Sunday, 10 August 2014

လှည်းကူးသားမောင်းတဲ့ကား တိုက်မိလို့ လှည်းကူးသား ဆိုင်ကယ်သမား သေဆုံး

ရန်ကုန်၊ သြဂုတ် ၉

 ၈.၈.၂၀၁၄ ရက်နေ့ ၁၃၀၀ အချိန်တွင် လှည်းကူးမြို့နယ်၊ ရန်ကုန်-ပဲခူးလမ်း အတိုင်း ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ လှည်းကူးမြို့နယ်နေ ယာဉ်မောင်း ကျော်သဲဦး၊ (၃၇)နှစ်မောင်းနှင်လာသော 6A---- ကင်တာအမျိုးအစား အမှတ် (၂၃၉)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် လမ်းလယ်ကျွန်းအမှတ် (၁၀၃)နှင့် (၁၀၄)ကြားအရောက် လမ်း၏ယာဘက်ယာဉ်ကြောမှ တစ်ဘက်ယာဉ်ကြောသို့ ချိုးကွေ့မောင်းနှင်စဉ် လားရာတူ ၎င်း၏၀ဲဘက်ယာဉ်ကြောမှ လှည်းကူးမြို့နယ်နေ သီဟန်ကျော်(ခ)သီဟကျော်၊ (၂၆)နှစ် စီးနင်းမောင်းနှင်လာသည့် JLANSHE-125 နီ/နက်ဆိုင်ကယ်အား တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပျက်စီးပြီး သီဟန်ကျော်(ခ)သီဟကျော်တွင် နား၊ နှာခါင်းသွေးထွက် ဒဏ်ရာများ၊ ယာခါး၊ ၀ဲရင်အုံ၊ ယာခြေသလုံးတို့တွင် ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့သဖြင့် လှည်းကူးဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်သဲဦးအား လှည်းကူးမြို့မရဲစခန်း ယာဉ်(ပ)၆၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice?fref=nf

Saturday, 9 August 2014

ကျွန်းက လေး ပန်း ချ ယ် ရီ စား သောက် ဆိုင် အနီး ခ ရီး သည် တ င် လိုင်း ကား ၁၄ ပေ နှ င့် ဆိုင် ကယ် တိုက်မှု့ ဖြစ်

၈ ၈ ၂၀၁၄ နေ့ လည် ၁း ၁၀ နာရီ ခန့် က ကျွန်းက လေး ပန်း ချ ယ် ရီ စား သောက် ဆိုင် အနီး ခ ရီး သည် တ င် လိုင်း ကား ၁၄ ပေ နှ င့် ဆိုင် ကယ် တိုက်မှု့ ဖြစ် ပွားပါသ ည် ။ လူနာ အား ဆေး ရုံသို့ ပို့ဆောင် ခဲ့ ပါ သည် ။

Friday, 8 August 2014

သြဂုတ်လ (၇)ရက်နေ့ တစ်နေ့တည်း လူနာ (၄) ယောက်ကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်ကုသိုလ်ယူခဲ့တဲ့ လှည်းကူးမှ ကရုဏာရှင် (အခမဲ့) လူနာတင်ယာဉ်

၁ ။ နံက် ၂း ၃၀ နာရီခန့် မင်းကုန်း ကျေးရွာမှ မီးဖွားရန် ခက်ခဲ သည့် လူနာတစ်ဦး အား အင်းစိန်ဆေးရုံကြီး သို့ အရေး ပေါ် ပို့ဆောင် ကုသိုလ်ပြု့ ခဲ့ပါသည် ။

၂ ။ နံက် ၁၀း ၅၅ ခန့်က တံခွန်တိုင် ကျေးရွာ မှ အဆုတ်ရောဂါ ခံစားနေရ သည့် အမျိုးသမီး လူနာတစ် ဦး နှင့် ဇရပ်ကွင်း ကျေးရွာမှ ရင်ဘတ်ထိခိုက်ဒါဏ် ရာ ရှိ သော အမျိုးသား လူနာ တစ်ဦး တို့ အား အင်းစိန်ဆေးရုံ ကြီး သို့ ပို့ဆောင် ကုသိုလ်ပြု့ ခဲ့ ပါသည်။

၃ ။ နေ့ လည် ၃း ၀၀ ခန့် က ကဒစ်ကျေး ရွာ မှ ကလေး ငယ် တစ်ဦး အား အင်းစိန်ဆေးရုံကြီး သို့ အရေး ပေါ် ပို့ဆောင် ကူသိုလ်ပြု့ ခဲ့ ကြပါသည် ။