Thursday, 2 June 2011

ဆစ်ဒနီမြို့ တော် အပိုင်း (၃)

                                       (ဆစ်ဒနီဟာဘာအနီး ရှု့ခင်းတစ်နေရာပုံ)

ဆစ်ဒနီမြို့ရဲ့တိုးတတ်လာမှု့

ဆစ်ဒနီကို အကျဉ်းသားတွေ နောက်ဆုံးအသုတ်ရောက်လာတာကတော့ ၁၈၄၀ မှာပါ။ ၁၈၃၂ မှ ၁၈၅၁ အထိ ဗြိတိသျှအစိုးရက သြစတေးလျမှာ အခြေချမယ့် သူ့နိုင်ငံသားတွေကို ငွေကြေးနဲ့ အကူအညီပေးခဲ့ပါတယ်။ ဒါကြောင့် ဆစ်ဒနီမှာရှိတဲ့ ဗြိတိသျှလူမျိုးတွေဟာ ၁၈၆၁ မှာ ၉၅၀၀၀၊ ၁၈၉၁ မှာ ၃၉၉၀၀၀၊ ၁၉၅၂ မှာ လူဦရေ (၁)သန်းကျော်ခဲ့ပြီး ၁၉၆၃မှာတော့ (၂)သန်းကျော်ခဲ့ပါတယ်။ ယခုလက်ရှိမှာတော့ လူဦးရေ (၄)သန်းကျော်နေပါပြီ။



သြစတေးလျသားအသစ်တွေအတွက် စီပွားရေးကတော့ သိုးမွှေးလုပ်ငန်ပေါ်မှာမူတည်ခဲ့ပါတယ်။ ၁၈၅၁ မှာတော့ ဆစ်ဒနီကနေ မိုင် (၁၀၀) ကျော် (၁၆၁ကီလို) ဝေးတဲ့ Bathurst ဆိုတဲ့နေရာမှာ ရွှေကို တူးဖေါ်တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အခြေချနေထိုင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ သတ္တုတူးဖေါ်ရေးလုပ်သားတွေဟာ ဆစ်ဒနီကို အလုအယက် အခြေချ ၀င်ရောက်လာခဲ့ကြပါတယ်။

ဆစ်ဒနီဟာ သြစတေးလျရဲ့ အကြီးဆုံး ဆိပ်ခံတံတားတည်ရှိရာ မြို့ဖြစ်ပြီး Cutty Sark တို့လို သင်္ဘောကြီးများကိုလည်း ၁၈၆၉ မှာ တည်ဆောက်ခဲ့ပါတယ်။ အဲဒီသင်္ဘောများဟာ ယင်းအချိန်တုံးက သြစတေးလျမှ သိုးမွှေးများကို လန်ဒန်သို့ တင်ပို့ရာမှာ (၇၃) ရက်မျှသာကြာမြင့်ပါတယ်။ ပထမဆုံး ရေတပ်စစ်သင်္ဘောတွေကတော့ ၁၇၈၇ နဲ့ ၁၇၈၈ အတွင်း ၄င်းရဲ့ ခရီးစဉ်ကို ဆစ်ဒနီမှာ (၈)လအထိ နေခဲ့ကြပါတယ်။

ဒါကြောင့် ဆစ်ဒနီဟာ တဖြည်းဖြည်း တိုးတတ်လာခဲ့ပြီး ဆိပ်ကမ်းတံတားတွေတည်ရှိရာ The Rocks ဟာလည်း ပြည်သူပိုင် အဆောက်အဦများ၊ ဈေးဆိုင်ခန်းများ၊ ပန်းခြံများနဲ့ ဘုရားရှိခိုးကျောင်းတွေနဲ့ အတော့်ကို စည်ကားလာခဲ့ပါတယ်။ စက်တပ်လှေတွေ ၊ သင်္ဘောတွေကတော့ ဟာဘာကို ၁၈၃၁ လောက်မှာ ဖြတ်ကူးနေခဲ့ကြပါပြီ။ နောက်ထပ် နှစ်(၂၀) အတွင်းလောက်မှာတော့ မြောက်ပိုင်းနယ်မြေတခုဖြစ်တဲ့ Manly ကို ပုံမှန် ကူးတို့သင်္ဘောများ ပြေးဆွဲပေးခဲ့ရာ ယနေ့ထက်တိုင်ပင် ဖြစ်ပါတယ်။ ၁၈၅၅ မှာတော့ နောက်ပိုင်းနယ်မြေတခုဖြစ်တဲ့ Parramatta ကို ရထားပြေးဆွဲပေးခဲ့ပါတယ်။ (ယင်းအချိန်မှာတော့ ရန်ကုန်မြို့တော်က ဘယ်လို အဆင့်အတန်းကို ရောက်ရှိနေလဲမသိပါ။) အဲဒီအချိန်ကစပြီတော့ ဆစ်ဒနီဟာ ဗြိတိသျှအင်ပါယာရဲ့ မြို့ကြီးတွေထဲမှာ တစ်ခုအ၀င်အပါ ဖြစ်လာခဲ့ပါတော့တယ်။

မောင်နေခြည် (လှည်းကူးမြေ)

ဆစ်ဒနီမြို့တော် အပိုင်း (၄)ကို ဆက်လက်ဖေါ်ပြပါမည်။

No comments: