mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Tuesday, 11 June 2013
မလေးရှားတွင် အကြမ်းဖက် တိုက်ခိုက်ခံရ၍ ဆေးရုံတက်နေရသူများနှင့် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအတွက်
မလေးရှားနိုင်ငံတွင်
မေ ၃၀ ရက်မှစ၍ ဖြစ်ပွားလျက်ရှိသော မလေးရှားရောက် မြန်မာအလုပ်သမားများ
အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံရမှုတွင် ထိခိုက်ဒဏ်ရာရရှိပြီး
ဆေးရုံတက်ရောက်နေသူများနှင့် အခက်အခဲ တွေ့နေသူများအတွက် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ
ဦးအောင်ကိုဝင်းက ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ ငါးသောင်းအား မလေးရှား
နိုင်ငံရှိ ကပုန်း နာရေးကူညီမှုအသင်းသို့ Eleven Media Group မှတစ်ဆင့် ဇွန်
၁၁ ရက်နေ့တွင် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ငွေသားလှူဒါန်းမှုများအပြင် MAI လေကြောင်းလိုင်း အနေဖြင့်လည်း မြန်မာနိုင်ငံသို့ ပြန်လာလိုသူ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများအား ဇွန် ၁၂ ရက်မှစ၍ တစ်လတိတိကို လေယာဉ်လက်မှတ်ခ ရာခိုင်နှုန်း ၅၀ လျော့ချပေးမည် ဖြစ်ကြောင်း သိရသည်။
ယခု လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ငါးသောင်းမှာ ကနဦး လှူဒါန်းခြင်းသာ ဖြစ်ကြောင်းနှင့် လိုအပ်ပါက ဆက်လက်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အခက်အခဲများ ကြုံတွေ့ပါက မလေးရှားနိုင်ငံရှိ ကပုန်းနာရေး ကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်း၊ ဖုန်း- + ၆၀၁၆၆ ၅၇၇ ၉၀၃၊ + ၆၀၁ ၉၃၉၉ ၃၇၆၃ များသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါသည်။
Ref: http://www.first-11.com/
မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာလိုသူ မြန်မာအလုပ်သမားများအတွက် မက်စ်မြန်မာ ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်က လေယာဉ်လက်မှတ်ခ လူဦးရေ ၁၀၀၀ စာ အခမဲ့ လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လက်တလော၌ မလေးရှားတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှုများကြောင့် အပါအ၀င် အခက်အခဲ ကြုံနေရသော မြန်မာနိုင်ငံသားများအတွက် လိုအပ်သည်များ ကူညီပေးနိုင်ရန် ဧရာဝတီ ဖောင်ဒေးရှင်းမှ အမှုဆောင်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ယနေ့ (ဇွန် ၁၁ ရက်) တွင် မလေးရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ကုသမှု ခံနေရသူများ အတွက် မက်စ်မြန်မာဥက္ကဋ္ဌက အမေရိကန်ဒေါ်လာ နှစ်သောင်းကို ဇွန် ၁၁ ရက်တွင် မလေးရှားနိုင်ငံရှိ ကပုန်းနာရေး ကူညီမှုအသင်းသို့ Eleven Media Group မှတစ်ဆင့် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
Ref: http://www.first-11.com

Saturday, 8 June 2013
ဆရာကြီး ဦးဝင်းကြိုင် ကွယ်လွန်အနိစ္စရောက်ခြင်း
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊ မြန်မာစာပေဌာန၏ ပါမောက္ခ (အငြိမ်းစား) ဆရာကြီး ဦးဝင်းကြိုင် သည် (၈.၆.၂၀၁၃)စနေနေ့ နံနက် (၉)နာရီတွင် ကွယ်လွန်အနိစ္စရောက်သွားကြောင်း သိရပါသည်။
”စာပေ၀တ္ထု၊ ရတုကဗျာ၊ လင်္ကာပန်းမိုး၊ ရွာသွန်းဖြိုးလျက်၊ အမျိုး၏ဂုဏ်၊ ဇာတိဂုဏ်၊ စာပေဂုဏ်ကို မြင့်တင်မည်” ဆိုတဲ့ ဆရာကြီး ဦးဝင်းကြိုင် ကောင်းရာသုဂတိလားပါစေ။
Ref: http://www.facebook.com/groups/SPSUYGN/
Wednesday, 5 June 2013
မေတ္တာရှင်ပရဟိတ စံပြဆုရှင်များ (သို့မဟုတ်) လောဘသုံးမျိုးကို စွန့်ရဲသူများ/ နာရေး ကူညီမှုအသင်း(ရန်ကုန်)
၁၃၇၅
ခုနှစ်၊ ကဆုန်လပြည့်ကျော် (၅) ရက်၊ ၂၉.၅.၂ဝ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်း၊
လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာ “မေတ္တာပရဟိတဂေဟာ” ၌ အ.ထ.က
ကျောင်းခွဲ၊ မေတ္တာပန်း နှစ်ထပ်ကျောင်းဆောင်သစ်
လွှဲပြောင်းရေစက်ချအခမ်းအနားနှင့် အရှင်ဇဝန ဓမ္မကထိက ဗဟုဇနဟိတဓရ
(မေတ္တာရှင်ရွှေပြည်သာ) မှချီးမြှင့်ဂုဏ်ပြုသည့် “မေတ္တာရှင်ပရဟိတ စံပြဆု”
ပေးအပ်ခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအား နံနက် (၉းဝဝ) နာရီအချိန်တွင် စတင်ခဲ့ပြီး မေတ္တာရှင်ပရဟိတ စံပြဆုရှင် (၁ဝ) ဦးတို့အား မေတ္တာရှင်ဆရာတော်မှ ရွေးချယ်ဂုဏ်ပြုခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင် (စာရေးဆရာမ)၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် ဒေါ်မြရှင် (မဇ္ဈိမ သံဃာမာတာ)၊ ဆရာချစ်စံဝင်း (စာရေးဆရာ)၊ ဒေါ်ခင်ခင်ရီ (OG Specialist)၊ ဒေါ်ဖြူဖြူသင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ်)၊ ဦးအောင်မြင့်၊ ဦးတင်မောင်အေး(ခ)ဦးငယ်လေး (မေတ္တာပန်း နှစ်ထပ်ကျောင်းဆောင်သစ် အလှူရှင်)၊ ဒေါ်နန်းကြည်အောင်(ခ)မနန်း (မေတ္တာပန်း နှစ်ထပ်ကျောင်းဆောင်သစ် အလှူရှင်)တို့မှ ရရှိခဲ့ပြီး မေတ္တာရှင်ဆရာတော်မှ “မေတ္တာရှင် ပရဟိတစံပြဆု” ချီးမြှင့်ခံရသူများတို့သည် “လောကတွင် သူတော်ကောင်းတွေများလာရင် လူသားတွေ စိတ်ချမ်းသာရတယ်၊ မသူတော်တွေများလာ ရင် လူသားတွေ စိတ်ဆင်းရဲရကြောင်း၊ သူတော်ကောင်းတွေ များများရှိဖို့အတွက် လူသားတိုင်းမှာ တာဝန် ရှိကြောင်း၊ မိမိကိုယ်တိုင် သူတော်ကောင်းဖြစ်အောင် ကြိုးစားရုံဖြင့် မလုံလောက်သေးကြောင်း၊ မိမိဘေး ပတ်ဝန်းကျင်ကို သူတော်ကောင်းဖြစ်အောင် ကြိုးစားသင့်ကြောင်း၊ ဆရာတော်လည်း ကိုယ့်ကိုယ်ကို သူတော်ကောင်းဖြစ်အောင် ကြိုးစားပါကြောင်း၊ ထို့ကြောင့် မိမိပတ်ဝန်းကျင် လူသားတွေပါ သူတော် ကောင်းဖြစ်စေချင်လို့ အခုလို “မေတ္တာရှင်ပရဟိတ စံပြဆု” ကို ယခုနှစ်မှစပြီး ပေးအပ်ခဲ့ကြောင်း” ဆုပေး ရခြင်းဖြစ်ကြောင်း၊ ကိုယ်ကျိုးစွန့်၊ အများအကျိုးအတွက် လုပ်ဆောင်သောကျင့်စဉ်သည် ဘုရားရှင်၏ ကျင့်စဉ်ဖြစ်ကြောင်း၊ ဘုရားရှင်၏ကျင့်စဉ်အတိုင်း လူမှုရေးပရဟိတ အလုပ်များအား လောဘသုံးမျိုး စွန့်ကာ (လှူဖွယ်ဝတ္ထု၌ တပ်မက်သောလောဘ၊ နောက်ဘဝချမ်းသာချင်သောလောဘ၊ နာမည်ကြီး ချင်သောလောဘ) လုပ်ဆောင်ခဲ့သူများဖြစ်ကြသည့်အတွက် ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် စံပြဆုရရှိသူများအား ဆရာတော်မှ ဆုအသီးသီးချီးမြှင့်ပေးအပ်ခဲ့ရာတွင် နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည် လူမှုရေးဟောပြောပွဲများဖြင့် အထက်မြန်မာပြည်သို့ ခရီးလွန်နေသည့်အတွက် အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ ကိုယ်စား လက်ခံရယူခဲ့သည်။ ဆုရရှိသူ ဦးကျော်သူကိုယ်စား နာရေး ကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ “မိမိသည် ရွှေဥမင်တရားစခန်းသို့ ရောက်ရှိနေတဲ့အတွက် အခမ်းအနားတက်ဖို့ အစီအစဉ်မရှိပါဘူး။ ကိုကျော်သူ ပရဟိတဟောပြောပွဲခရီးမှ ပြန်မရောက်သေး၍ တရားစခန်းမှာ ဆရာတော်ကိုခွင့်တောင်းပြီး လာခြင်းဖြစ်ကြောင်း၊ ယခင်က ကျေးဇူးတင်စကားကို ဦးကျော်သူပြောပေးပါရန် ခွင့်တောင်းထားသည့်အတွက် ကိုကျော်သူမရှိ၍ မိမိမှ ကျေးဇူးတင်စကား ပြောခြင်းဖြစ်ကြောင်း၊ ကိုကျော်သူက ယခုရရှိသောဆုသည် သူအရင်ကရရှိခဲ့တဲ့ ဆုများထက် အမြင့်မြတ်ဆုံးဆုဟု ပြောခဲ့ပါကြောင်း၊ မြတ်စွာဘုရားရှင်၏ စကားအတိုင်း ဗုဒ္ဓဘုရား၏ သားတော်ဖြစ်တဲ့ သံဃာတော်မှချီးမြှင့်တဲ့ ဆုဟာ အမြင့်မြတ်ဆုံးပါဖြစ်ကြောင်း၊ မြန်မာပြည်ထဲမှာ ဒီလိုဆုပေးတာဟာ အင်မ တန်မှရှားပါကြောင်း၊ ဆက်လက်ပြီးမှာလိုက်တာက သူဟာ ဒီလိုဆုတွေကို မျှော်ကိုးပြီး လူမှုရေးတွေ လုပ်ခဲ့ တာမဟုတ်ပါဘူး။
ဒီလိုအသိအမှတ်ပြုခံရတာလည်း တကယ်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အများအမြင် မှာ ပရဟိတအလုပ်ကို တခြားဘာသာဝင်တွေရဲ့ အလုပ်ဟုထင်နေခြင်းကို ဆရာတော်မှ ပရဟိတကို မြတ်စွာဘုရား ကိုယ်တော်တိုင်ရဲ့ အဆုံးအမပါဟု မြန်မာဗုဒ္ဓဘာသာရဲ့အမြင်ကိုမြင်အောင် လက်တွေ့ လုပ်ပြခဲ့တဲ့အတွက် ဆရာတော်ကို တပည့်တော်မ ကျေးဇူးအထူးတင်ပါကြောင်း” ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး “မေတ္တာရှင်ပရဟိတစံပြဆု” ဆုရှင်တစ်ဦးဖြစ်သူ ဦးချစ်စံဝင်းမှ ကျေးဇူးတင်စကားပြော ကြားခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဦးခိုင်မိုရ်မင်း + ဒေါ်ခိုင်ဇာလင်း သားမောင်အောင်ခန့် မြတ်တို့မှ အလှူငွေ (၅) သိန်းကျပ်တိတိအား လှူဒါန်းပေးအပ်ခဲ့ရာ ဒေါ်မြင့်မြင့်ခင်ဖေမှ လက်ခံရယူ ခဲ့သည်။
ထို့နောက် အ.ထ.က ကျောင်းခွဲ၊ မေတ္တာပန်း နှစ်ထပ်ကျောင်းဆောင်သစ် အဆောက်အဦးနှင့် ပရိဘောဂများအား ပညာရေးဝန်ကြီးဌာသို့ အလှူရှင် ဦးတင်မောင်အေး (ခ) ဦးငယ်လေး + ဒေါ်နန်းကြည် အောင် (ခ) မနန်း တို့မှ လွှဲပြောင်းပေးအပ်ခဲ့ခြင်းအား ပညာရေးမှူးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကြွရောက်လာကြသော သံဃာတော်များတို့အား သင်္ကန်းပရိက္ခရာများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် နှစ်ထပ် ကျောင်းဆောင်သစ် လှူဒါန်းမှုအား ရေစက်ချ အမျှပေးဝေခဲ့သည်။ ယင်းနောက် အ.ထ.က ကျောင်းခွဲ၊ မေတ္တာပန်း နှစ်ထပ်ကျောင်းဆောင်သစ်အား မေတ္တာရှင်ဆရာတော်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စာသင် ဆောင်များအား တက်ရောက်လာကြသော ဧည့်သည်တော်များတို့မှ လိုက်လံကြည့်ရှု လေ့လာခဲ့ကြပြီး အခမ်းအနားအား စည်ကားသိုက်မြိုက် အောင်မြင်စွာပြီးဆုံးခဲ့သည်။ အပြန်ခရီးတွင် “မေတ္တာပရဟိတ ဂေဟာ”ရှိ အဘိုးအဘွားများထံသို့ သွားရောက်၍ အားပေးစကားများ အသီးသီးပြောကြားခဲ့ပြီး နာရေး ကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ မြောက်ဒဂုံသို့ ခရီးဆက်ခဲ့တော့သည်။
နာရေး ကူညီမှုအသင်း(ရန်ကုန်)

Tuesday, 4 June 2013
ကျွဲနွားစားကျက်မြေတွေကို ခြံခတ်သိမ်းယူထားတာကြောင့် လယ်သမားတွေ နွားကျောင်းဖို့ အခက်အခဲ ဖြစ်နေကြတဲ့ လှည်းကူးမြို.နယ် စာဗူးတောင်းကျေးရွာအုပ်စု (ဗီဒီယို)
Ref: http://www.facebook.com/photo.php?v=492337620832893
Sunday, 2 June 2013
လှည်းကူးမှာ ဖခင်မောင်းနှင်သည့်ဆိုင်ကယ်ပေါ်မှ ၄နှစ်သားကလေးငယ်ပြုတ်ကျ ကားနင်းမိသေဆုံး
၁.၆.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးကားလမ်းတွင် လှည်းကူးမြို့နယ်၊
ညောင်ကုန်းကျေးရွာနေ သိန်းအောင်၊(ဘ)ဦးအောင်သိုင်း သည် သားဖြစ်သူ ပြည့်စုံဖြိုး၊(၄)နှစ်အား ဆိုင်ကယ်ရှေ့၎င်း၏
ရင်ခွင်အတွင်းထား၍ စီးနင်းလာစဉ် ရဲထွန်း(ဘ)ဦးရာသောင်းမောင်းနှင် လာသော န/၁၁၅၂ TE ယာဉ်သည် ၀ဲဘက်မှ
ကျော်တက်စဉ် သိန်းအောင် စီးနင်းသည့်ဆိုင်ကယ်မှာ ယာဉ်ကျော်တက်သည့်အရှိန်ကြောင့် ယိမ်းယိုင်သွားသဖြင့်
ရင်ခွင်အတွင်းမှ ကလေးငယ်ပြည့်စုံဖြိုးမှာ ၀ဲဘက်သို့ပြုတ်ကျခဲ့ရာ ယာဉ်၏ယာဘက် နောက်ဘီးဖြင့်ကြိတ်မိ၍ ဦးခေါင်းကြေမွ
သေဆုံးခဲ့သဖြင့် ယာဉ်မောင်းသူရဲထွန်းနှင့် ဆိုင်ကယ်မောင်းနှင်သူသိန်းအောင် တို့နှစ်ဦးအား ငါးဆူတောင်နယ်မြေရဲစခန်းတွင် အရေးယူထား ရှိကြောင်း သတင်းရရှိပါသည်။
https://www.facebook.com/ yangonpolice တွင်ဖော်ပြထားရှိပါသည်။
Subscribe to:
Posts (Atom)