
‘‘စာမေးပွဲဆိုတာ ဘယ်လောက်ပဲပြင်ဆင်လာတယ်ဆိုဆို ကြောက်ကိုကြောက်တယ်။ဘာကြာင့်လဲဆိုတော့ အတော်ဆုံးဆိုတဲ့ သူတွေဖြေဖို့ တော်ချင်မှတော်မယ့်သူတွေက မေးခွန်းထုတ်ထားတာ
ဖြစ်နေလို့ပဲ’’
Charles Colton (1780-1832)
ဗြိတိသျှဘုန်းတော်ကြီးစာရေးဆရာ
ဖတ်ဖူးတဲ့စာမေးပွဲ
ကျွန်တော် သံအမတ်ကြီးဦးသက်ထွန်းရေးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ သူကိုယ်တိုင်ပညာရေးအတွက်ကြိုးပမ်းချက်ကို ဖတ်ကြည့်မိပြီး အတော်လေးအားတက်ခဲ့ဖူးတယ်။
ဦးသက်ထွန်းက ယခင် မြို့မကျောင်း၊ ယခု အထက (၂) ဒဂုံမှာ ကျောင်းတက်ခဲ့တယ်။ စာလည်း အတော်လေးတော်သူဖြစ်ပြီး သူဖြစ်ချင်တာက ဆရာဝန်။ ဒါပေမယ့် ဘယ်ဘာသာတွဲတွေယူရမှန်းမသိလို့ ပါဠိဘာသာတွဲယူပြီး ဆယ်တန်းအောင်လာတယ်။ ကျောင်းအုပ်ကြီးက ပါဠိတွဲနဲ့ ဆရာဝန်လိုင်းတက်လို့မရဘူးဆိုတော့ နောက်ထပ်တစ်နှစ် ဆယ်တန်း ပြန်နေတယ်။ ဘိုင်အိုပြန်ယူတယ်။ စာမေးပွဲပြန်ဖြေတယ်။ အောင်တယ်။ ဆရာဝန်လိုင်းတက်ခွင့်ပြန်ရတယ်။
