(ချစ်လှစွာသော သူငယ်ချင်းတယောက်ထံမှ Forward Mail ပါ။ လူတယောက်ရဲ့ ဘဝတက်လမ်းအတွက် အတုယူစရာ မှတ်သားစရာ ဖြစ်တဲ့အတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။ ကျွန်မလည်း ဘဝအတွက်အများကြီး ကြိုးစားနေဆဲဖြစ်တဲ့ အတွက် ဒီလိုမှတ်သားစရာတွေ ပညာယူစရာတွေ လိုအပ်ပါတယ်။ လှေကားထစ်တွေအတွက် အားဆေးတခွက်လို့ လည်း ပြောလို့ရပါတယ်။)
၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် Apple Computer နှင့် Pixar Animation Studio တို့ကို စတင်တည်ထောင်ခဲ့သူ Steve Jobs ပြောကြားခဲ့ သည့် မိန့်ခွန်း
ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတခုရဲ့ ဘွဲ့ရ မောင်မယ်များကို တွေ့ဆုံစကားပြောခွင့်ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျနော်ဟာ တက္ကသိုလ်ဘွဲ့ရ တယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသ ဘင် အခမ်းအနားဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ကျနော့်ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်းအရှည်ကြီး မဟုတ်ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်း သုံးပုဒ် ထဲ ပါ။
ပထမဆုံးဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။
mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Monday, 29 August 2011
Friday, 26 August 2011
အာဆီယံ ယူ-၁၉ ပြိုင်ပွဲအား လာရောက် ကြည့်ရှုရန် ဒေါ်အောင်ဆန်း စုကြည်အား ဦးဇော်ဇော် ဖိတ်ကြားခဲ့
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲအား လာရောက် ကြည့်ရှုပါရန် ဒေါ်အောင်ဆန်း စုကြည်အား ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဖိတ်ကြားမှု ပြုလုပ်ခဲ့ကြောင်း Weekly Eleven News ဂျာနယ်၏ ဖော်ပြချက်အရ သိရသည်။
Saturday, 20 August 2011
ဦးသိန်းစိန်ရုံးခန်းတွင် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ချိတ်ဆွဲထား
ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးသိန်းစိန် တွေ့ဆုံမှု ရုပ်သံသတင်းကို the Voice သတင်းဂျာနယ်က မှတ်တမ်းတင်ထားပုံ။
ဦးသိန်းစိန်၏ ရုံးခန်းတွင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံ ချိတ်ဆွဲထားသည်။
Friday, 19 August 2011
စကော်ပီယံဂိုဏ်း (Scorpion Gang) ဝင် ၁၅ ဦး ဆယ်နှစ်ကျော်ကြာ အကျဉ်းချခံရရာမှ သြဂုတ် ၁၅ ရက်နေ့တွင် ပြန်လည်လွတ်မြောက်
စိုင်းဇွမ်ဆိုင်း Thursday, 18 August 2011 18:41 .
၁၉၉၀ နောက်ပိုင်းနှင့် ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလများတွင် ရန်ကုန်မြို့ ညကလပ်များနှင့် လမ်းမများ၌ နာမည်ကြီးခဲ့သည့် စကော်ပီယံဂိုဏ်း (Scorpion Gang) ဝင် ၁၅ ဦး ဆယ်နှစ်ကျော်ကြာ အကျဉ်းချခံရရာမှ သြဂုတ် ၁၅ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသည်။
ဂိုဏ်းခေါင်းဆောင် ရန်နိုင် အပါဝင် အဖွဲ့ဝင် ၁၅ ဦး လွတ်မြောက်လာပြီး မိသားစုများနှင့် ပြန်လည်နေထိုင်ကြောင်း လွတ်မြောက်လာသူတဦး၏ မိသားစုဝင်က ဧရာဝတီသို့ ပြောသည်။

Tuesday, 16 August 2011
တောင်းတခြင်းသို့ 
ငါတို့ တမ်းခြင်း
လွမ်းလောက်ပါလဲ
အချိန်ဆိုတဲ့ဝေါဟာရက
ငါတို့ ကိုနောက်ပြောင်နေတယ်၊
ငါတို့ လွမ်းလို့ ငါတို့  သေလဲ
အမှန်တရားကမင်းအတွက်ပေါ့
ကုန်လွန်ခဲ့ပြီလေ...
ငါနေနေတဲ့
အကြောင်းတရား
ငါတို့ ဘဝကိုလှောင်ပြောင်နေလဲ
ငါသည်ငါ့ဘဝကို လွမ်းနေမယ်...
နင်တို့ နောက်က နင်တို့ ဘဝ
ဟန်ချက်ညီမှု တောင်ဆိုမှုများ
ကုန်လွန်သွားတဲ့တမ်းချင်းများနဲ့ 
သံသရာကို ငါတို့ သွားကြမယ်။
ခိုင်မျိုးသူရ
လွမ်းလောက်ပါလဲ
အချိန်ဆိုတဲ့ဝေါဟာရက
ငါတို့ ကိုနောက်ပြောင်နေတယ်၊
ငါတို့ လွမ်းလို့ ငါတို့  သေလဲ
အမှန်တရားကမင်းအတွက်ပေါ့
ကုန်လွန်ခဲ့ပြီလေ...
ငါနေနေတဲ့
အကြောင်းတရား
ငါတို့ ဘဝကိုလှောင်ပြောင်နေလဲ
ငါသည်ငါ့ဘဝကို လွမ်းနေမယ်...
နင်တို့ နောက်က နင်တို့ ဘဝ
ဟန်ချက်ညီမှု တောင်ဆိုမှုများ
ကုန်လွန်သွားတဲ့တမ်းချင်းများနဲ့ 
သံသရာကို ငါတို့ သွားကြမယ်။
ခိုင်မျိုးသူရ
Monday, 15 August 2011
နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်)၊ ဗုဒ္ဓဒေသနာတော်ပြန့်ပွားရေးပညာဌာန၏ ဧည့်ပါမောက္ခ စာရေးဆရာကြီး နန္ဒာသိန်းဇံ ကွယ်လွန်
နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်)၏ ဗုဒ္ဓဒေသနာတော်ပြန့်ပွားရေးပညာဌာန၊ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသော စာရေးဆရာကြီး နန္ဒာသိန်းဇံ အသက်(၆၅)နှစ်ဟာ ယနေ့ညနေပိုင်းက ရန်ကုန်မြို့မှာ ကွယ်လွန်အနိစ္စ ရောက်ခဲ့ကြောင်း သိရှိရပါတယ်...။ ဆရာကြီးကွယ်လွန်သွားတာဟာ မြန်မာ့စာပေလောကအတွက် နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်)အတွက် အင်မတန်မှ ဆုံးရှုံးနစ်နာမှုဖြစ်ပါတယ်...။ ဆရာကြီးကောင်းရာ သုဂတိလားပါစေကြောင်း နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်)မှ တပည့်များကိုယ်စား ဆုမွန်ကောင်း တောင်းလိုက်ပါတယ်..။
နန္ဒာသိန်းဇံ (၁၉၄၇-၂၀၁၁)
၁၉၄၇ - ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်၊ သောကြာနေ့၌ ပဲခူးတိုင်း ပေါင်းတည်မြို့တွင် အဖ-ဦးညီကွန်း၊ အမိ-ဒေါ်ဟန်တင်တို့မှ မွေးဖွားပြီး မွေးချင်း(၃)ယောက်အနက် အငယ်ဆုံးဖြစ်သည်။ အမည်ရင်းမှာ မောင်သိန်းဇံဖြစ် သည်။

ဆရာတော်ကြီး ဒေါက်တာ ဦးဇာဂရာဘိဝံသ ( သြစတေးလျ) ၏ (၈၆)နှစ်ပြည့် မွေးနေ့အလှူတော် နှင့် အတ္ထုပ္ပတ္တိ အကျဉ်းချုပ်
(ဆရာတော်ကြီးကို စာရေးသူနှင့်အတူ ဖူးတွေ့ရပုံ)
ဆရာတော်ကြီး ဒေါက်တာ ဦးဇာဂရာဘိဝံသ ( သြစတေးလျ) ၏ (၈၆)နှစ်ပြည့် မွေးနေ့အလှူတော် အခမ်းအနားကို သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ ယနိုးရာရပ်၊ မြန်မာဘုန်တော်ကြီးကျောင်း၌ ယနေ့ (၁၄-၀၈-၂၀၁၁) မှာ ကျင်းပပြုလုပ်ပါတယ်။
နံနက်ပိုင်းမှာ သံဃာတော်များအား ဆွမ်းဆက်လှူဒါန်းပြီး ဧည့်ပရိသတ်တို့အား စားသောက်ဖွယ်ရာများနှင့် ကျွေးမွေးဧည့်ခံပါတယ်။
Saturday, 13 August 2011
ဝန်ကြီးများ မြို့တော်ခန်းမရှေ့  ဆန္ဒပြ ငိုကြွေးမည်
ဧရာဝတီမြစ်ကြီးကို ကယ်တင်ဖို့ ၀န်ကြီးတွေ မြို့တော်ခန်းမရှေ့ သွားပြီး၊ ဆန္ဒပြကြ ငိုပြကြမယ် လို့ သိရပါတယ်။
ဘယ်အချိန်လဲ ဆိုတာတော့ မပြောသေးပေမယ့် ငိုပြမယ့် ၀န်ကြီးများအတွက် လက်ကိုင်ပုဝါ တယောက် ၁၀ ထည်နှုန်း ဝေငှပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဧရာဝတီမြစ်တလျှောက် ရေကာတာဆောက်တဲ့နည်းနဲ့ မိုက်လုံးကြီးနေခြင်းအကြောင်း မေးခွန်းကို ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက လှလှပပ ငိုပြပြီး ဖြေဆိုသွားပုံဟာ အရမ်း အရမ်း အောင်မြင်သွားတာကြောင့် ဒီလို ဆက်လုပ်ဖို့ အထက်က ညွှန်ကြားလိုက်တာပါ။
မနေ့က ဦးကျော်ဆန်း ချုံးပွဲချငို တဲ့အကြောင်း ဖော်ပြတော့ အင်တာနက်သုံးသူအများပြည်သူ အားပေးပုံတွေကို ကောက်နှုတ် ဖော်ပြလိုက်ပါတယ်။

ထာဝရအမွေအနှစ် မွန်မြတ်သည့် စေတနာ (သြဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် ‘လျှပ်စစ် ၀န်ထမ်းတစ်ဦး’ အမှတ် (၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ကိုယ်တိုင်ရေးသားထားသည့် ဆောင်းပါးဖြစ်)
နိုင်ငံတော်အစိုးရသည် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လက်မှုကဏ္ဍမှ စက်မှုကဏ္ဍသို့ အရှိန်အဟုန်ဖြင့် အသွင်ကူးပြောင်း ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ အသွင်ကူးပြောင်း ဆောင်ရွက်ရန် အတွက် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် အခြေခံ အကျဆုံးနှင့် အဓိက အကျဆုံး လိုအပ်ချက်ပင် ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတော်အစိုးရ အနေဖြင့် လျှပ်စစ်ကဏ္ဍကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် ပြောင်းလဲလာစေရေး ရည်ရွယ်လျက် နိုင်ငံတော်၏ လျှပ်စစ်ကဏ္ဍကို ဖော်ဆောင်နိုင်မည့် လျှပ်စစ်စွမ်းအား ဖွံ့ဖြိုးရေး စီမံကိန်းများကို စနစ်တကျ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
ယနေ့ မြန်မာနိုင်ငံ၏ မျက်မှောက်ကာလ ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်မည် ဆိုလျှင် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံသစ်များနှင့် နိုင်ငံပိုင်စက်ရုံကြီးများ တိုးတက် ဖြစ်ထွန်းလာပြီး စက်မှုကဏ္ဍများ တိုးတက်မှု အရှိန်အဟုန် မြင့်မားလျက် ရှိသည်။

သြဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် ‘လျှပ်စစ် ၀န်ထမ်းတစ်ဦး’ ၏ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ဆောင်းပါးကို Eleven Media Groupနှင့် ၀ါရင့် သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းတို့က ဝေဖန်
သြဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် ‘လျှပ်စစ် ၀န်ထမ်းတစ်ဦး’ ၏ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ဆောင်းပါးကို Eleven Media Groupနှင့် ၀ါရင့် သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းတို့က ဝေဖန်ခဲ့ကြပါသည်။
နိုင်ငံပိုင်သတင်းစာပါ လျှပ်စစ်ဝန်ထမ်းတစ်ဦး အမည်ဖြင့် ရေးသားထားသည့် ဆောင်းပါး အမည်မှာ ‘ထာဝရ အမွေအနှစ် မွန်မြတ်သည့် စေတနာ’ ဖြစ်ပြီး ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်သော အကြောင်းအရာများ၊ အဓိကအားဖြင့် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဆိုင်ရာ အကျိုးဖြစ်ထွန်းမှု အချက်အလက်များကို ရေးသားထားခြင်း ဖြစ်ပါသည်။

Thursday, 11 August 2011
ဘာသာစကားမှသည် ဘာသာတရားဆီသို့
လင်းဝံသ
“ဘာသာ”ဆိုတဲ့စကားလုံးကို အဓိပ္ပါယ်ဖွင့်ကြည့်ရင် အကြမ်းဖျင်းအားဖြင့် ဒီလိုတွေ့ရမှာပါ။
၁။ ယုံကြည်ကိုးကွယ်သည့်အရာ
၂။ ပြောဆိုသုံးစွဲသောစကား
၃။ အကြောင်းအရာတခု
ဥပမာအားဖြင့် ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ။ ဗမာစကား၊ အင်္ဂလိပ်စကား။ သင်္ချာဘာသာ၊ ရူပဗေဒဘာသာ။ ဒါဟာ အကျဉ်းအားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုပြီး ဥပမာပေးကြည့်တာပါ။ ဒီ့ထက်မက ကျယ်ပြန့်နက် ရှိုင်းတဲ့ အဓိပ္ပါယ်တွေနဲ့ ဥပမာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။

Wednesday, 10 August 2011
စိုက်ပျိုးစရိတ်ချေးငွေ မဆပ်နိုင်သဖြင့် လယ်သမားများ ဖမ်းဆီးခံရ
အံ့ဘုန်းမြတ်
ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာတွေက လယ်သမားတွေ ဦးပိုင်ကုမ္ပဏီလီမိတက်က ထုတ်ချေးခဲ့တဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို ပြန်မဆပ်နိုင်တာကြောင့် ရာနဲ့ချီပြီး ဖမ်းဆီးခံနေရကြရပါတယ်။
ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာတွေက လယ်သမားတွေ ဦးပိုင်ကုမ္ပဏီလီမိတက်က ထုတ်ချေးခဲ့တဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို ပြန်မဆပ်နိုင်တာကြောင့် ရာနဲ့ချီပြီး ဖမ်းဆီးခံနေရကြရပါတယ်။
Friday, 5 August 2011
ဒေါ်အောင်ဆန်းစုကြည်၏ နေ့စွဲမှတ်တမ်းများ
သန်းဝင်းလှိုင်
သြဂုတ် ၅၊ ၂၀၁၁
၁၉၄၂၊ စက်တင်ဘာလ ၆၊ နေ့လယ် ၂ နာရီတွင် ဂျပန်ခေတ်ဆေးရုံကြီး (ယခု နိုင်ငံတော် ကာကွယ်ရေးတက္ကသိုသ်) အရှေ့ဘက် အစွန်ဆုံးခန်းမဆောင်တွင် သူနာပြုဆရာမ မခင်ကြည်နှင့် ဗမာ့ကာကွယ်ရေးတပ်မတော် ဗိုလ်ချုပ် ဗိုလ်တေဇတို့ လက်ထပ်မင်္ဂလာပွဲ ပြုလုပ်သည်။
စက်တင်ဘာလ ၇၊ ညနေ ၅ နာရီအချိန်တွင် ရန်ကုန်မြို့ Nippon Military Club (မင်တိုမစ်ရှင်ဟိုတယ်)၌ ဗမာ့ကာကွယ်ရေးတပ်မတော် ဗိုလ်ချုပ်ဗိုလ်တေဇနှင့် ဇနီး ဒေါ်ခင်ကြည်တို့ မင်္ဂလာထမင်း တည်ခင်းဧည့်ခံကျွေးမွေးသည်။

Monday, 1 August 2011
အဘိဓာန်တွေ ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေပြီလား
ကမ္ဘာ့ အမြင့်ဆုံး ဆေးခြောက်ပင်များဟု ယူဆရသည့် အမြင့် ပေ ၈၀၀ ရှိသော ဆေးခြောက်ပင်များကို မက္ကစီကိုနိုင်ငံအတွင်း မြန်မာဂျာနယ်လစ်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြည်တွင်း ဂျာနယ်တစ်ခုက ရေးသားသည်။
(မူရင်း ရေးသားချက် အမှန်)
(ဂျာနယ်တစ်ခုတွင် ဖေါ်ပြပုံ)
အဆိုပါ ဆေးခြောက်ပင်များမှာ ခရမ်းချဉ်သီးပင်များ အကြားတွင် စိုက်ပျိုးထားခြင်း ဖြစ်သော်လည်း မြန်မာဂျာနယ်လစ်များ မက္ကစီကိုနိုင်ငံသို့ သွားရောက် ကြည့်ရှု သည့်အခါ ခရမ်းချဉ်သီးမဟုတ်ဘဲ အာလူးများကိုသာ တွေ့ရှိခဲ့ကြသည် ဆို၏။
မြန်မာဂျာနယ်လစ်များက သူတို့ တွေ့ရှိသော Tomato (ခရမ်းချဉ်သီး) ကို "အာလူး" ဟု အထက်ပါ သတင်းတွင် မှတ်တမ်းတင်ကြသည်ကို တွေ့ရသည်။ ဤကဲ့သို့ မှတ်သားလိုက်သဖြင့် အင်္ဂလိပ်-မြန်မာ အဘိဓာန် ပြုစုရေး အဖွဲ့ဝင်များ အလုပ်ရှုတ်သွားကြသည်။ ဂျာနယ်လစ်များ အလိုအရ Tomato မှာ အာလူး ဖြစ်သွားသဖြင့် Potato ကို အဓိပ္ပါယ် ဖွင့်ဆိုရန် အခက်အခဲ ဖြစ်သွားကြောင်း အဘိဓာန် ပညာရှင်များက ပြောကြားသည်။
မည်သို့ပင် ဖြစ်စေ- ကြီးမားလှသည့် ဧရာမ ဆေးခြောက်ပင်ကြီးများကို အံ့သြဖွယ်ရာ တွေ့ရှိခဲ့သည့် အဆိုပါ မြန်မာဂျာနယ်လစ်များအား မက္ကစီကိုနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့မှ အထူး ဂုဏ်ပြုရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
From Burma Strange News

Subscribe to:
Posts (Atom)