Tuesday, 27 May 2014

လှည်းကူးနှင့် ဒါးပိန်မှာ ယဉ်ကျေးမှု့ စာမေးပွဲဖြေဆိုသူ (၂၀၀)ကျော်ရှိ

(၃၁)ကြိမ်မြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ယဉ်ကျေးမှုစာမေးပွဲကို လှည်းကူးနှင့် ဒါးပိန်တို့မှ ကျောင်းသားကျောင်းသူ (၂၂၂)ဦး ၀င်ရောက်ဖြေဆိုကြပါတယ်။
၎င်း ယဉ်ကျေးမှုစာမေးပွဲကျင်းပရာတွင် လှည်းကူးမြို့နယ်၊ ဓမ္မပူဇာမင်္ဂလာ အသင်းမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြောင်း သတင်းရရှိပါတယ်။







Ref: ဓမ္မပူဇာမင်္ဂလာ အသင်း

လှည်းကူးမြို့ အ-ထ-ကမှာ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

(25.5.2014) တနင်္ဂနွေနေ့နံနက် (9:00)နာရီတွင် လှည်းကူးမြို့ အ-ထ-က ကျောင်းခန်းမတွင်ကျင်းပသည့် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းနှင့်တာဝန်ရှိသူဌာနဆိုင်ရာအရာရှိများတက်ရောက်ပြီး ဝန်ကြီး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိခင်နှင့်ကလေးစောင့်လျှောက်ရေးအသင်းမှ တာဝန်ရှိသူတို့က ကျောင်းသားကျောင်းသူများအတွက် အလှူငွေနှင့်ကျောင်းသုံးပစ္စည်းများလှူဒါန်းခဲ့ကြောင်း သတင်းရရှိပါတယ်။



 Ref: Kyaw Thu Shein

Saturday, 24 May 2014

လှည်းကူးမြို့ နယ်၊ ဖောင်ကြီးအရှေ့ကျေးရွာမှ ရွာသားအချို့  ကိုရီးယားလေ့လာရေးခရီးအတွက် ရွေးချယ်ခံရ


ပုသိမ်မြို့နယ်တွင် ကြွက်များရုတ်တရက် သေဆုံး၍ ပလိပ်ရောဂါအရေးပေါ် ကြိုတင်ကာကွယ်ရေးပြုလုပ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင်ကြွက်များရုတ်တရက် သေဆုံးမှုဖြစ်ပွားခဲ့သောကြောင့် ပလိပ်ရောဂါကြိုတင်ကာကွယ် ရေးအတွက် နှစ်ဆယ့်လေးနာရီ ပတ်လုံး စောင့်ကြည့်ရေးလုပ်ငန်း များပြုလုပ်ထားသည်ဟု ပုသိမ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။

မေလ ၂၂ ရက်နံနက်က ဧရာ ဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရှောပြာ ကျေးရွာရှိလမ်းများ၊ အိမ်များတွင် ကြွက်ကောင်ရေစုစုပေါင်း ၄၀၀ ခန့် ရုတ်တရက်သေဆုံးမှုများ တွေ့ရှိရ၍ ကျေးရွာသူ၊ ရွာ သားများက မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်အုပ်ချုပ်ရေး မှူးရုံးများသို့ သတင်းပေးပို့ခဲ့ ကြသည်။
‘‘ဖြစ်ဖြစ်ချင်း ကျွန်တော်တို့ သွားတော့ အိမ်တစ်အိမ်မှာဆိုရင် ကြွက်ကောင်ရေ ၁၅၈ ကောင် လောက်သေတာ တွေ့တယ်။ ရွာထဲကိုသွားကြည့်တော့လည်း တခြားကြွက်သေကောင် ၂၀၀ လောက်ထပ်တွေ့တယ်။ အဲဒါနဲ့ ကြွက်သေတွေကို ကျင်းတူး၊ မဖောက်ထုံးနဲ့ဖျန်းပြီး မြေမြှုပ်ခဲ့ရ တယ်။ နောက်ထပ် ထပ်တွေ့ရင် လည်း လက်အိတ်နဲ့ကိုင်ဖို့၊ မြေ မြှုပ်ဖို့အတွက်လုပ်ပေးဖို့ အသိ ပညာပေးခဲ့တယ်’’ ဟု မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေးမှူးဦးသောင်းတင်က ပြော သည်။

ကြွက်များ ရုတ်တရက်သေ ဆုံးခြင်းမှာ ရှောပြာကျေးရွာ၌ သာမက အိုင်သပြု၊ ခမောက်စု၊ ညောင်ဝိုင်းစသည့်ကျေးရွာများ တွင်လည်း ဖြစ်ပွားနေကြောင်း၊ ကျုံပျော်မြို့နယ်အတွင်း အချို့ ကျေးရွာများ၌လည်း ယခုကဲ့သို့ ကြွက်များ ရုတ်တရက်သေဆုံးမှု များရှိနေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် မြို့နယ်ဆရာဝန် ကြီးဦးဆောင်၍ ရောဂါကူးစက်မှု အန္တရာယ်မှကာကွယ်ရန်အသိ ပညာပေးခြင်း၊ ရောဂါဖြစ်ပွားလာ ပါက ကုသနိုင်ရန် ဆေးဝါးများ ညွှန်ကြားပေးခြင်း၊နှစ်ဆယ့်လေးနာရီမပြတ်စောင့်ကြည့်ရန် ကျန်းမာရေးဝန်ထမ်းများအား ညွှန်ကြားမှုများ ပြုလုပ်ထားသည်ဟုဆိုသည်။
‘‘သဘာဝ ကြောင့်ပဲလား၊ အဆိပ်မိပြီး သေတာလားပေါ့။ ဒါမှမဟုတ်ကြွက်ကျ(ပလိပ်ရော ဂါ)ပြီးသေတာဆိုရင် ဒေသခံတွေ အတွက်စိုးရိမ်ရတယ်’’ဟု ပုသိမ် မြို့မှဆရာဝန်ဒေါက်တာပြည့်ဖြိုးကပြောသည်။

ကြွက်များယခုကဲ့သို့ ရုတ် တရက် သေဆုံးရခြင်းနှင့် ပတ် သက်၍ အကြောင်းရင်း သိရှိ နိုင်ရန် ရန်ကုန်မြို့အမျိုးသားကျန်း မာရေးဓာတ်ခွဲခန်း (NHL)သို့ပို့၍ စစ်ဆေးမှု ပြုလုပ်ထားကြောင်း၊ ပုသိမ်မြို့ရှိဓာတ်ခွဲခန်းတွင်လည်း ကြွက်သေကောင်နမူနာပို့၍စစ် ဆေးထားကြောင်းသတင်းရရှိ သည်။
‘‘ပုသိမ်ကဓာတ်ခွဲခန်းအဖြေ ကတော့ ကြွက်သေတွေရဲ့အတွင်း ပိုင်းကလီစာတွေမည်းပြီး သေနေတာ တွေ့တယ်။ အဆိပ်မိတယ်လို့ ထင်တယ်ပြောတယ်။ ဒါပေမဲ့ ရန်ကုန် NHL ကအဖြေအတိအကျ မသိရမချင်းစောင့်ကြည့်ရေး၊  ကာကွယ်ရေးတွေလုပ်ထားပါဦး မယ်’’ဟု ပုသိမ်မြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါကျေးရွာအနီး ပတ် ဝန်းကျင်တွင် မိုးမရွာသည်မှာကြာ မြင့်နေပြီး ယခုရက်ပိုင်းတွင်မိုးရွာသွန်းမှုကြောင့် ပိုးသတ်ဆေး များဖျန်းထားသောလယ်ကွင်း များမှရေများကြောင့် ကြွက်များ အဆိပ်သင့်ခြင်းဖြစ်နိုင်ကြောင်း၊ ထို့အပြင် သေဆုံးသောကြွက် များမှာ အကောင်သေးများဖြစ်နေ ကြောင်း မြို့နယ်ကျန်းမာရေးဦးစီး ဌာနကဆိုသည်။

ပလိပ်ရောဂါသည် ကူးစက် နှုန်းမြန်သော ဘက်တီးရီးယား ရောဂါပိုး အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ်၏သွေး၊ အဆုတ်နှင့် ပြန်ရည်ကြော အကျိတ်တို့တွင် ကူးစက်ပျံ့နှံ့၍ အချိန်မီမကုသပါ က သေဆုံးမှုနှုန်းအလွန်မြန်သော ရောဂါဖြစ်သည်။

Ref: 7days

ဒီတပတ် အကြိုက်ဆုံး ကာတွန်းတစ်ကွက် (ကာတွန်းဆရာ-ညီညီထွေး)


လှည်းကူးနယ်၊ မရမ်းချောင်းကျေးရွာမှာ မုဒိမ်းမှုနှင့်သက်ငယ်မုဒိမ်းမှုများကိုရှုတ်ချကြောင်း ဆန္ဒဖော်ထုတ်

ရန်ကုန်၊မေ၂၃


၂၃.၅.၂၀၁၄ ရက်နေ့ ၁၀၀၀အချိန်တွင် လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာနေ ဦးကျော်မင်းဦး မှဦးဆောင်၍ပြည်သူ
(၂၀)ဦးခန့်သည် အမှတ်(၁)ရပ်ကွက်ရှိ အောင်ဓမ္မာရုံကြီးတွင်
မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများကိုရှုတ်ချကြောင်း တရားဝင်
ခွင့်ပြုချက်ဖြင့် ငြိမ်းချမ်းစွာစုဝေး ဆန္ဒဖော်ထုတ်ခဲ့ကြရာ ဦးဆာင်သူ ဦးကျော်မင်းဦး၊ ဦးလှကြည်နှင့် ဒေါ်အေးသီတာတို့မှ မုဒိမ်းမှုနှင့်
သက်ငယ်မုဒိမ်းမှုများမဖြစ်ပွားစေရေး နှင့်ပတ်သက်၍အသီးသီး
ဟောပြောခဲ့ကြပြီး ဆန္ဒ ဖော်ထုတ်သူပြည်များမှ သတ်မှတ်ဆိုင်းဘုတ်
နှင့်ကြွေးကြော်သံများကိုင်ဆောင်ကြွေးကြော်ကာ ၁၁၃၀အချိန်တွင်
ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။


Ref: Yangon Police