Showing posts with label Technology. Show all posts
Showing posts with label Technology. Show all posts

Wednesday, 20 November 2013

လှည်းကူးမြို့မှ ပျောက်ဆုံးနေသောကလေးငယ် ဖေ့စ်ဘွတ်ခ်ကြောင့် ပြန်တွေ့

လှည်ကူးမြို့နယ် နေအိမ်မှ ပျောက်သွားသည် လေးနှစ်အရွယ်ကလေးငယ်ကို လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကြောင့် လေးရက်အကြာတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါ်ဝင်းဝင်းဌေးကပြောသည်။

လှည်းကူးမြို့နယ် အောင်မင်္ဂလာရပ်ကွက်အတွင်း နေထိုင်သော အသက် လေးနှစ်အရွယ် မောင်ပြည်စုံအောင်သည် နေအိမ်မှ နိုဝင်ဘာ ၁၃ ရက်မှစ၍ ပျောက်ဆုံးသွားခဲ့ပြီးနောက် ၄င်း၏ဆွေမျိုးများက ဖေ့စ်ဘွတ်ခ်ပေါ်တွင် ကြော်ငြာ၍ အကူအညီတောင်းခဲ့သည်။ ဖေ့စ်ဘွတ်ခ်တွင် ကြော်ငြာထားခြင်းကိုတွေ့ရှိသော တာမွေမြို့နယ်အတွင်းနေထိုင်သူတစ်ဦးက ၎င်းတို့ရပ်ကွက်အတွင်း ကလေးငယ်တစ်ဦး ရောက်ရှိနေသည်ဟု ဖေ့စ်ဘွတ်ခ်တွင်ပါရှိသော လိပ်စာအတိုင်း ဆက်သွယ်ကာ အကြောင်းကြားပေးခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကလေးငယ်၏မိဘများသည် အဆိုပါရပ်ကွက်သို့ နိုဝင်ဘာ ၁၆ ရက်တွင် ရောက်ရှိခဲ့ကာ ကလေးငယ်အား ပြန်လည်တွေ့ရှိသွားခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါကလေးငယ်အား ၎င်း၏အဒေါ်ဖြစ်သူစိတ်မကျန်းမာသူက လှည်းကူးမြို့နယ်နေအိမ်မှ မိဘများမသိအောင် ၎င်းအား ခေါ်ယူသွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါကလေးငယ်ကို နိုဝင်ဘာ ၁၅ ရက်က တာမွေမြို့ နယ်ရှိ အခွန်လွတ်ဈေးရှေ့တွင် တွေ့ရှိခဲ့၍ တာမွေမြို့နယ် (ခ)ကြီးရပ်ကွက်မှ အုပ်ချုပ်ရေးမှူးထံ အပ်နှံထားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့က မိဘများအား လိုက်လံရှာဖွေခဲ့သည်။ သို့သော် ၄င်း၏မိဘများကို မတွေ့ရှိခဲ့၍ ယင်းရပ်ကွက်မှ ၁၆၆ လမ်းရှိ နေအိမ်တစ်အိမ်ထံ ကလေးအား ခေတ္တထိန်းသိမ်းစောင့်ရှောက်ထားခဲ့သည်။

““ကလေးကို ဆိုက်ကားသမားနှစ်ယောက်က အခွန်လွတ်ဈေးရှေ့မှာတွေ့လို့ခေါ်လာတာ။ နောက်တော့ မလေးမှာရှိတဲ့ သူအဒေါ်က အွန်လိုင်းမှာ ကြေညာထားတာ။ အဲဒါကို လမ်းထဲက အွန်လိုင်းသုံးတဲ့သူက တွေ့ပြီး အဲဒီမှာပါတဲ့လိပ်စာအတိုင်း ဖုန်းဆက်လိုက်တာ။ သူ့မိဘတွေက ၁၆ ရက်မှာ ချက်ချင်းရောက်လာတာ။ သူ့မိဘတွေရောက်လာတော့ ကလေးကို ဟုတ်၊ မဟုတ် သေချာမေးပြီး မှတ်တမ်းယူထားပြီး ထည့်ပေးလိုက်တာ””ဟု တာမွေကြီး (ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဉာဏ်ဝင်းကပြောသည်။


ကလေး၏ မိခင်ဖြစ်သူက““ပြီးခဲ့တဲ့ ၁၃ ရက်ကတည်းက ပျောက်သွားတာ။ ယောက်မက စိတ်မကောင်းတဲ့သူဆိုတော့ အိမ်ကလူတွေမသိဘဲ ခေါ်သွားတာ။ စခန်းကိုလည်း အမှုဖွင့်ထားတယ်။ဒီကြားထဲ လိုက်ရှာနေတာ ဒေါင်းတောက်နေတာပဲ””ဟုဆိုသည်။
““အစ်မအမျိုးသားကလည်း ကွမ်းယာသွားဝယ်တော့ ရပ်ကွက်အုပ်ချုပ်ရေးရုံးရှေ့မှာ ညဘက်ကြီးတွေ့လို့ ကလေးက ဘယ်သူကလေးလဲမေးတော့ ကွမ်းယာဆိုင်ကလည်း မသိဘူးတဲ့။ အဲဒီမှာရှိတာ ကြာနေပြီး နောက်ဆိုင်လည်းပိတ်တော့မယ်ဆိုတော့ အစ်မတို့က ခဏခေါ်ပြီး ထိန်းသိမ်းထားတာ””ဟု မမြင့်မိုရ်ကပြောသည်။


ထို့အပြင် ကလေးပျောက်ဆုံးမှုများနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းက မြောက်ဥက္ကလာပမြို့နယ်အတွင်း မကြာခဏပျောက်ဆုံးမှုများ ဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးခဲ့သည့် ကလေးငယ်လေးဦးရှိသည့်အနက် နှစ်ဦးမှာ ပြန်လည်တွေ့ရှိသော်လည်း နှစ်ဦးမှာ ပြန်မတွေ့သေးပေ။ ပြန်လည်တွေ့ရှိခဲ့သော ကလေးငယ်နှစ်ဦးရှိသည့်အနက် တစ်ဦးမှာ အသက်ခုနစ်နှစ်အရွယ် ကလေးငယ်ဖြစ်ပြီး ၎င်းအား မုန့်ကျွေးမည်ဟုဆိုကာ အမျိုးသားတစ်ဦးက ချိုင်းကြားညှပ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်စဉ်မှာ၂၀၁၂ စက်တင်ဘာ ၂ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

7day Daily

Ref:Thit Htoo Lwin

Friday, 15 November 2013

ဖေ့ဘွတ်သုံးဆွဲသူတို့အတွက် သိသင့်တဲ့ နည်းပညာများ



Ref: မဇ္ဈိမနေ့စဉ်သတင်းစာ ၊အတွဲ (၂)၊ အမှတ် (၂၆)၊ နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၃ ခုနှစ်

Thursday, 13 June 2013

ပရော်ဖက်ရှင်နယ် ... အလိုရှိသည် Written by နှင်းသခင်

တိုးတက်အောင် ဘယ်လိုလုပ်ရမလဲ မေးလာသူများကို... အသက်မွေး ပညာသည် (Professional) ဖြစ်လာအောင်သာ ကြိုးစားပါဟု ကျွန်မတုံ့ပြန်လေ့ရှိသည်။ ဘယ်လိုလူမျိုးကို ရွေးချယ်ရမည်လဲဟု ကျွန်မ၏ လူအင်အား မန်နေဂျာက မေးလာသောအခါ တွင်လည်း အသက်မွေးပညာသည် ပီသသူ သို့မဟုတ် ပီသအောင် ကြိုးစားမည့်သူများ နှင့်သာ အလုပ်အတူ လုပ်လိုကြောင်း ကျွန်မဖြေလေ့ရှိသည်။

အခါများစွာပင် ထိုအဖြေကို ကျွန်မ ရှင်းပြရလေ့ရှိသည်။ ရှင်းပြတိုင်းလည်း ပုံဥပမာလေးတစ်ခုကို အမြဲသတိရသည်။ နေပူထဲ ချွေးတလုံးလုံးနှင့် အလုပ်လုပ်နေကြချိန်တွင် အုတ်ကလေးတစ်လုံး အတိမ်းအစောင်းမခံ ကြီးကြပ်နေသော ပန်းရန်ဆရာကြီးကို ပင်ပန်း၍ စိတ်တိုနေသော သူ့တပည့် လူငယ်က တံတားကြီးတစ်စင်းလုံးမှာ အုတ်ကလေးတစ်လုံးလောက် စောင်းနေတာကို ဘယ်သူ သိမှာမို့လို့ဟု စောဒကတက်သည်။ ဆရာကြီးဖြေသည်က "အနည်းဆုံးတော့ မင်းနဲ့ငါ သိတယ်ကွ" ဟု။

အသက်မွေးပညာသည် ဟူသော ထိုစကားလုံးသည် နိုင်ငံတစ်နိုင်ငံ၏ အရေးကြီးလှသော လူတန်းစား တစ်ရပ်ကို ကိုယ်စားပြုနေသည်ဟု ကျွန်မ မြင်ပါသည်။ ထိုစကားလုံးကို မှန်ကန်စွာ အဓိပ္ပာယ်ဖွင့်ကာ အမှန်တကယ် ကိုယ်စားပြုနိုင်သူများ အားကောင်းသောနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်လိမ့်မည်။ အလုပ်လုပ်ရာတွင် အသက်မွေးပညာသည် ပီသခြင်းသည် တစ်ကိုယ်ကောင်း တိုးတက်မှုမှသည် အဖွဲ့အစည်း တိုးတက်မှု၊ နိုင်ငံတိုးတက်မှုသို့ အဆင့်ဆင့် ချိတ်ဆက် အာမခံပေးနေသော တစ်ခုတည်းသောအရာ ဖြစ်ပါသည်။

အသက်မွေးပညာသည် (Professional) ဟူသော စကားလုံးကို အကောင်း၊ အဆိုး ရောကာ အဓိပ္ပာယ်လွယ်လွယ် ဖွင့်ကြပါသည်။ အချို့က ကြေးစားဟုဆိုသည်။ အချို့က အတတ်ပညာ တစ်ခုတွင် ထူးချွန်နေပြီဆိုလျှင် သူကတော့ ပရို (Pro)ပဲဟု ဆိုကြသည်။ အချို့ကတော့ ဘွဲ့နှင့် အသက်မွေးပညာ အသိအမှတ်ပြု အောင်လက်မှတ်များကို ပြေးမြင်ကြသည်လည်း ရှိသည်။

အသက်မွေးပညာသည် ဟူသည် အတတ်ပညာ၊ ကျွမ်းကျင်မှုတစ်ခု ဖြင့် မိမိဘာသာ အသက်မွေးဝမ်းကျောင်း ပြုနိုင်စွမ်းရှိသောသူဟု အဘိဓာန် များက ဆိုပါသည်။ သို့သော် အခေါ်အဝေါ်ကို အဓိပ္ပာယ်ဖွင့် မှားကြသည်ထင့်။ အသက်မွေး ဝမ်းကျောင်းရန်အတွက် အလုပ်လုပ်နေသူ တိုင်းလည်း အသက်မွေးပညာသည် ပီသမလာနိုင်ကြ။

အသက်မွေးပညာသည်၏ တန်ဖိုး (Value)

အသက်မွေးဝမ်းကျောင်းမှု ဟူသော ဖွင့်ဆိုချက်ကို သေချာနားလည် မည်ဆိုပါက အသက်မွေးပညာသည် တစ်ဦး ရရှိသော အဖိုးအခသည် ၄င်း၏ အတတ်ပညာ၊ ကျွမ်းကျင်မှုတို့ဖြင့် ကြိုးစားလုပ်ဆောင်သော ဖန်တီးမှု၊ ထုတ်လုပ်မှု၊ ဝန်ဆောင်မှုတို့က ၄င်းနေထိုင်ရာ လူ့အဖွဲ့အစည်း အတွက် တစ်ထောင့်တစ်နေရာ အသုံးဝင် ကောင်းကျိုးပြုသောအခါ ထို့အတွက် လူအများက ကျေနပ်သဖြင့် တုံ့ပြန်သော ချီးမြှင့်မှုမျိုးဖြစ်သည်။ အသက်မွေး ပညာသည်တစ်ဦး၏ တန်ဖိုးသည် လူအများ၏ အကျိုးစီးပွားကို ဆောင်ကြဉ်း ပေးနိုင်စွမ်းရှိခြင်း ဟုဆိုလျှင် မမှား။ ကုသိုလ်လည်းရ ဝမ်းလည်းဝ။

သို့ဆိုလျှင် အသက်မွေးဝမ်းကျောင်း ပညာတစ်ရပ်ကို လူအများအား ကောင်းကျိုးကျေးဇူး ရှိစေခြင်း ရှိ မရှိဖြင့်ကြည့်ရသလို အသက်မွေးပညာသည် ဖြစ်နိုင် မဖြစ်နိုင်ကို မိမိ၏အသက်မွေးမှုကို လူအများက ကျေးဇူးတင် အသိအမှတ်ပြုနိုင်ခြင်း ရှိ မရှိဖြင့် ကြည့်ရပေလိမ့်မည်။

တစ်ဖန် အသက်မွေးပညာသည် ပီသခြင်းကို အောင်လက်မှတ်နှင့် အသိအမှတ်ပြု၍မရ။ နေ့စဉ်လက်တွေ့ ဖြည့်ကျင့်ရသော အလုပ်ဖြစ်သည်။ အသက်မွေးပညာသည် တစ်ဦးအတွက် ဖြည့်ကျင့်စရာ တန်းတူအရေးကြီးကာ တစ်ခုကိုတစ်ခု အပြန်အလှန် ဆက်စပ် အားဖြည့်နေသော စရိုက်လက္ခဏာ အနည်းဆုံးငါးရပ်ရှိသည်။

အရည်အချင်း (Competency)

အသက်မွေးနိုင်လောက်သော ပညာရပ်နှင့် ကျွမ်းကျင်မှုတစ်ခုခုရှိပြီး ၄င်းကို လက်တွေ့ အကျိုးရှိအောင် အသုံးချနိုင်စွမ်းလည်း ရှိရသည်။ အချို့က အတတ်ပညာတစ်မျိုးမျိုးကို အသေအချာ တတ်သော်လည်း လက်တွေ့ အသုံးချနိုင်စွမ်းမရှိ။ အသက်မွေး ပညာသည်သည် ကျွမ်းကျင်ရာကို လုပ်သည်။ လုပ်သည့်အလုပ်တွင် ကျွမ်းကျင်သည်၊ ပို၍ပို၍ ကျွမ်းကျင်လာရန်လည်း ကြိုးစားသည်။ အသိပညာ၊ အတတ်ပညာ၊ နည်းပညာအသစ်များ စဉ်ဆက်မပြတ် လေ့လာသင်ယူသည်။ အရည်အချင်း ပြည့်ဝသော သူသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသည်။ ငိုက်နေသော စပါးနှံပမာ လူများအပေါ် လေးစားမွန်ရည်သည့် အပြုအမူများနှင့်လည်း ပြည့်စုံသည်။

အရည်အသွေး (Quality)

အသက်မွေးပညာသည် မှန်လျှင် အလုပ်ကို ခိုင်းသည့်အတိုင်း တာဝန်ကျေ လုပ်နေခြင်းမဟုတ် အရည်အသွေးကောင်းသော ရလဒ်များဖြင့် အောင်မြင်အောင် လုပ်ကိုင်ခြင်းဖြစ်သည်။ တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်း သောရလဒ်များ ထွက်ပေါ်ရေးသည်သာ အလုပ်ရည်မှန်းချက် ဖြစ်သည်။ ထိုရည်မှန်းချက်အတွက် စွမ်းရည် မြှင့်တင်မှု၊ လေ့ကျင့်မှုနှင့် ကြိုးစားအား ထုတ်မှု တို့ကိုလည်း မည်သူမျှမခိုင်းရဘဲ ကိုယ်ပိုင်စည်းကမ်း တစ်ခုအဖြစ် ဝတ္တရားမပြတ် ပြုနေလိမ့်မည်။

စည်းကမ်း (Discipline) 

ကျွန်မတို့လက်တွေ့ဘဝတွင် ထိတွေ့နေသော စည်းကမ်းများစွာ ရှိသည်။ အလုပ်စည်းကမ်း၊ အဖွဲ့အစည်းစည်းကမ်း၊ နိုင်ငံ့ဥပဒေစည်းကမ်း။ အသက်မွေးပညာသည် တစ်ဦးသည် အဆိုပါ စည်းကမ်းများကို နားလည် သဘောပေါက်ပြီး ကိုယ်ပိုင်စည်းကမ်း တစ်စုံထားကာ ချမှတ်သူ၊ ထိန်းသိမ်းသူ၊ လိုက်နာသူဖြစ်သည်။ အလုပ်အပေါ်သစ္စာရှိမှု၊ တာဝန်သိမှု၊ တာဝန်ယူမှု တို့ကို အသက်မွေးပညာသည် တစ်ဦး၏ တန်ဖိုး၊ စရိုက်လက္ခဏာနှင့် ကျင့်ဝတ်များ မွမ်းမံကာ ကိုယ့်စည်းကမ်းအဖြစ် တည်ဆောက်ထားသူ ဖြစ်သည်။ ဥပမာပေးထားသော ပန်းရန်ဆရာကြီး ပမာ စည်းကမ်းလိုက်နာခြင်း ရှိ မရှိ အတွက် စောင့်ကြပ်အရေးယူရန် တတိယလူလည်း မလို။

တာဝန် (Responsibility)

ရှေ့တွင်ဖော်ပြခဲ့သော စည်းကမ်း၊ အရည်အချင်းနှင့် အရည်အသွေး သည် အသက်မွေးပညာသည် တစ်ဦး၏ တာဝန်ယူနိုင်စွမ်းကို အာမခံသည်။ ပညာရှင်ကို အလေးထားသော လုပ်ငန်းမျိုးတွင် လူတစ်ဦး၏ တာဝန်ယူနိုင်စွမ်း အလိုက်သာ တာဝန်နှင့် ရပိုင်ခွင့်များ ပေးလေ့ရှိသည်။ ပုဂ္ဂိုလ်မင်၍ ရာထူး တင်ခြင်းမျိုးမဟုတ်။ အသက်မွေးပညာသည် ပီသသူသည် တာဝန်ယူနိုင်စွမ်း ရှိသလို တာဝန်ခံနိုင်စွမ်းလည်း ရှိသည်။ ထမင်းရည်ပူ လျှာလွှဲမလုပ်။ ခေါင်း မရှောင်။ မိမိ၏အလုပ်နှင့် သက်ဆိုင်သော အကောင်းအဆိုးကို ကိုယ်တိုင် တာဝန်ယူဖြေရှင်းသည်။ သူများပေါ် ပုံမချ။ ဤလက္ခဏာသည် နောက် စကားလုံးတစ်ခုဖြစ်သည့် ရိုးသားမှုနှင့်လည်း တိုက်ရိုက် ဆက်စပ်နေပြန်သည်။

ရိုးသားဖြောင့်မတ်မှု (Integrity)

