၁၉၄၇ ခုနှစ် - |
ဇူလိုင်လ (၁၄) ရက်နေ့၊ တနင်္လာနေ့၊ ကရကဋ်ရာသီဖွား။ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျောင်းကုန်းလမ်းမှာမွေး။ အငြိမ်းစား ခရိုင်ရဲဝန် ဦးဂျွန်မောင်စိန်+ဒေါ်ချိုချိုတို့ရဲ့ သားသမီး ခြောက်ယောက်မှာ နံပါတ် လေးယောက်မြောက်။ ငယ်နာမည် ကျော်ကြီး။ |
---|---|
၁၉၅၂ ခုနှစ် - |
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ABM ကျောင်းမှာ ပထမတန်းကနေ စတုတ္ထတန်းအထိ ကျောင်းစာသင်၊ (စတုတ္ထတန်း စာမေးပွဲမှာ အောင်မှတ် မပြည့်လို့ နွေရာသီကျောင်းပိတ်ရက် နှစ်လမှာ စာကျက်ပြီး စာမေးပွဲ ပြန်ဖြေရတယ်။) |
၁၉၅၆ ခုနှစ် - | အလုံမြို့နယ်၊ ဟုမ်းလမ်း ဘူတာရုံနားက ယူနစ်ကရင်ကျောင်းမှာ ပဉ္စမတန်းကို တက်ရောက်သင်ကြား။ |
၁၉၅၇ ခုနှစ် - |
အလုံမြို့နယ်၊ ကူရှင်ကျောင်းမှာ ဆဋ္ဌမတန်း၊ သတ္တမတန်း (နှစ်ကြိမ်)၊ အဋ္ဌမတန်း၊ န၀မတန်း (နှစ်ခါကျလို့ ကျောင်းထွက်လိုက်ရ) |
၁၉၆၄ ခုနှစ် - |
ရန်ကုန်မြို့၊ မြို့နယ်အသီးသီးရှိ အလွတ်ပညာသင်ကျောင်း (ညကျောင်းအပါအ၀င်)၊ (၂၃) ကျောင်း ပြောင်းရွှေ့သင်ကြား၊ နောက်ပိုင်း ကျောင်းမနေဖြစ်တော့ဘဲ အိမ်က ၁၆ ကြိမ်ဆင်း။ အိမ်ပြေးဘ၀နဲ့ လမ်းပေါ်မှာ လေလွင့်။ |
၁၉၆၅ ခုနှစ် - | ကမာရွတ်မြို့နယ်၊ ဒေါ်သာထက်ကျောင်းမှာ န၀မတန်း (သုံးကြိမ်မြောက်) သင်ကြားအောင်မြင်။ |
၁၉၆၆ ခုနှစ် - |
ဒဂုံမြို့နယ်၊ ဒေါ်နုနုခင် အလွတ်ပညာသင်ကျောင်းမှာ ဒသမတန်းသင်ကြား၊ သုံးလလောက်တက်ပြီး ရေတပ်ထဲဝင် (ကိုယ်ပိုင်နံပါတ် ၁၂၂၀၅) |
၁၉၆၇ ခုနှစ် - |
ရေတပ်ထဲကထွက်၊ ဒသမတန်း ပြန်ဖြေ၊ (ခ) အဆင့်မှအောင် ရုပ်ရှင်လောကထဲရောက်။ |
mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Monday, 25 February 2013
ကိုကျော် (သို့မဟုတ်) ဦးဇင်းကြီး ဦးကျော်ဟိန်း (အတ္ထုပ္ပတ္တိအကျဉ်း)
၁၉၄၇ ခုနှစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment