Friday, 8 March 2013

အရှင်အဂ္ဂဥာဏ (သြစတေးလျနိုင်ငံ)-မှ ရေးသားပူဇော်သော အချီညီ၊ အချညီ၊ ပဒညီ၊ ပိုဒ်စုံရတု


အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ
အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလိစ်၊ ရို့စမိမြို့၊
အောင်ချမ်းသာကျောင်း ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ၏
ဘွဲ့တံဆိပ်တော်ရအထိမ်းအမှတ်အဖြစ် အရှင်အဂ္ဂဥာဏ (သြစတေးလျနိုင်ငံ)-မှ ရေးသားပူဇော်သော
အချီညီ၊ အချညီ၊ ပဒညီ၊ ပိုဒ်စုံရတု
+ ရွှန်းလတ်မြန်မာ။   ချိန်အခါကား၊ စဉ်လာမရိုင်း၊ မကွေးတိုင်း၏၊ ရစ်ဆိုင်းတင့်စို၊ ရေစကြို-၏၊ ကွန်းခိုထီးတည်ုး၊ ပုခန်းကြီး-ဟု၊ မည်ဟီးဂုဏ်ပေါင်း၊ ရွှေမြို့ဟောင်းတွင်၊ တင့်ကြောင်းသီရိန်၊ ဖ-ဦးစိန်-နှင့်၊ ဂုဏ်ရှိန်တလူလူ၊ ဒေါ်လှမူ-တို့၊ ကြည်ဖြူမေတ္တာ၊ ပေါင်းဖက်ပါ၍၊ မြန်မာကောဇာ၊ ထောင့်သုံးရာနှင့်၊ ကျော်လာဆယ်ငါး၊ နေ့နဂါး၏၊ နှင်းများပုလဲ၊ တပို့တွဲ-ရှိ၊ ဆန်းမြဲသွယ်သွယ်၊ သုံးရက်ဝယ်တွင်၊ အံ့ဘွယ်ပုတ္တာ၊ ဖွားမြင်လာခဲ့၊ တစ်ဖြာတွက်ဆစ်၊ ၁၂-နှစ်တွင်၊ ရှင်ချစ်သာသနာ၊ မြတ်ဗုဒ္ဓါ၏၊ ရောင်းဝါတင့်ဆန်း၊ မြတ်သင်္ကန်း-ဟု၊ ဆင်မြန်းထိန်ဝေ၊ ရှင်သာမဏေကို၊ နှစ်ထွေမိဘ၊
နုဂ္ဂဟဖြင့်၊ ထောက်မပူဇာ၊ မင်္ဂလာရှင့်၊ ဆရာတော်လှ၊ ဦးဥာဏ-မှ၊ ရှင်နာရဒ-ဟု၊ ပီသခေါ်မှတ်၊ ဘွဲ့တော်တပ်သည်။    သွန်းအပ် သာသနာ မြင့်ဘုရား။ 

+ သွန်းအပ် သာသနာ။                မြင့်ကြောင်းရှာသော်၊ သာမဏေလှ၊ ရှင်နာရဒ-သည်၊ ပြည့်ဝအရွယ်၊ သက်နှစ်ဆယ်တွင်၊ မြို့ဝယ်ရန်ကုန်၊ မိဘဂုဏ်-တည်း၊ ပွဲရုံကြီးမှ၊ ၀င်းပသဒ္ဓါ၊ ထိန်ထိန်သာတင့်၊ ဒေါ်ခင်မြင့်-ရှင့်၊  ထပ်ဆင့်ရွှင်ပြ၊ ဦးဘလှ-နှင့်၊ ဒါနထိပ်တင်၊ ဒေါ်မြသွင်-တို့၊  ဆင်ယင်ထောက်မ၊ ပစ္စယဖြင့်၊ ခဏ္ဍသိမ်-အမြိုက်၊ သရက်တောတိုက်တွင်၊ ထိုက်ထိုက်တန်တန်၊ နေရာမှန်သည့်၊ ဧကန်ကျန၊ ရဟန်းဘ၀ကို၊ တက်ကြွမင်္ဂလာ ၊ဂုဏ်ပေါင်းရှာခဲ့၊ ဆရာက၀ိ၊ ပညာရှိတို့၊ စုံသည့်နေရာ၊ မြို့များစွာမှ၊ ဖြာဖြာပိဋကတ်၊ ကျမ်းအမြတ်ကို ၊ ကမ်းခပ်သင်ယူ၊ ဘွဲ့များယူ၏၊ တစ်မူနေရာ၊ သီရိလင်္ကာ-နှင့်၊ သေချာအမှန်၊ အမေရိကန်ရှိ၊ နှစ်တန် ထိုထို၊ တက္ကသိုလ်မှ၊ ကွန်းခိုတင့်စေ၊ ဖြာဖြာဝေသား၊ အမ်-အေ ခ်ါလတ်၊ ဘွဲ့နှစ်ထပ်သည်။          ၀န်းပတ် ကမ္ဘာ တင့် ဘုရား         
+ ၀န်းပတ်ကမ္ဘာ                ။ တင့်ကြောင်းမှာကား၊ ဆရာတော်လှ၊ ဦးနာရဒသည်၊ ၀န်းပစိုပြည်၊ လှိုင်လှိုင်ဝေသား၊ အမေရိက၊ နိုင်ငံလှ၏၊ ရို့စမိ-ခေါ်၊ ရွှေမြို့တော်ရှိ၊ ထင်ပေါ်နေရာ၊ အောင်ချမ်းသာ-ဟု၊ နာမမည်ခေါ်၊ ရွှေကျောင်းတော်ဝယ်၊ ရွှင်ပျော်အများ၊ အမျိုးသားတို့၊ တိုးပွားပြည့်စုံ၊ မျိုးမြန်ဂုဏ်ကို၊ ကုံလုံထိန်းရန်၊ မြတ်နိုးတန်ဟု၊ မြန်မာစာသင်တန်း၊ ခေတ်သစ်ဆန်းလျက်၊ တက်လှမ်း အဘိဓမ္မာ၊ သင်ပေးပါ၏၊ တစ်ဖြာ ကျင့်ရာ၊၀ိပသ၁နာကို၊ သေချာကျန၊ ဟောပြောပြခဲ့၊ ထိုမှတစ်ဖြာ၊ ဝေနေယျာတို့၊ ဖြာဖြာသိဖွယ်၊ ကျမ်း-၂၀-ကျော်ကို၊ ဆန်းကျယ်ရေးဆိ၊ု မြတ်ကုသိုလ်ကြောင့်၊ ဒီမိုအစ၊ မြန်စိုးရမှ၊ ဆက်သပူဇာ၊ မင်္ဂလာရှင့်၊ မဟာအဂ္ဂ၊ သဒ္ဓမ္မ-ဟု၊ ဓဇဖြာသိပ်၊ ဘွဲ့တံဆိပ်ဖြင့်၊ ခပ်နှိပ်အမြတ်၊ ဘွဲ့တော်ကပ်သည်။     ရွှန်းလတ် မြန်မာ ၀င့်ဘုရား။

အဘ ဦးရဲခေါင်ခေါ် (မြ၀တီရဲခေါင်) ၏ နာရေးသတင်း အစီအစဉ်


အဘ ဦးသာဆိုင် အမိဒေါ်ရွှေမှတ်တို့၏သား၊ ဒေါ်ခင်လှိုင်၏ ခင်ပွန်း၊ ကိုနေလင်းနှင့် ကိုမိုးကြယ်တို့၏ အဖေ အဘ မြ၀တီ ဦးရဲခေါင်သည် 21/01/1924 ခုနှစ်တွင် မြစ်ဝကျွန်းပေါ် ဖျာပုံမြို့တွင် မွေးဖွားခဲ့ပြီး 06/03/2013 ခုနှစ် အသက် ၈၉ နှစ်အရွယ်တွင် အဆုပ်ကင်ဆာ ရောဂါဖြင့် သြစကြေးလျားနိုင်ငံ ဆစ်ဒနီမြို့ရှိ Aubrun Nursing Home တွင် ယနေ့နေ့လည် 13:15 နာရီတွင် ဘ၀တပါးသို့ ပြောင်းလဲကွယ်လွန်ခဲ့ပါသည်။
အဘဦးရဲခေါင်သည် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) နှင့် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) တွင် နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ရေးတွင် ပါဝင်လာခဲ့သည့် လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်၊  မြ၀တီမဂ္ဂဇင်း အယ်ဒီတာဟောင်း၊ ပြည်ချစ်တပ်မတော် ဗဟိုကော်မတီဝင်နှင့် အသံလွှင့်ဌာနမှူး၊ ဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစုတွင် စိတ်ဓာတ်စစ်ဆင်ရေးဌာနတာဝန်ခံနှင့် လူငယ်ရေးရာ ဒုဥက္ကဌ၊ ၀န်ကြီးချုပ်ဟောင်း ဦးနုဦးဆောင်သော ပိဋကတ်သုံးပုံ ပါဠိမှ မြန်မာလို ဘာသာပြန်ရာ၌ အဖွဲ့ဝင်တဦးဖြစ်သူ၊ ခေတ်ပြိုင်သတင်းစာ အယ်ဒီတာ စသည့်တာဝန်များကို ထမ်းဆောင်လာခဲ့ရုံသာမက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲများတွင်လည်း နောက်ဆုံးအချိန်ထိ အရှုံးမပေး၊ ဒူးမထောက်ဘဲ တော်လှန် တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်။

အဘ မြ၀တီရဲခေါင်၏ ရုပ်ကလပ်အား Auburn ရှိ Funeral Service တွင် ထားရှိသည်။ အဘဦးရဲခေါင်၏ အသိမိတ်ဆွေ သူငယ်ချင်းများအားလုံး နောက်ဆုံးအနေဖြင့် တွေ့ဆုံဂါဝရ ပြုရန်အတွက် 08/03/13 ရက်နေ့ ညနေ ၆ နာရီမှ ၇ အထိ စီစဉ်ထားပါသည်။ ၇ နာရီ နောက်ပိုင်းတွင် အဘဦးရဲခေါင်၏သား ကိုနေလင်း၏ နေအိမ် ဖြစ်သည့် 217, Park Road, Auburn တွင် ဈာပန အခမ်းအနားနှင့် ပတ်သက်သည့် အစီအစဉ်များအား ကျန်ရစ်သူ မိသားစုနှင့်အတူ အဘဦးရဲခေါင်၏ မိတ်ဆွေများက တွေ့ဆုံဆွေးနွေး တိုင်ပင်သွားမည် ဖြစ်သည်။

07/03/13 ရက် မနက်ဖြန် ကြာသပတေးနေ့တွင် အသက်ပျောက်ဆွမ်းနှင့် 12/03/13 ရက် အင်္ဂါနေ့တွင် ရက်လည်ဆွမ်းကျွေး တရာတော်နာခြင်းအစီစဉ်ကို ကိုနေလင်းအိမ်တွင် ပြုလုပ်သွားမည်။

ဈာပန အခမ်းအနားအား 9/03/13 တွင် Lidcobme ရှိ Rockwood သုသာန်တွင် မီးသဂြိုလ်သွားမည် ဖြစ်ကြောင်း အဘဦးရဲခေါင်၏ ရပ်နီးရပ်ဝေးမှ မိတ်ဆွေသူငယ်ချင်းများအား အသိပေး အကြောင်းကြားအပ်ပါသည်။

ဆက်သွယ်ရန်
ဦးနေလင်း - 614 24240983
ဦးသူရ - 614 21418449
ဦးအုန်းမြင့်- 612 96753280
ဦးမောင်မောင်သန်း - 614 4337816
ဦးဖိုးဇော် - 614 33725289
ဦးစိုးလွင် - 61412388263
ဦးသာနိုင် - 614 11871932
ဦးခင်မောင်ကျော် (ကိုဂဏန်း) - 614 21045091

အဘ မြ၀တီရဲခေါင်၏ ကိုယ်ရေးရာဇ၀င်အကျဉ်းကို  <http://nge-naing.blogspot.com.au/2009/10/blog-post_13.html <http://www.facebook.com/l.php?u=http%3A%2F%2Fnge-naing.blogspot.com.au%2F2009%2F10%2Fblog-post_13.html&h=7AQHuKFhx&s=1>  > မှာဖတ်နိုင်ပါသည်။ ဓာတ်ပုံကို မြတ်သူ fb မှ ကူးယူထားပါသည်။

မြ၀တီ ရဲခေါင် <http://nge-naing.blogspot.com.au/search/label/%E1%80%BB%E1%80%99%E1%81%80%E1%80%90%E1%80%AE%20%E1%80%9B%E1%80%B2%E1%80%B1%E1%80%81%E1%80%AB%E1%80%84%E1%80%B9>  လို့ပေးထားတဲ့ Label ကိုနှိပ်ပြီး အဘရေးထားတဲ့ ပို့စ်တွေကို ဖတ်နိုင်ပါတယ်။

အဘကောင်းရာသုဂတိ လားပါစေ။

Tuesday, 5 March 2013

ဖေါင်ကြီး အုပ်ချုပ်ရေးမှူး အသစ်


http://www.facebook.com/photo.php?fbid=171825409632528&set=a.104654976349572.10474.100004152098681&type=1&theater

လှည်းကူမြို့နယ်၊ ကပျဉ်ရိုးရွာက လသားအရွယ်ကလေး ပိုးသတ်ဆေးကြောင့် ဓာတုအဆိပ်သင့်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ကပျဉ်ရိုကျေးရွာ၊ ဓမ္မာရုံကျောင်းလမ်းနေ ဦးသိန်းညွှန့်ဦး၊ ဒေါ်မြင့်မြင့်အေး တို့၏ လေးလသားအ ရွယ်ကလေးငယ်မှာ အိမ်ဘေးကြက်ခြံမှဖြန်းသည့် ပိုးသတ်ဆေးကြောင့် ဓာတုအဆိပ်သင့်မှုဖြစ် သည့် လက္ခဏာရှိကြောင်း ဆရာဝန်မှ မှတ်ချက်ချ ပြောဆိုခဲ့သည်။

 ဖြစ်ပွားပုံမှာ ၎င်းလမ်းနေ ခြံအမှတ် ၁၄/၆၀ရှိ ဦးအောင်သန်းပိုင် ကြက်ခြံမှ ကြက်များ ရောဂါဖြစ်ပွားပြီး သေကြေ သဖြင့် ဖေဖော်ဝါရီလ ၁၈ရက်(တနင်္လာ)နေ့တွင် ကြက်ခြံကို ပိုးသတ်ဆေးဖြန်းခဲ့သည်။

 နောက်တနေ့ (အင်္ဂါနေ့)တွင် ကြက်ခြံအနီးရှိ ဦးသိန်းညွှန့်ဦး၊ ဒေါ်မြင့်မြင့်အေးတို့၏ သားလေး မောင်သက်မင်း အေး၏ ကိုယ်ပေါ်တွင် အပြာစိမ်းကွက်များ ထွက်ပေါ်လာကာ ရန်ကင်းကလေးအထူးကုဆေးရုံသို့ တက်ရောက် ကုသရာ ကလေးအထူးကု ဆရာဝန်ကြီးက ကလေးတွင် သွေးဓာတ်သုံးခု ပုံမှန် မရှိတော့ဘဲ ဤကြက်ခြံကြောင့် ဓာတုအဆိပ်သင့်မှု ၇၅% ဖြစ်နိုင်သည်ဟု မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

၎င်းနောက် ၂၀ရက်နေ့ (ဗုဒ္ဓဟူး)နေ့တွင် ယင်းကြက်ခြံသို့ မြို့နယ် တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာနမှ သွားရောက်စစ်ဆေးရာ ကြက်ခြံညစ်ပတ်သည်ဟုသာပြောပြီး မည်သို့မျှ အရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ ပြန်သွားခဲ့သဖြင့် ကြက်ခြံပိုင်ရှင်က ကလေး ငယ်၏ ရောဂါမှာ မိမိတို့နှင့် မဆိုင်ဟုပြောဆိုသည်သာမက ကြက်ခြံကို လာရောက်ကြည့်ရှုသူ အိမ်နီးချင်းများကိုလည်း မောင်း ထုတ်ခဲ့သည်။

 ထိုကိစ္စနှင့် ပတ်သက်၍ ကလေးငယ်၏ ဖခင် ဦးသိန်းညွှန့်ဦးက ကျေးရွာအုပ်ချုပ်ရေးမှူးအား သွားရောက်တိုင် တန်းရာ အုပ်ချုပ် ရေးမှူးက “ခင်ဗျားတို့ကို ကြက်ဥနဲ့ ပိတ်ပေါက်တာမှ မဟုတ်တာဘဲဗျာ”ဟုသာ ပြန်လည် ဖြေရှင်းပေးခဲ့သည်။

 ဤကြက်ခြံသည် ရွာလယ်တွင် ရှိနေသဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းပြီး ရောဂါဘယများ ကူးစက်ပြန့်ပွားနိုင် သဖြင့် ကြက်ခြံကို ပြောင်းရွှေ့စေလိုကြောင်း ကပျဉ်ရိုကျေးရွာသားများက ပြောဆိုနေကြသည်။

Ref: http://www.kicnews.org/?p=15977

Friday, 1 March 2013

အမျိုးပျောက်မှာ စိုးကြောက်စရာ (စာအုပ်)

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၈) / မသီတာ(စမ်းချောင်း)

သင်္ဘောပေါ်က လူတွေကို ကြည့်ရတာ နွမ်းဖတ်နေပါတယ်။ သူတို့ရဲ့ မျက်ဝန်းနက်တွေဟာ တကယ့်ကို စိမ်းကားနေ ပါတယ်။ ကျွန်မက စိုက်ကြည့်လိုက်တဲ့ တစ်ချိန်မှာတော့ သူတို့ရဲ့ လှစ်ခနဲအပြုံးကို မြင်လိုက်ရ ပါတယ်။ ကျွန်မလည်း စိတ်ထဲမှာ အပြစ်ရှိသလို ခံစားရပြီး ပြန်ပြုံးပြလိုက်ဖြစ်ပါတယ်။ သင်္ဘောစီးချိန်က ဆယ်မိနစ်သာ ကြာပေမယ့် ကျွန်မက တစ်ချိန်လုံး အပြုံးဖလှယ် နေခဲ့ရပါတော့တယ်။

သင်္ဘောပေါ်ကဆင်းတော့ သဲတရှပ်ရှပ်နဲ့ သစ်သားကုန်းပေါင်ကို တက်ကာ တစ်ဖက်ကမ်းကို ရောက်ပါတယ်။ တံတား တစ်ဖက် တစ်ချက် မှာတော့ ဆိုင်လေးတွေက အစီအရီပါပဲ။ တံတားထိပ်မှာတော့ ရှူနာ ရှိုက်ကုန်း အင်ဂျင်သံနဲ့ လိုင်းကား တစ်စီးက ခရီးသည်ခေါ် နေပါတယ်။ ဆိုက်ကားတွေလည်း လူခေါ်နေတာ အများကြီး ပါပဲ။

ကျွန်မတို့လည်း ဆိုက်ကားစီးပြီးတော့ပဲ လည်မယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဆိုက်ကားစီးတဲ့ အခါမှာတော့ ကျွန်မ ခင်ပွန်းနဲ့ ဧည့်လမ်းညွှန်က အာဟာရ မပြည့်တဲ့ပုံနဲ့ ပိန်ပိန်လေးတွေမို့ တစ်စီးစီးပြီး ဝတုတ်တုတ် ကျွန်မက တစ်စီး သပ်သပ်စီး ဖြစ်သွားပါတယ်။ ဘာမှပြောဆိုတိုင်ပင်တာမရှိဘဲ အဲဒီလိုထိုင်စီးကြဖို့ ဆုံးဖြတ်ဖြစ်တာပဲ ဖြစ်ပါတယ်။ ဆိုက်ကား ဆရာနှစ်ယောက် လုံးကတော့ အသက်ကြီးကြီး ပိန်ပိန်ပါးပါးတွေမို့ ဘယ်လိုပဲ စီးစီး တယ်တော့ မထူးလှဘူး ထင်တာပါပဲ။ ဒါပေမယ့် ယောကျာ်းတွေချည်းစီးတဲ့ ဆိုက်ကားကတော့ ချောချောမောမောပဲ ထွက်ခွာသွားပါတယ်။ လမ်းတွေက တစ်ခါ တုန်းက ကတ္တရာအပြည့် ခင်းထားခဲ့ပုံပါပဲ။ ဒါပေမယ့် အခုတော့တော လမ်းလေးလို ဖြစ်နေလေရဲ့။ ကျွန်မရဲ့ ဆိုက်ကား ဆရာက ထိုင်ခုံမှာ ဖင်မကျနိုင်လောက်အောင် ခါးဆန့်ပြီး ကုန်းရုန်းနင်းရှာပါတယ်။ ကျွန်မလည်း တစ်သက်နဲ့ တစ်ကိုယ် ကိုယ်ခန္ဓာ ဝတာဟာ အပြစ်လို့ ပထမဆုံး အကြိမ် ခံစားလိုက်မိတာပါပဲ။

