မနေ့ညက အေအန်ဇက် အားကစားပြိုင်ကွင်းမှာ ကျင်းပပြုလုပ်တဲ့ ခြေစစ်ပွဲမှာ သြစတေးလျအသင်းက အီရတ်အသင်းကို ၁-၀ ဖြင့် အောင်မြင်ပြီး ကမ္ဘာ့ဖလားပွဲ တက်ရောက်ခွင့် ရသွားခဲ့ပါတယ်။
သြစတေးလျဘောလုံးအသင်းအတွက် အနိုင်ဂိုးကို ၈၂ မိနစ်မှာ Josh Kennedy က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒီလိုမျိုး ကမ္ဘာ့ဖလားပွဲ တက်ရောက်ခွင့် ရသွားခြင်းဟာ သြစတေးလျဘောလုံးအသင်း အသင်းအတွက် လေးကြိမ်မြောက်တက်ရောက်ခွင့် ရခြင်းလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပွဲ တက်ရောက်ခွင့် ရသွားတဲ့ သြစတေးလျဘောလုံးအသင်းကို ပြည်သူများက Socceroos ဟုခေါ်ကြပါတယ်။
No comments:
Post a Comment