယ်။ ဒီလို ကျောင်းသားတွေ ထန်းရည်သောက်နေတဲ့ အကြောင်းကို တဆင့်စကားမှသည် ကျောင်းအုပ်ကြီးဆီကို ရောက်သွားပါတယ်။ ဒီတော့ ကျောင်းအုပ်ကြီးက ကျောင်းသားများကို ကျောင်းသားများကို ပြန်ခေါ်ဖို့ ကျောင်းဆရာတစ်ယောက်ကို
စေလွှတ်ပါတယ်။
စေလွှတ်ခံရတဲ့ ကျောင်းဆရာကလဲ ကျောင်းသားတွေနဲ့ ဘော်ဒီဝိတ်က သိပ်မကွာပါဘူး။ ပိုဆိုးတာက အဲဒီကျောင်းဆရာနဲ့ ထန်းရေသောက်နေတဲ့ ကျောင်းသားတွေနဲ့ အရမ်းရင်းနှီးနေခြင်းပါပဲ။ ဆရာက ကျောင်းသားတွေကို ထန်းရည်မသောက်ကြဖို့၊ ကျောင်းခန်းထဲကို ပြန်လာကြဖို့ ဆော်သြပါတယ်။
ဒါကို ကျောင်းသားတစ်ယောက်က အောက်ပါအတိုင်း ပြောလိုက်ပါတယ်။
"ဆရာ တစ်ခွက်သောက်မယ်ဆိုရင် ကျွန်တော်တို့ ပြန်လိုက်မယ်။ "- ဟု။
အဲဒီအချိန်အခါမှာ ဆရာလဲ လက်ခံပြီးတော့ ထန်းရည်တစ်ခွက် စမော့ပါတယ်။ ကျောင်းသားတွေကလည်း ဆရာရေ နောက်တစ်ခွက် ဆရာရေ နောက်တစ်ခွက်နဲ့ တိုက်လိုက်ကြရာ ဆရာခင်မျာ မှောက်သွားပါတော့တယ်။
ကျောင်းသားတွေကို ကျောင်းကို ပြန်လာဖို့ခေါ်တဲ့ဆရာ ကျောင်းသားတွေက ဆိုက်ကားငှါးပြီး ဆရာနေထိုင်တဲ့ အိမ်ကို လိုက်ပို့လိုက်ရပါတော့တယ်။
နောက်နေ့ကြတော့ ကျောင်းအုပ်ဆရာကြီးကို ဆရာရော ကျောင်းသားတွေပါ အပြစ်လွတ်အောင် လှည့်ပတ်ပြောလိုက်တာနဲ့တင် ပြီးသွားပါတော့တယ်။
တစ်ချိန်က အ-လ-က (လှည်းကူး) ကျောင်းတော်သားများသို့

တောကဟာသများ-အပိုင်း-၂၂ (သို့) ဂွတ်မောနင်း
တောကဟာသများ ဆိုပေမယ့် ဒီတခါပြောမယ့် ဟာသလေးကတော့ မြို့လို့ပဲ ပြောရမှာဖြစ်ပါတယ်။
မြန်မာလူမျိုးများဟာ နာမယ်ပေးရာမှာ အရမ်းတော်ကြပါတယ်။ မတော်မရော် နာမယ်တွေကို ပေးလေ့ ခေါ်လေ့ရှိပါတယ်။ ဥပမာ- ခွေးမတို့၊ ခွေးကြီးတို့၊ ခွေးလေးတို့၊ ကြွက်နီတို့၊ ကြွက်ဖြူတို့ပါပဲ။ ဒီလိုခေါ်ကြလို့လဲ မူရင်းနာမယ်ပျောက်ပြီး အဲဒီနာမယ်တွေက သေရွာပါတဲ့အထိပါပဲ။ အဲဒီနာမည်အပေးခံရတဲ့သူခမျာ တစ်ခါတလေမှာ လူတောထဲ မ၀င်ရဲလောက်အောင်ကိုပင် ဖြစ်တတ်ပါသေးတယ်။ ဒါကို မြန်မာလူမျိုးများရဲ့ ချစ်စရာ ဓလေ့ထုံးစံဟု ခေါ်ရင် ရဖွယ်ရှိပါတယ်။ ဒါပေမယ့် လက်မခံနိုင်စရာပါ။
နောက်တစ်ခုက တစ်ဖက်သားကို စကားသင်ရာမှာလဲ တော်ကြပါတယ်။ စကားသင်ပေးရင်လဲ အဆဲကို ပထမဆုံးသင်ပေးတာကို တွေ့နိုင်ပါတယ်။ အခုပြောမယ့် ဟာသလေးကတော့ စကားသင်ရာကနေ ဆင်းသက်တယ်လို့ ဆိုရမှာပါ။
တနေ့မှာ စာရေးသူရဲ့ သူငယ်ချင်းတစ်ယောက်ဟာ ကိုရီးယားနိုင်ငံ၊ တက္ကသိုလ်တစ်ခုမှ ပေးအပ်တဲ့ စကောလားရှစ်ရပါတယ်။ စကောလားရှစ်ရတော့ အဲဒီတက္ကသိုလ်ကပေးတဲ့ အဆောင်မှာ နေရပါတယ်။ သူ့လိုပဲ အခြားနိုင်ငံကနေ စကောလားရှစ်ရတဲ့ ကျောင်းသားတွေလဲ အများကြီးပါပဲ။ စာရေးသူရဲ့ သူငယ်ချင်းနဲ့ အခန်းချင်းကပ်ရပ် အခန်းမှာနေတဲ့ကျောင်းသားက သီရိလင်္ကာနိုင်ငံက ဖြစ်ပါတယ်။ အဲဒီကျောင်းသားက စာရေးသူရဲ့သူငယ်ချင်းကို မိတ်ဆက်ပြီး မြန်မာစကားသင်ပေးဖို့ တောင်းဆိုပါတယ်။
စာရေးသူရဲ့သူငယ်ချင်းကလဲ တောင်းဆိုတာကို လက်ခံပြီး သင်ပေးပါတယ်။ စာရေးသူရဲ့သူငယ်ချင်းက အဲဒီသီရိလင်္ကာကျောင်းသားကို မင်းသိချင်တာကို ပထမဆုံးသင်ပေးမယ်လို့ ပြောပါတယ်။ အဲဒီသီရိလင်္ကာကျောင်းသားက ဂွတ်မောနင်းကို မြန်မာလို အရင်သင်ပေးပါလို့ တောင်းဆိုပါတယ်။
စာရေးသူရဲ့သူငယ်ချင်းကလဲ သင်ပေးပါတယ်။
အဲဒီ သီရိလင်္ကာကျောင်းသားက မနက်တိုင်း စာရေးသူရဲ့ သူငယ်ချင်းကို သင်ပေးထားတဲ့ အတိုင်း လာပြီးနှုတ်ဆက်လေ့ရှိပါတယ်။ သူနှုတ်ဆက်တာကတော့-
" ခွေးကုလား" -ဟု။
မနက်တိုင်း အဆောင်မှာ ခွေးကုလားဆိုတဲ့ အသံညံနေတာပါပဲ။
(မှတ်ချက်။ ဂွတ်မောနင်း ကို " ခွေးကုလား" -ဟု သင်ပေးခြင်း ဖြစ်ပါတယ်။)

Monday, 14 October 2013
တောက ဟာသများ - အပိုင်း-၁၅ (သို့) မသေးစိန်
လှည်းကူးမြို့နယ်ထဲမှာ ကောက်ကွေ့ဆိုတဲ့
ရွာတစ်ရွာရှိပါတယ်။ အဲဒီရွာမှာ မသေးစိန်-ဟု ခေါ်တဲ့ အမျိုးသမီးကြီးတစ်ယောက်ရှိပါတယ်။
(အမြဲတမ်းသေးထွက်လို့ မသေးစိန်-ဟုခေါ်ခြင်း မဟုတ်ပါ။ )သူမရဲ့ ဘော်ဒီတည်ဆောက်ထားပုံက
သေးပြီး အရပ်ပုနေလို့ပါပဲ။
တောသူတောင်သားဆိုတော့ လယ်အလုပ်နဲ့ပဲ
အသက်မွေးပါတယ်။ ကိုယ်ပိုင်လယ်ထွန်ယက်စိုက်ပျိုးပြီးရင် သူတပါးလယ်တွေ့မှာ အခကြေးငွေယူပြီး
ကောက်စိုက်ပါတယ်။ ဒါပေမယ့် မာနကတော့ ခက်ကြီးကြီးပါပဲ။ သူမာနကြီးရခြင်းအကြောင်းကလဲ သူ့အရပ်ပုခြင်းကိုပဲ
လာလာစလို့ မစမနောက်အောင် မာနကြီးရခြင်းပါ။
တစ်နေ့သား ပိုက်ကြီးဝဲက လယ်တွေမှာ
ကောက်စိုက်ချိန် လူတစ်ယောက်က တာလမ်းမပေါ်ကနေ လှမ်းအော်ပါတယ်။
"ဟို ကောက်စိုက်မသေးသေးလေးက
ကောက်စိုက်တတ်လို့လား"-ဟု။
အဲဒီလိုပြောတော့ " စိုက်တတ်သလား
မစိုက်တတ်ဘူးလားသိချင်ရင် ဒီကိုလာကြည့်"-ဟုပြောတတ်တဲ့ မသေးစိန်ပါ။ လူသေးသေးပေမယ့်
မာနကတော့ ခပ်ကြီးကြီးပါပဲ။ ဒီမာနတွေကြောင့်လဲ မသေးစိန်တစ်ယောက် အပျိုကြီးဘ၀က မလွတ်ခြင်း
ဖြစ်နိုင်ပါတယ်။
တစ်နေ့သား မသေးစိန်တစ်ယောက်
သူ့အိမ်မှာ အလုပ်ရှုပ်လျက်ရှိပါတယ်။။ အဲဒီအချိန်မှာ ရွာသားတစ်ယောက်က " မသေးစိန်
ဘာလုပ်နေလဲ"-ဟုမေးပါတယ်။
အဲဒီအခါမှာ မသေးစိန်က အောက်ပါအတိုင်း
ဖြေခဲ့ပါတယ်။
"လာရောက်ခိုးယူရင် အဆင်သင့်ဖြစ်အောင်
အထုပ်ပြင်နေတာ"-ဟု။
မသေးစိန်ဟာ အမြဲတမ်း အထုပ်ပြင်ထားပါတယ်။
မည်သို့ပင် အထုပ်ပြင်ထားပေမယ့် ခိုးယူပေါင်းသင်းမယ့်သူ မပေါ်ခဲ့ပါဘူး။ စကားတစ်ခွန်းကတော့
လှည်းကူးနယ်မှာ ပြောစမတ်တော့ ဖြစ်ကျန်ရစ်ခဲ့ပါတယ်။
"မသေးစိန်လို အထုပ်ပြင်ပြီးပြီလား"-ဟု။
မောင်နေခြည် (လှည်းကူး)
Wednesday, 9 October 2013
တောက ဟာသများ (၁၁)
ဂျပန်ခေတ်အခါကပေါ့။
မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ဗုံးတွေ ကြဲခံနေရပါတယ်။ အဲဒီအထဲမှာလှည်းကူးမြို့နယ်လဲ အပါအ၀င်ပေါ့။
ကျုပ်တို့ လှည်းကူးနယ်ထဲက ပိုက်ကြီးဝဲရွာမှာလည်း ဗုံးခိုကျင်းတွေ တူးကြ၊ လေယာဉ်ပျံလာရင် ဗုံးခိုကျင်းထဲ ၀င်းပုံးကြပေါ့။ အစားအသောက်တွေကိုလဲ ဗုံးခိုကျင်းထဲမှာ ပဲထည့်ထားကြရပါတယ်။
တနေ့သောအခါမှာ မိသားစုနှင့်အတူ စံပွား-ဆိုတဲ့ လူငယ်တစ်ယောက်ဟာ လေယာဉ်ပျံတွေလာတော့ မိသားစုနှင့်အတူ ဗုံးကျင်းထဲကို ၀င်ပုံးကြရပါတယ်။ လူကြီး လူငယ်မရွေး ကြောက်ကြောက်လန့်လန့်နဲ့ နေကြရတဲ့ အချိန်ပါ။
အဲဒီလို အချိန်မှာ စံပွားက အောက်ပါအတိုင်း ပြောပါတယ်။
"အခုနေများ ဘိလပ်ရည်လေးသောက်ရရင် ဘယ်လောက်ကောင်းမလဲ.... အဘရာ"-ဟု။
အဖေလုပ်တဲ့သူက သူ့သားကို အောက်ပါအတိုင်းပြန်ပြောပါတယ်။
" စစ်ဖြစ်ပါတယ်ဆိုမှ အရေးထဲ စံပွားက ဘိလပ်ရည်သောက်ချင်သေးတယ်"-ဟု။
စစ်ပွဲပြီးသွားတဲ့ အခါမှသည် ယနေ့အထိ ပိုက်ကြီးဝဲရွာမှာ အဲဒီ စကားတစ်ခွန်း ပြောစမှတ်ဖြစ်ကျန်ခဲ့ပါတယ်။

Tuesday, 1 October 2013
စစ်ကိုင်းဆောင်သွေး ရဲရဲနီတယ်
အမျိုးအစား = ရဟန်းလောက ဖြစ်ရန်မှန်ရယ်စရာလေး
ရည်ညွှန်း = ရွှေဝါရောင်တော်လှန်ရေး အမှတ်တရ
ရေးသူ = အရှင်ပညာနန္ဒ (မြိုင်) (ခ) တွတ်ပီ
“ဦးဇင်းရေ--- ဒီည တက္ကသိုလ်ကို ၀င်စီးမှာတဲ့နော်။ ည ကိုးနာရီ။ ကိုးနာရီ”
ဘယ်သတင်းဌာနက ထုတ်လွှင့်လိုက်သည့် သတင်းမှန်းတော့ မသိ။ တက္ကသိုလ်တစ်ခုလုံး မုဟုတ်ချင်း ပျံ့နှံ့သွားခဲ့သည်။
ရွှေဝါရောင်တော်လှန်ရေးကာလအြ ပီး အရေးအခင်းမှာ ပါဝင်ခဲ့ကြတဲ့ သံဃာများကို စစ်အစိုးရက အလုံးအရင်းနဲ့ ၀င်စီးပြီး ဖမ်းဆီးထောင်ချနေတဲ့အချိန်။
စာသင်တိုက်ကြီးတွေလဲ လုံခြုံရေးသတိ အမြဲရှိ။ မြို့ပြင်က တဲကျောင်းလေးက
ကိုယ်တော်တွေလဲ အိပ်ကောင်းခြင်းမအိပ်ရ။ သို့ကလို ရွစိရွစိ
ဖြစ်နေသည့်အချိန်။ မနေ့တစ်နေ့ကမှ တောင်ဥက္ကလာငွေကြာယံကျောင်းတိုက် ၀င်ရောက်စီးနင်းခဲ့ပုံကို ဒီဗွီဘီ စလောင်းသတင်းကနေ မျက်စီနဲ့တပ်အပ်ကြည့်ထားကြ ပီမို့ မိမိတို့ သာသနာ့တက္ကသိုလ်က ကိုယ်တော်ချောများလည်း ဘယ်နေ့လာဖမ်းမလဲ၊ ဘယ်အချိန်လာစီးမလဲဆိုသည်ကို စိုးတထိတ်ထိတ် စောင့်စားနေရ၏။
ဟော အခုတော့ ဒို့အလှည့် ရောက်လာပါလေပြီ။ ည ကိုးနာရီတဲ့။ ခိုင်လုံတဲ့ သတင်းရပ်ကွက်က လာတဲ့သတင်း။ စစ်သားတွေကိုယ်တိုင် ဖမ်းမဲ့ကိုယ်တော်တွေစာရင်းစာရွက်ကို တက္ကသိုလ်မုခ်ဦးနားက သန်းမိတ္တူဆိုင်မှာ လာကူးသွားတာတဲ့။ ပြီးတော့ သင်းသင်းဆွေစတိုးဆိုင်ကဖုန်းနဲ့
သူ့တို့ဗိုလ်ကြီးဆီ ဖုန်းဆက်ပြီး ဒီည ဒီကိုယ်တော်များကို ၀င်ဖမ်းဖို့
အစီအစဉ်ရှိကြောင်း အကြောင်းကြားသည် ဆို၏။ ဆို၏။ ဒီသတင်းကို
ချက်ချင်းဖုန်းဆက်ပေးသူက သင်းသင်းဆွေစတိုး။
သန်းမိတ္တူဆိုင်သို့ မိမိအမည် ပါမပါ သွားမေးကြသည်မှာ စာမေးပွဲ ဂေဇက်ထွက်နေသလား အောက်မေ့ရသည်။ လာကူးသွားတာက နှစ်မျက်နှာတဲ့။ အပေါ်ဆုံးက နာမည်ပဲ မှတ်မိလိုက်သည် ဦးကိတ္တိလို ဘာလိုလိုတဲ့။ ဒါဆို သေချာသွားပီ။ တခါ အပါး(60)ကျော်ဆိုပြီး သတင်းထွက်လာပြန်သည်။ ဇစ်မြစ်ကို မေးမြန်းကြည့်တော့ နှစ်မျက်နှာလာကူးတာဆိုတော့ တစ်မျက်နှာကို ၃၀-ခန့်နဲ့တွက်ရင် အပါး(၆၀)ဖြစ်မည်ဆို၏။ ကိုယ့်တွက်ကိန်းနှင့်ကိုယ်ေ တာ့ ဟုတ်နေသည်ပဲ။ သန်းမိတ္တူဆိုင်လဲ ကိုယ်တော်တွေတရုံးရုံးဆိုတော့ ကြောက်လာဟန်ရှိသည်။ ညနေ 5-နာရီလောက်မှာပဲ ဆိုင်ပိတ်သွားတော့၏။
စီနီယာ ကျောင်းသားကြီးများက တစ်ဆောင်နှင့်တစ်ဆောင် သတင်းပေးဖို့ ချိတ်ဆက်ကြသည်။ ဒီပြဿနာကို ဘယ်လိုရှင်းမလဲ မေးကြည့်သည်။ ပဲခူးဆောင်ကိုမေးကြည့်တော့ အဆောင်မှူး ပေါင်ချိန်ကိုယ်တိုင် မားမားမတ်မတ်ရပ်ပြီး ခုခံမည်ဆို၏။ ကရင်ဆောင်နဲ့ ပဲခူးဆောင်က ကိုယ်တော်များကတော့ သူတို့အဆောင်တွေက အပေါက်ဝနားမှာမို့ ကိန်းသေအထိနာမည်ကို ကြိုသိနေသည့်အတွက် ဘေးအဆောင်များသို့ သွားအိပ်ကြသည်ဆို၏။ အခြားအဆောင်များကို လှည့်မေးကြည့်တော့လဲ ပြန်လည်ခုခံဖို့ ဆုံးဖြတ်ထားကြသည်ဟု သိရသည်။
ဒီလိုဆိုရင် မိမိတို့ စစ်ကိုင်းဆောင်လဲ တိကျတဲ့အဖြေတစ်ခုကို ထုတ်ရတော့ပေမည်။ အဆောင်ရှိသံဃာအားလုံး ဘုရားခန်းအတွင်းသို့ စည်းဝေးပွဲခေါ်လိုက်သည်။ သဘာပတိက ဆရာပေါက်စ ဦးပညာဝံသ။
“ကဲ ကိုယ်တော်တို့ သိကြတဲ့အတိုင်း။ ညကိုးနာရီတဲ့။ အဲဒီတော့ အရှင်ဘုရားတို့အနေနဲ့ အသာတကြည်ပဲ အဖမ်းခံကြမလား။ ပြန်ပဲ ခုခံကြမလား။ အဲဒါ ဆုံးဖြတ်ဖို့ အစည်းအဝေးခေါ်ရခြင်းဖြစ်တယ်” တုန်တုန်ယင်ယင်နဲ့ အားယူပြောရှာသည်။
“ပြန်ချမယ်ဘုရား” ကရင်ကြီးက ထပြောသည်။ မတ်တတ်ရပ်ပြီး ရင်ကော့ပြောသည်။ “တပည့်တော်ကတော့ တံတွေးနဲ့ပဲ ဆွတ်ရဆွတ်ရ၊ လက်သည်းနဲ့ပဲ ဆိတ်လိုက်ရ ဆိတ်လိုက်ရ ပြန်ချမှာပဲ။ အရှင်ဘုရားတို့ကော ကြောက်နေကြသလား”
“ဟုတ်တယ် ဟုတ်တယ် ပြန်ချမယ်” ဘာရယ်မဟုတ်။ ငကြောက်တော့ အဖြစ်မခံနိုင်။ တစ်ညီတစ်ညွတ်တည်း ပြန်ချဖို့ ဆုံးဖြတ်လိုက်ကြသည်။
“ကဲကဲ ဟုတ်ပါပြီ။ ပြန်ချမယ်ပေါ့” သဘာပတိ ဦးပညာဝံသ ဆုံးဖြတ်ချက်ချလိုက်သည်။ “ကဲ ဒါဆိုရင် တစ်ဘက်ရန်သူက သေနပ်တွေပါမယ်။ အင်အားကလဲ များလိမ့်မယ်။ အဲဒီတော့ တပည့်တော်တို့အနေနဲ့ စနစ်တကျ ကြိုတင်ပြင်ဆင်ထားမှဖြစ်မယ် ။ ဒီလို တစ်ယောက်တစ်ပေါက် ပြောနေလို့တော့ မဖြစ်ဘူး။ ကဲ ဘယ်လို ခုခံမလဲဆိုတာ ပြောကြ” သဘာပတိက စစ်ရေးကျွမ်းကျင်သည်ပဲ။
မောင်ရွှေကျင်က “သူတို့ ၀င်လာတာနဲ့ အပေါ်ကနေပြီး ရေနွေးပူနဲ့ လောင်းချမယ်”တဲ့။
အောင်ဘုကတော့ “ဒုတ်တွေ ကိုယ်စီဆောင်ထားမယ်။ နီးရာစစ်သားကို တွယ်မယ်”ဆိုပဲ။ မောင်သောဘိကတော့ “ကင်းစောင့်ချထားဖို့လိုမယ် ။ သူတို့လာပြီဆိုတာနဲ့ သံပုံးတီးအချက်ပေးရမယ်”ဆြို ပီး လေးလေးနက်နက်တင်ပြသည်။ ကရင်ကြီးကတော့ ဘာမှမလိုဘူး လက်သီးနဲ့ထိုးမယ်ဆိုတာချည်း ပဲ
ခဏခဏပြောနေ၏။ ၀ါဝါခေါ် စိန်သီးကတော့ လေးခွနဲ့ ချောင်းထုမည်ဟုဆိုသည်။ ကဲ
ဒီလောက်ဆိုရင် ခုခံလို့ ရနေပြီပဲ။ အဆောင်မှာ လက်မရွံ့တပ်သား
(၃၀)လောက်ရှိနေပြီ။ လုံလောက်ပြီ။
နောက်တစ်ဆင့်အနေနဲ့ အသီးသီးတာဝန်ပေးဖို့နဲ့ နေရာချထားဖို့ လိုလာသည်။ အောင်ဘုကတော့ ဒုတ်တွေ လုံလောက်အောင် ခုတ်ပေးမည်ဟု ဆိုသည်။ တပ်သားများကို ကင်းလှည့်ပေးဖို့က ဆရာကြီးလုပ်တတ်တဲ့ ဦးသောဘိ။ အောင်ဘုကလဲ သူပါ ကင်းလှည့်ဖို့ ကူပေးမည်ဟုဆိုသည်။ ရေးနွေးကြိုဖို့တာဝန်က အဘသီဝလိနဲ့ စိတ်စိတ်။ အပေါ်က ရေနွေးနဲ့လောင်းချမဲ့သူတွေက
စက်ကြီး၊ ရွှေကျင်၊ မိုရီယန်တေးတို့ သုံးဦး။ အောက်ထပ် ခေါင်းဆောင်က
သတ္တိကောင်းတဲ့ ကရင်ကြီး။ အလယ်ထပ်မှာက ရွှေဘိုသား အာဇာနည် မထေရ်ကြီး။
အပေါ်ဆုံးထပ်က ကိုအက်လေးနဲ့ ဂုဏိန်။ အပေါက်ဝကနေ ကင်းစောင့်ပြီး
သံပုံးတီးဖို့က လူမရှိ။ ထိုရာထူးက အသေခံတပ်သားဆိုတာ
လူတိုင်းတွေးတပ်ကြသည်ပဲ။ “ကဲကဲ တွတ်ပီ။ မင်းက အိပ်ရေးပျက်ခံနိုင်တယ်။
မင်းပဲ သံပုံးတီးဖို့လုပ်” “ဟုတ်တယ်” “ဟုတ်တယ်” မောင်သောဘိတို့
မဆီမဆိုင်အကြောင်းပြပြီး ချောက်တွန်းချေပြီ။ ဘာမှ ပြောခွင့်မရလိုက်။
မတတ်နိုင်ချေ။ ပြီးမှသာ ကြည့်ရှောင်ရုံပဲ။ လက်ခံလိုက်ရ၏။
(၇)နာရီထိုးနေပြီ ပြင်ဆင်ချိန်က နှစ်နာရီပဲ ရှိတော့သည်။ ဒုတ်တာဝန်ခံ အောင်ဘုက ကျောင်းရှေ့မှ သြဇာပင်များကို ခုတ်လာပေးသည်။ ကရင်ကြီးကတော့ အောင်ဘုပေးသည့် သြဇာသား ဒုတ်ကြီးဖြင့် လေ့ကျင့်နေသည်။ ရေနွေးကြိုသည့်အဖွဲ့ကလည်း အဆောင်ရှိ ရေနွေးအိုးနဲ့ ဓာတ်ဗူးအားလုံးကို လိုက်ငှါးပြီး ကြိုနေကြပြီ။ တပ်သားများ အိပ်ချင်ပြေအောင် ဦးက၀ိနဲ့ မောင်ဂုဏိန်တို့က လဘက်သုပ်များ၊ ကော်ဖီများ လိုက်လံဝေနေသည်။ မိမိသည်လည်း စတိုခန်းမှ ဆီထည့်သည့် သံပုံးကြီး သစ်ပင်မှာချိတ်ပြီး အသင့်ပြင်ထားပြရသည်။ တစ်ဘက်ကလည်း ပြေးပေါက်ကို ကြည့်ထားရသေးသည်။
သူတို့က လက်နက်တွေနဲ့ ကိုယ့်မှာ ဘာမျှ ရှိသည်မဟုတ်။ ဘိုးတော်ဦးကောင်း ပြောသလို ရှုံးမည်မှန်းကြိုသိနေသည့် စစ်ပွဲကို မတိုက်လို။ သတ္တိမရှိဘူးပဲဆိုဆို ပြေးပေါက်ကိုသာ ရှာနေမိ၏။ တွေ့ပါလေပြီ။ အပေါ်ဆုံး အမိုးပေါ်က ရေစင်ပေါ်တက်သည့် အပေါက်ကြီး။ ဟုတ်ပေသည်။ စစ်သားတွေ ၀င်လာတာ အသံကြားသည်နှင့် အပေါ်ပြေးတက်ရင်း သံပုံးတီးခဲ့မည်။ ပြီးသည်နှင့် ထိုအပေါက်ကနေ အပေါ်တက်ပြီး ရေတိုင်ကီနားမှာ ပုန်းနေမည်။ မည်သည့်စစ်သားမှ ထိုအပေါက်ကို သိကြမည်မဟုတ်။ ကဲ ဘယ်လောက်အကြံပိုင်လိုက်သလဲ။
တပ်မှူး ဦးသောဘိက စာအုပ်ကြီးတကိုင်ကိုင်နဲ့ မြေပုံတွေဘာတွေထောက်ပြပြီး လိုက်ရှင်းပြနေသည်။ ဟုတ်မဟုတ်တော့မသိ။ စစ်ကားဝင်စရာအပေါက်က အရှေ့ဘက်မုခ်ဦးပဲရှိသည်တဲ့ ။
အဲဒီအပေါက်က စစ်ကားဝင်လာတာနဲ့ ကွမ်းယာဆိုင်က မခိုင်နဲ့ သင်းသင်းဆွေစတိုးက
ဒကာမကြီးက ပဲခူးဆောင်ကို ဖုန်းလှမ်းဆက်မည်။ ပဲခူးဆောင်ကမှတစ်ဆင့်
လိုင်းခွဲဖုန်းများဖြင့် အခြားအဆောင်များကို သတင်းပေးမည်ဆို၏။ ထိုမှတဆင့်
မိမိတို့ စစ်ကိုင်းဆောင်သို့ ၀င်လာသည်နှင့် မိမိက သံပုံးတီးရမည်။ အပေါ်က
ရေးနွေးပူများဖြင့် လောင်းချမည်။ ပြီးမှ အောင်ဘု၏ ဒုတ်များဖြင့် အဆင့်ဆင့်
တွယ်ကြရမည်တဲ့။
“ယက်စ် ဆာ။ ယယ်ဒီ”
အလယ်ထပ်မှ ဆူညံဆူညံကြားရ၍ တက်ကြည့်ရသေးသည်။ လက်စသတ်တော့ ရွှေဘိုသား မထေရ်ကြီးက အာဠာဝက ထနေသည်။ ဖြစ်ပုံကဒီလို။ စိတ်စိတ်က လက်နက်တွေနဲ့ စစ်သားတွေကို ခုလို ကာကွယ်မှာ အဓိပ္ပါယ်မရှိဘူးဟု ပွစိပွစိပြောနေ၍ ထုံးစံအတိုင်း ဒေါသပုန်ထပြီး အောင်ဘု၏ သြဇာသားဒုတ်ကြီးဖြင့် ရိုက်မည်တကဲကဲ လုပ်နေသည်ဆို၏။ တပ်မှူး ဦးသောဘိ ရောက်လာပြီး ဒီအချိန်မှာ အချင်းချင်းစည်းလုံးဖို့လို ကြောင်း ဘာညာပြောပြီး သြ၀ါဒပေးသွား၍ ပြီးသွားခဲ့သည်။
အချိန်က ည(၁၀)နာရီခန့်။
“ကလင်---ကလင်----ကလင်” ဟေ့ ရဲဘော်တို့ အားလုံးသတိ။ ဖုန်းလာတယ်။ ဖုန်းကိုင်သူက ပျိုးခင်းကြီး ဦးရေ၀တ။ တဘက်ကစကားပင် နားထောင်ပုံမရ။ “လာပြီတဲ့ဟေ့ လာပြီတဲ့ဟေ့”ဆိုပြီး ကုန်းအော်သည်။ ဘေးအဆောင်မှ သံပုံတီးသံများလည်း ကြားရသည်။ သေချာပြီ။ မိမိလည်း အားကုန်တီးရင် တက်ပုန်းရမည့်နေရာသို့ ဦးတည်ပြေးခဲ့၏။ တက္ကသိုလ်တစ်ဝန်းလုံး ကမ္ဘာပျက်သွားသည့်အလား သံပုံတီးသံများ အော်သံဟစ်သံများဖြင့် ဆူညံနေ၏။
တွေ့ပါလေပြီ မိမိရဲ့ ကယ်တင်ရှင် ထွက်ပေါက်လေး။ တွေ့ပါလေပြီ သတ္တိခဲ တပ်သားများ။ ထိုအပေါက်လေးသို့ အလုအယက်တက်နေကြသည်။ အောင်ဘုဆိုလျှင် သူ့ရှေ့က ကုန်းကုန်းကိုပင် ဆွဲချပြီး လုတက်ခဲ့သည်ဆို၏။ မိမိက အောက်ဆုံးထပ်ကနေ တက်လာရ၍ နောက်ဆုံးဘိတ်ဖြစ်နေ၏။ တော်တော်ပင် တရားရစရာ ကောင်းလှ၏။ သတ္တိခဲများအကုန်လုံး အပေါ်ဆုံးအထပ်မှာချည်း။ တုန်တုန်ယင်ယင် ပုန်းခိုလို့။
ည(၁၂)နာရီလောက်မှာ ဘယ်အဆောင်မှ ၀င်မစီးဘူးဆိုတဲ့သတင်းရသည်။
အမှန်က စစ်ကားများသည် သူတို့စခန်းချရာ မဟနဆောင်များဘက်သို့
သွားခြင်းဖြစ်၏။ ဤသည်ကိုပင် ကွမ်းယာဆိုင်မှ မခိုင်က ပဲခူးဆောင်သို့
ဖုန်းဆက်အကြောင်းကြားလိုက်သ ည်ဆို၏။ ထိုအချိန်ကျမှပင် အားပါးတရ ရယ်မောကြရတော့၏။
တပ်မှူးကြီး မောင်သောဘိ ပျောက်နေပြန်သည်။ ဘယ်များထွက်ပြေးသလဲမသိ။ သူတစ်ပါးတည်းပဲ ၀င်ဆွဲသွားလေသလား။ အဲလိုလဲဖြစ်နိုင်သည်။ သူက ဦးဂမ္ဘီရတို့ထက်ပင် အရေးအခင်းကို ဦးဆောင်ခဲ့လေသူ။ ထင်မြင်ချက်အမျိုးမျိုး။ ရောက်လာပါလေပြီ တပ်မှူးကြီး။ တစ်ကိုယ်လုံး ရေတွေရွှဲလို့။ အပေါ်ထပ်က ရေတိုင်ကီထဲမှာ ရေငုပ်ပြီး ပုန်းနေတာတဲ့။
(တစ်ခါက ရေးထာဖြစ်ခဲ့သော စာစုလေးကို အနည်းငယ်ပြင်ပြီး တင်ပေးလိုက်တာပါ။ မိမိကိုယ်တိုင်ပင် အရေးအသားကို မကြိုက်ပါ။ စစ်ကိုင်းဆောင်က သူငယ်ချင်းများအတွက် အမှတ်တရအနေနဲ့သာ တင်ပေးလိုက်တာပါ
Ref:https://www.facebook.com/photo.php?fbid=1419816848233238&set=a.1408864715995118.1073741828.100006148081559&type=1
ရည်ညွှန်း = ရွှေဝါရောင်တော်လှန်ရေး အမှတ်တရ
ရေးသူ = အရှင်ပညာနန္ဒ (မြိုင်) (ခ) တွတ်ပီ
“ဦးဇင်းရေ--- ဒီည တက္ကသိုလ်ကို ၀င်စီးမှာတဲ့နော်။ ည ကိုးနာရီ။ ကိုးနာရီ”
ဘယ်သတင်းဌာနက ထုတ်လွှင့်လိုက်သည့် သတင်းမှန်းတော့ မသိ။ တက္ကသိုလ်တစ်ခုလုံး မုဟုတ်ချင်း ပျံ့နှံ့သွားခဲ့သည်။
ရွှေဝါရောင်တော်လှန်ရေးကာလအြ
ဟော အခုတော့ ဒို့အလှည့် ရောက်လာပါလေပြီ။ ည ကိုးနာရီတဲ့။ ခိုင်လုံတဲ့ သတင်းရပ်ကွက်က လာတဲ့သတင်း။ စစ်သားတွေကိုယ်တိုင် ဖမ်းမဲ့ကိုယ်တော်တွေစာရင်းစ
သန်းမိတ္တူဆိုင်သို့ မိမိအမည် ပါမပါ သွားမေးကြသည်မှာ စာမေးပွဲ ဂေဇက်ထွက်နေသလား အောက်မေ့ရသည်။ လာကူးသွားတာက နှစ်မျက်နှာတဲ့။ အပေါ်ဆုံးက နာမည်ပဲ မှတ်မိလိုက်သည် ဦးကိတ္တိလို ဘာလိုလိုတဲ့။ ဒါဆို သေချာသွားပီ။ တခါ အပါး(60)ကျော်ဆိုပြီး သတင်းထွက်လာပြန်သည်။ ဇစ်မြစ်ကို မေးမြန်းကြည့်တော့ နှစ်မျက်နှာလာကူးတာဆိုတော့ တစ်မျက်နှာကို ၃၀-ခန့်နဲ့တွက်ရင် အပါး(၆၀)ဖြစ်မည်ဆို၏။ ကိုယ့်တွက်ကိန်းနှင့်ကိုယ်ေ
စီနီယာ ကျောင်းသားကြီးများက တစ်ဆောင်နှင့်တစ်ဆောင် သတင်းပေးဖို့ ချိတ်ဆက်ကြသည်။ ဒီပြဿနာကို ဘယ်လိုရှင်းမလဲ မေးကြည့်သည်။ ပဲခူးဆောင်ကိုမေးကြည့်တော့ အဆောင်မှူး ပေါင်ချိန်ကိုယ်တိုင် မားမားမတ်မတ်ရပ်ပြီး ခုခံမည်ဆို၏။ ကရင်ဆောင်နဲ့ ပဲခူးဆောင်က ကိုယ်တော်များကတော့ သူတို့အဆောင်တွေက အပေါက်ဝနားမှာမို့ ကိန်းသေအထိနာမည်ကို ကြိုသိနေသည့်အတွက် ဘေးအဆောင်များသို့ သွားအိပ်ကြသည်ဆို၏။ အခြားအဆောင်များကို လှည့်မေးကြည့်တော့လဲ ပြန်လည်ခုခံဖို့ ဆုံးဖြတ်ထားကြသည်ဟု သိရသည်။
ဒီလိုဆိုရင် မိမိတို့ စစ်ကိုင်းဆောင်လဲ တိကျတဲ့အဖြေတစ်ခုကို ထုတ်ရတော့ပေမည်။ အဆောင်ရှိသံဃာအားလုံး ဘုရားခန်းအတွင်းသို့ စည်းဝေးပွဲခေါ်လိုက်သည်။ သဘာပတိက ဆရာပေါက်စ ဦးပညာဝံသ။
“ကဲ ကိုယ်တော်တို့ သိကြတဲ့အတိုင်း။ ညကိုးနာရီတဲ့။ အဲဒီတော့ အရှင်ဘုရားတို့အနေနဲ့ အသာတကြည်ပဲ အဖမ်းခံကြမလား။ ပြန်ပဲ ခုခံကြမလား။ အဲဒါ ဆုံးဖြတ်ဖို့ အစည်းအဝေးခေါ်ရခြင်းဖြစ်တယ်”
“ပြန်ချမယ်ဘုရား” ကရင်ကြီးက ထပြောသည်။ မတ်တတ်ရပ်ပြီး ရင်ကော့ပြောသည်။ “တပည့်တော်ကတော့ တံတွေးနဲ့ပဲ ဆွတ်ရဆွတ်ရ၊ လက်သည်းနဲ့ပဲ ဆိတ်လိုက်ရ ဆိတ်လိုက်ရ ပြန်ချမှာပဲ။ အရှင်ဘုရားတို့ကော ကြောက်နေကြသလား”
“ဟုတ်တယ် ဟုတ်တယ် ပြန်ချမယ်” ဘာရယ်မဟုတ်။ ငကြောက်တော့ အဖြစ်မခံနိုင်။ တစ်ညီတစ်ညွတ်တည်း ပြန်ချဖို့ ဆုံးဖြတ်လိုက်ကြသည်။
“ကဲကဲ ဟုတ်ပါပြီ။ ပြန်ချမယ်ပေါ့” သဘာပတိ ဦးပညာဝံသ ဆုံးဖြတ်ချက်ချလိုက်သည်။ “ကဲ ဒါဆိုရင် တစ်ဘက်ရန်သူက သေနပ်တွေပါမယ်။ အင်အားကလဲ များလိမ့်မယ်။ အဲဒီတော့ တပည့်တော်တို့အနေနဲ့ စနစ်တကျ ကြိုတင်ပြင်ဆင်ထားမှဖြစ်မယ်
မောင်ရွှေကျင်က “သူတို့ ၀င်လာတာနဲ့ အပေါ်ကနေပြီး ရေနွေးပူနဲ့ လောင်းချမယ်”တဲ့။
အောင်ဘုကတော့ “ဒုတ်တွေ ကိုယ်စီဆောင်ထားမယ်။ နီးရာစစ်သားကို တွယ်မယ်”ဆိုပဲ။ မောင်သောဘိကတော့ “ကင်းစောင့်ချထားဖို့လိုမယ်
နောက်တစ်ဆင့်အနေနဲ့ အသီးသီးတာဝန်ပေးဖို့နဲ့ နေရာချထားဖို့ လိုလာသည်။ အောင်ဘုကတော့ ဒုတ်တွေ လုံလောက်အောင် ခုတ်ပေးမည်ဟု ဆိုသည်။ တပ်သားများကို ကင်းလှည့်ပေးဖို့က ဆရာကြီးလုပ်တတ်တဲ့ ဦးသောဘိ။ အောင်ဘုကလဲ သူပါ ကင်းလှည့်ဖို့ ကူပေးမည်ဟုဆိုသည်။ ရေးနွေးကြိုဖို့တာဝန်က အဘသီဝလိနဲ့ စိတ်စိတ်။ အပေါ်က ရေနွေးနဲ့လောင်းချမဲ့သူတွေက
(၇)နာရီထိုးနေပြီ ပြင်ဆင်ချိန်က နှစ်နာရီပဲ ရှိတော့သည်။ ဒုတ်တာဝန်ခံ အောင်ဘုက ကျောင်းရှေ့မှ သြဇာပင်များကို ခုတ်လာပေးသည်။ ကရင်ကြီးကတော့ အောင်ဘုပေးသည့် သြဇာသား ဒုတ်ကြီးဖြင့် လေ့ကျင့်နေသည်။ ရေနွေးကြိုသည့်အဖွဲ့ကလည်း အဆောင်ရှိ ရေနွေးအိုးနဲ့ ဓာတ်ဗူးအားလုံးကို လိုက်ငှါးပြီး ကြိုနေကြပြီ။ တပ်သားများ အိပ်ချင်ပြေအောင် ဦးက၀ိနဲ့ မောင်ဂုဏိန်တို့က လဘက်သုပ်များ၊ ကော်ဖီများ လိုက်လံဝေနေသည်။ မိမိသည်လည်း စတိုခန်းမှ ဆီထည့်သည့် သံပုံးကြီး သစ်ပင်မှာချိတ်ပြီး အသင့်ပြင်ထားပြရသည်။ တစ်ဘက်ကလည်း ပြေးပေါက်ကို ကြည့်ထားရသေးသည်။
သူတို့က လက်နက်တွေနဲ့ ကိုယ့်မှာ ဘာမျှ ရှိသည်မဟုတ်။ ဘိုးတော်ဦးကောင်း ပြောသလို ရှုံးမည်မှန်းကြိုသိနေသည့် စစ်ပွဲကို မတိုက်လို။ သတ္တိမရှိဘူးပဲဆိုဆို ပြေးပေါက်ကိုသာ ရှာနေမိ၏။ တွေ့ပါလေပြီ။ အပေါ်ဆုံး အမိုးပေါ်က ရေစင်ပေါ်တက်သည့် အပေါက်ကြီး။ ဟုတ်ပေသည်။ စစ်သားတွေ ၀င်လာတာ အသံကြားသည်နှင့် အပေါ်ပြေးတက်ရင်း သံပုံးတီးခဲ့မည်။ ပြီးသည်နှင့် ထိုအပေါက်ကနေ အပေါ်တက်ပြီး ရေတိုင်ကီနားမှာ ပုန်းနေမည်။ မည်သည့်စစ်သားမှ ထိုအပေါက်ကို သိကြမည်မဟုတ်။ ကဲ ဘယ်လောက်အကြံပိုင်လိုက်သလဲ။
တပ်မှူး ဦးသောဘိက စာအုပ်ကြီးတကိုင်ကိုင်နဲ့ မြေပုံတွေဘာတွေထောက်ပြပြီး လိုက်ရှင်းပြနေသည်။ ဟုတ်မဟုတ်တော့မသိ။ စစ်ကားဝင်စရာအပေါက်က အရှေ့ဘက်မုခ်ဦးပဲရှိသည်တဲ့
“ယက်စ် ဆာ။ ယယ်ဒီ”
အလယ်ထပ်မှ ဆူညံဆူညံကြားရ၍ တက်ကြည့်ရသေးသည်။ လက်စသတ်တော့ ရွှေဘိုသား မထေရ်ကြီးက အာဠာဝက ထနေသည်။ ဖြစ်ပုံကဒီလို။ စိတ်စိတ်က လက်နက်တွေနဲ့ စစ်သားတွေကို ခုလို ကာကွယ်မှာ အဓိပ္ပါယ်မရှိဘူးဟု ပွစိပွစိပြောနေ၍ ထုံးစံအတိုင်း ဒေါသပုန်ထပြီး အောင်ဘု၏ သြဇာသားဒုတ်ကြီးဖြင့် ရိုက်မည်တကဲကဲ လုပ်နေသည်ဆို၏။ တပ်မှူး ဦးသောဘိ ရောက်လာပြီး ဒီအချိန်မှာ အချင်းချင်းစည်းလုံးဖို့လို
အချိန်က ည(၁၀)နာရီခန့်။
“ကလင်---ကလင်----ကလင်” ဟေ့ ရဲဘော်တို့ အားလုံးသတိ။ ဖုန်းလာတယ်။ ဖုန်းကိုင်သူက ပျိုးခင်းကြီး ဦးရေ၀တ။ တဘက်ကစကားပင် နားထောင်ပုံမရ။ “လာပြီတဲ့ဟေ့ လာပြီတဲ့ဟေ့”ဆိုပြီး ကုန်းအော်သည်။ ဘေးအဆောင်မှ သံပုံတီးသံများလည်း ကြားရသည်။ သေချာပြီ။ မိမိလည်း အားကုန်တီးရင် တက်ပုန်းရမည့်နေရာသို့ ဦးတည်ပြေးခဲ့၏။ တက္ကသိုလ်တစ်ဝန်းလုံး ကမ္ဘာပျက်သွားသည့်အလား သံပုံတီးသံများ အော်သံဟစ်သံများဖြင့် ဆူညံနေ၏။
တွေ့ပါလေပြီ မိမိရဲ့ ကယ်တင်ရှင် ထွက်ပေါက်လေး။ တွေ့ပါလေပြီ သတ္တိခဲ တပ်သားများ။ ထိုအပေါက်လေးသို့ အလုအယက်တက်နေကြသည်။ အောင်ဘုဆိုလျှင် သူ့ရှေ့က ကုန်းကုန်းကိုပင် ဆွဲချပြီး လုတက်ခဲ့သည်ဆို၏။ မိမိက အောက်ဆုံးထပ်ကနေ တက်လာရ၍ နောက်ဆုံးဘိတ်ဖြစ်နေ၏။ တော်တော်ပင် တရားရစရာ ကောင်းလှ၏။ သတ္တိခဲများအကုန်လုံး အပေါ်ဆုံးအထပ်မှာချည်း။ တုန်တုန်ယင်ယင် ပုန်းခိုလို့။
ည(၁၂)နာရီလောက်မှာ ဘယ်အဆောင်မှ ၀င်မစီးဘူးဆိုတဲ့သတင်းရသည်။
တပ်မှူးကြီး မောင်သောဘိ ပျောက်နေပြန်သည်။ ဘယ်များထွက်ပြေးသလဲမသိ။ သူတစ်ပါးတည်းပဲ ၀င်ဆွဲသွားလေသလား။ အဲလိုလဲဖြစ်နိုင်သည်။ သူက ဦးဂမ္ဘီရတို့ထက်ပင် အရေးအခင်းကို ဦးဆောင်ခဲ့လေသူ။ ထင်မြင်ချက်အမျိုးမျိုး။ ရောက်လာပါလေပြီ တပ်မှူးကြီး။ တစ်ကိုယ်လုံး ရေတွေရွှဲလို့။ အပေါ်ထပ်က ရေတိုင်ကီထဲမှာ ရေငုပ်ပြီး ပုန်းနေတာတဲ့။
(တစ်ခါက ရေးထာဖြစ်ခဲ့သော စာစုလေးကို အနည်းငယ်ပြင်ပြီး တင်ပေးလိုက်တာပါ။ မိမိကိုယ်တိုင်ပင် အရေးအသားကို မကြိုက်ပါ။ စစ်ကိုင်းဆောင်က သူငယ်ချင်းများအတွက် အမှတ်တရအနေနဲ့သာ တင်ပေးလိုက်တာပါ
Ref:https://www.facebook.com/photo.php?fbid=1419816848233238&set=a.1408864715995118.1073741828.100006148081559&type=1
Sunday, 26 May 2013
Wednesday, 6 February 2013
ဂျပန်ကုတ် (ဟာသ)
(သမီး)--- ပိုက်ဆံ ငါးရာလောက် ပေးပါ အမေ။
(အမေ)---- ဘာလုပ်ဖို့ ငါးရာတောင် တောင်းရတာလဲ ကောင်မရဲ့။
(သမီး)---- ဂျပန်ကုတ် သွားကုတ်မလို့။
(အမေ)----- ရှာရှာဖွေဖွေအေ၊ ညည်းတို့ ခေတ်ကျမှ ပိုက်ဆံပေးပြီး ဂျပန်အကုတ်ခံရတယ်လို့၊ ကြား မကြားဘူးပေါင်၊ ငါ တို့ကတော့ ဗမာပဲ အကုတ်ခံတယ်၊
မှတ်ချက်။ ။ ဂျပန်ကုတ်ဆိုတာ ဆံပင်ပုံစံ တစ်မျိုးဖြစ်ပါသည်။

Wednesday, 12 September 2012
Subscribe to:
Posts (Atom)