ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် သမီးလေးကျေးရွာနဲ့
အင်းမတီးကျေးရွာက လူနေအိမ်ခြေတစ်ရာလောက်ကို စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့
စည်ပင်အဖွဲ့တွေက ဒီနေ့မနက် ၄ နာရီလောက်က ဖျက်ဆီးလိုက်ပါတယ်။
လှည်းကူးမြို့နယ်အခြေစိုက် အမှတ် ၁၁ တပ်မဌာနချုပ် (ရဲမွန်) လက်အောက်ခံ
တပ်ရင်းတပ်ဖွဲ့ အခြေစိုက်နေရာတွေ မလွတ်ကင်းလို့ဆိုပြီး ဖယ်ပေးဖို့
အသိပေးထားပြီးဖြစ်ကြောင်း မဖယ်ရှားပေးသေးတဲ့အတွက်
ဝင်ရောက်ဖျက်ဆီးလိုက်တာဖြစ်ကြောင်း သိရပါတယ်။ နေအိမ်ဖျက်ဆီးခံရတဲ့
အင်းမတီးကျေးရွာနေ ဦးသောင်းဟန်က အခုလိုပြောပါတယ်။
“တပ်မ ၁၁ လက်အောက်ခံ ခလရ ၂၂၈ ခြေမြန်တပ်ရင်းတို့၊ တပ်ကြပ်ကြီး
သင်တန်းကျောင်းတို့၊ အားကစားသိပ္ပံကျောင်းတို့နဲ့ မလွတ်လို့ဆိုပြီးတော့
အတင်းအကြပ် ဖယ်ခိုင်းတာပေါ့၊ ဒီနေ့မနက် ၄ နာရီလောက်မှာပဲ အင်အား ၄ဝဝ
ဝန်းကျင်လောက်ပေါ့ ဝိုင်းပြီးဖျက်ကြတာပေါ့၊ အိမ်ကြီးအိမ်ဟောင်းတွေ၊
တိုက်အိမ်တွေ၊ သစ်သားအိမ်တွေတော့ ဘူဒိုဇာနဲ့ထိုးတယ်၊ ဘက်ဟိုးတွေနဲ့ကုတ်တယ်၊
ဒေသခံတောင်သူတွေကတော့ သူတို့အိမ်တွေ ပျက်သွားတယ်ဆိုပေမယ့်
လက်ရှိသူတို့ပျက်သွားတဲ့ နေရာမှာပဲ အကုန်လုံးကတော့ ဒီလိုပဲနေကြမှာပဲ၊
တခြားနေရာမှာ နေစရာမှမရှိတာ၊ ဖမ်းမယ်ဆိုရင်လည်း ဖမ်းခံရမှာပဲလေ”
လှည်ကူးမြို့နယ်က ကျေးရွာပေါင်း ၁၁ ရွာကို အမှတ် ၁၁ တပ်မဌာနချုပ်
(ရဲမွန်) က ပြီးခဲ့တဲ့ ၁၉၉၂ ခုနှစ်ကတည်းက တပ်နဲ့မလွတ်လို့ဆိုပြီး
ဖယ်ခိုင်းထားတာလို့လည်း သိရပါတယ်။
တချို့ကျေးရွာတွေက ပြောင်းရွှေ့ပြီးဖြစ်ပေမယ့် နှစ်ရွာပေါင်း အိမ်ခြေ ၁၀၀
ပတ်ဝန်းကျင်လောက်ရှိတဲ့ သမီးလေးနဲ့ အင်းမတီးကျေးရွာက
မပြောင်းရွှေ့တာကြောင့် အဖျက်ခံရတာလို့ သိရပါတယ်။ အဲ့ဒီကျေးရွာနှစ်ရွာကို
ဖေဖော်ဝါရီလ ၇ ရက်နေ့ နောက်ဆုံးထားဖျက်ပေးဖို့ အမှတ် ၁၁ တပ်မဌာနချုပ်
(ရဲမွန်)က ဇန်န၀ါရီလ နောက်ဆုံးအပတ်မှာ အသိပေးကြေငြာထားခဲ့တယ်လို့လည်း
သိရပါတယ်။
Ref: RFA News
mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Wednesday, 5 February 2014
ဂျာနယ် နေ့စဉ်သတင်းစာနှင့် fb တွင်ရေးသားဖော်ပြကြသောလှည်းကူးမြို့နယ် သမီးလေးကျေးရွာသတင်းအမှန်
လှည်းကူးမြို့နယ်စာဘူးတောင်းကျေးရွာအုပ်စုရှိသမီးလေးကျေးရွာအား ဇန်နဝါရီ ၂၈ တွင်ရွာလုံးကျွတ်ဖယ်ရှားပေးရန်
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးကဇန်နဝါရီ၂၇ တွင်အမိန့်စာထုတ်ခဲ့သည်မှာယခုအကြိမ်မှမဟုတ်ပါ။၁၃ကြိမ်ခန့်ရှိပြီဖြစ်ပါသည်။
ယနေ့ဖေဖော်ဝါရီ ၄ ရက်နေ့မနက်၎နာရီမှစ၍မြောက်ပိုက်းခရိုင် ၈ မြို့နယ်မှပြည့်သူ့ရဲတပ်ဖွဲ့မှ ကားအစီး ၂၅ စီးခန့်နှင့်အတူလှည်းကူးမြို့နယ်အတွင်းအုပ်ချုပ်ရေးမှုးအစီအစဉ်ဖြင့်အဖွဲ့မျာူခွဲကာရွာကိုဖျက်ရာ နေ့လည် ၁ နာရီခန့်တွင် ၃မိုင် ၆ဖာလုံခန့်ရှည်သောရွာတန်းတလျောက် ခြံစည်းရိုးတိုင် တဲ တိုက်အိမ် ကျောင်း အားလုံးဖျက်ဆီးခဲ့ကြသည်။
ယင်းနေရာတွင်၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲကာလကအိမ်ခြေ၁၅အိမ်ခန့်သာရှိပြီးလွန်ခဲ့သော၆ လခန့်ကအိမ်ခြေ၁၀၀အထိရှိလာပြီးယခုအိမ်ခြေ၃၀၀ကျော်အထိရှိလာသည်ကိုတွေ့ရသည်။ကျေးရွာအတွင်းမူလတန်းကျောင်း ဘုန်းကြီးကျောင်း ဆေးပေးခန်း မီးသတ် အုပ်ချုပ်မှုးရေးရုံးများအားမိမိသဘောဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီးလှည်းကူးမြို့အုပ်ချုပ်ရေးအောက်တွင်မရှိပါ။
အုပ်ချုပ်ရေးမှုးဦးမောင်တာမှအစရွာသူရွာသားများ၏သန်းခေါင်စာရင်းအရ ပဲခူးတိုင်းရှိ ညောင်အင်းကျေးရွာ သာယာကနြ်းကျေးရွာ အင်းတကော်ကျေးရွာမှအများစုဖြစ်ပြီး လှည်းကူးမြို့နှင့်ဧရာဝတီတိုင်းမှအချို့ဖြစ်သည်ကိုတွေ့ရသည်။ဘာဖြစ်လို့အဲ့ဒီလိုဖြစ်ရတာလဲ.....
အဓိကပဲခူးတွင်နေထိုင်သူဦးကျော်ကျော်ဆိုသူသည်ထိုနေရာတွင်မြေဧကအများဆုံးပိုင်ဆိုင်သူဖြစ်သည်။၎င်းမှအနီးနားမှရွာသားများအားစုစည်း၍နားလည်မှုယူကာနေခိုင်းပြီးမီးသတ် အုပ်ချုပ်ရေးမှုးအဖွဲ့ကိုလုပ်ဆောင်ပေးခြင်းဖြစ်သည်။ပြည်သူပိုင်မြေကိုဂရံမရှိ ချလန်မရှိ လက်ညိုးထိုးရောင်းသည်။ဝယ်တဲ့သူကလည်းဝယ်သည်။ဝယ်ယူသူများတွင်သူဋ္ဌေးအကြီးစားများပင်မကအငြိမ်းစားဒုတိယဗိုလ်မှုးကြီးများပင်ပါသေးသည်။ထိုင်းတွင်အလုပ်လုပ်နေသောမြန်မာပြည်ဖွားရှမ်းမတစ်ယောက်ဆိုလျင်သိန်းတစ်ထောင်အထိမြုတ်နှံထားသည်ကိုသိရသည်။
အချုပ်ဆိုရသော်
စစ်တုရင်စကားနဲ့ပြောရင်
လက်လုပ်လက်စားရွာသူရွာသား
တွေက နယ်ရုပ် ပမာဖြစ်ခဲ့ရပြီးထိုးကြွေးခံခဲ့ရတယ်။ဒိုင်းသဖွယ်ကာဗာလပ်ြခဲ့ကြတယ်။ဦးကျော်ကျေည်အပါအဝင်လက်ညိုးထိုးရောင်းတဲ့သူတချို့နှင့်အောက်ဈေးနှင့်ဝယ်သူများက ကင်းနဲ့ကွင်းပေါ့။တစ်ဧကနှစ်သောင်းသုံးသောင်းလောက်နဲ့ရင်းနှီးမြုတ်နှံနောက်သိန်းတစ်ရာနှစ်ရာလောက်အထိဈေးကစားခဲ့ကြတယ်။အတ္တလောဘတွေကြောင့်ပါပဲ။
၎င်းရွာသည်အမှတ် ၅ လေကြောင်းရန်ကာကွယ်ရေးဆက်သွယ်မှုတပ်ရင်း တပ်မတော်ကိုယ်ခံပညာနှင့်အားကစားသိပံ္ပကျောင်းစသည့်မြေထဲတွင်ပါဝင်သော်လည်းနိုင်ငံတော်ပိုင်မြေလုပ်၍တကယ်ဒုက္ခရောက်နေကြသောပြည်သူများကိုစီစစ်၍ရွာအဖြစ်တည်ပေးစေရန်အကြံပြုလိုပါသည်။
မိမိသည်မွေးကတည်းလှည်းကူးတွင်ကြီးပြင်း၍လှည်းကူးသားစစ်စစ်ဖြစ်ပါသည်။ထို့ကြောင့်သတင်းအမှားများမီဒီယာတွေကြားဖတ်ရသောကြောင့်လှည်းကူးသားတစ်ယောက်အနေနဲ့တင်ပြပြောဆိုခြင်းဖြစ်ပါသည်။
နောက်ထပ်ရွာတချို့ရှိပါသေးသည်။ကျွဲတဲကျေးရွာ အင်းပတီးကျေးရွာဝှီးဆဲနှင့်လက်ဆိုက်ကျေးရွာတွေလည်းထိုကဲ့သိုဖြစ်လာနိင်ြပါသည်။လှည်းကူးမြို့နယ်အုပ်ချုပ်ရေးအပိုင်းမှပြသနာမကြီးထွားခင်ဖြေရှင်ူရန်အကြံပြုပါသည်။
Ref: Si Thu

Tuesday, 4 February 2014
လှည်းကူး သမီးလေး နားမလည်နိုင်တော့ပါ။
နားမလည်နိုင်တော့ပါ
=============
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် စာဗူးတောင်းကျေးရွာအုပ်စု "သမီးကလေး" ကျေးရွာကို လုံထိန်းအင်အား ၊စွမ်းအားရှင်များနှင့် မီးသက်တပ်ဖွဲ့များအင်အားသုံး၍ ၄.၂.၂၀၁၄ နံနက် ၇ နာရီခန့်တွင် ၎င်းကျေးရွာအားတပ်မြေတွင်ကျုးေ ကျာ်သည်ဟုဆိုကာအကြမ်ဖက်
ဝင်ရောက်ဖျက်ဆီးခဲ့ရာမူလတပ် ပိုင်မြေ နှင့် သမီးကလေးကျေးရွာ(၃) မိုင်ခန်.ကွာဝေးကြောင်း မြေစာရင်းဦးစီးဌာနကမြေပုံပါ။
(Zay Yar)
Ref: Kyaw Swar Myint
=============
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် စာဗူးတောင်းကျေးရွာအုပ်စု "သမီးကလေး" ကျေးရွာကို လုံထိန်းအင်အား ၊စွမ်းအားရှင်များနှင့် မီးသက်တပ်ဖွဲ့များအင်အားသုံ
ဝင်ရောက်ဖျက်ဆီးခဲ့ရာမူလတပ်
(Zay Yar)
Ref: Kyaw Swar Myint
လှည်းကူးမှ သမီးလေးရဲ့ ရင်နင့်ဖွယ် ပုံရိပ်များ
ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံသားတွေအပေါ် စာနာစိတ်လေးများ
ထားနိုင်ကြမယ်ဆိုရင်....................
-------------------------------------------------------------------
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် စာဗူးတောင်းကျေးရွာအုပ်စု "သမီးကလေး" ကျေးရွာကို လုံထိန်းအင်အား ၊စွမ်းအားရှင်များနှင့် မီးသက်တပ်ဖွဲ့များအင်အားသုံး၍ ၄.၂.၂၀၁၄ နံနက် ၇ နာရီခန့်တွင် ၎င်းကျေးရွာအား တပ်မြေတွင်ကျုးကျော်သည်ဟုဆိုကာအကြမ်ဖက်
ဝင်ရောက်ဖျက်ဆီးနေလျှက်ရှိ၊ရွာသူရွာသားများမှာလည်း မိမိအိမ်ပေါ်
တွင်မနေရဲတော့သဖြင့်ဆီးနှင်းများတဖွဲဖွဲကျနေသည့်ကြားမှ မြင့်တွေ့
ရသည့်အတိုင်းလမ်းဘေးသို့ဆင်းနေရခြင်း ။
Ref: Kyaw Swar Myint
Photos by Zay Yar.

လှည်းကူးမှ သမီးလေး ဆန္ဒမပြဖြစ်တော့ပါ။
နိုင်ငံတော်အစိုးရရဲ့ပြုမူပုံသမီးလေးကျေးရွာသူ/သားကြောင့်ရွံ့ထိပ်လန့်
*****************************************************
အစိုးရ၏အင်အားသုံးဖြေရှင်းမှုကိုသမီးလေးရွာသားများအလွန်ကြောက်
ရွံ့တုံလှုပ်ပြီးအိမ်ယာဖျက်သိမ်မှုကိုနစ်နာကြေးတောင်းဆိုရန်ပင်မဝံ့ရဲ
တော့ကြောင်းထိုကြောင့်မှုလကစီစဉ်ခဲသောသပိတ်စခန်းပြုလုပ်ရန်မဝံ့
တော့ကြောင်း၊ဒါကြောင်မှုလကစီစဉ်ခဲ့သောဆန္ဒထုတ်ဖော်မှုအစီအစဉ်
ဖျက်သိမ်းလိုက်ကြောင်းmdcfအဖွဲမှပြောကြားခဲ့သည်။
ကျော်လွင် 3:53 pm
ဒိီမိုကရေစနစ်ဆိုတာမိမိသဘောပင်ဖြစ်ကြောင်းမိမိကိုယ်တိုင်ဆုံးဖြတ်နိုင်ပါကြောင်းရေးသား
တင်ဆက်လိုက်ပါတယ်။
Ref: Kyaw Lwin

လှည်းကူးမှ ကား၊ လှည်းကူးမှ ဆိုက်ကား၊ လှည်းကူးမှ ဆိုင်ကယ်၊ လှည်းကူးမှ လူ နဲ့ လှည်းကူးမှ တာဝန်ရှိသူတွေ
ဖြစ်စဉ်များကို ကြားဖြတ်ကြည့်လျှင်...
တိုင်းပြည်တွင် မည်သည့်ကိစ္စမျှ ဖြေရှင်းမရနိုင်ပါ......လှည်းကူး(၁)
မနေ့က လှည်းကူး-ဖောင်ကြီး-မင်းကုန်း၊ လှည်းကူး-သင်္ဃန်းကျွန်း၊ လှည်းကူး-ငါးဆူတောင်၊ လှည်းကူး-ဘုရင့်နောင်၊ ယာဉ်လိုင်းများ ရပ်နားရန် အခက်အခဲဖြစ်နေကြကြောင်းကြားသိရသ ည်။
၎င်းယာဉ်များ၏ လမ်းကြောင်းအမှန်က ဘယ်ကနေဘယ်အထိလဲ?
ဈေးယာဉ်ရပ်နားကွင်းက ဘယ်အတွက် ရပ်မရတော့သလဲ?
လမ်းမပေါ် လိုင်းကားများက ယာဉ်တစ်ထပ်ရပ်ပြီး လမ်းအတွက် အခက်အခဲဖြစ်စေသလား?
မြို့အတွက် ကားတွေ ရှုပ်ထွေးလို့ ထွက်မည့်ကားဘဲ ဈေးမှာ လာရပ်ဖို့ စီစဉ်တယ် ကြားတယ်..
ဖောင်ကြီးလမ်းဖက်က ကားတွေကို ဘောလုံးကွင်းဘက်မှာ/ ရန်ကုန်ဘက်က ကားတွေကို အောင်ဆန်းစံပြဘက်မှာ ရပ်နားဖို့ နေရာစီစဉ်တယ်တဲ့...
ဒီကနေ့ အဲဒီကားလိုင်းတွေ တံတားပေါ်မှာ ရပ်ထားကြပြီး ခရီးသည်တွေကို မပို့နိုင်ကြတော့ ဆိုင်ကယ်သမားတွေက ကားသမားတွေ မထွက်ဘူး ဆိုပြီး... ခရီးသည်ခေါ်နေကြလေရဲ့......။
မြို့ကို သပ်သပ်ရပ်ရပ်နဲ့ တိုးတက်စေခြင်းစမ်းပါဘိ..
ဆိုင်ကယ်တွေက ဆိုက်ကားတွေလို လိုင်စင်နဲ့ ဆွဲတာမဟုတ်.. ဆိုက်ကားသမားတွေက နိမ့်ကျလို့ ပြောပေးမည့်သူမရှိလို့ သူတို့အခွင့်အရေး ထိပါးတာ မသိချင်ယောင်ဆောင်နေ ကြလေသလား....
ဆိုက်ကားမှာလည်း လိုင်စင်နဲ့ရယ်...(..........လိုင်စင်နဲ့ရယ်) လိုင်စင်မဲ့ရယ်... စုံနေတယ်..။
ဆိုင်ကား/ဆိုင်ကယ်ကို ခရီးနဲ့ အနီးအဝေးပေါ်မူတည်ပြီး ခွဲခြားပေးသင့်ပါတယ်.....။
Ref: Hlegu Tsp
တိုင်းပြည်တွင် မည်သည့်ကိစ္စမျှ ဖြေရှင်းမရနိုင်ပါ......လှည်းကူ
မနေ့က လှည်းကူး-ဖောင်ကြီး-မင်းကုန်း၊ လှည်းကူး-သင်္ဃန်းကျွန်း၊ လှည်းကူး-ငါးဆူတောင်၊ လှည်းကူး-ဘုရင့်နောင်၊ ယာဉ်လိုင်းများ ရပ်နားရန် အခက်အခဲဖြစ်နေကြကြောင်းကြားသိရသ
၎င်းယာဉ်များ၏ လမ်းကြောင်းအမှန်က ဘယ်ကနေဘယ်အထိလဲ?
ဈေးယာဉ်ရပ်နားကွင်းက ဘယ်အတွက် ရပ်မရတော့သလဲ?
လမ်းမပေါ် လိုင်းကားများက ယာဉ်တစ်ထပ်ရပ်ပြီး လမ်းအတွက် အခက်အခဲဖြစ်စေသလား?
မြို့အတွက် ကားတွေ ရှုပ်ထွေးလို့ ထွက်မည့်ကားဘဲ ဈေးမှာ လာရပ်ဖို့ စီစဉ်တယ် ကြားတယ်..
ဖောင်ကြီးလမ်းဖက်က ကားတွေကို ဘောလုံးကွင်းဘက်မှာ/ ရန်ကုန်ဘက်က ကားတွေကို အောင်ဆန်းစံပြဘက်မှာ ရပ်နားဖို့ နေရာစီစဉ်တယ်တဲ့...
ဒီကနေ့ အဲဒီကားလိုင်းတွေ တံတားပေါ်မှာ ရပ်ထားကြပြီး ခရီးသည်တွေကို မပို့နိုင်ကြတော့ ဆိုင်ကယ်သမားတွေက ကားသမားတွေ မထွက်ဘူး ဆိုပြီး... ခရီးသည်ခေါ်နေကြလေရဲ့......။
မြို့ကို သပ်သပ်ရပ်ရပ်နဲ့ တိုးတက်စေခြင်းစမ်းပါဘိ..
ဆိုင်ကယ်တွေက ဆိုက်ကားတွေလို လိုင်စင်နဲ့ ဆွဲတာမဟုတ်.. ဆိုက်ကားသမားတွေက နိမ့်ကျလို့ ပြောပေးမည့်သူမရှိလို့ သူတို့အခွင့်အရေး ထိပါးတာ မသိချင်ယောင်ဆောင်နေ ကြလေသလား....
ဆိုက်ကားမှာလည်း လိုင်စင်နဲ့ရယ်...(..........လိ
ဆိုင်ကား/ဆိုင်ကယ်ကို ခရီးနဲ့ အနီးအဝေးပေါ်မူတည်ပြီး ခွဲခြားပေးသင့်ပါတယ်.....။
Ref: Hlegu Tsp
Subscribe to:
Posts (Atom)