Thursday, 27 March 2014

လှည်းကူးနယ်သား ဆိုင်ကယ်မောင်းသူ သစ်ပင်ဝင်တိုက်လို့ သေဆုံး

ရန်ကုန်၊ မတ် ၂၇

၂၇.၃.၂၀၁၄ရက်နေ့ ၀၉၃၀အချိန် လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီး
လမ်းအတိုင်း (တောင်မှ မြောက်) လှည်းကူးဘက်မှဖောင်ကြီးဘက်သို့
စောခူးစေး(၂၀)နှစ်၊(ဘ)ဦးမင်းနိုင်၊ဖောင်ကြီးရွာ၊ လှည်းကူးမြို့နယ်နေသူ
စီးနင်းမောင်နှင်လာသော ဆိုင်ကယ် ၂၉ယ/---- ဖီလင်အမျိုးအစား 110 အနက်ရောင်ဆိုင်ကယ်သည် စာဘူးတောင်းကျေးရွာအုပ်စု၊ သပိတ်ကုန်း
ကွေ့အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ရှိ သစ်ပင်အား
ဝင်ရောက် တိုက်မိခဲ့ပါသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပျက်စီးပြီး ဆိုင်ကယ်မောင်းနှင်သူ
စောခူးစေး မှာ ဦးခေါင်းနောက်စေ့ပေါက်၊ ၀ဲ/ယာနားသွေးထွက်၊ ပါးစပ်
သွေးထွက်၊ ၀ဲလက်ခုံပြတ်ရှဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်
သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ စောခူးစေး(သေဆုံး)ကို လှည်းကူး
မြို့မရဲစခန်းယာဉ် (ပ)၂၇/ ၂၀၁၄၊ ပုဒ်မ ၃၀၄-(က)ဖြင့် အမှုဖွင့်အရေးယူ
ထားရှိကြောင်း သတင်းရရှိပါသည်။


Ref: Yangon Police

လှည်းကူး ရိပ်/သိမ်းမှ ကွန်တိန်နာကား ၀င်တိုက်မှု့ကြောင့် ရဲသားတစ်ယောက်သေဆုံး

ရန်ကုန်၊ မတ် ၂၇

၂၆.၃.၂၀၁၄ ရက်နေ့ ၀၃၀၀ အချိန်တွင် လှည်းကူးမြို့နယ်၊ ကျွန်းကလေး
ကျေးရွာ၊ စီးပွား/ကူးသန်းဝန်ကြီးဌာန၊ ရိတ်သိမ်းစမ်းသပ်ထိန်းသိမ်းရေး
ဝင်းအတွင်းမှယာဉ်မောင်း ၀င်းကိုကို မောင်းနှင်လာသော ၆က/---- ကွန်တိန်နာထရပ်ယာဉ်သည် ရန်ကုန်-ပဲခူးကားလမ်းမပေါ်သို့ချိုးကွေ့ပြီး ရန်ကုန်ဘက်သို့ မာင်းနှင်စဉ်မျက်နှာချင်းဆိုင် ရန်ကုန်ဘက်မှ ပဲခူးဘက်သို့ ရဲတပ်သားအောင်ဗိုလ်ဗိုလ်ထွေး၊ လုံခြုံရေးတပ်ခွဲ(၃)၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ (ဆေးခွင့်ယူထားသူ)မောင်းနှင်ပြီး နောက်မှ ကျော်မင်းစိုး၊ (ဘ)ဦးမြင့်ဦး၊
ညောင်ကုန်းရွာ၊ လှည်းကူးမြို့နယ်နေသူစီးနင်းလိုက်ပါလာသော ၂၅ယ/----
စောင်ချန်း-၁၂၅ အမျိုးအစား နက်/ပြာရောင်ဆိုင်ကယ်အားတိုက်မိပြီး
မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်

ယာဉ်တိုက်မှုကြောင့် ရဲတပ်သား အောင်ဗိုလ်ဗိုလ်ထွေးတွင် နောက်စေ့
ပေါက်ပြဲ၊ ၀ဲ/ယာနားသွေးထွက်(သတိမေ့)ဒဏ်ရာများရရှိခဲ့ပြီး ကျော်မင်းစိုး
တွင် ယာပုခုံးပွန်းပဲ့နာကျင်ဒဏ်ရာများရရှိကာ လှည်းကူးဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရ
ပါသည်။

ဖြစ်စဉ်မှ ထွက်ပြေးတိမ်းရှောင်သွားသော ယာဉ်နှင့် ယာဉ်မောင်းအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ၆က/---- ကွန်တိန်နာထရပ်ယာဉ်အား အလုံမြို့နယ်၊ ကမ်းနားလမ်း
ပေါ်ရှိ အေးရှားဝေါလ်ဆိပ်ကမ်းဝင်းအတွင်း၌ ကုန်တင်/ချပြုလုပ်နေစဉ် ရှာဖွေတွေ့ရှိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ၀င်းကိုကို၊ (၂၆)နှစ်၊ (ဘ)ဦးလှဝင်း၊ (၇၀)ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ၀င်းကိုကိုအား လှည်းကူးမြို့မ
ရဲစခန်းယာဉ်(ပ)၂၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၇/၃၃၈/၂၀၂ ဖြင့် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ပါသည်။

ယာဉ်တိုက်မှုမှဒဏ်ရာရရှိခဲ့သော တသ အောင်ဗိုလ်ဗိုလ်ထွေးမှာ ရန်ကုန်
ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ယင်းနေ့ ၁၂၃၀ အချိန် သေဆုံးသွား
သဖြင့် အမှုအား ပြစ်မှုပုဒ်မ-၃၃၇/၃၃၈/၂၀၂ မှ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ သို့ ပြောင်းလဲစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


Ref: Yangon Police

လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာမှ ခိုးယူခဲ့တယ်ဆိုတဲ့ လှည်းကူးသားနှစ်ယောက်ကို ဖမ်းမိ

ရန်ကုန်၊ မတ် ၂၆

၂၃.၃.၂၀၁၄ရက်နေ့တွင် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်း
နှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် လှည်းကူးမြို့မရဲစခန်း
(ပ)၄၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၀ အမှုကိုကျူးလွန်ထားကြောင်းမသင်္ကာ သတင်းရရှိသူ ဆန်းလင်းထွန်း (၁၈)နှစ်၊ (ဘ)ဦးထွန်းမြင့်၊ မယ်ဇလီကုန်း
ကျေးရွာ၊ လှည်းကူးမြို့နယ်နေသူနှင့် တင်ကို (၁၉)နှစ်၊ (ဘ)ဦးတရုတ်၊ မြို့မရပ်ကွက်၊ လှည်းကူးမြို့နယ်နေသူတို့ (၂)ဦးအား ဖမ်းဆီးစစ်ဆေး
ခဲ့ပါသည်။




ထိုသို့ စစ်ဆေးဆောင်ရွက်ခဲ့ရာ ၎င်းတို့(၂)ဦးသည် အဆိုပါအမှုကို ကျူးလွန်ထားခြင်းမရှိသော်လည်း ၂၀၁၄ခုနှစ်၊ဖေဖော်ဝါရီလအတွင်းက လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာအရှေ့ပိုင်းရှိခြံတစ်ခြံအတွင်းမှ Pinwheel တံဆိပ်၊ HP.0.5 SINGLE CENTRIFUGAL အမျိုးအစား
ရေမော်တာပန့် အပြာရောင် အကြီး(၁)လုံးနှင့် အသေး(၁)လုံးတို့ကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

ယင်းသို့ ခိုးယူခဲ့ကြကြောင်းပေါ်ပေါက်သဖြင့် ဆန်းလင်းထွန်းနှင့် တင်ကိုတို့(၂)ဦးကို လှည်းကူးမြို့မ ရဲစခန်း (ပ)၁၂၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉/၅၄ဖြင့် အမှုဖွင့်ကာ သက်သေခံပစ္စည်းများပြန်လည် သိမ်းဆည်းပြီး ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Ref: Yangon Police

လှည်းကူးက မိဘများဝမ်းမြောက်ဖွယ်၊ ဓမ္မပူဇာအသင်းမှ ယဉ်ကျေးမှု့ သင်တန်းကျင်းပမည်။ ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ


Wednesday, 26 March 2014

စာတမ်းဖတ်ကြားမည့် စာတမ်းရှင်များ စာရင်းကို လှည်းကူးမြို့နယ်သမိုင်းပြုစုရေးအဖွဲ့မှ ယနေ့ထုတ်ပြန်



လှည်းကူးမြို့နယ်သမိုင်းအတွက် စာတမ်းဖတ်ကြားမည့် စာတမ်းရှင်များ စာရင်းကို လှည်းကူးမြို့နယ်သမိုင်းပြုစုရေးအဖွဲ့  ယနေ့ထုတ်ပြန်လိုက်ရာ စာတမ်းရှင်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

သဘာပတိ ဦးမြဟန်(မြန်မာ့သမိုင်းကော်မရှင်)


၁။ ဒေါက်တာရေ၀တာလင်္ကာရ 
 
ဥက္ကဌ၊လှည်းကူးမြို့နယ်သမိုင်းပြုစုရေးအဖွဲ့
အရှေ့ကျောင်း၊ မဟာဝိဇိတာရာမတိုက်၊ ပိုက်ကြီးဝဲရွာ၊ လှည်းကူးမြို့နယ်။
  
၂။ဦးပညာနန္ဒ(ရဝေရှင်)

၃။ ဒေါက်တာမျိုးသန့်တင်

၎။ ဒေါက်တာချစ်စံဝင်း

၅။ ဦးဘုန်းတင့်ကျော်

၆။ဦးခင်မောင်ရင် (မြို့နယ်သုတေသီ)

၇။ဦးသိန်းတန် (မြို့နယ်သုတေသီ)

၈။ဦးအောင်ငြိမ်းခန့် (မြို့နယ်သုတေသီ)

၉။ ဦးစည်သူ (မြို့နယ်သုတေသီ)

၁၀။ ပန်းချီခင်မောင်ဦး(မြို့နယ်သုတေသီ)

နှင့် ဓာတ်ပုံ မှတ်တမ်းအဖွဲ
့ တို့ ဖြစ်ပါတယ်။

Ref: HleguTsp

Tuesday, 25 March 2014

ဗဟန်းမြို့နယ်တွင် သြစတြေးလျနိုင်ငံသား၏ခရီးဆောင်အိတ် လုယက်ခံရ

ရန်ကုန်၊ မတ် ၂၄

၂၃.၃.၂၀၁၄ ရက်နေ့ ၁၂၀၀ အချိန် သြစတြေးလျနိုင်ငံသား
Mr. Kaan Peker ၊၃၂ နှစ် သည် ၎င်းနိုင်ငံသားအမျိုးသမီးအဖော်တစ်ဦးနှင့် အတူ ရန်ကုန်လေဆိပ်မှချက်ထရီယမ်ဟိုတယ်သို့ အငှားယာဉ်ဖြင့်လာခဲ့ရာ တာမွေမြို့နယ်၊ ဖိုးစိန်လမ်း၊ Crystal Inn ရှေ့သို့အရောက်တွင် အငှားယာဉ်ပေါ်မှဆင်းပြီး ချက်ထရီယမ်ဟိုတယ်သို့သွားရန်အတွက် ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းဘက်ခြမ်းသို့ကူးကာ လမ်းလျှောက်လာစဉ်
၎င်း၏ ၀ဲဘက်လက်တွင် ဆွဲထားသော အပြာရောင်ခရီးဆောင်အိတ်ကို ဆိုင်ကယ်စီးအမျိုးသား(၂)ဦးမှ လုယူမောင်းနှင်ထွက်ပြေးသွားခြင်
ခံခဲ့ရပါသည်။

ထိုသို့လုယူခံရသည့် Mr. Kaan Peker ၏ခရီးဆောင်အိတ်အတွင်း၌ ရှုးဖိနပ်(၁)ရံ၊ အမျိုးသမီးသုံး လက်ကိုင်ပိုက်ဆံအိတ်(၁)အိတ်နှင့် လက်ဆွဲအိတ်(၁)အိတ်၊ ရှပ်အင်္ကျီ(၃)ထည်၊ ဘောင်းဘီရှည် (၂)ထည်၊ လက်ပတ်နာရီ(၁)လုံးတို့ စုစုပေါင်းတန်ဘိုး သြစတြေးလျဒေါ်လာငွေ (၁၂၂၅၀)ခန့် (မြန်မာငွေကျပ်တန်ဘိုး ၁၁၀၂၅၀၀၀ခန့် ) ပါဆုံးသွားခဲ့ ပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ချက်ထရီယမ်ဟိုတယ် ဧည့်ကြိုဝန်ထမ်းဖြစ်သူ ဦးမျိုးမြင့်မှ စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့သဖြင့် ဗဟန်းမြို့မရဲစခန်း (ပ)၁၀၆/၂၀၁၄၊ ပုဒ်မ ၃၈၂ ဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။


Ref: Yangon Police