ကင်မ်ကတော့ ကျွန်မတို့က သူနဲ့ သူ့ကောင်မလေးကို သတိထားမိသွားကြောင်း
မသိချင်ယောင် ဆောင်နေပုံ ပါပဲ။ သူက နေဖင်ထိုးမှထပြီး စာမကျက်၊
အလုပ်မလုပ်နဲ့ လည်ရာပြန်စားရေးပဲ လုပ်နေပေမယ့် ကောင်မလေး တွေက သူ့ကို
သဘောကျကြတယ်လေ။ ဒယ်ဒီ မိုက်ကယ်ကလည်း သူ့ကို မဆူပါဘူး။ ဒါပေမယ့်
သူ့စိတ်ထဲမှာ တော့ အန်ကယ် အို့စုနဲ့ အန်တီနိုရီကိုဟာ သူ့ကို
သိပ်မရွှင်မပျနဲ့ ကြည့်ကြည့် နေတယ်လို့ သတိထားမိပုံပါ။ ဒီနှစ်ယောက်က
သူ့မိဘတွေနဲ့ သွေး မတော် သားမစပ်ပေမယ့် သူ့ကိုယ်သူတောင်
လူမှန်းမသိတတ်သေးခင်က တည်းက သူ့ကိုရော မိသားစုကိုပါ သိနေခဲ့ပြန်ရော။
တကယ်တော့ စည်းနဲ့ကမ်းနဲ့ တင်းကျပ်မယ့် မိခင်ရယ် လို့ မရှိခဲ့တဲ့အတွက်
ကင်မ့်အတွက်က နတ်ပြည်မှာလိုလို ဖြစ်ခဲ့ပေမယ့် တကယ့် အနေအထားမှာတော့
ငရဲလို့ပဲ ဆိုရမှာပါ။
အဲဒီညက ဧည့်ခံပွဲမှာတော့ မိုက်ကယ်က လူတွေအားလုံးရဲ့လှိုက်လှိုက်လှဲလှဲ
အားပေးမှုကို ရခဲ့တာ အမှန်ပါ။ နိစ္စဓူဝ ဘဝကနေ ထွက် ပြေးခွင့်ရသလိုလည်း
ဖြစ်နေတာမို့ မိုက်ကယ်က ပန်းချီကား ပေးအပ်ပွဲကြီးမှာ တည်ခင်း ဧည့်ခံတဲ့
မြန်မာ မိန်းကလေးတွေရဲ့ ဖျော်ဖြေပွဲကို သူ သိပ်သဘောကျခဲ့ပါတယ်။ မြန်မာ
မိန်းကလေးတွေက မြန်မာ့ အကနဲ့လည်း စဖျော်ဖြေရော မိုက်ကယ်ဟာ ကျွန်မတို့ရှေ့က
မြက်ခင်းအလယ်မှာ ထိုင်ချလိုက်ပြီးတော့ ကို ကြည့်တော့တာ ပါပဲ။ မိန်းကလေးတွေ
ကတဲ့အခါ ကိုယ်ခန္ဓာကို ယိမ်းရင် သူကပါ လက်တွေ ဘာတွေ ကွေးဆန့်ပြီး
လိုက်ယိမ်းနေတာကြောင့် ကျွန်မတို့ အတွက်ကတော့ အဲဒီညက ပြဿနာပါ။ ဓာတ်ပုံလည်း
ရိုက်ရ အဆင်မပြေပေါ့။ ရိုက်လိုက်တိုင်း မိုက်ကယ့်နောက်က
ခေါင်းပြောင်ပြောင်က ကွယ်ကွယ်နေတာကိုး။ ကျွန်မ တို့က မတ်တပ်ထရပ်ပြီး
ဓာတ်ပုံ ရိုက်မယ် ဆိုရင်တော့ ရသပေါ့။ ဒါပေမယ့် အနောက်က ထိုင်နေသူ တွေကို
အားနာတာနဲ့ပဲ မိုက်ကယ့် နောက်စေ့ပါတဲ့ ဓာတ်ပုံတွေချည်းပဲ ကျွန်မတို့
ရိုက်ခဲ့ကြပါတော့တယ်။ သူ့ကြောင့်သာ မဟုတ်ရင် ကျွန်မတို့ဟာ အနုပညာမြောက်
ဓာတ်ပုံတွေ ဘာတွေတောင် ရိုက်ချင်ရိုက်နိုင် ခဲ့မှာပါ။ အကမှာပါတဲ့
မြန်မာမိန်းကလေးတွေက အင်္ဂလန်မှာ အခြေချနေ နေသူတွေဖြစ်ပြီး သူတို့ ဝတ်ထားတဲ့
ပိုးချိတ်တွေကတော့ မြန်မာပြည်ကနေကို လှမ်းမှာထားတာတွေပါ။ သူတို့က စုနဲ့
မိုက်ကယ့်အတွက်လို့ ရည်ရွယ်ကာ သူတို့စုထားသမျှလေး တွေကို ဒီပွဲအတွက်
အကုန်ခံခဲ့ကြတယ်လို့ ဆိုရမှာပါ။ ရောင်စုံရိုးရာ ဝတ်စုံတွေနဲ့ ခါးတွေ
ယိမ်းနွဲ့ကာ သူတို့ကပုံက လှလွန်း ကျက်သရေ ရှိလွန်းတော့ “အိုး ကျွန်တော်
ဒီအရှေ့ တိုင်းသူတွေရဲ့ အလှကို သိပ်သဘောကျတယ်ဗျာ”လို့ မိုက်ကယ်က တဖွဖွ
ဆိုလေရဲ့။ အဲဒီနေ့က စုရဲ့ လူသားအရွယ် ပန်းချီကားကြီးကို မိုက်ကယ်က
ရသွားတော့ အားလုံး လိုလိုက ဒီပန်းချီဟာဖြင့် စုတို့အိမ်ရဲ့
ဧည့်ခန်းမကြီးထဲမှာ ချိတ်ဆွဲပြသ ထားမှာပဲလို့ တွေးထင်ခဲ့ကြပါတယ်။ ဒါပေမယ့်
မိုက်ကယ်ကတော့ သူ့အိပ်ခန်းထဲကို ယူချသွားခဲ့တာပါ။ သူ့ ကုတင်ခေါင်းရင်းက
နံရံမှာချိတ်ပြီး သူက အဲဒီပန်းချီကား အောက် တည့်တည့်မှာ အိပ်တာကိုး။ ဒီတော့
ဒီပန်းချီကားကြီးဟာ ဧည့်ခံပွဲနေ့ မှာပဲ လူအများအတွက် ကြည့်ခွင့်
ရခဲ့ပေမယ့် နောက်နေ့က စပြီး မိုက်ကယ်ရဲ့ တစ်ဦးတည်းပိုင် ဖြစ်သွားတော့တာပါ။
အဲဒီနောက်ပိုင်း သူ မကွယ်လွန်ခင် အချိန်ထိ နှစ်နှစ်နီးပါး ကာလမှာ
မိုက်ကယ်ဟာ စုပုံတူရဲ့ မျက်မှောက်အောက်မှာ အိပ်သွားခဲ့ တော့တာပါပဲ။
ဒီနေရာလေးဟာ တကယ်တော့ စုနဲ့ မိုက်ကယ်တို့ နှစ်ယောက်ကြားက လျှို့ဝှက်နေရာလေး
အဖြစ် မိုက်ကယ် မကွယ်လွန်မချင်း တည်ရှိသွားခဲ့တယ်လို့ဆိုရမှာပါ။
စု မရှိတော့တဲ့ မိုက်ကယ့်ဘဝ (နော်ဟမ်ဥယျာဉ်အိမ်)
စု၊
ရှင်က မိုက်ကယ်နဲ့ ကင်မ် တို့ရဲ့ နော်ဟမ်ဥယျာဉ်အိမ်က ဘဝ အကြောင်းကို
မသိဘူးမဟုတ်လား။ ဒီတော့ သူတို့ရဲ့ နိစ္စဓူဝ ဘဝ အကြောင်းကို
ကျွန်မပြောပြပါရစေ။
မိုက်ကယ့် တိုက်တွန်းမှုကြောင့် သူ ဝယ်ထားတဲ့ အိမ်နဲ့ ငါးအိမ်လောက်ပဲ
ဝေးတဲ့နေရာမှာ ကျွန်မတို့ အခန်းလေး ဝယ်ဖြစ်ကြောင်း ပြောခဲ့ပြီး ပြီ နော်။
ကျွန်မတို့ လမ်းထိပ် ဓားလွယ်ခုတ် မှာ ရှိတာက စိန့်မာဂရက်ကော လိပ်ပေါ့။
ကျွန်မတို့တွေ ရယ်စရာ ပြောဖြစ်ခဲ့တာကတော့ ကျွန်မတို့ အခန်းမှာ
အလံချိတ်ထားတာ အဖြူ က “အကြော်စုံ” လို့ အနက်ရပြီး အနီက “ဆူရှီ” လို့
အနက်ရကြောင်းပေါ့။ အဲဒီကာလတွေတုန်းက ရှင်နဲ့ မိုက်ကယ် က ဖုန်းနဲ့တော့
အဆက်အသွယ် ရှိနေခဲ့တယ်လေ။ မနက်တိုင်း ကျွန်မတို့ က မိုက်ကယ့်ဆီ
သွားလည်တတ်ပြီး မိုက်ကယ်ကလည်း ရှင်နဲ့ ဖုန်းပြောနေကျပါပဲ။ သူက အမူအရာနဲ့
သူနဲ့ စကားပြောနေတာ ရှင်လို့ ပြောပြနေ ကြပါ။ တစ်နေ့တော့ မိုက်ကယ့်အတွက်
အိမ်သန့်ရှင်းရေး လာလုပ်ပေးနေတဲ့ ကောင်မလေးကလည်း ရှင်နဲ့ ဖုန်းပြောနေတာကို
တွေ့ရပါတယ်။ ကောင်မလေးက ဖုန်းကိုချလိုက်ပြီး မျက်နှာ နီမြန်းမြန်းနဲ့
“အန်တီစုက ကျွန်မကို ပြောတယ်။ အန်ကယ် မိုက်ကယ်ကို အစားတွေ အများကြီး
မချက်ကျွေးနေနဲ့တဲ့”လို့ ဆိုပါတယ်။ တကယ်တော့ ကောင်မလေးက မိုက်ကယ်နဲ့
ကင်မ်တို့အတွက် အစားအစာတွေ အများကြီး ယူလာနေကျပါပဲ။ ရှင်က အဲဒီလောက်
အဝေးကြီးကနေတောင် မိုက်ကယ်နဲ့ ကင်မ့်ကို ထိန်းချုပ်ထားခဲ့ တာပဲနော်။
မိုက်ကယ်က အဲဒီအချိန်မှာ ကင်မ့်အနေနဲ့ အထက်တန်းကျောင်း စာမေးပွဲကို
အဆင့်အေ မရမှာ ပူနေခဲ့တာပါ။ ကင်မ်ရော မိုက်ကယ်က စိတ်ပူပန်မှုတွေကို
ထုတ်မပြခဲ့ပေမယ့် စပ်စု ပူပန်စိတ်ကြီးတဲ့ ကျွန်မနိုရီကို ကတော့
သူတို့စိတ်တွေ ပိုပြီး တည်ငြိမ်အောင်ဆိုကာ စားကောင်း သောက်ဖွယ်တွေနဲ့
ဂရုစိုက်ဖြစ်ခဲ့ပါတယ်။ ရှင်က သူတို့ကို အစာတွေ အများကြီး မစားစေချင်တာ
သိပေမယ့် ရှင့်ဆီက နည်းနည်းတော့ အမုန်းခံမှ ဖြစ်မှာပါ။ ရှင်ကိုယ်တိုင်
ပြင်ကျွေးရမယ့် အစားအသောက် ပမာဏလောက်တော့ ကျွန်မက အပိုလေးပြင်ပေးတာ
သဘာဝကျရဲ့ မဟုတ်လားလေ။
ကင်မ်က ကျွန်မကို မေးနေကျ ရှိပါတယ်။ “အန်တီနိုရီကိုက ဘာလို့
အများကြီးမစားရတာလဲ” တဲ့။ “ချက် ပြုတ်ပြင် ဆင်ရင်း မြည်းစား စားရတာကို
စားပွဲမှာ ထိုင်စား ရတာထက် ကြိုက်လို့ပေါ့”လို့ ကျွန်မက ပြန်ဖြေခဲ့
ဖူးပါတယ်။ ကျွန်မက သူတို့သားအဖကို ဖုန်းဆက်ပြီး “ညလယ်စာ
အဆင်သင့်ဖြစ်ပြီနော်” လို့ ပြောတဲ့ အခါ ကင်မ်က သူငယ်ချင်းတချို့ ကိုတောင်
ခေါ်လာတတ်ပါတယ်။ “အန်တီ နိုရီကိုက မြည်းနေရတာနဲ့ မစားနိုင်ဘူး ကွ။ ဒီတော့
မင်းတို့ စိတ်ကြိုက်သာ စားကြ”လို့ ပြောလေ ရဲ့။ ကင်မ်ကတော့ ကလေးဘဝက နေ ခုထိ
ဘာဆို ဘာမှ မပြောင်းလဲဘူးနော်။ ဟုတ်တယ် ဟုတ်။ မိုက်ကယ် အိမ်မှာ
မရှိချိန်ဆို ကင်မ်နဲ့ သူ့ သူငယ်ချင်းတွေက လာစားပြီး ကျေးဇူးတင်တယ် ဆိုကာ
ပန်းကန်တွေ ကူဆေးပြီး လစ်ပြေးကြတော့တာပဲ။ ဒါပေမယ့် တော်တော် လေးကြာတဲ့
အခါကင်မ်က တစ်ခေါက် ပြန်ရောက် လာပြီး “ဒယ်ဒီ့ဖို့ ထုပ်ပေးလိုက်ဦးနော်”လို့
လာပြောတော့ တာပါပဲ။ စုရယ် ရှင် စိတ်ပူမနေပါနဲ့။ ကျွန်မက ကိုယ့်ဝေစုကိုတော့
မပေးလိုက်တတ်ပါဘူး။ ကျွန်မက ကင်မ်နဲ့ သူ့ သူငယ်ချင်းတွေကို ကျွေးမွေးရတာ
စိတ်ချမ်းသာပျော်ရွှင်ပြီး ဝလာလိုက် တာ ခုဆို အရင်ကထက် နှစ်ဆဖြစ် နေပြီလေ။
ရုပ်ချောတဲ့ ကင်မ်
ကင်မ့်ကို ဒါရ်ဟမ်တက္ကသိုလ်က ဝင်ခွင့်လက်ခံတယ် ဆိုတာ
သိလိုက်ရတဲ့အချိန်မှာတော့ နော်ဟမ် ဥယျာဉ် အိမ်မှာ သက်ပြင်းတွေ
ချလိုက်နိုင်ပါပြီ။ မိုက်ကယ်က ရှင့်ဆီကို ကင်မ်က ဒါရ်ဟမ်မှာ လူမှုရေးဘာသာနဲ့
ကျောင်းဝင်ခွင့်ရ တယ်လို့ ဖုန်းနဲ့ လှမ်းပြောတော့ ရှင်က သိသားပဲလို့
ဖြေသတဲ့။ အဲဒါကို မိုက်ကယ်က ရှင် ဘယ်လို သိနေတာပါလိမ့်လို့ အံ့သြနေတာပါ။
“အဲဒါ မိခင်စိတ်ပေါ့”လို့ ကျွန်မက ဖြေဖြစ်ခဲ့ပါတယ်။ မိုက်ကယ် က ငွေကို
စိစိစစ်စစ် သုံးနေရပေမယ့် ကင်မ့်ကို ပုဂလိက ကျောင်းကောင်းကောင်းမှာ တစ်လ
ပေါင်တစ်ထောင် အကုန်ခံပြီး ကျောင်းထားခဲ့တာ ဖြစ် ပါတယ်။ သူ့အားထုတ်မှုရဲ့
အသီးအပွင့်ကို ခုလိုတွေ့ရလေတော့ မိုက် ကယ်က “ဒီရင်းနှီးမြှုပ်နှံမှုကတကယ်
ကောင်းသွားတာပဲ”လို့ ဆိုပါတယ်။
မသီတာ-စမ်းချောင်း Ref: http://www.myanmarij.com/?p=7743
mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Tuesday, 18 December 2012
Wednesday, 12 December 2012
အချီညီ၊ အချညီ၊ ပဒညီ၊ ပိုဒ်စုံရတုတော်
အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်တော်တွင် ကျင်းပပြုလုပ်အပ်သော တတိယအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အထိမ်းအမှတ်
အချီညီ၊ အချညီ၊ ပဒညီ၊ ပိုဒ်စုံရတုတော်
ရေးသားသူ= အရှင်အဂ္ဂဥာဏ (လှည်းကူး) ဆစ်ဒနီ၊ သြစတေးလျနိုင်ငံ။
အောင်ကြောင်းဝေဖြာ။ ။ အောင်မင်္ဂလာနှင့်၊ အောင်ရာနိမိတ်၊ အောင်ဟိတ်သီကာ၊ အောင်ဝဠာမှ၊ ကြွလာရွှင်လတ်၊ ဗြဟ္မာနတ်တို့၊ နှစ်သက်ပေါင်းစု၊ ခါယခုတွင်၊ ဥတုအေးချမ်း၊ သစ်ပင်-ပန်းတို့၊ လန်းဆန်းစိုပြည်၊ လှိုင်လှိုင်ဝေသား၊ အမေရိက၊ နိုင်ငံလှ၏၊ ပေါ့တလန်ခေါ်၊ ရွှေမြို့တော်ရှိ၊ ထင်ပေါ်ဂုဏ်ပြည့်၊ သီရိမင်္ဂလာ၊ ကျောင်းဝိဟာတွင်၊ ဖြာဖြာထူးဆန်း၊ မြတ်ပဌာန်းကို၊ မဂ်လမ်းကိုရည်၊ တောင်းဆုသီ၍၊ စုံညီဖျဖျ၊ ပူဇော်ကြသော်၊ တတိယအကြိမ်၊ ခါအချိန်ရောက်၊ ထိန်ထိန်တောက်၏၊ အံ့လောက်စေတနာ၊ ဝေေ၀ဖြာလျက်၊ ထေရ်ဆရာနှစ်ပါး၊ တပည့်သားတို့၊ ပြုငြားညီညာ၊ မင်္ဂလာသည်။ ။ သေချာ အောင်ကြောင်းဝေဖို့ဘုရား။
နောင်ကောင်းစေရာ။ ။ ကရုဏာဖြင့်၊ ထေရာ(ဦး)သီရိန္ဒ၊ ဦးစက္ကိန္ဒဟု၊ ဘိဝံသ-သညာ၊ ထေရ်ဆရာရှင့်၊ နှစ်ဖြာဓူရ၊ ပြည့်စုံလှဘိ၊ တည်ထ၀ိဟာ၊ သီရိမင်္ဂလာဝယ်၊ နောင်လာအများ၊ အမျိုးသားတို့၊ တိုးပွားပြည့်စုံ၊ မျိုးမြန်ဂုဏ်ကို၊ ကုံလုံထိန်းရန်၊ မြတ်နိုးတန်ဟု၊ မြန်မာစာသင်တန်း၊ ခေတ်သစ်ဆန်းလျက်။ တက်လှမ်းစေကုန်၊ ဘက်ပေါင်းစုံမှ၊ မြန်ဟုန်မလစ်၊ ဂလိုဘယ်ခေတ်တွင်၊ စုံသစ်ဝေဖြာ၊ ချိန်တိုင်းပါ၍၊ မေတ္တာဥယျာဉ်၊ ၀ဘ်ဆိုက်တင်၏်၊ စီစဉ်တိုးဆင့်၊ တိုက်ရိုက်လွှင့်ဘိ။ တပ်ဆင့်ကုသိုလ်၊ မြန်ဗဟိုမှ၊ ကွန်းခိုကြွလှမ်း၊ ဧည့်အဆန်းကို၊ လက်ကမ်းကြိုသား၊ ရဟန်းခံ-ရှင်ပြု၊ နှစ်စဉ်ကုသလာ၊ အဖြာဖြာသည်။ ။ ဝေနေယျာနောင်ကောင်းစေဖို့ဘုရား။
ရောင်မောင်းတေဇာ။ ။ တို့မြတ်စွာ၏၊ ဖြာဖြာအံ့ဖွယ်၊ နည်းစုံချယ်သည့်၊ ပေါကြွယ်ထူးဆန်း၊ မြတ်ပဌာန်းကို၊ မျှော်မှန်းကြည်ညို၊ စေတနာပို၍၊ ထိုထိုများစွာ၊ သတ္တ၀ါတို့၊ ခုခါမျက်မှောက်၊ တန်ခိုးတောက်လျက်၊ မဖောက်ကျန်းမာ၊ ဘေးဘယခွါ၍၊ သက်ရှည်ပါကြောင်း၊ ဆုမွန်တောင်း၏၊ ထပ်လောင်းဆင့်ဆို၊ မြတ်ကုသိုလ်ဟု၊ ထိုထိုပေါင်းစု၊ မြတ်ကောင်းမှု့ကြောင့်၊ ယခု-သံသရာ၊ ဘ၀များစွာ၌၊ ဖြာဖြာကောင်းကျိုး၊ လွန်ပွားတိုးလျက်၊ အမျိုးဘာသာ၊ သာသနာကို၊ ကောင်းစွာစောင့်ရှောက်၊ နိဗ`္ဗာန်ပေါက်စေ၊ မြတ်ဗုဒ္ဓေ၏၊ ရှစ်ထွေအံ့ဖွယ်၊ သမုဒ်ကြယ်သို့၊ နှိုင်းသွယ်ဥပမာ၊ ထိန်ထိန်သာကြောင်း၊ စိတ်ရင်းကောင်းနှင့်၊ ထပ်လောင်းပတ္ထနာ သာသနာသည်။ ။ တေဇာရောင်မောင်းစေဖို့ဘုရား။ ။
Tuesday, 11 December 2012
အရှင်အဂ္ဂဥာဏ (လှည်းကူး) ရေးသားပူဇော်သည့် တေးထပ်
အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊
သီရိမင်္ဂလာကျောင်း။
(၃) ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အထိမ်းအမှတ် တေးထပ်
(၃) ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အထိမ်းအမှတ် တေးထပ်
ရေးသားပူဇော်သူ- အရှင်အဂ္ဂဥာဏ
(လှည်းကူး)
+ မင်္ဂလာထိန်ထိန်တင့်ပါလို့၊
(ဦး) သီရိန္ဒထေရ်မဟာ
(ဦး) စက္ကိန္ဒ
ထေရ်ဆရာလျှင်၊ ဗွေဝဠာ အံ့မခန်း၊
သုံးကြိမ်းမြောက်လှ
ကျင်းပပါသည်၊ မဟာဒေသနာ မြတ်ပဌာန်း။
+ ပေါ့တလန်ရှိ
သီရိမင်္ဂလာမှာ၊ သာသနာ တင့်ကြောင်း၊
မြန်မာစာ သင်ကျောင်းနှင့်၊
ရှင်လောင်းလှဲ့ ဝေစည်။
ဝဘ်ဆိုက်တည်ထောင်
မျှဝေပြူပါလို့၊
မေတ္တာဥယျာဉ်
မည်ခဲ့လေပြီ။ ။
+ ထေရ်မဟာ နှစ်ပါးမှ၊ လုပ်အားတူညီ
အဟုတ်မကြွား
အလီလီ အေးစေကြောင်းပေမို့၊
လူရှင်အပေါင်း
ကြည်ဘိ အစဉ်ပမာ၊
သီရိမင်္ဂလာ။ ။
+ ပဌာန်းပွဲလှ၊ ကျင်းပပါသည်။ မယွင်းပ သာသနာ ၊
ပွင့်ကြောင်းစေဘို့လေး။ ။
+ ပေါ့တလန်ရှိ၊ ၊သီရီမင်္ဂလာ၊ ပီတိဘ၀င်မှာ၊ တင့်ကြောင်းပေမို့လေး။
။
+ ဒါနကောင်းမှု၊ ပေါင်းစုဝေဖြာ၊ တောင်းဆုစေတနာ
ဆင့်ကြောင်းပေမို့လေး။ ။
Monday, 10 December 2012
ထပ်ဆင့်နှိုးဆော်ခြင်း
၂၀၀၅-၂၀၁၂ထိ အ.ထ.က(ခွဲ)မြို့မတွင်ပညာသင်ကြားခဲ့သောကျောင်းသားဟောင်းများရှင့် 4.1.2013 နေ့တွင် ထ(ခွဲ)မြို့မ စိန်ရတုကျောင်းဆောင်တွင်ဆရာကန်တော့ပွဲပြုလုပ်မည်ဖြစ်ပါသည်။သက်ဆိုင်ရာခုနှစ်အလိုက်အလှူငွေများလည်းကောက်ခံနေပါသည်။ကျောင်းသူကျောင်းသားများကိုလည်းဆရာကန်တော့ပွဲအားတက်ရောက်စေလိုကြောင်း Thon Thwe Thwe Thon ဖေ့ဘွတ်မှ ဖေါ်ပြထားသည်ကို ထပ်ဆင့်နှိုးဆော်မှု့ပြုလိုက်ပါသည်။
အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်တော်တွင် (၃) ကြိမ်မြောက် ကျင်းပပူဇော်အပ်သော ပဌာန်းပွဲတော်ကြီးအထိမ်းအမှတ်အဖြစ် အရှင်အဂ္ဂဥာဏ (ဆစ်ဒနီ၊ သြစတေးလျ) သီကုံးရေးသားအပ်သော ရှစ်လုံးဖွဲ့ ဓမ္မလင်္ကာများ
(၁) ရှင်တော်မြတ်ဖျား၊ တရား သံဃာ၊ လက်စုံမိုး၍၊ ရှိခိုးပန်ထွာ၊
တပည့်တော်များ၊ သနားညှာတာ၊ ဦးထိပ်နန်း- ကြွလှမ်းချီလှဲ့ပါ။ ။
(၂) ဦးသီရိန္ဒ၊ ထေရ်ရမဟာ၊ ပေါ့တလန်မြို့ရပ်၊ စွဲကပ်ခါခါ၊
ပီတိရွမ်းမြ၊ တည်ထ၀ိဟာ၊
အမည်ရှိ- သီရိမင်္ဂလာ။ ။
(၃) ကျောင်းတိုက်တော်တွင်း၊ ထင်လင်းပူဇာ၊ ဝေနေယျများ၊ တိုးပွားကုသလာ၊
မဟာပဌာန်း၊ အေးချမ်းဒေသနာ၊
သုံးကြိမ်ရောက်- ပြည့်မြောက်မင်္ဂလာ။ ။
(၄) ပဌာန်းနာကြား၊ နတ်များဗြဟ္မာ၊ နာကြားရလို့၊ အားရရွှင်စွာ၊
ရွတ်နာသူအား၊
လိုလားမေတ္တာ၊ အကျိုးဆန်း- ပဌာန်းဒေသနာ။
(၅) စွမ်းအင်ကြီးလ၊ှ ဓမ္မရှိန်ဝါ၊ ရွတ်နာသူများ၊
စိုက်ရောက်အလာ၊
ဘေးရန်ဝေးလို့၊
အေးချမ်းသာယာ၊ အကျိုးဆန်း- ပဌာန်းဒေသနာ။ ။
(၆) အကိရိယ ၊ ဣဿရနိမ္မာ ၊အဟေတုက၊ နတ္ထိတဖြာ၊
ဒိဌိခပ်ပင်း၊
ပယ်ရှင်းမှန်စွာ၊ အကျိုးဆန်း- ပဌာန်းဒေသနာ။
(၇) ရုပ်နာမ်မျိုးမျိုး၊ ကြောင်းကျိုးမြင်လာ၊ အယူစင်ငြား၊ ပယ်ရှားကင်္ခါ၊
ဥာဏ်အဆင့်ဆင့်၊
တက်လင့်မဂ်ရွာ၊ အကျိုးဆန်း- ပဌာန်းဒေသနာ။ ။
(၈) ပဌာန်းတရား နာကြားသူတွေ၊ ဘေးရန်အပေါင်း ကင်းကြောင်းမှန်စေ၊
ကြံတိုင်းပေါက်လို့၊
ဆောင်တိုင်းမြောက်စေ၊ လိုတိုင်းတ- ပြည့်ဝကြပါစေ။ ။
(၉) မျက်မှောက်ကာလ၊ သတ္တ၀ါဝေနေ၊ ကပ်ဘေးဒဏ်များ
ဆိုက်ရောက်ကာနေ၊
ပဌာန်းရွတ်လို့
၊ ပျောက်ကြပါစေ၊ ဒို့ဆုတောင်း - ထပ်လောင်းမေတ္တာဝေ။ ။
(၁၀) အများကောင်းကျိုး၊သယ်ပိုးဆောင်စေ၊ တို့များပေါင်းစု၊
ကောင်းမှုဖြာဝေ၊
ပဌာန်းအစွမ်း၊
တင့်ဆန်းပါစေ၊ ဝေနေယျ- အမျှရပါစေ။ ။ (သာဓု-၃ကြိမ်ခေါ်ရန်)
Friday, 7 December 2012
Monday, 3 December 2012
လှည်းကူးဆရာတော် နှင့် ပျူလူမျိုး ၊ ပျူနိုင်ငံတော်
ပျူလူမျိုး နှင့် ပျူနိုင်ငံတော် စာတမ်းဖတ်ပွဲတွင် လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲကျေးရွာ၊ မဟာဝိဇိတာရာမစာသင်တိုက်၊ ဆရာတော် ဒေါက်တာရေ၀တာလင်္ကာရ မှ စာတမ်းတစ်စောင်ဖတ်ကြားခဲ့သည်ဟု ဆရာကိုသက်လွင် (လှည်းကူး) မှ ဓါတ်ပုံနှင့်တကွ ဘေ့ဘွတ်တွင် ဖေါ်ပြထားသည်ကို ၀မ်းမြောက်စွာ တွေ့ရှိရပါသည်။
ပျူလူမျိုး နှင့် ပျူနိုင်ငံတော် စာတမ်းဖတ်ပွဲတွင် ဖတ်ကြားသည့် စာတမ်းပေါင်း (၄၃)စောင်ခန့်ရှိကြောင်းသိရပါသည်။ ယင်းအထဲတွင် လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲကျေးရွာ၊ မဟာဝိဇိတာရာမစာသင်တိုက်၊ ဆရာတော် ဒေါက်တာရေ၀တာလင်္ကာရ မှ စာတမ်းတစ်စောင်ဖတ်ကြားဖတ်ကြားခဲ့ပါသည်။
ယင်းစာတမ်းမှာ ဆရာတော် ဒေါက်တာဘွဲ့အတွက် သုတေသနလုပ်ပြီး ရေးသားခဲ့သည့် ဘွဲ့ယူကျမ်းစာမှ အနည်းငယ်မျှသော အချက်အလက်ကို ထုတ်နှုတ်ပြီး စာတမ်းငယ်တစ်ခု ဖန်တီးထားခြင်း ဖြစ်ပါသည်။ ဆရာတော် သုတေသနပြု ရေးသားခဲ့သော ကျမ်းအမည်မှာ " A Study of Theravada Buddhism in Srikhestra, the Ancient Myanmar City" ပဲ ဖြစ်ပါသည်။ ဒီကျမ်းဟာ သရေခေတ္တရာခေတ်မှာ Theravada Buddhism ပျံ့နှံရောက်ရှိနေပြီ ဖြစ်ကြောင်းကို ရှု့ထောင့်မျိုးစုံ၊ အထောက်အထား ပြည့်စုံစွာဖြင့် တင်ပြထားသော ကျမ်းဖြစ်ပါသည်။
ယင်းကျမ်းကို ရေးသားစဉ်က စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ် ဖြစ်ပါသည်။ သုတေသနပြုရာ ပြည်မြို့ ပတ်ဝန်းကျင်တစ်လျောက်သို့ ဆရာတော်နှင့် အတူ လိုက်ပါ ကူညီခဲ့ပါသည်။ မှတ်တမ်း ဓါတ်ပုံဆရာမှာ ပန်းချီ ခင်မောင်ဦး (လှည်းကူး) ဖြစ်ပါသည်။
ဒီကျမ်းရဲ့ ခေါင်းစဉ်ကို ဆရာနန္ဒာသိန်းဇံ ကိုယ်တိုင် စိစစ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ မှတ်မှတ်ရရ ကိစ္စတစ်ခု ရှိခဲ့ပါသည်။ ကျမ်းခေါင်းစဉ်ကို ဆရာတော်က " A Study of Theravada Buddhism in Srikhetra, Ancient Myanmar City" ဟု ပေးခဲ့ပါသည်။ the Ancient Myanmar City ဟု မသုံးဘဲ the ကို ဖြုတ်ပြီး Ancient Myanmar City ဟု သုံးခြင်းဖြစ်ပါသည်။
ဆရာနန္ဒာသိန်းဇံ ရှိရာ ရန်ကုန်တက္ကသိုလ် ဒသ၁နိကဗေဒဌာနသို့ ရောက်သောအခါ ဆရာနှင့်တကွ ဆရာ၊ ဆရာမများ ဆယ်ယောက်ခန့်ရယ်၊ ဆရာတော်နှင့် စာရေးသူတို့ (၁၂) ဦး အုပ်စုဟာ နှစ်စုခွဲပြီး the Article ပါသင့် မပါသင့် ငြင်းခုံကြပါသည်။ ဆရာနန္ဒာသိန်းဇံကတော the ပါတဲ့ဘက်ကပေါ့။ အဘိဓာန်ကျမ်းပေါင်းစုံ၊ သဒ္ဒါကျမ်းပေါင်းစုံတို့ကို ချပြီး ငြင်းကြရာ နောက်ဆုံးတော့ the ပါတဲ့ဘက်က အနိုင်ရရှိသွားပြီး " A Study of Theravada Buddhism in Srikhestra, the Ancient Myanmar City" ဟု ရွေးချယ်လိုက်ပြီး ကျမ်းခေါင်းစဉ်ကို University of Magadh သို့ ပို့လိုက်ပါတယ်။
နောက်တစ်ကြိမ် ဆရာနန္ဒာသိန်းဇံ နှင့် တွေ့တဲ့အခါ the မပါရင် ပိုကောင်းမယ်လို့ ပြောလာပါတယ်။ ကျမ်းခေါင်းစဉ်ကို ပြင်လို့ မရတော့ပါ။ ဒီနေရာမှာ ကြည့်ရင် ဆရာတော်ကလဲ သူ့ကျမ်းခေါင်းစဉ်ကို အထောက်အထား ခိုင်လုံပါက ပြင်ခိုင်းခဲ့တာကို တွေ့ရပါ့မယ်။ ဆရာနန္ဒာသိန်းဇံကလဲ သူမှားတဲ့ကိစ္စတစ်ခုကို မှားသွားကြောင်း ပြန်ပြင်ဖို့ ပြောခဲ့ပါတယ်။ ထို့ကြောင့် ပညာရှိပဂ္ဂိုလ်များရဲ့ စိတ်နေသဘောထားကို တွေ့မြင်နိုင်ပါတယ်။
ယခုတဖန် စာတမ်းဖတ်ပွဲမှာ ဆရာတော်မှ စာတမ်းတစ်စောင် ဖတ်ကြားခဲ့ကြောင်း သိရသဖြင့် အရမ်းဝမ်းသာ ပီတိဖြစ်မိပါတယ်။
ဒါကြောင့် ဓါတ်ပုံများကို ပို့ပေးပါသော ဆရာကိုသက်လွင်အား အထူးကျေးဇူးတင်ပါကြောင်းနှင့် ယင်းဓါတ်ပုံများကို သမိုင်းမှတ်တိုင် တစ်ခု အနေဖြင့် ထပ်ဆင့်ပြီး ဖေါ်ပြလိုက်ပါတယ်။
မောင်နေခြည် (လှည်းကူမြေ)
ပျူလူမျိုး နှင့် ပျူနိုင်ငံတော် စာတမ်းဖတ်ပွဲတွင် ဖတ်ကြားသည့် စာတမ်းပေါင်း (၄၃)စောင်ခန့်ရှိကြောင်းသိရပါသည်။ ယင်းအထဲတွင် လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲကျေးရွာ၊ မဟာဝိဇိတာရာမစာသင်တိုက်၊ ဆရာတော် ဒေါက်တာရေ၀တာလင်္ကာရ မှ စာတမ်းတစ်စောင်ဖတ်ကြားဖတ်ကြားခဲ့ပါသည်။
ယင်းစာတမ်းမှာ ဆရာတော် ဒေါက်တာဘွဲ့အတွက် သုတေသနလုပ်ပြီး ရေးသားခဲ့သည့် ဘွဲ့ယူကျမ်းစာမှ အနည်းငယ်မျှသော အချက်အလက်ကို ထုတ်နှုတ်ပြီး စာတမ်းငယ်တစ်ခု ဖန်တီးထားခြင်း ဖြစ်ပါသည်။ ဆရာတော် သုတေသနပြု ရေးသားခဲ့သော ကျမ်းအမည်မှာ " A Study of Theravada Buddhism in Srikhestra, the Ancient Myanmar City" ပဲ ဖြစ်ပါသည်။ ဒီကျမ်းဟာ သရေခေတ္တရာခေတ်မှာ Theravada Buddhism ပျံ့နှံရောက်ရှိနေပြီ ဖြစ်ကြောင်းကို ရှု့ထောင့်မျိုးစုံ၊ အထောက်အထား ပြည့်စုံစွာဖြင့် တင်ပြထားသော ကျမ်းဖြစ်ပါသည်။
ယင်းကျမ်းကို ရေးသားစဉ်က စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ် ဖြစ်ပါသည်။ သုတေသနပြုရာ ပြည်မြို့ ပတ်ဝန်းကျင်တစ်လျောက်သို့ ဆရာတော်နှင့် အတူ လိုက်ပါ ကူညီခဲ့ပါသည်။ မှတ်တမ်း ဓါတ်ပုံဆရာမှာ ပန်းချီ ခင်မောင်ဦး (လှည်းကူး) ဖြစ်ပါသည်။
ဒီကျမ်းရဲ့ ခေါင်းစဉ်ကို ဆရာနန္ဒာသိန်းဇံ ကိုယ်တိုင် စိစစ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ မှတ်မှတ်ရရ ကိစ္စတစ်ခု ရှိခဲ့ပါသည်။ ကျမ်းခေါင်းစဉ်ကို ဆရာတော်က " A Study of Theravada Buddhism in Srikhetra, Ancient Myanmar City" ဟု ပေးခဲ့ပါသည်။ the Ancient Myanmar City ဟု မသုံးဘဲ the ကို ဖြုတ်ပြီး Ancient Myanmar City ဟု သုံးခြင်းဖြစ်ပါသည်။
ဆရာနန္ဒာသိန်းဇံ ရှိရာ ရန်ကုန်တက္ကသိုလ် ဒသ၁နိကဗေဒဌာနသို့ ရောက်သောအခါ ဆရာနှင့်တကွ ဆရာ၊ ဆရာမများ ဆယ်ယောက်ခန့်ရယ်၊ ဆရာတော်နှင့် စာရေးသူတို့ (၁၂) ဦး အုပ်စုဟာ နှစ်စုခွဲပြီး the Article ပါသင့် မပါသင့် ငြင်းခုံကြပါသည်။ ဆရာနန္ဒာသိန်းဇံကတော the ပါတဲ့ဘက်ကပေါ့။ အဘိဓာန်ကျမ်းပေါင်းစုံ၊ သဒ္ဒါကျမ်းပေါင်းစုံတို့ကို ချပြီး ငြင်းကြရာ နောက်ဆုံးတော့ the ပါတဲ့ဘက်က အနိုင်ရရှိသွားပြီး " A Study of Theravada Buddhism in Srikhestra, the Ancient Myanmar City" ဟု ရွေးချယ်လိုက်ပြီး ကျမ်းခေါင်းစဉ်ကို University of Magadh သို့ ပို့လိုက်ပါတယ်။
နောက်တစ်ကြိမ် ဆရာနန္ဒာသိန်းဇံ နှင့် တွေ့တဲ့အခါ the မပါရင် ပိုကောင်းမယ်လို့ ပြောလာပါတယ်။ ကျမ်းခေါင်းစဉ်ကို ပြင်လို့ မရတော့ပါ။ ဒီနေရာမှာ ကြည့်ရင် ဆရာတော်ကလဲ သူ့ကျမ်းခေါင်းစဉ်ကို အထောက်အထား ခိုင်လုံပါက ပြင်ခိုင်းခဲ့တာကို တွေ့ရပါ့မယ်။ ဆရာနန္ဒာသိန်းဇံကလဲ သူမှားတဲ့ကိစ္စတစ်ခုကို မှားသွားကြောင်း ပြန်ပြင်ဖို့ ပြောခဲ့ပါတယ်။ ထို့ကြောင့် ပညာရှိပဂ္ဂိုလ်များရဲ့ စိတ်နေသဘောထားကို တွေ့မြင်နိုင်ပါတယ်။
ယခုတဖန် စာတမ်းဖတ်ပွဲမှာ ဆရာတော်မှ စာတမ်းတစ်စောင် ဖတ်ကြားခဲ့ကြောင်း သိရသဖြင့် အရမ်းဝမ်းသာ ပီတိဖြစ်မိပါတယ်။
ဒါကြောင့် ဓါတ်ပုံများကို ပို့ပေးပါသော ဆရာကိုသက်လွင်အား အထူးကျေးဇူးတင်ပါကြောင်းနှင့် ယင်းဓါတ်ပုံများကို သမိုင်းမှတ်တိုင် တစ်ခု အနေဖြင့် ထပ်ဆင့်ပြီး ဖေါ်ပြလိုက်ပါတယ်။
မောင်နေခြည် (လှည်းကူမြေ)
Subscribe to:
Posts (Atom)































