ပြီးခဲ့တဲ့ အပိုင်းတုံးက ကျုပ်တို့ရွာဟာ လှည်းကူး+ ဒါးပိန်ကားလမ်းပေါ်မှာ တည်ရှိခဲ့တယ်ဆိုတာကို ပြောခဲ့ပါတယ်။ လှည်းကူး+ ဒါးပိန်ကားလမ်းဟာ အင်္ဂလိပ်အစိုးရလက်ထက်က ဖေါက်လုပ်ခဲ့တာပါ။ အမှန်က လှည်းကူးကနေ တည့်တည့်ဖောက်မည်ဆိုလျှင် လမ်းက ရှမ်းတဲကြီးရွာလောက် သွားပေါက်မှာပါ။ ဒါပေမယ့် လမ်းဗိုလ်က စေတနာတွေပိုပြီး ရွာစဉ်အတိုင်း လမ်းကို ဖောက်လိုက်ရာ အခုလက်ရှိအသုံးပြုနေတဲ့ လမ်းကြောင်းအတိုင်း ကွေ့ကွေ့ကောက်ကောက်နဲ့ပါ။ ဒီလမ်းက ဆားတလင်းရွာကို သွားပေါက်ပါတယ်။
ကျုပ်တို့ငယ်ငယ်တုံးကဆိုရင် လူကြီးသုံးရောက်လောက်ဖက်မှ ရတဲ့ ကုက္ကိုပင်ကြီးတွေနဲ့ စိမ်းလမ်းပြီး အေးချမ်းနေတဲ့ လမ်းပါပဲ။ ဒီကုက္ကိုပင်တွေကို အင်္ဂလိပ်အစိုးရလက်ထက်က စိုက်ပျိုးခဲ့တာပါ။ လှည်းကူးကနေ ဆားတလင်းရွာအထိ လမ်းရဲ့ အရှည်က ၆-မိုင်ရှိပါတယ်။ ဒီခြောက်မိုင်ရှည်တဲ့ လမ်းဘေးဝဲယာမှာ ကုက္ကိုပင်တွေကို စိုက်ပျိုးပြီး အပင်ဘေးပတ်ခြာလည်မှာ သစ်သားသုံးချောင်းကို တြိဂံပုံပြုပြီး ကာကွယ်ထားပါတယ်။ အဲဒီကုက္ကိုပင်ငယ်တွေကို စောင့်ရှောက်ဖို့ အလုပ်သမားတစ်ယောက်ကို ခန့်ပေးထားပါသေးတယ်။ စနစ်ကျပုံများ ပြောပါတယ်။
အဲဒီ အလုပ်သမားဟာ နံနက်ပိုင်း လှည်းကူးကနေ စတင်ပြီး ကုက္ကိုပင်တွေကို ကြည့်လာပြီး တဖြည်းဖြည်းနဲ့ နေ့လည်စာစားချိန်ဆိုရင် ဆားတလင်းရောက်တာပါပဲ။ ဆားတလင်းရောက်ရင် နေ့လည်စာစား။ ပြီးတော့ ခေတ္တခဏနားပြီး လှည်းကူးကို ပြန်လာတာပါ။ ညနေဆို လှည်းကူးကို ပြန်ရောက်ပါပြီ။ နေ့စဉ်နေ့တိုင်း အဲဒီအလုပ်သမားလုပ်ရတဲ့ အလုပ်ပါပဲ။ အဲဒီကုက္ကိုပင်တွေဟာ ကျုပ်တို့ငယ်ငယ်တုံးကအချိန်အထိကို ခက်လက်ဝေဆာနေတာပါပဲ။ သစ်တပင်ခုတ် ထောင်သုံးလဆိုတော့ ဘယ်သူမှ မခုတ်ရဲကြပါဘူး။ ဒါကတော့ ရှေးရှေးတုံးကပေါ့။
ငြိမ်ပိခေတ်ရောက်လာတော့ ကျုပ်တို့ရွာလမ်းက တော်တော် ပြောင်းလဲသွားပါတော့တယ်။ အင်္ဂလိပ်အစိုးရက စောင့်ရှောက်ထားတဲ့ ကုက္ကိုပင်ကြီးတွေဟာ ချက်ချင်းလက်ငင်း ဘ၀ပြောင်းသွားပါတော့တယ်။ သစ်ထွင်းပန်းပုရုပ်တွေ ဖြစ်ကုန်ပါတော့တယ်။ ဒါက လမ်းဘေးနားက ကုက္ကိုပင်ကြီးတွေ အကြောင်းပါ။ လမ်းကတော့ အရင်တုံကတော့ နဲနဲကောင်းပါသေးတယ်။ ဘယ်အချိန်မှာ စပျက်သလဲဆိုတော့ ဒဂုံမြို့သစ်များ စတင်ပြီး ဖေါ်ထုတ်တဲ့အခါမှာ ကျုပ်တို့ရွာလမ်းက လုံးဝကို ပျက်ဆီးသွားတော့တာပါပဲ။ ဒဂုံမြို့သစ်ကို သွားတဲ့ ကျောက်ကားမှန်သမျှ ဒီလမ်းကပဲ မောင်းတာကြောင့်ပါ။ ချိုင့်တွေက ခလေးငယ်ငယ်တစ်ယောက်လောက် ဆင်းနေရင် ဘယ်သူမှ မတွေ့နိုင်လောက်ပါဘူး။ အဲဒီလောက်ကို ချိုင့်တွေက နက်ပါတယ်။ အခုတော့ ကျုပ်တို့ရွာလမ်းက ကောင်းနေပြီလို့ အသံကြားပါတယ်။ ထားပါတော့။
အဲဒီလို လမ်းမကောင်းတဲ့ အချိန်ကပေါ့။ ကျုပ်တို့ရွာမှာ အသက်ကြီးမှ အိမ်ထောင်ပြုကြတဲ့ လင်မယားနှစ်ယောက် ရှိပါတယ်။ လင်ဖြစ်သူနာမည်က ဦးတင်ဖေပါ။ မယားလုပ်သူက ကျုပ်ရဲ့ အဒေါ်ဖြစ်သူ အန်တီသိန်းပါပဲ။ သူတို့လင်မယားမှာ ခလေးမရှိပါဘူး။ လင်ဖြစ်သူက မယားလုပ်သူကို အသိန်းလို့ ခေါ်ပါတယ်။ သူတို့လင်မယားရဲ့ အဓိကလုပ်ငန်းက နံနက်ပိုင်းမှာ ဆန်စပါးအရောင်းအ၀ယ်လုပ်ပါတယ်။ ညနေပိုင်းမှာ အတိုးပြန်သိမ်းပါတယ်။ လှည်းကူးဈေးထဲမှာရှိတဲ့ အရင်းအနှီးမတက်နိုင်တဲ့ ဈေးသည်ငယ်လေးတွေကို ငွေချေးစာတာပါ။
သူတို့နှစ်ယောက်က အမြဲတမ်း စက်ဘီးစီးပြီး လှည်းကူးကိုတက်ပြီး အကြွေးသိမ်းပါတယ်။ တနေ့လှည်းကူးကနေ ရွာကို အပြန် လင်မယားနှစ်ယောက် စက်ဘီးစီးပြီး စကားတပြောပြောနဲ့ပေါ့။ အခုရင်းတိုက်ပင်လမ်းခွဲ အရောက်မှာ လမ်းက ကြမ်းလေတော့ အန်တီသိန်းတစ်ယောက် စက်ဘီးပေါ်ကနေ ပြုတ်ကျကျန်နေခဲ့ပါတယ်။ အဲဒီလို ကျနေခဲ့တာကို လင်ဖြစ်သူ ဦးတင်ဖေ-က မသိပဲ စက်ဘီးကို စီးပြီး ထွက်သွားပါတယ်။ ကျုပ်တို့ရွာထိပ်ရောက်မှ မိန်းမဖြစ်သူ ပါတယ်ပဲထင်ပြီး ဟုတ်လား အသိန်းရေ-လို့ မေးပါတော့တယ်။ မိန်းမလုပ်တဲ့သူရဲ့ စကားပြန်ကို မကြားမှ အန်တီသိန်းမပါမှန်းသိတော့တယ်။ အဲဒါနဲ့ပဲ မိန်းမလုပ်သူကို နောက်ကြောင်းပြန်ပြီး ခေါ်ရတာပေါ့။ အန်တီသိန်းကတော့ စိတ်တွေတိုပြီး ဖနောင့်ပေါက်ပြီး လမ်းလျှောက်လာရာ စောင့်စောင့် စောင့်စောင့်နဲ့ပေါ့။အဲဒီလောက်ကို လမ်းဆိုးသွားပါတော့တယ်။
တောက ဟာသများကို ပြောပါတယ်။
မောင်နေခြည် (လှည်းကူး)
mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Wednesday, 11 December 2013
Tuesday, 10 December 2013
တောက ဟာသများ အပိုင်း- ၂၉ (သို့) ဒေါ်ဖွားသင် မရှိပါ
ကျုပ်တို့ရွာက လှည်းကူး + ဒါးပိန်ကားလမ်းပေါ်မှာ တည်ရှိပါတယ်။ ယင်းလမ်းကို အင်္ဂလိပ်အစိုးရလက်ထက်တွင် ဖေါက်လုပ်ခြင်း ဖြစ်ပြီး လမ်းကို တည့်တည့်မဖေါက်ဘဲ ကောက်ကွေ့စွာ ဖောက်လုပ်မှု့ကြောင့် လမ်းဗိုလ်ခမျာ ဒဏ်ငွေတမူးကို ပြည်မြို့မှာ ဆောင်ရသတဲ့။ လမ်းဗိုလ်ခမျာ ရှက်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ်လို့ လူကြီးများပြောစကားအရ သိရပါတယ်။ လမ်းကောင်းသလားလို့ မေးရင်တော့ လှတောသားစကားကို အငှါးယူပြောရပါ့မယ်။ ကျောက်ခဲစားရင်တောင် အစာကြေတယ်လို့ ပြောရမှာပါ။ (အခုတော့ နဲနဲကောင်းသွားပါပြီ။) ဟိုယခင်တုံးက ကျုပ်တို့ရွာလမ်းမှာ ခရီးသွားယာဉ်တွေကတော့ မြင်းလှည်းပဲ ရှိတာကိုး။ တက်နိုင်သူများကျတော့ စက်ဘီလေးတွေ ၀ယ်စီးကြတာပေါ့။
မဆလခေတ်အခါက တော်ရုံတန်ရုံဝန်ကြီးကတော့ ကျုပ်တို့ရွာလမ်းက ကားဖြတ်ပြီးတော့ မစီးပါဘူး။ ကားမောင်းတဲ့သူကလဲ လမ်းကောင်းကောင်းကပဲ မောင်းပြီးခေါ်ပါတယ်။ လှည်းကူးက ဌာနဆိုင်ရာတွေကလဲ လမ်းကိုတော့ ပြင်ဖို့ မတိုက်တွန်းဘူး။ ဒီလမ်းကို လူကြီးမ၀င်အောင်ပဲ ကြိုးစာကြပါတယ်။ ဒါပေမယ့် ကျုပ်တို့ရွာက လှည်းကူးနားနီးတော့ လျှပ်စစ်မီးတော့ ရပါတယ်။ ဒီလိုရတာကလဲ အခက်အခဲတွေ အများကြီးနဲ့ပါ။ ဘုန်းကြီးကျောင်းနှစ်ကျောင်းက ဆရာတော်နှစ်ပါး ဦးဆောင်ပြီး ဇွဲကြီးကြီးနဲ့ဘယ်လောက်ကြိုးစားရသလဲဆိုရင် ထိုခေတ်က မြို့နယ်လျှပ်စစ်မှူး လေး ငါးယောက်လောက်ပြောင်းပြီးမှ ရွာမှာ မီးလင်းရတာပါ။ ကိုယ်ထူကိုယ်ထပေါ့။ ထားပါတော့။
တစ်နေ့ပေါ့။ နိုင်ငံတော် ကောင်စီဝင် ဦးစိန်လွင်ဆိုတာ ကျုပ်တို့မြို့ကို ဖြတ်ပြီး ပဲခူးဘက်ကို ခရီးသွားပါတယ်။ လှည်းကူတာစုံကို ကျော်သွားတော့ ဦးစိန်လွင်က စိတ်ပြောင်းပြီး ကားသမားကို လှည်းကူး + ဒါးပိန်ကားလမ်းကနေ မောင်းဖို့ ပြောပါတယ်။ ပြီးတော့ အဲဒီလှည်းကူး + ဒါးပိန်ကားလမ်းက စစ်အတွင်းတုံးက ဗျူဟာဟာ ကျတဲ့လမ်းတစ်လမ်းဖြစ်လို့ သူတို့အမြဲသွားတဲ့ လမ်းဖြစ်ကြောင်းလဲ ပြောပါသတဲ့။ ဒါနဲ့ပဲ ကားဆရာလဲ လှည်းကူး + ဒါးပိန်ကားလမ်းအတိုင်းမောင်းဝင်လာခဲ့ပါတော့တယ်။ လုံခြုံရေးကားတွေလဲ ရှေ့ကိုရောက်မှ နောက်ပြန်လှည့်ရပါတော့တယ်။
လှည်းကူးကနေ လာရင် လှည်းကူး + ဒါးပိန်ကားလမ်းမပေါ်မှာ ပထမဆုံးတွေ့ရတဲ့ ရွာကတော့ ကျုပ်တို့ရွာပါပဲ။ ရွာမှာက လယ်သမားတွေ၊ လက်သမားတွေ၊ ပန်းရံသည်တွေက အများစုပါ။ ရွာဥက္ကဌကိုယ်တိုင်ကိုက လယ်သမားပါ။ ၀န်ကြီးက ကျုပ်တို့ရွာကို ရောက်တော့ ဥက္ကဌအိမ်ကို မေးပြီး ၀င်လာပါတယ်။ ဥက္ကဌက အိမ်မှာ မရှိပါဘူး။ လယ်ထဲမှာ စပါးရိတ်နေတာပါ။ ဥက္ကဌကို ခေါ်ခိုင်းပါတယ်။ ဥက္ကဌရောက်လာတော့ ကြောက်ကြောက်လန့်လန့်နဲ့ပေါ့။ ၀န်ကြီးက သူ့ကို မကြောက်ဖို့ ပြောပြီး ဘာလိုချင်လဲလို့ မေးပါတယ်။ ဥက္ကဌလဲ လမ်းကောင်းချင်ကြောင်း ပြောလိုက်ရာ ၀န်ကြီးက လမ်းကောင်းစေရမယ်ဟု ပြောခဲ့ပါတယ်။ ပြီးတော့ ၀န်ကြီးက ဖွားသေစာရင်းပြပါ-ဟု တောင်းပါတယ်။ ဥက္ကဌလဲ ကြောက်ကြောက်လန့်လန့်နဲ့ ဒေါ်ဖွားသင်မရှိကြောင်း၊ ကျိုက်ထီးရိုးဘုရားဖူးသွားနေကြောင်း ပြောပါတယ်။
အဲဒါနဲ့ ၀န်ကြီးက ဖွားသေစာရင်းဆိုသည်မှာ ဒီရွာမှာ ဘယ်နှစ်ယောက်ဖွားမြင်ပြီး ဘယ်နှစ်ယောက်သေလဲဆိုတာကို ရေးမှတ်ထားတဲ့ စာရင်းဖြစ်တယ်ဆိုတာကို ရှင်းပြရှာပါတယ်။ ဥက္ကဌလဲ မရှိကြောင်းပြောရာ ၀န်ကြီးက ပြုစုထားဖို့ မှာကြားပြီး ကျွန်းကုန်းရွာဘက်ကို ထွက်ခွါသွားပါတော့တယ်။
(မှတ်ချက်။ ဥက္ကဌဖြေကြားလိုက်တဲ့ ဒေါ်ဖွားသင်ဆိုသည်မှာ ရွာထဲက ဦးစံသိန်းရဲ့ ဇနီးဖြစ်ပါတယ်။)
တောက ဟာသများကို ပြောပါတယ်။
မောင်နေခြည် (လှည်ကူး)

Monday, 9 December 2013
တောက ဟာသများ အပိုင်း- ၂၈ (သို့) မကျော်နိုင်ဘူးလားဟေ့
ကျုပ်တို့လှည်းကူးမြို့ကို ကျွန်းလေးကျွန်းတို့က ၀န်းရံထားတယ်လို့ ကြားဖူးပါတယ်။ အဲဒီကျွန်းတွေကတော့ ကျွန်းကလေး၊ ကံ့ကော်ကျွန်း၊ ကျွန်းပင်တရာ (ခ) ကျွန်းပင်တာနဲ့ ကျွန်းကုန်းတို့ပါပဲ။ အဲဒီကျွန်းလေးကျွန်းထဲမှာ အပါအ၀င်ဖြစ်တဲ့ ကျွန်းကုန်းဆိုတဲ့ရွာမှာ မြသိန်းတန်စေတီတော် ပူဇော်ပွဲကို နှစ်စဉ် နှစ်ကြိမ်တိုင်တိုင်ကျင်းပပါတယ်။ တန်ဆောင်မုန်းလဆန်း (၁၄)ရက် နဲ့ လပြည့်နေ့မှာ တစ်ကြိမ်၊ ပြီးတော့ တပေါင်းလဆန်း (၁၄)ရက်နဲ့ လပြည့်မှာ တစ်ကြိမ်ပေါ့။ ကျုပ်တို့ကတော့ အဲဒီဘုရားပွဲကို ကျွန်းကုန်းဘုရားပွဲ-လို့ပဲ အလွယ်ခေါ်ကြပါတယ်။ အဲဒီဘုရားပွဲကို လေးရွာအသင်းက ကြီးမှူးကျင်းပတာပါ။ (လေးရွာအသင်းဆိုသည်မှာ ကျွန်းကုန်းရွာ၊ နဘဲပင်ရွာ၊ လက်ပန်ရွာနဲ့ ကောက်ကွေ့ရွာတို့မှ ဂေါပကအဖွဲ့ပါ။)
အဲဒီကျွန်းကုန်းဘုရားပွဲက ဘာစည်သလဲမမေးပါနဲ့။ အရမ်းကို စည်ကားလှတာပါ။ ငယ်ငယ်တုံးကဆို ကျွန်းကုန်းဘုရားပွဲကို မရောက်တဲ့ နှစ်ရယ်လို့ မရှိသလောက်ပါပဲ။ နှစ်စဉ်နှစ်တိုင်း ဘုရားပွဲမှာ ဇာတ်ပွဲတွေအမြဲတန်းပါပါတယ်။ အဲဒီဘုရားပွဲကို လှည်းကူးမြို့နယ်ထဲက ရွာတွေက လှည်းတွေနဲ့ လာကြတာပါ။ တပေါင်းလပွဲဆိုရင် ပိုဆိုးပါတယ်။ လှည်းတွေမောင်းကြတာ ဖုံတထောင်းထောင်းနဲ့ပေါ့။ အဲဒီပွဲတော်မှာ ဇာတ်ပွဲက ညကိုးနာရီ ဆယ်နာရီလောက်မှ ထွက်တာပါ။ ဒါပေမယ့် လှည်းနေရာ မရမှာစိုးလို့ မွန်းတည့် (၁၂)နာရီလောက်ထဲက လှည်းတွေက သွားကြပါပြီ။
ငယ်ငယ်တုန်းကဆို လှည်းတွေက ခလောက်သံကြားရုံနဲ့ပင် လူက ပွဲသွားချင်နေပြီ။ ကျုပ်တို့က လယ်သမားမဟုတ်တော့ အိမ်မှာတော့ နွားလှည်းမရှိပါဘူး။ ကိုယ်နဲ့ ရင်းနှီးတဲ့ (သို့) မိဘတွေက စိတ်ချရတဲ့ လှည်းတွေကို ကြိုတင်ပြီး ဘွတ်ကင်လုပ်ထားရတာပါ။ အဲဒီလို ကျွန်းကုန်းဘုရားပွဲကို သွားဖို့ ကျုပ်တို့ရွာမှာဆိုရင် မိန်းမတွေက ပွဲကြည့်ရင်း လှည်းပေါ်မှာ စားဖို့ ဟင်းကောင်းကောင်းတွေကို ချက်ကြပြုတ်ကြပေါ့။ အမျိုးသားတွေကတော့ ပွဲသွားမယ့် လှည်းနဲ့နွားတွေကို အလှဆင်ပေါ့။ အဲဒီနေ့ဆို တစ်ရွာလုံးကတော့ ပွဲသွားဖို့ပဲ လုပ်ကြပါတော့တယ်။
အဲဒီလို ပြင်ကြဆင်ကြတဲ့ အထဲမှာ ကျုပ်ဘကြီး သူငယ်ချင်းတွေက တောသူဌေးသားတွေ ဆိုတော့ နွားတွေကလဲ ကောင်းမှကောင်း၊ လှည်းတွေကလဲ ကောင်းမှကောင်းပါပဲ။ ကျုပ်ဘကြီးကတော့ ဆင်းရဲသူဖြစ်တော့ နွားကောင်းကောင်း လှည်းကောင်းကောင်း မရှိရှာပါဘူး။ ဒါပေမယ့် ကျုပ်ဘကြီးမှာ စိတ်ကူးကောင်းတွေတော့ ရှိပါတယ်။
ဘုရားပွဲတစ်နေ့မှာ ကျုပ်ဘကြီးက ဘုရားပွဲသွားဖို့အတွက် နွားတွေကို လှည်းမှာတပ်ပြီး သူ့သူငယ်ချင်းတွေ မောင်းလာကြမယ့် လမ်းရဲ့ ရှေ့ကနေစောင့်နေပါတယ်။ သူ့သူငယ်ချင်းတွေကတော့ နွားကောင်းကောင်း၊ လှည်းကောင်းကောင်းတွေနဲ့ ထွက်လာပါတယ်။ သူတို့လှည်းတွေ အနားအရောက်မှာ ကျုပ်ဘကြီးက ကြိုပြီးရှေ့ကနေထွက်ပြီး လှည်းကို မောင်းပြတယ်။ သူတို့တွေ ဘယ်ဘက်ကနေ ကျော်မယ်ဆိုရင် ဘကြီးက ဘယ်ဘက်ကို နဲနဲယူပြီးမောင်းတယ်။ ညာဘက်ကနေ ကျော်တက်မယ့် အချိန်မှာလဲ ဘကြီးက ညာဘက်ကို နဲနဲယူမောင်းပြတယ်။ ဘကြီးသူငယ်ချင်းတွေရဲ့ လှည်းတွေဟာ ဇာတ်ပွဲကျင်းပမယ့် နေရာကိုသာရောက်လာကြတယ်။ ဘကြီးရဲ့ လှည်းကို ကျော်မတတ်နိုင်ကြပါဘူး။
ဘကြီးကတော့ သူ့သူငယ်ချင်းတွေကို ပြောရှာပါတယ်။ ငါလို လှည်းမကောင်း နွားမကောင်းနဲ့ မောင်းတဲ့သူကို လှည်းကောင်း နွားကောင်းနဲ့ မောင်းတဲ့ကောင်တွေက မကျော်နိုင်ဘူးတဲ့ကွာ-ဟူ။
တကယ်တော့ ကျုပ်ဘကြီးက ဘုရားပွဲသွားဖို့အတွက် အဖိုးအိမ်မှာရှိတဲ့ နွားမတမ်းတစ်ကောင်နဲ့ သူ့သူငယ်ချင်းဆီက နွားထီးတစ်ကောင်ကို ယူပြီး လှည်းမှာတပ်ပြီးမောင်းတာပါ။ နွားတို့မည်သည် ရှေ့ကနေ နွားမတစ်ကောင်ရှိနေပြီ ဆိုရင် ဘယ်လောက် ကြိမ်လုံးနဲ့ ရိုက်ရိုက် အဲဒီ နွားမကို ကျော်တက်လေ့မရှိပါဘူး။

Friday, 6 December 2013
လှည်ကူးမြို့ နယ် မ၇မ်းချောင်းကျေး၇ွာ အုပ်စု သုံးဆယ်ကျေး၇ွာမှာ သတင်းစာရှင်းလင်းပွဲ လုပ်မည်။
၁၅. ၁၂. ၂၀၁၃. နေ့ လည် ၁ နာရီ အချိန်တွင်
၇န်ကုန်တိုင်း လှည်ကူးမြို့ နယ် မ၇မ်းချောင်းကျေး၇ွာ အုပ်စု
သုံးဆယ်ကျေး၇ွာ၊ ကျောက်မိုင်းကျေး၇ွာ၊ ကျောက်ချောကျေး၇ွာ၊
ဆေး၇ိုးပင်ကျေး၇ွာများအား မဖျက်သိမ်း မပြောင်းေ၈ွ့ေ၇း
လုပ်ကိုင်စားသောက်နေသော လယ်ယာ မြေ ၊ဥ
ယျာဉ်ခြံမြေများအားပြန်လည်၇၇ှိေ၇းနှင့် သစ်တော သစ်ပင်နှင့်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းေ၇းတို့အတွက် အထူးသတင်းစာရှင်းလင်းပွဲ
ပြုလုပ် မည်ဟုသိ၇သည်။
Ref: https://www.facebook.com/unyo.tun?fref=ts

ငါးဆူတောင် လူသတ်မှု့ နောက်ဆက်တွဲ
ရန်ကုန်၊ ဒီဇင်ဘာ ၎
လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာအုပ်စုတွင် သေဆုံးသူ အမျိုးသမီးက အိပ်မက်ပေးကာ ရှာဖွေခိုင်းသော ၎င်း၏ ရုပ်အလောင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသမီး ပျောက်ဆုံးသည့် ရက်မှစ၍ ရက်ပေါင်း ၄၀ ကျော်အကြာ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အဓမ္မကျင့် လူသတ်ကာ အလောင်းဖျောက်သည်ဟု ယူဆရသူ အမျိုးသား သုံးဦးကို ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း ငါးဆူတောင် နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ကျေးရွာအုပ်စုရှိ ရဲသုခ စိုက်ပျိုးရေးခြံတွင် အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းက အသက် ၂၃ နှစ်အရွယ် မချိုနွယ်ဝင်း (ခ) ကတုံးမသည် အမှတ် (၁) ကျေးရွာသို့ ဈေးဝယ်သွားရာမှ နေအိမ် သို့ ပြန်မလာသဖြင့် ခင်ပွန်း ဖြစ်သူက အောက်တိုဘာလ ၂၆ ရက်နေ့တွင် လူပျောက် တိုင်ချက်ဖွင့်ကာ ရှာဖွေနေခဲ့ကြောင်း၊ ကိုးရက်မြောက်နေ့တွင် ပျောက်ဆုံးသူ အမျိုးသမီး လုပ်ကိုင်ခဲ့သည့် စိုက်ပျိုးရေးခြံမှ အမျိုးသမီး အလုပ်သမားတစ်ဦးကို ၎င်း၏ အလောင်း ရှိသည့်နေရာ အိပ်မက် ပေးခဲ့သောကြောင့် သွားရောက် ရှာဖွေခဲ့ကြောင်း၊ ယင်းနေရာ၌ ပုပ်ပွကာ ဒဏ်ရာများဖြင့် သေဆုံးနေသည့် မချိုနွယ်ဝင်း၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံးမှုကို ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးစဉ် မသင်္ကာဖွယ် အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
နေအိမ်မှ ဈေးဝယ်အသွား ကိုးရက်ကြာ ပျောက်ဆုံးနေခဲ့သော သေဆုံး ခဲ့သူ၏ ရုပ်အလောင်းကို ငါးဆူတောင်အုပ်စု ဧက ၁၀၀ ခြံအတွင်းရှိ လျှိုအဆင်းတွင် ပုပ်ပွလျက် တွေ့ရှိခဲ့ကြောင်း၊ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာ နှစ်ချက်၊ ညာဘက် ဝမ်းဗိုက်အောက်အတွင်း ပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ကို တွေ့ရှိခဲ့ကြောင်း၊ အလောင်းကို လှည်းကူး ဆေးရုံသို့ ပို့ဆောင်ပြီး စစ်ဆေးခဲ့ရာ ဆေးစာအရ မသေဆုံးမီ အဓမ္မကျင့် ခံခဲ့သည်ကို တွေ့ရှိရကြောင်း လူသတ်မှု ဖြစ်ပွားခဲ့သော နေရာအနီးတွင် ရှိသည့် မယ်ဇလီကုန်း ကျေးရွာတွင် နေထိုင်သူ အချို့ထံမှ သိရှိရသည်။
သေဆုံးသူ အမျိုးသမီးသည် တစ်ခြံတည်း အလုပ်လုပ်ကိုင်သူ အလုပ်သမားများနှင့် ဆက်ဆံရေး အဆင်ပြေသော်လည်း လွန်ခဲ့သော တစ်လခန့်က ခြံကပ်လျက်တွင် အလုပ်လုပ်ကိုင်သူ အမျိုးသားတစ်ဦးနှင့် ငွေကြေးကိစ္စ စကားများခဲ့ ဖူးကြောင်း ရဲသုခ စိုက်ပျိုးရေးခြံ အလုပ်သမားများထံမှ သိရှိခဲ့ရပြီး၊ ယင်းလူသတ်မှုနှင့် ဆက်နွှယ်နိုင်သဖြင့် မသင်္ကာ၍ ဖမ်းဆီးခဲ့သူ အမျိုးသားသုံးဦးမှာ အဆိုပါ ခြံကပ်လျက် စိုက်ပျိုးရေးခြံတွင် လုပ်ကိုင်သူများ ဖြစ်ကြောင်း မဲဇလီကုန်း ကျေးရွာတွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ လူသတ်မှု ဖြစ်ပွားရသည့် အကြောင်းအရင်း၏ အသေးစိတ် အချက်အလက်ကို သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ကျ ရဲအရာရှိက စစ်ဆေးဆဲ ကာလတွင် မဖြေပေးနိုင်ကြောင်း ပြောကြားသည်။
အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်း နှိမ်နင်းရေးအဖွဲ့နှင့် လှည်းကူးမြို့မ ရဲတပ်ဖွဲ့တို့က ပတ်ဝန်းကျင်ကို စုံစမ်းခဲ့ရာမှ ကိုကိုလင်း၊ ကျော်သူစိုး၊ ရွှေသိန်းတို့ သုံးဦးကို သံသယ ရှိသောကြောင့် ခေါ်ယူ စစ်ဆေးရာမှ ၎င်းတို့က ပြစ်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ယခင်စစ်ဆေးခဲ့သော ပုဒ်မ ၃၀၂ အစား ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပုဒ်မ ၃၀၂ မှ ပုဒ်မ ၃၀၂/၃၇၆ ဖြင့် ပြောင်းလဲ စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
Ref: The Voice Weekly

Wednesday, 4 December 2013
လှည်းကူးမြို့နယ်၊ ငါးဆူတောင်လူသတ်မှုမှ တရားခံများကို ဖမ်းဆီးပြီ
ရန်ကုန်၊ ဒီဇင်ဘာ ၎
၂၁.၁၀.၂၀၁၃ရက်နေ့ ၁၅၀၀အချိန် တရားလို ဦးစိုးနိုင်ဦး၊ (၂၉)နှစ်၊ ရဲသုခစိုက်ပျိုးရေးခြံ၊ (ဘ)ဦးကြည်သောင်း၊ ငါးဆူတောင်အုပ်စု၊ လှည်းကူးမြို့နယ်နေသူသည် နေအိမ်တွင်ရှိနေစဉ် ဇနီးဖြစ်သူ မချိုနွယ်ဝင်း(ခ)ကတုံးမ၊ (၂၃)နှစ်၊ (ဘ)ဦးဖိုးဆေးဝါးသည် စက်ဘီးဖြင့် အမှတ်(၁)ကျေးရွာ ဒေါ်အေးဈေးဆိုင်သို့ ဈေးဝယ်သွားရာမှ နေအိမ်သို့
ပြန်မလာဘဲ ပျောက်ဆုံးနေသဖြင့် ၂၆.၁၀.၂၀၁၃ရက်နေ့တွင် ငါးဆူတောင်နယ်မြေရဲစခန်းသို့ လူပျောက်အမှတ်စဉ်(၁/၁၃)ဖြင့် တိုင်တန်းထားရှိခဲ့ပြီး ဆက်လက်ရှာဖွေခဲ့ရာ ၂၉.၁၀.၂၀၁၃ရက်နေ့ ၁၆၃၀အချိန် လှည်းကူးမြို့နယ်၊ ငါးဆူတောင်အုပ်စု၊ ဧက(၁၀၀)လျှိုအဆင်း ဦးမောင်ငြိမ်း၏ရာဘာခြံအတွင်းရှိ ရေအိုင်အတွင်း မှောက်လျက် အနေအထား သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် သေဆုံးအောင်ပြုလုပ်သူအပေါ် ဦးစိုးနိုင်ဦးမှတိုင်တန်းသဖြင့် ငါးဆူတောင်နယ်မြေရဲစခန်း (ပ)၅၄/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် ပြောင်းလဲဖွင့်လှစ်လက်ခံစစ်ဆေးခဲ့သော အမှုဖြစ်ပါသည်။
အမှုမှတရားခံဖေါ်ထုတ်ရရှိရေးအတွက် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့နှင့် လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့တို့မှ ပတ်ဝန်းကျင်အား လေ့လာစုံစမ်းပြီး မျက်မြင်သက်သေများ အား စစ်ဆေးကာ မသင်္ကာတရားခံ ကိုကိုလင်း၊ ကျော်သူစိုး၊ ရွှေသိန်းတို့အား ခေါ်ယူ၍ စစ်ဆေးခဲ့ပြီး တရားခံများမှ ၀န်ခံထွက်ဆိုကာ တရားရုံးတွင်ဖြောင့်ချက်ပေးခဲ့ပါသည်။အဆိုပါတရားခံများသည် လူသတ်မှုမကျူးလွန်မီ သားမယားအဖြစ်ပြုကျင့်ကျူးလွန်ခဲ့သဖြင့်
ပုဒ်မ ၃၀၂မှ ပုဒ်မ ၃၀၂/၃၇၆ဖြင့် ပြောင်းလဲစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။
Ref: Yangon Police

Subscribe to:
Posts (Atom)