လှည်းကူးတွင် ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်
ရန်ကုန်၊ ဇူလိုင် ၃၁
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သရက်ကုန်းကျေးရွာတွင်
မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားကာ လူ ၅၆ ဦးကို အဆိုပါ
ကျေးရွာရှိ စွန်းလွန်း တပ်ဦးကျောင်းတွင် ကယ်ဆယ် ရေးစခန်း ဖွင့်လှစ်နေရာ
ချထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစန်းနိုင်ဦး မှ
ပြောကြားသည်။
အဆိုပါကျေးရွာတွင်
ဇူလိုင်လ ၃၀ ရက်နေ့မှစ၍ ရေအမြင့် သုံးပေ အထိ မြင့်တက်ခဲ့ရာ
ကျေးရွာမြေနိမ့်ပိုင်းရှိ အိမ် ငါးလုံး ကြမ်းပြင်အထိ နစ်မြုပ်ခဲ့ပြီး အိမ်
အလုံး၂၀ ခန့် လှေကားထစ်များအထိ ရေတက်သဖြင့် နေထိုင်သူများ၏ ကျန်းမာရေးနှင့်
လုံခြုံရေးကို ရည်ရွယ်ကာ စွန်လွန်းတပ်ဦး ကျောင်းတွင် ကယ်ဆယ်
စောင့်ရှောက်လျက် ရှိကြောင်း၊ ဇူလိုင်လ ၃၁ ရက် နေ့ထိလည်း
မိုးဆက်လက်ရွာသွန်း နေကြောင်း ၄င်းက ထပ်လောင်းပြောကြား သည်။
"မိုးအရိပ်အခြေကို တစ်ရက်နှစ်ရက် စောင့်ကြည့်ပြီး သူတို့ရဲ့နေရာကို
ပြန်ပို့ ပေးမှာ လောလောဆယ်တော့ သူတို့အိမ် တွေကို ရဲတပ်ဖွဲ့က လုံခြုံရေး
ယူပေးထား ပါတယ်" ဟု ၄င်းကရှင်းပြသည်။
ယခင်နှစ်တွင် မိုးကာလတွင်
သရက်ကုန်းကျေးရွာ ရေသည် လူတစ်ဦး၏ ဒူးခေါင်းခန့်သာ ရေတက်ခဲ့သော်လည်း
ယခုနှစ်တွင် ပေါင်အထိ ရေမြင့်တက်ခဲ့ ကြောင်း သရက်ကုန်းကျေးရွာတွင်
နေထိုင်သူ တစ်ဦးက ပြောကြားသည်။
လက်ရှိ ရေဘေး ဒုက္ခသည်များကို
မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး
တို့က အစား အစာများ ထောက်ပံ့ပေးထားပြီး အဆိုပါ ကယ်ဆယ်ရေးစခန်း ရောက်ရှိနေသူ
များသည် ၄င်းတို့နေအိမ်တွင် ရေကျရန် စောင့်ဆိုင်း လျက်ရှိကြောင်း၊
လတ်တလောတွင် အခြား သော အကူအညီများ မလိုအပ်မှု မရှိသေး ကြောင်း
ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။
မိုးအဆက်မပြတ်
ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ ဖြစ်သော မွန်ပြည်နယ်
မော်လမြိုင်နှင့် ဘီးလင်းမြို့နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း
တာချီလိတ်မြို့နယ်၊ မိုင်းတုံ၊ ကရင်ပြည်နယ်၊ မြဝတီ၊ ကော့ကရိတ် မြို့ နှင့်
ရခိုင်ပြည်နယ် တို့တွင်တွင် ဇူလိုင်လ နောက်ဆုံးပတ် အတွင်း ရေကြီးနစ်မြုပ်မှု
များ ဖြစ်ပွားလျက်ရှိသည်။
No comments:
Post a Comment