Wednesday, 5 February 2014

နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)- ပြင်ပ ပညာရှင်ဆရာကြီးများ၏ ကျန်းမာရေး အတွက် အမေရိကန်၊ ထိုင်ဝမ် နှင့် သြစတေးလျနိုင်ငံရောက် တပည့်အများ၏ အလှူတော်


နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)- ပြင်ပ ပညာရှင်ဆရာကြီးများ၏  ကျန်းမာရေး အတွက် အမေရိကန်၊ ထိုင်ဝမ် နှင့် သြစတေးလျနိုင်ငံရောက် တပည့်အများမှ အလှူတော်ငွများကို ပေးပို့လှူဒါန်းခဲ့ကြပါသည်။

အလှူတော်ငွေများကို လက်ခံပေးခဲ့ကြပါသော ဆရာကြီးများဖြစ်ကြသော
(၁) ဆရာတော် ဦးသြဘာသ ( ပါဠိစာပေဌာန)
(၂) ဆရာကြီး ဦးစံတင် (မြန်မာစာ ပါမောက္ခ)
(၃)ဆရာကြီး ဦးတင်လွင် (အရှေ့တိုင်း ပညာဌာန၊ ပါမောက္ခ)
(၄)ဆရာကြီး ဦးအောင်ခိုင် (အဘိဓမ္မဌာန၊ ပါမောက္ခ)
(၅)ဆရာကြီး ဦးရဲအောင် (ပြန့်ပွားဌာန)
(၆)ဆရာကြီး ဦးကျော်လှိုင် (ပါဠိဌာန၊ ပါမေက္ခ) နှင့်
(၇) ဗာရာဏသီ ဦးသိန်းအောင်-တို့အား ကျေးဇူးအထူးတင်ရှိပါသည်။

အထက်ဖေါ်ပြပါ ဆရာတော် နှင့် ဆရာကြီးများ၏ ကျမ္မာရေးအပါအ၀င် လိုအပ်ရာရာ အသုံးပြုနိုင်ရန် တစ်ဦးလျှင် မြန်မာငွေ-ကျပ်သုံးသိန်းနှုန်း လှူဒါန်းနိုင်ခဲ့ပါသည်။ ယင်းသို့လှူဒါန်းရာတွင် ပါဝင်ကူညီပေးသော အရှင်မာဃ၀ နှင့် နပသ (ရန်ကုန်)မှ တာဝန်ရှိသူများ ကျေးဇူးအထူးတင်ရှိပါသည်။

(၁) ဆရာတော် ဦးသြဘာသ ( ပါဠိစာပေဌာန)အား သွားရောက် လှူဒါန်းစဉ်


(၂) ဆရာကြီး ဦးစံတင် (မြန်မာစာ ပါမောက္ခ)အား သွားရောက် လှူဒါန်းစဉ်



(၃)ဆရာကြီး ဦးတင်လွင် (အရှေ့တိုင်း ပညာဌာန၊ ပါမောက္ခ)အား သွားရောက် လှူဒါန်းစဉ်
(မှတ်ချက်။ ။၁၈.၁.၂၀၁၄ (စနေနေ့)တွင် ဘ၀တပါးသို့ ကူးပြောင်းကွယ်လွန်သွားခဲ့သော ဆရာကြီးဦးတင်လွင်၊ အသက် (၈၆)နှစ် (ပါဠိဌာန)အတွက်
အမေရိကန်၊ သြစတြေးလျနိုင်ငံရှိတပည့်တို့မှ လှူဒါန်းသော အလှူ ငွေ (၃)သိန်းနှင့် တက္ကသီလဟိတဓရ (ရန်ကုန်) မှ လှူဒါန်းသော အလှူငွေ (၁)သိန်းတို့ကို အလှူရှင်တို့ကိုယ်စား အရှင်မာဃ၀မှ ဆရာကြီး၏ ကျန်ရစ်သူဇနီးဖြစ်သည့် ဒေါ်စိန်စိန် (မော်ကွန်းထိန်း(ငြိမ်း)၊ ရန်ကုန်တက္ကသိုလ်) အား သွားရောက်လှူဒါန်းခဲ့သည်။)


 
(၄)ဆရာကြီး ဦးအောင်ခိုင် (အဘိဓမ္မဌာန၊ ပါမောက္ခ)အား သွားရောက် လှူဒါန်းစဉ်


(၅)ဆရာကြီး ဦးကျော်လှိုင် (ပါဠိဌာန၊ ပါမေက္ခ)အား သွားရောက် လှူဒါန်းစဉ်



(၆)ဆရာကြီး ဦးရဲအောင် (ပြန့်ပွားဌာန)-အားလည်း ကျောက်တန်းသို့ သွားရောက်လှူဒါန်းစဉ်

(၇) ဗာရာဏသီ ဦးသိန်းအောင်-အား သွားရောက် လှူဒါန်းစဉ်

နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)၏ ပြင်ပ ပညာရှင်ဆရာကြီးများ၏  ကျန်းမာရေး အတွက် အမေရိကန်၊ ထိုင်ဝမ် နှင့် သြစတေးလျနိုင်ငံရောက် တပည့်အများ၏ အလှူတော်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(ယခုအချိန်တွင် ထိုင်ဝမ်အလှူရှင်များစာရင်း မရောက်သေးပါ။)




နေ့စားခ ၃၀၀၀ ရလို့ သမီးလေးရွာကို ဖျက်ပါသတဲ့

တပ်မတော် ကျောင်းကြီးသုံးကျောင်း၏ တပ်ပိုင်မြေပေါ်တွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ ရွာလုံးကျွတ်ဖယ်ရှားပေးရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက လက်မှတ်ထိုးပြီး အမိန့်စာထုတ်ပြန်ထားသည့် လှည်းကူးမြို့နယ် စာဘူးတောင်းကျေးရွာအုပ်စု သမီးကလေးကျေးရွာရှိ နေအိမ်များကို သက်ဆိုင်ရာက ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင် အင်အားသုံး ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

 ထိုသို့နေအိမ်များအား ဖျက်သိမ်းရာတွင် လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အမှတ် (၅) ရဲတပ်ရင်း ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်လုပ်သားများ အပါဝင် အင်အား ၁၀၀၀ ကျော်ပါဝင်ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက် နံနက် ၅ နာရီခန့်မှစတင်၍ အသံချဲ့စက်ဖြင့် အသိပေးကြေညာပြီး တစ်ရွာလုံးရှိ နေအိမ်များအား ဖျက်ခဲ့ကာ ဖေဖော်ဝါရီ ၄ ရက် ညနေ ၄ နာရီ နောက်ဆုံးထားပြောင်းရွှေ့ပေးရန် အသိပေးထားကြောင်း ရွာသားများထံမှ သိရသည်။

သမီးကလေးကျေးရွာနေသူ ဒေါ်မော်မော်က"မနက်အစောကြီး ငါးနာရီလောက်ကစပြီး ဖျက်တာပါ။ ဘာတစ်ခုမှပြန်မရပါဘူး။ သူတို့က ပစ္စည်းတွေကို အပြင်ကိုထုတ်ခိုင်းပြီး အိမ်ကိုဖျက်သွားတယ်။ အိမ်က သစ်ဝါး ဘာတစ်ခုမှ သုံးစားလို့မရတော့ဘူး။ ခုအပြင်မှာထုတ်ထားတဲ့ ပစ္စည်းတွေကိုတစ်နေရာရာကို ပြောင်းရွှေ့ပေးဖို့လည်းပြောတယ်။ မပြောင်းရွှေ့ရင် မီးရှို့မယ်လို့ပြောတဲ့အတွက် အခုရွှေ့ဖို့လုပ်နေတာပါ" ဟုဆိုသည်။ အဆိုပါ သမီးကလေးကျေးရွာမှာ အင်္ဂလိပ်ခေတ်ကတည်းက တည်ရှိခဲ့သည်ဟု ရွာလူကြီးများကဆိုကြပြီး အချို့မှာ ပြောင်းရွှေ့လာသည်မှာ မကြာမြင့်သေးကြောင်းနှင့် ထိုကဲ့သို့နေအိမ်များကို အင်အားသုံးဖျက်သိမ်းခဲ့သဖြင့် ၎င်းတို့အနေဖြင့် လတ်တလောတွင် နေစရာမရှိဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။

နေအိမ်ဖျက်သိမ်းခံခဲ့ရသူတစ်ဦးဖြစ်သည့် ကိုနီလာက "ဒီနေ့မနက်လေးနာရီခွဲ ငါးနာရီလောက်မှာ ကျွန်တော်တို့ကို အသံချဲ့စက်နဲ့ အော်ပါတယ်။ မိဘပြည်သူများ ကျူးကျော်မြေထဲမှာ နေသည့်အတွက် ဖယ်ပေးပါ။ ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်တဲ့။ တုတ်ဓားနဲ့ခုခံရင်လည်း ထောင်ဒဏ်သုံးနှစ်ဆိုပြီးတော့ အော်တယ်။ အဲဒါနဲ့ ကျွန်တော်တို့လည်း ပစ္စည်းတွေကို အသည်းအသန် ထသိမ်းရတယ်။ အားလုံးကို လမ်းဘေးမှာပဲ ပုံထားလို့ပြောတယ်။ ခြောက်နာရီခွဲလောက်မှာ စက်ယန္တရားတွေနဲ့လာပြီးတော့ ဖျက်တယ်။ စုစုပေါင်း ၁၀၀၀ ကျော်လောက်တော့ရှိတယ်။ အိမ်ထဲမှာ လူရှိရင်လည်း ဖယ်ပေးပါလို့ သူတို့ကပြောတယ်"ဟုဆိုသည်။ ထိုကဲ့သို့ သမီးကလေးကျေးရွာရှိ နေအိမ်များ ဖျက်သိမ်းမှုအား သတင်းလာရောက်ယူကြသည့် သတင်းမီဒီယာသမားများအား ဖျက်သိမ်းသည့်ရွာထဲသို့ မွန်းလွဲ ၁ နာရီခွဲအထိ ၀င်ခွင့်မပေးဘဲ ကြီးလေးကြီးလမ်းမပေါ်တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့သည်။

ထိုကဲ့သို့ တားဆီးခဲ့ခြင်းနှင့်ပတ်သက်ပြီး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက အထက်မှ ဖြတ်သန်းခွင့်မပေးထားသောကြောင့် တားဆီးခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ "အိမ်တွေဖျက်လို့ ကျွန်မတို့ကငိုတော့ ရဲတွေကပြောတယ်။ သူတို့လည်း စိတ်မကောင်းပါဘူး။ တာဝန်အရ လုပ်ရတာပါလို့ပြောတယ်။ သူတို့လည်း ဘာမှမသိဘူးလို့ပြောတယ်။ ကျွန်မတို့လို မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်"ဟု နေအိမ်အဖျက်သိမ်းခံခဲ့ရသူ တစ်ဦးဖြစ်သည့် မဖြူက ပြောကြားသည်။

 နေအိမ်ဖျက်သိမ်းရာတွင် ပါဝင်ခဲ့သည့် အင်းတကော်မြို့နယ်မှ လာရောက်သူတစ်ဦးက"အိမ်တွေဖျက်ရမယ်ဆိုတာ လှည်းကူးရောက်မှ သိရတာ။ လုပ်အားခက တစ်နေ့ ၃၀၀၀ ရတယ်။ သူများအိမ်တွေကို ဖျက်ရတာစိတ်တော့ မကောင်းပါဘူး" ဟု ပြောကြားသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး လှည်းကူးမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးအား မေးမြန်းနိုင်ရန် လူကိုယ်တိုင် သွားရောက်သော်လည်း ရုံးတွင်မရှိကြောင်း ၀န်ထမ်းတစ်ဦးက ဖြေကြားခဲ့ပြီး ညနေငါးနာရီခန့်က ဖုန်းခေါ်ဆိုခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပေ။

Ref: http://www.news-eleven.com/

လှည်းကူးမြို့နယ်၊သမီးကလေးကျေးရွာရှိ နေအိမ်များကို သက်ဆိုင်ရာမှ အင်အားသုံး ဖျက်သိမ်း

ပြည်သူ့မျက်ရည်ဘယ်သူတွေခြေဆေးနေသလဲ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်း ကူးမြို့နယ်၊စာဘူးတောင်းကျေးရွာ အုပ်စု၊ သမီးကလေးကျေးရွာမှ နေအိမ်များကို ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက် ၆ နာရီကျော် တွင် စစ်သင်တန်းကျောင်းနယ်မြေ အပိုင်ဟုဆိုကာ ဘူဒိုဇာစက်ယန်္တရား များဖြင့် အင်အားသုံးဖျက်ဆီးပြီး ဖယ်ရှားခဲ့သဖြင့်အိမ်ခြေ ၄၀၀ ကျော် ပျက်စီးဆုံးရှုံးကာ လူဦးရေ ၁၀၀၀ ခန့်အိမ်ခြေမဲ့ဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာမှာ ဖောင် ကြီးမှညောင်အင်း၊ ပဲခူးသွားလမ်း ပေါ်တွင်တည်ရှိပြီးသက်ဆိုင်ရာ သစ်တောမြေပုံ၊လ၀ကမြေပုံများ တွင် သမီးကလေးကျေးရွာအမည်  ဖြင့် တရားဝင်ပါရှိသော်လည်း အိမ်ခြေဆောက်လုပ်နေထိုင်ခွင့် မရှိဟု လှည်းကူးမြို့နယ်အုပ်ချုပ် ရေးမှူးဦးအောင်ကိုကဆိုကြောင်း၊ လွန်ခဲ့သည့် ၂လခန့်ကတည်းက ပြောင်းရွှေ့ပေးရန်နှုတ်ဖြင့်အကြိမ် ကြိမ်ပြောဆိုခဲ့ပြီး ဇန်န၀ါရီလ ၂၈ ရက်နေ့က စာဖြင့်အမိန့်ထုတ် ကြေညာခဲ့ကြောင်း၊ စစ်သင်တန်း ကျောင်းနယ်မြေဟု ဆိုသော်လည်း  စစ်သင်တန်းကျောင်းများနှင့် ၃မိုင် ခန့်ဝေးကွာကြောင်းအိမ်ဖျက်ခံရ သူဦးတင်မြင့်ကပြောသည်။

“ကျွန်တော်အသက်ငါးဆယ် ရှိပါပြီ။ဒီနေရာမှာငယ်ငယ်လေးက ထဲကနေလာတာပါ။ကျွန်တော်တို့ ရောက်စအချိန်ကတော့ဝါးတော ကြီးတွေထဲမှာဟိုတစ်စုဒီတစ်စုနေ ခဲ့ကြပြီးရာဘာစိုက် ငရှဥ့်ထောင် မျှစ်ချိုး ထင်းရှာ လုပ်ကိုင်စား သောက်နေထိုင်ခဲ့ကြတာပါ။ အခု တော့ရွာဦးကျောင်းဆရာတော်နဲ့ ရာဘာခြံရှင်ဦးကျော်ကျော်တို့ပံ့ပိုး  ကူညီခဲ့လို့ကိုယ်ထူကိုယ်ထကျောင်း၊ ကျေးရွာဆေးပေးခန်း၊ ဓမ်္မာရုံနဲ့ ရွာပိုင်မီးစက်နဲ့နေနိုင်ခဲ့ပါတယ်။ ဒီလိုလမ်းတွေဖောက်ခြံတွေခတ် ပြီးသပ်သပ်ရပ်ရပ်နဲ့ဖြစ်လာတော့ မှနေစရာအစားလည်းပြန်မပေးဘဲ ဖယ်ရှားခံရတာကတော့ အစိုးရ သိပ်လွန်သွားပြီလို့ထင်ပါတယ်””ဟု ၎င်းကဆိုသည်။

စနစ်တကျတည်ဆောက်နေ ထိုင်ပြီးကာမှ တပ်မြေဟုပြောလာ သဖြင့်တပ်မြေဟုတ်မဟုတ်စစ်ဆေး ပေးပါရန် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ထံ စာတင်ခဲ့ကြောင်း နှင့် တပ်မတော်အရာရှိကြီးတစ်ဦး ကတပ်မြေနှင့်လွတ်ပါတယ် ဟု ပြောခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်က လည်း တောင်သုံးလုံးတပ်ကရော် ဘာပင်များကို မီးရှို့ခဲ့ဖူးသေး ကြောင်း ရာဘာခြံရှင်ကိုကျော်ကျော် ၏ပြောပြချက်အရသိရသည်။

ယင်းအိမ်ခြေဖျက်သိမ်းမှုပြု လုပ်နေစဉ်အတွင်းခရီးသွားကားများ ဖြတ်သန်းခွင့်မပြုဘဲလုံခြုံ/နယ်စပ် ၀န်ကြီးဗိုလ်မှူးကြီးတင်ဝင်း ကိုယ် တိုင်ကြီးကြပ်စီစဉ်ခဲ့ကြောင်း၊ ပြည် သူများဘက်မှကူညီပေးရန်ရောက် ရှိနေသောMDCF အဖွဲ့ခေါင်း ဆောင် ကိုထင်ကျော်ကိုလည်း ၀န်ကြီးက ဟန့်တားလိုသောအမူ အရာဖြင့် ““မင်းဘာလာလုပ်တာလဲ””ဟု မေးခဲ့ကြောင်းကိုထင်ကျော်က ဆိုသည်။

“ဒီနေ့အစိုးရဟာ ပြည်သူ့ ဘ၀လုံခြုံရေးအတွက်စိတ်မချရတဲ့ အစိုးရဖြစ်နေပြီ၊ တစ်ခါလာလဲ တပ်မြေတစ်ခါလာလဲတပ်ပိုင်မြေ ဆိုပြီးသိမ်းလာခဲ့တာဧကပေါင်းသိန်း သောင်းချီနေပြီ၊ ပြည်သူ့မျက်ရည် ဘယ်သူတွေခြေဆေးနေသလဲဆို တာတော့အားလုံးသိမြင်ပြီးလောက် ပါပြီ”ဟု ကိုထင်ကျော်ကပြောကြား လိုက်သည်။        

ဇော်မြင့်

Hot News Journal

(လှည်းကူးမြို့နယ် သမီးကလေးကျေးရွာ အိမ်ခြေ (၄၀၀) ကျော်အား တပ်မြေဟုဆိုကာ ဖျက်စီးဖယ်ရှားခံရခြင်း) ဓါတ်ပုံ - Hot News Journal







အိမ်လည်းပျက်၊ ဘ၀လည်းပျက်၊ မင်္ဂလာပွဲလည်းပျက်ခဲ့ရတဲ့ သမီးလေးရွာက အဖြစ်အပျက်တစ်ခု



လှည်းကူးမြို့နယ် အပိုင် ဖောင်ကြီးမှ ညောင်အင်း-ပဲခူး သွားလမ်းပေါ်ရှိ သမီးကလေး ကျေးရွာကို စစ်သင်တန်းကျောင်း ပိုင်မြေဟုဆိုကာ သက်ဆိုင်ရာက အင်အားသုံး စီးနင်း၍ အိမ်ခြေ ၄၀၀ ကို ဖျက်ဆီးဖယ်ရှားခဲ့ရာ ဖေဖော်ဝါရီလ ၄ ရက်နေ့  မနက် ၁၀ နာရီတွင် မင်္ဂ လာဆောင်ရန် စီစဉ်ထားသည့် ကို---နှင့် မ---- တို့၏ မင်္ဂလာပွဲ ပါ ပျက်ခဲ့ရကြောင်း သိရသည်။

၎င်းတို့စုံတွဲမှာ အသက် ၃၅ နှစ်ကျော်မှ ဖူးစာဆုံရသူများဖြစ် ပြီး ယခုလို မင်္ဂလာဆောင်တွင် ကျွေးမွေးဧည့်ခံရန်ဝက်နှစ်ကောင် ၀ယ်ထားခြင်းနှင့်အလှဆင်ပစ်္စည်း များ အလကားဖြစ်သွားရသလို အိမ်ခြေရှိတော့သည့် ၎င်းတို့ဘ၀ မှာ ပေါင်းဆုံရန် မဖြစ်နိုင်တော့ ကြောင်း ဖျက်ဆီးခံရသည့် သွပ်မိုး ပျဉ်ထောင်အိမ်ပိုင်ရှင် သတိုးသား လောင်း ကို---- က ဆိုသည်။

““ကျွန်တော်တို့ ဒီမှာနေလာ တာ ဆယ်နှစ်ကျော်ပြီ။ တော်ထဲ တိုးနေရတဲ့ဘ၀က ရပ်နဲ့ရွာနဲ့ ကျောင်းနဲ့လမ်းနဲ့ဖြစ်အောင် ရွာ သားတွေ ချွေးနဲ့သွေးနဲ့ ရင်းခဲ့ရ တာပါ။ ကျွန်တော်တို့ နိုင်ငံသား အစစ်တွေက ကိုယ့်နိုင်ငံထဲမှာနေ ပြီး ကျူးကျော်သူတွေလို့ အခေါ် ခံရတာကတော့ မိုက်ရိုင်းလွန်း တယ်။ ပိုပြီးဆိုးတာက ကျွန်တော့် ဘ၀ပါပဲ။ချစ်သူကိုမင်္ဂလာဆောင် ပြီး ယူနိုင်ဖို့ တောတိုးမျှစ်ချိုး အလုပ်အမျိုးမျိုးနဲ့ ပိုက်ဆံစုခဲ့ရ တာပါ။ မနေ့က မနက်ပိုင်းအထိ မဏ္ဍပ်ဆောက်ရင်း သူငယ်ချင်း တွေကလည်း ၀ိုင်းစလို့ကျွန်တော် အရမ်းပျော်နေခဲ့တာ။ နေ့လယ် ပိုင်းရောက်တော့ ညသန်းခေါင် ကျော်ရင် စစ်တပ်ကလာပြီး ဘူဒို ဇာနဲ့ ထိုးမယ်ဆိုတာ အတိအကျ လည်းသိရရော စဉ်းစားကြည့်ပါ တော့ဗျာ””ဟု မျက်ရည်းများသိမ်း ရင်း ၎င်းကပြောသည်။

အဆိုပါ သမီးကလေးကျေး ရွာမျာ တိုက်ခံအိမ်များလည်းရှိပြီး အုပ်ချုပ်ရေးအဖွဲ့ကိုလည်း စနစ် တကျရွေးချယ်တင်မြှောက်ထား သော်လည်း အသိအမှတ်အပြု မခံရဘဲ ဖျက်ဆီးဖယ်ရှားခံခဲ့ရခြင်း ဖြစ်ကြောင်း၊ ငါးရက်သားကလေး ငယ်လေးနှင့် မီးနေသည် အမျိုး သမီးတစ်ဦးလည်း အိမ်ခြေမရှိ တော့သဖြင့် တောတိုးနေရတော့ မည်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်
Hot News Journal
 

သမီးလေးရွာ ဖျက်ဆီးမှု့ (ရုပ်သံ)

Ref: DVB News