အသက်မွေးပညာသည်သည် မတတ်လျှင် မတတ်ဘူးပြောသည်။ လုပ်လျှင်လုပ်သည် ဝန်ခံသည်။ နာမည်ကိုဖြစ်စေ၊ ရာထူးနေရာကို ဖြစ်စေ၊ လူအများ၏ ထောက်ခံမှုကိုဖြစ်စေ မည်သည့်အခွင့်အရေးနှင့် အောင်မြင်မှု ကိုမှ မတရားမယူ၊ လိမ်ညာလှည့်ဖြားခြင်း မပြု။ ထိုက်တန်သော ကြိုးစားမှုဖြင့်သာ ရယူသည်။ မိမိအကျိုးအတွက် သူတစ်ပါးကို ချောက်မချ။ အခွင့်အရေးနှင့် တာဝန်သည် အစဉ်တွဲလျက်ရှိသည်ကို သိသည်။ သိသည့်အတိုင်းလည်း ကျင့်ကြံသည်။

အထက်ပါ စရိုက်လက္ခဏာများနှင့် ပြည့်စုံကြသော အသက်မွေးပညာသည် တို့တွင် အောက်ပါ အဖိုးတန် ကျင့်ဝတ်နှစ်မျိုးကိုလည်း တွေ့နိုင်ပြန်သည်။

လွတ်လပ်စွာ ဆင်ခြင်ဆုံးဖြတ်ခြင်း (Independent Judgement & Decision)

မိမိခံယူချက်၊ အသိပညာ၊ အတတ်ပညာတို့မှ ပေးသော အသိဖြင့် လူအများကောင်းကျိုး အတွက် မျှတလွတ်လပ်သော ဆင်ခြင်ဉာဏ်နှင့် ဆုံးဖြတ် နိုင်စွမ်းကို ထိန်းသိမ်းထားခြင်းဖြစ်သည်။ အသက်မွေးပညာသည် ကျင့်ဝတ်၊ တန်ဖိုးတို့နှင့် သွေဖည်သော လုပ်ဆောင်ချက်များကို ငြင်းဆိုရဲခြင်း၊ မှန်ရာကို ပြောရဲခြင်း။ မမှန်ကန်မှုကို တာဝန်သိစွာ အရေးယူနိုင်ခြင်း တို့ဖြစ်သည်။

ရဲဘော်ရဲဘက်စိတ်ရှိခြင်း (Comaradeship) 

မိမိနှင့် ဘဝတူများအပေါ် သစ္စာရှိသည့် ရဲဘော်ရဲဘက်စိတ် ဆိုသည်မှာ အသက်မွေးကျင့်ဝတ်နှင့် မညီ မဟုတ်တာ လုပ်နေသည်ကို ဖုံးဖိပေးခြင်း ကာကွယ်ပေးခြင်းမျိုး မဟုတ်။ အပြန်အလှန် ပညာမျှဝေခြင်း၊ ထိန်းကျောင်းခြင်း၊ ဘဝတိုးတက်ရေးတွင် ကူညီခြင်း၊ ခြေမ မကောင်းခြေမ ဆိုသကဲ့သို့ သွေဖည်သွားသော သူများကို အရေးယူ ပြုပြင်ပေးခြင်း ကဲ့သို့ဖြစ်သည်။ အသက်မွေးပညာသည် များတွင် ထိုမှန်ကန်သော ရဲဘော်ရဲဘက်စိတ် ရှိသည်။

ဤမျှလောက်ဆိုလျှင် အသက်မွေးပညာရှင် ဆိုသော သတ်မှတ်ချက် သည် အဓိပ္ပာယ်နှင့် လက်တွေ့ နယ်ပယ် ကျယ်ပြန့်သလောက် လွယ်လွယ်နှင့် ရနိုင်သော ဝိသေသတစ်ခု မဟုတ်မှန်း သေချာပါပြီ။ အသက်မွေးပညာသည်ဟု အမည်ခံ ထားသော်လည်း ထိုဝိသေသအတွက် တာဝန်ယူနိုင်စွမ်း မရှိသည့် အခါ၊ အလွယ်တွေး၊ အဖြစ်လုပ်၊ မပီပြင်သောအခါ ရလဒ်မကောင်းနိုင်။ စားဖိုမှူးတစ်ယောက် လုပ်ကိုင်ပုံလွဲလျှင် စားသောက်သူ လူပေါင်းများစွာ ထိခိုက်နိုင်သည်။ ဆရာဝန်တစ်ဦး ဆေးကုလွဲသော် လူနာများစွာ ထိခိုက်နိုင်သည်။ အင်ဂျင်နီယာတစ်ဦး အတွက် အချက်လွဲသော် အဆောက်အအုံ တစ်ခုဖြင့်ပင် အသက်ပေါင်းများစွာ ဆုံးရှုံးသွားနိုင်သည်။ အုပ်ချုပ်သူတစ်ဦး အတွေးလွဲသော် တစ်တိုင်းပြည်လုံး အကျိုးနည်းမည်။ ထို့ကြောင့် မည်သို့သော အလုပ်အကိုင် အသက်မွေးဝမ်းကျောင်းခြင်း တွင်မဆို အမှားများကို တာဝန်ယူ သင်ခန်းစာယူကာ တိုးတက်အောင်မြင် နိုင်စေသော အသက်မွေး ပညာသည်တစ်ဦး၏ တန်ဖိုး၊ စရိုက်လက္ခဏာ၊ အကျင့်အကြံများနှင့် အညီ မိမိကိုယ်ကိုယ် မွေးမြူခြင်း သည်သာလျှင် အဖြေဟု ယုံကြည်မိပါသည်။

အမှားလုပ်မိသူကို စေတနာ အလွဲကြောင့်ဟု ခွင့်လွှတ်တတ်သည်မှာ ကျွန်မတို့၏ ချစ်စရာကောင်းသော လူသားဆန် စာနာမှုဖြစ်ပါသည်။ သို့သော် ဖြစ်တတ်သည့်သဘော ဟူသော စကားကို အကြောင်းပြချက် တစ်ခုအဖြစ် သုံးကာ ပြုပြင်ခြင်းကင်းစွာ မေ့လျော့ပေါ့တန် နေခြင်းကိုတော့ ကန့်ကွက်လို ပါသည်။ ခလုတ်သည် တစ်ခါတိုက်လျှင် မတော်တဆ၊ နှစ်ခါမြောက်လျှင် တိုက်သူ အပြစ်ဖြစ်သည်။ အလုပ်လုပ်သူတိုင်း အသက်မွေး ပညာသည်များ ဖြစ်လာကြလျှင် အလွန်ကောင်းပါလိမ့်မည်။ အသက်မွေးပညာသည် များကို ပြုစုမွေးမြူကာ ၄င်းတို့အားဖြင့် တည်ဆောက်သော လုပ်ငန်း အဖွဲ့အစည်းများ များလာမည်ဆိုလျှင် လိုချင်သော နိုင်ငံတိုးတက်မှု အပြင် လူ့ဘောင်လောကလည်း သာယာပေလိမ့်မည်။

အသက်မွေးပညာသည် အလိုရှိပါသည်။

The Voice WeeklyMay 17
http://www.maukkha.org/index.php/book-store/reading-room-maukkha/3300-2013-06-02-11-50-37

Friday, 1 February 2013

Nokia ဖုန်းအတွက် အသုံးဝင် လျှို့ ဝှက် ကုဒ်နံပါတ်များ Aung Kham (TSJ team)

နိုကီယာ ဖုန်း user များအတွက် အသုံးဝင်မယ့် လျှို့ ဝှက်ကုဒ်နံပါတ်များကို မျဝေ ပေးလိုက်ရပါတယ်။


*#0000# - Display the software version, the date when the software was built and the phone model. In some cases, the phone model is not the one used by marketing. It is the internal model used inside Nokia. For example, RM-36 is the internal name of Nokia 6680.


*#06#   for checking the IMEI (International Mobile Equipment Identity).
*#7780#  reset to factory settings.

*#67705646# This will clear the LCD display (operator logo).

*#2820#  Bluetooth device address.
*#746025625# Sim clock allowed status.

*#62209526# - Display the MAC address of the WLAN adapter.   WLAN support သောဖုန်းများတွင်သာ ရသည်။

*#92702689# -

1. Displays Serial Number.
2. Displays the Month and Year of Manufacture
3. Displays (if there) the date where the phone was purchased (MMYY)
4. Displays the date of the last repair - if found (0000)
5. Shows life timer of phone (time passes since last start)


အရေးပေါ် ဘက်ထရီအားဖြည့်ခြင်း


အရေးပေါ် အခြေအနေမှာ ဘက်ထရီကလည်း အားကုန်နေပြီဆိုရင် "*3370#" ကုဒ်ကို ရိုက်ထည့်ခြင်းဖြင့် ၃၀ ရာခိုင်နှုန်း ပြန်လည် မြင့်တက် ပါတယ်။


#3370# Deactivate Enhanced Full Rate Codec( EFR) ဆိုရင်တော့ ၅၀ ရာခိုင်နှုန်းပြန်ပြည့်ပြီး Sound quality ကအစ ပြန်တက်ပါတယ်။ သို့ပေမယ့် Talk time ကတော့ ၅ ရာခိုင်နှုန်း လျော့ကျသွားပါမယ်။


*#3370# - Enhanced Full Rate Codec (EFR) activation.

ဒါကတော့ လိုင်းဆွဲအားပိုတက်စေပြီး GPRS တို့ service တက်တာတို့ လုပ်ပေးပါတယ်။ သို့ပေမ့် ဘက်ထရီအား ကုန်တာ မြန်ပါတယ်။


*#3370* - (EFR) deactivation.

