Monday, 28 November 2011

ကလိလိုက်တာလဲ လွန်ပါရောလား

ဒီပို့စ်ကို မရေးမီ စာရေးသူဟာ ကွန်ပျူတာပညာရပ်မှာ သူငယ်တန်းအဆင့်လောက်ပဲရှိသူ ဆိုတာကိုတော့ ဦးစွာ ပြောကြားထားလိုပါတယ်။ ဒီပို့စ်ဟာလဲ ကွန်ပျူတာပညာရပ်မှာ ကျွမ်းကျင်သူ ပညာရှင်များကို မရည်ရွယ်ပါဘူး။
စာရေးသူလို လက်တည့်စမ်းချင် သူများအား လက်တဲ့စမ်းဖို့သာ ရည်စူးပြီး ဒါလေးကို ဝေမျှခြင်းသာဖြစ်ပါတယ်။

ဝေမျှချင်တာကတော့ Windows 7 တင်ထားပြီး အသံမထွက်တဲ့ ကွန်ပျူတာကို အသံထွက်လာအောင် လုပ်နိုင်တဲ့နည်းပါပဲ။ ဒါနဲ့ပတ်သက်ပြီး မိမိကိုယ်တွေ့ကိုပဲ စပြီးပြောရမှသင့်မယ်ထင်တယ်။
ဖြစ်ပုံကတော့ ကလိတာ လွန်သွားရာကနေ စတာပါ။ Windows XP မှာ Microsoft 2010 ကို သွားတင်လိုက်ပါတယ်။ တင်လဲပြီးရော Windows က ပြုတ်ကျသွားရော။ ဒါနဲ့ တစ်ခါ Windows 7 ကို ပြန်တင်လိုက်ပါတယ်။ ကျန်တာတွေအားလုံး အလုပ်လုပ်ပေမယ့် အသံက ထွက်မလာဘူး။ ထွက်ပေါ်လာတာကတော့ no audio device installed ဆိုတာပါပဲ။ ကြိုးစားကြည့်တယ်။ မရဘူး၊ ဒုံရင်းက ဒုံရင်းပဲ။ ဒါနဲ့ နီးစပ်ရာ အသိမိတ်ဆွေတွေကို အကူအညီတောင်းကြည့်ပါတယ်။ သူတို့လဲ အသံထွက်အောင် အမျိုးမျိုးကြိုးစားပေမယ့် အသံကထွက်မလာပါဘူး။ ဆော့ဝဲအသစ်ထပ်ဝယ်ရမလို ဖြစ်နေပါတယ်။ ဒါနဲ့ Google Search Engine ထဲမှာ တွေ့မလားလို့ ရှာဖွေကြည့်မိပါတယ်။ တွေ့တော့တွေ့တယ်။ ဒါပေမယ့် အားလုံးက ပိုက်ဆံပေးပြီး ၀ယ်ရမယ့် ဟာတွေပဲရှိတယ်။

အဲဒါနဲ့ပဲ Youtube ထဲမှာ no audio device installed windows 7 ကို ရိုက်ထည့်လိုက်ပြီး အဖြေကိုရှာပါတယ်။ မမျှော်လင့်ပဲ အဖြေရပြီး စာရေးသူရဲ့ ကွန်ပျူတာက အသံထွက်သွားပါတယ်။ (၂)လလောက် စိတ်ကသိကအောင့် ဖြစ်ခဲ့တာတွေ အကုန်ပျောက်သွားပါတော့တယ်။ အောက်ကပါတဲ့လင့်ကတော့ စာရေးသူရဲ့ကွန်ပျူတာကို အသံထွက်စေအောင် လုပ်ပေးလိုက်တဲ့ နည်းပညာပါပဲ။ ဥပမာ သဘောမျိုးနဲ့ ပေးလိုက်တာပါ။ မိမိကွန်ပျူတာရဲ့ ဆော့ဝဲတွေနဲ့ကိုက်ညီမယ့် နည်းလမ်းတွေကို Youtube ထဲမှာပဲ ရှာဖွေနိုင်ပါတယ်။

ိမိတ်ဆွေတို့ရေ....ဒီကနေ ရလိုက်တဲ့ အသိလေးတစ်ခုကတော့

"များများကလိဖို့လိုသလို၊ များများ စာဖတ်ဖို့လိုတယ်" ဆိုတာပါပဲ။

ရေးသူ မောင်နေခြည် (လှည်းကူး)

ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည် ရေးသားတဲ့ HOLIDAY - 4 မြန်မာပြန်

အားလပ်ရက် (၄)

ကျွန်မ ပုဂံသွားရောက်ခဲ့တဲ့နေ့များကို ရေးသားနေစဉ် အဲဒိရှေ့ဟောင်းမြို့တော်မှာလုံး

ဝမကြားဘူးတဲ့ ဝမ်းနည်းကြေကွဲဘွယ်ဖြစ်ရပ်ဆိုးတခုဖြစ်ပေါ်ခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသည် ဂျပန်အမျိုးသမီးတ ယောက်ကို မော်တော်ဆိုင်ကယ်တက္ကစီမောင်းသမားက သတ်ဖြတ်လိုက်ခြင်းဟာ တစိမ်းတရံစာများ အပေါ် ပျူငှာစွာဆက်ဆံတယ်လို့ နာမည်ကြီးနေတဲ့အသိုင်း အဝိုင်းရှိ လူအများကို တုန်လှုပ်ခြောက်ခြား စေခဲ့ပါတယ်။ ဒီ ရာဇဝတ်မှုဟာ တုန်လှုပ်ခြောက်ခြားမှုလှိုင်းကိုရိုက်ခတ်လိုက်ပါတယ်။ “ ဒီလိုဖြစ်ရပ် ဆိုးဟာ ဒီနေရာမှာ တခါမျှမဖြစ်ခဲ့ဘူးပါဘူး၊ ကျွန်တော်တို့တော့ နားကိုမလည်နိုင်ပါ။ ကျွန်တော်တို့ဟာ ဒီလိုလူစားတွေ မဟုတ်ကြပါ။ ကျွန်တော်တို့ဟာ အလွန်ကိုရှက်မိပါတယ်။”လို့ အခင်းဖြစ်ပွါးရာ ညောင် ဦးဒေသခံ အမျိုးသားတဦးက ကျွန်မတို့ကိုယ်စား ပြောကြားပေးလိုက်ပါတယ်။

Tuesday, 22 November 2011

အလှအပခံစားတတ်တဲ့ ကိုပေါ်




ဒီနေ့ ၁၂ နိုဝင်ဘာ ၂၀၁၁ စနေနေ့။ ၁၂ ၁၁ ၁၁။

မနေ့ညက အလဲဗင်းမီဒီယာအုပ်စုက ကမကထပြုကျင်းပတဲ့ ၁ ခြောက်လုံးပွဲ၊ ကျွန်တော့်အခေါ် ၁၁ သုံးလုံး ဂုဏ်ပြုပွဲက အပြန် ကျွန်တော့်မှာ အတွေးရေလျဉ်ကြော မျောလို့ မဆုံးနိုင် ဖြစ်ခဲ့ရပါတယ်။

တွေးမိသလောက် ရေးချရရင်လဲ အခန်းဆက် ၀တ္ထုရှည်ကြီးတစ်ပုဒ်လောက် ရေးစရာတွေရှိတယ်။ သို့သော် ကျွန်တော့်မှာ လတ်တလော ရေးရမယ့်တာဝန်တွေက တစ်ပတ်ပြီးတစ်ပတ် ဖိစီးနေလေတော့ အတိတ်အကြောင်းချင်းရာတွေကို ခဏ ရွှေ့ဆိုင်းထားရပါတယ်။

Thursday, 17 November 2011

စင်္ကာပူရောက် မြန်မာတဦး တိုက်ပေါ်မှခုန်ချ သတ်သေ

စင်ကာပူနိုင်ငံ၊ Serangoon Central, Block 420 နေ မရင်ငြိမ်းပွင့်သည် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် သူမနေထိုင်ရာ တိုက်ခန်းမှ ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ တုန်လှုပ်ဖွယ်သတင်းသည် Facebook အပါအဝင် လူမှုရေးကွန်ယက်များမှတဆင့် အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး လူအများ အနေဖြင့် အကြီးအကျယ် အံ့အားသင့်သွားခဲ့ရသည်။

Tuesday, 15 November 2011

မြန်မာနိုင်ငံလူမျိုးများ၏ ဘာသာစကားနှင့် ပညာရေး (စာတမ်း) ဒေါက်တာသိန်းလွင်

အကျဉ်းချုပ်ဖော်ပြချက်

မြန်မာနိုင်ငံတွင်နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ကြသည့် အချိန်ကာလ၊ သမိုင်း၊ ယဉ်ကျေးမှုနှင့် ဘာသာစကားများကွဲပြားကြသော်လည်း တူညီနေသည့် အချက်မှာ မြန်မာနိုင်ငံကို အတူတကွပိုင်ဆိုင်ခြင်းဖြစ်သည်။

သို့ရာတွင် ဗမာဘာသာစကားမှလွဲ၍ အခြားတိုင်းရင်းသား ဘာသာစကားများကို စာသင်ကျောင်းများတွင် သင်ကြားမှုကို ၁၉၆၂ ခုနှစ်မှစ၍ တားဆီးခဲ့သည်။ ထိုတားဆီးမှုသည် ယနေ့ထက်တိုင်ပင် ဖြစ်သည်။

ဤစာတမ်းတွင် မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးကြီး (၈) မျိုးနှင့် ရှမ်းပြည်တွင်နေထိုင်ကြသည့် လူမျိုး (၄)မျိုးတို့၏ မြန်မာနိုင်ငံသို့ဝင်ရောက်ခဲ့ကြသည့် ရှေးဦး သမိုင်း၊ အစဉ်အလာပြောဆိုခဲ့ကြသည့် လူမျိုးများ၏ မူလအစကို ဖော်ပြသည့် ဒဏ္ဍာရီများ၊ ကိုးကွယ်ယုံကြည်မှုနှင့်ဘာသာစကားများကို ဖော်ပြထားပါသည်။

ဒေါ်အောင်ဆန်းစုကြည်ငယ်စဉ်ကတက်ခဲ့တဲ့ကျောင်း မှာ ကျောင်းသားဟောင်းတွေအမှတ်တရ တွေ့ ဆုံ



from http://komoethee.blogspot.com/

Saturday, 12 November 2011

မင်းကိုနိုင်မိခင် ဒေါ်လှကြည်၏ ရင်တွင်းပြောစကား

ကျွန်မဒီလိုပွဲမျိုး အတွေ့အကြုံမရှိပါဘူး၊ အဲဒီအတွက်ကြောင့် ဒီလိုပွဲမျိုးမှာ စကားပြောခွင့်ရတဲ့ဟာကို စကားပြောမှားဆိုမှားရှိရင် ကျွန်မကိုခွင့်လွှတ်ပါလို့ အနူးအညွတ် တောင်းပန်ပါ တယ်။ အခုကျွန်မမွေးနေ့မှာ ကျွန်မသားမွေးနေ့မှာ ကျွန်မလာတဲ့အခါ ကျွန်မကိုတွေ့တဲ့ ကလေးတွေက ပြောပါတယ်။ အမေ အမေ့သားကို အမေ မပိုင်တော့ပါဘူး။ တိုင်းပြည်က ပိုင်ပါတယ်လို့ပြောပါတယ်။ အဲဒီပြောလိုက်တဲ့ စကားလေးကို ကျွန်မအရမ်းဝမ်းလည်းသာပါတယ်။ ပီတိလည်းဖြစ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ သူတို့တွေဟာ သားအပေါ်မှာ ချစ်ကြတာကိုး။ နောက်ပြီးတော့ ကျွန်မမှာ မွေးထားတဲ့ သားလေးက တစ်ယောက်တည်းပါ။ အခု ကျွန်မမှာ သားတွေ အများကြီး ရှိနေပါပြီ။ ဝေမျှပေးတဲ့ သားတွေ၊ သမီးတွေ အများကြီး ရှိခဲ့ပါ ပြီ။ အခုလို အချိန်အခါမှာ မိဘတိုင်းဟာ ကျွန်မကို ဘယ်လိုခံစားရပါသလဲလို့ မေးကြပါတယ်။ သားသမီးရှိကြတဲ့ မိဘတွေက ဒီလိုအချိန်အခါမှာ ဘယ်လိုခံစားရမလဲဆိုတာ ရင်ထဲမှာ အကုန်လုံးရှိကြတယ်ဆိုတာ ကျွန်မပြောဖို့ မလိုပါဘူး။ အဲဒီလိုပဲ ထင်ပါတယ်။

ကျွန်မတို့လိုပဲ မိသားစုအပေါင်းတွေဟာ အများအတွက်ကို အနစ်နာခံပြီးတော့ ပါရမီ ဖြည့်ပေးနေကြတဲ့ မိသားစုအားလုံးကို ကျွန်မ ကျေးဇူးတင်ပါတယ်။ အဲဒီထဲမှာမှ လူဆိုတာ လောကဓံတရား ဆိုတာ အကုန်လုံးရှိကြပါတယ်။ အဲဒီတော့ မေတ္တာမျှဝေပေးနေတဲ့ မိသားစုတွေ အားလုံးကို အကုန်လုံးပဲ ကျေးဇူးတင်ပါတယ်။ မင်းကိုနိုင်နဲ့တကွ အကျဉ်းထောင်အသီးသီးမှာ ရှိနေကြတဲ့ နိုင်ငံရေးအကျဉ်းသားအပေါင်းတို့ အမြန်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်ရပါစေလို့ ကျွန်မ ဆုတောင်းခဲ့ပါတယ်။ မိသားစုတွေ အကုန်လုံးပါ မေတ္တာပို့ အမျှပေးဝေနေသလို မိသားစုတွေကို ကျွန်မ ဘာလက်ဆောင် ပေးချင်သလဲဆိုတော့ ရှင်ဇနကဘိဝံသ ဟောထားတဲ့ တရားလေးတစ်ပုဒ် ရှိပါတယ်။ လူမှုဆိုလျှင် လူလိုပင် လောကဓံ ရှိမြဲ ၀မ်းနည်းဝမ်းသာ အများပါပဲ။ ကျွန်မ ပြောချင်ပါတယ်။ အခုချိန်မှာ ကျွန်မတို့ မိသားစုတွေ အကုန်လုံးဟာ သားလေးတွေကို မျှော်လင့်နေကြပါတယ်။ အဲဒီလို မျှော်လင့်တဲ့အတိုင်းပဲ အမြန်ဆုံးလွတ်ပါစေလို့ ကျွန်မ ဆုတောင်း မေတ္တာပို့သပါတယ်။ ဒါပါပဲ ကျွန်မ ပြောချင်ပါတယ်။




http://first-11.com မှ ကူးယူပါသည်။

Sunday, 6 November 2011

တောက်မယ့်မီးက မိန်းမလား(Woman) ရေးသူ ဦးအေးချစ် EEAC

တောက်မယ့်မီးက မိန်းမလား(Woman)
လောကကြီးမှာ အရာ ခပ်သိမ်းဟာ အမြဲတမ်း ဒွန်တွဲရက် ရှိပါတယ်။ နှစ်ခု ဖက်ယှဉ်လျက် ရှိပါတယ်။ တစ်ခါတစ်ရံ ဆန့်ကျင်မှု သဘော ဆောင်နေပြီး တစ်ခါတစ်ရံ မှာတော့ ပူးတွဲမှု သဘောကို ဆောင်နေကြ ပါတယ်။

တစ်ခုရှိလို့ တစ်ခုရှိနေ ရသလို တစ်ခု မရှိရင်လည်း တစ်ခုက မဖြစ်ပါ။ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယောစတဲ့ ဓာတ်ကြီး လေးပါးက တစ်ခုနဲ့ တစ်ခု သဟဇာတ သဘော ဆောင်နေသလို ပဋိပက္ခ သဘောလည်း ဆောင်နေပါတယ်။ အမာရှိလို့ အပျော့ရှိတယ်။ အပူရှိလို့ အအေးရှိတယ်။ ဖွဲ့စည်းမှု ရှိလို့ ပြိုကွဲမှု ရှိတယ်။ လှုပ်ရှားမှု ရှိလို့ ငြိမ်သက်မှု ရှိကြတာပါ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အပြန်အလှန် အကျိုးပြုပြီး အတူ ယှဉ်တွဲ နေထိုင် နေကြရတာပါ။