ဇွန်လ ၃ရက်နေ့ ၂၀၁၄ ။ မန္တလေး ။
ရတနာပုံ တက္ကသိုလ်နှင့် ကျောက်ဆည် တက္ကသိုလ်သို့ ပြေးဆွဲနေသည့် ပုဂ္ဂလိက
ကျောင်းကြိုပို့ ယာဉ်များ ပေါ်တွင် ဖဲဝိုင်းများ ဖြစ်ပေါ်နေမှုကြောင့် မန္တလေး
တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း က
သက်ဆိုင်ရာ ပါချုပ်များထံသို့ ဇွန်လ(၂)ရက်နေ့က သတိပေးစာများ ပေးပို့ခဲ့
သည်။
စာအမှတ်၂၀/၂၀၀၀(၅) ကျောင်း(ကြို/ပို့)/၂၀၁၄(၂၈၂) ဖြင့်ထုတ်ပြန်သော
ယင်းစာတွင် ကျောင်းသားများ အနေဖြင့် ကျောင်းသို့အသွား ကားပေါ်တွင်
ဖဲရိုက်ခြင်းများ ဖြစ်နိုင်သလို ကျောင်းတွင် ကားရပ်နားထားစဉ်၌ ကားပေါ်တွင်
ရိုက်ခြင်းလည်းဖြစ်နိုင်ကြောင်း ဖမ်းဆည်း
ပါကလည်းကျောင်းသားများဖဲရိုက်သဖြင့်ဖမ်းမိ ဆိုသည် မှာ ကြားမကောင်းသဖြင့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်သွားရန် ရေးသား ထားသည်။
ထိုကဲ့သို့ဖြစ်ပွားရခြင်းကြောင့် မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်
ဦးရဲမြင့်က ကျောင်းသားများ ကျောင်းကားပေါ်တွင် ဖဲရိုက်နေသည်
ကိုတွေ့မြင်ရာမှ ယခုကဲ့သို့ တားမြစ် အရေးယူရန် ညွှန်ကြားခဲ့ကြောင်းကို
မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့်နီးစပ်သည့် အသိုင်းအ၀န်းက
ပြောဆိုသည်။
" ကျောင်းသားဆိုတာ လောင်းကစား မလုပ်ရဘူးလို့ အစကတည်းက ပြောပြီး သားပါ ၊
ကျောင်းဝင်းထဲမှာ အဲဒီလိုအဖြစ် အပျက်တွေရှိရင်တော့ လက်မခံပါဘူး ၊
ကျောင်းဝင်းပြင်ပမှာ ဖြစ်တာမျိုးကတော့ ကျနော်တို့နဲ့ မသက်ဆိုင်ပါဘူး " ဟု
ရတနာပုံတက္ကသိုလ်မှ ပါချုပ်ဖြစ်သူ ဒေါက်တာခင်မောင်ဦးက ပြောကြား သည်။
ကျောင်းသားလူငယ်များအကြား
ယခုကဲ့သို့စာရိတ္တပျက်ရွင်းစေသည့်အပြုအမှုမျိုးများဖြစ်ပွားစေခြင်းမှာ
တက္ကသိုလ်များကို မြို့ပြင်ထုတ် ထားခြင်း၏ ဆိုးကျိုးများ ကြောင့် ဖြစ်သည်ဟု
ကျောင်းသားမိဘ အသိုင်းအ၀န်းမှ ပြောဆိုခဲ့ကြပြီး မြို့တွင်းတွင်သာ
ကျောင်းတက်ရမည် ဆိုပါက ယခုလိုအဖြစ်မျိုးများ ကြုံတွေ့နိုင်ရန် အခွင့်အလမ်း
နည်းပါး မည်ဖြစ်ကြောင်းကိုလည်း ဝေဖန်သုံးသပ် ခဲ့ကြသည်။
မင်းမင်းလတ်
Mandalay News Agency
mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Thursday, 5 June 2014
Wednesday, 4 June 2014
လှည်းကူးပညာရေးလောကရဲ့ မကျေနပ်မှု့များကို ပြေလည်စေဖို့ လှည်းကူးမှာ ပညာရေးမှူးအသစ် အော်ဒါကျပြီ
လှည်းကူးမြို့နယ် ပညာရေးမှူးပင်စင်ယူသွားခြင်းကြောင့် အ-ထ-က (လှည်းကူး)၏ ကျောင်းအုပ်ကြီးကို တာဝန်ခံအဖြစ် ယာယီခန့်ထားခဲ့ရပါသည်။ သို့သော်လည်း ရဲမွန်ကျောင်းအုပ် ဦးလွင်ပင်- ဆိုသူမှာ ယာယီတာဝန်ခံကို ကျော်လွန်ပြီး ပညာရေးမှူးရုံးတွင် ခြယ်လှယ်နေသဖြင့် လှည်းကူးပညာရေးမိသားစု ဆရာဆရာမကြားတွင် အခဲမကျေမှု့ များ ဖြစ်ပေါ်ခဲ့ကြပါသည်။
သို့သော်လည်း ယခုအခါ လှည်းကူးမှာ ပညာရေးမှူးအသစ် အော်ဒါကျပြီဖြစ်ခြင်းကြောင့် လှည်းကူးရေးလောကရဲ့ မကျေနပ်မှု့များကို ပြေလည်သွားနိုင်ကြောင်း ပညာရေးမိသားစုမှ ယူဆလျက်ရှိနေပါသည်။
လှည်းကူးမြို့နယ် ပညာရေးမှူး အသစ်အဖြစ် စတင်တာဝန် ထမ်းဆောင်မည့်သူမှာ အခြားမဟုတ်၊ လှည်းကူးမြို့နယ်၊ ဘိုးရင်ကလေးမှ လှည်းကူးသားစစ်စစ် ဆရာကြီး ဦးအောင်ဖေ- ဖြစ်ပါသည်။

Tuesday, 3 June 2014
ကိုမင်းကိုနိုင် ကိုဂျင်မီတို့ ဇွန်လ ၂၁ ရက်နေ့ စနေနေ့ Granville Town Hall တွင် ဆစ်ဒနီမှ မြန်မာမိသားစုများနှင့် တွေ့ဆုံမည်
ကိုမင်းကိုနိုင် ကိုဂျင်မီတို့ ဇွန်လ ၂၁ ရက်နေ့ စနေနေ့ Granville Town
Hall တွင် ဆစ်ဒနီမှ မြန်မာမိသားစုများနှင့် တွေ့ဆုံမည်။ ဒီမိုကရေစီ
မြတ်နိုးသူ မည်သူမဆို တက်ရောက်နိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်။
Date : Saturday 21st June 2014
Time: 10:00 am - 2:00 pm
Venue: Granville Town Hall
10 Carlton Street Granville NSW Australia
Date : Saturday 21st June 2014
Time: 10:00 am - 2:00 pm
Venue: Granville Town Hall
10 Carlton Street Granville NSW Australia
Leaders of 88 Generation Peace and Open Society, Min Ko Naing and Jimmy
will be visiting Australia and meeting with Burmese community in
Melbourne, Sydney, Canberra, and Perth.
Ref: Aung Naing
Ref: Aung Naing
Sunday, 1 June 2014
လှည်းကူးမင်းလမ်းမသားတစ်ယောက် (မလေးရှားဆေးရုံမှာ တက်နေသူ) ကို ကပုန်း(၇)သားသမီးနာရေးကူညီမူအသင်း(မလေးရှား)၏ အကူအညီဖြင့် မြန်မာပြည်သို့ ပိုဆောင်
မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ဆေးရုံကြီးတွင်ဆေးကုသမူခံယူနေသော
ရန်ကုန်တိုင်းဒေသကြီးလှည်းကူမြို့နယ် မင်းလမ်း တွင်နေထိုင်သော ဦးတင်ဝင်း
နှင့် အင်းစိန်မြို့နယ် ပိန္နဲကုန်း အမှတ် (၅၆၉) တွင်နေထိုင်သော
ကိုသက်တင်ဦး တို့သည် မလေးရှားတွင် အလုပ်လုပ်နေရင်း
ကျန်းမာရေမကောင်းပါသဖြင့် ကွာလာလမ်ပူဆေးရုံကြီးတွင်
ဆေးကုသမှု့ခံယူရပါသည်။ကျန်းမာရေးစောင့်ရှောက်မှု့များကို မေတ္တာမွန် ပရဟိတ
ကျမ်းမာရေးစောင့်ရှောက်မူအသင်းမှ တစ်လကျော်ကျမ်းမာရေး ကူညီပေးခဲ့ပါသည်။
အခုအခါပြန်လည်ကောင်းမွန်လာသဖြင့်မြန်မာပြည်ရှိမိဘများမှ ၄င်းတို့နစ်ဦးအားမြန်မာပြည်သို့ပြန်ပို့ရန် အကူအညီတောင်းခံလာပါသဖြင့် သီတဂူအထောက်အကူပြုဖွဲ့မှ imigation ဆိုင်ရာ ထွက်ခွာခွင့်စာရွက်စာတန်းများကိုကူညီဆောင်ရွက်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံရှိ ပရိမီယား ကောဖီမစ်ကုမ္ပဏီနင့် ကပုန်း(၇)ရက်သားသမီးနာရေးကူညီမှု့အသင်း (မလေးရှား) တို့မှ ပူပေါင်းကာ လေယာဉ်လက်မှတ်များကိုအခမဲ့ ကူညီဆောင်ရွက်ပေးကာ လေဆိပ်အရောက်ပို့ဆောင် ပေးခဲ့ပါသည်။
Ref: ကပုန်း(၇)သားသမီးနာရေးကူညီမူအသင်း(မလေးရှား)

Subscribe to:
Posts (Atom)