ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်၏ အမည်ရင်းမှာ ကိုလှမြိုင်ဖြစ်သည်။ တို့ဗမာအစည်းအရုံးဝင်ရောက်သောအခါ သခင်လှမြိုင် ဖြစ်လာသည်။ ဂျပန်စစ်ပညာသင်တန်းတက်စဉ်က ဂျပန်အမည်မှာ အီတိုဒါတေအိချိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာတွင် ဗိုလ်ရန်အောင် ဖြစ်လာခဲ့သည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်ကို ၁၉၁၇-ခုနှစ် မတ်လ (၂)ရက်တွင် လှည်းကူးမြို့နယ်၊ ဒါးပိန်ရွာ၊ ဈေးပိုင်းရပ်ရှိ ဦးဘအောင် + ဒေါ်သိန်းမြတို့မှ ဖွားမြင်ခဲ့သည်။ ဗမာလူမျိုး ဗုဒဘာသာဝင်ဖြစ်သည်။
ကျောင်းသားဘ၀နှင့် ပညာရေးရာ
၁၉၃၅-ခုတွင် ဒသမတန်းစာမေးပွဲ အောင်မြင်ခဲ့သည်။
အသက်မွေးမှု့ဘဝ
၁၉၃၆-မှ ၁၉၃၉-အထိ သန်လျင် ဘီအိုစီရေနံချက်စက်ရုံ တွင် အလုပ်လုပ်ခဲ့သည်။
အမျိုးသားနိုင်ငံရေးဆောင်ရွက်ချက်
၁၃၀၀ ပြည့် အရေးတော်ပုံကာလ ၂၇ ဇွန် ၁၉၃၈-ခုနှစ် သန်လျင် ဘီအိုစီရေနံချက်စက်ရုံ သပိတ်မှောက်ရာတွင် ပါဝင်ခဲ့သည်။ သခင်အောင်ဆန်း နှင့် သခင်ကျော်စိန်ကို တရုတ်နိုင်ငံသို့ စေလွှတ်ရန်စီစဉ်ထားသော်လည်း သခင်ကျော်စိန် မလိုက်ပါနိုင်သည့်အတွက် ဗြိတိသျှအစိုးရမှ ဖမ်းဝရမ်းထုတ်ထားသော သန်လျင် ဘီအိုစီ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး သခင်လှမြိုင်ကို အစားထိုးရွေးချယ်ခဲ့သည်။
၈ သြဂုတ် ၁၉၄၀ပြည့်နှစ် တွင် သခင်အောင်ဆန်းနှင့်အတူ ဟိုင်လီသင်္ဘောဖြင့် အမွိုင်သို့ သွားရောက်ခဲ့သည်။ အမွိုင်တွင် တရုတ်ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ်မရဘဲ သောင်တင်နေရာမှ မြန်မာနိုင်ငံရှိ ရဲဘော်များ၏ ကြိုးပမ်းမှု့ဖြင့် ဂျပန်နှင့် ဆက်သွယ်မိကာ ၁၂ နိုဝင်ဘာ ၁၉၄၀ပြည့်နှစ်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့သည်။ ထို့နောက် ၁၉၄၁ခုနှစ် April တွင် စစ်ပညာသင်ကြားရန် ဟိုင်နန်ကျွန်းသို့ ရောက်ရှိခဲ့သည်။ ဟိုင်နန်ကျွန်းနှင့် တိုင်ဝမ်ကျွန်းတို့တွင် စစ်ပညာ သင်ကြားခဲ့သည်။
ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) စစ်ဌာနချုပ် နှင့် မော်လမြိုင်စစ်ကြောင်းဖြင့် မြန်မာနိုင်ငံတွင်း ချီတက်ကာ ဗြိတိသျှတို့ကို တိုက်ခိုက်ခဲ့သည်။ ဂျပန်တပ်မတော်နှင့် ဘီအိုင်အေတပ်များ ရန်ကုန်မြို့ကို သိမ်းပိုက်ပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့သည့် ဘီအိုင်အေ တပ်မ (၁) နှင့် (၂) တို့သည် အထက်မြန်မာနိုင်ငံကို ချီတက်တိုက်ခိုက်ခဲ့ရာ 12 April 1942 တွင် ဒုတိယဗိုလ်မှူးကြီး ရန်အောင်သည်
တပ်မ (၁) လက်အောက်ခံ တပ်မဟာ (၁) အားဦးစီးပြီး ရခိုင်သို့ ချီတက်ခဲ့သည်။
တပ်မဟာ (၁)သည် တောင်ကုတ်၊ ရမ်းဗြဲ၊ မင်းပြား၊ ပုဏားကျွန်း၊ စစ်တွေ၊ ဘူးသီးတောင်၊ မြို့ဟောင်းတို့ကို သိမ်းပိုက်ခဲ့သည်။
တပ်မ (၁) လက်အောက်ခံ တပ်မဟာ (၁) အားဦးစီးပြီး ရခိုင်သို့ ချီတက်ခဲ့သည်။
တပ်မဟာ (၁)သည် တောင်ကုတ်၊ ရမ်းဗြဲ၊ မင်းပြား၊ ပုဏားကျွန်း၊ စစ်တွေ၊ ဘူးသီးတောင်၊ မြို့ဟောင်းတို့ကို သိမ်းပိုက်ခဲ့သည်။
ဗိုလ်ရန်အောင် မင်းပြားတွင်ရှိနေစဉ် အိန္ဒိယရှိ မဟာမိတ် စစ်အာဏာပိုင်များနှင့် ဆက်သွယ်ရန် သွားရောက်မည့် သခင်သိန်းဖေ၊ သခင်တင်ရွှေတို့နှင့် တွေ့ဆုံခဲ့သည်။ ဗိုလ်ရန်အောင်သည် ၄င်းတို့နှစ်ဦးအား လိုအပ်သည့်ငွေကြေးအကူအညီများ ပေးအပ်ခဲ့သည့်အပြင် နယ်စပ်ထိရောက်အောင် စီစဉ်ပို့ဆောင်ပေးခဲ့သည်။
27 July 1942 တွင် ဘီအိုင်အေကို ဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ကို ဖွဲ့စည်းသောအခါ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။
23 August 1944 ဗိုလ်ချုပ်အောင်ဆန်းအိမ်တွင်ကျင်းပခဲ့သည့် ဖက်ဆစ် တိုက်ဖျက်ရေး နှင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ဖွဲ့စည်းရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ၁ မတ် မှ ၃ မတ် ၁၉၄၅ခုထိ ကျင်းပခဲ့သော ဖ-တ-ပ-လ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ထို
အစည်းအဝေးမှ ဖက်ဆစ်ဂျပန်တို့အား တော်လှန်တိုက်ခိုက်ရန် အစီအစဉ်များ ချမှတ်ခဲ့သည်။
ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလ ရှေ့တန်းစစ်ဌာနချုပ်တွင် ဒုတိယစစ်ဦးစီးမှူးအဖြစ်တာဝန်ယူကာ
ဖက်ဆစ်ဂျပန်တို့အား တော်လှန်တိုက်ခိုက်ခဲ့သည်။ အထက်ဗမာပြည်တိုင်တွင် တိုင်းမှူး ဗိုလ်မှူးကြီးဗထူး ကျဆုံးသွားသောအခါေိုလ်ရန်အောင်သည် အထက်ဗမာပြည်တိုင်းမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
အစည်းအဝေးမှ ဖက်ဆစ်ဂျပန်တို့အား တော်လှန်တိုက်ခိုက်ရန် အစီအစဉ်များ ချမှတ်ခဲ့သည်။
ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလ ရှေ့တန်းစစ်ဌာနချုပ်တွင် ဒုတိယစစ်ဦးစီးမှူးအဖြစ်တာဝန်ယူကာ
ဖက်ဆစ်ဂျပန်တို့အား တော်လှန်တိုက်ခိုက်ခဲ့သည်။ အထက်ဗမာပြည်တိုင်တွင် တိုင်းမှူး ဗိုလ်မှူးကြီးဗထူး ကျဆုံးသွားသောအခါေိုလ်ရန်အောင်သည် အထက်ဗမာပြည်တိုင်းမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
ပါတီနိုင်ငံရေး
ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဖြစ်သည်။ ၁၉၃၉ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ပထမဆုံး ဖွင့်လှစ်သော ကွန်မြူနစ် သင်တန်းကို တက်ရောက်ခဲ့သည်။ ၂၈ ဖေဖေါ်ဝါရီ မှ ၆ မတ် ၁၉၄၈ခုနှစ်အထိ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် ကျင်းပသော အရှေ့တောင်အာရှ ဒီမိုကရက်တစ်လူငယ်များ ညီလာခံသို့ တက်ရောက်ခဲ့သည်။
၁၉၄၈-ခုနှစ် မတ်တွင် ဖဆပလအစိုးရက ဗမာပြည်ကွန်မြူနစ်ပါတီဝင်များကို ဖမ်းဆီးရာ ဗိုလ်ရန်အောင် ဖမ်းဆီးခံခဲ့ရသည်။ ၁၈ ဇူလိုင် ၁၉၄၈ တွင် ဖဆပလအစိုးရက အင်းစိန်ထောင်မှ လွှတ်ပေးပြီးနောက် လက်ဝဲညီညွတ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၄၈ခုနှစ် သြရုတ်လတွင် လက်ဝဲညီညွတ်ရေးကောင်စီက ဗိုလ်ရန်အောင်အား ဗမာပြည်ကွန်မြူနစ်ပါတီသို လက်ဝဲညီညွတ်ရေးလမ်းစဉ်ကို တင်ပြရန် ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်သို့ စေလွှတ်ခဲ့သည်။ ထိုသို့ စေလွှတ်ခံခဲ့ရာမှ မပြန်တော့ပဲ တောခိုကာ ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်လမ်းစဉ်နောက် ပါသွားခဲ့သည်။
၁၉၄၉ခုနှစ်တွင် ဗကပ ခြေလျင်တပ်မ ၄ ၏ တပ်မမှူးအဖြစ်၎င်း၊ ဗကပတပ်များ၏ ဒုတိယစစ်သေနာပတိချုပ်အဖြစ်၎င်း ဆောင်ရွက်ခဲ့သည်။ ၁၅ ဒီဇင်ဘာ ၁၉၆၇ခုနှစ် ပီကင်းကွန်မြူနစ်လမ်းစဉ်ကို မထောက်ခံသောကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီမှ ထုတ်ပယ်ခြင်း ခံရသည်။
ဘ၀နိဂုံး
ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဖြုတ်ထုတ်သတ် လမ်းစဉ်အရ ဗိုလ်ရန်အောင်သည် ၂၆ ဒီဇင်ဘာ ၁၉၆၇ ခုနှစ်- ပဲခူးရိုးမရှိ ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ် ဗဟိုစခမ်းတွင် လူငယ်များ၊ အမျိုးသမီးများနှင့် ကင်းအဖွဲ့သင်များ၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
ကျမ်းကိုး။ ။ ကျော်ငြိမ်း၊" ရဲဘော်သုံးကျိပ်"၊ အင်းဝစာပေတိုက်၊ ကျောက်တံတား၊ ရန်ကုန်၊ ၁၉၉၈
No comments:
Post a Comment