ဖုန်း အလိုအလောက် restart ပြန်လုပ်ပါမယ်။ ဘက်ထရီ ၃၀ ရာခိုင်နှုန်း တက်ပေမယ့် လိုင်းဆွဲအား နည်းနည်းကျသွားပါမယ်။

*#4720# - Half Rate Codec activation.
*#4720* - Half Rate Codec deactivation. The phone will automatically restart

If you forgot wallet code for Nokia S60 phone, use this code reset: *#7370925538#

Note, your data in the wallet will be erased. Phone will ask you the lock code. Default lock code is: 12345

Press *#3925538# to delete the contents and code of wallet.

Unlock service provider:  sim, turn phone on and press vol up(arrow keys) for 3 seconds, should say pin code. Press C,then press * message should flash, press * again and 04*pin*pin*pin#

*#7328748263373738# resets security code.
Default security code is 12345

#pw+1234567890+1# Provider Lock Status. (use the "*" button to obtain the "p,w" and "+" symbols)

#pw+1234567890+2# Network Lock Status. (use the "*" button to obtain the "p,w" and "+" symbols)

#pw+1234567890+3# Country Lock Status. (use the "*" button to obtain the "p,w" and "+" symbols)

#pw+1234567890+4# SIM Card Lock Status.(use the "*" button to obtain the "p,w" and "+" symbols)

*#147# (Vodafone) this lets you know who called you last *#1471# Last call (Only Vodafone)

*#21# Allows you to check the number that "All Calls" are diverted To

*#2640# Displays security code in use
*#30# Lets you see the private number

*#43# Allows you to check the "Call Waiting" status of your phone.
*#61# Allows you to check the number that "On No Reply" calls are diverted to

*#62# Allows you to check the number that "Divert If Unreachable(no service)" calls are diverted to

*#67# Allows you to check the number that "On Busy Calls" are diverted to
*#67705646# Removes operator logo on 3310 & 3330

*#73# Reset phone timers and game scores

*#746025625# Displays the SIM Clock status, if your phone supports this power saving feature "SIM Clock Stop Allowed",  standby time ပိုရစေပါတယ်။

*#7760# Manufactures code
*#7780# Restore factory settings

*#8110# Software version for the nokia 8110

--
အချို့ ကုဒ်နံပါတ်များကို သတိထား အသုံးပြုရန် လိုအပ်ပါတယ်။
--
Aung Kham (TSJ team)


http://blog.techspace.com.mm/2013/01/nokia.html

Samsung မိုဘိုင်းဖုန်း၏ လျှို့ ဝှက် ကုဒ်နံပါတ်များ Aung Kham (TSJ team)

Samsung မိုဘိုင်းဖုန်း user များအတွက် အသုံးဝင်မယ့် လျှို့ ဝှက်ကုဒ်နံပါတ် များကို ရှာဖွေ မျှဝေပေးလိုက်ရပါတယ်။



*#9125# : Smiley
*#9999# : Software Version

*#06# : IMEI Number
*#0001# : Serial Number

*#9998*523# : LCD Contrast
*#0228# or *#8999*228# : Battery Info

*#8999*636# : Display Storage Capacity
*#8999*778# : Display SIM Card Information

*#8999*782# : Show Date And Alarm Clock
*#8999*786# : The Display During Warning

*#8999*837# : Samsung Hardware Version
*#0523# - *#8999*523# : Display Contrast

*#8999*638# : Show Network Information
*#9998*246# : Battery Status- Memory Capacity

*#9998*324# - *#8999*324# : Debug Screen
*#9998*842# - *#8999*842# : Vibration Test

*#9998*289# - *#8999*289# : Alarm Beeper - Ringtone Test
*#8999*9266# : Display Received Channel Number And Received Intensity


*#8999*364# : Watchdog ON/OFF
*#8999*427# : WATCHDOG Signal Route Setup

*2767*3855# : Full Reset (Caution every stored data will be deleted.)
*2767*2878# : Custom Reset

*2767*927# : Wap Reset
*2767*226372# : Camera Reset (deletes photos)

*2767*688# : Reset Mobile TV
#7263867# : RAM Dump (On or Off)

#*4773# : Incremental Redundancy
#*7785# : Reset wake-up & RTK Timer Variables

#*7200# : Tone Generator Mute

#*3888# : BLUETOOTH Test Mode
#*7828# : Task Screen

#*2562# : Restarts Phone
#*2565# : No Blocking? General Defense.

#*3353# : General Defense, Code Erased.
#*3837# : Phone Hangs on White screen.

#*3849# : Restarts Phone
#*7337# : Restarts Phone (Resets Wap Settings)

#*2886# : Auto Answer ON/OFF
#*7288# : GPRS Detached/Attached

#*7287# : GPRS Attached
#*2077# : GPRS Switch

#*22671# : AMR REC START
#*22673# : Pause REC

#*22674# : Resume REC
#*22675# : AMR Playback

#*22676# : AMR Stop Play
#*22677# : Pause Play

#*22678# : Resume Play
#*77261# : PCM Rec Req

#*77262# : Stop PCM Rec
#*77263# : PCM Playback

#*77264# : PCM Stop Play
#*22679# : AMR Get Time

#*7666# : White Screen

#*7693# : Sleep Deactivate/Activate
#*2286# : Data Battery

#*2679# : Copycat Feature Active/Deactivate
#*3940# : External Loop-Test 9600 bps

#*4263# : Hands Free Mode Activate/Deactivate
#*2558# : Time ON

#*3941# : External Loop-Test 115200 bps
#*5176# : L1 Sleep

#*7462# : SIM Phase
#*7983# : Voltage/Freq

#*7986# : Voltage
#*8466# : Old Time

#*2255# : Call Failed

#*5376# : Delete All Sms!!!!
#*2337# : Permanent Registration Beep

#*2474# : Charging Duration
#*2834# : Audio Path (Hands-free)

#*3270# : DCS Support Activate/Deactivate
#*3282# : Data Activate/Deactivate

#*3476# : EGSM Activate/Deactivate
#*3676# : Format Flash Volume!!!

#*4760# : GSM Activate/Deactivate
#*4864# : White Screen

#*7326# : Accessory
#*7683# : Sleep Variable

#*3797# : Blinks 3D030300 In RED
#*7372# : Resetting The Time To DPB Variables

*#8999*667# : Debug Mode
*#92782# : Phone Model (Wap)

#*5737425# : JAVA Mode
*#2255# : Call List

*#232337# : Bluetooth MAC Address
*#5282837# : Java Version

*#8999*8376263# : All Versions Together
*#8999*8378# : Test Menu

*#4777*8665# : GPSR Tool
*#8999*523# : LCD Brightness

*#8999*377# : Error LOG Menu
*#8999*327# : EEP Menu

*7465625*228# : Active Lock ON
#7465625*228# : Active Lock OFF

*7465625*28638# : Auto Network Lock ON
#7465625*28638# : Auto Network Lock OFF

*7465625*28782# : Auto Subset Lock ON
#7465625*28782# : Auto Subset Lock OFF

*7465625*2877# : Auto SP Lock ON
#7465625*2877# : Auto SP Lock OFF

*7465625*2827# : Auto CP Lock ON
#7465625*2827# : Auto CP Lock OFF

*7465625*28746# : Auto SIM Lock ON
#7465625*28746# : Auto SIM Lock OFF

*#7465625# : Check the phone lock status
*7465625*638*Code# : Enables Network lock

#7465625*638*Code# : Disables Network lock
*7465625*782*Code# : Enables Subset lock

#7465625*782*Code# : Disables Subset lock
*7465625*77*Code# : Enables SP lock

#7465625*77*Code# : Disables SP lock
*7465625*27*Code# : Enables CP lock

#7465625*27*Code# : Disables CP lock
*7465625*746*Code# : Enables SIM lock

#7465625*746*Code# : Disables SIM lock


အချို့ ကုဒ်များ မှားယွင်းနိုင်သဖြင့် သတိထား အသုံးပြုရန် လိုအပ်ပါသည်။

--
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/01/samsung_17.html

Tuesday, 21 August 2012

မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု/ ညိုလင်းထွန်း

မြန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေ အလွန် နည်းပါး နေပါတယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြု နေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ဝှက်ချက် အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာ မိုဘိုင်းဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင်တောင် နှိပ်လို့ ရနေမှာဖြစ်ပါတယ်။

(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီ အားနည်းလာပြီဆို ရင် *3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာ အရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီ ထက်ဝက်အားပြန် ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်း ဘက်ထရီ အားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။


(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထားတဲ့ကား အသုံးပြုသူ တွေအတွက် ကားထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့ တစ်ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ တာကို တွေ့ရမှာပါ။ အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့အဆက်အ သွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကားနားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင် ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့ အကြောင်းတစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း (၁၅) လုံးပေါ်လာမှာဖြစ်ပါ တယ်။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ် မှာပါ။

ကိုယ့်ဖုန်း ပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရသေးခင် တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခု တူညီမှုမရှိကြပါဘူး။ ဒါပေမဲ့ Nokia ဖုန်းအသုံးပြုမယ့် သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ LCD Display ကိုပိုပြီး ရှင်းလင်းပြတ် သားစွာမြင်ချင်တတယ်ဆိုရင် *#67705646# ကိုနှိပ်ပြီး ကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကို ကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကို နောက်ဆုံး ဘယ်အချိန်မှာ ပြုပြင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ဖုန်း lifetime ကို သိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များကို ချေဖျက်ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့ *# 737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lock လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက်လာတဲ့ အချိန်မှာ defult code 12345 ကို ရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်။။။။။။

မိုဘိုင်းလ် ဖုန်းတစ်လုံးအား ကျွန်းကျင်စွာ ကိုင်တွယ်နိုင်ပါစေ။

(ညိုလင်းထွန်း)

http://www.maukkha.org/index.php/maukkha-subject-list/science-and-technology-maukkha/2238-mobile-phone-secrets