မြန်မာ- အိုမန်ပွဲတွင် ရမ်းကားသည့် မြန်မာပရိသတ်ကြောင့် နိုင်ငံတကာ ဘောလုံးပွဲများ မြန်မာနိုင်ငံ၌ ကျင်းပခွင့် မရတော့မည်ကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပြောဆိုလိုက်သည်။
mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Saturday, 30 July 2011
Thursday, 28 July 2011
အော်ရယ်ဘီ ခံတွင်းသန့်ဆေးရည် မသုံးစွဲရန် နှိုးဆော်ချက် ထုတ်ပြန်
အော်ရယ်ဘီ (Oral-B) အမျိုးအစား ခံတွင်းသန့်ဆေးရည်ကို မသုံးစွဲဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ အသိပေးနှိုးဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။
အော်ရယ်ဘီ ဆေးရည်ဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့အပြင် ထုတ်လုပ်တဲ့ကုမ္ပဏီကလည်း အဲဒီ ဆေးရည်ကို ပြန်သိမ်းနေတာကြောင့် မသုံးသင့်ဘူးလို့ နှိုးဆော်ချက်က ဆိုပေမယ့် ကျန်းမာရေးနဲ့ ဘယ်လိုမညီညွတ်တာလဲဆိုတာကိုတော့ နှိုးဆော်ချက်မှာ မဖော်ပြထားပါဘူး။

Monday, 25 July 2011
သုံးစီးမြောက် ထိုင်း ရဟတ်ယာဉ်ပျက်ကျ၊ သုံးဦးသေဆုံး
ထိုင်းကြည်းတပ်ပိုင် ဘလက်ဟော့ ရဟတ်ယာဉ် ပျက်ကျပြီးနောက် မနေ့က ထိုင်းလေတပ်ပိုင် ဘဲလ်ရဟတ်ယာဉ် တစီး ထပ်မံပျက်ကျသွားပါတယ်။
ပျက်ကျသွားတဲ့ ဘဲလ် ၂၁၂ ရဟတ်ယာဉ်ဟာ ၁၉ ရက်နေ့က ပျက်ကျတဲ့ ဘလက်ဟော့ ရဟတ်ယာဉ်က ရုပ်အလောင်းတွေကိုသယ်ဖို့ဘန်ကောက်ကနေ ကဲန်ကကျန် သစ်တောကိုအသွား မနေ့က မနက် ၉ နာရီ မိနစ် ၄၀ လောက်မှာ ပျက်ကျခဲ့တာဖြစ်ကြောင်း မြေပြင်ဆက်သွယ်ရေးစခန်းက ပြောတယ်လို့ ထိုင်းရုပ်သံသတင်းဌာန channel 9 က ကြေညာသွားပါတယ်။

Saturday, 23 July 2011
ပဲခူးမြို့မှာ ရေကြီး
ပဲခူးမြို့မှာ မနေ့ကစပြီး ရေစကြီးတယ်။ မိုးရွာသွန်မှုများတာကြောင့်ရယ်။ ဇောင်းတူဆည်ရေ ဖောက်ချတာတွေကြောင့် ပဲခူးမြို့ အနောက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းရပ်ကွက်တွေ ရေမြုပ်ကုန်ပါတယ်။ ရေကြီးလာတဲ့ အတွက် နေထိုင်စရာ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအနေနဲ့ တာဘောင်တွေပေါ်နဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြရပါတယ်။ ရေဘေး ဒုက္ခသည် ပြည်သူတွေအတွက် ပရဟိတ ဆရာတော် ဦးကိတ္တိ ဦးဆောင်ပြီး ထမင်းထုပ်ဝေပေးလျက်ရှိပါတယ်။ ယခုချိန်အထိ တိုးလာတဲ့ ရေဟာ မကျသေးဘဲ ထပ်မံ တိုးလျက်ရှိပါတယ်။
ကိုမိုးသီး ၀ဘ်ဆိုက်မှ ကူးယူဖေါ်ပြပါသည်။
ဘွဲ့လက်မှတ်ရုံများ
စင်္ကာပူတွင် ဘွဲ့အတု၊ လက်မှတ်အတုများအတွက် အရေးယူရသော ကိစ္စများပင် ရှိနေလေပြီ။ Straits Times သတင်းစာတွင် သတင်းများ ဖတ်ရသည်။
၈-၈-၂၀၀၈ နေ့ထုတ်နှင့် ၃၀-၈-၂၀၀၈ နေ့ထုတ် Strait Times သတင်းစာမှ အလိမ်အညာ ဘွဲ့လက်မှတ်များအကြောင်း သတင်းနှင့်ဆောင်းပါးများကို ကျွန်တော် ဖြတ်ပိုင်ဖြတ်ပြီး သိမ်းထားပါသည်။ ထိုအကြောင်း နောက်ပိုင်းရေးသားပါမည်။

Thursday, 21 July 2011
ဦးအောင်ဆန်း၏ နောက်ဆုံးနေ့
ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ ၁ဝ နာရီခွဲ။
မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်းလျက် ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမျှကြည်လင်စွာမမြင်ရ။ မိုးကိုကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင် ကြီးလို ဝိုးဝိုးဝါးဝါးနေသည်။ မိုးသည် ကင်းကင်းလွတ်လွတ်စဲသည်ဟူ၍ မရှိဘဲတဖွဲဖွဲနေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်၊ နောက်စွေ၍နေလေသည်။
လှည်းကူးပညာရေးဝန်ထမ်းများအား ငွေတစ်သိန်းစီ ထုတ်ချေး
လှည်းကူးမြို့နယ်ရှိ ဂျီအီးစီ (ပညာရေး)အသင်းသားများ၏ ပညာ ရေးဝန်ထမ်းများအား ချေးငွေပေးအပ် ပွဲ အခမ်းအနားကို လှည်းကူးမြို့ နယ်၊ မူလွန်ကျောင်း၌ နံနက် ၉ နာရီတွင် ကျင်းပခဲ့ရာ အသင်းသား ပညာရေးဝန်ထမ်းများအား တစ်ဦး လျှင် ကျပ်တစ်သိန်းစီဖြင့် ဆရာ၊ ဆရာမ အယောက် ၁ဝဝ အား ချေးငွေထုတ်ပေးခဲ့ကြောင်းသိရသည်။ ”ကျောင်းဖွင့်ခါစက ကျောင်း ကုန်ကျ စရိတ်တွေကို သူများဆီ က ချေးပြီးသုံးထားရတာ။ အပြင်မှာ ချေးတော့ အတိုးလည်း များတယ်။ ခု ဒီမှာ ချေးတာက အဲဒီကို ပြန်ဆပ် မလို့ပါ။ ဒီအသင်းမှာ ချေးတာက အတိုးနှုန်းလည်း သက်သာပါတယ်” ဟု ငွေချေးသူဆရာမတစ်ဦးက ပြောသည်။ အင်းစိန်မြို့နယ်ရှိ ပညာရေး ဝန် ထမ်းများအား သိန်း ၇ဝ၊ ရွှေပြည် သာမြို့နယ်ရှိ ပညာရေးဝန်ထမ်းများ အား သိန်း ၅ဝ ချေးပေး ခဲ့ပြီးဖြစ် ကြောင်း သိရသည်။ ၄င်းချေးထားသော ငွေများ အား ၁ဝ လအတွင်း အရစ်ကျ ပြန်ဆပ်ရမည်ဖြစ်ပြီး ပြီးသွားလျှင် နောက်တစ်ရစ်ထပ်ချေးနိုင်ကြောင်း အင်းစိန်ခရိုင် ဂျီအီးစီ(ပညာရေး) ဒါ ရိုက်တာအဖွဲ့ဝင်အတွင်းရေးမှူး ဦးစိုးဝင်းက ပြောသည်။
ဇင်မို့မို့အေး
Popular Journal မှ ကူးယူဖေါ်ပြပါသည်။
ဇင်မို့မို့အေး
Popular Journal မှ ကူးယူဖေါ်ပြပါသည်။
အာဇာနည်နေ့တွင် နိုင်ငံအလံကို တိုင်တ၀က်၌ လွှင့်ထူဖို့ မေ့လျော့သွားတဲ့ တိုကျိုမြန်မာသံရုံး
ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးက အလံတိုင်မှာ ၂၀၁၁ ဇူလိုင် ၁၉ ရက် (၆၄ နှစ်မြောက် အာဇာနည်နေ့) က ၂၀၀၈ မြန်မာနိုင်ငံအလံကို တိုင်ထိပ်တွင် လွှင့်ထူထားပါတယ်။ အာဇာနည်နေ့ ရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်များကို ဂုဏ်ပြု အလေးအမြတ်ပြုကာ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအလံများကို တိုင်တ၀က်တွင် လွှင့်ထူလေ့ရှိပါတယ်။ သို့သော်လည်း အစဉ်အလာကို ဖောက်ဖျက်ပြီး အလံကို တိုင်ထိပ်တွင် လွှင့်ထူထားခြင်းဟာ သက်ဆိုင်သူများအနေနဲ့ အလံကို တိုင်ဝက်တွင် လွှင့်ထူဖို့ မေ့လျော့တာလား၊ ဒါမှမဟုတ် မြန်မာအစိုးရကပဲ တိုင်ဝက်တွင် လွှင့်ထူရန်မလို လို့ အကြောင်းကြားတာလားဆိုပြီး စဉ်းစားစရာတွေ ဖြစ်ကုန်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် ဒီလို ဖြစ်တာကတော့ မကောင်းပါဘူး။ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးမထားဘူးဆိုတဲ့ သဘောမျိုးလည်း ဖြစ်သွားတတ်တာ ကိုး။
(Burmatoday မှကူးယူဖေါ်ပြပါသည်။)
(Burmatoday မှကူးယူဖေါ်ပြပါသည်။)
ICC အမြန်ရောက်လိုသူ အငြင်းပွားဖွယ်ရာ ဦးထူးထူးဟန်
ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၀ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၅၈ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး ICC သို့ တက်ရောက်ရန် ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို
မြန်မာစစ်ရာဇ၀တ်ကောင်အဖြစ် ထုတ်ဖော်ဝန်ခံခဲ့ကြောင်း သြစတြေးလျ နိုင်ငံသားဖြစ်နေပြီး မိမိကိုယ်ကို စစ်ထောက်လှမ်းရေး ဗိုလ်ဟောင်းဟု ဆိုထားသူ ဦးထူးထူးဟန်က မဇ္ဈိမကို ပြောသည်။

Wednesday, 20 July 2011
ထူးထူးဟန်၏စကား ယုံကြည်သူ နည်းပါး
ရန်ပိုင် Wednesday, 20 July 2011 16:19
E-mail Print
မြန်မာနိုင်ငံတွင် အနည်းဆုံး လူ အယောက် ၁၀၀ သတ်ဖြတ်ခဲ့သည် ဟူသော သြစတြေးလျနိုင်ငံရောက် ကိုထူးထူးဟန် ဆိုသူ၏ မကြာသေးခင်က ပြောကြားချက်များကို ယုံကြည်ရန် ခက်ခဲသည်ဟု အများက ယူဆနေကြသည်။
သြစတြေးလျနိုင်ငံတွင် ရောက်ရှိနေသူ ကိုထူးထူးဟန် (ဓာတ်ပုံ - AAP သတင်းဌာန)

Sunday, 17 July 2011
သမ္မတအိုဘားမားနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမား တွေ့ဆုံ
အမေရိကန်သမ္မတ ဘရက်အိုဘားမားနဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားတို့ အိမ်ဖြူတော်မှာ တွေ့ဆုံနေစဉ် (ဇူလိုင်လ ၁၆၊ ၂၀၁၁)၊ Official White House Photo by Pete Souza
တိဘက်လူမျိုးတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ အရေးကြီးတယ်ဆိုတာကို တိဘက် ဘာသာရေး ခေါင်းဆောင်ကြီး ဒလိုင်းလားမား (Dalai Lama) နဲ့ အိမ်ဖြူတော်မှာ စနေနေ့ကတွေ့ဆုံစဉ်မှာ အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) က အလေးထား ပြောကြားခဲ့ပါတယ်။
Friday, 15 July 2011
ပါကစ္စတန်မှာ ကာကွယ်ဆေး ဟန်ပြထိုးပြီး ဘင်လာဒင် ရဲ့ DNA ကို စီအိုင်အေ ရယူခဲ့
အမေရိကန် စီအိုင်အေနှင့် နေဗီ ဆီးလ် အဖွဲ့တို့မှ အိုစမာ ဘင်လာဒင် ကို ရှင်းလင်းနိုင်ခဲ့တဲ့အပေါ် ယဉ်ကျေးတဲ့ ကမ္ဘာ့အသိုင်းအ၀ိုင်းက ချီးကျုးခဲ့ကြသည်။ သို့သော်
စစ်ကိုင်းမြို့ ဆရာဝန်-ကျူရှင်ဆရာမှ ကျောင်းသူလေးကို မဟားတရားပြုကျင့်
စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့ ရွာထောင်တွင် တက္ကသိုလ်ဝင်တန်း ဘော်ဒါဆောင် တည်ထောင်ဖွင့်လှစ်ထားသူ အသက် ၄၅ နှစ်အရွယ် ဆရာဝန်က အရွယ်မရောက်သေးသူဒသမတန်း ကျောင်းသူ တစ်ဦးအား အဓမ္မပြုကျင့်မှုကို အမှုဖွင့် စစ်ဆေးနေကြောင်း စစ်ကိုင်းမြို့ ဒေသခံများ၊ မြို့နယ်တပ်ဖွဲ့ ရဲစခန်း၊ အမှတ် (၁) ရဲစခန်းတို့ထံမှ စုံစမ်းသိရှိရသည်။
Wednesday, 13 July 2011
မောင်ထိပ်ကွက်ကို နှိပ်စက်သူ ထောင် ၇ နှစ် ချမှတ်ခံရ
Published on July 13, 2011 by နော်နိုရင်း ·
ဧရာဝတီတိုင်း ဟင်္သာတမြို့က ၉ နှစ်အရွယ် မိဘမဲ့ကလေးငယ် မောင်ထိပ်ကွက် (ခေါ်) စိုးထက်အောင်ကို အပြင်းအထန်နှိပ်စက်သူ ကိုစနိုးကို ဟင်္သာတမြို့နယ် တရားရုံးက ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ပါတယ်။
ဒီနေ့ ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲမှာ အမိန့်ချလိုက်တာလို့ မောင်ထိပ် ကွက်ဘက်က လိုက်ပါဆောင်ရွက်တဲ့ မြို့နယ်ဥပဒေအရာရှိ ဦးမောင်မောင်ကြည်ဝင်းက ပြောပါတယ်။

ခွန်အားအပိုင်းအစလေးများ
Nothing will change unless you do.
မင်း မလုပ်ဘဲနဲ့တော့ ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူး။
မင်း မလုပ်ဘဲနဲ့တော့ ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူး။
Saturday, 9 July 2011
Friday, 8 July 2011
ရိုက်နှက်ညှဉ်းပန်းခံခဲ့ရသည့် မောင်ထိပ်ကွက်နှင့် မေးမြန်းခန်း
DVB မှ July 7, 2011
ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ လျှပ်စစ်မီးပူနဲ့ထိုးတာအပါအဝင် အပြင်းအထန်နှိပ် စက်ခံရလို့ ဒဏ်ရာတွေနဲ့ ဆေးရုံတက်ရတဲ့ ၉ နှစ်အရွယ် မိဘမဲ့ ကလေးငယ်လေးအတွက် ရှေ့နေ မောင်မောင်ကြည်ဝင်းက လိုက်ပါဆောက်ရွက် ပေးနေတယ်လို့ သိရပါတယ်။
Thursday, 7 July 2011
မဇ္စျိမဝံသ မြန်မာရဟန်းတော်များအဖွဲ့ ဖွဲ့စည်း
ဟိန်းဇော် Wednesday, 06 July 2011 11:56
အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားခဲ့သည့် သံဃာတော်များသည် မြန်မာနိုင်ငံတွင် ပြန်လည်အခြေချကာ သာသနာပြု လုပ်ငန်းများစုပေါင်း ပြုလုပ်ရန် အတွက် မဇ္ဈိမဝံသ မြန်မာရဟန်းတော်များ အဖွဲ့ (MMSS) ဟူ၍ ဇူလိုင် ၃ ရက်နေ့က စတင် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။
မဇ္ဈိမဝံသ မြန်မာရဟန်းတော်များအဖွဲ့ တွေ့ဆုံပွဲ (ဓာတ်ပုံ - ဧရာဝတီ)

Wednesday, 6 July 2011
ပြည်သူချစ်သော ဗိုလ်ချုပ်အောင်ဆန်း
မြန်မာတိုင်း သတ္တိသွေးပြရန်အချိန် ဗိုလ်ချုပ်ကြီး ကာနယ်အောင်ဆန်းက မြန်မာပြည် တစ်ပြည်လုံးသို့ အသံလွှင့်ပြောဆိုချက် ကိုင်း အခုလက်တွေ့စမ်းကြည့်မယ်၊ ခုခင်ဗျားတို့ ဒီအခွင့်အရေးတွေရ တော့မယ်၊ယူကြမလား တပ်ထဲဝင်ကြမလားပြောကြစမ်း၊ စစ်ထဲမဝင်ချင်တဲ့လူ တွေများလျှင် မြန်မာပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်ဘူး၊ ရှေ့တန်းက ရာဇဝင်ပြန်ပြောင်းပြောနေတဲ့ယုံတမ်းစကားဖြစ်နေမှာဘဲ၊ ရှေးကမြန်မာသူရဲ ကောင်းတွေ မြေကြီးထဲနေပြီး ရှက်စရာဖြစ်နေမှာ သတိထားကြနော်။''
''အသက်(၁၈)နှစ်ရှိပြီး ကျန်းမာရေးနှင့်၊ ပြည့်စုံလျှင်လက်ခံရန်ရှိခြင်း''
Monday, 4 July 2011
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း
(တနှစ်နှင့်လေးလကြာ နိုင်ပွဲမဲ့ခဲ့ပြီး မွန်ဂိုလီးယားအား ၂း ၀ ဖြင့် ပထမဆုံးနိုင်ပွဲ ပြန်လည်ရရှိခဲ့သော မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအား ၀မ်းမြောက်ဂုဏ်ယူစွာ မှတ်တမ်းတင်ပါသည်။ ၃-၇-၂၀၁၁)
Sunday, 3 July 2011
ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
Published on July 2, 2011 by နော်နိုရင်
လက်ရှိ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြားနိုင်ငံပါတီနဲ့ ဒီနေ့ ရန်ကုန်မြို့မှာ တွေဆုံခဲ့ကြတယ်။
လက်ရှိ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြားနိုင်ငံပါတီနဲ့ ဒီနေ့ ရန်ကုန်မြို့မှာ တွေဆုံခဲ့ကြတယ်။
Saturday, 2 July 2011
လူ့သက်တမ်းကို (၁၀)နှစ်ကျော် ပိုပြီးရှည်စေနိုင်မည့် ဆေးသစ်တွေ့ပြီ
သိပ္ပံပညာရှင်တွေဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်ပြီး လူ့သက်တမ်းကို (၁၀)နှစ်ကျော် ပိုပြီးရှည်စေနိုင်မည့် ဆေးသစ်တစ်မျိုးကို ချီလီနိုင်ငံပိုင် ကျွန်းတစ်ကျွန်းဖြစ်တဲ့ Easter Island မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
Subscribe to:
Posts (Atom)