လမ်းတစ်လျှောက် တွေ့ရသမျှ တွေက စိတ်ဝင်စားစရာပါ။ တဲအိမ် လေးတွေ အများစုက လမ်းဖက် မျက်နှာမူတဲ့အခြမ်းမှာ အကာအရံ မလုပ်ထားတာမို့ အိမ်ထဲကို တိုးလျှိုးပေါက် ကြည့်လို့ရနိုင်တာပါပဲ။
အိမ်တစ်အိမ်ရဲ့ အလယ်မှာ စားပွဲ တစ်လုံးပေါ်မှာ ရှေးခေတ်က ဖုန်း တစ်လုံး တင်ထားတာ တွေ့လိုက်ရပါတယ်။ ကြည့်ရ တာ သူတို့တွေရဲ့ တစ်ခုတည်းသော ဆက်သွယ်ရေး ကိရိယာလားပေါ့။ နောက်တစ်ခု ထူးခြားတာကတော့ ဒီလိုနွမ်းပါး တဲ့နေရာမှာ သောက်ရေအိုးစင်လေး တွေကိုတွေ့နေရတာပါ။ ရေငတ်လာ သူတွေအတွက် စဉ်းစားပေးထားတဲ့ ရွာဓလေ့ကို သဘောကျမိရပြန်ပါတယ်။

ရေမရှိတဲ့ချောင်းတစ်ခုကိုလည်း တွေ့ရပြီး မိုးတွင်းမှာတော့ ရေက ၆ ပေကျော်လောက်ထိ တက်တယ်လို့ သိရပါတယ်။ ရွာလယ် တစ်နေရာ မှာတော့ ကျွန်မတို့ ဆိုက်ကားတွေ ခဏနားလိုက်ကြပါတယ်။ ရွာထဲမှာ လူမရှိသလို ဖြစ်နေပြီး ဧည့်လမ်းညွှန် ရှင်းပြမှပဲ အများစုက နေရေးထိုင်ရေး ဈေးချိုတဲ့ ဒီဒလမှာ နေကြပေမယ့် ရန်ကုန်ဖက်ကို အလုပ်သွားလုပ်ကြ တယ်ဆိုတာသိရပါတယ်။ ကျွန်မက တော့ဒလအတွက် စိတ်မကောင်း ဖြစ်နေမိပါတယ်။ ဒလမှာ သောက်သုံးရေပြဿနာက ရှိလေတော့ လူတွေ သိပ်မနေချင်ကြဘူးလို့ ဧည့်လမ်းညွှန်က ဆိုပါတယ်။ ရွာထဲက တချို့နေရာတွေမှာ ဂျပန်ရဲ့ အကူအညီနဲ့ရေရအောင် လုပ်ထားတာတွေ ကိုလည်းတွေ့ခဲ့ရပါတယ်။ အဲဒီအကြောင်းတွေကို လွန်ခဲ့တဲ့အနှစ် ၂ဝလုံး လုံး သာမန်မြန်မာနိုင်ငံသားတွေအ ကြောင်း ဓာတ်ပုံလိုက်ရိုက်မှတ်တမ်း တင်ခဲ့တဲ့ဂျပန်က ဓာတ်ပုံသတင်း ထောက်ရဲ့ လက်ရာတွေ ထဲမှာတွေ့ လိုက်ရပါတယ်။ ကျွန်မတို့ရဲ့ ဧည့် လမ်းညွှန်ကတော့ အဲဒါတွေကို မသိရှာပါဘူး။

အပြန်လမ်းမှာ တံတားကို တက်တော့ ကျွန်မလည်း အသက်ရှု အောင့်ကာ ဗိုက်ချပ်ထားပြီးကျွန်မရဲ့ ဆိုက်ကားဆရာ အမောသက်သာ အောင် ကြိုးစားကြည့်မိပါတယ်။ ဆိပ်ကမ်းကို ပြန်ရောက်တော့ ကျွန်မ လည်း ဒူးတွေတောင်တုန်နေပါပြီ။ ဆိုက်ကားဆရာကိုလည်း ကျေးဇူး တင်နေမိပါတယ်။ သူ့ဆိုက်ကားဘီး လည်းလေ မရှိတော့ဘူး ထင်တာပါပဲ။

ကျွန်မက ဆိုက်ကားကို နင်းသူရဲ့ ကိုယ်ပိုင်လို့ ထင်ခဲ့ပေမယ့် သာမန် လူတွေက ဆိုက်ကားတစ်စီးကိုတောင် မတတ်နိုင် ဘူးလို့ ဆိုပါတယ်။ ငွေကြေး တတ်နိုင်သူတွေက ဆိုက်ကားထောင်ပြီး နေ့စဉ်ငွေ သွင်းကာ နင်းသူတွေကို ငှားစားကြောင်းနောက်မှ သိရပါတယ်။ ကျွန်မလည်း ဆိုက်ကားနင်းသူရဲ့ တစ်နေ့တာဝင်ငွေနဲ့သူ့မိသားစု မလောက်ငနိုင်ဘူး လို့ တွေးမိကာ စိတ်မကောင်းဖြစ်ရပါတယ်။
တကယ်တော့ ကျွန်မက ဆိုက် ကားမစီးချင်ပါဘူး။ ဒါပေမယ့် ကျွန်မ တို့မစီးကြရင် ဆိုက်ကားနင်းသူတွေ အဆင်မပြေနိုင် ဘူးလေ။  လူ့ခွန်အားနဲ့ နင်းရတာက ခက်ခဲပင်ပန်းမှာ ဖြစ်ပေမယ့် နင်းခွင့်မရရင် ပိုပြီးဆင်းရဲ ပင်ပန်းနိုင်တာကိုး။ ခက်လှတဲ့ စိတ်မချမ်းမြေ့စရာ ဆင်းရဲမွဲတေမှု ပါပဲ။

ရန်ကုန်မြို့သို့ အလည်လာစဉ်က နိုရီကို
ရန်ကုန်မြို့သို့ အလည်လာစဉ်က နိုရီကို

ရန်ကုန် တက္ကသိုလ်

ဒလဖက်က ပြန်လာတော့ စထရင်း ဟော်တယ်မှာ လက်ဖက်ရည် သောက်ကာ အမောဖြေ ဖြစ်ကြပါတယ်။ အဲဒီဟော်တယ် နဲ့ ဒလဟာ တကယ့်ကို ကွာခြားလွန်းပါ လားနော်။

ကျွန်မတို့ တည်းခိုရာဟော်တယ်ကို ပြန်ရောက်တော့ ရန်ကုန် တက္ကသိုလ်က ဆရာမလေးတစ် ယောက်ဟာ ကျွန်မတို့ ကို စောင့်နေပါတယ်။ သူက ကျွန်မခင်ပွန်း စာသင်နေတဲ့ တက္ကသိုလ်မှာ သုတေသန လုပ်နေတဲ့ ပါရဂူဘွဲ့ယူ ကျောင်းသူ လည်း ဖြစ်ပါတယ်။ သူက နွေရာသီ ကျောင်းပိတ်ရက်မို့ မြန်မာပြည်ကို ပြန်လာခိုက်မှာ သံဃာ့ အရေးအခင်း ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူက ဂျပန်ကို ပြန်မသွားနိုင်တော့ပါဘူး။ သူဂျပန်ကို ရောက်နေခိုက်မှာ ပညာ ရေးဝန်ကြီး အပြောင်းအလဲဖြစ် တာလည်း ပါတာပေါ့။ ဝန်ကြီးအသစ်က ဝန်ကြီး အဟောင်း ဆုံးဖြတ်ခဲ့တာတွေကို တာဝန် မယူတော့ပါဘူး။ ဝန်ကြီး အပြောင်းအလဲမှာ ဆရာမလေးက ဓားစာခံလို ဖြစ်သွားရပါတယ်။ ဒါ့အပြင် စစ်အစိုးရကလည်း သံဃာ့အရေး အခင်းအကြောင်းကို ပြည်ပမှာ ဒီ့ထက် လူပိုသိသွားမှာကို မလိုလားဘူးလေ။ တကယ်တော့ အင်တာနက် ကြောင့် သံဃာ့ အရေးအခင်းက လူသိထင်ရှား ဖြစ်ပြီးနေပါပြီ။ ဆရာမလေး ကတော့ သူ့အနေနဲ့ ဘယ်လောက်ပဲ ခက်ခက်မျှော်လင့်ချက်ကို လက်လျှော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ကျွန်မတို့ အားလုံးဟာ ဂျပန်ဆိုင်တစ်ဆိုင်ကို သွားကာ ဂျပန်စာစားလိုက်ကြပါတယ်။ ဆရာမလေးရော ဧည့်လမ်းညွှန်ပါ ဂျပန်စာကို သဘောကျ လွမ်းဆွတ် နေကြသူတွေဖြစ်ပြီး ကားဆရာက တော့ ပထမဆုံး စားဖူးပေမယ့် သဘောကျနေလေရဲ့။ ဆိုင်ထဲမှာ လူရှင်းနေတာကို တွေ့ရခိုက် ပိုင်ရှင် မစ္စကိုမာရူက ရှင်းပြတာ ကတော့ သံဃာ့ အရေးအခင်း မတိုင်ခင်က ဧည့်များသလောက် အပြီးမှာတော့ လူတွေ သိပ်မလာကြတော့ဘူး ဆိုတာပါပဲ။ သူတို့ ဇနီးမောင်နှံက မြန်မာပြည်ကို ၁၉၉၆ ခုနှစ်ကတည်းက ရောက်ကာ စားသောက်ဆိုင် ဖွင့်ခဲ့တာဖြစ်ပြီး တခြားဂျပန်တွေ က ပြန်သွားတဲ့တိုင် အောင်သူတို့က မပြန်ဘဲ ဆက်နေခဲ့တာပါ။ သူတို့ က မြန်မာတွေကို သဘောကျတာမို့ မပြန်တော့ဘူးလို့ ဆိုပါတယ်။

ဆရာမလေးက သူ သိပ်ဂုဏ် ယူတဲ့ သူ့ရဲ့ ရန်ကုန်တက္ကသိုလ်ကို ကျွန်မတို့ကို ခေါ်သွားပြပါတယ်။  ကျောင်းဝင်း ထဲမှာ သစ်ပင်အိုကြီး တွေရှိနေကာ ကျွန်မတို့လည်း တကယ့်ကျောင်း ပရဝုဏ်ဆိုတဲ့ အသိမျိုးကို ရလိုက် ပါတယ်။ ကျွန်မတို့ လည်း ဘွဲ့လွန်အဆောင်တစ်ဆောင် နဲ့ စာကြည့်တိုက်ကို သွားကြည့် ကြပါတယ်။ ကျောင်းဝင်းက လူမရှိသလောက်ပါပဲ။

၂ဝ ရာစုအစကတည်းက သမိုင်းတစ်လျှောက်မှာ တော်လှန်ရေး မှန်သမျှ ဒီရန်ကုန်တက္ကသိုလ်က စခဲ့တယ်လို့ ဆိုနိုင် သလောက်ပါပဲ။  ဒါကြောင့်လည်း စစ်အစိုးရ က ကျောင်းသားတွေ စုစည်းရခက်အောင် ရန်ကုန် တက္ကသိုလ်ကို မြို့ပြင်ပို့ဖို့ စီစဉ်လိုက်တာပါ။

တကယ်တော့ စုရဲ့အိမ်ဟာ တက္ကသိုလ် ရိပ်သာလမ်းမှာမို့ ရန်ကုန် တက္ကသိုလ်ကနေဆို ခဲတစ်ပစ် လောက်ပဲ ဝေးပါတယ်။ ဒါပေမယ့် ကားသမားကို စုအိမ်ဖက်မောင်းပေးဖို့ ကျွန်မ မပြောဖြစ်ခဲ့ပါဘူး။ ကားသမားက စုအိမ်ကို စောင့်တဲ့ စစ်သားနဲ့ ရဲတွေကို ကြောက်နေတာလေ။ စု ရှိနေတဲ့နေရာနဲ့ အနီးဆုံးကိုရောက် ခဲ့ပေမယ့် ကျွန်မ တို့မှာ စုကို“ဟဲလို” လေးတောင် မလုပ်ခဲ့နိုင်ပါဘူး။

Ref: http://www.myanmarij.com/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9-%E1%81%83%E1%81%88/