Friday, 9 August 2013

၈၈၈၈ ငွေရတု ကိုမင်းကိုနိုင်မိန့်ခွန်း (၁)

Ref:DVB TV NEWS

၈၈၈၈ ငွေရတု ကိုမင်းကိုနိုင်မိန့်ခွန်း (၂)

Ref: DVB TV NEWS

လှည်းကူးမြို့နယ် ၀ါးနက်ကုန်းရွာရှိ လယ်မြေအချို့တွင် ရေညစ်ညမ်းမှုကြောင့် ကောက်စိုက်သူများတွင် ယားနာများ ဆိုးရွားစွာဖြစ်ပေါ်

လှည်းကူးမြို့နယ်၊ ၀ါးနက်ကုန်းကျေးရွာရှိ စပါးစိုက်ရာ လယ်မြေအချို့တွင် ယခုလအတွင်း လယ်အတွင်းရှိ ရေညစ်ညမ်း မှုများကြောင့် ကောက်စိုက်သမများ၏ လက်နှင့်ခြေထောက်များတွင် ယားနာများဆိုးရွားစွာ ဖြစ်ပေါ်လျက် ရှိကြောင်း အဆိုပါ ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ရေညစ်ညမ်းရခြင်း အကြောင်းရင်းမှာ အနီးရှိ ငမိုးရိပ်ဆည်မြောင်းမှ ရေပေးဝေသော်လည်း ရေထွက် ရေနုတ်မြောင်းမှာ ပိတ်နေခြင်းကြောင့် လယ်ထဲရှိ နွေရေ၊ မိုးရေမှာ ကာလကြာမြင့်သည့်အခါ ရေများမှာ စီးဆင်းမှု မရှိသောကြောင့် ရေညစ်ညမ်းရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုမှတစ်ဆင့် ရေညစ်ညမ်းသော လယ်မြေများတွင် ဒေသခေါ် ခရုယားများမှာ အများအပြား ပွားလာခြင်းကြောင့် ကောက်စိုက်သူများ၏ ရေထိများသော လက်နှင့်ခြေထောက်များတွင် ယားနာများ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ ယခင်နှစ်များက ယင်းသို့ ဖြစ်ပွားမှု မရှိကြောင်း လယ်သမား တစ်ဦးဖြစ်သူ ဦးထွန်းလင်း၏ ပြောကြားချက်အရ သိရသည်။

ယင်းကဲ့သို့ ရေထွက်မြောင်း တူးရန်အတွက် ဆည်မြောင်းမှ မြေတူးစက် ချပေးသော်လည်း မြေတူးစက် မောင်းသူများမှာ လာရောက်တူးသော နေ့တွင်ပင် အနည်းငယ်သာ တူးဖော်ပြီး မြေတူးစက် ပျက်သွားသည်ဟု ဆိုကာ ပြန်သယ်သွားကြောင်း သိရှိပြီး ယခုချိန်ထိ လာရောက်တူးခြင်း မရှိကြောင်း ဒေသခံ လယ်သမားများ၏ ပြောကြားချက်အရ သိရသည်။

''ပြီးခဲ့တဲ့ လပိုင်းကတော့ ဆည်မြောင်းက ရေထွက်မြောင်း တူးပေးမယ်ဆိုပြီး မြေတူး စက် တစ်စီးပေးတယ်။ စက်ဆီဖိုးကိုတော့ လယ်သမားတွေ ပေးပါဆိုတော့ လယ်သမားတွေ စုပေါင်းပြီး ဆီဂါလန် ၅၀ ထည့်ပေးလိုက်တယ်။ မြေတူးစက် ရောက်တဲ့နေ့မှာပဲ အချိန်ငါးနာရီပဲ တူးရသေးတယ်။ စက်ပျက်သွားလို့ဆိုပြီး တူးတဲ့နေ့မှာ ပြန်သယ်သွားတယ်။ တူးတဲ့အချိန်က ငါးနာရီဆိုတော့ ခန့်မှန်းချိန် ဆီက ဂါလန် ၂၀ ပဲ ကုန်ပါတယ်။ မြေတူးစက်ပြင် ပြီးတော့လည်း လာမတူးသလို ပိုတဲ့ဆီတွေလည်း ပြန်မပေးတော့ဘူး။ အခုတူးပြီးသား နေရာမှာက ရေထွက်မြောင်းကို ပိတ်ထားသလို ဖြစ်နေတဲ့အတွက် ရေတွေက မဆင်းတော့ပါဘူး'' ဟု တောင်သူ ဦးကြင်စောင်က ပြောပြသည်။

ထိုသို့ ညစ်ညမ်းသော လယ်မြေများတွင် ကောက်စိုက်သူများမှာ ရေနှင့်ထိတွေ့မှု အများဆုံးဖြစ်သည့် လက်နှင့် ခြေထောက်များတွင် ယားဖုများဖြစ်ခြင်း၊ ပြည်တည်အနာများ ဖြစ်ခြင်း၊ အနာများမှ ရောင်ရမ်းကိုက်ခဲခြင်းနှင့် ကိုယ်ပူခြင်းများကိုပါ ခံစားရကြောင်း ယင်းသို့ ခံစားရသော်လည်း ငွေကြေး မတတ်နိုင်မှုကြောင့် ဆေးခန်းမပြနိုင်ဘဲ နီးစပ်ရာ ဆေးမြီးတိုများဖြင့်သာ ကုသနေကြကြောင်း ဒေသခံ ကောက်စိုက်သူများ၏ ပြောကြားချက်အရ သိရသည်။

''ဒေသအခေါ်ကတော့ ခရုယား ယားနာပေါ့။ လယ်ထဲဆင်းတာနဲ့ အသားက ဆတ်ခနဲ ဖြစ်သွားတာ။ ခဏကြာတော့ ထုံပြီး ယားလာတယ်။ ဆပ်ပြာနဲ့ ဆေးလည်း ယားတာတွေက မပျောက်ဘူး။ လက်တွေ၊ ခြေတွေနဲ့ ရေထိတဲ့ နေရာမှန်သမျှ ယားနာလို အပိမ့်ပိမ့်တွေ ထွက်တော့တာပဲ'' ဟု ယားနာခံစား နေရသူ မခင်ထွေးက ဆိုသည်။

Ref: http://news-eleven.com/local/mandalay-news-and-local/21977

၈၈၈၈ ငွေရတုပွဲမှ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း- ၁

၈၈၈၈ ငွေရတုပွဲမှ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း- ၂

ရှစ်လေးလုံးငွေရတု ပွဲမှ မေမေစုမိန့် ခွန်း ၁ ဒေါ်အောင်ဆန်းစုကြည် ၈၈အရေးတော်ပုံ ငွေရတု ပထမပိုင်း Daw Aung San Su Kyi Commemorative Speech on 8888 Silver Jubilee part1 ပြန်လည်မျှဝေပါတယ်။ 8.8.2013 ဗွီဒီယို ကိုဌေးတင့်

လှည်းကူးမှာ ဖမ်းလိုက်တဲ့ ကျွန်းတင်လာတဲ့ကား

ရန်ကုန်၊ သြဂုတ် ၈

၇.၈.၂၀၁၃ ရက်နေ့ ၀၇၄၅ အချိန် မှော်ဘီမြို့နယ်၊ သစ်တောဦးစီးဌာနမှ
တောအုပ်ဦးသန်းဇော်ဦး နှင့်အဖွဲ့သည် မှော်ဘီမြို့နယ် (၄)လမ်းဆုံ၊ သစ်တောဂိတ်၌တာဝန်ထမ်းဆောင်နေချိန် ၄က/----၊တိုယိုတာမတ်တူး မီးခိုးရောင်ယာဉ်မှာတိုက်ကြီးဘက်မှ ထောက်ကြန့်ဘက်သို
့မောင်းနှင်လာစဉ် ဂိတ်၌ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွား
သဖြင့် မသင်္ကာ၍လိုက်လံဖမ်းဆီးခဲ့ရာ လှည်းကူးမြို့နယ်၊ မလစ်ကျေးရွာ အမှတ်(၇)လမ်း၊ မိုင်တိုင်အမှတ် (၇/၄)အရောက်တွင် ၎င်းယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲလမ်းဘေး သို့ထိုးကျရာမှ လမ်းဘေးတဲအားတိုက်မိရပ်သွားခဲ့ပါသည်

အဆိုပါယာဉ်အားစစ်ဆေးခဲ့ရာ ယာဉ်မောင်းမှာစန်းလွင်(ဘ)ဦးသိန်းလွင်၊ ဥက္ကံမြို့နှင့် အတူပါသူ အေးမင်းစိုး(ဘ)ဦးမြင့်စိုး၊ ဥက္ကံမြို့နေသူတို့အား ယာဉ်အတွင်းမှကျွန်းခွဲသား အပိုင်းအစဆိုဒ်စုံ (၂၁၈) ချောင်း၊
(၀.၄၁၂)တန်၊ တန်ဘိုးငွေကျပ်(၅)သိန်းခန့်နှင့်အတူတွေ့ရှိ
သိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါဖမ်းဆီးရမိသည့် သစ်များနှင့်ပတ်သက်၍ ယာဉ်မောင်းစန်းလွင်၊
အေးမင်းစိုးနှင့် သစ်ပိုင်ရှင် တို့အားအရေးယူပေးပါရန် တောအုပ်
ဦးသန်းဇော်ဦးမှတိုင်ကြားခဲ့သဖြင့် ဒါးပိန်နယ်မြေရဲစခန်း (ပ)၇၇/၂၀၁၃၊ သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့်အရေးယူထားရှိကြောင်းသတင်း ရရှိပါသည်။


Ref: https://www.facebook.com/yangonpolice

Wednesday, 7 August 2013

ဖောင်ကြီး (လှည်းကူး) မှာ ယောဂီဥပုသ်သည်များအား ဆဲဆိုကြိမ်းမောင်းသဖြင့် အရေးယူ

ရန်ကုန်၊ သြဂုတ် ၇

၆.၈.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန်ခန့်တွင် ဒဂုံတောင်မြို့နယ်၊ (၂၆)ရပ်ကွက်နေ ဦးထိန်မင်းသည် မိတ်ဆွေယောဂီများနှင့်အတူ ဥပုသ်သီလဆောက်တည်ရန်အတွက် လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်း အုပ်စု၊ ၀ါးတာကျေးရွာအနီးရှိ လှည်းကူးစမ်းဓမ္မတောရကျောင်းသို့ သွားရောက်ခဲ့ကြပါသည်။

ထိုသို့သွားရောက်စဉ် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၂၅/၂ အနီးအရောက် ကားပေါ်မှဆင်း၍ လမ်းလျှောက်ခဲ့ကြရာ ဆံရှည်(ခ)အောင်ကျော်လင်း(စုံစမ်းဆဲ) ဆိုသူမှ ဦးထိန်မင်းနှင့်
ယောဂီဥပုသ်သည်များအား ညစ်ညမ်းစွာဆဲဆိုကြိမ်းမောင်း
ခဲ့သောကြောင့် အရေးယူပေးပါရန် ဦးထိန်မင်းမှတိုင်တန်းခဲ့သဖြင်
ဖောင်ကြီး နယ်မြေရဲစခန်း (ပ)၈၄/၂၀၁၃၊ ပုဒ်မ ၂၉၄/၂၉၅/၅၀၆ ဖြင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။


Ref: Yangon Police