ရန်ကုန် ဩဂုတ် ၂၁
လှည်းကူး-ဖောင်ကြီးကားလမ်းပေါ်၌ အစ်ကိုဖြစ်သူ
အား ထွက်ရှာသည့် အမျိုးသမီးငယ်တစ်ဦးအား အမည်မသိ အမျိုးသားတစ်ဦးက
အသုတ်ဆိုင်ပေါ်သို့ဆွဲခေါ်၍
သားမယားအဖြစ်အဓမ္မပြုကျင့်ခဲ့မှုဖြစ်ပွားခဲ့ကြောင်းသိရ သည်။
ဖြစ်စဉ်မှာ
ဩဂုတ် ၁၆ ရက် ည ၁၀ နာရီခွဲက လှည်းကူးမြို့နယ် နန္တိကျေးရွာအုပ်စု
ညောင်ကုန်းကျေးရွာနေ မ..... (၉)နှစ်သည် အစ်ကိုဖြစ်သူအိမ်ပြန်ရောက်
မလာသေးသဖြင့် အစ်ကိုဖြစ်သူအား ထွက်ရှာစဉ် လှည်းကူး- ဖောင်ကြီး ကားလမ်းမပေါ်၌
လူသုံးဦးတွေ့ရှိပြီး နှစ်ဦးမှာ ဆက်လက်၍လမ်းလျှောက်သွားရာ
ကျန်တစ်ဦးဖြစ်သည့် အသားမည်းမည်း၊ နှာခေါင်းပွပွ၊ အရပ်ငါးပေခန့်၊ အသက်
(၃၀)နှစ်ခန့် (လူမြင်လျှင်မှတ်မိ) အမျိုးသားမှ ညောင် ကုန်း
ကျေးရွာအနီးလမ်းဘေးရှိ အသုတ်ဆိုင်ပေါ်သို့ မ.....အားဆွဲခေါ်၍ သားမယားအဖြစ်
အဓမ္မပြုကျင့်ခံခဲ့ရသ ဖြင့် အဆိုပါဖြစ်စဉ်အား
နေအိမ်သို့ပြန်လာ၍အဒေါ်ဖြစ်သူနှင့် မိဘများအားပြောပြခဲ့ရာ ဖခင်ဖြစ်သူမှ
ငါးဆူတောင် နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့သဖြင့် ငါးဆူတောင်နယ်မြေ
ရဲစခန်းက (ပ)၄၁/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၇၆ ဖြင့် အမှု ဖွင့်လှစ်၍
ပြစ်မှုကျူးလွန်သူအား အမြန်ဖမ်းဆီးရမိရေး အတွက်
စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။
Ref: သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း
No comments:
Post a Comment