ရန်ကုန်၊ သြဂုတ် ၂၁
၂၁.၈.၂၀၁၃ ရက်နေ့ ၀၅၃၀အချိန်တွင်လှည်းကူးမြို့နယ်၊အမှတ်(၃)
လမ်းဆုံစစ်ဆေးရေးဂိတ်၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည်မန္တလေးမှ
ရန်ကုန်သို့ ယာဉ်မောင်း ကိုမွှေး(ခ)နှင်းမောင် (ဘ)ဦးအောင်မင်း၊ ပွင့်ဖြူမြို့နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ယာဉ်နောက်လိုက်
နေလင်းထွန်း (ခ)လင်းလင်း(ဘ)ဦးအောင်မင်းသိန်း၊ ပြည်ကြီးတံခွန်
မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူတို့ မောင်းနှင်လာသော ၃ဂ/---- ရာဇာအောင်
ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ဝမ်းဗိုက်အတွင်းမှ
တရုတ်နိုင်ငံလုပ် ဗျောက်အိုးမျိုးစုံ အထုပ်ကြီး(၁၀)ထုပ်
အားတွေ့ရှိသိမ်းဆည်းရမိသဖြင့် ယာဉ်မောင်း ကိုမွှေး(ခ)နှင်းမောင်နှင့်
ယာဉ်နောက်လိုက်နေလင်းထွန်း(ခ)လင်းလင်း
တို့(၂)ဦးအား လှည်းကူးမြို့မရဲစခန်း(ပ) ၃၁၆/၂၀၁၃၊ ပုဒ်မ ၂၈၆ ဖြင့်
အရေးယူဆောင်ရွက်ထားရှိကြောင်းသတင်းရရှိပါသည်။
Ref: Yangon Police
No comments:
Post a Comment