Friday, 2 August 2013

အနှိပ်ခန်းကို ၀င်ရောက် ဖမ်းဆီးရာမှာ လှည်းကူးသူတစ်ဦး အဖမ်းခံရ

နေပြည်တော်၊ သြဂုတ် ၁

၃၀-၇-၂၀၁၃ ရက်နေ့ ၂၂၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အလှပြင်ဆိုင်ဗန်းပြပြီး တရားမ၀င်အနှိပ်ခန်းဖွင့်လှစ်ဆောင်ရွက်နေကြောင်းသတင်း အရ သက်သေများနှင့်အတူ စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်၊ ပဒုမ္မာလမ်းရှိ ““ရွှေဂုဏ်သူ”” အလှပြင်ဆိုင်အား ၀င်ရောက်ရှာဖွေခဲ့သည်။ 


ထိုသို့ရှာဖွေရာ ဆိုင်အတွင်း ဒလမြို့နယ်၊ ရာဇသင်္ကြန် ရပ်ကွက်နေ ဆိုင်မန်နေဂျာ ထွန်းထွန်းနိုင်(ခ)စိုင်းနောင်(၂၆)နှစ်နှင့် လှည်းကူးမြို့နယ်နေ မ၀ါဇင်ထက် (ခ)မ၀ါ(၂၆)နှစ်ပါ အနှိပ်သမ ၅ ဦးတို့အား အနှိပ်ခန်းလုပ်ကိုင်ရာတွင်အသုံးပြုသည့် အသုံးအဆောင် ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စမ်းချောင်းမြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ရန် စီစဉ်ထားရှိကြောင်း သတင်းရရှိသည်။

Ref: ရဲဇာနည်

No comments: