လှည်းကူးမြို့နယ်၊ ခယောင်လေး ကျေးရွာ လယ်ကွက် များ အတွင်း ပြန့်ကြဲနေထိုင်ကြသော လယ်သမားများအား ဦးနေမျိုးဇင် (ဗိုလ်ကြီးဟောင်း)-မှ ဆိုလာ အလင်းဓါတ် အလှူများကို ယနေ့လိုက်လံ တပ်ဆင်လှူဒါန်းခဲ့ပါသည်။
ယနေ့ လိုက်လံ တပ်ဆင်လှူဒါန်းပေးခဲ့ကြရာတွင်
ဒေသခံ တောင်သူလယ်သမားများ ဘက်မှ တပိုင် တနိုင် ပြန်လည် လှူဒါန်းငွေ (
၂၀၅၀၀၀ ) နှင့် ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုစိုးထွန်း မှ တဆင့်
အများပြည်သူက ပေးပို့လှူဒါန်းငွေ ကျပ် နှစ်သိန်း ( ၂၀၀၀၀၀) ကျပ် စုစုပေါင်း
ကျပ် လေးသိန်းငါးထောင်ကို နောက်ထပ် သော ကျေးလက် ကျေးရွာများသို့
ဆက်လက် လှူဒါန်း တပ်ဆင်ပေးနိုင်ရန် ကျေးလက် ဖွံ့ဖြိုးရေး အလှူငွေ အဖြစ်
ပြန်လည် ကူညီခြင်းကို လက်ခံ ရရှိပါသဖြင့် ဆိုလာ အလင်းမီးချောင်းများ ထပ်မံ
မှာယူဖြည့်တင်းပြီး ဆက်လက်လှူဒါန်းမှုများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မိမိထံ အလှူရှင်များက ပေးပို့ထားသော အစုံ(၂၀)အား ပေးလှူခဲ့ပြီးဖြစ်ကာ
ကျေးရွာသားများက ပြန်လည် ပံ့ပိုးသော အလှူငွေဖြင့် အခြားသော ကျေးရွာများသို့
ဆက်လက် တပ်ဆင် လှူဒါန်းပေးသွားမည်ဖြစ်ပါသည်။
(ဦးနေမျိုးဇင် (ဗိုလ်ကြီးဟောင်း)-မှ ယခုကဲ့သို့ လှူဒါန်းခြင်းမှာ လှည်းကူးမြို့နယ်အတွင်းတွင် ဒုတိယအကြိမ်မြောက် ဖြစ်ပါသည်။)
Ref: မြန်မာ့လူမှု ဘ၀ တိုးတက်မြင့်မားရေး အသင်း( ယာယီ)
mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment