31 May 2013 05:32
လှည်းကူးမြို.နယ် မရမ်းချောင်းကျေးရွာ အခြေခံပညာ
အထက်တန်းကျောင်းခွဲ ကိုဆောက်လုပ်လှူဒါန်းတဲ့
မေတ္တာပန်း ကျောင်းဆောင်သစ်လွှဲအပ်ပွဲ အခမ်းအနားနဲ့
မေတ္တာရှင် ပရဟိတ စံပြဆုပေးအပ်ပွဲကို အခုလ ၂၉ ရက်နေ့က မရမ်းချောင်းကျေးရွာမှာပြုလုပ်ခဲ့ပါတယ်။
ဒေါ်ညိုမာသက် သတင်းပေးပို.ထားပါတယ်။
Ref: http://www.facebook.com/DVBTVNews?hc_location=stream
mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Friday, 31 May 2013
Thursday, 30 May 2013
မာရ်နတ်မင်းရယ် အားမာန်တင်းကာ၊ ဘုရားကိုယှဉ်တု ပလ္လင်လုပြန်တာ မောင်ထွန်းလွင်(မိုးလေ၀သ) ပြန်လည်ဖေါ်ပြခြင်းစာစု (၄)
အခုတလော
ကျွန်တော် မုန်တိုငးတွေနဲ့ အလုပ်ရှုပ်နေပါတယ်။ မုန်တိုငးတွေဟာ
ကျွန်တော့ဘ၀မှာ ဘယ်လောက်အရေးပါခဲ့တယ်ဆိုတာ ကျွန်တော့်ဘ၀ကိုယ်တွေ့လေး
ပြန်လည်မျှဝေပေးလိုက်ပါတယ်။
မောင်ထွန်းလွင် (မိုးလေ၀သ)
================================================
မာရ်နတ်မင်းရယ် အားမာန်တင်းကာ၊
ဘုရားကိုယှဉ်တု ပလ္လင်လုပြန်တာ
မောင်ထွန်းလွင်(မိုးလေ၀သ)
(ပေါ်ပြုလာဂျာနယ်တွင် ဖေါ်ပြခဲ့သော ဘ၀အတွေ့အကြုံဆောင်းပါး)
ကျွန်တော် ငယ်ငယ်က..ကလေးဘ၀ဟာ အညာမှာကြီးပြင်းခဲ့ရပါတယ်။ အညာက မြို့ကြီး
တစ်မြို့မှာ မိဘများက အခြေချနေထိုင်ပြီး မြို့ကျောင်းမှာထားပေမယ့်
နွေကျောင်းပိတ်ပြီဆိုရင် အဖိုးအဖွားဆွေမျိုးများရှိရာ ရွာကိုတော့
နှစ်တိုင်းပြန်ပါတယ်။ ရွာကိုဘဲပြန်ပြန်၊ မြို့မှာဘဲနေနေ
ကောင်းကောင်းမှတ်မိနေတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ အခုလို မကြာမီရောက်လာ
တော့မယ့် သီတင်းကျွတ်၊တန်ဆောင်တိုင် ကာလမျိုး ဆိုရင် အလှူတွေအတန်းတွေ၊
ကထိန်တွေ ရပ်ကွက်တိုင်း မြို့နယ်တိုင်း ရက်ဆက်မပြတ် ကျင်းပကြာတာ ဖြစ်ပါတယ်။
ရွာကိုပြန်တဲ့ နွေကျောင်းပိတ်ရက်ကာလဆိုရင် တောဓလေ့ သစ်စေ့မျိုးစေ့တွေ
ပေါ်လို့ ရောင်းချအပြီး တောင်သူတွေ ငွေရွှင်ကြတော့ အလှူအတန်းတွေက ပေါမှပေါ။
အခုအထိ ဒီဓလေ့က ရှိနေဆဲပါ။ နွေမှာဘဲဖြစ်ဖြစ်၊ မြိုမှာဘဲဖြစ်ဖြစ်
သေချာတာတစ်ခုကတော့ ပွဲလမ်းသဘင်ရှိပြီ ဆိုတာနဲ့ မနက်အစောကြီး
လော်စပီကာကြီးတွေနဲ့ သီချင်းတွေ ဖွင့်ကြတာပါဘဲ။ ဒီလိုအစောကြီး
(မနက်၎နာရီလောက်က စပါတယ်) သီချင်းတွေဖွင့်တာကို ဘယ်သူကမှ
အပြစ်မမြင်ကြတဲ့အပြင် ဆွမ်းချက်စရာရှိတဲ့လူ၊ တောသွားစရာရှိတဲ့လူ၊
အလုပ်သွားစရာရှိတဲ့လူ စတာတွေက အိပ်ယာကထ၊ ဟဲ..ဟဲ..ကျွန်တော်တို့လို
ငပျင်းတွေကတော့ အိပ်ယာထဲက မထဘဲ ကွေးရင်း ဘုရားပွဲ၊ ကထိန်ပွဲ၊
အလှူမင်္ဂလာဆောင်ကဖွင့်တဲ့ သီချင်းသံတွေ ဇိမ်နဲ့ နားထောင်းရင်းအရာသာခံနေရတာ
အခုပြောရင်းတောင် လွမ်းမိပါတယ်ဗျာ။
ဒီလိုသီချင်းတွေ
ဖွင့်ပြီဆိုရင်လဲ သက်ဆိုင်ရာအလှူရှင်တွေရဲ့ ဖျော်ဖြေရေးတာဝန်ခံ
(ဟဲ..ဟဲ..ဓါတ်စက်ဖွင့် တဲ့သူ ကိုပြောတာပါဗျာ)တွေက မနက်အစောကြီးဆိုတော့
ကြက်သရေမင်္ဂလာရှိတဲ့သီချင်းတွေကိုဘဲ အသေအချာ ရွေးပြီးဖွင့်ကြပါတယ်။
ဒီနေရာမှာ တစ်တိုင်းတစ်ပြည်လုံး ဘယ်နေရာသွားသွား မနက်စောစော ပထမဆုံး
ဖွင့်တဲ့ဓါတ်စက်သီချင်းကတော့ တစ်မျိုးတည်းပါဘဲ။ အဲဒါကတော့ အဆိုတော်ကြီး
(အမေ)မေရှင်ရဲ့ “အောင်ခြင်းရှစ်ပါး”ဘဲဖြစ်ပါတယ်ဗျာ။ ”အောင်ခြင်းရှစ်ပါး…
အသံကြားတဲ့အခါ...”လို့အစချီပြီး ထွက်ပေါ်လာတဲ့ အလွန်သာယာနာပျော်ဖွယ်ရှိပြီး
ကြက်သရေမင်္ဂလာလည်းအလွန်ရှိလှတဲ့ အမေရှင်ရဲ့အသံဟာ မြန်မာတစ်နိုင်ငံ
လုံးရဲ့အသဲစွဲပေါ့။ ကျွန်တော်တို့လို ငချွတ်တွေအနေနဲ့လည်း အမေရှင်ရဲ့
“အောင်ခြင်းရှစ်ပါး”ကို နားထောင် ရပါများလာတော့ မြတ်စွာဘုရားရဲ့
မေတ္တာတရားနဲ့ အောင်နိုင်တော်မူတဲ့ အောင်ခြင်းရှစ်ပါးကို နားထောင်ရင်း
ဘုရားရဲ့တန်ခိုးတော်၊ မေတ္တာလမ်းစဉ်တွေကို ကြည်ညိုသဒ္ဓါပွားရတာလည်း
မှတ်မိနေပါသေးတယ်။
ဒီအောင်ခြင်းရှစ်ပါးထဲမှာ “ဒေ၀ဒတ်”တို့၊
“မာရ်နတ်မင်း”တို့ ဆိုတာ “ဘုရားကိုယှဉ်တု၊ ပလင်လု”ကြတဲ့ လူဆိုးကြီးတွေပေါ့။
အဲဒီကတည်းကစပြီး “မာရ်နတ်”ဆိုတာ ကျွန်တော့်အတွက်တော့ လူဆိုးကြီး၊
သွား..လူဆိုး။
ဒီလိုနဲ့ဘဲကျွန်တော်တို့တတွေကြီးပြင်းလာကြပါတယ်။
ဘ၀ကံဆရာရဲ့စေစားချက်တွေ၊ ဟန့်တားချက်တွေ ကြောင့် အများသူငါလို
ဘ၀မီးရထားကြီးကိုစီးခဲ့ကြရမှာလည်း ကျွန်တော်တို့လို ဗုဒ္ဓဘာသာဝင်တွေ
အတွက်တော့ ပါးပါးလေးပါလို့သာ ဆိုပါရစေတော့။ “ဖြစ်ချင်ရာမဖြစ်၊
မဖြစ်ချင်ရာဖြစ်”လို့ ဆိုကြပေမယ့် ကျွန်တော်ကတော့ “ဖြစ်လာတာကို
ဖြစ်ချင်တာဖြစ်လာအောင်“လုပ်နိုင်ခဲ့တာကြောင့် ဘ၀မှာမဆိုးပါဘူး လို့တော့
ပြောရမှာဖြစ်ပါတယ်။ အဲဒါကတော့ လူ(၁၀၀)မှာ (၉၉)ယောက်လောက်က သဘောမပေါက်
နားမလည်နိုင်တဲ့ ဘ၀ဖြစ်တဲ့ မိုးလေ၀သပညာရှင်ဖြစ်ချင်လာတာပါဘဲ။ ကျွန်တော့်ကို
ဘာဖြစ်လို့ ဖြစ်ချင်ရတာ တုံးလို့မေးရင်တော့..၊ ဟုတ်ကဲ့၊
လုပ်ရင်းလုပ်ရင်းနဲ့ ဒီအလုပ်ရဲ့အရေးပါလာပုံ (ကျွန်တော် တစ်ယောက်တည်း
အမြင်လည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်)တွေကို သိသိလာ တာနဲ့အမျှ ဒီအလုပ်ကို
ပိုပြီး ကျေနပ် လာပါတယ်။ နောက်ပြီးကျွန်တော့ရဲ့
အားနည်းချက်တစ်ခုကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဒါကတော့ ကျွန်တော်ဟာ
တစ်စုံတစ်ခုကို ရွေးရတော့မယ် ဆိုရင် အမြဲအားနည်းတဲ့ဖက်ကိုဘဲ
ဦးစားပေးတတ်တဲ့ ထူးဆန်းပြီးလက်တွေ့မှာ အလုပ်မဖြစ်တဲ့စိတ်ကြောင့် လည်း
ဖြစ်နိုင်ပါတယ်။
ထားပါတော့ဗျာ. ကျွန်တော်ဟာ ဒီလိုနဲ့ဘဲ
မိုးလေ၀သအလုပ်မှာ နှစ်ပေါင်း(၄၄) နှစ်ကြာ လုပ်ဖြစ် ခဲ့ပါတယ်။ အခုတော့
အငြိမ်းစားယူခဲ့ပါပြီ။ လူအတော်များများကလည်း မိုးလေ၀သအလုပ်ကို
ဘာကြောင့်များ အခုလို တစ်ဘ၀လုံးပုံပြီးလုပ်နေခဲ့ရတာလည်းလို့ အခုထက်ထိ
မကြာမကြာမေးတတ်ကြပါတယ်။ မေးသင့် မေးထိုက် တဲ့ မေးခွန်းပါဘဲခင်ဗျ။
ကျွန်တော့်အမြင်ကလေးကတော. ရှင်းရှင်းလေးပါ။ ကုသိုလ်လည်းရ၊ ၀မ်းလည်းဝတဲ့
အလုပ်မို့ပါလို့ဘဲဖြေမိပါတယ်။ သိတဲ့အတိုင်း ၀မ်းဝတယ်ဆိုတာကတော့
မိုးလေ၀သဆိုတာ မိုးရေကိုသာ ပိုင်ဆိုင်နေရတဲ့အလုပ်မို့
ခေတ်ကာလနဲ့ပြောရရင်တော့ မက်လောက်စရာ အူစိုတဲ့အလုပ်တော့ မဟုတ်ပါဘူး။
ဒါပေမယ့် ဒီအလုပ်နဲ့ဘဲ ကျွန်တော်ဟာ ဘွဲ့(၄)ခုရခဲ့တယ်၊
ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင် ခဲ့တယ်။
အလွန်ချစ်စရာကောင်းပြီး ဥာဏ်ရည်ထက်မြက်တဲ့
သားသမီး(၃)ဦးကိုပိုင်ဆိုင်ခဲ့တယ်။ လူသိများတဲ့
မိုးလေ၀သခန့်မှန်းရေးမှူးတစ်ဦးလည်းဖြစ်ခဲ့တယ်။ ကဲဗျာ ဒါတွေအတွက်
ကျွန်တော့ဘ၀တစ်ခု လုံးမှာ ဒီအလုပ်သာလုပ်ခဲ့တဲ့အတွက်
ဒီအလုပ်ကိုကျေးဇူးမတင်ရင် ကျွန်တော်ဘယ်သူ့ကို ကျေးဇူးတင်ရမလဲ၊
ဒါကြောင့်ကျွန်တော်ကျေးဇူးမကန်းပါဘူးခင်ဗျ။ကျေးဇူးတင်ပါတယ်။နောက်
ကုသိုလ်ရတယ်ဆိုတဲ့ကိစ္စ။ ဒါကဒီလိုပါ။ စိတ်ထားတတ်ရင်မြတ်တယ်ဆိုတာလေးကို
အားကိုး ပြောရမှာပါ။ မိုးလေ၀သရဲ့အဓိကတာဝန်က သဘာဝဘေးအန္တရာယ်တွေ
ကြိုတင်ကာကွယ်နိုင်ဖို့ ကြိုတင်သတိပေးရတဲ့တာဝန်ဖြစ်ပါတယ်။ ရည်ရွယ်ချက်
ကတော့ လူတွေရဲ့အသက်အိုးအိမ်၊စည်းစိမ်တွေကို ကာကွယ်ဖို့ပါဘဲ။ ဒီတော့
ကျွန်တော့်ဝန်ထမ်းများကို ကျွန်တော်ကပြောပါတယ်။ “ ဒီဌာနမှာ ဘယ်နေရာ၊
ဘာရာထူးမှာဘဲ လုပ်လုပ် ရည်ရွယ်ချက်ကတော့ တစ်မျိုးတည်းဘဲလို့၊ အဲဒါကတော့
လူတွေရဲ့အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ဘဲ ဆိုတာမမေ့ပါနဲ့။
အဲဒါလေးကို စိတ်ထဲမှာထားပြီး အလုပ်လုပ်တိုင်း သတိရပြီး လုပ်နေရင် မင်းတို့
အခြားကုသိုလ် ကောင်းမှု ဘာမှမလုပ်ဖြစ်ဘူးဘဲထားအုံး၊ ကုသိုလ်တွေကတော့ ရနေပါ
လိမ့်မယ် “ လို့။ ဒါပါဘဲ။
ဒီလိုနဲ့ပေါ့ဗျာ၊
ဌာနမှာ(၄၄)နှစ်ကြာခဲ့ပါတယ်၊ (၁၇)နှစ်သားကနေစလုပ်ခဲ့တာ (၆၂)နှစ်မှာ
အငြိမ်းစား ယူခဲ့တယ်ဆိုပါတော့။ လူပျိုပေါက်ဘ၀ကနေ မြေးနှစ်ယောက်ရဲ့ အဖိုးဘဝ
ရောက်တဲ့ အထိ ဆိုပါတော့။ ဒီလိုနဲ့ မငြိမ်းသေးတဲ့အငြိမ်းစားဘ၀ကို ဆက်လက်
လျှောက်ရ ပြန်ပါတယ်။ အဆင်ပြေတာတွေလည်း ရှိသလို မပြေသေး တာတွေလည်းရှိတယ်
ဆိုပါ တော့ ဗျာ။ ဒီလိုနဲ့ တစ်နေ့တော့ လုပ်စရာလုပ်ငန်းအသစ်လေးတွေ(တကယ်တော့
ခေါင်းစဉ်မရှိဘဲ အစစ်ဆေးခံနေရတာပါ) နဲ့ ပတ်သက်ပြီး အခက်အခဲ ကလေးတွေ
တွေ့တွေ့နေတာကြောင့် မိတ်ဆွေတစ်ယောက်နဲ့ စကားစပ် မိရာက
"ဆရာကတော့
အယုံအကြည် ရှိပါ့မလားမသိဘူး။ ဟိုဟာလေ ကျွန်တော်နဲ့ အသိတစ်ဦး ရှိတယ်။
ဝင်ဒါမီယာမှာနေတာလေ။ ဆွေကြီးမျိုးကြီးထဲက သူဌေးတွေပါဘဲ။ အဲဒါ ဒီလိုနေရင်း
နဲ့ဘဲ အထက်အဖွဲ့အစည်း တွေက စောင့်ရှောက်နေ တယ်လို့ပြောတာဘဲ။ အခု အကြားအမြင်
ဟောတာ အရမ်းနံမည်ကြီးနေတယ်။ ဆရာလိုက်မေးချင်ရင် ကျွန်တော်
လိုက်ပို့ပေးမယ်လေ"
လို့ပြောလာပါတယ်။ သေသေချာချာမေးလိုက်တော့
ကျွန်တော်နဲ့လည်း ရင်းနှီးတဲ့သူ ဖြစ်နေ တဲ့အပြင်
လုံးဝထင်မထားတဲ့သူလည်းဖြစ်နေပါတယ်။ ဒီလိုလူမျိုး ကတော့ ဘယ်လိုမှ လိမ်ညာ
ပြောမယ့်သူ မဖြစ်နိုင်တာကြောင့် စိတ်ဝင်စားသွားမိပါတယ်။
ဒါနဲ့
တိုတိုဘဲ ပြောပါရစေ တော့ဗျာ။ အဲဒီအိမ်ကို ကျွန်တော်တို့ နှစ်ယောက်
ရောက်သွားကြပါတယ်။ သူတို့ကလည်း မတွေ့ရတာကြာပြီ ဖြစ်တဲ့ကျွန်တော့်ကို
တွေ့ကြရတော့ ၀မ်းပန်းတသာနဲ့ ကြိုတင်လည်း အကြောင်းကြား ထားလို့ထင်ပါတယ်။
ညစာတွေဘာတွေတောင် စီစဉ်ထား ကြပါတယ်။ ဒါနဲ့ လိုရင်းပြောရရင်တော့
သူတို့ရဲ့ဟောပြောနေကြ ဘုရားခန်းထဲကို ရောက်သွားတယ် ဆိုပါ တော့ဗျာ။
ဘုရားခန်းထဲရောက်လို့ ဘုရားစင်ရှေ့ထိုင်မိတယ်ဆိုရင်ဘဲ
“ဆရာမေးချင်တဲ့မေးခွန်း(၅)ခုကို ရေးပါဆရာ”
ဆိုပြီး ဗလာစာအုပ်
တစ်အုပ်နဲ့ ဘောလ်ပင်တစ်ချောင်းကို ထိုးပေးပါတယ်။ နောက်တော့ ဟောပြော မယ့်
အသိအမျိုးသမီးက သေသေချာချာဖတ်ပါတယ်။ အလုပ်ကိစ္စ၊ စီးပွားရေး စတဲ့
မေးခွန်းတွေပါဘဲ၊ ဖတ်ပြီးတဲ့နောက် ဘုရားရှိခိုး ပါတယ်။ နောက်ပြီး ပါးစပ်ကနေ
ဆိုင်ရာပိုင်ရာ တွေကို တိုင်တယ်ပါတယ်။ (ပင့်တယ်
ဆိုပါတော့ဗျာ)။
နောက်မကြာပါဘူး။ သူ့ရှေ့မှာချထားတဲ့ စောစောက မေးခွန်း-၅ခု
ရေးထားတဲ့စာမျက်နှာပေါ်မှာ ဘောလ်ပင်နဲ့ စက်ဝိုင်းတွေ အထပ်ထပ်
ရေးခြစ်တော့တာပါဘဲ။ လူကလည်း ယိမ်းထိုးလာပြီး ပါးစပ်ကနေ
အံ့သြစရာကောင်းလောက်တဲ့ ကျွန်တော်နားမလည်တဲ့ ထူးဆန်းတဲ့ဘာသာစကား တွေကို
အကျယ်ကြီး ရွတ်တော့တာပါဘဲ။ တစ်ယောက်ယောက်နဲ့ စကားပြောနေသလိုပါဘဲ။
ရွတ်လိုက်၊ ရေးခြစ်လိုက်နဲ့ တော်တော် ကြာကြာ လုပ်နေပြီးတဲ့နောက် ခဏနေတော့
ငြိမ်သွားပါတယ်။ (စောစောက ၀င်ပူးနေတဲ့ ကိုယ်တော် ထွက်သွားတဲ့သဘောပါဘဲ)။
အဲဒီနောက်မှာတော့ စကားတွေ စပြောပါတော့တယ်။
"
ဆရာ..နေ့စဉ်မှန်မှန် ကန်တော့သလား၊ ကန်တော့ရင်လည်း ဘယ်သူ့ကိုရည်မှန်း
ကန်တော့သလည်း"…တဲ့။ " မှန်မှန်တော့ မဟုတ်ဘူးပေါ့။ မကြာမကြာတော့ ကန်တော့
ဖြစ်ပါတယ်၊ ကန်တော့ရင် ဘုရား၊တရား။သံဃာ ရတနာသုံးပါးပေါ့။ မိဘဆရာ သမားပါ
ဆိုရင်တော့ အနန္တောအနန္တငါးပါးပေါ့.. "
ဘုရားမကန်တော့ဖြစ်တာ
ကြာနေပြီဖြစ်တဲ့ ကိုယ့်ကိုယ်ကို နောင်တရနေမိပါတယ်။ ဖြေချက်ကတော့
ဝါးလုံးရှည်နဲ့ ယမ်းလိုက်တာဘဲ။ ထိတန်ကောင်းပါရဲ့။
" ဘုရားကန်တော့ရင် ဘာတွေ ဆုတောင်းသလဲ"
" ဘာမှတော့ ထွေထွေထူးထူးတော့ မတောင်းမိပါဘူး။ ပြောမိဆိုမိတာတွေကတော့ ခဏခဏ
ဖြစ်တတ်လွန်း တော့ ကျေးဇူးရှိတဲ့လူတွေကို ပြစ်မှားမိတာများရှိခဲ့ရင်
ခွင့်လွှတ်ပါလို့တော့ ဆုတောင်းမိပါတယ် " ဒီနေရာရောက်တော့
မျက်နှာတွေအများကြီး မျက်စိထဲမှာ မြင်ယောင်လာပါတယ်။
" ဘယ်သူ့ကိုများ သပ်သပ်ကိုးကွယ်ဆည်းကပ်ပြီး တိုင်တည်ဆုတောင်းတတ်သလည်း"
" ဘယ်သူရယ်လိုတော့ သတ်သတ်မှတ်မှတ်မရှိလှပါဘူး၊ အဲတစ်ခုတော့ရှိတယ်။ မကြာခဏ
ဟောပြောပွဲတွေ ဟောရတတ်တော့ မယ်တော်သူရသတီနတ်သမီးကို စောင့်ရှောက်ပေးဖို့
တိုင်တည်မိတာတော့ရှိပါတယ်။ ဆုတောင်းတာလည်း ရိုးရိုးပါ။
ပြောဆိုသမျှစကားတွေဟာ မှန်ကန်သောစကား၊ အကျိုးရှိသောစကား၊ အဓိပါယ်
ရှိသောစကား၊ လေးစားမှုကိုခံယူနိုင်သောစကား၊ ဂုဏ်ကိုမြှင့်တင်နိုင်သောစကား
စတာတွေ ပြောဆိုနိုင်အောင် စောင်မပါ..လို့တော့ ဟောပြောပွဲရှိတိုင်း မစခင်မှာ
ဆုတောင်းတတ်ပါတယ် "
" ဟုတ်တယ်။ အဲဒါဘဲ၊ ဆရာ့ကို
ဆိုင်ရာပိုင်ရာနတ်မင်းကြီးတွေက အဲဒါကိုစိတ်ဆိုးနေကြတာ။ ဆရာက သူတို့ကို
မေ့လျော့ထားတဲ့အတွက် စိတ်ဆိုးနေကြလို့ ဆရာ့ကိုသူတို့ကနှောင့်ယှက်နေကြတာ။
ဆရာက ကျေးဇူးတင် ရမယ့်သူတို့ကိုတော့ မေ့ထားပြီး
ဘုရားတွေ၊သိကြားတွေ၊သမာဒေ၀တွေကိုတော့ ကျေးဇူးတင် ကန်တော့နေလို့ ကိုယ်တော်
နတ်မင်းကြီးတွေက အရမ်းစိတ်ဆိုးပြီး နှောင့်ယှက်နေကြတာ"
" ဗျာ"
" ဟုတ်တယ်လေဆရာရဲ့။ လောကမှာ အကောင်းနဲ့အဆိုးဆိုတာ ဒွန်တွဲနေကြတာလေ။ ဆရာက
အကောင်း တွေသာ လောကမှာရှိနေကြတယ်လို့ထင်နေတာလား။ အကောင်းတွေကသာ
လောကမှာတန်ခိုးရှိပြီး အမြဲတန်း အနိုင်ရနေကြတယ်လို့ ထင်နေတာလား"
" ဘုရားရေ"
လုပ်ချလိုက်ပြီ။
" ဆရာလုပ်နေတဲ့အလုပ်ကိုဘဲကြည့်လေ။ ဆရာ့ရဲ့ မိုးလေ၀သအလုပ်ဆိုတာ
မုန်တိုင်းတွေ၊ ရေကြီးတာတွေ၊ လေတိုက်တာတွေ၊ ရေလှိုင်းကြီးတွေတက်တာတွေ၊
ဒါတွေဘဲ လုပ်နေရတာလေ။ ဖြစ်လိုက်ရင်လည်း လူတွေ သေရ၊
အိုးအိမ်စည်းစိမ်တွေဆုံးရှုံးရနဲ့ ဘယ်မှာ
လူတွေကိုကောင်းကျိုးပြုတာတွေချည့်ပါလို့လည်း"
တစ်ခါမှ ဒီလိုမတွေးခဲ့မိပါလားဗျာ။
“ စဉ်းစားကြည့်လေ၊ ဆရာက မုန်တိုင်းတွေနဲ့တော်တော်အကျိုးပေးတာ။
မုန်တိုင်းတစ်လုံးဖြစ်လိုက် ဆရာက နာမည်ကြီးလာလိုက်နဲ့။ ဟုတ်တယ်မဟုတ်လား။
အဲဒီတော့ မုန်တိုင်းဆိုတာ၊ ကောင်းတာလား၊ ဆိုးတာလား။ ဘုရားအလုပ်လား၊
မာရ်နတ်အလုပ်လား။ ကိုယ့်ကိုအကျိုးပေးနေတာ ဘုရားလား၊ မာရ်နတ်လား“။
ကိုယ်ကျိုးတော့ နည်းပြီ၊ ဘုရားကယ်ပါ။ သြော် လုပ်မိပြန်ပြီ။
“
ဒီတော့ ကိုယ့်ကို အကျိုးပြုနေတဲ့သူကိုတော့ မေ့ထားပြီး
အခြားနတ်သိကြားတွေကိုတော့ ကျေးဇူးတင်နေတယ်၊ ရှိခိုးနေတယ်၊ပသနေတယ်ဆိုတော့
ကိုယ်တော်ကြီးတွေကစိတ်ဆိုးပြီး ဆရာ့ကို ဒဏ်ခတ် နှောင့်ယှက်နေကြ တာလေ“
“
ဒီတော့ ကျွန်တော် ဘာလုပ်ရမလဲ ဟင်“ ကျွန်တော့်လေသံဟာ ဘယ်လောက်
ဟာကြူလီငပျော့လေသံ ပေါက်နေပြီး၊ ဘယ်လောက် ခိုကိုးရာမဲ့သူ အသံ
ပေါက်နေမလဲဆိုတာ စဉ်းစားသာကြည့်ကြပါတာ့ခင်ဗျာ။
“ ဒီတော့
ဆရာ့အနေနဲ့ မာရ်နတ်မင်းကြီးနဲ့တကွ အပေါင်းပါနတ်အပေါင်းကို
ဝန်ချတောင်းပန်ပါတယ်၊ မလိမ်မိုးမလိမ်မာမို့ နောင်တွင်မဖြစ်ရအောင်
ကတိပြုပါတယ်။ အခုတွေ့ကြုံနေရတဲ့ အခက်အခဲတွေကိုလည်း ပြေပျောက်အောင်
စောင်မတော်မူပါလို့ ၀န်ချတောင်းပန်ပြီး သုံးကြိမ် ဦးနှိမ်ချကန်တော့ရမယ်၊
နဖူးမြေတိုက် ဦးခိုက်တောင်းပန်တဲ့သဘောပေါ့ “
“ ဗျာ“ “
မာရ်နတ်မင်းရယ် အားမာန်တင်းကာ ၀သ၀တီနတ်ပြည်ကလာ..စစ်ချီကာရန်တွေမူလို့
ဘုရားကိုယှဉ်တု ပလ္လင်လုပြန်တာ….”၊ ငယ်ငယ်ကကြားခဲ့ဘူးတဲ့
အမေရှင်ရဲ့အောင်ခြင်းရှစ်ပါး သီချင်းအသံဟာ တဖြည်းဖြည်းနဲ့.. တဖြည်းဖြည်း….၊
ဟိုး….. အဝေးကြီးမှာ..။
Ref:http://www.facebook.com/tunlwin48/posts/654646701216572
Tuesday, 28 May 2013
လှည်းကူးမှ ဗီဒီယိုသရုပ်ဆောင်များ ပေါ်ထွက်ပြီ
လှည်းကူးမှ ဗီဒီယိုသရုပ်ဆောင်များ ပေါ်ထွက်လာပြီလို့ ဒါရိုက်တာ နောင်မြင့်မိုရ်-ရဲ့ ဘေ့ဘွတ်မှာ တင်ပြထားတာကို တွေ့ရှိရပါတယ်။ အမျိုးသားသရုပ်ဆောင်တစ်ယောက်နဲ့ အမျိုးသမီး သရုပ်ဆောင်တစ်ယောက်တို့ပါ။
လှည်းကူးက သရုပ်ဆောင်သစ်များရဲ့ အနုပညာအားထုတ်မှုကိုတော့- အသံလေးသာကြားပါရစေ-ဆိုတဲ့ ဇာတ်ကားမှာ တွေ့ရမှာဖြစ်ပါတယ်။
သို့သော်လည်း သရုပ်ဆောင်သစ်များရဲ့ နာမည်များကိုတော့ တရားဝင် ပြောဆိုထားခြင်းမရှိပါဘူး။
လှည်းကူးက သရုပ်ဆောင်သစ်များရဲ့ အနုပညာအားထုတ်မှုကိုတော့- အသံလေးသာကြားပါရစေ-ဆိုတဲ့ ဇာတ်ကားမှာ တွေ့ရမှာဖြစ်ပါတယ်။
သို့သော်လည်း သရုပ်ဆောင်သစ်များရဲ့ နာမည်များကိုတော့ တရားဝင် ပြောဆိုထားခြင်းမရှိပါဘူး။
လှည်းကူးက သရုပ်ဆောင်သစ် “အသံလေးသာကြားပါရစေ” ဇာတ်ကားမှ ဇာတ်ဝင်ခန်းမှ
Ref: http://www.facebook.com/filmdirector.naungmyintmo?hc_location=stream
"ကောင်းကင်မေမေ" မောင်ထွန်းလွင် (မိုးလေ၀သ)
စင်္ကာပူမှာ ဟောခဲ့ရတဲ့ စာပေဟောပြောပွဲအမှတ်တရ
ပြန်လည်ဖေါ်ပြခြင်းစာစု(၂)
စင်္ကာပူ ရောက်တုံးရောက်ခိုက် လွန်ခဲ့တဲ့ (၂)နှစ်ကျော်လောက်က စင်္ကာပူမှာ ဟောခဲ့ရတဲ့
စာပေဟောပြောပွဲကို အကြောင်းပြုပြီး လူငယ်ထုအတွက် ကျွန်တော် မျှဝေချင်တဲ့ စကားလေတွေ ရှိနေတာကြောင့် .....
မောင်ထွန်းလွင် (မိုးလေ၀သ)
"ကောင်းကင်မေမေ"
မောင်ထွန်းလွင် (မိုးလေ၀သ)
ကျွန်တော့ရဲ့ ပထမဆုံး ပြည်ပစာပေဟောပြောပွဲ
ပထမဆုံး ပြည်ပစာပေဟောပြောပွဲအဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ
စင်္ကာပူနိုင်ငံကို ကျွန်တော် သွားဖြစ်ခဲ့ပါတယ်။ တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။
စာပေမိတ်ဆွေကြီးတွေဖြစ်တဲ့ ဆရာမောင်စိန်ဝင်း(ပုတီးကုံး)၊ ဆရာအော်ပီကျယ်၊
ဆရာမြင့်မောင်ကျော် တို့နဲ့အတူ ဖြစ်ပါ တယ်။ ကျွန်တော့်အတွက်တော့
ရေငတ်တုံးရေတွင်းထဲကျ ဆိုသလိုပါပဲ။ ဘာပြုလို့လည်း ဆိုတော့ စင်္ကာပူမှာ
ကျောင်းတက်နေကြတဲ့ သားရယ်၊ သမီးရယ်၊ သူတို့ကို လိုက်စောင့်ရှောက် ပေးနေတဲ့
ဇနီးရယ် ရှိနေကြတယ်လေ။ သူတို့က ကျွန်တော့်ကို လာဖို့ခေါ်နေကြတာ ကြာလှ ပါပြီ။
အခုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်တာရယ်၊ နောက်ပြီး
ပြည်ပစာပေဟောပြောပွဲ အတွေ့အကြုံ ရယူချင်တာရယ်၊ တကယ့်ကို
အခွင့်အရေးတစ်ရပ်ပါပဲ။
ဦးတည်ချက်ချင်းတူကြရင် ဆုံမှတ်ဆိုတာ ရှိတတ်ပါတယ်။
ကျွန်တော်တို့အထဲမှာ ဆရာမောင်စိန်ဝင်း(ပုတီးကုံး)ရယ် ဆရာအော်ပီကျယ်ရယ်
ကတော့ စင်္ကာပlပရိတ်သတ်တွေနဲ့ ကျွမ်းဝင်ပြီးသား၊ ပရိတ်သတ်အခိုင်အမာရှိပြီးသား
ဆရာတွေပါ။ ကျွန်တော် နဲ့ ဆရာမြင့်မောင်ကျော်တို့သာ ပထမဆုံးအကြိမ်
စာပေဟောပြောသူတွေ ဖြစ်ပါ တယ်။ ဒီစာပေဟောပြောပွဲရဲ့ ထူးခြားချက်ကတော့
အကြောင်းအရာဦးတည်ချက်က တစ်ခုတည်း သာ ဖြစ်ပါတယ်။ Save the Ayeyarwady
အကြောင်းပဲဖြစ်ပါတယ်။ နောက်ခံမတူကြတဲ့ ဟောပြောသူ(၄)ဦးဟာ မိမိကျွမ်းဝင်ရာ
နယ်ပယ်အသီးသီးမှ အမြင်တွေနဲ့ ဧရာဝတီကို ကာကွယ် ဟောပြောကြတဲ့
ပွဲလည်းဖြစ်ပါတယ်။ ဆရာမောင်စိန်ဝင်းက ကဗျာလေးတွေရွတ်လိုက် ရသလေး တွေ
ပေးလိုက်၊ ရင်ချင်းဂျက်ပင်ဆက်ပြီး ဟောလိုက်၊ တကယ့်ကို ကဗျာအက်ဆေးပါပဲ။ ဆရာ
အော်ပီကျယ်က စင်္ကာပူရောက်မှ လတ်တလောရေးဆွဲထားတဲ့ ကာတွန်းသစ်လေးတွေပြလိုက်
အသောလေးတွေဖေါက်လိုက် တစိမ့်စိမ့်တွေးရင်း တသိမ့်သိမ့် ကျန်ခဲ့စေတဲ့
ကာတွန်းအက်ဆေး ပေါ့။ ဆရာ မြင့်မောင်ကျော်ကတော့ ဒီဇိုင်းနာပီပီ အပြောမဟုတ်
အလုပ်သက်သေ ဆိုတဲ့အတိုင်း မြစ်ဆုံဒေသဖြစ်တဲ့ ကချင်ပြည်နယ်အတွင်း
ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်အဖုံဖုံ အဖြစ်သနစ်အစုံ တွေကို ဓါတ်ပုံတွေနဲ့
တစ်လွှာချင်း၊ တစ်ကွက်ချင်း ပြသတဲ့ ဖိုတိုအက်ဆေးပါပဲ။ မြန်မာနိုင်ငံရဲ့
သမိုင်းတစ်ခုလို့တောင် ဆိုနိုင်ပါရဲ့။ ကျွန်တော်ကတော့
ရာသီဥတုပြောင်းလဲမှုရှုထောင့် နဲ့ သိပ္ပံအမြင်
ပတ်ဝန်းကျင်ရေးရာထိခိုက်လာနိုင်မှုကို ဖြစ်ပျက်ခဲ့ပြီးတဲ့ သာဓကအချက်လက်နဲ့
တင်ပြတဲ့ သိပံ္ပအထောက်အထားအက်ဆေး ဆိုပါတော့။
တုံ့ပြန်မှုအားကောင်းလှတဲ့ ဟောပြောပွဲ။
ဟောပြောပွဲဟာ လှပတဲ့ ပွဲလေးတစ်ပွဲဖြစ်ခဲ့ပါတယ်။ အောင်မြင်ခဲ့ပါတယ်။
ဟောပြောပွဲ ကြေငြာ အပြီး (၂)ရက်အတွင်း ဟောပြောပွဲလက်မှတ်တွေ
ကုန်သွားခဲ့လို့ လက်မှတ်တွေ ၀ယ်မရ ဖြစ်ခဲ့ ကြရပါတယ်။
လက်မှတ်မရလို့မကြည့်လိုက်ရသူတွေ အများကြီးဖြစ်ခဲ့ပါတယ်။ ဟောပြောပွဲ အပြီး
ပရိတ်သတ်တွေ ၀ိုင်းဝိုင်းလည်နေတဲ့ ဟောပြောသူ ဆရာတွေကို အချိန်နဲ့လုပ်ရတဲ့
ခန်းမ အတွက် ပွဲကိုမနည်း ဖြတ်ယူခဲ့ရပါတယ်။ ဧရာဝတီဆိုတာ
မြန်မာပြည်သူပြည်သားတွေရဲ့ အသည်းနှလုံးလေ။
ပွဲပြီးမီးသေမဟုတ်တဲ့ လေးစားစရာ စင်္ကာပူ ပရိတ်သတ်။
ဟောပြောပွဲပြီးသွားတဲ့နောက် ကျန်ဆရာ(၃)ဦးကတော့
(၂)ရက်(၃)ရက်နားပြီးတဲ့နောက် မြန်မာနိုင်ငံကို ပြန်သွားကြပါတယ်။
ကျွန်တော်ကတော့ သား၊သမီး(၂)ဦးနဲ့ ဇနီးသည်ပါ ရှိနေတာ ကြောင့် မပြန်သေးပဲ
ချန်နေရစ်ပါတယ်။ အဲဒီမှာ စင်္ကာပူမှာရှိနေကြတဲ့ လူငယ်စာပေ၀ါသနာရှင် တို့ရဲ့
အံ့သြလေးစားစရာ စာပေစိတ်ဓါတ်ကြောင့် နောက်ဆက်တွဲ တွေ့ဆုံပွဲ(၃)ပွဲလောက်
ကျင်းပခဲ့ရပါသေးတယ်။ ပထမ တစ်ပွဲကတော့ စင်္ကာပူရောက်နေကြတဲ့
လူငယ်အင်ဂျင်နီယာများ နဲ့တွေ့ဆုံပွဲ ဖြစ်ပါတယ်။ ဒုတိယပွဲကတော့ စင်္ကာပူမှာ IT
ကုမ္ပဏီလုပ်ငန်းတွေမှာ အလုပ်လုပ် နေကြတဲ့ လူငယ်တွေနဲ့ ကျောင်းတက်နေကြတဲ့
လူငယ်အုပ်စုဖြစ်ပါတယ်။ နောက်ဆုံးတစ်အုပ်စု ကတော့ ပရဟိတလုပ်ငန်းနဲ့ NGO
လုပ်ငန်းလုပ်နေကြတဲ့ အဖွဲ့အစည်းတွေက လူငယ်တွေပဲ ဖြစ်ကြပါတယ်။
အဲဒီတွေ့ဆုံပွဲတွေမှာတော့ လူငယ်တွေနဲ့ စကားတွေ တော်တော်စုံစုံ ပြောဖြစ်
ကြပါတယ်။
လွဲချော်နေတာလေးတစ်ခု။
အားလုံးရဲ့ စကားတွေအရ
သူတို့တစ်တွေမှာ စာပေချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ နိုင်ငံတိုးတက်လိုစိတ် တွေ
ရှိနေတာကို အထင်းသား တွေ့ရပါတယ်။ နောက်ပြီး အများအားဖြင့်လည်း
ကိုယ့်နိုင်ငံမှာပဲ ပြန်အလုပ် လုပ်ချင်ကြပါတယ်။ စကားဝိုင်းအပြီးမှာ
လူငယ်တစ်ဦးက ကဗျာဆန်ဆန် စာတစ်ပိုဒ် ကို ရွတ်ဆိုလိုက်ပါတယ်။ ဒီကဗျာကို
ကြားရတော့ ကျွန်တော် စိတ်မကောင်း ကြီးစွာ ဖြစ်သွားရပါ တယ်။ လူငယ်
ရွတ်လိုက်တဲ့ စာပိုဒ်ကတော့ “ဒို့..တိုင်းပြည်မှာ အမြဲစိမ်းတော
တွေလည်းရှိတယ်၊ တောင် တွေလည်းရှိတယ်၊ မြစ်တွေလည်းရှိတယ်၊ သစ်
တွေလည်းရှိတယ်၊ ကမ်းရိုးတန်း တွေလည်းရှိတယ်၊ ဆီးနှင်:ဖုံးတဲ့တောင်တန်း
တွေလည်းရှိတယ်။ ကျောက်သံတွင်းထွက် တွေလည်းရှိတယ်၊ ရေနံဓါတ်ငွေ့
တွေလည်းရှိတယ်၊ သီးနှံထွက်ကုန် တွေလည်းရှိတယ်၊ မရှိတာက ငါတို့ပဲ” တဲ့လေ။
အတောင်ဖြန့် ပျံသန်းနိုင်ဖို့ ကျယ်ပြန့်တဲ့ကောင်းကင်လိုပါတယ်။
လူငယ်တွေက ကျွန်တော့ကို တိုက်ရိုက်မေးခွန်းတစ်ခု မေးကြပါသေးတယ်။ သူတို့
အခုလို ကိုယ့်တိုင်းပြည်မှာမနေပဲ သူများနိုင်ငံမှာ လာအလုပ်လုပ်နေတာ
မှားပါသလား တဲ့။ အပြစ် ရှိသလားတဲ့။ ဒါပေါ့ဗျာ။ လူငယ်စိတ်ဓါတ်ဆိုတာ။
ရိုးသားတယ်၊ ရှင်းလင်းတယ်။ ကျွန်တော်က လူငယ်တွေနဲ့ပတ်သက်တဲ့
ဆုံးမစကားလေးတစ်ခုကို သတိရလာမိပါတယ်။ မင်းမှာ ရှိနေတဲ့
အတောင်ကိုဖြန့်မကြည့်ပဲနဲ့ ဘယ်လောက် အမြင့်အထိ ပျံနိုင်တယ်ဆိုတာကို
မင်းဘယ်တော့မှ သိမှာမဟုတ်ပါဘူးတဲ့။ ဟုတ်ပါတယ်။ လူငယ်ဆိုတာ
မိမိရဲ့အတောင်ကိုဖြန့်ကြည့်ရမယ်၊ ပျံသန်းကြည့်ရမယ်။ ဒီအတွက်
စွန့်စားရဲရမယ်၊ သတ္တိရှိရမယ်။ ဒါဟာ လူငယ်စိတ်ပါပဲ။ ဒါပေမယ့် အတောင်ဖြန့်
ပျံသန်းကြည့်ဖို့ နုပျိုတဲ့အရွယ် နဲ့ ကျယ်ပြန့်တဲ့ကောင်းကင်ရှိဖို့
လိုတယ်လေ။ ဒါကြောင့် မိမိရဲ့ နုပျိုမှု အရွယ်မလွန်ခင် ၊ ကျယ်ကျယ်ပြန့်ပြန့်
ပျံသန်းကြည့်နိုင်မယ့်ကောင်းကင် ရှိရာကိုလာပြီး ပျံသန်းရတာ ဖြစ်လို့
အပြစ်မရှိပါဘူး လို့ ကျွန်တော်ပြန်ပြောဖြစ်ပါတယ်။
သတိထားလိုက်မိတဲ့အတွင်းစိတ်ကလေးတွေ။
ပြည်ပရောက်နေကြတဲ့ လူငယ်အုပ်စု(၃)စုထဲက တွေ့လိုက်ရတာကတော့ သူတို့တစ်တွေရဲ့
အတွင်းစိတ် ကလေးတွေကို သတိပြုလိုက်မိပါတယ်။ ဒါကတော့ သူတို့ အားလုံးမှာ
အမိနိုင်ငံ အတွက် ဂုဏ်ယူလိုစိတ်လေးတွေ ရှိနေကြတယ် ဆိုတာပါပဲ။ ကျွန်တော့ရဲ့
ဟောပြောချက်တွေ မှာ ကျွန်တော့ရဲ့ တစ်ဘ၀တာ လေ့လာချက်တွေ၊ လုပ်ငန်း
အတွေ့အကြုံတွေ၊ ကိုယ်တွေ့ အသိတွေ ထည့်သွင်းဟောပြောဖြစ်ပါတယ်။ လူငယ်တွေ
တော်တော်သဘောကျ နှစ်ချိုက်ကြ တာကို တွေ့ရပါတယ်။ အခြားဟောပြောပွဲတွေမှာလည်း
အများအားဖြင့် နှစ်ချိုက်သဘောကျ ကြပါတယ်။ ဒါပေမယ့် စင်္ကာပူမှာတော့
လူငယ်ပရိတ်သတ်တွေက ဒီထဲကအချက်အလက်တွေကို ကမ္ဘာက သိသွားသည်အထိ
ပုံနှိပ်ဖြန့်ဝေဖို့ကို ကျွန်တော်နေတဲ့အိမ်အထိ လာရောက် အကြံပြု ကြပါတယ်။
နောက်ပြီး ကျွန်တော့ရင်ကို သိမ့်တုန်ရိုက်ခတ်စေတဲ့ စကားတစ်ခွန်းကို
ပြောသွား ကြပါတယ်။ “ကျွန်တော်တို့နိုင်ငံမှာ ဒီလိုပညာရှင်မျိုးရှိတယ်
ဆိုတာကို ကျွန်တော်တို့ အလွန် ဂုဏ်ယူပါတယ်” တဲ့လေ။
ကောင်းကင်မေမေ။
ဒီစကားလေးဟာ ကျွန်တော့်ရင်ကို အရှိန်ပြင်းစွာရိုက်ခတ်သွားစေပါတယ်။
ကျွန်တော်ဟာ ဗုဒ္ဒဘာသာဝင်မြန်မာလူမျိုးဖြစ်တဲ့အတွက် ကိုယ့်အကြောင်း
ကိုယ်မပြောအပ်ဘူး၊ မကြွားဝါ အပ်ဘူး။ ကိုယ်ရည်သွေးစကား မပြောအပ်ဘူး ဆိုတာ
သဘောပေါက် နားလည်ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်
မပြောလို့မဖြစ်ပါဘူး။ ပြောခွင့် ပြုစေလိုပါတယ်။ မပြောရင် ကျွန်တော့ဘ၀ရဲ့
ကျေးဇူးရှင်တစ်ဦးကို ကျေးဇူးမဆပ်ရာ၊ ကျွန်တော့်ဘ၀ရဲ့ အာဇာနည်တစ်ဦးကို
ဂုဏ်မပြုရာ မလေးစားရာ ကျရောက်သွားမှာ စိုးလို့ဖြစ်ပါတယ်။ အဲဒါကတော့
ကျွန်တော် ဒီလို အပြောခံရတဲ့ ဘ၀မျိုးရောက်လာအောင် ကျွန်တော့ကို
ခေါင်းရွက်ဈေးသည်ဘ၀နဲ့ ဈေးရောင်းပြီး ကျောင်းထားပေးခဲ့တဲ့၊
အဆင်းရဲအမျိုးမျိုးခံ ဘ၀ကိုရုန်းကန်ပြီး အံကြိတ်ပညာသင်ပေးခဲ့တဲ့ ကျွန်တော့
ကျေးဇူးရှင် မွေးမိခင်ကြီးပဲ ဖြစ်ပါတယ်။ ကျွန်တော် ဂုဏ်အပြုခံရလေ
ကျွန်တော့်အမေ ရဲ့ အနစ်နာခံရကျိုးတွေနပ်လေ၊ အမေ့ရဲ့ဂုဏ်သိက္ခာတွေ တက်လေ
မဟုတ်ပါလားဗျာ။
အမေဟာ ကျွန်တော့အတွက် ထာဝရကျေးဇူးရှင်၊
အမေဟာ မြန်မာအမျိုးသမီးများကိုယ်စားပြု စံပြမိခင်ကောင်းအာဇာနည်။
အမေဟာ ကျေးဇူးတွေအနန္တနဲ့မို့ အမေ့ရဲ့ ကျေးဇူးတော် အမိုးအောက်က ကျွန်တော် ဘယ်လိုမှ မလွတ်နိုင်တဲ့ ကောင်းကင်မေမေ။
ဘ၀တစ်ပါးက အမေ ၀မ်းမြောက်နိုင်ပါစေ။
မောင်ထွန်းလွင် (မိုးလေ၀သ)
၁၂-၁၂-၂၀၁၁
မှတ်ချက်။ အခုတော့ မြန်မာပြည်မှာ ကျယ်ပြန့်တဲ့ ကောင်းကင်ကြီးကို စမြင်ရစပြုနေပါပြီ။
Ref: http://www.facebook.com/tunlwin48/posts/653455011335741
Monday, 27 May 2013
မောင်ထွန်းလွင် (မိုးလေ၀သ)ရဲ့ "ငယ်ချစ်....နှင့်"
ကျွန်တော့်အိမ်ထောင်ဖက်အကြောင်း မေးကြလွန်းတဲ့သူတွေအတွက်….။
ပြန်လည်ဖေါ်ပြခြင်းစာစု။
၂၇-၅-၂၀၁၃
ခေတ္တ စင်္ကာပူ။
လူတွေဟာ အရွယ်ရောက်လာကြတာနဲ့အမျှ ကြင်ဖေါ်ကြင်ဖက်ကိုရှာပြီး
အိမ်ထောင်ရက်သား ပြုကြတာ များပါတယ်။ တမိသား နဲ့ တမိသား၊ အဖေမတူ အမေမတူသူ
နှစ်ဦး အိမ်ထောင်ရက်သား ကျကြပြီးတဲ့နောက် အဲဒီအိမ်ထောင်ကို မပျက်စီး
မပြိုကွဲကြရလေအောင်ထိန်းသိမ်းရတာ လွယ်သလားဗျာ။ စိတ်တူကိုယ်တူ
နှစ်ဥိးဆိုရင်တော့လည်း ငါးခြောက်ဆိုဖုတ်ပြီးသားမို့ ဘာပြောစရာ လိုမလည်း
ပေါ့ဗျာ။ ဒါပေမယ့် အားလုံးဟာ ဒီလိုမဟုတ်ကြဘူးလေ။ အိမ်ထောင်ကျကြပြီးမှ
ညှိယူရတဲ့ကာရန်တွေ များနေတတ်တဲ့ အိမ်ထောင်သည်တွေလည်း ဒုနဲ့ဒေးပါ။ အဲဒီလို
တစ်ဦးနဲ့တစ်ဦး အရာရာ မတိုက်ဆိုင်ကြတဲ့ သူ(၂)ဦး
အိမ်ထောင်ဖက်ဖြစ်လာကြပြီးတဲ့နောက် ဒီအိမ်ထောင်ကို တည်မြဲအောင်
ဘယ်လိုထိန်းကြမလဲ။ ကျန်တော့် အိမ်ထောင်သက်(၃၃)နှစ်အတွင်း ကျွန်တော့်ရဲ့
ကိုယ်တွေ့လေးတွေအပေါ် အခြေပြုပြီး ကျွန်တော့်ရဲ့ အိမ်ထောင်ရေးဒဿနကို
အိမ်ထောင်ရှင်လူငယ်များအတွက် မျှဝေပေးလိုက်ပါတယ်။
အဲဒါ အချစ်လို့ခေါ်တယ်
မောင်ထွန်းလွင် (မိုးလေ၀သ)
မောင်ထွန်းလွင် (မိုးလေ၀သ)ရဲ့ "ငယ်ချစ်....နှင့်" စာအုပ်မှ။
ကျွန်တော့်ဇနီးကို ကျွန်တော် ပြည်ပနိုင်ငံကြီးတစ်ခုမှာ ၁၉၇၃
ခုနှစ်လောက်မှာ စတင်တွေ့ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်က အစိုးရရဲ့
ခွင့်ပြုချက်နဲ့ အဲဒီနိုင်ငံကြီးကို ပထမဆုံးအကြိမ်အဖြစ်နဲ့
ပညာတော်သင်သွားရတဲ့အကြိမ်ပေါ့။ အဲဒီအချိန်မှာ အဲဒီနိုင်ငံရဲ့
သတင်းဌာနကြီးတစ်ခုမှာ တာဝန်ထမ်းဆောင်ရင်းနဲ့ သူတို့ မိသားစုက ကျွန်တော့်ထက်
အရင် နှစ်နှစ်လောက်ကတည်းက ရောက်နှင့်နေခဲ့ကြတာပါ။ ဒီခရီးဟာ ကျွန်တော့်ရဲ့
ပထမဆုံးပြည်ပခရီးလည်း ဖြစ်နေတာကြောင့် ကျွန်တော်ဟာ တကယ့်ကို
တောသားမြို့ရောက် ပါပဲ။ အရာရာဟာ အထူးထူး အဆန်းဆန်းချည်းပါပဲ။
အတွေ့အကြုံကလည်း မရှိ၊ အသိအကျွမ်းကလည်း မရှိ၊ ဘာဆိုဘာမှ မသိ နတ္ထိ။
မျက်စိသူငယ် နားသူငယ်ဆိုတာ ဒါကိုခေါ်တာ ဖြစ်ပါလိမ့်မယ်။
အဲဒီအချိန်မှာ ကျွန်တော်တက်ရမယ့်ကျောင်းက နယ်ဘက်မှာဆိုတော့
ပထမဆုံးရပ်နားရတဲ့ အဲဒီနိုင်ငံရဲ့ မြို့တော်မှာ နှစ်ရက်လောက် နားရပါတယ်။
ကျွန်တော် တည်းခိုရာ ဟိုတယ် ကနေ မြန်မာသံရုံးကရယ်၊ ပညာရေးကိုင်တဲ့
စစ်သံမှူးရုံးကရယ် လာတွေ့ကြပါတယ်။ အဲဒီမှာ တာဝန်မရှိပေမယ့် တာဝန်သိနေတဲ့
ပုဂ္ဂိုလ်တစ်ယောက် ပါလာပါတယ်။ သူကတော့ နောင်တစ်ချိန် မှာ
ကျွန်တော့်မိဘသဖွယ်ဖြစ်လာတဲ့ ကျွန်တော့် ယောက္ခမလောင်းကြီးပါပဲ။
သဘောကောင်းလွန်း ပြီး အလွန်ဖော်ရွေလွန်းတဲ့ ကျွန်တော့်ရဲ့
ယောက္ခမလောင်းကြီးကြောင့် ကျွန်တော်ဟာ ကျွန်တော့ ဇနီးလောင်းမိသားစုများနဲ့
နောက်ပိုင်းမှာ တွေ့ဆုံ၊ ခင်မင်၊ ရင်းနှီးခဲ့ရပါတယ်။ ဒီလိုနဲ့ ကျွန်တော့
ဇနီးလောင်းနဲ့ ကျွန်တော်ဟာ စတင်သိကျွမ်းလာရပါတယ်။ ကျွန်တော် ၂၅၊ သူက ၁၄
ဆိုပါတော့။
ဒီလိုနဲ့ ပညာသင်ပြီးတဲ့နောက် ၁၉၇၆ မှာ မြန်မာပြည်ကို
ပြန်ရောက်ခဲ့ပါတယ်။ ဆရာတွေက ရန်ကုန်ကို ပြောင်းဖို့ တဖွဖွခေါ်နေတဲ့ကြားက
ဇာတိ မန္တလေးမှာ နှစ်နှစ်လောက် ပေကပ်နေပြီး ၀ါသနာပါရာကို အလုပ်တစ်ဖက်နဲ့
ခေါင်းမာပြီး လုပ်နေခဲ့ပါသေးတယ်။ မန္တလေးက ကျွန်တော့် ကို
မောင်းထုတ်လိုက်တော့မှ ကျွန်တော် ရန်ကုန်ကို ပြောင်းဖြစ်တော့တာပါပဲ။ ၁၉၇၇… ။
အဲဒီအချိန်မှာ ကျွန်တော့်ဇနီးလောင်း မိသားစုတွေကလည်း တာဝန်တွေ ပြီးလို့
ရန်ကုန်ပြန် အရောက်၊ ရန်ကုန်မှာ ကျွန်တော်နဲ့ သူတို့နေတဲ့ရပ်ကွက်ကလည်း
ကပ်နေတော့ သူတို့နဲ့ ကျွန်တော် ပြန်ပြီးဆက်သွယ်မိကြပြန်ပါတယ်။ ဒါကို
ရေစက်လို့ ခေါ်လေမလား၊ ဖူးစာလို့ ခေါ်လေမလား။ ၁၉၇၈… ။
အဲဒီအချိန်မှာတော့ သူမက အလှဆုံးအချိန်၊ တက္ကသိုလ်ပထမနှစ် စတက်တဲ့အချိန်၊ ၁၈
နှစ်အရွယ်၊ တိုတိုပဲ ပြောကြပါစို့ဗျာ ၁၉၇၉ မှာ ကျွန်တော်တို့
အိမ်ထောင်ကျပါတယ်။ ကျွန်တော် ၃၀၊ သူ၁၉။ ဒွေးချိုး လေးတိုးပေါ့ဗျာ။
ကျွန်တော်တို့အိမ်ထောင်ရေးဟာ ပျော်စရာလေးဖြစ်ခဲ့ပါတယ်။ အတွေးအခေါ်ချင်းလည်း
ညီ၊ ကမ္ဘာ့အမြင်ချင်းလည်း ညီဆိုတော့ အဲဒီအချိန်တုန်းက ရုန်းကန်ရတဲ့
ဘ၀အမောတွေ ဖြစ်ခဲ့ပေ မယ့် မောတော့ မောတာပေါ့၊ ဒါပေမဲ့
မမောခဲ့ဘူးပေါ့။ပျော်မဆုံး မော်မဆုံး ကာလလေးတွေဟာ ကျွန်တော်တို့
အိမ်ထောင်ရေးမှာ အမှန်တကယ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ထောင်ရေးတို့ရဲ့
ထုံးစံအတိုင်း အိမ်ထောင်သက်လေး ရလာတဲ့အခါ “ညှိယူရတဲ့ ကာရန်တွေ” က
များများလာ ပါတယ်။ တစ်ခါတစ်ရံ အိမ်ထောင်ရေးတေးသံဟာ သာယာသံပျောက်ပြီး
ဘီလူးဆိုင်းဖြစ်ရတဲ့ အကြိမ်တွေလည်း များများလာပါတယ်။ သူပြတ်မယ် ငါပြတ်မယ်
ဆိုရတဲ့ အဆင့်အထိ ပြင်းထန်သွားတဲ့ အခါတွေလည်း ရှိခဲ့ပါတယ်။
ခက်တာက ကျွန်တော်ကလည်း ခေါင်းမာတယ်၊ သူကလည်း အနိုင်မခံဘူး။ ကျွန်တော်ကလည်း
ဆရာလုပ်ချင်တယ် (ကျောင်းဆရာတစ်ပိုင်းလေဗျာ)။ သူကလည်း အမိန့်ပေးတာ
ဝါသနာပါတယ်။ ကျွန်တော်က အပြစ်ပြောတာ မကြိုက်ဘူး၊ အပြစ်ပြောမခံရအောင်လည်း
နေတယ်။ သူက ဝေဖန် တတ်တယ်၊ ကျွန်တော်က လူတွေကို အားနာတတ်တယ်၊ သနားတတ်တယ်။
သူက တိကျတယ်၊ ပြတ်သားတယ်၊ အပိုအလုပ် မလုပ်ဘူး၊ လက်တွေ့ပိုကျတယ်ပေါ့ဗျာ။
ဒီလိုနဲ့ပဲ ကျွန်တော်တို့အိမ်ထောင်ရေးမှာ သားသမီးက သုံးယောက်၊ အိမ်ထောင်သက်က နှစ် ၃၀ ရှိလာခဲ့ပါတယ်။
ဒီနေရာမှာ ကျွန်တော် မကြာမကြာ စဉ်းစားလာမိပါတယ်။ အိမ်ထောင်တစ်ခုမှာ
ပြောလေ့ရှိပါတယ်၊ စိတ်တူ သဘောတူတဲ့။ တစ်ဦးနဲ့တစ်ဦး စိတ်တူ သဘောတူ၊
အကြိုက်တူ၊ အလိုက်သိ၊ ဘာတဲ့ … ငါးခြောက်ဆို ဖုတ်ပြီးသား ဆိုတာတွေလေ။ ဒီလို
စိတ်သဘောထား အစစ တိုက်ဆိုင်ပြီး တစ်ဦးအကြိုက် တစ်ဦး လိုက်နေကြတဲ့ မိမတူ
ဖမတူ နှစ်ဦး အတူသွား၊ အတူစား၊ အတူလက်တွဲနေကြတာ ဘာများ ဆန်းသလဲ။
ကျွန်တော်တို့လို အစစ အယူအဆအတူကြတဲ့ သူနှစ်ဦး နှစ်ပေါင်းများစွာ
အတူလက်တွဲနေထိုင်နိုင်ခဲ့ကြတာ ဘာကြောင့်များပါလဲ။ နားလည် မှုကြောင့်
ဆိုမလား၊ သည်းခံစိတ်ကြောင့် ဆိုမလား။
အခုတော့ အသ်ကတွေလည်း ကြီးလာကြပါပြီ၊ အကြီးဆုံးသမီးပဲ ဆရာဝန်ဖြစ်၊ အိမ်ထောင်ကျ၊ အခု မြေးတောင် ရနေပါပြီ။
ဇနီးသည်နဲ့ အေးအေး ဆေးဆေး စကားစမြည်ပြောဖြစ်တဲ့ တစ်နေ့ပေါ့။
အများအားဖြင့်လည်း သားရေး သမီးရေး (အလတ်ကောင်က အခုမှ ၁၄ နှစ်နဲ့ အငယ်မက ၁၀
နှစ်ပဲ ရှိပါသေးတယ်၊ ကျွန်တော် အိုချိန်မရသေးပါ)၊ စားရေး သောက်ရေး
အလုပ်ကိစ္စတွေနဲ့ အေးအေး လူလူ စကား မပြောဖြစ်ကြတာ များပါတယ်။ အဲဒီ
အေးအေးလူလူ စကားပြောဖြစ်တဲ့ တစ်နေ့မှာတော့ . . . ။
ကျွန်တော်။ ။
“ဒီမှာ.. ငါတို့ အိမ်ထောင်ရေးကို ငါ စဉ်းစားနေမိတယ်၊ မင်းနဲ့ ငါနဲ့က ငါက
စနေ၊ မင်းက ကြာသပတေး၊ အိမ်ထောင်ရေးနက္ခတ်ချင်း မကိုက်ဘူးလို့
ပြောကြတယ်”(ကျွန်တော့်နိဒါန်းကလည်း ထရိုက်ချင်စရာပါပဲ။)
သူ ။ ။ “အဲဒါ.. ဘာဖြစ်လဲ”
ကျွန်တော်။ ။ “မင်းစဉ်းစားကြည့်လေကွာ ငါက ဒါဆို မင်းက ဟိုဟာ၊ ငါက
အားနာတတ်တယ် မင်းက အားမနာတတ်ဘူး၊ ငါက အောင်လင်းကြိုက်တယ် မင်းက ဂျူးမှဂျူး၊
ငါက စန္ဒရားချစ်ဆွေကြိုက်တယ် မင်းက ဇော်ဝင်းထွဋ်ကြိုက်တယ်၊ ဘယ်တုန်းကများ
အကြိုက်ချင်း တူခဲ့လို့တုံး”
သူ ။ ။ “ အဲဒါ ဘာဖြစ်လဲ “ (အသံကခပ်မာမာနဲ့ ခပ်ကျယ်ကျယ်ဖြစ်လာပါတယ်။)
ကျွန်တော်။ ။ “ အဲဒီလို မင်းနဲ့ငါနဲ့ဟာ အစစ အကြိုက်တွေ အမြင်တွေက တခြားစီပဲ၊ ဘာမှ ကိုက်ညီတာ မရှိဘူး ”
သူ (အတော်လေးစိတ်ရှုပ်လာပုံပေါက်လာပြီး မျက်နှာတွေလည်း နီလာပါတယ်။)။ ။
“ရှင် ဘာတွေ လာပြောနေပြန်တာလဲ၊ ဘာလဲ ရန်ဖြစ်ချင်ပြန်ပြီလား၊ အဲဒီတော့
ဘာဖြစ်လဲ၊ ရှင်က ဘာပြောချင်တာလဲ”
ကျွန်တော်။ ။ “အဲဒါကိုပဲ
ငါစဉ်းစားနေမိတာ၊ တစ်ယောက်နဲ့ တစ်ယောက် အစစ အရာရာ သဘောထားချင်းလဲ
မတိုက်ဆိုင်၊ အပေးအယူလဲ မတည့်တဲ့ တစ်ဖအေ တစ်မအေစီက ပေါက်ဖွား လာကြတဲ့
မင်းနဲ့ငါနဲ့ဟာ အတူပေါင်းလာခဲ့ကြတာ အခုဆို အနှစ် ၃၀ ရှိတော့မယ်၊ အဲဒါ..
ဘာကြောင့်လို့ မင်းထင်လဲ”
သူ (အတော်စိတ်ရှုပ်လာပုံနဲ့ အသံခပ်ကျယ်ကျယ်နဲ့)။ ။ “ ဘယ်သိမလဲ ”
အဲဒီလိုလည်းပြောလိုက်ရော ကျွန်တော်က သူ့အနားကို ကိုယ်လေးကိုင်းကာ အသာလေး ကပ်လိုက်ပြီး တိုးတိုးလေး နှစ်ကိုယ်ကြား ပြောလိုက်ပါတယ်။
ကျွန်တော်။ ။ “ အဲဒါ အချစ်လို့ ခေါ်တယ် ”
အဲဒီလိုလည်း ကျွန်တော်က ပြောလိုက်ရော သူ့မျက်နှာဟာ လမင်းကြီးလို ၀င်းလက် သွားပါတယ်။ နောက်တော့
သူ (မျက်နှာ ပြုံးပြုံးကြီးနဲ့)။ ။ “ အောင်မယ်… သွား” ဆိုပြီး ကျွန်တော့်ရင်ဘတ်ကို တံတောင်နဲ့ လှမ်းတွက်လိုက်ပါတယ်။
ဒါပေမဲ့ ဒီတံတောင်မှာ အားမပါဘူးဆိုတာ ကျွန်တော်သာ အသိဆုံး ဖြစ်ပါတယ်။
( နာဂစ်ရဲ့ ကောလဟာလတွေကြောင့် “ တုံးကျော်ထီးကြီး ” ဖြစ်လာရတဲ့ အဖေကြီး
အတွက် စိုးရိမ်ပူပန်စိတ်တွေကြောင့် ရင်ထဲက အချစ်တွေ ပွင့်အန်ကျလာကြတဲ့
ချစ်ဇနီးနဲ့ သားသမီးသုံးဦးသို့ အမှတ်တရ )။
http://www.facebook.com/tunlwin48/posts/653106628037246
အလှအပနှင့် အကျည်းတန် (ဒေါ်အောင်ဆန်းစုကြည်)
လွန်ခဲ့တဲ့နှစ်အတော်ကြာက Oxford တက္ကသိုလ်ရဲ့ ဂျပန်ရိုးရာလက်ဖက်ရည်ပွဲပြင်တဲ့
သင်ခန်းစာတစ်ခုမှာကျွန်မတို့ရဲ့ ဆရာကလက်မှုပညာရှင်ကြီးတစ်ဦးပြုလုပ်ထားတဲ့ မြေခွက်လေးတွေရဲ့ပုံကို ရောင်စုံဆလိုက်ထိုးပြီး ပြသခဲ့ပါတယ်။အဲဒီမြေခွက်လေးတွေကိုဆရာကြီးရဲ့နေအိမ်မှာဓာတ်ပုံရိုက်ယူခဲ့တာပါ။အဲဒီမြေခွက်လေးတွေ ရဲ့ဣနြေ္ဒရလှတဲ့အနုသုခုမအလှဟာ ခေတ်မီကော်ဇောကြီးရဲ့ပြိုးပြိုး ပြောင်ပြောင်၊ တောက်တောက်လွင်လွင်ပုံကြမ်းကြီး နဲ့မဆီမဆိုင်အောင် ခြားနားနေပါတယ်။ ကော်ဇောကတော့ဆရာကြီး နေ့စဉ်နဲ့အမျှ ခြေဖ၀ါးချရုံတင်မကသိလျက်နဲ့ဖြစ် ဖြစ်၊မသိဘဲဖြစ်ဖြစ်မျက်စိအရသာခံ တဲ့ကော်ဇောကြီးပေါ့။ဂျပန်မှာ နှစ်ပေါင်းများစွာနေခဲ့ပြီးဂျပန်ရိုးရာလက်ဖက်ရည်တည်ခင်းခြင်းကို လေ့လာသင်ယူ ခဲ့တဲ့အတွက် ယခုအခါတစ်ဖက်ကမ်းခပ်အောင်ကျွမ်း ကျင်တဲ့အဆင့်ကိုရောက်နေပြီဖြစ်တဲ့အမေရိကန်လူမျိုးကျွန်မတို့ရဲ့ ဆရာဟာကျွန်မတို့တစ်တွေ
ကြောင်တက်တက်ဖြစ်နေတဲ့ အမူအရာကို ကြည့်ပြီး ရယ်ပါတယ်။ သူက တချို့လူတွေဟာ
ဘယ်အရာဟာ လှတယ်ဆိုတာကိုပဲ သိကြတယ်၊ ဘယ်အရာဟာ အကျည်းတန်တယ်ဆိုတာကို
မသိကြဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။
ကျွန်မတို့ဆရာက သုခုမပညာနဲ့ ပတ်သက်တဲ့အကြောင်းတွေကို အဓိကပြောပြပါတယ်။ သူက အရောင်အသွေးစုံလင်စွာရောယှက်ပြီး
ဒီဇိုင်းဆွဲထားတဲ့ ပိုးသားဘရိုကိတ်နဲ့ ရိုးရိုးရှင်းရှင်း အကွက်အစင်း
(သို့မဟုတ်) ရိုးရိုးပြေပြေ အမှတ်အသား ရိုက်နှိပ်ထားတဲ့
ခပ်ရိုးရိုးခပ်ရင့်ရင့်အထည်တွေရဲ့ယဉ်တဲ့ကျက်သရေတို့ ခြားနားပုံကို ယှဉ်ပြီးပြပါတယ်။
နီယွန်မီးများနဲ့ တောက်ပြောင်လင်းထိန်နေတဲ့မြိြု့ ကီးတွေနဲ့၊ ရေညှိဖုံးတဲ့ ကျောက်တုံးကျောက်ခဲနဲ့ထင်းရှူးပ င်အိုကြီးတွေပြည့်နေပြီး
အေးမြလှတဲ့ ပန်းခြံဥယျာဉ်တွေကိုလည်း နှိုင်းယှဉ်ပြီးပြောပြပါတယ်။
ဂျပန်ရိုးရာ လက်ဖက်ရည် တည်ခင်းတဲ့အခါ ဂျပန်ဘာသာနဲ့ wakei seijaku
လို့ခေါ်တဲ့ ကိုယ့်ရဲ့စိတ်ကို တည်ငြိမ်အေးချမ်းအောင်ထားဖို့ လိုအပ်ပါတယ်။
စိတ်ရောကိုယ်ပါ ကြည်လင်သန့်စင်လှပဖို့အတွက် အကျည်းတန်အရုပ်ဆိုး တာတွေ၊
လိုက်ဖက်မညီတာတွေကို အရင်ဆုံးဖယ်ရှားပစ်ဖို့လိုခြင်း ကို ဒီလက်ဖက်ရည်တည်ခင်းတဲ့ပွဲက သရုပ်ဆောင်ခဲ့ပါတယ်။
ကျွန်မတို့ဆရာသင်လို့သိရတဲ့ သုခုမပညာရဲ့အခြေခံသဘောက တကယ်ကောင်းကောင်းမွန်မွန် ရသခံစားတတ်ချင်တဲ့သူဟာ ဘယ်ဟာကလှပတယ်၊ ဘယ်ဟာကအကျည်းတန်တယ်ဆိုတာကို ခွဲခြားသိမြင်နိုင်ဖို့လိုအပ်ပါ တယ်။အဲဒီသဘောဟာကျယ်ပြောလှတဲ့လူ့ ဘ၀အတွေ့အကြုံကြီးတစ်ခုလုံးမှာ သုံးလို့ရပါတယ်။ ဘယ်ဟာကို ငြင်းပယ်သင့်တယ်၊ဘယ်ဟာကိုလက်ခံသ င့်တယ်ဆိုတာကို နားလည်တတ်ဖို့ဟာလည်း အရေးကြီးပါတယ်။
ကျွန်မတို့ဆရာက သုခုမပညာနဲ့ ပတ်သက်တဲ့အကြောင်းတွေကို အဓိကပြောပြပါတယ်။ သူက အရောင်အသွေးစုံလင်စွာရောယှက်ပြီ
နီယွန်မီးများနဲ့ တောက်ပြောင်လင်းထိန်နေတဲ့မြိြု့
ကျွန်မတို့ဆရာသင်လို့သိရတဲ့ သုခုမပညာရဲ့အခြေခံသဘောက တကယ်ကောင်းကောင်းမွန်မွန် ရသခံစားတတ်ချင်တဲ့သူဟာ ဘယ်ဟာကလှပတယ်၊ ဘယ်ဟာကအကျည်းတန်တယ်ဆိုတာကို ခွဲခြားသိမြင်နိုင်ဖို့လိုအပ်ပါ
Subscribe to:
Posts (Atom)



