mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Monday, 5 November 2012
Wednesday, 31 October 2012
Tuesday, 30 October 2012
Saturday, 27 October 2012
ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂၁)/မသီတာ(စမ်းချောင်း)
မိုက်ကယ့် အလွမ်းပြေ အစီအစဉ် အတွက် သူ့မိသားစုနဲ့ ဆွေမျိုးတွေက စုလိုက်ကြပါတယ်။ အဲဒီညက ဂျပန်စာနဲ့ကျင်းပ ကြတာပေါ့။ အဲဒီပွဲမှာလည်း အလက်ဇန္ဒားက ဘာမှ မလှုပ်ရှားဘဲ ကင်မ်ကပဲ ပွဲကို ဦးဆောင် ပါတယ်။ “ဒီနေ့ ဒီမှာရှိကြတာ အားလုံးက မိသားစုတွေ ချည်းပါပဲ။ အန်တီနိုရီကိုက သွေးသား မတော်စပ်ပေ မယ့် မိသားစုဝင် တစ်ယောက်လို ဖြစ်နေ သူပါ” လို့ ပြောခဲ့ပါတယ်။ ကျွန်မအနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် စုနဲ့မိုက်ကယ်တို့ရဲ့ ကံကြမ္မာ အလိုက် မိတ်ဆွေဆိုတာ ထက် သွေးသားတော်စပ်သူလို ထင်နေမိပါတယ်။ စုရဲ့အားပေးမှုနဲ့ မေတ္တာလှိုင်း ကို ကျေးဇူး တင်စွာနဲ့ပဲ ကင်ဆာကနေ သက်သာခွင့်ရမယ် လို့ ထင်ခဲ့ပါတယ်။ မိုက်ကယ် ဆုံးတဲ့ နေ့မှာပဲ ကျွန်မက ဒီအကြောင်းတွေ တွေးနေမိတာကတော့ ရယ်စရာ ဖြစ်ချင်ဖြစ်နေမှာပါ။
ဒါပေမယ့် မတတ်နိုင်ဘူးလေ။ စုရေ ရှင့်ကိုကျေးဇူးတင်ကြောင်း ပြောဖို့ နောက်ကျနေခဲ့တာကို ခွင့်လွှတ်နော်။ ရှင့်အားပေးမှုအတွက် ကျေးဇူးတင်တယ် လို့လည်း ထပ်ပြောချင်ပါတယ်။ ကျွန်မခင်ပွန်းနဲ့ ကျွန်မတို့ကတော့ မီးဖိုထဲက ထမင်း စားပွဲမှာ မကြာခဏပဲ ရှင်တို့ အကြောင်း ပြောဖြစ်ကြပြီး ထမင်းဆက် မစားနိုင်လောက်အောင် မခံစားနိုင်တော့တဲ့ အခါမျိုးမှာ သူက “မိုက်ကယ်ရေ ထွက်ခဲ့စမ်းပါကွာ”လို့ အော်လိုက်ပြီး ကျွန်မတို့ရဲ့ထမင်းဝိုင်း ကို အဆုံးသတ် ဖြစ်ခဲ့ပါတယ်။ မြန်မာ့ သီတာမင်းသမီး စု စုက ၅ နှစ်နဲ့ ၂လအကြာမှာ ပထမဆုံးအကြိမ် နေအိမ်အကျယ် ချုပ်က လွတ်မြောက်လာခဲ့ပါတယ်။ ၁၉၉၄ ခုနှစ် စက်တင်ဘာ ၂ဝ မှာတော့ အဲဒီအချိန်က စစ်ဘက် ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး မောင်အေးနဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့နဲ့ စုတို့ တွေ့ဆုံခဲ့ကြောင်းလည်း ဂျပန်တီဗီမှာ ကြည့်လိုက်ရ ပါတယ်။
အောက်စ်ဖို့ဒ် က မိုက်ကယ့်အိမ်ကို ရောက်ခဲ့တုန်း ကတည်းက ဒီပုံတွေကို တွေ့ခဲ့ပြီးသားပါ။ အဲဒီပုံတွေကို ကြည့်လိုက်တော့ စုက ပန်းရောင် တောက်တောက် မြန်မာဝတ်စုံနဲ့ ဖြစ်နေပါတယ်။ စု မကြိုက်တတ်တဲ့ အရောင် ဖြစ်နေတာ မို့ အံ့ဩမိပါရဲ့။ မိုက်ကယ်ကတော့ “ကျွန်တော်ပဲ သူ့ကို ငြိမ်းချမ်းရေး အငွေ့ အသက်လေး ရအောင် ပန်းရောင်လေး ဝတ်စမ်းပါလို့ ပြောခဲ့တာပါ” လို့ ဆိုပါတယ်။ တကယ်တော့ မြန်မာပြည် က အိမ်ထဲမှာ ၅ နှစ်လောက် နေလိုက်တဲ့အခါ စုဟာ မြန်မာ့ရိုးရာ ဆိုးဆေးအရောင်တွေနဲ့ ပိုယဉ်ပါးလာသလို ပါပဲ။ နေအိမ် အကျယ်ချုပ်ကို ကျေးဇူးတင်ရမလားပဲ၊ စုက အနောက်တိုင်းဆန်တဲ့ အရောင်တွေကို သဘော တွေ့ခဲ့ရာက အခုတော့ မြန်မာ့သဘာဝ အရောင်တွေကိုပါ ကြိုက်တတ်လာနေပါပြီ။ စစ်အစိုးရ ရဲ့ရည်ရွယ်ရင်း ကို ဆန့်ကျင်လိုက်သလား ပါပဲ။ စုရဲ့ အနောက်တိုင်းဆန်စွာ အရသာတွေ့တတ်တဲ့ အရာတွေ တစ်စစ ကွယ်ပျောက် ပြီး မြန်မာ့ စိတ်ရင်း စိတ်မှန်တွေပြန် လည်ပေါ် ထွက်လာတာ ဒီနေအိမ်အကျယ် ချုပ်ကြောင့်ပဲလေ။
စုကို ၁၉၉၅ ခုနှစ် ဇူလိုင် ၁ဝ ရက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
မြန်မာပြည်အရေးကို စောင့်ကြည့်နေတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေ သက်ပြင်းချ
လိုက်နိုင်ခဲ့ပြီပေါ့။ ဒါပေမယ့် စုခြံရဲ့ ဂိတ်ပေါက်ဝမှာတော့
စစ်သားတစ်ယောက်က ထိုင်စောင့်ကာ လာသမျှ ဧည့်သည်တွေကို
စောင့်ကြည့်နေသေးတာပါပဲ။ စုကို ဘယ်တော့လွှတ်မယ်ဆိုတာ တရားဝင်
မကြေညာခဲ့ပေမယ့် လူထုကတော့ ကောလာဟလနဲ့တင် ခြံရှေ့ မှာ အုံနဲ့ကျင်းနဲ့
စောင့်လို့ နေပါတယ်။
စုက ခြံဝမှာပဲ လူထုကို လွတ်လွတ်ချင်း စကားပြောခဲ့ပြီး အဲဒီအချိန်မှာ စုဟာ အလွန့်ကို လှပနေတာ ပါ။ နေအိမ် အကျယ်ချုပ် မကျခင်ကထက်ကို လှနေတာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကာလ ကျွန်မနဲ့ သိခဲ့တဲ့ ကာလတွေမှာ စုဆီက အဲဒီလောက် တောက်ပတဲ့ အပြုံးမျိုးကို တွေ့ခဲ့ဖူးတယ်လို့ ကျွန်မ မမှတ်မိပါဘူး။ ဒီလို တောက်ပတဲ့ အပြုံးက ကျွန်မစောင့်မျှော်ခဲ့ရတဲ့ စုရဲ့အပြုံးပါပဲ။
တကယ်တော့ စု နေအိမ် အကျယ်ချုပ် ကျပြီလို့ သိရချိန်မှာ ကျွန်မတို့ ဇနီးမောင်နှံက မော်စကို ရောက်နေခဲ့ ပါတယ်။ ဒီသတင်းကို ကြားတဲ့ အချိန်တုန်းက ကျွန်မသိပ် စိတ်မထိခိုက်ခဲ့ပါဘူး။
တစ်နည်းအားဖြင့် စုအတွက် သွေးရင်းမြန်မာ စစ်စစ်တစ်ယောက်ဖြစ်တယ်ဆိုတာ သက်သေပြဖို့ အခွင့်အရေးတစ်ခု ရတာပေါ့လို့ တွေးဖြစ်လို့ ပါပဲ။ ဒီ အကြောင်းကို မိုက်ကယ့်ကိုတောင် မပြောပြဖြစ်ခဲ့ပါဘူး။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဖြစ်ပေမယ့် စုဟာ မြန်မာပြည်ကို ဘယ်လောက်ချစ်ပြီး မြန်မာတွေ အတွက် ဘယ်လောက် ကူညီပေးချင်တယ် ဆိုတာကို သက်သေပြခွင့် မရခဲ့တဲ့အတွက် သူ ဘယ်လောက် စိတ်ဆင်းရဲခဲ့တယ်၊ အပြစ်ရှိသလို ခံစား ခဲ့ရတယ် ဆိုတဲ့ စိတ်ခံစားမှုတွေကနေ လွတ်မြောက်ဖို့ အတွက် နေအိမ် အကျယ်ချုပ်က အခွင့်အလမ်းပေးရာ ကျခဲ့ပါ တယ်။ ရှင်တို့သာ စုနဲ့အတူ နေခွင့်ရခဲ့မယ် ဆိုရင် စုရဲ့ အဲဒီစိတ်ဓာတ်ကို နားလည်နိုင်မှာပါ။ အဲဒီ စိတ်ကြောင့် စုဟာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်ရက်သားနဲ့ကို အရယ်အပြုံး နည်းပြီး ရင်ထဲမှာ ရှုပ်ထွေးစွာ နေထိုင်ခဲ့ တယ် ဆိုတာ သိမှာပါ။
ခုတော့ စုရဲ့ အိမ်မက်ထဲကအတိုင်း မြန်မာပြည်မှာ သူ့ဘဝကို မြှုပ်နှံဖို့ အခွင့်အရေးက ထွက်မပြေးနိုင် တော့ပါ ဘူး။ အဲဒီအခွင့်အရေးက နေအိမ် အကျယ်ချုပ်ပေါ့။ စုက အခက်အခဲတွေကိုလည်း ကျော်လွှားနိုင်မှာပါ။ နေရခက်လှ တစ်နှစ်၊ နှစ်နှစ် ပေါ့။ ပြီးတော့ စစ်သားတွေက အိမ်ထဲအထိ ဝင်စောင့်နေလေတော့ လုပ်ကြံခံရဖို့ လည်း မပူရဘူးလေ။ စုက လွတ်မြောက်တဲ့အခါမှာတော့ ဖြစ်ပျက်ခဲ့တာတွေကို ပြန်မပြောခဲ့ပါဘူး။ ကျွန်မက စစ်အစိုးရအနေနဲ့ စုကို နေအိမ် အကျယ်ချုပ် ထားတာ ဒီတစ်ကြိမ်ပဲ ဖြစ်မယ်လို့ လျှော့တွက် မိခဲ့ပါတယ်။
တကယ်တော့ စုရဲ့ နေအိမ် အကျယ်ချုပ် ဖြစ်စဉ်ကို အကောင်းမြင်ရတဲ့ အကြောင်းကတော့ နာမည်ကျော် ရာမယဏ ဇာတ်ထဲက သီတာ မင်းသမီး အကြောင်းကို တွေးမိလို့ပါ။ သိကြတဲ့အတိုင်း ရာဝဏက သီတာကို ခိုးပြေးသွားတာကို ရာမက ပြန်ရအောင် ကြိုးစားတာ ၁၄ နှစ် ကြာခဲ့လေတော့ ပြန်ရောက်လာတဲ့ သီတာ့ အနေနဲ့ သူဟာ ရာမအပေါ် သစ္စာမပျက်ခဲ့ကြောင်း သက်သေပြဖို့ ဖြစ်လာခဲ့ပါတယ်။ မီးပုံထဲကို ခုန်ဆင်းပြီး အနာတရမဲ့ ပြန်ထွက်လာနိုင်မှ သူ့သစ္စာကို တည်ရာကျမှာပါ။ နတ်ဒေဝါတွေနဲ့ လူထုရဲ့မေတ္တာတွေကြောင့်ပဲ သီတာမင်းသမီးဟာ သူ့ရဲ့အပြစ်ကင်းမှုကို သက်သေပြ နိုင်ခဲ့တယ် မဟုတ်လား။ စုရဲ့ အဖြစ်က အဲဒီလိုမျိုးလို့ တွေးနေမိတာပါ။
စု လွတ်လာတဲ့အခါမှပဲ ကျွန်မ ဘယ်တုန်းကမှ မမြင်ဖူးခဲ့တဲ့ စုရဲ့ လှိုက်လှဲပြီး ရင်ထဲကလာတဲ့ အပြုံးကို တွေ့လိုက် ရပါတယ်။ သူဟာ သူ့ကိုယ်သူ အပြစ်ရှိတယ်ဆိုတဲ့ အတွေးတွေကနေ လွတ်မြောက်စေခဲ့ပြီ ဆိုတာ ကျွန်မ သိလိုက်ပါတယ်။ သူဟာ လူထုရဲ့ ဒုက္ခသုက္ခတွေကို မျှဝေခံစားခဲ့တာ မရှိဘူးလို့ ဝေဖန် ပြစ်တင်မှုတွေကို ထပ်ခံရစရာ မရှိတော့ ဘူးလေ။ မြန်မာ့ သီတာမင်းသမီး စုဟာ သူ့ရဲ့ ခြောက်နှစ်တာ အကျဉ်းကျမှု၊ ခံစားရမှု တွေနဲ့ သူဟာ မြန်မာပါပဲလို့ သက်သေထူခဲ့ပါပြီလေ။ ဘယ်သူကမှ သူ့ကို သစ္စာဖောက်လို့ မဆိုနိုင်သလို မြန်မာ့နိုင်ငံရေးကို နားမလည်တဲ့ အမျိုးသမီး တစ်ဦးလို့ ဆိုနိုင်တော့မှာလဲ။ စုရဲ့ လွတ်မြောက်မှုမှာ အနက် နှစ်မျိုး ဆောင်နေပါတယ်။ တစ်မျိုးကတော့ အဓိပ္ပါယ်မဲ့ ချုပ်နှောင်မှုကနေ လွတ်မြောက်ခြင်းပေါ့။
နောက်တစ်မျိုးက တော့ သူဟာ မြန်မာပြည် အတွက် မြှုပ်နှံထားသူပါ လို့ သက်သေပြရမယ် ဆိုတဲ့ စိတ်အစွဲကနေ လွတ်မြောက်မှု ပါပဲ။ တစ်ချိန်တည်း မှာပဲ စုရဲ့လွတ်မြောက်မှုဟာ ကျွန်မရဲ့လွတ်မြောက်မှုလိုပါပဲ။ ကျွန်မဟာ အစကတည်းက မြန်မာ လူထုအနေနဲ့ စုကို အိမ်ရှင်မဘဝကနေ ထွက် လာပြီး နိုင်ငံရေးထဲမှာ ပါဝင်လာတဲ့အပေါ် သူတို့အတွက် အလုပ်အကျွေးပြုသူ တစ်ယောက် တိုးလာသလို လက်ခံစေချင်ခဲ့တဲ့ အစွဲ ရှိခဲ့တာကိုး။ အခုလို စုကို မြင်ရတဲ့အခါ အကြွေးကြေပြီလို့ တွေးကာ ဘာမှဆက်ခံစားစရာ မလိုတော့ဘူး လို့တွေးမိတော့ နဂိုအစွဲကနေ ကျွန်မလည်း လွတ်သွားတာပဲပေါ့။
http://www.myanmarij.com/?p=6855
ဒါပေမယ့် မတတ်နိုင်ဘူးလေ။ စုရေ ရှင့်ကိုကျေးဇူးတင်ကြောင်း ပြောဖို့ နောက်ကျနေခဲ့တာကို ခွင့်လွှတ်နော်။ ရှင့်အားပေးမှုအတွက် ကျေးဇူးတင်တယ် လို့လည်း ထပ်ပြောချင်ပါတယ်။ ကျွန်မခင်ပွန်းနဲ့ ကျွန်မတို့ကတော့ မီးဖိုထဲက ထမင်း စားပွဲမှာ မကြာခဏပဲ ရှင်တို့ အကြောင်း ပြောဖြစ်ကြပြီး ထမင်းဆက် မစားနိုင်လောက်အောင် မခံစားနိုင်တော့တဲ့ အခါမျိုးမှာ သူက “မိုက်ကယ်ရေ ထွက်ခဲ့စမ်းပါကွာ”လို့ အော်လိုက်ပြီး ကျွန်မတို့ရဲ့ထမင်းဝိုင်း ကို အဆုံးသတ် ဖြစ်ခဲ့ပါတယ်။ မြန်မာ့ သီတာမင်းသမီး စု စုက ၅ နှစ်နဲ့ ၂လအကြာမှာ ပထမဆုံးအကြိမ် နေအိမ်အကျယ် ချုပ်က လွတ်မြောက်လာခဲ့ပါတယ်။ ၁၉၉၄ ခုနှစ် စက်တင်ဘာ ၂ဝ မှာတော့ အဲဒီအချိန်က စစ်ဘက် ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး မောင်အေးနဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့နဲ့ စုတို့ တွေ့ဆုံခဲ့ကြောင်းလည်း ဂျပန်တီဗီမှာ ကြည့်လိုက်ရ ပါတယ်။
အောက်စ်ဖို့ဒ် က မိုက်ကယ့်အိမ်ကို ရောက်ခဲ့တုန်း ကတည်းက ဒီပုံတွေကို တွေ့ခဲ့ပြီးသားပါ။ အဲဒီပုံတွေကို ကြည့်လိုက်တော့ စုက ပန်းရောင် တောက်တောက် မြန်မာဝတ်စုံနဲ့ ဖြစ်နေပါတယ်။ စု မကြိုက်တတ်တဲ့ အရောင် ဖြစ်နေတာ မို့ အံ့ဩမိပါရဲ့။ မိုက်ကယ်ကတော့ “ကျွန်တော်ပဲ သူ့ကို ငြိမ်းချမ်းရေး အငွေ့ အသက်လေး ရအောင် ပန်းရောင်လေး ဝတ်စမ်းပါလို့ ပြောခဲ့တာပါ” လို့ ဆိုပါတယ်။ တကယ်တော့ မြန်မာပြည် က အိမ်ထဲမှာ ၅ နှစ်လောက် နေလိုက်တဲ့အခါ စုဟာ မြန်မာ့ရိုးရာ ဆိုးဆေးအရောင်တွေနဲ့ ပိုယဉ်ပါးလာသလို ပါပဲ။ နေအိမ် အကျယ်ချုပ်ကို ကျေးဇူးတင်ရမလားပဲ၊ စုက အနောက်တိုင်းဆန်တဲ့ အရောင်တွေကို သဘော တွေ့ခဲ့ရာက အခုတော့ မြန်မာ့သဘာဝ အရောင်တွေကိုပါ ကြိုက်တတ်လာနေပါပြီ။ စစ်အစိုးရ ရဲ့ရည်ရွယ်ရင်း ကို ဆန့်ကျင်လိုက်သလား ပါပဲ။ စုရဲ့ အနောက်တိုင်းဆန်စွာ အရသာတွေ့တတ်တဲ့ အရာတွေ တစ်စစ ကွယ်ပျောက် ပြီး မြန်မာ့ စိတ်ရင်း စိတ်မှန်တွေပြန် လည်ပေါ် ထွက်လာတာ ဒီနေအိမ်အကျယ် ချုပ်ကြောင့်ပဲလေ။
နေအိမ်ခြံဝင်းရှေ့တွင် ပြည်သူလူထုကို တွေ့ဆုံစကားပြောကြားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်
စုက ခြံဝမှာပဲ လူထုကို လွတ်လွတ်ချင်း စကားပြောခဲ့ပြီး အဲဒီအချိန်မှာ စုဟာ အလွန့်ကို လှပနေတာ ပါ။ နေအိမ် အကျယ်ချုပ် မကျခင်ကထက်ကို လှနေတာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကာလ ကျွန်မနဲ့ သိခဲ့တဲ့ ကာလတွေမှာ စုဆီက အဲဒီလောက် တောက်ပတဲ့ အပြုံးမျိုးကို တွေ့ခဲ့ဖူးတယ်လို့ ကျွန်မ မမှတ်မိပါဘူး။ ဒီလို တောက်ပတဲ့ အပြုံးက ကျွန်မစောင့်မျှော်ခဲ့ရတဲ့ စုရဲ့အပြုံးပါပဲ။
တကယ်တော့ စု နေအိမ် အကျယ်ချုပ် ကျပြီလို့ သိရချိန်မှာ ကျွန်မတို့ ဇနီးမောင်နှံက မော်စကို ရောက်နေခဲ့ ပါတယ်။ ဒီသတင်းကို ကြားတဲ့ အချိန်တုန်းက ကျွန်မသိပ် စိတ်မထိခိုက်ခဲ့ပါဘူး။
တစ်နည်းအားဖြင့် စုအတွက် သွေးရင်းမြန်မာ စစ်စစ်တစ်ယောက်ဖြစ်တယ်ဆိုတာ သက်သေပြဖို့ အခွင့်အရေးတစ်ခု ရတာပေါ့လို့ တွေးဖြစ်လို့ ပါပဲ။ ဒီ အကြောင်းကို မိုက်ကယ့်ကိုတောင် မပြောပြဖြစ်ခဲ့ပါဘူး။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဖြစ်ပေမယ့် စုဟာ မြန်မာပြည်ကို ဘယ်လောက်ချစ်ပြီး မြန်မာတွေ အတွက် ဘယ်လောက် ကူညီပေးချင်တယ် ဆိုတာကို သက်သေပြခွင့် မရခဲ့တဲ့အတွက် သူ ဘယ်လောက် စိတ်ဆင်းရဲခဲ့တယ်၊ အပြစ်ရှိသလို ခံစား ခဲ့ရတယ် ဆိုတဲ့ စိတ်ခံစားမှုတွေကနေ လွတ်မြောက်ဖို့ အတွက် နေအိမ် အကျယ်ချုပ်က အခွင့်အလမ်းပေးရာ ကျခဲ့ပါ တယ်။ ရှင်တို့သာ စုနဲ့အတူ နေခွင့်ရခဲ့မယ် ဆိုရင် စုရဲ့ အဲဒီစိတ်ဓာတ်ကို နားလည်နိုင်မှာပါ။ အဲဒီ စိတ်ကြောင့် စုဟာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်ရက်သားနဲ့ကို အရယ်အပြုံး နည်းပြီး ရင်ထဲမှာ ရှုပ်ထွေးစွာ နေထိုင်ခဲ့ တယ် ဆိုတာ သိမှာပါ။
ခုတော့ စုရဲ့ အိမ်မက်ထဲကအတိုင်း မြန်မာပြည်မှာ သူ့ဘဝကို မြှုပ်နှံဖို့ အခွင့်အရေးက ထွက်မပြေးနိုင် တော့ပါ ဘူး။ အဲဒီအခွင့်အရေးက နေအိမ် အကျယ်ချုပ်ပေါ့။ စုက အခက်အခဲတွေကိုလည်း ကျော်လွှားနိုင်မှာပါ။ နေရခက်လှ တစ်နှစ်၊ နှစ်နှစ် ပေါ့။ ပြီးတော့ စစ်သားတွေက အိမ်ထဲအထိ ဝင်စောင့်နေလေတော့ လုပ်ကြံခံရဖို့ လည်း မပူရဘူးလေ။ စုက လွတ်မြောက်တဲ့အခါမှာတော့ ဖြစ်ပျက်ခဲ့တာတွေကို ပြန်မပြောခဲ့ပါဘူး။ ကျွန်မက စစ်အစိုးရအနေနဲ့ စုကို နေအိမ် အကျယ်ချုပ် ထားတာ ဒီတစ်ကြိမ်ပဲ ဖြစ်မယ်လို့ လျှော့တွက် မိခဲ့ပါတယ်။
တကယ်တော့ စုရဲ့ နေအိမ် အကျယ်ချုပ် ဖြစ်စဉ်ကို အကောင်းမြင်ရတဲ့ အကြောင်းကတော့ နာမည်ကျော် ရာမယဏ ဇာတ်ထဲက သီတာ မင်းသမီး အကြောင်းကို တွေးမိလို့ပါ။ သိကြတဲ့အတိုင်း ရာဝဏက သီတာကို ခိုးပြေးသွားတာကို ရာမက ပြန်ရအောင် ကြိုးစားတာ ၁၄ နှစ် ကြာခဲ့လေတော့ ပြန်ရောက်လာတဲ့ သီတာ့ အနေနဲ့ သူဟာ ရာမအပေါ် သစ္စာမပျက်ခဲ့ကြောင်း သက်သေပြဖို့ ဖြစ်လာခဲ့ပါတယ်။ မီးပုံထဲကို ခုန်ဆင်းပြီး အနာတရမဲ့ ပြန်ထွက်လာနိုင်မှ သူ့သစ္စာကို တည်ရာကျမှာပါ။ နတ်ဒေဝါတွေနဲ့ လူထုရဲ့မေတ္တာတွေကြောင့်ပဲ သီတာမင်းသမီးဟာ သူ့ရဲ့အပြစ်ကင်းမှုကို သက်သေပြ နိုင်ခဲ့တယ် မဟုတ်လား။ စုရဲ့ အဖြစ်က အဲဒီလိုမျိုးလို့ တွေးနေမိတာပါ။
စု လွတ်လာတဲ့အခါမှပဲ ကျွန်မ ဘယ်တုန်းကမှ မမြင်ဖူးခဲ့တဲ့ စုရဲ့ လှိုက်လှဲပြီး ရင်ထဲကလာတဲ့ အပြုံးကို တွေ့လိုက် ရပါတယ်။ သူဟာ သူ့ကိုယ်သူ အပြစ်ရှိတယ်ဆိုတဲ့ အတွေးတွေကနေ လွတ်မြောက်စေခဲ့ပြီ ဆိုတာ ကျွန်မ သိလိုက်ပါတယ်။ သူဟာ လူထုရဲ့ ဒုက္ခသုက္ခတွေကို မျှဝေခံစားခဲ့တာ မရှိဘူးလို့ ဝေဖန် ပြစ်တင်မှုတွေကို ထပ်ခံရစရာ မရှိတော့ ဘူးလေ။ မြန်မာ့ သီတာမင်းသမီး စုဟာ သူ့ရဲ့ ခြောက်နှစ်တာ အကျဉ်းကျမှု၊ ခံစားရမှု တွေနဲ့ သူဟာ မြန်မာပါပဲလို့ သက်သေထူခဲ့ပါပြီလေ။ ဘယ်သူကမှ သူ့ကို သစ္စာဖောက်လို့ မဆိုနိုင်သလို မြန်မာ့နိုင်ငံရေးကို နားမလည်တဲ့ အမျိုးသမီး တစ်ဦးလို့ ဆိုနိုင်တော့မှာလဲ။ စုရဲ့ လွတ်မြောက်မှုမှာ အနက် နှစ်မျိုး ဆောင်နေပါတယ်။ တစ်မျိုးကတော့ အဓိပ္ပါယ်မဲ့ ချုပ်နှောင်မှုကနေ လွတ်မြောက်ခြင်းပေါ့။
နောက်တစ်မျိုးက တော့ သူဟာ မြန်မာပြည် အတွက် မြှုပ်နှံထားသူပါ လို့ သက်သေပြရမယ် ဆိုတဲ့ စိတ်အစွဲကနေ လွတ်မြောက်မှု ပါပဲ။ တစ်ချိန်တည်း မှာပဲ စုရဲ့လွတ်မြောက်မှုဟာ ကျွန်မရဲ့လွတ်မြောက်မှုလိုပါပဲ။ ကျွန်မဟာ အစကတည်းက မြန်မာ လူထုအနေနဲ့ စုကို အိမ်ရှင်မဘဝကနေ ထွက် လာပြီး နိုင်ငံရေးထဲမှာ ပါဝင်လာတဲ့အပေါ် သူတို့အတွက် အလုပ်အကျွေးပြုသူ တစ်ယောက် တိုးလာသလို လက်ခံစေချင်ခဲ့တဲ့ အစွဲ ရှိခဲ့တာကိုး။ အခုလို စုကို မြင်ရတဲ့အခါ အကြွေးကြေပြီလို့ တွေးကာ ဘာမှဆက်ခံစားစရာ မလိုတော့ဘူး လို့တွေးမိတော့ နဂိုအစွဲကနေ ကျွန်မလည်း လွတ်သွားတာပဲပေါ့။
http://www.myanmarij.com/?p=6855
သြစတေးလျရောက် ကရင်ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူ
သြစတေးလျနိုင်ငံ Victoria ပြည်နယ် Melbourne မြို့Werribee ရပ်ကွက်
ဖုံထုင်ယဲပြာထါ့(အတုလကာရီ ကရင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း)တွင်
သီတင်းသုံးနေထိုင်သည့် သက်တော် ၄၅နှစ်၊ ၀ါတော် ၂၅၀ါရှိ အရှင်ပညာဝံသ
(နောင်ဘို)သည် ပြီးခဲ့သည့်အပတ်က ပျံလွန်တော်မူသွားခဲ့သည်။
အရှင်ပညာဝံသသည် ယခုလ ၂၀ရက်နေ့ကသြစတေးလျနိုင်ငံ၊ Melbourne (မဲလ်ဘမ်း)မြို့၊ Werribee Mercy Hospital ဆေးရုံတွင် ဒေသစံတော်ချိန် နံနက် ၆နာရီ ၅၀မိနစ်၌ အသည်းကင်ဆာရောဂါဖြင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။
မဲလ်ဘမ်းအခြေစိုက် Melbourne Karen Buddhist Association-MKBA ဗဟိုကော်မတီဝင် စောစန်းမောင်က “ဆရာတော်ရှိရင် ဆိုးတိုင်ပင် ကောင်းတိုင်ပင်နဲ့ ပြည်ပဗုဒ္ဓသာသနာအတွက် ဆွေးနွေးညှိနှိုင်းလို့ရတယ်။ ခုတော့ အရိပ်အာဝါသကောင်းတဲ့ ညောင် ပင်ကြီးတပင် ခြောက်သွေ့ပြိုလဲသွားသလို ခံစားလိုက်ရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ဆရာတော် အရှင်ပညာဝံသ၏ ဈာပနကို MKBA (Melbourne Karen Buddhist Association)မှ ဦးဆောင်၍ အဆင့် (၂)ဆင့်ခွဲ ကာ ကျင်းပသွားမည်ဖြစ်ပြီး Funeral service တွင် သပိတ်သွတ်ကာ အောက်တိုဘာလ ၂၉ရက်၊ မွန်းလွဲ ၁နာရီတွင် Altona Memorial Park ၌ မီးသင်္ဂြိုလ်မည်ဟု သိရသည်။
အရှင်ပညာဝံသသည် ၂၀၀၈ခု၊ ဇန်နဝါရီလတွင်သြစတေးလျနိုင်ငံသို့ရောက်ရှိပြီး ပိုးကရင်ဘာသာ (ဖုံထုင်ယဲ ပြာထါ့)ခေါ် မြန်မာဘာသာဖြင့် (အတုလကာရီ ကရင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း) ဖြစ်မြောက်ရေးအတွက် သက်စေ့မြေကွက် မြေ ကွက် ၄၅ကွက်ကို ထောက်ပံ့လှူဒါန်းခဲ့သည်။
ထို့အပြင် မွေးရပ်ဇာတိမြေဖြစ်သော နောင်ဘိုတွင် ဝေဠုဝံကျောင်း သာသနာ့အဆောက်အဦးများနှင့် အထက်တန်း စာသင် ကျောင်းပညာရေး foundation ကို ထောက်ပံ့ကူညီလှူဒါန်းခြင်း၊ မော်လမြိုင်မြို့ ပြည်ကျောင်းပရိယတ္တိ စာသင်တိုက်အတွက် ပလာရေး ဖောင်ဒေးရှင်းကို ကူညီလှူဒါန်းခြင်း၊ ထိုင်းနိုင်ငံမြို့ ဇွဲကပင် ပညာဒါနအသင်း(KDA)တွင် နာယကတစ်ပါးအဖြစ် ထမ်း ဆောင်၍ နှစ်စဉ် ထောက်ပံ့လှူဒါန်းခဲ့သူ ရဟန်းတော်တစ်ပါးလည်း ဖြစ်သည်။
ငယ်မည် စောမြင့်ကြည်ဖြစ်သူ အရှင်ပညာဝံသကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် နောင်ဘိုကြီးကျေးရွာ၌ မြန်မာသက္ကရာဇ် ၁၃၃၀ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ရက် ကြာသပတေးနေ့တွင် ခမည်းတော် ဦးအောင်လှစိန်၊ မယ်တော် ဒေါ်ရွှေမြိုင်တို့မှ ဖွားမြင် ခဲ့ပြီး မွေးချင်းနှစ်ယောက်အနက် အကြီးဆုံး သားဦးရတနာ ဖြစ်သည်။

Subscribe to:
Posts (Atom)