mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Monday, 10 December 2012
ထပ်ဆင့်နှိုးဆော်ခြင်း
၂၀၀၅-၂၀၁၂ထိ အ.ထ.က(ခွဲ)မြို့မတွင်ပညာသင်ကြားခဲ့သောကျောင်းသားဟောင်းများရှင့် 4.1.2013 နေ့တွင် ထ(ခွဲ)မြို့မ စိန်ရတုကျောင်းဆောင်တွင်ဆရာကန်တော့ပွဲပြုလုပ်မည်ဖြစ်ပါသည်။သက်ဆိုင်ရာခုနှစ်အလိုက်အလှူငွေများလည်းကောက်ခံနေပါသည်။ကျောင်းသူကျောင်းသားများကိုလည်းဆရာကန်တော့ပွဲအားတက်ရောက်စေလိုကြောင်း Thon Thwe Thwe Thon ဖေ့ဘွတ်မှ ဖေါ်ပြထားသည်ကို ထပ်ဆင့်နှိုးဆော်မှု့ပြုလိုက်ပါသည်။
အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်တော်တွင် (၃) ကြိမ်မြောက် ကျင်းပပူဇော်အပ်သော ပဌာန်းပွဲတော်ကြီးအထိမ်းအမှတ်အဖြစ် အရှင်အဂ္ဂဥာဏ (ဆစ်ဒနီ၊ သြစတေးလျ) သီကုံးရေးသားအပ်သော ရှစ်လုံးဖွဲ့ ဓမ္မလင်္ကာများ
(၁) ရှင်တော်မြတ်ဖျား၊ တရား သံဃာ၊ လက်စုံမိုး၍၊ ရှိခိုးပန်ထွာ၊
တပည့်တော်များ၊ သနားညှာတာ၊ ဦးထိပ်နန်း- ကြွလှမ်းချီလှဲ့ပါ။ ။
(၂) ဦးသီရိန္ဒ၊ ထေရ်ရမဟာ၊ ပေါ့တလန်မြို့ရပ်၊ စွဲကပ်ခါခါ၊
ပီတိရွမ်းမြ၊ တည်ထ၀ိဟာ၊
အမည်ရှိ- သီရိမင်္ဂလာ။ ။
(၃) ကျောင်းတိုက်တော်တွင်း၊ ထင်လင်းပူဇာ၊ ဝေနေယျများ၊ တိုးပွားကုသလာ၊
မဟာပဌာန်း၊ အေးချမ်းဒေသနာ၊
သုံးကြိမ်ရောက်- ပြည့်မြောက်မင်္ဂလာ။ ။
(၄) ပဌာန်းနာကြား၊ နတ်များဗြဟ္မာ၊ နာကြားရလို့၊ အားရရွှင်စွာ၊
ရွတ်နာသူအား၊
လိုလားမေတ္တာ၊ အကျိုးဆန်း- ပဌာန်းဒေသနာ။
(၅) စွမ်းအင်ကြီးလ၊ှ ဓမ္မရှိန်ဝါ၊ ရွတ်နာသူများ၊
စိုက်ရောက်အလာ၊
ဘေးရန်ဝေးလို့၊
အေးချမ်းသာယာ၊ အကျိုးဆန်း- ပဌာန်းဒေသနာ။ ။
(၆) အကိရိယ ၊ ဣဿရနိမ္မာ ၊အဟေတုက၊ နတ္ထိတဖြာ၊
ဒိဌိခပ်ပင်း၊
ပယ်ရှင်းမှန်စွာ၊ အကျိုးဆန်း- ပဌာန်းဒေသနာ။
(၇) ရုပ်နာမ်မျိုးမျိုး၊ ကြောင်းကျိုးမြင်လာ၊ အယူစင်ငြား၊ ပယ်ရှားကင်္ခါ၊
ဥာဏ်အဆင့်ဆင့်၊
တက်လင့်မဂ်ရွာ၊ အကျိုးဆန်း- ပဌာန်းဒေသနာ။ ။
(၈) ပဌာန်းတရား နာကြားသူတွေ၊ ဘေးရန်အပေါင်း ကင်းကြောင်းမှန်စေ၊
ကြံတိုင်းပေါက်လို့၊
ဆောင်တိုင်းမြောက်စေ၊ လိုတိုင်းတ- ပြည့်ဝကြပါစေ။ ။
(၉) မျက်မှောက်ကာလ၊ သတ္တ၀ါဝေနေ၊ ကပ်ဘေးဒဏ်များ
ဆိုက်ရောက်ကာနေ၊
ပဌာန်းရွတ်လို့
၊ ပျောက်ကြပါစေ၊ ဒို့ဆုတောင်း - ထပ်လောင်းမေတ္တာဝေ။ ။
(၁၀) အများကောင်းကျိုး၊သယ်ပိုးဆောင်စေ၊ တို့များပေါင်းစု၊
ကောင်းမှုဖြာဝေ၊
ပဌာန်းအစွမ်း၊
တင့်ဆန်းပါစေ၊ ဝေနေယျ- အမျှရပါစေ။ ။ (သာဓု-၃ကြိမ်ခေါ်ရန်)
Friday, 7 December 2012
Monday, 3 December 2012
လှည်းကူးဆရာတော် နှင့် ပျူလူမျိုး ၊ ပျူနိုင်ငံတော်
ပျူလူမျိုး နှင့် ပျူနိုင်ငံတော် စာတမ်းဖတ်ပွဲတွင် လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲကျေးရွာ၊ မဟာဝိဇိတာရာမစာသင်တိုက်၊ ဆရာတော် ဒေါက်တာရေ၀တာလင်္ကာရ မှ စာတမ်းတစ်စောင်ဖတ်ကြားခဲ့သည်ဟု ဆရာကိုသက်လွင် (လှည်းကူး) မှ ဓါတ်ပုံနှင့်တကွ ဘေ့ဘွတ်တွင် ဖေါ်ပြထားသည်ကို ၀မ်းမြောက်စွာ တွေ့ရှိရပါသည်။
ပျူလူမျိုး နှင့် ပျူနိုင်ငံတော် စာတမ်းဖတ်ပွဲတွင် ဖတ်ကြားသည့် စာတမ်းပေါင်း (၄၃)စောင်ခန့်ရှိကြောင်းသိရပါသည်။ ယင်းအထဲတွင် လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲကျေးရွာ၊ မဟာဝိဇိတာရာမစာသင်တိုက်၊ ဆရာတော် ဒေါက်တာရေ၀တာလင်္ကာရ မှ စာတမ်းတစ်စောင်ဖတ်ကြားဖတ်ကြားခဲ့ပါသည်။
ယင်းစာတမ်းမှာ ဆရာတော် ဒေါက်တာဘွဲ့အတွက် သုတေသနလုပ်ပြီး ရေးသားခဲ့သည့် ဘွဲ့ယူကျမ်းစာမှ အနည်းငယ်မျှသော အချက်အလက်ကို ထုတ်နှုတ်ပြီး စာတမ်းငယ်တစ်ခု ဖန်တီးထားခြင်း ဖြစ်ပါသည်။ ဆရာတော် သုတေသနပြု ရေးသားခဲ့သော ကျမ်းအမည်မှာ " A Study of Theravada Buddhism in Srikhestra, the Ancient Myanmar City" ပဲ ဖြစ်ပါသည်။ ဒီကျမ်းဟာ သရေခေတ္တရာခေတ်မှာ Theravada Buddhism ပျံ့နှံရောက်ရှိနေပြီ ဖြစ်ကြောင်းကို ရှု့ထောင့်မျိုးစုံ၊ အထောက်အထား ပြည့်စုံစွာဖြင့် တင်ပြထားသော ကျမ်းဖြစ်ပါသည်။
ယင်းကျမ်းကို ရေးသားစဉ်က စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ် ဖြစ်ပါသည်။ သုတေသနပြုရာ ပြည်မြို့ ပတ်ဝန်းကျင်တစ်လျောက်သို့ ဆရာတော်နှင့် အတူ လိုက်ပါ ကူညီခဲ့ပါသည်။ မှတ်တမ်း ဓါတ်ပုံဆရာမှာ ပန်းချီ ခင်မောင်ဦး (လှည်းကူး) ဖြစ်ပါသည်။
ဒီကျမ်းရဲ့ ခေါင်းစဉ်ကို ဆရာနန္ဒာသိန်းဇံ ကိုယ်တိုင် စိစစ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ မှတ်မှတ်ရရ ကိစ္စတစ်ခု ရှိခဲ့ပါသည်။ ကျမ်းခေါင်းစဉ်ကို ဆရာတော်က " A Study of Theravada Buddhism in Srikhetra, Ancient Myanmar City" ဟု ပေးခဲ့ပါသည်။ the Ancient Myanmar City ဟု မသုံးဘဲ the ကို ဖြုတ်ပြီး Ancient Myanmar City ဟု သုံးခြင်းဖြစ်ပါသည်။
ဆရာနန္ဒာသိန်းဇံ ရှိရာ ရန်ကုန်တက္ကသိုလ် ဒသ၁နိကဗေဒဌာနသို့ ရောက်သောအခါ ဆရာနှင့်တကွ ဆရာ၊ ဆရာမများ ဆယ်ယောက်ခန့်ရယ်၊ ဆရာတော်နှင့် စာရေးသူတို့ (၁၂) ဦး အုပ်စုဟာ နှစ်စုခွဲပြီး the Article ပါသင့် မပါသင့် ငြင်းခုံကြပါသည်။ ဆရာနန္ဒာသိန်းဇံကတော the ပါတဲ့ဘက်ကပေါ့။ အဘိဓာန်ကျမ်းပေါင်းစုံ၊ သဒ္ဒါကျမ်းပေါင်းစုံတို့ကို ချပြီး ငြင်းကြရာ နောက်ဆုံးတော့ the ပါတဲ့ဘက်က အနိုင်ရရှိသွားပြီး " A Study of Theravada Buddhism in Srikhestra, the Ancient Myanmar City" ဟု ရွေးချယ်လိုက်ပြီး ကျမ်းခေါင်းစဉ်ကို University of Magadh သို့ ပို့လိုက်ပါတယ်။
နောက်တစ်ကြိမ် ဆရာနန္ဒာသိန်းဇံ နှင့် တွေ့တဲ့အခါ the မပါရင် ပိုကောင်းမယ်လို့ ပြောလာပါတယ်။ ကျမ်းခေါင်းစဉ်ကို ပြင်လို့ မရတော့ပါ။ ဒီနေရာမှာ ကြည့်ရင် ဆရာတော်ကလဲ သူ့ကျမ်းခေါင်းစဉ်ကို အထောက်အထား ခိုင်လုံပါက ပြင်ခိုင်းခဲ့တာကို တွေ့ရပါ့မယ်။ ဆရာနန္ဒာသိန်းဇံကလဲ သူမှားတဲ့ကိစ္စတစ်ခုကို မှားသွားကြောင်း ပြန်ပြင်ဖို့ ပြောခဲ့ပါတယ်။ ထို့ကြောင့် ပညာရှိပဂ္ဂိုလ်များရဲ့ စိတ်နေသဘောထားကို တွေ့မြင်နိုင်ပါတယ်။
ယခုတဖန် စာတမ်းဖတ်ပွဲမှာ ဆရာတော်မှ စာတမ်းတစ်စောင် ဖတ်ကြားခဲ့ကြောင်း သိရသဖြင့် အရမ်းဝမ်းသာ ပီတိဖြစ်မိပါတယ်။
ဒါကြောင့် ဓါတ်ပုံများကို ပို့ပေးပါသော ဆရာကိုသက်လွင်အား အထူးကျေးဇူးတင်ပါကြောင်းနှင့် ယင်းဓါတ်ပုံများကို သမိုင်းမှတ်တိုင် တစ်ခု အနေဖြင့် ထပ်ဆင့်ပြီး ဖေါ်ပြလိုက်ပါတယ်။
မောင်နေခြည် (လှည်းကူမြေ)

Thursday, 29 November 2012
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ဆရာကန်တော့ပွဲ အတွက် နောက်တိုး အလှူရှင်များစာရင်း
(၁၇)ကိုဉာဏ်လင်းအောင် (အမေရိကန်) $100 USD
(၁၈)ကိုစောမြင့် (အမေရိကန်). $200 USD
ဆက်လက်ဖေါ်ပြပါမည်။
Tuesday, 27 November 2012
ငှက်ပျောမြို့တော်သို့ ခရီးသွားခြင်း
ညီညာပြန့်ပြူးပြီး
ကားလေးစီးပြိုင်တူမောင်းနိုင်တဲ့ ပစိဖိတ်ဟိုင်းဝေး လမ်းမထက်မှာ ကားငယ်နှစ်စီးဟာ တစ်နာရီလျှင်
ကီလိုမီတာ (၁၁၀)အောက်မလျော့တဲ့ နှုန်းဖြင့် ငှက်ပျောမြို့တော်ဆီကို ဦးတည်ပြီး မောင်းနှင်နေပါတယ်။
ငှက်ပျောမြို့တော်ဆိုတာကတော့ အခြားမဟုတ်ပါ သြစတေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ်ရှိ
ကော့ဆားဘားမြို့ ( Coffs Harbour) မြို့ပဲ ဖြစ်ပါတယ်။ အဲဒီမြို့ကို သွားရောက်ရခြင်း
ရည်ရွယ်ချက်ကတော့ ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒရဲ့ ဖိတ်ကြားချက်အရ ဆရာတော်ရဲ့ ကျောင်းကထိန်ပွဲကို
သွားရောက်ခြင်းပါ။
မနက် ၉နာရီကျော်မှာ
ကားစတင်ထွက်ခွါပြီး ကော့ဆားဘားကို ညနေငါးနာရီနီးပါးမှ ရောက်ပါတယ်။ လမ်းတစ်လျောက်မှာတော့
ကားတိုက်ခံထားရတဲ့ သားပိုက်ကောင်များ၊ ပြန့်ပြူးသာယာသော ကွင်းပြင်များ၊ ၀င်းဝါနေသော
လိမ္မော်ခြံများ၊ လေယူရာ တိမ်းနေတဲ့ ထင်းရူးတောများ၊ ပင်လုံးကျွတ်မျှပွင့်နေကြတဲ့ စိန်ပန်းပြာပင်၊
စိန်ပန်းနီပင်များ၊ ဟက်တာပေါင်း ထောင်သောင်းချီရှိတဲ့ နွားမွေးမြူရေးခြံများ၊ မြင်းမွေးမြူရေးခြံများ၊
ဘလူးဘယ်ရီခြံများကို တမျှော်တစ်ခေါ် တွေ့ရှိနိုင်ပါတယ်။ တစ်ချို့ မြင်းမွေးမြူရေး နွားမွေးမြူရေးခြံများတွင်
ကိုယ်ပိုင်လေယာဉ်ငယ်များ ရပ်နားထားသည်ကို တွေ့ရပါတယ်။ အထူးခြားဆုံးကတော့ အဲဒီမြို့ရဲ့
တောင်ကုန်းတိုင်မှာ ငှက်ပျောခြံများနှင့် စိမ်းစိုနေတာပါပဲ။ တစ်နိုင်ငံလုံးရဲ့ ငှက်ပျောသီးတစ်ဝက်ခန့်မျှကို
ဒီမြို့က ထွက်၇ှိပါတယ်။
ညနေ(၅)နာရီလောက်မှာ
ဝင်းစားသောက်ဆိုင်ကို ရောက်ရှိပါတယ်။ အဲဒီဆိုင်က ဦးမြင့်ဆွေ နဲ့ ဒေါ်ဝင်းတို့ဟာ ဒီမြို့မှာရှိတဲ့
ဓမ္မဒူတမြန်မာကျောင်းရဲ့ ကျောင်းဒကာတွေပဲ ဖြစ်ပါတယ်။ သူတို့ဆိုင်ဟာ မြို့လည်မှာရှိပြီး
ထိုင်းအစားအသောက်တွေကို ရောင်းချပါတယ်။ အရမ်းပဲရောင်ကောင်းတဲ့ဆိုင်ဖြစ်ပါတယ်။ ဆိုင်ရှေ့မှာ
ပိတောက်ပန်း ကဲ့သို့သော ပန်းများ ၀ါထိန်နေတဲ့ ပန်းပင်တန်းကို တွေ့ရပါတယ်။ အပွင့်သည်
ပိတောက်ပန်းနဲ့ တူသော်လဲ အရွက်ကတော့ ကွဲပြားပါတယ်။ စာရေးသူကတော့ သြစီပိတောက်ဟု နာမည်ပေးလိုက်ပါတယ်။
ခေတ္တမျှနားပြီးတဲ့
အခါမှာတော့ မြို့ထဲမှာရှိတဲ့ ရေခဲပြင်စကိတ်စီးကွင်းကို သွားပါတယ်။ မိမိနှင့် မသက်ဆိုင်ပေမယ့်
မိမိနှင့် အတူပါလာကြတဲ့ ဆယ်ကျော်သက် ခလေးငယ်များ အလွန်စီးချင်သောကြောင့် ဗဟုသုတအဖြစ်
လိုက်ပါသွားခဲ့တာပါ။ ကွင်းထဲက ထိုင်ခုံမှာ ခေတ္တပဲထိုင်နိုင်ပါတယ်။ အရမ်းအေးလို့ အအေးမရှိတဲ့
အခန်းထဲမှာ ထိုင်နေရပါတယ်။ ပြီးတော့ ကျောင်းကို ချီတက်ခဲ့ပါတယ်။
ဓမ္မဒူတကျောင်းဟာ
မြို့ထဲနဲ့ (၂၅)မိနစ်ခန့် ကားမောင်းရတဲ့ အရပ်မှာတည်ရှိပါတယ်။ ၂၀၀၆ခုနှစ်တွင် စတင်တည်ထောင်ပြီး
တောင်ကုန်းထိပ်မှာ တည်ရှိပါတယ်။ ပတ်ခြာလည်မှာလဲ တောင်တန်းတွေ ပတ်ခြာလည်ဝိုင်းနေပါတယ်။
အလွန်ပဲ စိတ်ငြိမ်လှပြီး အေးချမ်းမှုရသကို ပေးစွမ်းနိုင်ပါတယ်။ ဒီညတော့ အဲဒီကျောင်းမှာ
ညအိပ်ပါတယ်။
နောက်နေ့နံနက်မှာတော့
ကထိန်ပွဲကို ကျင်းပပါတယ်။ ဆရာတော် အရှင်ဆေကိန္ဒမှ တရားဟောပါတယ်။ စာရေးသူအပါအ၀င် (၇)ပါးကြွရောက်ပါတယ်။
အဲဒီထဲမှာ ဆရာတော် အရှင်ပညာဝရော ( buddhanet.net / buddhistelibrary.org/
buddhanet.info/wbd ကို တည်ထောင်သူ) ပါဝင်ပါတယ်။ အဲဒီကျောင်းက ဗောဓိပင်ကို ယင်းဆရာတော်မှလှူဒါန်းပါတယ်။ ကျောင်းထဲမှာ ကျောင်းအဆောက်အဦ နှစ်ခုရှိပြီး သိမ်လဲရှိပါတယ်။
နေ့လည်ပိုင်းမှာတော့
မြို့ပတ်ခြာလည်မှာရှိတဲ့ ကမ်းခြေတွေကို သွားရောက်ခဲ့ပါတယ်။
ကမ်းခြေတွေဟာတော်တော်လှပပါတယ်။
ကမ်းခြေရှိ သဲသောင်ပေါ်ကိုလဲ ကားနဲ့မောင်းကြပါတယ်။ ကားဘီမကျွံပါဘူး။ အမှိုက်လဲလုံးဝမရှိပါဘူး။
ပစိဖိတ်သမုဒ္ဒရာမှ တိုက်ခပ်တဲ့ သန့်ရှင်းအေးမျှတဲ့ လေအေးအေးကို တစ်ဝကြီး ရှူခဲ့ရပါတယ်။
အဲဒီည ကျောင်းကို
ပြန်အိပ်ပြီး ဆစ်ဒနီကို ပြန်ဖို့ စီစဉ်ပါတယ်။ အလာတုံးက ကားကို ပြန်လွှတ်လိုက်ပြီး ရထားနဲ့
ပြန်ဖို့ စီစဉ်ခဲ့ပါတယ်။ ရထာလက်မှတ်ကို အွန်လိုင်းကပဲ ၀ယ်လိုက်ရုံပါပဲ။ အထူးတန်းလက်မှတ်ပါ။
ရထာမှာ အိပ်စဉ်ပါသလို ခရီးသည်(၆)ယောက်လျှင် အိမ်သာ၊ ရေချိုးခန်း တစ်လုံးကျစီသုံးနိုင်ရန်
စီစဉ်တားပါတယ်။ နံနက် ၇ နာရီခွဲမှာ ရထားစထွက်ပြီး ဆစ်ဒနီမြို့တော်ကို ညနေ ၄နာရီခွဲမှာ
ပြန်ရောက်ပါတယ်။
ဒါ့ကြောင့်
ဘုရားဖူးရင်း လိပ်ဥတူးရင်း သွားခဲ့ရတဲ့ ငှက်ပျောမြို့တော်သို့ သွားရောက်ခဲ့ရခြင်းဟာ
စာရေးသူအတွက် အလွန်ကျေနပ်စရာကောင်းတဲ့ ခရီးတစ်ခုဖြစ်ခဲ့ပါတယ်။
ဒီခရီစဉ်ကို
ကူညီခဲ့သူအားလုံးကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။
မောင်နေခြည်
(လှည်းကူး)
Monday, 26 November 2012
နောက်တိုးအလှူရှင်များစာရင်းနှင့် ထပ်ဆင့်နှိုးဆော်လွှာ
သူ့အရိပ်ကိုခိုနားလာတဲ့ ကျောင်းတော်သားအပေါင်းတို့ကို ပညာမျက်စိ ဖွင့်ပေးခဲ့တဲ့ အမိတက္ကသိုလ်ကြီးကို
ပြန်လည်ကျေးဇူးဆပ်ဖို့
အခွင့်အခါကြံလာပြီမို့ အမိတက္ကသိုလ်ရင်ခွင်ရိပ်မှာ ကျင်းပပြုလုပ်မယ့်
အာစရိယပူဇော်ပွဲနှင့် သောတုဇနတွေ့ဆုံပွဲကြီး အောင်အောင်မြင်မြင်
ခန့်ခန့်ထည်ထည် ကျင်းပနိုင်ရန် တက်ညီလက်ညီ ဝိုင်းဝန်းပံ့ပိုးကြဖို့
အမေရိကရောက် ရန်ကုန် နပသ ကျောင်းတော်သားဟောင်း ညီနောင်အပေါင်းတို့ကို
လေးလေးစားစား ဖိတ်ခေါ်ပါတယ်။
ပွဲတော်ကြီးအတွက်အလှူငွေများကို ဦးဣန္ဒက ( ၄၈၄ ၂၀၁ ၃၆၁၅ )၊ ဦးခေမိန္ဒ ( ၂၀၇
၅၆၉ ၁၉၁၃ )၊ ဦးပညာဝံသ ( ၃၂၃ ၄၀၄ ၆၆၇၉ ) တို့ထံမှာ
ဆက်သွယ်လှူဒါန်းနိုင်ပါပြီ။
လှူဒါန်းပြီးအလှူရှင်များစာရင်း
(၁)ဦးဣန္ဒက ( မေရီလန်းပြည်နယ်၊ အမေရိကန် ). အမေရိကန်ဒေါ်လာ ၂၀၀
(၂)ဦးကုမုဒ. ( ဗာဂျီးနီးယားပြည်နယ်၊ အမေရိကန် ). ။. ၂၀၀
(၃)ဦးခေမိန္ဒ. ( မေရီလန်းပြည်နယ်၊ အမေရိကန် ). ။. ၂၀၀
(၄)ဦးပညာဝံသ ( ကာလီဖိုးနီးယားပြည်နယ်၊ အမေရိကန် ). ။. ၂၀၀
(၅)ဦးဇောတိက ( နီဗားဒါးပြည်နယ်၊ အမေရိကန် ). ။. ၂၀၀
(၆)ဦးရာဝိက. ( အင်ဒီးယားနားပြည်နယ်၊ အမေရိကန် ). ။. ၂၀၀
(၇)ဦးသီလာစာရ ( ကာလီးဖိုးနီးယားပြည်နယ်၊ အမေရိကန် ). ။. ၂၀၀
(၈)ဦးပညိႏၵ. ( ဆစ္ဒနီ၊ ႀသစေတးလ် ). ႀသစေတးလ်ေဒၚလာ. ၂၀၀
(၉)ဦးအဂၢဉာဏ (ဆစ္ဒနီ၊ ၾသစေတးလ် ). ။. ၂၀၀
(၁၀)ကိုသစ္စာ. (အမေရိကန် ). အမေရိကန်ဒေါ်လာ. ၂၀၀
(၁၁)ကိုနေမင်းထွန်း
( အမေရိကန် ). ။ ၁၀၀
(၁၂)ကိုနေသစ်မှူး.
(အမေရိကန် ). ။. ၁၀၀
(၁၃)ကိုဇော်သက်ဝေ (အမေရိကန်). ။. ၃၀၀
(၁၄)ကိုပါရမီ.
(အမေရိကန်). ။. ၁၅၀
(၁၅)ဦးသောဘိတ.
(ထိုင်ဝမ်). ။. ၂၀၀
(၁၆)ဦးဥက္ကံသ.
(ထိုင်ဝမ်). ။. ၂၀၀
ကျေးဇူးတင်စွာဖြင့်
အရှင်ခေမိန္ဒ
VEN KHEMINDA
1708 Powder Mill Rd.
Silver Spring, MD 20903
Subscribe to:
Posts (Atom)