ရန်ကုန်တိုင်း ဒေသကြီးအတွင်း နှစ်စဉ် လူဦးရေ အမြောက်အမြား တိုးပွားနေမှုကြောင့် ရန်ကုန်မြို့လယ်တွင် လူဦးရေ သိပ်သည်းထူထပ်နေကြောင်း သိရှိရသည်။
ရန်ကုန်မြို့ ဧရိယာ တိုးချဲ့ဖို့ စီစဉ်ထားသည့် မြို့နယ်အချို့မှာ နှစ်စဉ်နှစ်တိုင်း နွေရာသီ ကာလတွင် ရေရှားပါးမှုနှင့် ကြုံတွေ့နေရသော မြို့နယ်များဖြစ်ကြောင်း . . . . . |
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က "ရန်ကုန်မြို့ရဲ့ အနေအထားက ဧရိယာ တိုးချဲ့ဖို့ လိုအပ်နေပါပြီ။ ဒါကြောင့် မြေပုံအရ မြို့ကိုထပ်မံ တိုးချဲ့မယ်ဆိုရင် မြို့နယ်တွေ များများစားစား မရှိပါဘူး။ ဦးစားပေးအရ ဒလမြို့နယ်၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်းမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့တွင် တိုးချဲ့သွားမယ်။ အဲဒီ မြို့နယ်တွေမှာလည်း မြို့အင်္ဂါရပ်တွေနဲ့ ညီညွတ်တဲ့ အပိုင်းတွေကို အများကြီး ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
ရန်ကုန်မြို့ ဧရိယာ တိုးချဲ့ဖို့ စီစဉ်ထားသည့် မြို့နယ်အချို့မှာ နှစ်စဉ်နှစ်တိုင်း နွေရာသီ ကာလတွင် ရေရှားပါးမှုနှင့် ကြုံတွေ့နေရသော မြို့နယ်များဖြစ်ကြောင်း ဒေသခံများမှ သိရှိရသည်။
ဒလမြို့နယ်တွင် နေထိုင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက "ကျွန်တော်တို့ မြို့နယ်ကို မြို့ဧရိယာ ချဲ့မယ်ဆိုတဲ့ သတင်းတွေ၊ တံတားဆောက်ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာ တစ်နှစ်ကျော်လောက် ကြာနေပါပြီ။ ဒီသတင်းတွေကြောင့် အရင်တုန်းက ပေ ၄၀_၆၀ မြေကွက် တစ်ကွက်က ဆယ်သိန်းဝန်းကျင် လောက်ကနေ အခုဆိုရင် သိန်းခြောက်ဆယ်ကျော်ကနေ သိန်းတစ်ရာဝန်းကျင်ထိ နေရာတွေပေါ် မူတည်ပြီးတော့ ဈေးပေါက်နေပါတယ်။ ဒီမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံ အချို့ဆိုရင် မြေကွက်တွေရောင်းပြီးတော့ ဈေးနည်းတဲ့ နေရာတွေမှာ ပြန်ဝယ်နေကြတယ်။ ရတဲ့ ငွေကြေးတွေကို ဈေးဆိုင်ခန်းတွေ ဖွင့်ပြီးတော့ ရင်းနှီးစားနေကြတာ ရှိတယ်" ဟုဆိုသည်။
အဆိုပါ သတင်းများကြောင့် ယင်းမြို့နယ်များတွင် မြေဈေးနှုန်းမှာ ယခင်ကထက် နှစ်ဆမှ ဆယ်ဆအထိ မြင့်တက်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များမှ သိရှိရသည်။
ရန်ကုန်မြို့ ဧရိယာ တိုးချဲ့မည့် မြို့နယ်များတွင် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ၊ ရေရရှိမှု ကဏ္ဍ၊ လျှပ်စစ်မီးရရှိရေး ကဏ္ဍတို့ကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။
Ref: http://www.first-11.com/local/yangon-news/20014
No comments:
Post a Comment