Thursday, 2 May 2013

လှည်းကူးမြို့နယ်တွင် ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်ပွား

နေပြည်တော်၊ မေ ၁
၂၉-၄-၂၀၁၃ ရက်နေ့ ၁၅၀၅ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးရွာလယ်ပိုင်းကျေးရွာ၊ ပဲခူး-ရန်ကုန်လမ်းမကြီး မိုင်တိုင်အမှတ်(၅/၃)ပဲခူးဘက်မှ သာကေတမြို့နယ်၊ (၃)ရပ်ကွက်နေ တင်ဝင်း(၃၃)နှစ် မောင်းနှင်သော ၆ဂ/xxxx ဟိုက်အေ့စ် အပြာရောင်မှန်လုံယာဉ်မှာ တိုက်ရော့ပြုတ်၍ လမ်းယာဘက်ဘေးရှိ ခရီးသည်တင်ရန် ရပ်စောင့်နေ သည့် လှည်းကူးမြို့နယ်၊ ဈေးကြီးရပ်ကွက်နေ ခင်စိုး(၄၇)နှစ်မောင်းနှင်သော ခရီးသည်(၂၀)ဦးခန့် တင်ဆောင်သည့် လှည်းကူး-လသာ အမှတ်(၁၃၅)လိုင်းမှ ၂ခ/xxxx ဟိုင်းလတ်ယာဉ်အား နောက်မှ ၀င်တိုက်မိရာ ဟိုင်းလတ်ယာဉ်မှာ ရှေ့တွင်ရပ်ထားသည့် လှည်းကူးမြို့နယ်၊ ကဒစ်ကျေးရွာနေ ကျော်ဦး(၄၀)နှစ် မောင်းနှင်သော ယ/xxxx တီအီး အညိုရောင် အုတ်ခဲတင်ယာဉ်အား ထပ်ဆင့်တိုက်မှုဖြစ်ပွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ၆ဂ/xxxx ဟိုက်အေ့စ်ယာဉ်မောင်း တင်ဝင်းနှင့် ယာဉ်ပေါ်ပါ တရုတ်နိုင်ငံသား(၁၂)ဦးအနက် တရုတ်နိုင်ငံသား မ(၂)ဦး၊ ၂ခ/xxxx ယာဉ်ပေါ်ပါ ခရီးသည် ဇော်ကိုလတ်(၃၀)နှစ်ပါ ကျား(၆)ဦး၊ မ(၁၀)ဦး၊ စုစုပေါင်း(၁၉)ဦးတို့အား ၁၆၀၀ အချိန်တွင် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ထားပြီး ယာဉ်မောင်း တင်ဝင်းအား လှည်းကူးရဲစခန်း(ပ)၁၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၂၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
 
Ref: ရဲဇာနည်facebook
 

No comments: